《First Frost (Myanmar Translation)》Chapter 46
Advertisement
ထိုစကားလုံးများက ဝိန်းရိဖန်၏အသိစိတ်ကို လှုပ်နှိုးလိုက်သည့်အလား ချက်ချင်း နောက်ပြန်ဆုတ်ပြီး ခပ်မတ်မတ်ပြန်ထိုင်လိုက်သည်။ ကသိကအောက်နိုင်လှသည့်အခြေအနေကြီးထဲတွင် သူမက စန်းရန်ဆိုလိုချင်သည့်အဓိပ္ပါယ်ကိုပင် ကောင်းကောင်းသဘောမပေါက်လိုက်ပါဘဲ ကတုန်ကယင်ဖြင့်ငြင်းလိုက်မိ၏။
"မလုပ်ရဲဘူး"
စန်းရန်က မျက်နှာတစ်ချက် မပျက်ယွင်းသွားဘဲ မျက်ခုံးပင့်ပြလိုက်သည်။
ဝိန်းရိဖန်က ဝေဝေဝါးဝါးဖြင့် စကားဆိုလိုက်၏။
"နောက်တစ်ခါကျမှ"
"...."
အချိန်သိပ်မရတော့သဖြင့် ဝိန်းရိဖန်က ဧည့်ခန်းထဲ၌ ကြာကြာမနေတော့ဘဲ အိပ်ခန်းထဲဝင်လာခဲ့သည်။ ရေချိုးခန်းထဲဝင်ပြီး သွားတိုက်တံပေါ်၌ သွားတိုက်ဆေးကိုညှစ်တင်လိုက်ကာ လှုပ်ရှားမှုများက တဖန်ရပ်သွားပြန်ရင်း အသက်ဖြေးဖြေးရှူသွင်းလိုက်သည်။
နောက်ကျမှခံစားမိလိုက်ရသည့် ကံကောင်းမှုလေးတစ်ချို့။
ကံကောင်းထောက်မစွာဖြင့် ထိန်းထားနိုင်ခဲ့သည့်ခံစားချက်များ။
အသိစိတ်ကပ် ကြည်လင်နေသည့်အခြေအနေကြီးမျက်မှောက်တွင် အမည်မတပ် ၊ အကြောင်းပြချက်မရှိဘဲ စန်းရန်ကို ယခုလိုမျိုးပြုမူခဲ့ခြင်း။
ဒါကြီးက သူ့ကို မလေးစားရာ ရောက်လွန်းတယ်မလား?
ဒါပေမယ့် စန်းရန်က ဘာလို့ ရုတ်တရက်ကြီးစောင်ကို ဆွဲလိုက်ရတာလဲ?
အစတည်းက ကြမ်းပြင်ပေါ်မှာ ပြုတ်ကျနေတဲ့အချိန်တုန်းကကျတော့ ဂရုစိုက်ဘဲနဲ့..သူမက လှမ်းထိလိုက်တဲ့အချိန်ကျမှ ချက်ချင်းလှုပ်လိုက်တယ်ဆိုတော့...ဒါဆို သူက သူ့အခန်းကို လုယူခံထားရတဲ့အပြင် လက်ထဲမှာကျန်နေခဲ့တဲ့ တစ်ထည်တည်းသောစောင်ကိုပါ ထပ် အလုခံရမှာ ကြောက်လို့များလား?
သူမရဲ့ပုံရိပ်က အခုလိုမျိုးတောင် ဖြစ်နေပြီလား?
ဝိန်းရိဖန်က ခံစားချက်များကိုခွဲထုတ်ပြီး အခုလေးတင် စန်းရန်ပြောလိုက်သည့်စကားအား စဥ်းစားကြည့်လိုက်သည်။ သွားတိုက်နေရင်း မည်သည့်အဓိပ္ပါယ်မျိုးဆိုလိုကြောင်း တွေးတောကြည့်နေမိကာ သိပ်မကြာလိုက်ခင်ပင် စန်းရန်ပြောခဲ့ဖူးသည့်စကားကို အမှတ်ရလိုက်သည်။
---'မင်းက ကိုယ့်ကို အတင်းအကြပ်အကြမ်းဖက်ချင်တာပေါ့'
---'လုပ်ရဲရင် လာခဲ့လေ'
ဝိန်းရိဖန် ကြောင်အမ်းမိသွားကာ တစ်ချိန်တည်းဆိုသလို စန်းရန်၏အနီးကပ်မျက်နှာအား မျက်လုံးထဲမြင်ယောင်လာမိတော့၏။ ပါးစပ်ထဲမှ အမြှုပ်များကိုထွေး ၊ ပါးလုတ်ကျင်းကာ သူမဘက်မှ စန်းရန်၏စကားကို ဘယ်လိုဘယ်ပုံတုံ့ပြန်လိုက်ကြောင်းကိုပါ ပြန်တွေးကြည့်မိပါတော့သည်။
"...."
အေ့...
