《First Frost (Myanmar Translation)》Chapter 48
Advertisement
ဓါတ်ပုံထဲတွင် သူ့မျက်နှာကျက ခပ်ချွန်ချွန်နှင့် ရှင်းရှင်းလင်းလင်း။ လျော့လျော့လေးအောက်စိုက်နေသည့် မျက်တောင်ရှည်တို့ကြောင့် သူ့ပုံစံမှာ စိတ်ကြည်လင်နေပုံလည်းရသည်။
ရှင်းပြရခက်အောင်ရှုပ်ထွေးလွန်းသည်က ဓါတ်ပုံတစ်ပုံမှန်း သိနေပါရက်ဖြင့် သူ့မျက်နှာထက်မှ နွေးထွေးသည့်အငွေ့အသက်များကို ဝိန်းရိဖန် ခံစားမိနေခြင်း။ ထိုခံစားချက်ကလေးမှာ ဖုန်းမျက်နှာပြင်ကိုဖြတ်ကျော်ကာ ဓါတ်ပုံရိုက်နေသည့်အချိန်ဆီသို့ပြန်ရောက်သွားခဲ့ပြီး စန်းရန်က ဘေးနားမှငေးကြည့်နေသလိုပါပင်။
ဝိန်းရိဖန်က နေမထိထိုင်မသာဖြင့်နားရွက်ကို ထိလိုက်မိရင်း ဖုန်းမျက်နှာပြင်ကို ပိတ်လိုက်တော့သည်။
စန်းရန်၏အပြုအမူမှာ မည်သည့်ဖုံးကွယ်မှုမှမပါဘဲ ဗြောင်ရှင်းရှင်းပင်ဖြစ်ကာ ဓါတ်ပုံထဲမှတဆင့် ထိုအားကောင်းလှသည့်ခံစားချက်အငွေ့အသက်ကိုပင် ခံစားလို့ရနေခဲ့သည်။
ယခုမျက်မြင်တွေ့လိုက်ရသည့်အချိန်တွင်တော့ ဝိန်းရိဖန်သည် ထိုအချိန်တုန်းက သူ့အကြည့်များကို အဘယ်ကြောင့်လုံးဝ သတိမထားမိခဲ့မှန်းကို သူမကိုယ်တိုင် မသိနိုင်ပါတော့၏။
မကြာလိုက်ပါဘဲ စန်းရန်အား ထိုဓါတ်ပုံကိုတောင်းခဲ့ဖူးသည့်ကိစ္စကို ပြန်အမှတ်ရလိုက်ကာ ၊ ထိုသူက 'သူ့မှာမရှိကြောင်း' ကို တိုက်ရိုက်ငြင်းဆန်ခဲ့သေးသည် မဟုတ်လား။
ဝိန်းရိဖန် နှုတ်ခမ်းများကွေးကာ ပြုံးလိုက်မိ၏။
စက္ကန့်ပိုင်းကြာပြီးနောက်တွင်။
ဝိန်းရိဖန်က ဖုန်းမျက်နှာပြင်ကိုပြန်ဖွင့်ပြီး ဓါတ်ပုံငါးပုံလုံးကို သိမ်းဆည်းလိုက်သည်။ ဓါတ်ပုံအယ်ဘမ်ထဲဝင်ကာ တစ်ပုံကိုရွေးလိုက်ပြီး အသေးစိတ်ဖြတ်ညှပ်ကပ်လုပ်လိုက်၍ အုပ်စုလိုက်ဓါတ်ပုံမှသည် နှစ်ယောက်တည်းပုံအဖြစ်သို့...
------
ချန်ဝေ့ဟွာက ဥမင်လိုဏ်ခေါင်းပြိုကျသည့်နေရာဆီသို့ တိုက်ရိုက်မောင်းနှင်လာခဲ့သည်။
ဤဧရိယာမှာ ဆောက်လုပ်ရေးကွင်းဖြစ်ပြီး ဘေးနားတွင် တောင်တစ်လုံးရှိကာ ဥမင်လိုဏ်ခေါင်းတူးဖော်၍မပြီးသေး။ သူတို့အုပ်စုမှာ သတင်းရရချင်း အပြေးအလွှားလာခဲ့ခြင်းဖြစ်ပါသော်ငြား ရောက်လာသည့်အချိန်တွင်တော့ အခြားမီဒီယာသတင်းထောက်များ ရောက်နှင့်နေပြီဖြစ်သည်။
အားလုံးမှာ အလျင်စလိုရောက်လာကြသည်များသာ။
နောက်တစ်ကြိမ် ထပ်ပြိုကျပြီး ထပ်ဆင့်ပျက်စီးဆုံးရှုံးမှုများရှိမည်ကို စိုးရိမ်သောကြောင့် ဧရိယာအား ဝင်ခွင့်ပိတ်ပင်တားမြစ်ထားကာ လုံခြုံသည့်အကွာအဝေးတစ်ခုခြားထားသည်။ မီးရထားအဖွဲ့အစည်း နှင့် ဆောက်လုပ်ရေးကွင်းတာဝန်ခံများက ကယ်ဆယ်ရေးအဖွဲ့တစ်ခုဖွဲ့ထားသည့်အပြင် နန်းဝူမြို့မှ ရောက်လာသည့် ကယ်ဆယ်ရေးအဖွဲ့ပေါင်းများစွာလည်း ရောက်နေခဲ့သည်။
ဥမင်လိုဏ်ခေါင်းပြိုကျမှုထဲတွင် လုပ်သား ၈ဦးပိတ်မိနေပြီး အခြေအနေကိုမသိရသေးချေ။
မြေပုံလမ်းကြောင်းနှင့်တည်နေရာ၏အခြေအနေအပေါ် အခြေခံ၍ ကယ်ဆယ်ရေးအဖွဲ့များပေါင်းကာ စည်းဝေးဆွေးနွေးကြပြီးမှ ကယ်ဆယ်ရေးလုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့ကြသည်။ ပိတ်မိနေသူများနှင့်အဆက်အသွယ်ရရန်အတွက် အပေါက်ငယ်တချို့ အရင်ဖွင့်ရန်လည်း ကြိုးစားကြ၏။
