《First Frost (Myanmar Translation)》Chapter 47
Advertisement
ဝိန်းရိဖန်က 'အာ' ဟု အလိုလိုအသံပြုမိလိုက်ရင်း ဖျော်ရည်ပုလင်းဆီသို့ နောက်တစ်ကြိမ်အာရုံရောက်သွားခဲ့သည်။ ထိုအခါမှ တစ်စုံတစ်ရာက လွဲမှားနေကြောင်း သတိထားမိခြင်းပေ။ သူမအတွက်တော့ အခြားသူများနှင့်ညစာစားသည့်အခါတိုင်းတွင် အခြားသူများစီစဥ်ပေးသည့်အလေ့အကျင့်ကို နေသားကျနေခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးတစ်ယောက်အဖြစ် အမေးခံ ၊ အရွေးခံရလျှင်တောင် စိတ်ထဲမထည့်သည့်သူပင်။
ပုံမှန်အခြေအနေမျိုးဆိုလျှင် ဟင်းမှာပေးမည့်သူက သူမ၏အမြင်နှင့်ရွေးချယ်မှုတို့ကို ယဥ်ကျေးမှုအရ မေးမြန်းကြည့်ရမည်ဖြစ်သည်။
ဝိန်းရိဖန်သည်လည်း ကျိန့်ခယ်ကျားကဲ့သို့ သူမအား ဆက်ဆံချင်သလိုဆက်ဆံနေသည့်တစ်စုံတစ်ယောက်နှင့် တွေ့ဆုံဖူးသည်မှာ ပထမဆုံးအကြိမ်။
ထို့အပြင် ဝိန်းရိဖန်က ယခုလိုသေးသေးမွှားမွှားကိစ္စလေးများကို ဂရုမစိုက်တတ်သည့်အတွက် လက်ရှိအခြေအနေနှင့်ပတ်သတ်ပြီး မည်သည့်နေရာကမှ မှားယွင်းနေခြင်းမရှိသလို ခံစားမိထားခြင်းပေ။ သို့သော် ထူးဆန်းလွန်းသည်မှာ ယခုအခိုက်အတန့်တွင် ဤနေရာ၌ ရှင်းပြမရသောထူးဆန်းသည့်အငွေ့အသက်တို့လွှမ်းမိုးလို့လာခဲ့သည်။
အောက်နှုတ်ခမ်းကို အသာအယာကိုက်ထားမိရင်း မီနူးစာရွက်အား ဟန်ဆောင်ပန်ဆောင်လှမ်းကြည့်လိုက်သည်။
ဤဆိုင်တွင် အမှာစာရင်းများများစားစားမရှိ ၊ မီနူးစာရွက်က သာမန်စာရွက်တစ်ရွက်သာဖြစ်ပြီး ပလပ်စတစ်လောင်းထားသည်။ သောက်စရာများက တစ်ဖက်စာမျက်နှာ၏ ညာဘက်အောက်ထောင့်၌ရှိပြီး ရွေးချယ်စရာလည်းမများ။ စျေးဆိုင်များတွင်ရတတ်သည့် ဖျော်ရည်ပုလင်းများအပြင် ဤဆိုင်၏အထူး ဖျော်ရည်များလည်း ရှိသည်။
ဝိန်းရိဖန်က တစ်ခဏမျှကြည့်လိုက်သေးသော်လည်း စိတ်မဝင်စားသဖြင့်
"နင် ရွေးလိုက်လေ..ငါက ရေဆိုရင်ရပြီ"
စန်းရန်က သံပြားဝိုင်းပေါ်၌ နွေးထားပြီးသည့်ဟင်းများအား သူမ၏အရှေ့သို့ တိုးလာပေး၍
"အခြားဟာတွေရော မမှာတော့ဘူးလား"
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြရင်း မီနူးစာရွက်အား စန်းရန်ထံ ပြန်ပေးလိုက်သည်။
စန်းရန်က ရေတစ်ခွက်ငှဲ့ရင်း မီနူးစာရွက်အား အကြမ်းဖျင်းလှမ်းကြည့်လိုက်ကာ တော်တော်များများက မှာထားပြီးသားဟင်းလျာများပင်။ နောက်တွင်တော့ သူကိုယ်တိုင်လည်း ဘာမှထပ်တိုး၍မမှာတော့ဘဲ မီနူးစာရွက်အား စားပွဲအလယ်၌ပြန်ချထားလိုက်သည်။
တစ်ခဏတာတိတ်ဆိတ်နေပြီးနောက်တွင်တော့ စားပွဲဝိုင်းက တဖန်အသက်ဝင်လာခဲ့သည်။
အခြားသူများက အချင်းချင်းကိုယ်စီ စကားပြောနေကြပြီး တစ်ချို့မှာမူ စန်းရန်နှင့်မကြာမကြာ စကားလှမ်းပြောလာကြသေးသည်။
များသောအားဖြင့် ကောလဟလအတင်းများဖြစ်ပြီး တစ်ခါတစ်ခါ အလုပ်ကိစ္စများညှပ်ပါလာတတ်သည်။ သူတို့ပြောနေကြသည့် လူအကြောင်းကိုလည်း ဝိန်းရိဖန် မသိ ၊ နယ်ပယ်ချင်းလည်း မရင်းနှီးသဖြင့် နားပင်မထောင်တော့ဘဲ ရေသာ သောက်နေလေသည်။
ရုတ်တရက် ဝိန်းရိဖန်၏ခေါင်းထဲ အတွေးတစ်ခု ဖြတ်ခနဲပေါ်လာခဲ့သည်။
ဒါဆို စန်းရန်က ကုမ္ပဏီရဲ့ညစာစားပွဲကို ဘေးပို့ပြီး သူမနဲ့ညစာစားဖို့ ပြန်လာတာပေါ့?
ဤအကြောင်းကိုတွေးမိလိုက်သည့်အခါ ဝိန်းရိဖန်က စန်းရန်ရှိသည့်ဘက်သို့လှမ်းကြည့်မိလိုက်၏။ ဖြစ်ချင်တော့ ကျိန့်ခယ်ကျားက သူမအား လှမ်းကြည့်နေလေပြီး အမူအရာက မအီမသာနှင့် အနည်းငယ်နေရထိုင်ရခက်နေသည့်ပုံ။ ကြည့်ရသည်မှာ တစ်ယောက်ယောက်က တစ်ခုခုပြောထားပုံရသည်။
ဝိန်းရိဖန်က အကြည့်လွှဲလိုက်ပြီး စန်းရန်၏မျက်နှာကိုသာ လှမ်းကြည့်လိုက်သည်။
သူမ၏အကြည့်များကို ခံစားမိနေပုံရသည့်သူက ချက်ချင်းပြန်လှည့်လာ၍
"ဘာဖြစ်လို့လဲ?"