ဒါပေမယ့်လည်း သုံးလိုက်တဲ့စကားလုံးတွေက သိပ်မဆိုးဘူးလို့ ခံစားမိလိုက်သေး။
စန်းရန်နှင့်အနေကြာလာသည်နှင့်အမျှ ဝိန်းရိဖန်ထံ၌ တရင်းတနှီးနှင့်ရောရောထွေးထွေးနေ၍ရမည့်ခံစားချက်မျိုး ဖြစ်တည်လာခဲ့သည်မှာ အမှန်ပင်။ မျက်နှာသစ်ပြီးနောက် တဘက်ဖြင့် ရေစင်အောင် သုတ်လိုက်ရင်း အလွန်ကိုမှ မသင့်လျော်သည့်အတွေးတစ်ခုက ခေါင်းထဲ ဖြတ်ခနဲပေါ်လာခဲ့၏။
အနာဂတ်တွင် လုပ်ရဲမည့်အခွင့်အရေးမျိုး ရှိလာနိုင်မည်လားမသိ။
-------
သူမ၏ လူကို လိုက်ပိုးပမ်းနေသည့်နည်းလမ်းက တော်တော်လေးကို လိမ်ဖယ်လိမ်ကောက်နိုင်နေမှန်း ဝိန်းရိဖန် ရုတ်တရက်ခံစားမိလိုက်ရသည်။ ပါးစပ်ဖြင့်သာ ပြောနေရသည့်နည်းလမ်းများက အသုံးဝင်ပုံလည်းမရ။
လက်ရှိအခြေအနေအရ သူမနှင့်စန်းရန်ကြားရှိ ဆက်ဆံရေးကို သုံးသပ်ပြရလျှင် -- စန်းရန်က အမြဲတမ်းလိုလို သူကသာ လောကကြီး၏ထိပ်ဆုံး၌ရှိနေသည့် သောက်ကျိုးနည်းအံ့သြဖွယ်သတ္တဝါလို ပြုမူနေသည့်အချိန် သူမဘက်က သူ့ထက်ပိုသာသည့် သောက်ကျိုးနည်းအံ့သြဖွယ်အပြုအမူမျိုးများကို လုပ်ပြလိုက်သည့်အခါ သူ့ဘက်က အားနည်းကြောင်း လက်မခံလိုခြင်းပေ။
ထို့ကြောင့် သူမကို ရန်လိုလာသည်မှာ သဘာဝပင်။
စန်းရန်ဆိုသည့် ဤလူက လုံးဝ အရှုံးခံမည့်သူ မဟုတ်သလို ခြိမ်းခြောက်ခံရမည်ကိုလည်း မကြောက်သည့်သူ။
'ငါ' မှ 'ငါ' ဆိုသည့်အမျိုးအစား။
အကယ်၍ သည်အတိုင်းသာ ဆက်သွားနေလျှင် သူတို့နှစ်ဦးမှာ အမှန်တကယ်ကို ရန်သူတွေများ ဖြစ်သွားကြမလား?
ဌာနသို့ရောက်လာသည့်အခါ ဝိန်းရိဖန်က နေရာ၌ထိုင်လိုက်ပြီး စားပွဲပေါ်မှ အချက်အလက်ဖိုင်များကို လှန်လှောကြည့်လိုက်သည်။ ဘေးခုံမှ စုထျန်းက ထုံးစံအတိုင်း အတင်းပြောရန် အနားသို့ကပ်လာပြီး သူမ၏အခြေအနေ တိုးတက်မှုရှိမရှိကို စပ်စုမေးမြန်းလာခဲ့သည်။
ဝိန်းရိဖန် ;
"ငါ အရှိန်တင်ဖို့တော့ စဥ်းစားထားတယ်"
နေ့တိုင်းနီးပါး 'ကြိုးစားနေတုန်းပါပဲ' ဟု ကြားလာခဲ့ရသမျှ ဤတစ်ကြိမ်တွင် စကားလုံးအသုံးအနှုန်းပြောင်းသွားခဲ့ရာ နားထောင်နေသည့် စုထျန်းက အားတက်သရောရှိလာခဲ့သည်။
"ဘယ်လို အရှိန်တင်မှာလဲ?"
"ငါ သူ့ကို ထမင်းစားဖိတ်မလို့..သူ လက်ခံမခံတော့ မသိသေးဘူးပေါ့.."
စကားပြောနေရင်း ဝိန်းရိဖန်က စကားလမ်းကြောင်းလွှဲလိုက်၍
"ဒါပေမယ့် အဲ့ဒါမတိုင်ခင် ငါ မဖြစ်မနေလုပ်ရမှာ တစ်ခုရှိသေးတယ်"
"ဘာကြီးလဲ?"
ဝိန်းရိဖန်၏ပုံစံမှာ တလေးတနက်ဖြင့်
"ကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်ဖို့"
စုထျန်းတစ်ယောက် သေချာနားမလည်လိုက်သည့်ဟန်မျိုးဖြစ်သွားခဲ့၍
"အမ်?"
"လူတစ်ယောက်ကို လိုက်ပိုးပမ်းချင်တယ်ဆိုရင် တစ်ဖက်လူကိုပဲ ကြည့်နေလို့မရဘူး.."
ရက်ပေါင်းများစွာ စဥ်းစားတွေးတောပြီးနောက်တွင် ဝိန်းရိဖန်အတွက် အဖြေတစ်ခုထွက်လာခဲ့သည်။
"ကိုယ့်ကိုကိုယ်လည်း တိုးတက်အောင်လုပ်ရမယ်..ကိုယ့်ကိုကိုယ် ပိုကောင်းအောင်လည်း ပြောင်းလဲပစ်ရမယ်"
စုထျန်းက တစ်ခဏမျှငြိမ်နေခဲ့ပြီး ပြောသွားသည့်စကားများက အမှန်တကယ်လည်းကျိုးကြောင်းသင့်လှသည့်အတွက်
"အဲ့တော့ နင်က အခု ဘာဆက်လုပ်မှာလဲ"
ဝိန်းရိဖန်က မျက်ခုံးများပင့်မြှောက်ပြကာ လွန်စွာမှအားတက်တရောရှိလှသည့်ဟန်ဖြင့်
"ငါ သတင်းအသစ်တွေ ပိုရေးမယ်..သုံးနှစ်အတွင်း အလုပ်ကြိုးစားပြီး ဌာနရဲ့ ထိပ်ဆုံး ၁၀ယောက်စာရင်းဝင် သတင်းထောက် ဖြစ်နိုင်မလားဆိုတာကြည့်ကြည့်ချင်တယ်"
"...."
စုထျန်း ;
"သုံးနှစ်?"
"အင်း"
"သုံးနှစ်အတွင်း တစ်ဖက်လူက နောက်တစ်ယောက်ရှာမတွေ့သွားနိုင်ဘူးဆိုတာ နင် သေချာလို့လား?"
ဝိန်းရိဖန်က တစ်ဖက်သို့လှည့်လာပြီး ခပ်တိုးတိုးလေးရှင်းပြလိုက်၏။
"ငါက ဒီကိစ္စနှစ်ခုလုံးကို တစ်ချိန်တည်းအကောင်အထည်ဖော်မှာလေ"
"အာ?"