ထို့နောက် ထိုအပေါက်ငယ်လေးများမှတဆင့် စားနပ်ရိက္ခာများပေးပို့ရန် ရည်ရွယ်ထားကြ၏။
ဤအချိန်များအတွင်း ချန်ဝေ့ဟွာက ကယ်ဆယ်ရေးအဖွဲ့အစည်းဆီသို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း အကြိမ်တိုင်းငြင်းပယ်ခဲ့သည်ချည်းသာ။ အခြေအနေတည်ငြိမ်စိတ်ချရသည့်အခါတွင်မှ ကယ်ဆယ်ရေးအဖွဲ့က သတင်းမှတ်တမ်းတင်ရန်အတွက် လူတစ်ချို့အား အင်တင်တင်ဖြင့်လက်ခံ၍ဝင်ခွင့်ပြုခဲ့၏။
ချန်ဝေ့ဟွာနှင့်ဝိန်းရိဖန်သာ အထဲဝင်လာပြီး မုချန်ယွင်အား အပြင်ဘက်တွင် ထားခဲ့၏။
ဥမင်လိုဏ်ခေါင်းမှာ နက်ပြီးရှည်လျားပြီး အဆုံးမရှိသည်ဟုထင်ရသောနေရာကြီးအား ကျိုးကျေနေသည့်ကျောက်တုံးများ သဲမှုန့်များက ပိတ်ဆို့နေကာ အတွင်းဘက်ကျလေလေ သီးခြားတည်ရှိသလိုလိုပင် ဖြစ်လာခဲ့သည်။ အတွင်းဘက်တွင် အလင်းရောင်က မှုန်ဝေဝေသာရှိပြီး မြေပြင်တစ်လျှောက်လုံး ရွှံဗွက်အိုင်များ ၊ ကျောက်ခဲလုံးများပြည့်နေကာ အသံသေးသေးတစ်ခုကပင် ဟိန်းထွက်လာနိုင်သည့်အထိ ပိတ်လှောင်နေလေသည်။
ကယ်ဆယ်ရေးလုပ်သားပေါင်းတစ်ရာကျော်နီးပါးက ယူနီဖောင်းများဝတ်ပြီး သွားသွားလာလာလုပ်နေကြကာ လူတစ်အုပ်ကြီးမှာ ကျောက်တုံးများသယ်သည့်သူကသယ် ၊ ပစ္စည်းကိရိယာများကို ကိုင်သည့်သူကကိုင် နှင့် ကိုယ်စီအလုပ်ရှုပ်နေကြပြီး အခြားသူများအပေါ် အာရုံစိုက်နေဖို့ရာ အချိနိမရှိကြပေ။
ဝိန်းရိဖန်က မတော်တဆမြေပြိုမှုများနှင့်ပတ်သတ်ပြီး သတင်းဆောင်းပါးများစွာရေးဖူးပါသော်လည်း ယခုလို ပြင်းထန်လွန်းသည့်အခြေအနေကိုတော့ ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။
ကြည့်ရသည်နှင့်ပင် ထိတ်လန့်တုန်လှုပ်စရာကောင်းသောမြင်ကွင်းများကအပြည့်။
လုံခြုံရေးကြောင့် ကယ်ဆယ်ရေးအဖွဲ့အစည်းက သတင်းသမားများကို ကြာကြာနေခွင့်မပေး။ အားလုံးက ခပ်သွက်သွက်ဝင်လာကြပြီး ခပ်မြန်မြန်ရိုက်ကူးကြကာ ချက်ချင်းပြန်ထွက်လာကြရသည်။ ကားထဲသို့ ပြန်ရောက်သည့်အချိန်တွင် ချန်ဝေ့ဟွာက ရိုက်ကူးထားသည့်ဗီဒီယိုအား ဌာနသို့ပေးပို့နေပြီး ဝိန်းရိဖန်မှာမူ လက်တော့ပ်ကိုဖွင့် ၊ သတင်းစာမူကြမ်းအား အာရုံအပြည့်ဖြင့်ရေးသားနေလေသည်။
မုချန်ယွင်က ရုတ်တရက်စကားဆိုလာ၏။
"ရိဖန်ကျဲ..အစ်မရဲ့နားရွက်နောက်မှာ ဘာဖြစ်ထားတာလဲ?"
ဝိန်းရိဖန် ;
"ဟမ်?"
ဘေးနားမှ ချန်ဝေ့ဟွာကလည်း ချက်ချင်းသတိထားမိလိုက်ပြီး မျက်မှောင်ကျုံ့၍
"သွေးထွက်နေတယ်..ဘယ်ချိန်တုန်းက ထိခိုက်မိသွားတာလဲ?"
ဤစကားကိုကြားလိုက်သည့်အခါ ဝိန်းရိဖန်က အလှကြည့်မှန်ကိုထုတ်ပြီး ကြည့်ကြည့်လိုက်၏။ နားရွက်အနောက်ဘက်တွင် ဖြတ်ရှရာသေးသေးလေးတစ်ခုရှိနေကြောင်း တွေ့လိုက်ရပြီး လက်ရှိအချိန်တွင် သွေးတစိမ့်စိမ့်ထွက်နေသည့်အတွက် အနည်းငယ်ကြောက်စရာကောင်းနေသလို ဖြစ်နေ၏။
ဝိန်းရိဖန်က ခေါင်းငုံ့ပြီး အိတ်ထဲမှ တစ်သျှူးတစ်ရွက်ကိုထုတ်ယူလိုက်ရင်း
"ဝင်သွားတဲ့အချိန်တုန်းက ကျောက်ခဲအချွန်တွေနဲ့ ထိမိသွားတာနေမှာ"
မုချန်ယွင် ;
"မနာဘူးလား?"