"ဘာမှမဖြစ်ဘူး"
ဝိန်းရိဖန် မျက်လွှာချကာ ရေဆက်သောက်နေလိုက်သည်။
စန်းရန်က သူမကိုသာ ဆက်၍ငေးကြည့်နေဆဲဖြစ်ပြီး ရုတ်တရက်လည်း ပြုံးပြလာခဲ့၍
"ဝေ့..လူလည်ကျမယ်လို့တော့ မစဥ်းစားနဲ့နော်"
ဝိန်းရိဖန် ;
"ဟမ်?"
စန်းရန်၏မျက်ဝန်းအိမ်များဟာ သဘာဝအတိုင်း အနက်ရောင်အလင်းလုံးလေးများတလက်လက်ထနေသည့်သဖွယ် ၊ ဤညစာစားပွဲသည် သူနှင့် လျားလျားမျှမသက်ဆိုင်သလိုလည်း ပြုမူနေသေးကာ နှုတ်ခမ်းကို ခပ််ရေးရေးပြုံးပြပြီး မထီမဲ့မြင်ဖြင့်
"ဒီတစ်နပ်စာကို ထည့်မတွက်ဘူး"
----------
ညစာစားလုပြီးခါနီးတွင် ဝိန်းရိဖန်က မတ်တပ်ထရပ်ပြီး သန့်စင်ခန်းဆီသို့ထွက်လာခဲ့သည်။
လက်ဆေးကန်ရှေ့၌ရပ်ပြီး ရေပိုက်ကိုဖွင့် ၊ လက်ဆေးကာ ကိုယ့်ကိုကိုယ် မှန်ထဲ တစ်ချက်လှမ်းကြည့်လိုက်၏။ မိတ်ကပ်ဘူးနှင့်နှုတ်ခမ်းနီအား အိတ်ထဲမှထုတ်ပြီး မိတ်ကပ်လိမ်းမည့်အခိုက်တွင် သန့်စင်ခန်းထဲဝင်လာသည့် ကျိန့်ခယ်ကျားအား မျက်ဝန်းထောင့်များမှတဆင့် လှမ်းမြင်လိုက်ရသည်။ ကျိန့်ခယ်ကျားလည်း တုံ့ခနဲရပ်သွားပြီးမှ အနားသို့လျှောက်လာကာ သူမ၏ဘေး၌ ဝင်ရပ်လိုက်သည်။
ဝိန်းရိဖန်က တစ်ချက်ကလေးမျှတွန့်ဆုတ်သွားခြင်းမရှိဘဲ မှန်ကြည့်ရင်း မိတ်ကပ်များ လိုအပ်သလိုဖြည့်နေ၏။
ကျိန့်ခယ်ကျားက လက်လာဆေးပုံသာရပြီး လက်ဆေးဆပ်ပြာရည်ကို ညှစ်ယူ၍
"ဒီနေ့ နင်နဲ့ ဒီနေရာမှာ တွေ့လိမ့်မယ် ထင်တောင်မထင်ထားဘူး..အရင်တည်းက ငါတို့မန်နေဂျာနဲ့ ရင်းနှီးတာလား"
ဝိန်းရိဖန်က အထိုက်အလျောက်ဖြင့် 'အင်း' ဟုသာ ပြန်ဖြေလိုက်သည်။
"ခုဏတုန်းက ငါ့အလုပ်ကသူငယ်ချင်းကပြောတယ်..ငါက မန်နေဂျာကို မျက်နှာပျက်အောင်လုပ်လိုက်တယ်တဲ့..သူ ခေါ်လာတဲ့လူကို ငါက ဆက်ဆံချင်သလိုဆက်ဆံလို့တဲ့.."
ကျိန့်ခယ်ကျားက မျက်မှောင်ကျုံ့လိုက်ရင်း ခပ်တိုးတိုးဖြင့်
"ငါ့မှာ အဲ့လိုစိတ်မျိုးရှိမနေဘူး..နင်က တကယ်လည်း ဟိုရွေးဒီရွေးလုပ်တတ်တဲ့သူမှမဟုတ်တာ"
ဝိန်းရိဖန်က နှုတ်ခမ်းပေါ်တင်ထားသည့် နှုတ်ခမ်းနီအား လက်ချောင်းထိပ်ဖြင့် ဆွဲညှိနေ၏။
ကျိန့်ခယ်ကျား ;
"ငါက ဒီအတိုင်း အလဟဿမဖြစ်စေချင်လို့လေ..မှာလည်း မှာထားပြီးပြီမလား"
ဝိန်းရိဖန် ;
"ဒါဆိုလည်း နင်ကိုယ်တိုင် ဘာလို့မသောက်တာလဲ?"
ကျိန့်ခယ်ကျား ;
"ငါမှ မကြိုက်တာ..အရင်ကဆို နင်ပဲ အားလုံးကို...."
စကားမဆုံးလိုက်ခင် ကျိန့်ခယ်ကျားက အရှိန်ကိုထိန်းပြီး လေသံပြောင်းသွားခဲ့၏။
"နင် ငါ့ကိုကူညီတဲ့အနေနဲ့ မန်နေဂျာကို စကားကောင်းပြောပေးပါလား..ငါ သူ့ကိုအပြစ်ပြုမိထားလို့ရှိရင် အလုပ်သင်ကာလမှာ အဆင်မပြေမှာကြောက်တယ်"
ဝိန်းရိဖန် ;
"နင် အတွေးလွန်နေပြီ"
"အဲ့ဒါကြောင့်မလို့ ငါ ကြောက်တာပေါ့..နင် ငါ့အစား ကူပြောပေးပါဆို"
ကျိန့်ခယ်ကျားကလည်း နှုတ်ခမ်းကိုထုတ်လိုက်ပြီး ခပ်ပျော့ပျော့လေသံမျိုးဖြင့်
"ဒါနဲ့..မန်နေဂျာက နင့်ကို လိုက်နေတာမလား?"
"...."