"ငါ့ဘက်ကလည်း သူ့ကို ခံစားမိစေချင်တာကွာ.."
ဝိန်းရိဖန်က သူမတွေးထားသည့် အတွေးများကို ပြောပြလာခဲ့၍
"ငါက အရမ်းကြိုးစားတဲ့သူဆိုတာကိုပေါ့"
ယခုလက်ရှိအချိန်၌ လုံလုံလောက်လောက် မကောင်းနိုင်သေးလျှင်တောင် ကြိုးစားအားထုတ်လိုက်ပါက တဖြည်းဖြည်းနှင့် ပိုမိုကောင်းမွန်လာမည်သာ။
Advertisement
အကြိမ်ကြိမ်ရွေးချယ်စိစစ်ပြီးနောက်တွင် ဝိန်းရိဖန်က ဒီဇင်ဘာလအစပိုင်းတွင် စန်းရန်နှင့် ထမင်းထွက်စားရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သူမကိုယ်တိုင်က အချိန်လုံလုံလောက်လောက်ပေးနိုင်မည့်သူ ဖြစ်နေရေးအတွက် သူမ၏ပိတ်ရက်ကိုသာ ရွေးချယ်ထားလိုက်၏။
ထိုနေ့က သောကြာနေ့ပင်။
အလုပ်လုပ်ရမည့်ရက်ဖြစ်သဖြင့် စန်းရန်က အလုပ်သွားမည်မှာ အသေအချာ။ ထို့အပြင် အချိန်ပိုဆင်းစရာ လိုမလိုလည်း သေချာမသိသေးပေ။ ဝိန်းရိဖန်က အသေအချာတွေးကြည့်လိုက်ပြီးနောက်တွင် သူနှင့် ကြိုတင်ချိန်းဆိုရန်သာ အစီအစဥ်ဆွဲလိုက်သည်။ အကယ်၍ သူ့ဘက်ကသာ မအားကြောင်း ပြောပြလာလျှင် သူမအနေဖြင့် အချိန်အပြောင်းအလဲ ပြုလုပ်၍ ရမည်။
ဝိန်းရိဖန် အိပ်ခန်းထဲမှ ထွက်လာလိုက်သည်။
လက်ရှိအချိန်တွင် စန်းရန်က ရေချိုးပြီးခါစဖြစ်ပြီး ဆိုဖာပေါ်၌ထိုင်ကာ ဖုန်းကစားနေ၏။
ဝိန်းရိဖန်က ဆိုဖာ၏အခြားအစွန်းတစ်ဖက်၌ ဝင်ထိုင်လိုက်ကာ ရေသောက်ရန်အလို့ငှာ အပြင်ထွက်လာယောင်ဆောင်ပြီး ရေတစ်ခွက်ငှဲ့လိုက်ရင်း စန်းရန်ရှိသည့်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်၏။
တိုက်တိုက်ဆိုင်ဆိုင် သူ့အကြည့်များနှင့် တည့်တည့်တိုး အဖမ်းခံလိုက်ရသည်။
ဝိန်းရိဖန်က အောက်နှုတ်ခမ်းအား ဖွဖွလေးဖိမိထားရင်း ဖုန်းမျက်နှာပြင်ပေါ်မှ ဂိမ်းအား လှမ်းကြည့်ကာ စကားစလိုက်၏။
"ငါလည်း အခုတလော အဲ့ဂိမ်းကစားနေတာ"
စန်းရန်က သူမအား လှမ်းကြည့်လာခဲ့သည်။
"ဘယ်ချိန်တုန်းကလဲ"
ဝိန်းရိဖန်မှ ကသိကအောက်နိုင်နိုင်ဖြင့်
"အခုတလောလေးတင်ပဲ..တော်တော်လေး ကစားလို့ကောင်းတယ်"
ဤစကားကို ကြားလိုက်ရသည့်အခါ စန်းရန်က လက်ထဲ၌ကိုင်ထားသည့်ဖုန်းအား မြှောက်ပြ၍
"ဒါဆို တစ်ပွဲလောက်ကစားကြမလား?"
"...."
သူမ၏ ခြေသုံးချောင်းထောက်ကြောင်ကွန်ဖူးစကေးနှင့် စန်းရန်၏ အညှာအတာမဲ့စကားပြောစွမ်းရည်အကြောင်း တွေးကြည့်မိလိုက်အခါ ဝိန်းရိဖန် ခေါင်းခါပြလိုက်၏။
"နောက်တစ်ခါကျမှပဲ..ငါ့ဖုန်းက အခန်းထဲမှာမလို့"
စန်းရန်ကလည်း ထပ်၍ မဆိုတော့၏။
ဝိန်းရိဖန်က ရေတစ်ငုံသောက်ပြီး စကားလမ်းကြောင်းကို စတင်လိုက်သည်။
"နင် ဒီတစ်ပတ်သောကြာနေ့ကျရင် အားလား"
စန်းရန်က ခေါင်းစောင်းကြည့်လာ၍
"ဘာလို့လဲ?"
"ငါ့သူငယ်ချင်းတစ်ယောက်ဆီက ကြားထားတာ..နင်တို့ ကုမ္ပဏီနားက ငါးကင်ဆိုင်က စားလို့ကောင်းတယ်တဲ့..တကယ်လို့ နင် အားတယ်ဆိုရင် ငါတို့ အတူတူသွားစားကြည့်မယ်လေ"
စန်းရန်က လက်ထဲမှဖုန်းကိုချထားလိုက်ပြီး သူမအား စက္ကန့်ပိုင်းကြာအောင် စိုက်ကြည့်လာခဲ့၏။ နောက်တွင် အဓိပ္ပါယ်ပါပါပါဖြင့်
"နောက်ဆုံးတော့ ထမင်းတစ်နပ်အကြွေးတင်နေတာကို ပြန်ဆပ်တော့မယ်ပေါ့"
ဝိန်းရိဖန်က ကြောင်အမ်းသွားရသော်လည်း ဤသို့ဤပုံ နားလည်သွားခဲ့လည်း ဘာမှ မမှားနေသည့်အတွက် ခေါင်းငြိမ့်ပြလိုက်သည်။
စန်းရန်က အကြည့်များကို ပြန်ရုတ်သိမ်းသွားပြီး
"အို့"
ဝိန်းရိဖန်က နောက်တစ်ကြိမ်ထပ်မေးလိုက်၏။
"ဒါဆို နင် အားလား?"