ဝိန်းရိဖန်က ရယ်ပြလိုက်၏။
"အဆင်ပြေပါသေးတယ်..မင်းပြောလိုက်မှ နည်းနည်းနာလာသလိုပဲ"
ဤနယ်ပယ်အတွင်း အလုပ်လုပ်သည့်အခါ အနည်းနှင့်အများ မတော်တဆဖြစ်ဖူးသည်ချည်းပင် ၊ ထို့အပြင် အရင်တစ်ခေါက် စန်းရန်က သူမအား ကာကွယ်ပေးရင်း ဒဏ်ရာရသွားဖူးသည့်အချိန်မှစ ဝိန်းရိဖန်၏အိတ်ထဲတွင် အရေးပေါ်ကုသမှုအတွက် ဆေးဘူး ၊ အနာကပ်ပလာစတာများ အသင့်ဆောင်ထားလေ့ရှိလာခဲ့သည်။
ဝိန်းရိဖန်က တစ်သျှူးဖြင့် သွေးတိတ်အောင်လုပ်လိုက်ပြီး ဒဏ်ရာကို ရိုးရိုးရှင်းရှင်းဆေးကြောလိုက်ကာ အနာကပ်ပလာစနာအကြီးတစ်ခုဖြင့် ဂရုတစိုက်ကပ်ထားလိုက်သည်။
ကယ်ဆယ်ရေးလုပ်ငန်းစဥ်အစမှအဆုံး လေးရက်နှင့်သုံးညတိုင်တိုင်ကြာမြင့်ခဲ့သည်။
လုပ်သား ၈ဦးစလုံးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ထိုသူများထဲမှ တစ်ဦးက ဦးခေါင်းပေါ် ကျောက်ခဲပြုတ်ကျခံထားရသဖြင့် အပြင်းအထန်ဒဏ်ရာရထားခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့က ကြိုးစားပြီးအားပေးနှစ်သိမ့်ကြသည့်တိုင် ဒဏ်ရာရာထားသည့်လူ၏အခြေအနေကြောင့် အခြား ၇ဦး၏စိတ်အခြေအနေမှာ မကောင်းမွန်လှပါပေ။
ကယ်ဆယ်ပြီးပြီးချင်းပင် ထိုလူအား ဆေးရုံသို့ ချက်ချင်းခေါ်ဆောင်သွားခဲ့ကြသည်။
တစ်စုံတစ်ရာ လိုအပ်လွဲမှားသွားမည်ကိုစိုးရိမ်သည့်အတွက် ဝိန်းရိဖန်နှင့်အဖွဲ့သားတို့သည် ဤအချိန်များအတွင်း နေရာမှလုံးဝမခွာသလောက်နီးပါး စောင့်ကြည့်နေခဲ့ကြသည်။ ကားထဲ၌ အလှည့်ကျအနားယူကြခြင်း သို့တည်းမဟုတ် ဟိုတယ်သို့ပြန်ကာ ရိုးရိုးရှင်းရှင်း တစ်ကိုယ်ရည်သန့်ရှင်းမှုပြုပြီး ပြန်ရောက်လာခဲ့ကြသည်။
ဆေးရုံမှပြန်လာသည့်အချိန်တွင် ချန်ဝေ့ဟွာက ဌာနဆီသို့ရိုက်ကူးထားသည့်ဗွီဒီယိုများကိုပို့ပေးပြီးနောက် သူတို့အား ဟိုတယ်သို့ပြန်နားကြရန် စကားဆိုလာခဲ့သည်။
ဘယ်လိုပင်ဖြစ်စေ ရှေ့လျှောက်ရက်များတွင်လည်း ပြေးလွှားပြီး ကျွမ်းကျင်သူများ ၊ ဒဏ်ရာရသူများ၏မိသားစုဝင်များကို ရှာဖွေကာ အင်တာဗျူးရဦးမည်ပင်။
အမှန်တကယ်ကို အနှေးဆုံးအချိန်ကာလရှည်ကြီးတစ်ခုပင် ဖြစ်ပါတော့၏။
Advertisement
ဟိုတယ်ကိုငှားရမ်းပေးထားသည်မှာ မုချန်ယွင်ဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာနှင့် အနီးဆုံးဟိုတယ်တစ်ခု။ နေရာက အနည်းငယ် လူခြေတိတ်ပြီး ပတ်ဝန်းကျင်လည်း သိပ်မကောင်းလှပေ။ အခန်းနှစ်ခန်းစာအတွက် ငါးရက်သာ ယူထားပြီး နောက်ပိုင်း အင်တာဗျူးရမည့်အချိန်များတွင် အထိုက်အလျောက်နေရာပြောင်းကြမည်ဖြစ်သည်။
မိန်းကလေးတစ်ဦးအတွက် အခန်းတစ်ခန်း ဖြစ်ပြီး ယောက်ျားလေးနှစ်ဦးက တစ်ခန်း။
နာရီဝက်ကြာကြာရေချိုးပြီးနောက်တွင် ဝိန်းရိဖန်က ဒဏ်ရာကိုဆေးထပ်လိမ်းလိုက်ပြီး အိပ်ရာထဲသို့ လှဲအိပ်ပစ်လိုက်သည်။
အိပ်ရာနှင့်မထိတွေ့ရသည်မှာ ရက်ပိုင်းပင်ကြာခဲ့ပြီဖြစ်ရာ လက်ရှိအချိန်ထိ အမှန်တကယ်ဖြစ်နေသည်ဟုပင် မခံစားမိသေး။ မျက်ခွံများလေးလံကာ အလွန်တရာကိုအိပ်ချင်နေပြီဖြစ်သော်ငြား လက်ကိုင်ဖုန်းကိုဖွင့်ပြီး မဖတ်ရသေးသောမက်ဆေ့များကို စစ်ကြည့်လိုက်၏။ အချိန်လည်း သိပ်မရှိသည့်အတွက် နောက်ဆုံးဝင်ထားသည့်မက်ဆေ့တစ်ချို့ကိုသာ ပြန်စာပို့လိုက်သည်။
အခြားတစ်ဖက်မှမေးထားသည့်မေးခွန်းများပေါ်မူတည်ပြီး အလျင်းသင့်သလို ပြန်စာပို့ပေးခြင်းမျိုးသာဖြစ်သည်။
ဝိန်းရိဖန်က စန်းရန်၏မက်ဆေ့ဘောက်ထဲ ဝင်ကြည့်လိုက်၏။
အရင်ကဆိုလျှင် စာရိုက်ထားသည့်မျက်နှာပြင်သည် သူမဘက်မှ ပေးပို့ထားသည်များသာဖြစ်ပြီး အခုချိန်တွင်တော့ စန်းရန်ဘက်မှစာများအဖြစ် ပြောင်းလဲသွားခဲ့ပြီ။ အရင်ကတည်းက ရေတွက်ခဲ့ပေးလာသည့် နေ့စွဲများက အချိန်တစ်ခုကြာသွားပြီးချိန်တွင်တော့ အသံမက်ဆေ့များသည် ကိန်းဂဏာန်းနံပါတ်တစ်လုံးသာပါသည့်မက်ဆေ့အဖြစ်သို့ ပြောင်းသွားခဲ့သည်။
ကြည့်ရသည်မှာ လုံးဝကိုစိတ်မရှည်သည့်ပုံစံပင်။
သို့သော် ဝိန်းရိဖန် ပေယွီမြို့သို့အလုပ်ခရီးထွက်လာသည့်အချိန်မှစ ကိန်းဂဏာန်းနံပါတ်များက အသံမက်ဆေ့အဖြစ် ပြန်လည်ပြောင်းသွားခဲ့ပြန်ပါတော့၏။ ထို့အပြင် သူမဘက်က စာပြန်ပို့သည်မှ မတန်တရာကိုနှေးလွန်းသည့်အတွက်ကြောင့်လည်း နံပါတ်များကို ရေတွက်ပေးပြီးတိုင်း အသံမက်ဆေ့တစ်ခု ထပ်တိုး၍ပို့လာခဲ့သည် ;
"လက်ခံရပြီးရင် စာပြန်"
ယနေ့တွင်တော့ အသံမက်ဆေ့တစ်စောင် အပိုပါလာခဲ့သည်။
"ပြန်လာပြီး ကိုယ့်ကို ပန်းသီးခွဲပေး"
ဝိန်းရိဖန်က ပြက္ခဒိန်ကိုတစ်ချက်ကြည့်လိုက်ရာ ထိုအခါမှ ယနေ့သည် ခရစ်စမတ်နေ့ဖြစ်နေမှန်း အမှတ်ရလိုက်မိတော့သည်။ စန်းရန်၏မွေးနေ့ ရောက်ဖို့ရာလည်း ကိန်းဂဏာန်းတစ်လုံးစီသာ ရေတွက်ရန်လိုတော့သည့်ကာလ။ သူမ သက်ပြင်းချမိကာ အချိန်မီ ပြန်နိုင်မည်မဟုတ်ကြောင်းကိုလည်း ခံစားနေမိခဲ့သေးသည်။
အကယ်၍ ဤမတော်တဆမှုသာမရှိလျှင် ယခုနှစ်၏ နှစ်ကုန်နှစ်သစ်ကူးကို ဝိန်းရိဖန်တစ်ယောက် ပိတ်ရက်များဖြင့် ဖြတ်သန်းရမည်မှာ အသေအချာ။ ထို့အပြင် ယခုနှစ်၌ နန်းဝူမြို့၏မီးရှုးမီးပန်းပွဲတော်ကို မကျင်းပသဖြင့် အချိန်ပိုမဆင်းရမည်မှာလည်း သေချာသလောက်နီးပါး။
နောက်တွင်တော့...
