《First Frost (Myanmar Translation)》Chapter 53
Advertisement
ချားရဟတ် တစ်ပတ်လည်ရန်ကြာချိန်မှာ ၁၅မိနစ်နီးပါး။
တိုက်တိုက်ဆိုင်ဆိုင် ချားရဟတ်ရပ်သွားပြီလည်းဖြစ်၍ နှစ်ယောက်သားက အထဲမှ ဆင်းလာခဲ့သည်။
ဝိန်းရိဖန်က စန်းရန်အား ဆွဲခေါ်လာခဲ့ရင်း ဖုန်းခေါ်ဆိုမှုတစ်ခု မတိုင်ခင်အချိန်က စန်းရန် ရုတ်တရက်အနားကပ်လာသည့်အကြောင်းကို ပြန်တွေးကြည့်နေမိသည်။ သူမက အရှေ့တည့်တည့်ကိုသာ ကြည့်နေမိပြီး လက်ဖဝါးတစ်ဖက်ကလည်း ကိုယ့်မျက်နှာကိုယ် မဆီမဆိုင်ပွတ်သပ်နေပါတော့သည်။
စန်းရန်ရှိသည့်ဘေးတစ်ဖက်သို့လှည့်ကြည့်လိုက်ရာ လက်ရှိအချိန်တွင် သူက မည်သည့်အမူအရာမျိုးမှရှိမနေ ၊ သူ့အနေဖြင့် ခုဏလေးတုန်းက ကိစ္စအပေါ် ဘာဆိုဘာမှ မခံစားရသည့်ပုံစံမျိုးပင်။
ကြည့်ရသည်မှာ ဝိန်းရိဖန်တစ်ယောက်တည်းကသာ အထင်မှားသွားပုံရသည်။
ဝိန်းရိဖန် အကြည့်လွှဲလိုက်ပြီး လက်ကိုင်ဖုန်းကိုထုတ်ကာ အချိန်တစ်ချက်ကြည့်လိုက်၏။ ၉နာရီခွဲဝန်းကျင်သာရှိသေးသည့်အတွက် ရုပ်ရှင်ကြည့်ဖို့ရာ အချိန်မီသေးသည်။ ဤသို့ဤနှယ်တွေးမိရင်း ဖုန်းကိုဖွင့်ပြီး အခုတလောရုံတင်ပြသထားသည့် ဇာတ်လမ်းများကို ရှာဖွေကြည့်လိုက်သည်။
နှစ်ယောက်သားက တိတ်တိတ်ဆိတ်ဆိတ်ဖြင့်သာ လမ်းလျှောက်နေကြလျက်။
စုံတွဲတစ်တွဲက ဘေးနားမှဖြတ်လျှောက်သွားသည့်အချိန်တွင် ဝိန်းရိဖန်က မိန်းကလေးပြောသည့်စကားကို အမှတ်တမဲ့ကြားလိုက်ရသည်။
"ချားရဟတ်ထိပ်ဆုံးမှာရောက်နေတဲ့အချိန် နမ်းတဲ့ အတွဲက တစ်သက်လုံး မခွဲမခွာအတူတူနေရတယ်တဲ့..ခဏနေကျရင် ငါတို့လည်း နမ်းမှာနော်"
ယောက်ျားလေးက တပြုံးပြုံးနှင့်နားထောင်နေသော်လည်း စကားတစ်ချို့ပြန်ပြောလာသေးသည်။
"ဘယ်ကနေ ကြားလာတာတွေလဲ..ကလေးဆန်လိုက်တာ"
ဝိန်းရိဖန်၏အကြည့်များက ဖုန်းမျက်နှာပြင်မှတဆင့် ထိုစုံတွဲရှိသည့်အရပ်သို့ ရောက်သွားခဲ့၏။