သုံးလေးစက္ကန့်တိတ်ဆိတ်နေပြီးနောက် စန်းရန်က ပေါ့ပေါ့ပါးပါးဖြင့် 'အင်း' ဟု ပြန်ဖြေလာခဲ့သည်။
"ဒါဆို အဲ့နေ့ကျရင် ငါ နင့်ကုမ္ပဏီအောက်မှာ နင့်ကိုလာရှာရမလား?"
စန်းရန်က သဘောတူမတူကို မသိသေးသည့်အတွက် ဝိန်းရိဖန်က ရှင်းပြ၍
"ငါက သောကြာနေ့ကျရင် ပိတ်ရက်ရထားတာ..အဲ့ဒါကြောင့်မလို့ နင့်ကို လာစောင့်နေဖို့အဆင်ပြေတယ်..ဒါမှမဟုတ် ငါတို့ ဆိုင်မှာပဲ ဆုံကြလည်းရတယ်"
စန်းရန်က ဖုန်းကိုဆက်ကြည့်နေရင်း
"မလိုဘူး"
ဝိန်းရိဖန် နှုတ်ခမ်းပါးလှုပ်ရုံမျှရှိသေး။
စကားမပြောလိုက်ရခင် စန်းရန်၏စကားသံကို ထပ်ကြားလိုက်ရ၏။
"ကိုယ် အလုပ်ဆင်းပြီးရင် အိမ်ကို တစ်ခေါက်ပြန်လာခဲ့မယ်"
ဝိန်းရိဖန် ; "အမ်?"
"ပြီးမှ တူတူသွားမယ်"
"...."
ဝိန်းရိဖန်က ခေါင်းငုံ့ထားရင်း ရေတစ်ငုံ ထပ်သောက်လိုက်သည်။
"ကောင်းပြီ"
ပြောချင်သည့်စကား ပြောပြီးသည်နှင့် ဝိန်းရိဖန်က ဧည့်ခန်းထဲ၌ ဆက်မနေတော့ဘဲ မတ်တပ်ထရပ်ကာ လျှောက်ထွက်လာလိုက်၏။ ခြေလှမ်း သုံးလေးလှမ်း လှမ်းပြီးနောက်တွင် တဖန်ပြန်လှည့်သွားခဲ့၍
"သောကြာနေ့ကျရင် ငါ နင့်ကို တစ်ခေါက်လောက်ထပ်ပြီးသတိပေးရမလား?"
စန်းရန် လှမ်းကြည့်လာရင်း ဖြည်းဖြည်းချင်းဖြင့်
"အင်း"
အဖြေရပြီးသည့်အခါ ဝိန်းရိဖန်၏စိတ်ထဲ တည်ငြိမ်သွားခဲ့ကာ အိပ်ခန်းဆီသို့ ပြန်လျှောက်လာခဲ့တော့သည်။
အခြားတစ်ဖက်တွင်။
တစ်ချိန်တည်း တပြိုင်တည်း ဧည့်ခန်းထဲ၌။
စန်းရန်က ဂိမ်းဆက်ကစားနေရင်း တစ်ခဏအကြာတွင် နှုတ်ခမ်းထောင့်စွန်းများဟာ ရှင်းပြမရလောက်အောင် ကွေးတက်လာခဲ့ပါတော့သည်။
---------
သောကြာနေ့ ညတွင်။
ဝိန်းရိဖန်က အဝတ်ဘီဒိုထဲမှ စကတ်တစ်ချို့ကိုထုတ်ယူလာပြီး ထိုများထဲမှ ကာကီရောင်စကတ်အရှည်တစ်ထည်ကို ရွေးလိုက်၏။ သိုးမွှေးကုတ်အင်္ကျီအရှည်တစ်ထည်ထား အပေါ်မှထပ်လိုက်ပြီး မိတ်ကပ်ပြင်ဆင်နေသည်မှာ နာရီဝက်နီးပါး။
ကိုယ့်ကိုကိုယ် မှန်ထဲစိုက်ကြည့်နေရင်း မျက်ခုံးများအား စူးရှနေသည်ထက် နူးညံ့သည့်ဘက်သို့ လိမ်းခြယ်ထား၏။ Eyeshadow ဘူးကိုယူ ၊ မျက်ရစ်အိမ်အများအတိုင်း အဆင့်ဆင့်လိမ်းကာ မျက်လုံး၏အဆုံးနေရာအား Eyeliner ဖြင့် ခပ်ချွန်ချွန်ရေးဆွဲလိုက်သည်။
တော်တော်ကြာကြာရုန်းကန်လှုပ်ရှားပြီးနောက်တွင်တော့ ဘာမှထူးခြားမလာသည့်ခံစားချက်ကိုသာ ဝိန်းရိဖန် ခံစားမိလိုက်၏။ ထို့ကြောင့် နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး သည့်ထက်ပို၍ရုန်းကန်မနေတော့ဘဲ လက်လျော့လိုက်တော့သည်။ အိပ်ခန်းထဲမှမထွက်လာခင် စားပွဲပေါ်မှ ရေမွှေးပုလင်းကို ဖြတ်ခနဲလှမ်းမြင်လိုက်ပြီး ချိတုံချတုံဖြင့် နားရွက်အနောက်ဘက်၌ အနည်းငယ်ဖြန်းလိုက်သည်။
ဧည့်ခန်းထဲ၌ နာရီဝက်နီးပါး ထိုင်စောင့်ပြီးနောက်တွင်တော့ စန်းရန်ပြန်ရောက်လာခဲ့သည်။ အိမ်သော့ကိုချိတ်နေရင်း ဧည့်ခန်းထဲသို့ ထုံးစံအတိုင်းလှမ်းကြည့်လိုက်ရာ သူ့အကြည့်များက သူမထံ၌တော်တော်ကြာအောင်ကပ်ညှိနေပြီးသွားမှ လွှဲသွားခဲ့ခြင်းဖြစ်သည်။
ဝိန်းရိဖန်က မတ်တပ်ထရပ်ပြီး အလျင်းသင့်သလိုမေးလိုက်၏။
"နင် ပြန်လာတာ တစ်ခုခုလုပ်စရာရှိနေသေးလို့လား?"