စန်းရန်နှင့်အတူတူ နှစ်သစ်ကူးကာလကို ဖြတ်သန်းကောင်းဖြတ်သန်းနေလောက်မည့်အချိန်...
ဝိန်းရိဖန်က နောက်တစ်ကြိမ် သက်ပြင်းချလိုက်၏။
[ ငါ ဟိုတယ်ရောက်နေပြီ ၊ အိပ်တော့မလို့ ]
ဝိန်းရိဖန် ;
[ ခရစ်စမတ်နေ့မှာ ပျော်ရွှင်ပါစေ ]
တွေးကြည့်နေရင်း နောက်ထပ် ပန်းသီး emoji တစ်ခုကို ထပ်ပို့လိုက်၍
[ အရင်ဆုံး မျက်လုံးနဲ့ပဲစားထား ၊ ပြန်ရောက်တဲ့အချိန်ကျမှ ငါ နင့်အတွက် အစစ်ကိုခွဲပေးမယ် ]
ဝိန်းရိဖန်က အိပ်ချင်လွန်းနေပြီဖြစ်သည့်အတွက် မျက်လုံးပင်မဖွင့်နိုင်တော့ဘဲ ဤစာကြောင်းအား ပို့ပြီးသည့်နောက်တွင် ဖုန်းပိတ်ထားလိုက်တော့၏။ သို့သော် စန်းရန်က ချက်ချင်းစာပြန်လာသဖြင့် နောက်တစ်စက္ကန့်တွင် ဖုန်းတုန်ခါသံမြည်သွားခဲ့ပြီး ဝိန်းရိဖန်၏မျက်လုံးတစ်စုံ ပြန်ဖွင့်လာခဲ့သည်။
အသံမက်ဆေ့ လေးခုက တစ်ခုပြီးတစ်ခု ဆက်တိုက်ဖွင့်သွားခဲ့၏။
စန်းရန် ; "အိုကေ"
စန်းရန် ; "အိပ်တော့လေ..တံခါးကို လော့ခ်ချထားဖို့မမေ့နဲ့"
စန်းရန် ; "အိပ်နေရင်းလမ်းထလျှောက်ပြီး အပြင်ဘက်တွေလည်းလျှောက်မသွားနဲ့"
နောက်ဆုံးတစ်ခု။
"တကယ်ပဲ အိပ်နေရင်းလမ်းထလျှောက်မိရင်တောင် ကိုယ့်အခန်းထဲမှာပဲ လျှောက်ပတ်နေရရင် တော်ပြီနော်"
အသံနေအသံထားက ပိုင်စိုးပိုင်နင်းဆန်လှပြီး စကားလုံးတို့က ဆွဲဆွဲငင်ငင်ပုံစံဖြင့် မထီမဲ့မြင်ပြုနေသေးသည်။
"အသားယူခံရမယ့်သူက ကိုယ်ပဲ ဖြစ်ရမယ်..နားလည်လား?"