ဝိန်းရိဖန်၏စိတ်ထဲ ဤကိစ္စက ဘယ်လိုကနေဘယ်လို ပြောင်းပြန် မြင်သွားကြမှန်း နားမလည်နိုင်တော့သဖြင့်
"မဟုတ်ဘူး"
"ဒါဆို လိုက်မပိုးပမ်းသေးတာလား?..နင်တို့က အခုမှ အီစီကလီအခြေအနေလား?..ဘာပဲဖြစ်ဖြစ် သူ နင့်ကိုစိတ်ဝင်စားနေတာတော့ အသေအချာပဲ..အစကတော့ ငါ သူ့ကိုလိုက်မယ်လို့တွေးထားတာ..အရပ်ကလည်းမြင့် ရုပ်ကလည်းချော မိုက်ကလည်းမိုက် ပိုက်ဆံကလည်းရှိ..ပြီးတော့ ငါ့အထက်လူကြီး...."
Advertisement
ပြောနေရင်းဖြင့် ကျိန့်ခယ်ကျားက ပါးစပ်ကိုလှမ်းပုတ်လိုက်၍
"ဒါပေမယ့် နင်တို့နှစ်ယောက်ရဲ့ပုံစံကိုကြည့်ပြီး ထားလိုက်ပါတော့မယ်..လိုက်ပိုးပမ်းလို့မရလိုက်ဘဲ နောက်ကောက်ကျကျန်ခဲ့မှာမျိုး မဖြစ်ချင်ဘူး..ငါ့အခြေအနေကလည်း အဆိုးကြီးမှမဟုတ်တာ"
ဝိန်းရိဖန်၏လှုပ်ရှားမှုများ တစ်ခဏရပ်တန့်သွားခဲ့၏။
"သူက ငါ့ကို စိတ်ဝင်စားနေတယ်?.."
"ဒီဟာကြီးက မေးခွန်းလုပ်မေးနေစရာလိုသေးလို့လား..ငါ့ကို မပျော်အောင်များ တမင်သက်သက်လာလုပ်နေတာလား?"
ကျိန့်ခယ်ကျားက ဆွံ့အသွားသည့်အမူအရာဖြင့်
"သူ နင့်ကိုဆက်ဆံနေတဲ့ပုံနဲ့ အခြားသူတွေကိုဆက်ဆံနေတဲ့ပုံက လုံးဝအကွာကြီး..ငါ ဝန်မခံချင်ပေမယ့်လည်း နင့်ရဲ့ဒီမျက်နှာနဲ့ဆိုရင်တော့ ငါ့မှာအခွင့်အရေးမရှိတော့တာ အသေအချာပဲ"
ဝိန်းရိဖန်က တစ်ခုခုကိုတွေးနေသည့်အတိုင်း တိတ်ဆိတ်နေလေသည်။
"ထားပါတော့..အထူးတလည်ဖြစ်နေစရာလည်း ဘာမှမရှိပါဘူး"
ကျိန့်ခယ်ကျားက ဆံပင်များကို အကျအနပြန်ပြင်ရင်း လှလှပပလေးနောက်ဆုတ်လိုက်သည့်သဘောသဘာဝဖြင့်
"ငါလည်း အဲ့လိုချေနေတဲ့မျက်နှာမျိုးကြီးကို စိတ်မဝင်စားပါဘူး..တွဲသွားကြပြီးရင်တောင် ငါကတော့ သည်းသည်းလှုပ်အလိုလိုက်ခံရမယ့်တစ်ယောက်ပဲ ဖြစ်ကိုဖြစ်ရမယ်"
ဝိန်းရိဖန်က မိတ်ကပ်လိမ်းပြီးပြီဖြစ်၍ အပြင်သို့လျှောက်ထွက်လာလိုက်၏။
"အင်း..ငါ အရင်သွားနှင့်ပြီ"
ကျိန့်ခယ်ကျားက အနောက်မှလိုက်၍
"အတူတူသွားမယ်လေ"
ဝိန်းရိဖန်က ကျိန့်ခယ်ကျားပြောသည့်စကားများကို တွေးကြည့်နေဆဲဖြစ်သည်။
လမ်းလျှောက်နေရင်းဖြင့် ကျိန့်ခယ်ကျားက တစ်ခုခုကိုသတိရသွားဟန်ဖြင့်
"အေ့..ငါတို့ Wechat add ထားရအောင်..ငါ အရင်ကတည်းက နင့်ဆီဆက်သွယ်ချင်ခဲ့တာ..နင့် Wechat ကို လာ add လည်း နင်က မသိချင်ယောင်ဆောင်နေတာကိုး"
ဝိန်းရိဖန်က ဘာမှမဆိုချေ။
"နင် မေမေ့ဆီမဆက်သွယ်တာ ဘယ်လောက်တောင်ကြာသွားပြီလဲ..နင် သူ့ကို မဆက်သွယ်လို့လေ ဒီအချိန်တွေအတွင်းမှာ သူ စိတ်အခြေအနေတကယ်ကိုမကောင်းခဲ့ဘူး..နင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေး အခုလိုဖြစ်သွားရတဲ့အဓိကအကြောင်းအရင်းက ငါလေ..နင် မေမေ့ကို အပြစ်မတင်ပါနဲ့"
ဤစကားတစ်ခွန်းအား ဝိန်းရိဖန် ရယ်ချင်သလိုလိုပင် ခံစားမိလိုက်၍
"ဒါနဲ့များ ငါက ဘာကိစ္စနဲ့ နင်နဲ့ Wechat add ရဦးမှာလဲ"
ကျိန့်ခယ်ကျားက မျက်မှောင်ကျုံ့လေပြီး
"ငါ အခု နင်နဲ့စကားပြောတိုင်း ကောင်းကောင်းမွန်မွန်ပြောနေခဲ့တာနော်"
ဝိန်းရိဖန် ;
"ကောင်းကောင်းမွန်မွန်ပြောစရာကိုမလိုတာ"
"နင် ဒီလိုလုပ်ပြနေစရာလိုလို့လား?"