သူမအနေဖြင့် ထိုယုံတမ်းမျိုးကိုမကြားဖူးထားသော်ငြား ထိုစကားတစ်ခွန်းကြောင့်ဖြင့် ခုဏလေးကအဖြစ်ကို ပြန်တွေးပြီးမြင်ယောင်လာတော့၏။ ဝိန်းရိဖန်၏ပါးနှစ်ဖက်မှာ တဖန် ပူပြင်းတောက်လောင်လာပြီး စန်းရန်အား ဤကိစ္စနှင့်ပတ်သတ်၍ ပြောရနိုးနိုးတွေးကြည့်နေရင်း တစ်ဖက်သို့လှည့်လိုက်ရာ စန်းရန်သည်လည်း ထိုစုံတွဲအား စူးစူးစိုက်စိုက်ကိုလိုက်ကြည့်နေလေသည်။
နောက်တစ်စက္ကန့်တွင် စန်းရန်က အကြည့်လွှဲလိုက်ပြီး သူမနှင့်မျက်ဝန်းများနှင့် ဆုံစည်းလိုက်၍
"သွားမယ်"
သူ့အမူအရာမှာ ထိုစုံတွဲ၏စကားကို စိတ်ထဲပင်မထည့်သည့်ပုံ။
ဝိန်းရိဖန်က ခေါင်းသာငြိမ့်ပြလိုက်ပြီး စိတ်အားလျော့ခြင်းမမြည်သည့် သက်ပြင်းတစ်ချက်ချရုံသာချလိုက်၏။ လက်ထဲတွင်ကိုင်ထားသည့်ဖုန်းအား စန်းရန်ဘက်သို့ တိုး၍ပြလိုက်ရင်း
"ဒါဆို အခု ငါတို့ရုပ်ရှင်သွားကြည့်...."
သူမ၏စကားမဆုံးသေးခင် စန်းရန်က မေးတစ်ချက်မော့ပြပြီး ပြောင်တင်းတင်းအမူအရာဖြင့်
"နောက်တစ်ခါ ထပ်ထိုင်မယ်"
"...."
စန်းရန်က နောက်ပြောင်နေခြင်းလား ၊ အမှန်တကယ်ပြောနေခြင်းလားပင် မခွဲခြားတတ်ပါတော့ပေ။ သူမက နေရာ၌သာရပ်နေပြီး ရှင်းရှင်းလင်းလင်းမကြားလိုက်သည့်အလား နှေးနှေးကွေးကွေးတုံ့ပြန်မိလိုက်၏။
"အမ်?..ဘာ?"
နှစ်ယောက်သား လျှောက်လာခဲ့ကြသည်မှာ အတော်လေးလှမ်းလာခဲ့ပြီ။
စန်းရန်က ဝိန်းရိဖန်အားဆွဲခေါ်ကာ လက်မှတ်အရောင်းဌာနဘက်သို့ ဦးတည်၍
"ချားရဟတ်.."
"...."
ရုတ်တရက်ဖြစ်လာခဲ့သည့်အခြေအနေကြောင့် ဝိန်းရိဖန်တစ်ယောက် ထိုစုံတွဲပြောသွားခဲ့သည့်စကားကို မနေနိုင်အောင် ပြန်တွေးကြည့်မိတော့၏။ အနည်းငယ်ရှက်နေမိပါသော်ငြား မဖြစ်မနေလည်း မေးချင်မိသည့်အတွက်
"နင် ကြားလိုက်တာလား"
စန်းရန်က ပြန်လှည့်လာကာ အထက်စီးဆန်ဆန်လေသံဖြင့်
"ဘာကိုကြားရမှာလဲ?"