-----
ရှေ့လျှောက်ရက်များတွင်တော့ ဝိန်းရိဖန်က မြို့ငယ်လေးထဲ ပြေးလွှားရတော့၏။ နောက်ဆက်တွဲအင်တာဗျူးများက သူမထင်ထားသည်ထက်ပင် ချောချောမွေ့မွေ့ပြီးသွားပြီး အနည်းငယ်ရန်လိုသည့်အင်တာဗျူးခံရသူတစ်ချို့မှလွဲ မည်သည့်ပြဿနာကြီးကြီးမားမားမှမရှိပေ။
စန်းရန်သည်လည်း အလုပ်များနေပုံရကာ နှစ်ကုန်ခါနီးရက်ပိုင်းအလိုတွင်မှ အချိန်ပိုများဆင်းပြီး အရူးတစ်ပိုင်းအလုပ်လုပ်နေလေသည်။
တစ်ခါတစ်ရံ ဝိန်းရိဖန်ဘက်မှ သူပို့ထားသည့်မက်ဆေ့များကို မနက်သုံးနာရီ လေးနာရီအချိန်မျိုး၌ စာပြန်သည့်အခါမျိုးတွင် သူက ကုမ္ပဏီထဲ၌ရှိနေဆဲဖြစ်ပြီး အိပ်မပြန်သေး။
မသိလိုက်ပါဘဲ ဝိန်းရိဖန်တစ်ယောက် ဤမြို့ငယ်လေးထဲ၌ နှစ်သစ်တစ်နှစ်ကို ဖြတ်သန်းကြိုဆိုလိုက်ရသည်။
နေ့ရောညပါ အလုပ်လုပ်ရသော်လည်း ဝိန်းရိဖန်က စန်းရန်မွေးနေ့အမီ မပြန်နိုင်တော့ချေ။ အစက ၂ရက်နေ့တွင် ပြန်ရန်စီစဥ်ထားသော်လည်း ထိုနေ့ နေ့လည်ခင်း၌ အင်တာဗျူးရမည့်ကိစ္စတစ်ခု ပေါ်လာခဲ့သည်။
ဤကာလများအတွင်း သုံးယောက်စလုံးက လုံလုံလောက်လောက်အနားမယူရသေး။ ချန်ဝေ့ဟွာက ညဘက်တွင် ကားမောင်းရမည်ကိုလည်း စိုးရိမ်တွေးပူပြီး အလုပ်ပြီးပြီးချင်းနေ့၌ မပြန်ကြသေးရန် စီစဥ်လိုက်ခြင်းလည်းဖြစ်သည်။ ထို့အပြင် အစိုးရပိတ်ရက်ဖြစ်သောကြောင့် အမြန်ရထားလက်မှတ်အားလုံးသည်လည်း ရောင်းကုန်နှင့်ပြီးဖြစ်၏။
ဝိန်းရိဖန်လည်း မတတ်နိုင်ပါတော့ချေ။
ထိုနေ့ သန်းခေါင်ယံ မိုးမလင်းခင်။
ဝိန်းရိဖန်က အချိန်ကို အတိအကျမှတ်ပြီး စန်းရန်ထံသို့ မက်ဆေ့ပို့လိုက်၏။
[ မွေးနေ့မှာ ပျော်ရွှင်ပါစေ ^_^ ]
ဝိန်းရိဖန် ; [ ငါ နင့်အတွက် ကိတ်မုန့်မှာထားပေးတယ်..နေ့လည်လောက်ကျရင် အိမ်ကိုလာပို့လိမ့်မယ် ]
ဝိန်းရိဖန် ; [ လက်ဆောင်ကတော့..ငါ ပြန်ရောက်မှပဲ ပေးတော့မယ်နော် ]
စန်းရန် ; [ အတော်လေးတော့ စိတ်ရင်းစေတနာပါသားပဲ ]
စန်းရန် ; [ ကိုယ် ရက် ၇၀ တိတိ နေ့တိုင်းနေ့တိုင်း သတိပေးနေရတာ အလကားမဖြစ်တော့ဘူးပေါ့ ]
ဝိန်းရိဖန် ; [ ဒါပေမယ့် ဒီနေ့ပြန်မလာဖြစ်လောက်ဘူး..မနက်ဖြန်မှ ပြန်လာမှာ ]
စန်းရန် ; [ အို့ ]
နောက်တစ်စက္ကန့်တွင်။
စန်းရန်က အသံမက်ဆေ့တစ်ခုပို့လာကာ အသံနေအသံထားက ပျင်းတိပျင်းရွဲဖြင့်အိပ်ချင်နေပုံရသည်။
Advertisement
"ဒါဆိုလည်း ဒီနှစ်ရဲ့ ကိုယ့်မွေးနေ့ကို မနက်ဖြန်လို့ သတ်မှတ်လိုက်မယ်"
တစ်ခဏအကြာတွင်။
နောက်ထပ် အသံမက်ဆေ့တစ်ခု။
"တစ်ရက် လိုသေးတယ်"
---------
နောက်တစ်နေ့ နေ့လည်ခင်းတွင် ဝိန်းရိဖန်နှင့် မုချန်ယွင်တို့ ဆေးရုံဆီသို့ ထွက်လာခဲ့ကြသည်။ ချန်ဝေ့ဟွာက အခင်းဖြစ်ပွားထားသည့်နေရာဆီသို့သွားပြီး နောက်ဆုံးအကြိမ်ရိုက်ကူးရေးပြုလုပ်နေကာ သုံးယောက်သားက အဖွဲ့နှစ်ဖွဲ့ခွဲပြီး အလုပ်ကိုအဆုံးသတ်ကြ၏။
ဝိန်းရိဖန်က ဒဏ်ရာအပြင်းအထန်ရထားသည့်သူကို အင်တာဗျူးရခြင်းဖြစ်သည်။
ထိုလူက မနေ့ကမှ သတိပြန်ရလာခြင်းဖြစ်ပြီး သူ့မိသားစုများထံ ဆက်သွယ်ကာ ယနေ့ နေ့လည်ခင်း၌ အင်တာဗျူးလုပ်ရန် ချိန်းထားခြင်းလည်းဖြစ်၏။အင်တာဗျူးပြီးနောက် ပြန်ရောက်ပြီး သတင်းစာမူကြမ်းရေးပေးပြီးလျှင် ဤခရီးစဥ်နောက်ဆုံးသောတာဝန်မှာ ပြီးဆုံးပြီပင်။
လူနာဆောင်မှထွက်လာပြီးချိန်တွင် မုချန်ယွင်က အချိန်ကိုတစ်ချက်ကြည့်လိုက်၏။
"ရိဖန်ကျဲ..ကျွန်တော်တို့ အခု ဟိုတယ်ပြန်တော့မှာလား"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြရင်း စကားပြောတော့မည့်အခိုက်တွင် မနီးမဝေးဆီမှ ရုတ်တရက်ယောက်ျားတစ်ဦး၏အသံကို ကြားလိုက်၏။ အသံမှာ အက်ကွဲပြီးရွှံ့စေးကပ်နေသည့်ပုံစံ။ သူမ၏အမူအရာများ တုံ့ခနဲရပ်တန့်သွားမိကာ အသံလာရာဆီသို့ လှမ်းကြည့်လိုက်လျှင် ယောက်ျားတစ်ဦးက ဘေးကပ်ရပ်ဌာန၏ ခုံတန်းရှည်ပေါ်၌ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