သူမဘက်က အထိုက်အလျောက်နေပေးနေပါသည့်တိုင် မျက်နှာသာ အပေးမခံရသည့်အခါ ကျိန့်ခယ်ကျားက မပျော်မရွှင်ဖြစ်လာခဲ့တော့၏။
"ဒီလောက်ထိပြင်းထန်ပြနေစရာမလိုပါဘူး..ဟုတ်တယ်မလား..နင့်လို သမီးအရင်းတစ်ယောက်က ငါ့လို နောက်အိမ်ထောင်ကပါလာတဲ့သမီးလောက်တောင် သူ့အပေါ် မကောင်းပေးဘဲနဲ့"
"ဒါကတော့ အမှန်ပဲ"
ဝိန်းရိဖန်က အသံထွက်အောင်ရယ်လိုက်ပြီး
"နင်က ငါ့ထက်တောင် သမီးအရင်းနဲ့ပိုတူသေးတယ်"
ကျိန့်ခယ်ကျားက သူမပြောမိသွားသည့်စကားကို ချက်ချင်းသတိထားမိလိုက်ကာ ရုတ်ချည်းဆိုသလို ရန်လိုနေသည့်အမူအရာများ ပျောက်ကွယ်သွားခဲ့၏။ နှုတ်ခမ်းပါးက တလှုပ်လှုပ်ဖြစ်နေသော်လည်း စကားပြောမထွက်လာတော့၏။
မျှမျှတတဆိုရလျှင် ဝိန်းရိဖန်အနေဖြင့် ကျိန့်ခယ်ကျားအပေါ် မည်သည့်ခံစားချက်မျိုးမှရှိမနေ ၊ သဘောကျလာဖို့လည်း မဖြစ်နိုင်သလို မုန်းတီးနေခြင်းလည်း မဟုတ်ပါပေ။
ဘယ်လိုပင်ဖြစ်စေ ကျိန့်ခယ်ကျားက လေပင့်မည့်မီးစာဟု ဆိုသော်လည်း အဓိကအကျဆုံးမှာ ကျောက်ယွမ့်တုံ၏တုတ်တုတ်မျှမလှုပ်ခဲ့သည့်လုပ်ရပ်များကြောင့်ပင်။ နှစ်ယောက်သားက မိသားစုတစ်စုအဖြစ် ပြန်လည်ထူထောင်ထားပါသော်လည်း အကျင့်စရိုက်များမှာတော့ လုံးဝမတူညီကြခဲ့ချေ။
ကံကြမ္မာက ဤနေရာမှစတင်ပြီး လမ်းနှစ်ခုအဖြစ်ခွဲပေးကာ သူတို့နှစ်ဦးအား မတူညီသောဘဝလမ်းကြောင်းဆီသို့ စေလွှတ်ပြီးခဲ့ပြီ။
ဝိန်းရိဖန်သည် ကောင်းကင်ဘုံပေါ်မှ ရွှံ့မြေတလင်းပေါ်သို့ ထိုးကျလာပြီး မိသားစုအသစ်က လက်မခံနိုင်ခဲ့ကာ သီးခြားဖယ်ကျဥ်ထားသည့်ဘဝဖြင့် အသက်ရှင်ခဲ့ရသည်။ ထိုအချိန်ကတည်းက သူမထံ၌ မထီမဲ့မြင်ပြုနိုင်သည့်အနေအထားမျိုး လုံးဝမရှိပါတော့ပေ။ မည်သည့်အရာအတွက်မှလည်း မတိုက်ခိုက်တော့သလို မည်သည့်အမှားမျိုးကိုမှလည်း မလုပ်ရဲပါတော့၏။
သူမအရှေ့တွင်ရပ်နေသည့် မိန်းကလေးမှာတော့ ဖခင်၏သည်းသည်းလှုပ်ချစ်ခြင်းကိုခံထားရပြီး မိထွေးမှလည်း သမီးအရင်းတစ်ယောက်ကို ချစ်ပေးနိုင်ခဲ့သည်။ သူမဘဝတွင် မည်သည့်ပင်ပန်းခက်ခဲမှုမျိုးကိုမှ အတွေ့အကြုံရှိခဲ့မည်မဟုတ် ၊ ရှိခဲ့လျှင်တောင် ထိုဒုက္ခများဟာ ချိုမြိန်သောဒုက္ခများပင် ဖြစ်ပါလိမ့်မည်။
ဤအသက်အရွယ်အထိ သူမသည် အခြားသူများ၏မျက်လုံးများကို မဖတ်တတ် ၊ အခြေအနေကိုမကြည့်တတ် ၊ စိတ်ဒဏ်ရာများမရှိသည့် မင်းသမီးလေးအဖြစ် နေနေနိုင်ဆဲပင် ဖြစ်၏။
နေရာထိုင်ခင်းနားသို့ ပြန်ရောက်လာလုနီးနီး။
ဝိန်းရိဖန်က အသံနိမ့်ပြီး စကားဆိုလိုက်တော့သည်။
"အဲ့ဒီတော့ သူလည်း ဘာမှ မလိုအပ်နေတော့ဘူးလေ ဟုတ်တယ်မလား"
"...."
"သမီးတစ်ယောက် ရှိနှင့်နေပြီပဲဟာ.."
ထိုင်ခုံနေရာသို့ ဝင်ထိုင်လိုက်ချင်းပင် စန်းရန်က ခေါင်းအစ ခြေအဆုံးလှမ်းကြည့်လာ၍
"အဆင်ပြေပြီလား?"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြလိုက်၏။
ထိုအခါ စန်းရန်က မတ်တပ်ထရပ်လိုက်ပြီး
"ဒါဆို သွားမယ်လေ"
ထို့နောက် အခြားသူများဘက်သို့လှည့်၍
"မင်းတို့ပဲ ဆက်ပြီးစားကြတော့..ငါတို့နှစ်ယောက်က အခြားကိစ္စရှိသေးလို့..အရင် သွားနှင့်ပြီ"
"ခဏ ခဏ!"
သံပြားဝိုင်းက ချက်ချင်းမတ်တပ်ထရပ်လာကာ သူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်၏။
"ကျွန်တော်တို့ အမှတ်တရဓါတ်ပုံတောင် မရိုက်ရသေးဘူး..လာ လာ..သုံးလေးပုံလောက်ရိုက်ရအောင်..မဟုတ်ရင် ခဏနေ ပို့စ်တင်စရာမရှိဘဲ နေလိမ့်မယ်!"
"...."
စန်းရန်က စိတ်မရှည်လက်မရှည်ဖြစ်နေသော်လည်း နေရာ၌ ပြန်ထိုင်ပေးလိုက်သည်။ ဝိန်းရိဖန်က သူ့နားရွက်နားသို့ကပ်သွားပြီး ခပ်တိုးတိုးလေးဖြင့်
"ဒါဆို ငါ ခဏလောက်ရှောင်နေပေးရမလား?"