ဤအချိန်တွင် သူတို့နှစ်ဦး နောက်တစ်ကြိမ်ချားရဟတ်စီးကြဦးမည်။
ထို့ကြောင့် ဤအခိုက်အတန့်တွင် ဝိန်းရိဖန်သည် ခုဏလေးတင်ရှိခဲ့သည့် စန်းရန်အား ယုံတမ်းစကားအကြောင်းပြောပြချင်သည့်စိတ်မှာ လုံးဝပျောက်ကွယ်သွားခဲ့ပြီပင်။ သူမ နှုတ်ခမ်းကိုစေ့ထားမိရင်း အကယ်၍ အခုချိန်မှသာ ပြောပြနေလျှင် သေချာပေါက် ကြိုတင်အရိပ်အမြွက်ပေးသလို ဖြစ်ပါတော့မည်။
"ဘာမှ မဟုတ်ဘူး"
အစည်ကားဆုံးအချိန်မှာ ကျော်လွန်သွားပြီဖြစ်သည့်အတွက် လက်ရှိအချိန်တွင် လက်မှတ်ရောင်းဌာန၌ ယခင်ကလောက် လူတန်းရှည်မနေတော့ပေ။
နှစ်ဦးစလုံး၏ရုပ်ရည်သွင်ပြင်များမှာ ကြည့်ကောင်းလွန်းပြီး ဆွဲဆောင်မှုအားကောင်းလွန်းသောကြောင့် တစ်ချက်ကြည့်ရုံဖြင့် မျက်မှန်းတန်းမှတ်မိနိုင်သည့်အခြေအနေ။ ထို့ကြောင့် နှစ်ယောက်သား တန်းစီနေကြသည့်အခါ လက်မှတ်စစ်သည့်ဝန်ထမ်းက ချက်ချင်းမှတ်မိသွားပြီး တအံ့တသြဖြင့်မေးလာခဲ့သည်။
"နောက်တစ်ခါ ထပ်ထိုင်ကြမလို့လား"
ဝိန်းရိဖန်က ပြုံးရင်းခေါင်းငြိမ့်ပြလိုက်၏။
"ခုဏတုန်းက ဓါတ်ပုံရိုက်ဖို့မေ့သွားလို့"
ချားရဟတ်အိမ်လေးထဲ နောက်တစ်ကြိမ် ထပ်ရောက်လာခဲ့၏။
ဝိန်းရိဖန်က ပထမဆုံး ဝင်ထိုင်လိုက်သည့်သူဖြစ်ပြီး သူမက အရင်တစ်ခေါက်ထိုင်ခဲ့သည့်နေရာမျိုး၌သာ ထိုင်လိုက်၏။ သ်ို့သော် သည်တစ်ကြိမ်တွင် စန်းရန်က သူမနှင့်မျက်နှာချင်းဆိုင်နေရာတွင်မထိုင်ဘဲ သူမ၏ဘေးနား၌ သဘာဝကျကျဝင်ထိုင်လိုက်သည်။
သူ့အား လှမ်းကြည့်လိုက်ရင်း ဝိန်းရိဖန်၏ဦးနှောက်ထဲ ထိုပုံရိပ်များ ထပ်၍မြင်ယောင်လာပြန်တော့သည်။
အထဲဝင်ထိုင်လိုက်သည့်အချိန်ကတည်းက ဝိန်းရိဖန် စပြီးစိတ်လှုပ်နေရှားသည်မှာ အမှန်ပင်။
---ဖြစ်လာနိုင်ချေရှိမရှိမသေချာသည့် ကိစ္စတစ်ခုကြောင့်
ဤတစ်ကြိမ် ချားရဟတ်စီးရသည့်ခံစားချက်မှာ အရင်တစ်ခေါက်နှင့် လုံးဝ မတူပါတော့ချေ။
အရင်တစ်ခေါက်တုန်းက ဝိန်းရိဖန်အနေဖြင့် အထူးအဆန်းဖြစ်သည့်အတွက် ဘေးပတ်ဝန်းကျင် ညရှုခင်းများကြည့် ၊ အရှေ့တွင်ရှိနေသည့် စန်းရန်နှင့်သာ စကားတပြောပြောရှိနေခဲ့သည်။ သည့်ထက်အပြင် သူမထံ၌ အခြားအတွေးမျိုးရှိမနေသည့်အတွက် အခြားအကြံအစည်မျိုးများ လုံးဝထွက်မလာပါပေ။
စန်းရန်က ရုတ်တရက်အသံထွက်လာခဲ့သည်။
"ဝိန်းရွှမ်းကျန့်"
"အမ်?"