စန်းရန် ;
"ယူစရာရှိလို့"
ဝိန်းရိဖန်က 'အင်း' တစ်ခွန်းအသံပြုပြီး ထပ်မမေးတော့ချေ။
စန်းရန်က အိပ်ခန်းထဲဝင်သွားခဲ့ပြီး ခပ်မြန်မြန်ပင် ပြန်ထွက်လာခဲ့၏။ ယူလာသည့်ပစ္စည်းမှာလည်း ခပ်သေးသေးဖြစ်ပုံရကာ သူ့လက်ထဲတွင် ဘာဆိုဘာမှရှိမနေ ၊ ဝင်သွားသည့်အချိန်ကနှင့် မခြားမနားပင်။ သူက အိမ်ပေါက်ဝဆီသို့လျှောက်သွားပြီး သူမကိုလည်း လှမ်းစကားဆိုလိုက်၏။
Advertisement
"သွားမယ်"
သူ့အနောက်မှလိုက်နေရင်း ဝိန်းရိဖန် ခေါင်းငြိမ့်ပြလိုက်၏။
"အင်း"
နှစ်ယောက်သားက ကားပေါ်တက်လာကြပြီး ဝိန်းရိဖန်က လုံခြုံရေးခါးပတ်ပတ်ရင်း ငါးကင်ဆိုင်နာမည်အား ပြောပြ၏။ ဆိုင်နာမည်ကိုကြားလိုက်သည့်အခါ သိနှင့်နေပြီးသောကြောင့်လားမသိ ၊ စန်းရန်က မြေပုံလမ်းကြောင်းမဖွင့်ဘဲ တိုက်ရိုက်သာမောင်းနှင်လာခဲ့သည်။
ဝိန်းရိဖန်တစ်ယောက် စကားပြောလိုက်ရနိုးနိုး စဥ်းစားနေမိသေးသော်ငြား တစ်ဖက်လူ ကားမောင်းနေခြင်းအား အနှောက်အယှက်ပြုမိမည်ကို စိုးရိမ်သေးသည်။ ပြတင်းပေါက်အပြင်ဘက်ကိုလှမ်းကြည့်နေရင်း သူမ သတင်းလိုက်ထားသည့်ကားအက်ဆီးဒင့်အကြောင်း တွေးကြည့်နေမိကာ ချက်ချင်းဆိုသလိုလည်း အတွေးဖျောက်လိုက်၏။ ဆိုင်ထဲသို့ရောက်ပြီးလျှင်လည်း စကားပြောရမည့်အချိန်များစွာ ကျန်နေသေးသည်။ နေရာအကွာအဝေးက သိပ်မဝေးသောကြောင့် ကားဖြင့် မိနစ်၂၀နီးပါးသာ မောင်းလာရ၏။
ဤဆိုင်က စီးပွားရေးရပ်ကွက်ငယ်တစ်ခု၏ဘေးနားတွင်ရှိပြီး အရှေ့ဘက်တွင် ကားပါကင်တစ်ခု။ နေရာထိုင်ခင်းက ချောင်မကျဘဲ ကားထိုးရပ်လိုက်သည်နှင့် ငါးကင်ဆိုင်အား လှမ်းမြင်နေရသည်။ အနီရောင်ဆိုင်းဘုတ်ကြီးအပြင် ဆိုင်အပြင်အဆင်များကလည်း အာရုံကိုချက်ချင်းဖမ်းစားနိုင်၏။
ဆိုင်အနေအထားမှာ အလွန်ကိုနေရာကျယ်ပြောပြီး လက်ရှိအချိန်က ညစာစားချိန်လည်းဖြစ်သောကြောင့် အထဲတွင် ဧည့်သည်များအပြည့်။
ဝိန်းရိဖန်က စန်းရန်နှင့်အတူ အထဲသို့လျှောက်ဝင်လာပြီး တံခါးဝတွင်စောင့်နေသည့် စားပွဲထိုးအား 'လူနှစ်ယောက်စာ' နေရာထိုင်ခင်းကို ပြင်ဆင်ခိုင်းလိုက်သည်။ နှစ်ယောက်သားက နှစ်ယောက်စာဝိုင်းကိုသာယူပြီး ထိုင်တော့မည်အပြုတွင် အမျိုးသမီးတစ်ဦးက ရုတ်တရက်လှမ်းခေါ်လိုက်လေသည်။
"မန်နေဂျာ?"