အသက်အရွယ်အားဖြင့် ၃၀-၄၀ ဝန်းကျင်ဖြစ်ပြီး အသားအရည်မှာ ညစ်ထေးထေးဖြင့် အဝတ်အစားမှာလည်း အတော်လေးကိုညစ်ပတ်ပေရေနေ၏။ နဖူးထက်ရှိအရေးအကြောင်းများမှာ ထူပိန်းနေပြီး ရယ်လိုက်သည့်အခါ မျက်နှာကျတစ်ခုက စိတ်ပျက်စရာကောင်းလွန်းသည့်မျက်နှာပေးမျိုး။ လက်ရှိအချိန်တွင် ထိုလူက ဖုန်းပြောနေခြင်းဖြစ်ကာ သူ့အသံတို့ကလှောင်ပြောင်အော်ဟစ်နေပြီး ဘေးပတ်ဝန်းကျင်အား လုံးဝဂရုမစိုက်ပေ။
ဝိန်းရိဖန်က အကြည့်လွှဲလိုက်ကာ အမူအရာတစ်ချက်မပျက်ဘဲ
"အင်း..ပြန်ပြီး စာမူရေးရဦးမှာ"
ဟိုတယ်သို့ပြန်ရောက်ပြီးနောက် ဝိန်းရိဖန်က လက်တော့ပ်ကိုဖွင့်၍ စာမူအား အမြန်ရေးပြီး အယ်ဒီတာဆီသို့ ပို့ပေးလိုက်သည်။ စာမူရေးပြီးနောက် အချိန်ကိုတစ်ချက်လှမ်းကြည့်လိုက်ရာ အချိန်မှာ ညနေခင်း ၄နာရီပင်ရှိသေးသည်။ တစ်ခဏကြောင်အမ်းမိသွားရင်း အခန်းထဲ၌ တစ်ယောက်တည်းနေနေရမည်ကို မွန်းကြပ်လာမိသည်။
ဝိန်းရိဖန်က အခန်းထဲ၌လည်းမနေချင် ၊ ဤမြို့သို့ ခရီးတစ်ထောက်ရောက်လာပြီဖြစ်ကြောင်းကိုလည်း တွေးလိုက်ရင်း အပြင်ထွက်လမ်းလျှောက်ရန်သာ ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် အခန်းကဒ်ကိုယူပြီး အပြင်ထွက်လာခဲ့၏။
ဟိုတယ်ထဲ၌ တစ်ခဏလေးသာနေခဲ့သော်လည်း အပြင်ဘက်ရှိကောင်းကင်ကြီးမှာ မှုန်မှိုင်းနေပြီး မီးခိုးရောင်တိမ်လုံးကြီးများက အလွှာလိုက်နေရာယူထားနှင့်ပြီ။ အေးစိမ့်စိမ့်အလွှာတစ်ခုပါ ထပ်ပေါင်းဖြစ်တည်နေသည့်အခါ ဤမြို့ငယ်လေးက သိသိသာသာကိုမှုန်ဝေနေတော့သည်။
ဝိန်းရိဖန်အတွက်တော့ ဤမြို့ငယ်လေးနှင့် တစ်စက်ကလေးမျှမရင်းနှီးသည်ဟုပင် ဆိုရမည်။
သူမက ဤနေရာ၌ နှစ်နှစ်သာနေခဲ့ပြီး များသောအားဖြင့် ကျောင်း နှင့် ဒေါ်လေး၏အိမ်၌သာအချိန်ကုန်ခဲ့ကာ အခြားဘယ်နေရာကိုမှ မသွားဖြစ်ခဲ့။ ဤမြို့ငယ်လေးထဲရှိ ပျော်စရာကောင်းမည့်နေရာတစ်ခုကိုမှလည်း သူမ မသိသလို ရောက်ဖူးသည့်နေရာသည်ပင် လက်ချိုးရေ၍ရ၏။
လက်ရှိ တည်းနေသည့်ဟိုတယ်က ပေယွီမြို့၏မြို့လယ်ခေါင်၌ဖြစ်ကာ သူမ တက်ခဲ့ဖူးသည့်အထက်တန်းကျောင်းနှင့်လည်း အတော်လေးနီးသည်။
ဝိန်းရိဖန်က ဦးတည်ရာမဲ့လျှောက်ပတ်သွားနေရင်း မသိလိုက်ပါဘဲနှင့် ရင်းနှီးကျွမ်းဝင်လှသောခေါက်ဆွဲဆိုင်လေးဆီသို့ မျက်စိလည်ပြီးရောက်လာခဲ့သည်။ သူမ၏ခြေလှမ်းများ ရပ်သွားခဲ့ကာ လွန်ခဲ့သောနှစ်များကအတိုင်း မပြောင်းမလဲရှိနေသေးသည့် ဆိုင်မျက်နှာစာကို လှမ်းကြည့်နေမိရင်း အမူအရာတို့သည်လည်း မှင်သေလျက်ဖြင့်။
အသိစိတ်တို့ပြန်ကပ်လာသည့်အချိန်တွင် သူမက ဆိုင်ထဲ ဝင်လာနှင့်နေပြီ။
ဆိုင်ထဲရှိ မီးချောင်းများမှာ အဖြူရောင်များထိန်ထိန်လင်းနေပြီး အပြင်အဆင်က အထူးတလည်ပြောင်းလဲသွားခြင်းမရှိ ၊ ပစ္စည်းတချို့ကိုသာ အသစ်လဲထား၏။ စားပွဲခုံများစီထားသည့် နေရာထိုင်ခင်းကအစ အရင်တုန်းကအတိုင်း ဘေးနှစ်ဖက်ဆီသို့ ကပ်ထားဆဲပင်။
ကောင်တာ၌ထိုင်နေသည့် ဆိုင်ပိုင်ရှင်ကြီးသည်လည်း အရင်က ထိုပုဂ္ဂိုလ်ကြီးပင်။
သို့သော် အိုမင်းရင့်ရော်မှုက သိသာလာခဲ့ကာ ဆံပင်တို့ပင် အဖြူရောင်သန်းစပြုနေပြီဖြစ်သည်။
ဝိန်းရိဖန်တစ်ယောက် တခြားကမ္ဘာတစ်ခုထဲသို့ ဝင်လာမိသလိုပင် ခံစားလိုက်ရတော့၏။
တစ်ခဏမျှမှင်သေမိရင်း ခြေလှမ်းများကိုပြင်ကာ ဤနေရာသို့ရောက်လာတိုင်း စန်းရန်နှင့်အတူထိုင်နေကျဖြစ်သည့် စားပွဲ၌ ဝင်ထိုင်လိုက်သည်။ မျက်လွှာကိုချထားပြီး စားပွဲပေါ်၌ကပ်ထားသည့်မီနူးစာရွက်အား အသံတိတ်စိုက်ကြည့်နေလိုက်သည်။
သူမ၏တည်ရှိမှုကို ဆိုင်ပိုင်ရှင်ကြီး သတိထားမိသွားသည်မှာ သိပ်ပင်မကြာလိုက်ပါပေ။
"ဘာမှာစားမလဲ?"