စန်းရန်ထံမှ ဤအမည်နာမခေါ်ဝေါ်ခြင်းကို မကြားခဲ့ရသည်မှာ ဝိန်းရိဖန်အတွက် နှစ်ပေါင်းများစွာကြာခဲ့ပြီ။ နှစ်ယောက်သား အတူတွဲကြပြီးနောက်ပြီးတွင်မှ ယခုလိုပြောင်းခေါ်လာပါသည့်တိုင် သူမအနေဖြင့် နေသားမကျ ၊ သက်တောင့်သက်တာမရှိခြင်းမျိုး လုံးဝမဖြစ်ပါချေ။
သူမ ခံစားမိသည့်တစ်ခုတည်းသောမှာ ဤနာမည်ခေါ်ခံရခြင်းအား အတော်လေးသဘောကျသည့်ခံစားချက်ပင်။
စန်းရန် ;
"ဓါတ်ပုံရိုက်မှာဆို"
ဝိန်းရိဖန်က ထိုအခါတွင်မှ ဝန်ထမ်းကိုပြောခဲ့မိသည့်စကားတစ်ခွန်းအား အမှတ်ရလိုက်တော့၏။ ဦးနှောက်ထဲတွင် 'ယုံတမ်းစကား' နှင့်ပတ်သတ်သည့်စကားလုံးများဖြင့်သာ ပြည့်နေပြီး အခြားအရာများတွေးဖို့ရာ ခွန်အားပင် မရှိတော့၏။
သူပြောသည့်အတိုင်း ၊ သူမ လိုက်လုပ်နေမိမည်ပင်။
နောက်တစ်စက္ကန့်တွင်။
ဝိန်းရိဖန်က အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ပြီး အပြင်ဘက်ရှိညရှုခင်းပုံများ ရိုက်ယူနေလေသည်။
"...."
ထူးဆန်းလွန်းနေသည့်ဝိန်းရိဖန်၏အပြုအမူများကို စန်းရန်လိုက်ကြည့်နေရင်း
"မင်း ဘယ်နေရာကို လိုက်ရိုက်နေတာလဲ"
ဤစကားကိုကြားသည့်အခါ ဝိန်းရိဖန် ခေါင်းလှည့်ကြည့်လာ၏။
နှစ်ဦးသားက တစ်ဦးကိုတစ်ဦး ကြည့်နေကြလျက်။
စန်းရန်၏မျက်နှာကို စိုက်ကြည့်နေပြီး ဝိန်းရိဖန် သုံးလေးစက္ကန့်မျှတွေဝေနေမိကာ စန်းရန်က သူ့အား ဓါတ်ပုံရိုက်ခိုင်းနေသည်ဟုခန့်မှန်းသုံးသပ်ပစ်လိုက်သည်။
Advertisement
သူ့အမူအရာမဲ့နေသည့်မျက်နှာကိုကြည့်ရင်း ဝိန်းရိဖန်က သုံးလေးပုံ ပိုရိုက်ပေးလိုက်သေးသည်။ နောက်တွင်တော့ ၀ိုက်ထားသည့်ပုံများကို ကိုယ့်ဘာသာကိုယ် ပြန်ကြည့်နေလေ၏။
ယောက်ျားလေးက ပျင်းတိပျင်းရွဲထိုင်နေပြီး အကြည့်များက ကင်မရာတည့်တည့် ၊ သူ့အနောက်ဘက်တွင် အိမ်ခြေပေါင်းထောင်ချီတို့၏မီးရောင်များ။ သူ့မျက်နှာမှာမူ တစ်ခြမ်းက အလင်းရောင်ဘက်တွင်ရှိနေပြီး တစ်ခြမ်းက အရိပ်ကျသည့်ဘက်တွင်ရှိနေကာ မျက်နှာကျမှာ သိပ်မသိသာ။ သို့သည့်တိုင် ရှင်းလင်းလှသည့် သူ့မျက်နှာအစိတ်အပိုင်းများကိုတော့ ဖုံးကွယ်ခြင်းမပြုနိုင်ဘဲ အလွန်တရာခန့်ညား၍ကြည့်ကောင်း၏။
ဝိန်းရိဖန်တစ်ယောက် အရူးထလာသည်ပဲဆိုဆိို..
