《First Frost (Myanmar Translation)》Chapter 55
Advertisement
ယခုနှစ်၏ နှစ်သစ်ကူးအချိန်အခါမှာ ယခင်ကနှစ်များထက် နောက်ကျသည်။
နှစ်သစ်ကူးမတိုင်ခင် တစ်ခုသောညနေခင်းဝယ် ဝိန်းရိဖန်က ကျုံးစစ်ချောင်နှင့် ညစာစားရန် ကြိုတင်အချိန်းအချက်ပြုထားခဲ့သည်။ ကျုံးစစ်ချောင်က နှစ်သစ်ကူးပိတ်ရက်ကာလ စတင်နေပြီဖြစ်ကာ ယနေ့တွင် 'ရှန့်အန်း'ရပ်ကွက်ဘက်သို့ လမ်းကြုံရောက်လာရင်း ဝိန်းရိဖန်ရှိရာ ရောက်လာခဲ့သည်။
အလုပ်ဆင်းသည့်အခါ ဝိန်းရိဖန်က ကျုံးစစ်ချောင်နှင့် အောက်ထပ်တွင်ဆုံကြ၏။
နှစ်ယောက်သား မတွေ့ဖြစ်ခဲ့ကြသည်မှာ နှစ်လနီးပါး။
ဆောင်းရာသီကို တစ်ဝက်နီးပါးကျော်ဖြတ်လာကြပြီးဖြစ်သည့်အတွက်ကြောင့် ကျုံးစစ်ချောင်၏အသားအရည်မှာ ယခင်ကထက်ကိုဖြူဖွေးနေ၏။ ဆံပင်ခပ်တိုတိုညှပ်ထားပြီး အဖျားနားတွင် ကွေးကွေးလေးကောက်ထားကာ ကြည့်ရသည်မှာစိတ်ကောင်းဝင်နေသည့်ပုံပင်။
နှစ်ယောက်သားက အနီးဆုံးဟော့ပေါ့ဆိုင်ကိုသာ ရွေးလိုက်ကြသည်။
ဝိန်းရိဖန်သည် ပန်းကန်လုံးနှင့်တူအား ရေနွေးဖြင့်ကျင်းနေသည့်အချိန် အတွေးများက အနည်းငယ်လွင့်မျောသွားရသေးသည်။ တရိပ်ရိပ်နှင့်တွေးလိုက်မိသည်မှာ 'ရှန့်လန်' နိုင်ငံခြားမှပြန်ရောက်ခါစအချိန်တုန်းက သူတို့လူတစ်စု အပြင်ထွက်ပြီး ထမင်းအတူတူစားခဲ့ကြသေးသည်။ ထိုအချိန်တုန်းက ကျုံးစစ်ချောင်သည် ဝိန်းရိဖန်က အမြဲတမ်းနီးနီး ရေနွေးလောင်တတ်သည့်အတွက် သူတို့အနေဖြင့် ရေနွေးမကိုင်ခိုင်းရဲကြောင်း စကားအဖြစ်ပြောပြခဲ့ဖူးသည်။
စန်းရန်က ထိုစကားကို အသေအချာ ကြားလိုက်သည့်ပုံပင်။
ဤအချိန်တွင် ကျုံးစစ်ချောင် စကားဆိုလာခဲ့၏။
"ဒါနဲ့..နင် အထက်တန်းတုန်းက စန်းရန်ကို ငြင်းခဲ့တာနဲ့ပတ်သတ်ပြီး သူ အခု နင်နဲ့စာရင်းရှင်းချင်တာမျိုးရှိနေနိုင်လား"
ဝိန်းရိဖန်က ထိုအခါတွင်မှ အာရုံပြန်စုစည်းသွား၍
"သူ အဲ့အကြောင်းတွေပြန်ပြောနေတာမျိုးတော့မရှိဘူး"
"သူ စိတ်ထဲမထည့်တော့တာလား"
"...."
ဝိန်းရိဖန် ခေါင်းရမ်းပြလိုက်၏။
"ငါ မသိဘူး"
"သူက အဲ့လောက်ထိသဘောထားသေးမယ့်သူမျိုးလည်း မဟုတ်လောက်ပါဘူး..ငါ အရမ်းသိချင်နေတာတစ်ခုကလေ..နင်နဲ့စန်းရန် တွဲပြီးကြတဲ့နောက်ပိုင်းမှာရော သူက အရင်လိုပုံစံအတိုင်းပဲ ဖြစ်နေသေးတုန်းလား?..နေ့တိုင်းနေ့တိုင်း မျက်နှာသေကြီးနဲ့ ကောင်းကင်ကြီးကိုပဲ ဆွဲချလာတော့မှာလိုလိုပုံစံမျိုးနဲ့လေ"
မျက်နှာတည်နေတာက အကြောင်းမဟုတ်။
ဆွဲချချင်တာကတော့ တကယ်။ ဒါပေမယ့် နည်းနည်းလေးတော့ ငြင်သာတတ်သယောင်ယောင်။
ဝိန်းရိဖန်က လုံးဝစိတ်ကျေနပ်သွားစေမယ့်အဖြေတစ်ခု ဖြေပေးလာခဲ့လေသည်။
"အရင်ကနဲ့ သိပ်မကွာဘူး"
"အာ?"