ဝိန်းရိဖန် ခေါင်းမော့ကြည့်လိုက်၏။
"ဖက်ထုပ်ခေါက်ဆွဲတစ်ပွဲပေးပါ"
ဤစကားသံအဆုံးတွင် ဆိုင်ပိုင်ရှင်ကြီးက သူမအား ချက်ချင်းမှတ်မိသွားခဲ့၏။ တအံ့တသြဖြင့်လှမ်းကြည့်နေပြီး အနားသို့လျှောက်လာခဲ့ကာ အပြုံးချိုချိုတို့ဖြင့်
"ကျောင်းသူလေး မင်းပါလား..မင်း ဒီကိုမလာတာတောင် ကြာလှပြီနော်"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြ၍
"ဟုတ်..စာမေးပွဲဖြေပြီးသွားတော့ ဒီမြို့မှာ ဆက်မနေတော့လို့ပါ"
"အဲ့လိုလား"
သူမ တစ်ယောက်တည်းရောက်လာသည်ကိုမြင်ပြီး ဆိုင်ပိုင်ရှင်ကြီးက တစ်ခုခုကိုမေးမြန်းချင်သည့်အလား နှုတ်ခမ်းတလှုပ်လှုပ်ဖြစ်နေသော်လည်း နောက်ထပ် ဘာကိုမှမမေးလာခဲ့၏။
"ဒါဆို စောင့်ဦးနော်..ဦးလေး အခုပဲပြင်ပေးမယ်"
"ဟုတ်..မလောပါဘူး"
ဆိုင်ပိုင်ရှင်ကြီးက မီးဖိုချောင်ထဲဝင်သွားခဲ့သည်။
ဆိုင်ထဲကျန်ခဲ့သည့်သူမှာ ဝိန်းရိဖန် တစ်ယောက်တည်း။
ဖုန်းကိုတစ်ချက်ကြည့်လိုက်သော်လည်း Wechat ထဲ၌ မည်သည့်ပို့စာမှ ရှိမနေ။
ဤအခိုက်အတန့်တွင် အပြင်ဘက်ဆီမှ ဆူဆူလောင်လောင်အသံကျယ်ကြီးတစ်ချက် ရုတ်တရက်မြည်သွားခဲ့လေသည်။ ပွတ်ညှပ်သပ်နေသည့်တိမ်လုံးကြီးများက နောက်ဆုံးတွင် အလေးဒဏ်ကိုမခံနိုင်တော့ဘဲ ပဲလုံးစေ့အရွယ်မိုးစက်များအဖြစ် ပြုတ်ကျလာခဲ့ကာ ကွန်ကရစ်လမ်းမကြီးနှင့်ရိုက်ခတ်ပြီး ဆူဆူညံညံအသံများ ပြုလုပ်နေကြတော့သည်။
လောကကမ္ဘာကြီးတစ်ခုလုံးအား ဝေဝါးမှုန်မှိုင်းအောင် ပြုလုပ်နေကြခြင်းဆိုလည်းမမှားပါပေ။
စိုထိုင်းပြီးအေးစိမ့်သည့်လေကြမ်းများ အတွင်းဘက်သို့ပြေးဝင်လာသည့်အခါ လူကို လှုပ်နှိုးနိုင်ရုံသာမက ထပ်၍ စိတ်လွင့်သွားအောင် ပြုစားနိုင်သည်မှာလည်း အမှန်ပင်။
ဤရင်းနှီးလွန်းလှသည့်ပတ်ဝန်းကျင်နှင့် နေသားကျသွားသော ဝိန်းရိဖန်သည် အတိတ်မှပုံရိပ်များကို ပြန်မြင်ယောင်လာမိသည့်ခံစားချက်များက တရိပ်ရိပ်နှင့်ပြေးတက်လာခဲ့တော့သည်။ မျက်နှာချင်းဆိုင်နေရာမှ ထိုင်ခုံအလွတ်ကိုကြည့်နေရင်း အချိန်များနောက်ပြန်လှည့်သွားသည့်အလား ဆယ်ကျော်သက်အရွယ်တုန်းက သူမ၏အရှေ့၌ တိတ်တိတ်ဆိတ်ဆိတ်လေး ထိုင်နေတတ်သည့်စန်းရန်ကို ပြန်မြင်ယောင်လာခဲ့သည်။
စတွေ့သည့်အချိန်ကတည်းက ခေါင်းမငုံ့တမ်း မထီမဲ့မြင်ဖြင့် မာနတလူလူလွင့်နေခဲ့သည့်ဆယ်ကျော်သက်ကောင်လေးက နောက်ဆုံးတွေ့ဆုံခဲ့ကြသည့် ထိုအခါတုန်းက သူမအား တိုးတိုးဖျဖျလေး ပြောခဲ့ဖူးသည်မှာ--
"ငါလည်း အဲ့လောက်ထိစုတ်ချာမနေပါဘူးဟာ.."
သူမ၏အပြုအမူတို့ကြောင့် 'အနှောက်အယှက်' ဆိုသည့်စကားလုံးက သူ့အတွက် အရှက်အရဆုံးစကားတစ်လုံး ဖြစ်ခဲ့ရသည်။
ဤမျှကြာလာခဲ့သည့်နှစ်များတွင် ဝိန်းရိဖန်အနေဖြင့် သူမကိုယ်တိုင်အတွက် မည်သည့်အရာကိုမှ ရယူပိုင်ဆိုင်ဖို့ မကြိုးစားခဲ့ဖူးသည်ဟုပင် ထင်ရပါသည်။ အမြဲတမ်း ကိုယ်ပိုင်ကြေးခွံလေးအတွင်း၌သာ ဝပ်နေပြီး စည်းမျဥ်းများဖြင့်အသက်ရှင်နေခဲ့ကာ အခြားသူများနှင့်မငြင်းခုံခဲ့သလို မည်သူတစ်ဦးတစ်ယောက်ကိုမှလည်း ပို၍နှစ်သက်ခဲ့ခြင်းမျိုးမရှိခဲ့ပါပေ။
ထိုအထဲတွင် စန်းရန်လည်း အပါအဝင်။
ကြည့်ရသည်မှာ သူမကိုယ်တိုင်က ကိုယ့်ကိုကိုယ် လုံခြုံသည့်နေရာတစ်ခုတည်း၌သာ သိုဝှက်ထားခဲ့ပုံရသည်။
စည်းဘောင်များကို မကျော်မိအောင်ကြိုးစားပြီး ကိုယ့်ကိုကိုယ်ထိန်းချုပ်ပြီး နောက်ဆုတ်ထားခဲ့သည်။
သူ့ကိုသာ ဖြေးဖြေးချင်း မျှားခေါ်လာခဲ့ပြီး...