"ဘာကို ရှောင်နေမှာလဲ?..သေချာထိုင်နေ"
စန်းရန်က တစ်ချက်လှမ်းကြည့်လာ၍
"မင်းနေရာက ဘာမှန်း ကိုယ့်ကိုကိုယ်မသိသေးဘူးလား"
"ဟမ်?"
သူ့စကားသံက အလေးအနက်ရှိခြင်းမျိုးမဟုတ်ဘဲ သိသိသာသာဆွဲငင်၍
"ကိုယ့်ကို ပိုပြီးထင်ပေါ်နေအောင် ထောက်ပံ့ပေးရမှာလေ"
Advertisement
"...."
ဝိန်းရိဖန်သည် သူ့အား လျစ်လျူရှုထားလိုက်ပြီး ခပ်မတ်မတ်ထိုင်ကာ ကင်မရာရှိရာဆီသို့ တည့်တည့်စိုက်ကြည့်နေလိုက်သည်။ သူမ၏အမူအရာက ပေါ့ပေါ့ပါးပါးသာဖြစ်ပြီး ဓါတ်ပုံရိုက်သည့်အခါတိုင်း လှစ်ဟပြတတ်သည့်အပြုံးလေးတစ်ခုကိုလည်း ဖော်ပြထားသေးသည်။ ဆယ်စက္ကန့်လောက်ကြာပြီးချိန်တွင်တော့ သံပြားဝိုင်းက ဖုန်းကို အောက်ချလာတော့သည်။
"ရပြီ ရပြီ"
ဤစကားအဆုံးတွင် စန်းရန်ကလည်း မတ်တပ်ထရပ်အပြီး။
ဝိန်းရိဖန်က ကျန်နေခဲ့သည့်သူများအား ယဥ်ကျေးသမှုနှုတ်ဆက်စကားဆိုပြီး စန်းရန်၏အနောက်မှ နေ၍လိုက်လာခဲ့သည်။ အချိန်ကိုတစ်ချက်ကြည့်လိုက်ပြီး
"ငါတို့ အခု အိမ်ပြန်တော့မှာလား?"
နှစ်ယောက်သားဆိုင်ထဲမှ ထွက်လာခဲ့၏။
စန်းရန်က ဘေးနားမှာ စီးပွားရေးရပ်ကွက်ငယ်လေးဘက်သို့ တစ်ချက်လှမ်းကြည့်၍
"ရုပ်ရှင်ကြည့်မယ်လေ"
သူမ၏ အထင်အမြင်ကိုလုံးဝမမေးပါဘဲ မသိလျှင် သူမက သေချာပေါက်မငြင်းမည့်ပုံစံမျိုးဖြင့် တိုက်ရိုက်ဆုံးဖြတ်ချက်ချသွားလေသည်။ ဝိန်းရိဖန်က တစ်ခဏကြောင်အမ်းနေပြီးမှ အလိုက်သင့်လေးပြန်ဆိုလိုက်၏။
"ဘာရုပ်ရှင်ကြည့်မှာလဲ"
စန်းရန်က သူ့လက်ကိုင်ဖုန်းအား လှမ်းပေးလာ၏။
"မင်းရွေး"
ဝိန်းရိဖန်က လက်ရှိထုတ်လွှင့်ပြသနေသည့်ရုပ်ရှင်ကားများကို ပွတ်ဆွဲကြည့်လိုက်၏။ တစ်ချို့သောဇာတ်လမ်းများမှာ Rating မြင့်ပြီး ကြည့်ရှူသူများကြသည်။ ဇာတ်လမ်းအညွှန်းကိုဖတ်ကြည့်ပြီးနောက် သဘာဝဘေးအန္တရာယ်ဇာတ်ကားနှင့် သည်းထိတ်ရင်ဖိုဇာတ်ကားအကြား ဗျာများ၍ရွေးချယ်ရခက်သွားခဲ့သည်။
ဤအချိန်တွင် စန်းရန်က သူမအား ရုတ်တရက်စကားဆိုလာခဲ့သည်။
"မင်းနဲ့ ဟိုညီမဆိုတဲ့တစ်ယောက်ကြားက ဆက်ဆံရေးသိပ်အဆင်မပြေဘူးလား?"
ဝိန်းရိဖန်က ရွေးချယ်နေရင်း အမှန်အတိုင်းဆိုလိုက်သည်။
"ဟုတ်တယ်"
စန်းရန်အတွက်တော့ ဤ 'ဒေါသမရှိသည့်လူသား' က အခြားတစ်ယောက်ယောက်နှင့် ဆက်ဆံရေးအဆင်မပြေသည်ကို မတွေ့ခဲ့ဖူးသဖြင့်
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ နောက်အိမ်ထောင်ကလူမလို့"
ဝိန်းရိဖန်က စိတ်ရှည်ရှည်နှင့်အထိုက်အလျောက်ပြန်ဖြေပေးနေခဲ့ကာ စကားအဆုံးတွင် သူမက လက်ကိုင်ဖုန်းအား သူ့ဆီပြန်ပေးလာခဲ့၍
"ဒီသဘာဝဘေးအန္တရာယ်ကားရယ် သရဲကားရယ်..နင် ဘယ်ဟာကြည့်ချင်လဲ"
စန်းရန်က ဝိန်းရိဖန်ကိုသာ စိုက်ကြည့်နေပြီး မည်သည့်အဖြေမျိုးမှ ပြန်မပေးပေ။
ဝိန်းရိဖန်ကလည်း ခုဏကလေးက စကားခေါင်းစဥ်ဆီသို့ပြန်မသွားဘဲ နောက်တစ်ကြိမ်ထပ်မေးလိုက်၏။
"ဘယ်ဟာကြည့်ချင်လဲလို့"
ထို့နောက်တွင် ဝိန်းရိဖန်က ခေါင်းမော့၍ သူနှင့်အကြည့်ချင်းဆုံလိုက်ပြီး ချက်ချင်းလည်း ခေါင်းပြန်ငုံ့သွားခဲ့သည်။
စန်းရန်က တော်တော်ကြာအောင်တိတ်ဆိတ်နေခဲ့ပြီးမှ
"သဘာဝဘေးအန္တရာယ်ကား"
ဝိန်းရိဖန် ;
"အင်း..ဒါဆို ငါ နေရာရွေးလိုက်တော့မယ်နော်..နောက်ဆုံးခုံမှာ ထိုင်မလား?"