ရိုက်ထားသည့်ပုံက ဖြစ်ကတတ်ဆန်းနိုင်သည်ဟု ထင်မိသွားတော့၏။
ဓါတ်ပုံထဲရှိလူမှာ နောက်တစ်စက္ကန့်တွင် ဖုန်းမျက်နှာပြင်ထဲမှဖောက်ထွက်လာပြီး တစ်ယောက်ယောက်နှင့် သူသေကိုယ်သေထိုးကျိတ်တော့မည့်အလား။
ဝိန်းရိဖန်က အကြုံပြုသည့်အနေဖြင့်
"နင်...တစ်ချက်လောက် ပြုံးလိုက်ပါလား?"
"...."
"နင်ရယ်လိုက်ရင် ပါးချိုင့်လေးရှိတယ်.."
ဝိန်းရိဖန်က နှုတ်ခမ်းထောင့်တစ်နေယာကိုညွှန်ပြပြီး ချီးမွှန်းလိုက်သေး၏။
"အရမ်းကြည့်လို့ကောင်းတာ"
"ဘာ ပါးချိုင့်လဲ..ကိုယ့်ဆီမှာ အဲ့လိုဟာမျိုးမရှိဘူး.."
သူမအား စာရင်းထဲထည့်မတွက်ချင်တော့သည့်အတိုင်း ၊ စန်းရန်က သူ့အိတ်ကပ်ထဲမှဖုန်းကိုထုတ်လာပြီး Selfie mode ဖွင့်လိုက်၏။
"အနားကို တိုးလာခဲ့"
"...."
သူဆိုလိုချင်သည့်ဓါတ်ပုံရိုက်သည့်ကိစ္စအား ထိုအခါမှ ဝိန်းရိဖန် သဘောပေါက်သွားခြင်းပင်။
ချက်ချင်းဆိုသလို စန်းရန် အနားသို့ကပ်လိုက်ပြီး မျက်ဝန်းပင့်ကာ မျက်နှာပြင်ထဲမှသူမကိုယ်တိုင်အား လှမ်းကြည့်လိုက်၏။
စန်းရန် ;
"ပြုံး"
ဝိန်းရိဖန် ခပ်ရေးရေးလေး ပြုံးလိုက်၏။
စန်းရန်က ကင်မရာခလုတ်ကိုသုံးလေးကြိမ်ခန့်နှိပ်လိုက်ပြီးနောက် ဖုန်းကိုပြန်ချထားကာ ရိုက်ထားသည့်ဓါတ်ပုံအခြေအနေကိုလည်းမကြည့်။
ဝိန်းရိဖန်ကသာ သူ့ကိုလှမ်းကြည့်ရင်း ခပ်တိုးတိုးလေးဖြင့်
"ငါ ဓါတ်ပုံတွေကြည့်ကြည့်ချင်လို့"
"ခဏနေမှ.."
စန်းရန်က အပြင်ဘက်သို့တစ်ချက်လှမ်းကြည့်၍
"အခုချက်ချင်းပဲ ကမ္ဘာပျက်တော့မှာမှမဟုတ်တာ"
"...."
ဤစကားကြောင့် ဝိန်းရိဖန်လည်း အပြင်ဘက်ဆီသို့ မသိလိုက်ပါဘဲလှမ်းကြည့်လိုက်၏။
ဤချားရဟတ်ကြီးက ခြောက်လွှာပေါ်၌တည်ဆောက်ထားဖြစ်သည့်အပြင် သူကိုယ်တိုင်ကလည်း အမြင့်ပေတစ်ခုစာမြင့်ပြီးဖြစ်သည့်အတွက် အပေါ်စီးမှငုံ့ကြည့်လိုက်လျှင် လေထုထဲ လွင့်မျောနေရသည့်ခံစားချက်မျိုးပင် ရနေခဲ့သည်။ အစတည်းကရှိခဲ့သည့် စိတ်လက်မအေးနိုင်သည့်ခံစားချက်များက ယခုလိုအမြင့်တစ်နေရာသို့ရောက်လာခဲ့ခြင်းကြောင့်လားမသိ နှလုံးသားထဲ နေမထိထိုင်မသာထိုးထလာပါတော့သည်။
ဝိန်းရိဖန် အကြည့်များကိုပြန်ရုတ်သိမ်းရင်း အောက်နှုတ်ခမ်းကို အသာအယာဖိကိုက်ထားမိ၏။ စိတ်လှုပ်ရှားလွန်း၍ ခြေလက်များကို ဘယ်နေရာသို့ပို့ထားရမှန်းမသိဖြစ်နေပါသည့်တိုင် တည်ငြိမ်ထားယောင်ဆောင်ပြီး စကားလုံးတို့ထဲ သေချာသည့်အရိပ်အယောင်မျိုးများထည့်သွင်းကာစကားဆိုလိုက်၏။
"နင် ကြားလိုက်တယ်"
စန်းရန် ;
"ဟုတ်တယ်"
"...."