ငါးစာကို လာဟပ်မည့်အချိန်ထိစောင့်ကာ သူကိုယ်တိုင် သူမ၏တံခါးဝရှေ့ ရောက်လာမည်ကို စောင့်နေခဲ့ဖူးသည်။
သို့သော် ဤအချိန်ဤအခိုက်တန့်တွင်တော့ ရုတ်တရက်ဆိုသလို ဝိန်းရိဖန်က စန်းရန်ဘက်မှ စတင်လှုပ်ရှားလာမည်များကို မလိုချင်ပါတော့ပေ။ ဟိုးအရင်ကနေ လက်ရှိအချိန်အထိ စန်းရန်ကသာ ပေးဆပ်နေရသည့်သူမျိုး ဝိန်းရိဖန် မဖြစ်စေချင်ပါတော့ချေ။
သူမ ထပ်၍ မလိုချင်တော့သည်မှာ စန်းရန်က ထိုစကားမျိုးများကို ပြောပြီးသည့်နောက် သူမအတွက်ဖြင့် နောက်တစ်ကြိမ် ခေါင်းငုံ့ပေးလာဦးမည်ကိုပင်။
အချိန်ကိုက်ဆိုသလို ခေါက်ဆွဲပန်းကန် ရောက်လာခဲ့သည်။
ဆိုင်ပိုင်ရှင်ကြီးက ရင်းနှီးခဲ့ဖူးသည့်အပြုံးကိုသာ ချိတ်ဆွဲထားရင်း
"မြန်မြန်စားကြည့်ပါဦး..ဒီအဘိုးကြီးက အားနာရပြန်ပြီ..နှစ်တွေသာကြာသွားခဲ့ပေမယ့် လက်ရာက အရင်အတိုင်းပဲ ပြောင်းသွားတာရယ်လို့မရှိပါဘူး..ဒီအထိ ပြန်လာပြီး စားကြည့်ဖို့ဆိုတာ မလွယ်ဘူးမလား"
ဝိန်းရိဖန်က 'ဟုတ်ကဲ့' ဟုသာ ဆိုလိုက်၏။
ဆိုင်ပိုင်ရှင်ကြီးက တတွတ်တွတ်ပြောရင်း ကောင်တာဆီသို့လျှောက်သွားခဲ့၏။
"ဘာဖြစ်လို့များ ရုတ်တရက်ကြီး မိုးက သည်းကြီးမည်းကြီးကိုရွာချလာတာလဲ..အေးလိုက်တာ.."
Advertisement
- In Serial36 Chapters
Ace of all Trades
Methodius Online. Internet rumors say that it is on par with the previous legendary titles that are the forerunners of the generation. But is this just hype or the truth? Nobody knows as the game hasn't launched yet. What is known that they are holding a open beta test where anyone can enter. The catch? You have to purchase a specialized set of dive gear that works only with Methodius Online in order to play on the beta test.Enter one 'college student' who has a lot more time than money and a few more screws lose than normal people. Will he get to play Methodius online? Why is the title called Ace of all Trades? Who knows, read and maybe you will find out.Disclaimer: Reader Discretion is advised. Contains mature language and themes, slow moving plot, various memes that may or may not be used correctly, puns of all sorts (varying from good to utterly bad), Cliff-hangers that leave you wanting more, and various broken mores. (Leave your morality behind.) Some readers say it is highly addictive as you might want to read it over and over, but validity of their claims has not been proven.
8 469 - In Serial39 Chapters
~Trust Me ~
"I want a divorce."And just hearing him say that my whole world that seemed to revolve around him stopped. Gathering myself I barely managed to speak in a voice that even I could not recognise. I couldn't comprehend anything going around me."Wh..hy?"As soon as the words left my mouth he threw the file and the photographs spread across the floor.And those photographs had me in compromising positions with not one but several men.Looking at those photos I looked straight into his eyes.Disgust and hatred.The only emotions I could see.Taking a deep breath I composed myself and tried to keep my face void of the emotions I felt at that moment.Hurt and immense pain.If he didn't trust me then he has no right to see me vulnerable too."Is this the only reason why you want to divorce me? No other except this?"It was foolish of me to ask him but I had to make sure. Also for me trust comes before love. If he doesn't trust me I don't even want to save the relationship."Is this not enough you whore? What else can I expect from a slut and a gold digger like you! I knew it from the start that all you showed was just a facade. Your innocence, kindness, it was all fake. I just don't believe how can I be so dumb."Was I hurt? NoI was broken beyond repair. My heart ached. I felt like I was seconds away from collapsing. I had far exceeded the limit of hurt and pain. I was so powerless in that moment that I couldn't even fight with him. Love makes you strong. I have heard and felt that countless times but they always forget to mention what comes after that. Love makes you weak too. I couldn't shout at him because I loved him. But I had to be brave. For myself.**************************************************Is love enough for two people to be together or is there something more important than love?This is story of Xander and Sophie who loved each other but still couldn't be together. Because more important than love is trust.© All rights reserved
8 358 - In Serial61 Chapters
Octavius (WATTYS 2016)
| ranked #1 | | 4.24.16| | completed | | wattpad featured story 8/17/16 || winner of a collectors edition WATTY 2016 |"How many times do I have to say this until you accept it? Those people are mine, those soldiers are mine, you are mine." I freeze. "Well," I straighten my spine, tightening my fists," I am not to be owned by anyone, least of all you. And my people aren't either. I will not allow you to do this.""You won't allow me to?" He scoffs. "And how are you going to stop me?""If you do not call off this awful plan, I will reject you, as my mate."highest rank: 1
8 206 - In Serial34 Chapters
Outta Her System
(Book 1) Lanae Roberts moves out of her hometown after her mother was killed by gang members. She leaves without contacting most of her family members and friends, including Omari, a family friend that she has grew feelings for. After three years she returns. But everything has changed, including Omari.Omari Hills, aka Lucky on the streets of Harlem, is the leader of the gang that was once led by Lanae's mom. Their gang image went from soldiers to savages. They show no more mercy and are ruthless. Omari is cold as ice since Lieasha died and Lanae disappeared. He blames his self for what happened. He sees her after three years and doesn't take it so lightly. Will Lanae tell Omari about her feelings for him? Or will it remain a secret, forever?
8 135 - In Serial32 Chapters
Love at First Fight
A Gally love story that takes place way before Thomas ever enters the Maze. When he shows up lots of things change a new perspective in the Maze Runner story. Gally and (Y/n) start off like all the good stories enemies to lovers. I hope you like my take on how Gally would be in love.
8 104 - In Serial47 Chapters
Allure.
Savannah had everything she had ever wanted.She had just graduated law school, been offered an associates position and had the most amazing friends she could wish for. Her life was perfect.... Until she meet Ryker King.Ryker was not Savannah's type at all. He was a rough bad boy biker with a shady past but she couldn't help but be drawn to him.Will his allure keep Savannah's attention and will something grow from their intense attraction?
8 181