ကျုံးစစ်ချောင် ဆွံ့အသွားခဲ့၍
"ဒါဆို နင် သူ့ကိုပြောကြည့်ကြည့်လေ..သူ့ အဲ့ဒီအကျင့်ဆိုးကြီးကို သေချာနိုင်အောင်ထိန်းထား..စစချင်းတော့ အဆင်ပြေနိုင်ပေမယ့် အချိန်တွေကြာလာတဲ့အခါ စိတ်ရှုပ်စရာကြီးဖြစ်လာလိမ့်မယ်"
"သူ့အကျင့်ကိုက ဒီလိုမျိုးပဲဟာ"
ဝိန်းရိဖန်အတွက်တော့ စန်းရန်ထံ၌ ပြောင်းလဲပြုပြင်ပေးစရာ ဘာမှမရှိ။
"ဒါပေမယ့် ငါ့အပေါ်တော့ အရမ်းကောင်းပေးတယ်"
ကျုံးစစ်ချောင် သက်ပြင်းချလိုက်တော့၏။
"အဲ့ဒါဆိုလည်း ပြီးတာပါပဲ"
"သူကလေ..ပြောထွက်လာတာတွေ နဲ့ လုပ်လိုက်တာမျိုးတွေက မတူညီတဲ့လူ.."
ဝိန်းရိဖန်က အရင်ကိစ္စများကို ပြန်တွေးကြည့်ရင်း ဖြေးဖြေးချင်းဖြင့်
"ငါ အရင်တုန်းကဆို အဲ့လိုမျိုးမတွေးကြည့်ရဲခဲ့ဘူး..အဲ့ဒါကြောင့်မလို့လည်း သူ့အပြုအမူတွေက သူစကားပြောတဲ့ပုံစံအတိုင်းပဲ ဖြစ်နေမှာလို့ ထင်ခဲ့ဖူးတယ်..သူ ပြောရင်ပြောတဲ့အတိုင်း ငါလည်း ယုံမိလိုက်တာပဲ..အများကြီးမတွေးမိခဲ့ဘူး..အဲ့ဒီတော့ ငါ သူနဲ့အတူတူနေနေရတာ တကယ်လည်း အရမ်းစိတ်သက်သာရာရတယ်"
ဝိန်းရိဖန်အနေဖြင့်တော့ သူမအပေါ် ဤမျှထိကောင်းပေးနိုင်သည့်လူမျိုး တစ်ခါမှမတွေ့ခဲ့ဖူးပါပေ။
လုပ်ရပ်တစ်ခုချင်းစီတိုင်းတွင် စိတ်ရှည်သည်းခံပေးခြင်းများစွာပါဝင်ပြီး
ဘယ်သောအခါကမှ တရားလွန်လာခဲ့မျိုးမရှိ။
သူမအား မည်သည့်မသက်မသာဖြစ်စေမှုမျိုးကိုမှ မပေးလိုသည့်အတိုင်းပင်။
ဤမျှကြာသည်အထိ သူမအပေါ် ဘယ်လိုဖိအားမျိုးကိုမှလည်း ယူဆောင်လာခြင်းမပြု။
အလွန်ဆုံးဆို၍ သူမဘဝ၏ ထောင့်နေရာတိုင်းစီမှ အသံမပေးဘဲကျူးကျော်ဝင်ရောက်လာခြင်းသာ။
ကျုံးစစ်ချောင် ;
"အေ့..တကယ်တော့ အထက်တန်းကျောင်းကတည််းက နင် သူ့အပေါ်ကို သဘောထားခဲ့တာကလည်း အခြားသူတွေအပေါ်ထားတာနဲ့မတူမှန်း ငါ ရိပ်မိခဲ့ပါတယ်..အဲ့အချိန်တုန်းက နင့်ကိုလိုက်ပိုးပမ်းတဲ့ယောက်ျားလေးတွေ အရမ်းများတယ်လေ..အခြားသူတွေဆိုရင် နင်က အမြဲတမ်းခပ်တည်တည်ပုံစံမျိုးနဲ့ပဲဆက်ဆံခဲ့တာမလား"
ဝိန်းရိဖန်က မျက်လုံးပင့်ကြည့်လာခဲ့၏။
ကျုံးစစ်ချောင်ဆက်၍
"ဒါပေမယ့် နင်က စန်းရန်ဆိုရင်တော့ ဒေါသထွက်ပြတတ်တယ်"
ဒေါသထွက်ပြတယ်..
ရည်းစားထားသည့်ကိစ္စနှင့်ပတ်သတ်၍ ဒုတိယအကြိမ် အုပ်ထိန်းသူခေါ်ခံရပြီးနောက် စန်းရန်ဖုန်းခေါ်လာသည့်အခါ ပြောဆိုပစ်ခဲ့ဖူးသည့်ကိစ္စအား ဝိန်းရိဖန် ချက်ချင်းမှတ်မိလိုက်၏။
သူမ၏အမူအရာမှာ မသိမသာလေးတင်းခနဲဖြစ်သွားရလျက််။
ကျုံးစစ်ချောင် ;
"ဒေါသထွက်ပြတယ်လို့လည်း မဟုတ်သေးပါဘူး..စကားပြောတဲ့အချိန်မှာ ခံစားချက်တွေထည့်ပြောတာလိုမျိုးပေါ့..တစ်ခါတုန်းက ငါ နင်တို့အတန်းထဲလာပြီး နင့်ကိုလာရှာတဲ့အချိန် စန်းရန်က နင့်အနောက်မှာထိုင်နေတာ..ငါအတွက်တော့ နင် တခြားယောက်ျားလေးတစ်ယောက်ရှေ့မှာ အဲ့လိုမျိုးဖြစ်သွားတာကို ပထမဆုံးမြင်ဖူးတာပဲ..နင် ရှန့်လန်အပေါ်ဆက်ဆံတာမျိုးနဲ့ လုံးဝမတူဘူး"
ဝိန်းရိဖန် ;
"ဘယ်လိုဖြစ်သွားလို့လဲ"
ကျုံးစစ်ချောင်က အထက်တန်းပထမနှစ်၏ နေ့လည်ခင်းတစ်ခုအား ပြန်တွေးကြည့်လိုက်သည်။
စန်းရန်က ဝိန်းရိဖန်၏အနောက်ဘက်၌ ထိုင်နေသည့်အချိန်။
ကောင်လေးက ထိုင်ခုံကိုကျောမှီထိုင်ထားရင်း လက်ထဲ၌ စာအုပ်တစ်အုပ်အား လှန်လှောလျက်။ မျက်လွှာကအောက်သို့စိုက်ချထားပြီး ခြေတံရှည်များက အရှေ့ဘက်သို့ထိုးဆန့်ထား၍ ဝိန်းရိဖန်၏ထိုင်ခုံအောက်၌ ထားထားရင်း အချိန်နှင့်အမျှတလှုပ်လှုပ် လှုပ်နေကာ သူ့တည်ရှိနေမှုကို အရိုးရှင်းဆုံးနှင့် သိသိသာသာဖော်ပြနေလေသည်။
အချိန်ကြာသွားပြီးနောက်တွင်တော့ ဝိန်းရိဖန်က လှည့်ကြည့်လာပြီး စကားဆိုလိုက်၏။
"စန်းရန်..ငါ စာလုပ်နေတယ်"
စန်းရန်က တစ်ချက်ရပ်သွားပြီးနောက် မျက်ခုံးပင့်ပြ၍
"ဘာလဲ?"