"အင်း"
စကားခေါင်းစဥ်က ဤလိုနှင့်သာ သွေဖယ်သွားခဲ့သည်။
ဝိန်းရိဖန်က သက်ပြင်းရေးရေးချမိပြီး အိမ်တွင်းမှုကိစ္စသေးသေးလေးများအား တွေးတောခြင်းအမှုကို ရပ်ပစ်လိုက်တော့သည်။ သဘာဝဘေးအန္တရာယ်ကားအား နှိပ်၍ ရွေးချယ်တော့မည်အပြုတွင် ရုတ်တရက် စန်းရန်က ဤဇာတ်ကားက တစ်ချက်ကလေးမှတွန့်ဆုတ်ခြင်းမရှိဘဲ ရွေးလိုက်ကြောင်းကို သတိထားမိလိုက်သည်။
စန်းရန်က သရဲကြောက်တတ်မှန်း ဝိန်းရိဖန် အမှတ်ရလာမိကာ...
သူမ တွေဝေနေရင်း ချိတုံချတုံဖြစ်နေရင်းက သရဲကားကို ပြောင်းရွေးပစ်လိုက်၏။
သူမ၏သရဲကားကို စွဲလမ်းတတ်သည့်စိတ်ဆန္ဒတွေက ပြင်းပြလွန်းနေခြင်းကြောင့်လားမသိ ၊ နောက်ဆက်တွဲကိစ္စများအတွက်တော့ ဝိန်းရိဖန်၏လုပ်ရပ်များမှာ ချောချောမွေ့မွေ့သာ ပြီးမြှောက်သွားခဲ့သည်။ ငွေရှင်းရမည့်စာမျက်နှာအရောက်တွင် ဝိန်းရိဖန်က မျက်နှာတစ်ချက်မပျက်ဘဲ ဖုန်းကိုလှမ်းပေးလိုက်၍
"ရသွားပြီ"
စန်းရန်သည်လည်း သံသယတစ်ချက်မဝင်ပါဘဲ ငွေရှင်းမည့်လျှို့ဝှက်နံပါတ်ကို ချက်ချင်းရိုက်ထည့်ပေးလိုက်သည်။
ဝိန်းရိဖန်က နောက်ဆုံးထွက်ထားသည့်ဇာတ်ကားကိုရွေးချယ်ထားပြီး ဇာတ်လမ်းစတင်ပြသဖို့ရာ နာရီဝက်သာလိုတော့သည်။ နှစ်ယောက်သားက ရုပ်ရှင်ရုံရှိသည့် ဒုတိယအလွှာသို့ တိုက်ရိုက်တက်လာခဲ့ပြီး လက်မှတ်ကိုယူကာ ဝင်ပေါက်ဝနားတွင် ရပ်စောင့်နေကြသည်။
အားလပ်နေသည့်အချိန်လေးအတွင်း စန်းရန်က ရုပ်ရှင်လက်မှတ်အား အမှတ်တမဲ့ကြည့်မိလိုက်၏။ ရုပ်ရှင်ဇာတ်လမ်းနာမည်အား သတိထားမိလိုက်သည့်အခါ သူ ကြောင်အမ်းသွားရင်း သူ့ဖုန်းထဲမှ လက်မှတ်ဝယ်ထားသည့်မှတ်တမ်းကိုပြန်စစ်ကြည့်မိလိုက်၏။မျက်ခုံးများက ဖွဖွလေးမြှောက်သွားရင်း
"မင်း သရဲကားကိုဝယ်ထားတာလား"
"...."
ဤစကားကြားလိုက်ရသည့်အခါ ဝိန်းရိဖန်က မသိချင်ယောင်ဆောင်၍ သူ့ဖုန်းကိုလှမ်းကြည့်လိုက်ကာ
"ငါ မှားဝယ်မိသွားတာထင်တယ်"
စန်းရန်က သူမအား ဘေးနားမှနေ၍ မယုံသင်္ကာစူးစူးဝါးဝါးလိုက်ကြည့်နေလေသည်။
ဝိန်းရိဖန်သည်လည်း အပြစ်မရှိသည့်အလား ပြန်စူးစိုက်ကြည့်ပေးလိုက်၏။
တစ်ခဏကြာပြီးချိန်တွင် စန်းရန်က အဓိပ္ပါယ်ပါပါဖြင့် 'အို့' ဟု စကားတစ်ခွန်းဆိုလာခဲ့သည်။
ဤခံစားချက်ကြီးမှာ သူခိုးလူမိသွားသည့်ခံစားချက်မျိုးဖြစ်ပြီး ဝိန်းရိဖန်၏ နဂိုမူလက တည်ငြိမ်နေသည့်စိတ်ကလေးပင် တုန်လှုပ်လာမိတော့သည်။ တဖြည်းဖြည်းနှင့်လည်း သူမ၏လုပ်ရပ်ကို နောင်တရလာမိ၏။ ဘယ်လိုပင်ဖြစ်စေ အသေအချာတွေးတောကြည့်ပါက ဤအရာမှာ စန်းရန် ကြောက်သည့်အရာကို အတင်းလုပ်ယူထားသည်မဟုတ်လား။
ဤသို့ဤနှယ် မသိုးမသန့်ခံစားမိလာသည့်အခါ ဝိန်းရိဖန်က
"လက်မှတ်အသစ်ထပ်ဝယ်လိုက်မလား..ငါ ပိုက်ဆံလွှဲပေးလိုက်မယ်လေ"
စန်းရန် ;
"ရတယ်"
တိုက်တိုက်ဆိုင်ဆိုင် လက်မှတ်စစ်မေးမည့်အချိန် ရောက်လာခဲ့သည်။
ဝိန်းရိဖန်၏ မသိုးမသန့်ဖြစ်စိတ်များက ပို၍ပြင်းထန်လာခဲ့ကာ နှလုံးသားအား ကျောက်ခဲတုံးကြီးတစ်ခုနှင့် ဖိထားသည့်သဖွယ်။ ထိုင်ခုံနေရာသို့ရောက်လာခဲ့ပြီး အကြိမ်ကြိမ်တွေဝေနေပြီးနောက်တွင် သူမက သူ့အား လှမ်းခေါ်လိုက်၏။
"စန်းရန်"
စန်းရန် ;
"ပြော"
"တကယ်လို့ ခဏနေကျ နင် ကြောက်လာလို့ရှိရင်လေ.."