ဝိန်းရိဖန် ဘယ်စကားမျိုး ထပ်ဆိုရမည်မှန်းမသိ ၊ အခြားသောစုံတွဲများသည်လည်း အနမ်းမပေးခင် ကြိုတင်အရိပ်အမြွက်ပေးတတ်ကြသည်လားလည်း မသိ။
သူမအနေဖြင့်တော့ မပေးကြလောက်သည်ဟု ထင်မိသည်။ အဘယ်ကြောင့်ဆိုသော် ကြိုတင်သိထားရသည့်ခံစားချက်ကြီးမှာ လက်ခံထားဖို့ရာခက်ခဲလွန်းသောကြောင့်ပင်။
စက္ကန့်တစ်ခုချင်းစီတိုင်းသည် ထိုအခိုက်အတန့်ရောက်လာဖို့ကို မျှော်လင့်နေကြသည့်အလား ၊ ထပ်၍လည်း ဘဝအဆက်ဆက်ကြာသည့်အတိုင်း ကြာရှည်လွန်းလှကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိသည့်စိတ်က အရာရာကိုလွှမ်းမိုးထားနိုင်ခဲ့သည်။ အမှန်တကယ်ရောက်လာသည့်အချိန်တွင်လည်း သူမအနေဖြင့် ဘယ်လိုမျက်နှာချင်းဆိုင်လိုက်ရမည်မှန်းပင် မသိပါတော့ချေ။
ဝိန်းရိဖန်က ထိုးထွက်နေသည့်ခံစားချက်များ သက်သာပြေလျော့စေခြင်းအလို့ငှာ စကားပြောနေရုံသာတတ်နိုင်တော့၏။
"ဒီလိုကောလဟလတွေကို နင် ယုံတယ်လား"
စန်းရန်က ရယ်လိုက်၍
"သေချာပေါက် မယုံဘူးပေါ့"
ဝိန်းရိဖန် ကြောင်အမ်းသွားခဲ့ရ၏။
မယုံဘူးဆိုလျှင် သူတို့နှစ်ဦး နောက်တစ်ကြိမ်အထူးတလည်ပြန်ရောက်လာရသည့်အကြောင်းအရင်းမှာ ဘာအဓိပ္ပါယ်မှ မရှိတော့သည်ပင် မဟုတ်လား။
စကားပြောနေရင်းနှင့်တပြိုင်နက် စန်းရန်က ဝိန်းရိဖန် အနားသို့ ဖြည်းဖြည်းချင်းတိုးကပ်လာရင်း
"ဒါပေမယ့်..."