ဝိန်းရိဖန်က စန်းရန်အား စိုက်ကြည့်နေပြီး
"နင် အခုလိုမျိုးထပ်လုပ်နေမယ်ဆိုရင် ငါ နေရာပြောင်းထိုင်လိုက်တော့မှာ"
"...."
သိပ်မကြာလိုက်ပါဘဲ ကောင်လေးက စာအုပ်ကိုပိတ် ၊ ခြေထောက်ကို နောက်ဆုတ်ပေးလိုက်၏။
"သိပါပြီ"
နှစ်ယောက်သားက အချင်းချင်းအကြည့်ချင်းဆုံနေကြချိန်။
စန်းရန်က ရုတ်တရက် ခေါင်းကိုကုတ်လိုက်ရင်း
"စိတ်မဆိုးလိုက်နဲ့နော်"
-------
ကျုံးစစ်ချောင်အနေဖြင့် ဝိန်းရိဖန်အပေါ်နားလည်သလောက်အရဆိုလျှင်..
အကယ်၍ အခြားသူတစ်ယောက်ကသာ ယခုလိုကိစ္စမျိုးလုပ်လာလျှင် ဝိန်းရိဖန်သည် အသံတစ်ချက်မထွက်ဘဲ သူမ၏ပစ္စည်းများကိုယူပြီး အခြားနေရာသို့ တစ်ခဏသွားထိုင်နေလိုက်ကာ အတန်းစသည့်အခါမှသာ ပြန်လာလိမ့်မည်။
Advertisement
အထူးတလည်အနောက်သို့လှည့်ပြီး ထိုလူနှင့် အရေးလုပ်ပြီးစကားပြောနေမည်မဟုတ်ပေ။
ဤသို့တွေးကြည့်မိသည့်အခါ သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးလေးက ချစ်စရာကောင်းနေပြန်ပါသေးသည်။ ကျုံးစစ်ချောင် ;
"နင် အခုလက်ရှိမှာရော စန်းရန်ကိုဒေါသထွက်ပြရင် သူ လက်ခံလား"
ဝိန်းရိဖန်က အမှန်အတိုင်းဆိုလိုက်၏။
"ငါ သူ့ကိုဒေါသမထွက်ဖူးသေးဘူး"
"...."
ကျုံးစစ်ချောင်က မယုံကြည်နိုင်သလိုလိုဖြင့်
"တွဲပြီးတဲ့နောက်ပိုင်းကို မပြောနဲ့ဦး..နင်တို့နှစ်ယောက် အတူတူနေလာတာ တစ်နှစ်တောင်ကျော်လာပြီလေ..နင် သူ့ကို တစ်ခါမှဒေါသမထွက်ဖူးသေးတာလား"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြလိုက်၏။
ကျုံးစစ်ချောင်တစ်ယောက် ဝိန်းရိဖန်ကို လေးစားချင်လာမိ၏ ၊ ကွမ်ရင်မယ်တော်အလား အရာအားလုံးကို သည်းညည်းခံနိုင်လေခြင်း။
"မဟုတ်မှလွဲ နင်တို့နှစ်ယောက်တည်း သီးသန့်ရှိနေတဲ့အချိန်ကျမှ စန်းရန်က အရမ်းနွေးထွေးငြင်သာတတ်တဲ့လူ ဖြစ်သွားလို့လား"
"မဟုတ်ပါဘူး..ငါ့ကို စိတ်ဆိုးလောက်မယ့်ကိစ္စမျိုးက တစ်ခုမှကိုမရှိသေးတာ.."
ဝိန်းရိဖန်က ပြုံးနေရင်း အသံကိုလည်းနိမ့်လိုက်၍
"ပြီးတော့..ငါက ဘယ်ကိစ္စမှာမဆို သူ့ကိုဦးစားပေးတယ်..သူ့အပေါ်ကိုလည်း ကောင်းပေးတယ်လေ"
ဝိန်းရိဖန် ချစ်ကျွမ်းဝင်သွားသည့်အခါ ယခုလိုပုံစံမျိုးဖြစ်သွားလိမ့်မည်ဟု ကျုံးစစ်ချောင် မထင်ထားခဲ့ခြင်း။ ကျုံးစစ်ချောင်က ဤအကြောင်းအရာအား ဆက်၍မဆိုတော့ဘဲ အပြုံးလေးဖြင့် စကားလမ်းကြောင်းလွှဲလိုက်၏။
"ဒါနဲ့လေ အစက်အစက်..နင် တအားပြောင်းလဲသွားတာနော်"
"အာ?"
"အချစ်နဲ့တွေ့တော့ အခြားတစ်ယောက် ဖြစ်သွားတဲ့အတိုင်းပဲ"
"...."