အသံမှာ ခပ်စူးစူးနှင့် ရင်းနှီးသယောင်ယောင်။
ဝိန်းရိဖန်က အသံကြားရာနေရာဆီသို့ လှမ်းကြည့်လိုက်၏။
ဘေးဘက်ဝိုင်းမှာ စားပွဲဝိုင်းကြီးဖြစ်ပြီး လူရှစ်ယောက်ထိုင်နေကြ၏။ ကြည့်ရသည်မှာ သူတို့သည်လည်း ရောက်တာကြာသေးပုံမရ။ စားပွဲပေါ်၌ ပန်းကန်လုံး ၊ တူ နှင့်ရေနွေးခွက်များသာ ရှိသည်။ အလယ်တည့်တည့်တွင် စင်တစ်ခုရှိပြီး ပလပ်စတစ်အထုပ်နှင့်လက်ဖက်ခြောက်ရွက်များ ရှိ၏။
'ကျိန့်ခယ်ကျား' သည် ထိုလူအုပ်ထဲ၌ထိုင်နေ၏။ ဂျင်းစကတ်တစ်ထည်ကို ဝတ်ထားသည့် သူမ၏အသွင်အပြင်မှာ ချိုချိုအီအီလေးနှင့်လှပသည့်အသွင်အပြင် ၊ ပြုံးပြသည့်အခါမျိုး၌ သွားတက်လေးတစ်ခု လှစ်ဟလာတတ်ပြီး ဤဆူညံနေသည့်လူအုပ်ကြီးထဲတွင် အတိုင်းအတာတစ်ခုအထိ အာရုံဖမ်းစားနိုင်၏။
နောက်တစ်က္ကန့်တွင် သူမ၏အကြည့်များက ဝိန်းရိဖန်ဘက်သို့ ရွေ့လာခဲ့ရင်း ကျိန့်ခယ်ကျား၏အပြုံးဟာ သိသိသာသာကိုတင်းခနဲဖြစ်သွားခဲ့၏။
ဘေးနားတွင် ထိုင်နေသည့်ယောက်ျားတစ်ဦးက စကားစ လာ၏။
"ရန်ကော..အစ်ကို မလာတော့ဘူးဆို"
စန်းရန်က ဟိုဘက်ဝိုင်းသို့ ကူးသွားရင်း
"မင်းတို့ ချိန်းထားတဲ့နေရာက ဒီဆိုင်လား?"
"ဟုတ်တယ်လေ!"
ထိုယောက်ျားက ဝိန်းရိဖန်ကိုလှမ်းကြည့်ပြီး ပြုံးပြလာခဲ့သည်။
"ဆုံကြပြီဆိုမှတော့ အတူတူစားကြရအောင်လေ..အစ်ကိုက အထက်လူကြီးဆိုတော့ ကျွန်တော်တို့ဌာနရဲ့တွေ့ဆုံပွဲမှာ အစ်ကို မပါဝင်တာ ဖြစ်သင့်ရဲ့လား"
ဤစကားကိုကြားလိုက်ရသည့်အခါ သူတို့အုပ်စုက စန်းရန်၏လုပ်ဖော်ကိုင်ဖက်များဖြစ်ကြောင်း ဝိန်းရိဖန် သိလိုက်ရသည်။ ကျိန့်ခယ်ကျားကို ထပ်၍လှမ်းကြည့်လိုက်ပြီး ဝိန်းရိဖန်အနေဖြင့်တော့ ထိုသူမက အလုပ်ဆင်းရမည့်အရွယ်ရောက်နေပြီဟုပင် မတွေးထားမိ၏။ သို့သော်လည်း အသေအချာတွက်ကြည့်လိုက်လျှင် ကျိန့်ခယ်ကျားက တက္ကသိုလ်နောက်ဆုံးနှစ်ပင်ဖြစ်လိမ့်မည်။
စန်းရန်က ချက်ချင်းပြန်မဖြေသေးဘဲ သူမဘက်သို့ ခေါင်းလှည့်ကြည့်ကာ ခန္ဓာကိုယ်ကိုလည်းအနည်းငယ်ကိုင်းချလိုက်၍
"အဆင်ပြေမလား?"
"...."
ထိုအခါမှ ဝိန်းရိဖန် အတွေးစများပြတ်သွားခဲ့ပြီး
"အဆင်ပြေတယ်"
ဝိန်းရိဖန်၏အမူအရာကို အကဲခတ်ပြီးမှ စန်းရန်က အကြည့်လွှဲသွားရင်း စားပွဲထိုးအား ထိုင်ခုံနှစ်ခုံစာ ထပ်ပေးရန် ဆိုလိုက်သည်။
နေရာ၌ ထိုင်ပြီးသည်နှင့် ဝိန်းရိဖန်က အင်္ကျီအကျအနကိုပြင်ဆင်နေသည့်အချိန် ကျိန့်ခယ်ကျား၏လှမ်းခေါ်သံကိုကြားလိုက်ရ၏။ ကျိန့်ခယ်ကျားက စန်းရန်၏အခြားတစ်ဖက်တွင်ထိုင်နေခြင်းကြောင့် သူမတို့နှစ်ဦးမှာ အကွာအဝေးက သိပ်မလှမ်း။ ဝိန်းရိဖန်က ပြုံး၍သာလှမ်းကြည့်လိုက်ပြီး စကားမဆိုပေ။
မျက်နှာချင်းဆိုင်ရှိ သံပြားဝိုင်းနားတွင်ထိုင်နေသည့် ယောက်ျားတစ်ဦးက တအံ့တသြဖြင့်
"မင်းတို့ချင်း ရင်းနှီးနေကြတာလား?"
ကျိန့်ခယ်ကျား၏အသံက ကြည်ကြည်လင်လင်ထွက်လာခဲ့သည်။
"ငါ့အစ်မ"
"တိုက်ဆိုင်လှချည်လား?..အစ်မအရင်း?"
နှစ်ဦးကြားရှိ ဆက်ဆံရေးမှာရှင်းပြရခက်နေခြင်းကြောင့်လားမသိ ၊ ကျိန့်ခယ်ကျားက ပြုံးပြ၍သာ ဆိတ်ဆိတ်ငြိမ်ပြီး ဝန်ခံလိုက်သည်။
ဤစကားကိုကြားလိုက်ရသည့်အခါ စန်းရန်က ကျိန့်ခယ်ကျားအား တစ်ချက်လှမ်းကြည့်လိုက်ပြီး ချက်ချင်းဆိုသလိုလည်း အကြည့်လွှဲလိုက်သည်။ သူ့လက်တစ်ဖက်က စားပွဲပေါ်တင်ထားပြီး လူတစ်ယောက်လုံးက ဝိန်းရိဖန်ဘက်သို့ မျက်နှာမူထားကာ မနှေးမမြန်ဖြင့်
"မင်းမှာ ညီမရှိတာလား?"