အဆုံးသတ်ရလဒ်မှာအတူတူပင်ဖြစ်သော်ငြား ဝိန်းရိဖန်၏ ယခုအချိန်တွင်ရှိသည့်ရည်ရွယ်ချက်လေးမှာတော့ ခုဏကလေးကလို မဖြူမစင်မဟုတ်ပါတော့ပေ။
"ငါ နင့်ကို ကာကွယ်ပေးလို့ရတယ်နော်"
စန်းရန်၏အမူအရာမှာ အနည်းငယ်ကြောင်အမ်းအမ်းဖြစ်သွားခဲ့၏။
"ဘယ်လို ဘယ်လို"
ဝိန်းရိဖန်က နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး ဆက်မပြောတော့ချေ။
သုံးလေးစက္ကန့်ကြာပြီးသွားချိန်တွင်တော့ ဖြစ်စဥ်၏အကျိုးဆက်နှင့်ရလဒ်ကို တွေးကြည့်ပြီး တစ်စုံတစ်ရာကို သဘောပေါက်သွားခဲ့သည့်စန်းရန်က အသံထွက်သည်အထိသဘောတကျထရယ်တော့ကာ ပုခုံးနှင့်ရင်ဘတ်တို့ကပင် တလှုပ်လှုပ်ဖြစ်နေခဲ့ရင်း ရယ်သံများကြားတွင် ခပ်ဖျော့ဖျော့အသက်ရှူငွေ့များပါ ရောပါလာတော့သည်။
မှိန်ပျပျမီးရောင်အောက်တွင် သူ့နှုတ်ခန်းထောင့်စွန်းမှ ပါးချိုင့်လေးကိုပါ ဝိန်းရိဖန် ဝေဝေဝါးဝါးလှမ်းမြင်နေခဲ့ရသည်။
သူမ ရှင်းပြမရအောင်ရှက်လာမိသဖြင့်
"ငါ မှားဝယ်မိလိုက်တာကြောင့်မလို့ပါ..."
"အင်းပါ"
စန်းရန်က အသောမသတ်နိုင်အောင်ရယ်နေဆဲဖြစ်ပြီး
"ကိုယ် မင်းကို လျော့တွက်မိသွားတာပဲ"
တစ်ချိန်တည်းဆိုသလို ပိတ်ကားပေါ်မှရုပ်ရှင်သည် စတင်ပြသလာခဲ့သည်။
ဝိန်းရိဖန်က မကြားချင်ယောင်ဆောင်လိုက်ရင်း မျက်နှာပြင်ထက်သို့ လှမ်းကြည့်လိုက်၏။ ရုပ်ရှင်တစ်ကားလုံး၏ကြာချိန်မှာ ၁နာရီနှင့်မိနစ် ၃၀ ။
ရုပ်ရှင်ဇာတ်ရှိန်မြင့်သွားသည့်ဇာတ်ဝင်ခန်းနေရာမျိုးရောက်တိုင်း ဘေးနားမှ စန်းရန်က သူမ၏နားရွက်နားသို့ ရုတ်ချည်းတိုးကပ်လာခဲ့ကာ ပြောနေသည့်စကားတစ်ခွန်းက ;
"အရမ်းကြောက်ဖို့ကောင်းတာပဲရော်.."
"...."
သို့မဟုတ်လျှင် ;
"ဘာလဲ?..အသားယူဖို့လာတာ မ..."
ဤအထိစကားဆိုလာပြီးလျှင် တမင်သက်သက်ရပ်ပစ်လိုက်ပြီး ရည်ရွယ်ချက်ရှိရှိစကားလမ်းကြောင်းကိုလွှဲ၍
"ကိုယ့်ကို ကာကွယ်ပေးပါဦး"
ရုပ်ရှင်ကြည့်ပြီးနောက်တွင် ဝိန်းရိဖန်က တစ်ကားလုံး အစအဆုံးရှိခဲ့ပါသော်လည်း ဘာမှမကြည့်ခဲ့သည့်အတိုင်းပင်။ အတိုချုံးပြောရလျှင် ရုပ်ရှင်နှင့်ပတ်သတ်သည့်မှတ်ဥာဏ်ကတစ်ခုမှမရှိတော့ဘဲ ဦးနှောက်ထဲတွင် စန်းရန်ပြောသွားသည့် စနောက်ကျီစယ် Flirt နေသည့်စကားလုံးများသာ ကျန်နေခဲ့သည်။
စန်းရန်က အမှန်တကယ် ကြောက်နေခြင်းလား မကြောက်ခြင်းလားကိုပင် မခွဲခြားတတ်တော့၏။
အိမ်ပြန်လမ်းတစ်လျှောက်တွင် ဝိန်းရိဖန်က ကျိန့်ခယ်ကျားပြောသွားသည့်စကားများကို ပြန်တွေးကြည့်လိုက်၏။
စန်းရန်က သူမအပေါ်ကို အနည်းငယ်မျှမတူညီစွာဆက်ဆံမှန်း ခံစားနေမိခဲ့ပါသော်လည်း သူမတစ်ကိုယ်တည်း၏အတွေးအမြင်မျိုးဖြစ်နေမည်ကို စိုးရိမ်ခဲ့သည်။ သို့သော် ဘေးလူများ၏အမြင်တွင်လည်း သူမ၏အတွေးနှင့်ထပ်တူဖြစ်နေပုံရသည်။
ထို့အပြင် စန်းရန်က သူမအပေါ်၌ စိတ်ခံစားချက်တစ်ချို့ရှိနေသည်ကိုလည်း ခံစားမိနေရသေးသည်။
ဤသို့ဆိုလျှင် သည်အချိန်ကာလများအတွင်း ခံစားမိနေခဲ့သည့်အရာများက သူမတစ်ယောက်တည်း ထင်ယောင်ထင်မှားဖြစ်နေခြင်းမဟုတ်သည်ကို ကိုယ်စားပြုလိုက်ခြင်းပင်မဟုတ်လား။
ကားပြတင်းမှန်၌ရောင်ပြန်ဟပ်နေသည်မှာ သူမ၏နှုတ်ခမ်းပါးများ ကွေးတက်နေခဲ့သည့်ပုံရိပ်။
မျက်တောင်အကြိမ်ကြိမ်ခတ်မိသော်လည်း ထိုအပြုံးတစ်ခုကိုတော့ ပြန်မရုတ်သိမ်းဖြစ်ခဲ့၏။
အိမ်ပြန်ရောက်သည့်အချိန်တွင်။
ဝိန်းရိဖန်က ငါးကင်ဆိုင်၌ရိုက်ထားခဲ့သည့် အုပ်စုလိုက်ဓါတ်ပုံကို သတိရမိကာ အိပ်ခန်းထဲမဝင်ခင် စကားအရင်ဆိုလိုက်၏။
"နင် ငါ့ကို ဒီနေ့ရိုက်ခဲ့တဲ့ပုံတွေ ပို့ပေးလို့ရလား"
စန်းရန်က ဆိုဖာထက်၌ထိုင်ပြီး ဖုန်းကြည့်နေသည့်အချိန်။ ဤစကားကိုကြားလိုက်ရသည့်အခါ ဖုန်းမျက်နှာပြင်ကိုပိတ်ပြီး အေးအေးလူလူ စကားဆိုလာခဲ့၏။
"ကိုယ့်ဆီမှာ မရှိဘူး"
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြပြီး ထပ်မမေးတော့ချေ။
------
နောက်တစ်နေ့၌ ဝိန်းရိဖန် ဌာနသို့ရောက်သည့်အချိန်။
ကွန်ပြူတာဖွင့်ဖွင့်ချင်းပင် ဌာနသို့အချိန်ကိုက်ရောက်လာသည့် စုထျန်းက ထုံးစံအတိုင်း အခြေအနေကိုမေးမြန်းလာသည်။
စုထျန်းအား ဤကိစ္စကိုပြောပြချိန်တွင် ဝိန်းရိဖန်တစ်ယောက် ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိလာသလိုပင် ခံစားလိုက်ရ၏။ သို့သော်လည်း နောက်တစ်ဆင့်သို့ ဘယ်လိုဘယ်ပုံဆက်လှမ်းရမည်မှန်းမသိသဖြင့် အချစ်ရေးရာ၌စီနီယာကျသည့် စုထျန်းကိုသာ အကြံဥာဏ်တောင်းရတော့သည်။
စုထျန်းက မေးစေ့ကိုပွတ်ရင်း
"ကြည့်ရတာ အခြေအနေက ဖွင့်ပြောလို့ရလောက်ပြီထင်တာပဲ"
ဝိန်းရိဖန် ;
"အရမ်းမမြန်လွန်းဘူးလား?"
Advertisement
- In Serial68 Chapters