ဝိန်းရိဖန် အိမ်ရောက်သည့်အချိန်တွင် စန်းရန်က အိမ်ပြန်မရောက်သေး။
ဤကာလများအတွင်း သူအလုပ်လုပ်နေသည့်ကုမ္ပဏီမှာ ပရောဂျက်ကြီးကြီးမားမားကိုင်တွယ်နေပုံရပြီး အဖွဲ့ တစ်အုပ်စုလုံးသည် ရက်ဆက်တိုက်နီးပါး အလုပ်လုပ်နေခဲ့ရသည်။ တစ်ခါတစ်ခါ ညလုံးပေါက်အလုပ်လုပ်ပြီးခါမှ ပြန်လာအိပ်တတ်သည့်နေ့မျိုးလည်းရှိသည်။
ဝိန်းရိဖန်သည်လည်း သူ့အား အလွန်အကျွံ သွားမနှောင့်ယှက်ရဲပါချေ။
ရေချိုးသန့်စင်ပြီးနောက် ဝိန်းရိဖန် အိပ်ရာဝင်ခါနီးအချိန်ထိ စန်းရန် ပြန်မလာသေး ၊ မက်ဆေ့သာ ပို့လာခဲ့သည်။
[ စောစောအိပ် ]
ဝိန်းရိဖန်က အိပ်ချင်မူးတူးဖြင့်သန်းဝေပြီး စာပြန်လိုက်၏။
[ ဘယ်အချိန်ကျမှ အလုပ်ဆင်းမှာလဲ ]
စန်းရန် ; [ နှစ်နာရီ သုံးနာရီလောက် ]
ဝိန်းရိဖန်က သူ ပြန်လာမည့်အချိန်ထိ စောင့်နေချင်ပါသော်လည်း ဖုန်းကစားနေရင်းမကြာလိုက်သည့်အချိန်အတွင်း အိပ်ပျော်သွားခဲ့သည်။ နောက်တစ်ကြိမ် လန့်နိုးလာရသည်မှာ ဖုန်းခေါ်ဆိုမှုတစ်ခုကြောင့် ၊ အိပ်မှုန်စုံမွှားဖြင့် ဖုန်းကိုကောက်ကိုင်ပြီး ခေါ်ဆိုသည့်သူအား ကြည့်လိုက်လျှင် မျက်နှာထက်ရှိအလိုမကျဖြစ်မှုများမှာချက်ချင်း ပျောက်ကွယ်သွားတော့၏။
ဖုန်းတစ်ဖက်မှ ချန်ဝေ့ဟွာ၏အသံမှာ အလောတလျင်လည်းရှိလှသလိုအမိန့်သံလည်း ပါနေလေသည်။
"သုံးမိနစ်..အောက်ထပ်ကိုဆင်းလာ"
------
ပစ္စည်းများ အမြန်ဆုံး သေချာပြင်ဆင်ထုတ်ပိုးလိုက်ပြီးနောက် ဝိန်းရိဖန်က အိပ်ခန်းထဲမှထွက်လာခဲ့သည်။ အိမ်တံခါးဝဆီသို့ ပြေးပြီး ဖိနပ်စီးမည်အပြုတွင် အခုလေးတင် ပြန်ရောက်နေပုံသည့် စန်းရန်က ဆိုဖာထက်၌ထိုင်ပြီး ရေခဲရေသောက်နေသည်အား တွေ့လိုက်ရ၏။
ဤအချင်းအရာကြောင့် စန်းရန်က လှမ်းကြည့်ပြီး မတ်တပ်ထရပ်လာ၏။
"ထပ်ပြီး အချိန်ပိုဆင်းရဦးမှာလား"
"အင်း..နင် ပြန်ရောက်နေတာ ကြာပြီလား"
ဝိန်းရိဖန်က စကားစမြည်ပြောနေရန် အချိန်မရှိတော့သဖြင့် ဖိနပ်ကို အမြန်ဆုံးစီးနေရင်း တစ်ဖက်ကလည်း မှာစရာရှိသည်များကိုအဆက်မပြတ်ပြောနေလေသည်။
"နင် တစ်ချိန်လုံး ရေခဲရေတွေပဲသောက်မနေနဲ့..အစာအိမ်အတွက်မကောင်းဘူး..ငါ သွားတော့မယ်..နင် စောစောအိပ်ဦးနော်"
စန်းရန်က အနားသို့လျှောက်လာပြီး ထီးတစ်လက်ယူလာပေး၍
"အပြင်မှာမိုးရွာနေတယ်..ကိုယ့်ကိုကိုယ် လုံခြုံအောင်ဂရုစိုက်"
ဝိန်းရိဖန်က အသံတစ်ချက်ပြုလိုက်ပြီးနောက်တွင် ထီးကိုလှမ်းယူပြီး အပြင်ထွက်လာခဲ့လိုက်တော့၏။
ချန်ဝေ့ဟွာက သူမ၏အိမ်အဆောက်အဦးအောက်ဘက်တွင် ရောက်နှင့်နေပြီဖြစ်သည်။
အချိန်မှာကား မနက်ခင်း သုံးနာရီစွန်းစွန်း ၊ ဘယ်အချိန်ကတည်းကစ၍ မိုးရွာနေမှန်းလည်းမသိ ၊ လေထုမှာ ရေငွေ့များသိပ်သည်းထူထပ်နေပြီး ရေခဲများရောနှောနေသည့်အလား အေးစိမ့်နေလေသည်။ ခြေလှမ်းသုံးလေးလှမ်းစာလေးအတွက်ဖြင့်တော့ ဝိန်းရိဖန်က ထီးကိုင်ရမည်ကိုပျင်းရိလွန်းလှကာ အရှေ့ခန်းခုံပေါ်သို့ ပြေးဝင်လာပြီးသည့်အချိန်တွင်တော့ ခန္ဓာကိုယ်ပေါ်၌ရေများစိုလာပြီဖြစ်၏။