ဝိန်းရိဖန်က ပန်းကန်လုံးကိုထုတ်ပိုးထားသည့် ပလပ်စတစ်များကိုဖြည်ရင်း အမှန်တိုင်းဆိုလိုက်၏။
"နောက်အိမ်ထောင်ကနေပါလာတဲ့ညီမ"
စန်းရန်က သူမကိုသာလှမ်းကြည့်နေပြီး ဆက်မမေးတော့ပေ။
သံပြားဝိုင်းက ရင်းနှီးဖော်ရွေတတ်ပုံရကာ လှမ်းနှုတ်ဆက်လာ၏။
"မမကျိန့်"
ကျန်နေသေးသည့်စကားလုံးများကို ပြီးအောင်မပြောရသေးခင်ပင် စန်းရန်က စကားဖြတ်၍ ဆိုလိုက်သည်။
"သူ့မျိုးရိုးနာမည်က 'ဝိန်း' "
"...."
သံပြားဝိုင်းမှာ နားမလည်သလိုဖြစ်သွားခဲ့၍
"ခယ်ကျားရဲ့အစ်မဆို?..အော် တစ်ယောက်က အဖေရဲ့မျိုးရိုးနာမည်ကိုယူပြီး တစ်ယောက်က အမေရဲ့မျိုးရိုးနာမည်ကို ယူထားတာမျိုးလား"
ဝိန်းရိဖန်က ပလပ်စတစ်အိတ်ကိုဖြည်ရင်း အေးအေးဆေးဆေးသာရှင်းပြလိုက်၏။
"မိဘတွေက နောက်အိမ်ထောင်ပြုထားတာမလို့"
ကျိန့်ခယ်ကျား ;
"ဟုတ်တယ်"
သံပြားဝိုင်း ;
"အဲ့လိုလား?"
"မိတ်ဆက်ပေးဦးလေ..ရန်ကော"
ကျိန့်ခယ်ကျား၏ဘေး၌ထိုင်နေသည့်ကောင်လေးက စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် တဟီးဟီးရယ်ပြနေရင်း
"ဒီအစ်မက 'မရီး'လား?.."
ရေနွေးဓါတ်ဘူးကို လှမ်းယူတော့မည့်ဆဲဆဲတွင် ဤစကားကိုကြားလိုက်သည့်အခါ ဝိန်းရိဖန်က စန်းရန်အစား ဖြေရှင်းပေးလိုက်၏။
"မဟုတ်ပါဘူး..အစ်မက သူ့ရဲ့..."
သူမကိုယ်တိုင်လည်း နှစ်ဦးကြားက ဆက်ဆံရေးကို ဘယ်လိုခေါင်းစဥ်တပ်ရမည်မှန်း မသိတော့သဖြင့် ရိုးရိုးရှင်းရှင်းသာဆိုလိုက်သည်။
"သူငယ်ချင်း"
ကောင်လေးက ဆက်၍ရယ်နေဆဲသာဖြစ်ပြီး
"ရန်ကော..တကယ်ကြီး သူငယ်ချင်းပဲလား?"
စန်းရန်က ထိုကောင်လေးအား သတိပေးနေသည့်မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်၍
"သူ ပြောနေတာကို မင်းမကြားဘူးလား?"
နောက်တွင် စန်းရန်က ရေနွေးဓါတ်ဘူးကိုလှမ်းယူပေးလိုက်ပြီး သူ့အရှေ့တွင်ရှိနေသည့် ပလပ်စတစ် မဖောက်ရသေးသောပန်းကန်လုံးအား ဝိန်းရိဖန် အရှေ့သို့ တွန်းပေးလိုက်ကာ
"ကျေးဇူး"
"...."
ဝိန်းရိဖန်တစ်ယောက် သူမအတွက်ဖောက်ထားသည့်ပန်းကန်လုံးအား စန်းရန်က စိတ်တိုင်းကျယူသွားသည်ကို ကြည့်နေလိုက်ရပြီး နောက်တစ်ခုကိုသာ အသံတိတ်ဖောက်လိုက်ရတော့၏။
အချိန်တစ်ခုကြာပြီးနောက်။
စားပွဲထိုးလေးက မှာထားသည့်သောက်စရာဖျော်ရည်များကို လာချပေးကာ အပြင်ဘက်ဆုံး၌ထိုင်နေသည့်သူက စီစဥ်တကျခွဲဝေပေးလာခဲ့သည်။ နောက်ဆုံး တစ်ပုလင်းတွင် အံ့သြသွားသည့်အမူအရာဖြင့်
"ဘယ်လိုဖြစ်လို့ ကိုးပုလင်းတောင်ဖြစ်နေတာလဲ?..ဘယ်သူ ပိုမှာထားသေးလဲ?"
"အာ?"