ဝိန်းရိဖန်သည် သူမ ရှိနေသည့်နဂိုမူလနေရာ၌သာရှိနေပြီး ကြယ်ရောင်စုံလင်းလက်နေသည့်သဖွယ်တူညီလွန်းလှသောသူ့အနက်ရောင်မျက်ဝန်းများကို ငေးကြည့်နေမိပြီး ထိုမျက်ဝန်းအိမ်များထဲတွင် မည်သည့်အရိပ်အယောင်မျိုးမှ ဖော်ပြမနေပါပေ။ တစ်လျှောက်လုံးနီးပါး တရိပ်ရိပ်ထိုးထွက်နေသော ကူကယ်ရာမဲ့နေသည့်ခံစားချက်မှာ ဤအခိုက်အတန့်တွင် အမြင့်ဆုံးထိရောက်လွန်းပြီးပျောက်ကွယ်ပျယ်လွင့်သွားရသယောင်ယောင်။
အကွာအဝေးမှာ နီးလာသည့်နှင့်အမျှ
စန်းရန်၏အသံတို့မှာ နူးညံ့သထက်နူးညံ့လာပြီး မခွာနိုင်မခွာရက်တွယ်ကပ်လိုသည့်အငွေ့အသက်လေးများပါ ရောနှောလာပါတော့သည်။
"ကိုယ်က ကိုယ့်ကိုကိုယ် ယုံတယ်"
တစ်သက်စာလုံး အတူတူရှိသွားမယ့်အချိန်တွေအတွက်...
သူမဘက်ကသာ ပထမဆုံးတစ်လှမ်းကို လှမ်းလာဖို့ပဲလိုတာ..ကျန်တာတွေအားလုံးဖြစ်လာအောင် သူလုပ်ပေးနိုင်တယ်လို့ သူ့ကိုယ်သူ ယုံကြည်တယ်..
အချိန်ကိုက်ဆိုသလို ချားရဟတ်ကြီးက အမြင့်ဆုံးနေရာဆီသို့ ရောက်လာခဲ့၏။
"ဒီယုံတမ်းစကားက..."
ဤစကားအဆုံး စန်းရန်၏ခန္ဓာကိုယ်သည်လည်း ကိုင်းချလာခဲ့သည်။
လက်ကိုမြှောက်လာပြီး သူမ၏ခေါင်းအနောက်ဘက်ကို ထိန်းကိုင်ကာ သူ့ပူပူနွေးနွေးနှုတ်ခမ်ပါးများက သူမ၏နှုတ်ခမ်းပါးပေါ်သို့ရောက်လာပြီး အသက်ရှူငွေ့များကိုပါသယ်ဆောင်ဖုံးလွှမ်းပစ်လိုက်ပါတော့သည်။ ဝိန်းရိဖန်က မျက်ဝန်းတစ်စုံမှိတ်ချလိုက်ဖို့ရာပင် မေ့လျော့သွားခဲ့ကာ သူမ၏မြင်ကွင်းအာရုံအပြည့်စိုးမိုးထားသည့် အမျိုးသားကိုသာ စိုက်ကြည့်နေမိပြီး အခြားဘာမှမလှုပ်ယှက်နိုင်ပါတော့၏။
နှစ်ယောက်တည်းသာ ရှိသည့်ကမ္ဘာငယ်လေးတစ်ခု...
အပေါ်ဘက်တွင် တလက်လက်တောက်ပနေသည့်ကြယ်လေးများ...
အောက်ဘက်တွင် တပြိုးပြိုးလက်နေသည့်မီးလုံးများ..
စက္ကန့်ပိုင်းသာ ကြာလိုက်သည့်အချိန်လေးအပြီးတွင်...
စန်းရန်၏မည်းနက်နေသည့်မျက်ဝန်းတစ်စုံက ဝိန်းရိဖန်၏မျက်ဝန်းတစ်စုံထဲ ငေးကြည့်နေကာ ခပ်သြသြအသံတို့ဖြင့် စကားဆုံးအောင်ဆိုလာခဲ့သည်။
"မင်း ယုံကြည်အောင်လုပ်ပေးဖို့အတွက်.."
---------
(Zawgyi)
Advertisement
"သွားမယ်"
"...."
"အမ်?..ဘာ?"
"ချားရဟတ်.."
"...."
"နင် ကြားလိုက်တာလား"
"ဘာကိုကြားရမှာလဲ?"
"ဘာမှ မဟုတ်ဘူး"
"ဝိန်းရွှမ်းကျန့်"
"အမ်?"
စန်းရန် ;
"ဓါတ်ပုံရိုက်မှာဆို"
နောက်တစ်စက္ကန့်တွင်။
"...."