ဝိန်းရိဖန်က ချန်ဝေ့ဟွာအား နှုတ်ဆက်လိုက်၏။
နှစ်ယောက်စလုံးက အပိုစကားမဆိုတော့ဘဲ အခင်းဖြစ်ပွားရာနေရာဆီသို့ တိုက်ရိုက်မောင်းနှင်လာခဲ့သည်။
အရက်မူးပြီးယာဥ်မောင်းခြင်းကြောင့်ဖြစ်သည့် မတော်တဆမှုလေးတစ်ခုဖြစ်ကာ ထိခိုက်ဒဏ်ရာရသွားခြင်းမျိုးမရှိပါပေ။
ယာဥ်ပိုင်ရှင်က အာရုံစိုက်ပြီးမမောင်းခြင်းကြောင့်လား သို့မဟုတ် အခြားအကြောင်းပြချက်ကြောင့်လားမသိ ၊ ကားက လမ်းတားထားသည့်အကာအရံများကို ဝင်တိုက်ပြီး ဆောက်လုပ်ရေးအတွက် ကျွင်းတူးထားသည့်ချိုင့်နေရာထဲသို့ ကားတစ်ခြမ်းထိုးကျနေခြင်းဖြစ်သည်။ နှစ်ယောက်သားရောက်လာသည့်အချိန်တွင် ယာဥ်မောင်းသူအား ယာဥ်ထိန်းရဲအရာရှိများက ကယ်ထုတ်ထားပြီးပြီဖြစ်၏။
ချန်ဝေ့ဟွာက မှတ်တမ်းတင်ရိုက်ကူးနေသည့်အချိန်။
ဝိန်းရိဖန်က ယာဥ်ထိန်းရဲများထံသို့သွားပြီး အင်တာဗျူးအတွက်မေးမြန်းခွင့်ပြုမပြု စကားပြောကြည့်မည့်အချိန်တွင် ရုတ်တရက် ယာဥ်မောင်းသူ၏ရုပ်ရည်သွင်ပြင်ကို သတိထားမိလိုက်ပါတော့၏။
သူမ၏အမူအရာတို့ တင်းခနဲဖြစ်သွားရသလို မျက်ဝန်းများသည်လည်းရပ်တန့်မှင်သေသွားလျက်။
ထိုသူက 'ချယ်ရှင့်ဒယ်'။
နှစ်ပေါင်းများစွာ မတွေ့ဖြစ်ခဲ့သည့်လူ ၊ နောက်ဆုံးတစ်ခေါက်မြင်တွေ့လိုက်သည်မှာပင် ပေယွီဆေးရုံ၌ အဝေးမှ တစ်ချက်လှမ်းတွေ့လိုက်ရရုံလေး။ လူနှစ်ယောက်မှာ မျက်နှာချင်းဆိုင်တွေ့လိုက်ရသည်မဟုတ်သဖြင့် ဝိန်းရိဖန်၏စိတ်ထဲ၌ ထိုကိစ္စအား ရှိခဲ့သည်ဟု ထည့်ပင်ထည့်မတွက်ထားချေ။
ချယ်ရှင့်ဒယ်က အလွန်အကျွံသောက်ထားပုံရပြီး အရက်ရှိန်ကြောင့် မျက်နှာတစ်ပြင်လုံးနီမြန်းနေသည်။ သူသည် ဘေးနားတွင်ရပ်နေသောယာဥ်ထိန်းရဲ၏ပုခုံးကိုကိုင်ထားပြီး 'ကျွန်တော် အရက်မသောက်ထားဘူး' ဆိုသည့်ကြောင်တောင်တောင်နိုင်လှသောစကားတစ်ခွန်းအား အကြိမ်ကြိမ်အော်ပြောနေပုံအရ အသိစိတ်လည်းကပ်မနေတော့သည့်ပုံပါပင်။
ယာဥ်ထိန်းရဲအရာရှိမှာ စိတ်မရှည်တော့သည့်အလား ထိုလူအား တိုက်ရိုက်ဆွဲချုပ်ပြီး ကားထဲသို့ဆွဲခေါ်ထည့်ထားလိုက်တော့သည်။
ထိုလှုပ်ရှားမှုကြောင့် ချယ်ရှင့်ဒယ်က ဘေးသို့လွှဲရမ်းခံလိုက်သည့်အခါ သူ့အကြည့်များက ဝိန်းရိဖန်ဆီသို့ အမှတ်တမဲ့ဦးတည်လာခဲ့သည်။
လူနှစ်ယောက်၏အကြည့်တို့မှာ ထိပ်တိုက်ဆုံကြရင်း။
ချယ်ရှင့်ဒယ်၏ တိမ်ဖုံးသလိုမှုန်ဝေနေသည့်မျက်လုံးများက ချက်ချင်းကြည်လင်လာခဲ့ကာ အကြည့်များကလည်း ရုတ်ချည်းတောက်ပလာပြီး သူမအား လှမ်းခေါ်ချင်နေသည့်အလား။ နောက်စက္ကန့်ပိုင်းတွင်တော့ ယာဥ်ထိန်းရဲ၏ဆွဲချုပ်ခြင်းကိုခံလိုက်ရပြီး ကားထဲဝင်သွားရတော့၏။
ဝိန်းရိဖန် အကြည့်လွှဲလိုက်ရင်း မသိမယာတုန်ယင်နေသည့်လက်ချောင်းထိပ်များကိုလည်း ဆုတ်ကိုင်ထားမိလိုက်သည်။
Advertisement