ကျိန့်ခယ်ကျားက ပြေစာစာရွက်ကို လှမ်းကြည့်၍
"ကြည့်ရတာ သတိမထားမိဘဲ ပိုမှာလိုက်မိတယ်ထင်တယ်"
"ဒါကြီးကြည့်ရတာ သောက်လို့ကောင်းမယ့်ပုံလည်းမပေါ်ဘူး"
"အရင်ဆုံး ဒီတိုင်းထားထားလိုက်..ရန်ကော အစ်ကိုတို့ရော ဘာသောက်ကြမလဲ..ကြည့်ကြည့်ပါဦး"
"ငါ့အစ်မကို ပေးလိုက်"
ကျိန့်ခယ်ကျားက ပုလင်းကိုလှမ်းယူပြီး စန်းရန်ရှေ့မှဖြတ်၍ ဝိန်းရိဖန်ထံသို့ တွန်းပို့ပေးလိုက်ကာ ခပ်ပြုံးပြုံးဖြင့်
"ငါ့အစ်မက သဘောအရမ်းကောင်းတာ..သူ မကြိုက်တဲ့ဟာဆိုတာ မရှိဘူး..ဘာပဲသောက်သောက် ရတယ်ရယ်"
ဝိန်းရိဖန်က ဖျော်ရည်ပုလင်းအားတစ်ချက်လှမ်းကြည့်ပြီး မည်သည့်စကားမှမဆို။
နောက်တွင် ကျိန့်ခယ်ကျားက မီနူးစာရွက်အား စန်းရန်ထံသို့ ခပ်ရှက်ရှက်လေး လှမ်းပေးလိုက်ပြီး
"မန်နေဂျာ..အစ်ကို ဘာသောက်ချင်လဲဆိုတာ ကြည့်ကြည့်လေ..ညီမတို့က စောစောတည်းက မှာထားတာမလို့..ဟင်းတွေဘာတွေလည်းမှာထားပြီးပြီ..ထပ်ပြီး မှာချင်တာမျိုးရှိမရှိ ကြည့်ကြည့်ပါလား"
ဤအခြေအနေကိုတွေ့လိုက်ရသည့်အခါ စန်းရန်၏မျက်ခွံများ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပြီး မည်သည့်အမူအရာမျိုးမှမပါဘဲ ကျိန့်ခယ်ကျားအား တစ်ချက်လှမ်းကြည့်လိုက်၏။
ညစာစားပွဲ၏အငွေ့အသက်များမှာ စက္ကန့်ပိုင်းကြာကြာ အေးစိမ့်သွားသည့်အလား။
နောက်တစ်စက္ကန့်တွင် စန်းရန်က မီနူးစာရွက်ကို လှမ်းယူကာ ဝိန်းရိဖန်၏အရှေ့သို့ ချပေးလိုက်သည်။
လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ခြင်းကြောင့် ဝိန်းရိဖန်လည်း မျက်လုံးပင့်ကြည့်လာခဲ့သည်။
စန်းရန်က ဝိန်းရိဖန်၏အရှေ့တွင်ချထားသည့်ပုလင်းအား သူ့နေရာဘက်သို့ဆွဲယူလိုက်ကာ ၊ ထိုပုလင်းအား သူ ဖြေရှင်းမည်ဖြစ်ကြောင်း အချက်ပြလိုက်ခြင်းပင်။ သူ့မျက်ဝန်းများက သူမ၏မျက်ဝန်းများနှင့်အကြည့်ချင်းဆုံလိုက်ပြီး အမူအရာအားလုံးက သဘာဝကျကျ ၊ အသံတို့ကို တိုးဖျထား၍
"ဘာသောက်ချင်လဲ?"
---------
(Zawgyi)
"မလုပ်ရဲဘူး"
"နောက်တစ်ခါကျမှ"
"...."
Advertisement
- In Serial6 Chapters
Steps to raise a Wife - SRW
When two different generations of individuals come together in an arranged marriage because of their families interest. One is a workaholic CEO of a city's biggest financial company while the other is a happy-go-lucky college student. This is a story of a man who is subconsciously raising his wife while the wife is trying to act like a mature and responsible wife. Let's witness their remarkable journey to have a happy ever-after story.
8 203 - In Serial65 Chapters
The Workaholic's Wife
Scarlet Ray and Evan Parker are polar opposites of each other.She is a bubbly bakery-owner while he is a workaholic businessman.She is a hopeless romantic while he has no time for love in his busy life.She is an optimist who believes in the healing power of a warm smile. He is a realist who has a permanent frown etched on his face. She has never been in a relationship before while he is a widower and a single parent.So what what will happen when these two totally different people will be stuck with each other in a loveless marriage? Will Scarlet ever succeed in melting the ice between Evan and herself? Let's find out.--------#6 in Romance (18-04-20)#4 in Romance (19-04-20)#3 in Romance (20-04-20)#1 in Romance (05-05-20)
8 362 - In Serial34 Chapters
Just Us ✔︎
She always went to the same café. The same order of a blueberry muffin with a cup of cold brew and condensed milk. She was that girl who held it together and seemed savvy. He never liked interactions much less dating. He was a CEO of the largest company in America during the day, but a ruthless Mafia Don by night. He's a complex, intimidating mystery. Then they met.❥#1 in ceo#2 in don #2 in cafe#3 in cliche#5 in sweet#8 in emotional
8 203 - In Serial18 Chapters
Summoned the Devil for a Date
I summoned him on accident, but since he's here...
8 269 - In Serial66 Chapters
The Lunacy of Tyler Lockhart ✔️
How very noble of you, Mr. Lockhart. I don't need your help. I can do just fine." I retorted."I'm a lot of things, Victoria." Tyler said leaning against the banister. "But noble is not one of them.""After today, I'm not even going to argue with that fact. They should have named you Lucifer."He smiled, not kindly. "Think of it as a warning from the devil himself. I will not warn you a second time. Throw yourself at me, Vicky, and I'll take what I want." ***Victoria Lane and Tyler Lockhart have been best friends since they were kids, and the two have been through thick and thin together. Tyler is fun, charismatic and makes Victoria weak in the knees. What Tyler doesn't know is that Vicky has been in love with him for a long time. Tyler Lockhart has been hiding some skeletons in his closet, he is a billionaire and comes from an influential family; the Lockharts' have been cursed with a life long of bad omen and while Tyler's mother has tried hard to keep him from showing his true nature to society, sometimes, all it takes is one small mistake. When Vicky finds out the truth, things turn from bad to worse and Tyler is forced to leave town. Vicky's life comes crashing down when Tyler steps foot in town almost ten years later, and he's come back with a motive; to stay and to win Vicky back. ***Please Note* I do NOT own the picture used for the cover. It belongs to it's rightful owner and is only being used for entertainment purposes. No commercial use involved. WARNING: Story contains profanity, sexual tensions and abuse. May also contain topics sensitive to nature. Read at your discretion. Copyright © 2019 KittyKash92
8 125 - In Serial52 Chapters
Darkling
Clara is restarting life. Unwillingly, when her father decides to move from good old New York City to isolated Ilea.Clara is EtherealIlea is a kingdom.And 'Arcane High' is her new school.Except... that school isn't quite for humans. It has some students that are supernatural.Then comes Callum.The mystery no one has been able to solve. The boy with multiple powers yet nothing to go by. Because no one knows what he is.Callum is a DarklingBeing drawn to someone or something can be extremely dangerous. Because curiosity killed the cat. But what do they say?Satisfaction brought it back......ALL RIGHTS RESERVEDDON'T STEAL MY BOOK ISTG I'LL SUE YOU
8 250