ဝိန်းရိဖန်တစ်ယောက် အရူးထလာသည်ပဲဆိုဆို..
"...."
"အနားကို တိုးလာခဲ့"
"...."
စန်းရန် ;
"ပြုံး"
"ခဏနေမှ.."
"...."
Advertisement
- In Serial40 Chapters
Baby, I Love You
A school project pairs Sarah with a boy she’s never talked with outside of class. Castiel is snarky and has the reputation of a bad boy. Forced to take care of a fake baby together, Sarah has her doubts about how the project will go. But she learns that first impressions can be deceiving. With more than just friendship starting to develop between them, what will happen when it’s time to return the baby? Cover art by @Azifri on Twitter
8 231 - In Serial36 Chapters
Ticket to Verona ✔️
{MAFIA ROMANCE}"You, Aria, are like a piece of music that I could listen to, over and over again, and never get tired of hearing." Aria Remington was sitting alone in an empty airport gate waiting for her flight home when she first met Leonardo. Little did she know what she was getting herself into.Leonardo Romano is the Capo of the Italian mafia and never shows any emotion, weakness or care in anyone. Until he met her.But was he selfish enough to bring her into his world?~~~{excerpt}Aria.She was here. Right here.She didn't hear me come through the door, too engrossed in the book she was reading. I could hear her humming along to a song, similar to the way we first met. I walked right up to the desk, a gentle smile on my face. She still hadn't realised that I was there so I cleared my throat. "Oh my goodness, I'm so sorry, how can I help-" she looked up and she froze. Once it had sunk in, she smiled the biggest smile I have ever seen. "Leo!" She leaned over the desk and tried to give me a hug but because I was so tall, she only ended up hugging my torso."Hello, amore."~~~Started- 10/3/22Ended- 29/7/22#1 - loving {12/7/2022}*contains strong language and some violent scenes*
8 242 - In Serial25 Chapters
(Hiccup X reader) The One You Needed
This book takes place after HTTYD2LEMON WARNING ;) and major feels. EnjoyyyThe characters from the movies have the same personalities btw (including Astrid) :)Summary -You're a Northern Viking, 19 years old... you escaped from your homeland for what you believed in. Your love for dragons. You've been travelling for nearly 6 years. Just you and your Lightfury...Your past infuriates and upsets you... you keep away from it as well as keeping away from staying on any island for too long. You tend to leave places without creating any connections because you don't want a reason to stay anywhere... you don't want to be vulnerable to getting your fragile heart broken again. You always thought that you wanted to stay alone forever, just you and your dragon...UNTIL HICCUP....You meet obstacles along your journey that causes your mysterious past catch up to you. Will you find a reason to stay somewhere?...- rude language - brief sexual content- brief violanceI hope you all enjoy this book as much as I enjoyed writing it! Tell me what you think :)(Please note, most of the characters belong to Dreamworks's How To Train Your Dragon)
8 240 - In Serial43 Chapters
The Urge to Devour
Dracula retelling, in a way. Vampire Alastair frequents a bookshop kept by a young woman named Eleanor. He lusts after her, but cannot keep himself from her.
8 130 - In Serial33 Chapters
Her Plan (Fake marriage) #Wattys2018
Alexa is faking her marriage to a player just to escape her dramatic family...
8 196 - In Serial17 Chapters
The Best Chef in Konoha (Choji Love Story)
Mabel was considered weird as a child. She had long black silky hair and purple eyes. She wasn't from Konoha originally but came from the secret village of food. Yes, it may sound weird but there was a village called that and yes, there use to be. Her village was destroyed by Orochimaru and she was the only one that survived. She was found near Konoha and kept there. The thing is she didn't want revenge, or to be strong, or go to the Academy to try to be a ninja. The Lord Third thought she had great potential (by potential he means she has lots of chakra) and put her in the Academy. Mabel just wants to be the best Chief in Konoha maybe the whole world. She wants to own a restaurant and wants millions of different people to come and taste her food. Instead of giving her all in her Academy she tries to focus more on recipes and memorizing as many recipes as she can. What would happen when she meets Choji? Will they click instantly? What if he tasted some of her food?
8 187