ကျိန့်ခယ်ကျားပြောထားဖူးသည့်စကားအရ ချယ်ရှင့်ဒယ်သည်လည်း ဘကြီးတို့မိသားစုနှင့်အတူ နန်းဝူသို့လိုက်လာနိုင်လောက်မည့်အကြောင်းကိုလည်း ဝိန်းရိဖန် အကြမ်းဖျင်းခန့်မှန်းထားခဲ့သည်။ သို့သော် မျက်နှာချင်းဆိုင်ထိပ်တိုက်တွေ့လိုက်ရသည်အခါတွင်တော့ ထင်ထားသည့်အခြေအနေမျိုးနှင့်လုံးဝမတူ။
အိပ်ရေးပျက်ထားခြင်းကြောင့်လား ဒါ့မှမဟုတ် ညတုန်းကစားထားသည်များက အစာမကြေသေးခြင်းကြောင့်မသိ ဝိန်းရိဖန်တစ်ယောက် အနည်းငယ်ပျို့အန်ချင်စိတ်များ ဖြစ်လာပါတော့၏။
အောက်နှုတ်ခမ်းကို တင်းတင်းဖိထားရင်း ဤမကောင်းသည့်ခံစားချက်များကို လွင့်ထုတ်ပစ်ရန်ကြိုးစားနေလိုက်၏။ ချန်ဝေ့ဟွာ ဆီသို့ပြန်လာ၍
"လောင်ရှစ်..ယာဥ်ပိုင်ရှင်က စိတ်နဲ့ကိုယ်နဲ့သိပ်မကပ်တဲ့ပုံစံမျိုးဖြစ်နေတယ်..ကျွန်မတို့ ယာဥ်ထိန်းရဲနဲ့ပဲ စကားပြောကြည့်ကြမလား"
ချန်ဝေ့ဟွာက ဝိန်းရိဖန်၏အမူအရာကို သတိမထားမိဘဲ ခေါင်းသာငြိမ့်ပြလာခဲ့သည်။
"ရတယ်လေ..သိပ်လည်း မကွာပါဘူး..ပြီးရင်တော့ ငါတို့ ပြင်စရာရှိတာပြင်ဖို့အတွက် ဌာနကို ခဏလောက်ဝင်ရလိမ့်မယ်"
ဝိန်းရိဖန် ;
"ကောင်းပါပြီ"
ဌာနသို့ရောက်သည့်အခါ ဝိန်းရိဖန်က ရိုက်ကူးလာသည့်သတင်းအား တည်းဖြတ်လိုက်ပြီး မနက်ခင်းလွှင့်မည့်သတင်းအစီအစဥ်ထဲအမှီပါလာအောင် အမြန်ဆုံးလက်လွှဲပေးရ၏။ ဤအချိန်တွင် မိုးသောက်လင်းစပြုနေပြီဖြစ်ကာ သူမလည်း ပင်ပန်း၍အိပ်ချင်နေပြီဖြစ်သောကြောင့် အခြားလုပ်စရာမရှိတော့သည့်အတွက် အိမ်သို့သာ တန်းပြန်လာခဲ့သည်။
ချန်ဝေ့ဟွာကလည်း အိမ်ပြန်ဦးမည်ဖြစ်သဖြင့် သူမအား လမ်းကြုံလိုက်ပို့ပေးခဲ့သည်။
စန်းရန် နိုးသွားမည်ကိုစိုးရိမ်သောကြောင့် ဝိန်းရိဖန်က အိမ်တံခါးအား အသာအယာဖွင့်လိုက်၏။ အပြင်ဘက်တွင်သိသိသာသာကိုအေးစိမ့်လာခဲ့ခြင်းကြောင့် ဝိန်းရိဖန်က ရေနွေးတစ်ခွက်လောက်သောက်ရန်ဝင်လာသည့်အခါ မီးဖိုချောင်ထဲမှအသံများကို သတိထား၍ကြားမိလိုက်ရတော့၏။
သူမ ကြောင်အမ်းမိသွားသလို မီးဖိုချောင်ဆီသို့လည်း လျှောက်ဝင်လာခဲ့သည်။
စန်းရန်က ပန်းကန်တင်စင်အရှေ့၌ရပ်နေကာ လက်ဆေးနေ၏။ သူ့ပုံစံမှာ အိပ်ချင်နေသည့်ပုံပင်။ ဘေးနားရှိပေါင်းအိုးထဲ၌မူ ကြက်ဥနှင့်ဆန်ပြုတ်ပြုတ်နေခြင်းဖြစ်ရာ လက်ရှိအချိန်တွင် အိုးထဲမှ အသံ တပွက်ပွက်မြည်နေပြီး အငွေ့တထောင်းထောင်း။
ဝိန်းရိဖန် ;
"နင် ဘာလို့မအိပ်သေးတာလဲ?..ဒီနေ့က စနေနေ့လေ"
"အခုပဲ အိပ်တော့မှာ"
တစ်ညလုံး မအိပ်ထားခြင်းကြောင့်လားမသိ ၊ စန်းရန်၏အသံတို့က အနည်းငယ်ခပ်အုပ်အုပ်ဖြစ်နေပြီး မျက်ခွံများလေးလံနေလေကာ
"မင်း ဆန်ပြုတ်သောက်ပြီးရင် အိပ်မယ်"
"...."
စန်းရန်က တစ်သျှူးတစ်စကိုဆွဲယူပြီး ရေစိုနေသည့်သူ့လက်ကို သုတ်ရင်း ဝိန်းရိဖန်၏အမူအရာကိုလည်း လှမ်းအကဲခတ်နေ၏။ သူက ခပ်လျော့လျော့လေးကိုင်းလာပြီး သူမအား စိုက်ကြည့်၍
"ဘာဖြစ်လို့လဲ?..မကောင်းတာတစ်ခုခု ဖြစ်လာလို့လား?"