Chocolate Kisses (Complete)
Vaylin Valentine is a generation after generation Chocolatier. Her grandfather opened Candy Rush over forty years ago and then passed it down to her father and now to her. It's almost Valentine's and the candy is being made so she spends a lot of late nights working on chocolate. On Feb 1st when she got home to her apartment late she found a card stuck to her door. Looks like she has a secret admirer and every day up until the 14th she has received a card but never was a name on it. She finally catches the guy putting flowers by her door and is pleasantly surprised by what she finds. Follow along to see if Vaylin finds romance on the most romantic month of the year! 🔞 Rated R. 🔥 Mature Sexual Content🤐Graphic LanguageCover art was made by: Agacia Remis 💋
8 253 - In Serial14 Chapters
Their my life (sequel to he's my mate)
Read He's my mate first if you don't you might not understand many things. It's been a couple of months since the war started and things haven't changed. No one has gained anything from the fighting. Not a good description but please read both books.
8 172 - In Serial14 Chapters
milk & honey | august
"two wrongs don't make a right, but two rights make perfection..."start date- 3/09/2022end date- TBA cover by- gracaxcix
8 213 - In Serial11 Chapters
Not The Heroine!
Unlike other reincarnation stories this one is different.Rayne Marcelo was a pitiful 15 year old,being brought up in an abusive home and suffering at the hands of bullies at school, she had no where to turn to other than her love for a character in a novel.One day, while sitting on the rooftop, she wished for only one thing-A happy life. When she passed, she learned that those reincarnation novels she read weren't a story, they were her real life now.Stuck in a novel she never finished reading, she's determined to save not the hero, not the heroine, not the villain or the villainess, But the side character Asher, who also suffered bullying and abuse due to him being disabled and his rare eyes."I will save you, I don't want you to feel the suffering I've felt, you are too precious for that Asher...""So, you promise not to leave me Rayne? You'll never leave me right?""I promise"
8 201 - In Serial34 Chapters
FM 88.2 《KookV》✔
"Is it Kim Taehyung?" "Fuck ....dude! It's fucking 3 am in the morning if you wanna complain -" " I'm a big fan of yours and your show,Rj V " "wait ........dude! did I really get myself a fan!? where Taehyung is a rj of a radio station named FM 88.2 but his show is on the way of being cancelled due to the low rating. Taehyung thought his career as a rj gonna end soon but things change when he gains a mysterious fan. Aired:24th October ,2019Finished:6th January, 2020
8 101 - In Serial93 Chapters
Dear, JJ | JJ Maybank
𝘋𝘦𝘢𝘳, 𝘑𝘑 (𝘰𝘳 𝘸𝘩𝘢𝘵𝘦𝘷𝘦𝘳 𝘺𝘰𝘶𝘳 𝘧𝘪𝘳𝘴𝘵 𝘯𝘢𝘮𝘦 𝘳𝘦𝘢𝘭𝘭𝘺 𝘪𝘴) 𝘔𝘢𝘺𝘣𝘢𝘯𝘬,𝘐 𝘳𝘦𝘨𝘳𝘦𝘵 𝘵𝘰 𝘪𝘯𝘧𝘰𝘳𝘮 𝘺𝘰𝘶 𝘵𝘩𝘢𝘵 𝘺𝘰𝘶 𝘩𝘢𝘷𝘦 𝘮𝘢𝘯𝘢𝘨𝘦𝘥 𝘵𝘰 𝘪𝘮𝘱𝘳𝘦𝘨𝘯𝘢𝘵𝘦 𝘮𝘦.𝘞𝘪𝘵𝘩 𝘬𝘪𝘯𝘥 𝘳𝘦𝘨𝘢𝘳𝘥𝘴, 𝘖𝘵𝘵𝘪𝘭𝘪𝘦 𝘔𝘰𝘳𝘦𝘢𝘶.A touron that had more blunts than she cares to admit, not to mention a handful of xannys ends up sleeping with the one and only JJ Maybank who was drowning his sorrows in a bottle of painfully cheap tequila. After ignoring the glaring issue, which included the symptoms like a lack of period, sore tits and throwing up any food within a mile radius, for a few weeks Ottilie Moreau takes a test -- the test -- and it may be the only test she's ever taken were a positive is a negative.
8 97