ဝိန်းရိဖန်က စကားတစ်ခွန်းမဆို ၊ သူ့ကိုသာ စိုက်ကြည့်နေ၏။
နန်းဝူမြို့၌ ချယ်ရှင့်ဒယ်ကို တွေ့လိုက်ရသည်မှာ ဝိန်းရိဖန်အတွက်တော့ စိတ်အခြေအနေတို့အား အဆိုးဆုံးထိရောက်အောင် တွန်းပို့ခံလိုက်သလိုမျိုးပါပင်။ မည်သည့်ကိစ္စမျိုးမှမဖြစ်သွားပါသည့်တိုင် သူမထံ၌ မကောင်းသည့်ခံစားချက်တို့ ဖြစ်တည်လာဆဲပင်ဖြစ်သည်။
အချိန်အကြာကြီး ဖုံးကွယ်သိုဝှက်ထားခဲ့သည့်ရန်လိုမုန်းတီးမှုများက နောက်ထပ်တစ်ဖန်ထွက်ပေါ်လာသည့်အတိုင်းပေ။
စန်းရန်က ဆက်၍မမေးတော့၏။
သူက လက်ကိုမြှောက်လာပြီး သူမ၏ဆံပင်တို့အား ဆွဲဖွပစ်ကာ ခွန်အားမှာယခင်ကအတိုင်းဖြစ်ပါသော်ငြား နှစ်သိမ့်ပေးသည့်အငွေ့အသက်တို့လည်း ပြင်းပြင်းပြပြပါဝင်နေခဲ့ပါသေးသည်။
ဤအခိုက်အတန့်တွင်
အတွေးလွန်နေသည့်ဝိန်းရိဖန်က အသိစိတ်တို့ကပ်သွားသည့်အလား ၊ သူမ၏ခန္ဓာကိုယ်ထက်မှ အေးစိမ့်နေခြင်းများဟာလည်း လွင့်ပျယ်သွားသည့်သဖွယ်။ နှုတ်ခမ်းကိုစေ့ထားမိရင်း အရှေ့သို့ရုတ်ချည်းမှီချလိုက်ကာ စန်းရန်အား ဖက်ထားလိုက်၏။
စန်းရန်က တစ်ခဏမျှတုံ့ခနဲဖြစ်သွားပြီး
"ဘာဖြစ်နေတာလဲ?"
"အရမ်းပင်ပန်းလို့.."
ဝိန်းရိဖန်က ခပ်တိုးတိုးလေးဖြင့်
"မလှုပ်ချင်တော့ဘူး"
"...."
စန်းရန်သည်လည်း လက်ကိုမြှောက်လာခဲ့ကာ သူမအား တိုက်ရိုက်ပွေ့ဖက်ထားလိုက်တော့၏။ အခြားလက်တစ်ဖက်က ပေါင်းအိုးခလုတ်ကိုလှမ်းပိတ်လိုက်၍
"ဒီလိုဆိုရင် မပင်ပန်းတော့ဘူးလား?"
ဝိန်းရိဖန်က သူ့ခန္ဓာကိုယ်ထက်မှရင်းနှီးလွန်းလှသည့်ရနံ့ကို ရှူရှိုက်ရင်း ခပ်တိုးတိုးလေးသာအသံပြုလိုက်၏။
သူနဲ့ အနီးလေးမှာပဲနေချင်တယ်..
သူ့ကို ဖက်ထားချင်တယ်..
နေ့တိုင်းနေ့တိုင်း သူနဲ့ပဲ အတူနေချင်တယ်..
ဒီလိုသာဆိုရင် အသက်ရှင်နေရတဲ့နေ့တိုင်းဟာ မျှော်လင့်ချက်တွေရှိလာခဲ့သလိုမျိုး..
သူမ ဟိုးအရင်ကလူတွေနဲ့ ထပ်ပြီးမတွေ့ဆုံချင်တော့ဘူး..
တစ်ယောက်လေးတောင်မှ ပြန်မတွေ့ချင်တော့ဘူး..
ဝိန်းရိဖန်က သူ့အား တဖြည်းဖြည်းနှင့်တင်းတင်းကြပ်ကြပ် ဖက်ထားမိလာရင်း ရုတ်တရက်ဆိုသလို ကျုံးစစ်ချောင်ပြောသွားသည့်စကားကိုလည်း အမှတ်ရလိုက်သည်။
--'နင် စန်းရန်ကိုဒေါသထွက်ပြမှာလား'
အတိတ်တုန်းက စန်းရန်အပေါ်ထိခိုက်အောင်လုပ်မိထားသည့် ကိစ္စများကို ပြန်တွေးကြည့်မိသည့်အခါ နှုတ်ခမ်းပါးတို့က လှုပ်ခနဲဖြစ်သွားသော်လည်း စကားလုံးတစ်လုံးပင်ပြောထွက်မလာပါချေ။
ထိုအရာများက သူမအတွက်တော့ နောက်တစ်ကြိမ် အစ ပြန်မဖော်ရဲသည့်ကိစ္စ။
စန်းရန်က စိတ်မကွက်၊စိတ်ထဲမထည့်သည်မှာ မဖြစ်နိုင်မှန်း သူမ သိနေပါသည့်တိုင်..
စန်းရန်က စိတ်မကွက်၊စိတ်ထဲထည့်ထားမှာကိုလည်း ကြောက်မိပြန်ပါသေးသည်။
သူမအပေါ်ဆက်ဆံပေးနေသည့် သူ့အကောင်းမြင်ခံစားချက်များက တဖြည်းဖြည်းပျောက်ကွယ်သွားမည်ကိုလည်း ကြောက်ပါသေး၏။
"အရင်ဆုံး ဆန်ပြုတ်သောက်လိုက်..ခဏနေရင် အေးသွားလိမ့်မယ်"
စန်းရန်က ရုတ်တရက်စကားဆိုလာ၏။ စကားသံတို့က ခပ်မြင့်မြင့်ဖြစ်သော်လည်း တလေးတနက်မဟုတ်သည့်အရိပ်အယောင်မျိုးများပါနေသေးသည်။
"ပြီးကျမှ ဖက်ချင်သလို စိတ်ကြိုက်ဖက်ထား..မင်းကိုဖက်ပြီး အိပ်ပေးရလည်းဖြစ်တယ်"
ဝိန်းရိဖန်က စန်းရန်အား မော့ကြည့်လိုက်၏။
"စန်းရန်"
စန်းရန် ;
"ဘာလဲ?"
ငါ ထပ်ပြီး အရင်ကလိုမျိုး မလုပ်တော့ဘူး..
ငါ မလုပ်တော့ဘူး..
ငါ နင့်အပေါ်မှာ အရမ်းကောင်းပေးမှာ..
ငါ နင့်ကို ထပ်ပြီး ထိခိုက်သွားအောင်လုပ်တော့မှာ မဟုတ်ဘူး..
အဲ့ဒါကြောင့်မလို့ ငါတို့ အခုလိုမျိုးလေးအတိုင်းပဲ အမြဲတမ်းနေသွားလို့ရမလား..
နင် ငါ့ကို အမြဲတမ်း အဖော်လုပ်ပေးနိုင်မလား..
စန်းရန်က တစ်ခဏမျှစောင့်နေသေးသော်လည်း ဝိန်းရိဖန်က စကားမပြောလာသည့်အတွက် စိတ်မရှည်တော့သလိုပင်။ အိပ်ချင်နေသည့်မျက်ခွံများအား အောက်သို့စိုက်ကြည့်လာပြီး
"ဒီအတိုင်း ကိုယ့်ကို ခေါ်ရုံပဲလား?"
ဝိန်းရိဖန်က စန်းရန်၏နှုတ်ခမ်းကို စိုက်ကြည့်နေရင်း
"မဟုတ်ဘူး"
စန်းရန် ;
"ဒါ..."
စကားပြောမဆုံးလိုက်ခင် ဝိန်းရိဖန်က စန်းရန်၏အင်္ကျီအားဆုတ်ကိုင်ကာ ရုတ်တရက် သူမရှိရာဘက်သို့ဆွဲခေါ်လိုက်၏။ စန်းရန်က ပြင်ဆင်ချိန်ပင်မရလိုက်ဘဲ သူမ၏လှုပ်ရှားမှုအတိုင်း ခန္ဓာကိုယ်က အရှေသို့ယိုင်ကျလာခဲ့သည်။
သို့သော် သူထံ၌ ရုန်းကန်ငြင်းဆန်လိုသည့်ဆန္ဒမျိုးမရှိ။
နှစ်ယောက်သားက အကြည့်ချင်းဆုံနေကြပြီး..
ဝိန်းရိဖန်က တံတွေးမျိုချလိုက်ကာ သတ္တိအားလုံးကိုစုစည်းလိုက်၍
"ငါ နင့်ကို နမ်းချင်လို့"
"...."
သူ့တုံ့ပြန်မှုကို မစောင့်ဘဲ ဝိန်းရိဖန်က ခြေဖျားကိုထောက် ၊ ခေါင်းကိုမော့ပြီး သူ့နှုတ်ခမ်းအား နမ်းရှိုက်လိုက်၏။
သူ့အင်္ကျီကိုဆုတ်ကိုင်ထားသည့်ခွန်အားမှာလည်း ပိုအားပါလာလျက်ဖြင့်။
တစ်ချက်လေးသာ နမ်းရှိုက်ပြီး နောက်ပြန်ဆုတ်သွားခဲ့ကာ...
နှစ်ယောက်သားက ဒုတိယအကြိမ် စက္ကန့်ပိုင်းမျှ အကြည့်ချင်းဆုံနေလိုက်ကြသည်။
ဝိန်းရိဖန်က အသက်ကိုအောင့်ကာ လည်ချောင်းရှင်းလိုက်ပြီးမှ
"ဒါဆို ငါ အရင်ဆုံးသွားနှင့်..."
မည်းနက်နေသောမျက်ဝန်းများနှင့်စန်းရန်က ဝိန်းရိဖန်၏လက်ကောက်ဝတ်ကိုဖမ်းဆွဲကာ အနားသို့ပြန်ဆွဲခေါ်လိုက်၏။ သူကိုယ်တိုင်က သူမ၏မျက်ဝန်းများထိ တိုးကပ်လာသဖြင့် သူ့နှာခေါင်းထိပ်မှာ သူမ၏နှာခေါင်းထိပ်လေးနှင့် ထိမိလုနီးနီး ၊ သူ့အသက်ရှူငွေ့များက ပတ်ပတ်လည်တစ်ခွင်လွှမ်းမိုးနေခဲ့ကာ ခြေတစ်လှမ်းစာ အလိုတွင် ရပ်သွားခဲ့သည်။
"ဒါကို နမ်းတယ်လို့ ခေါ်လို့လား?"
ဝိန်းရိဖန် ခေါင်းမော့ကြည့်နေမိကာ ဦးနှောက်တစ်ခုလုံးက လုံးလုံးလျားလျားဗလာကျင်းနေပါတော့သည်။
လူတစ်ယောက်လုံးက ပန်းကန်စင်ကိုမှီထားပြီး သူ့အရပ်မြင့်မြင့်ခန္ဓာကိုယ်ကြီးက သူမ၏တစ်ကိုယ်လုံးအား ရင်းနှီးလှသော ၊ သာယာလှသော သူ့ကိုယ်သင်းရနံ့များဖြင့် အုပ်မိုးထားနိုင်လေသည်။ မီးဖိုချောင်ထဲ၌ တမူထူးခြားစွာကို တိတ်ဆိတ်နေပြီး အပြင်ဘက်မှမိုးရေစက်များက ပြတင်းမှန်အား လာရိုက်ခတ်နေသည့်အသံကိုပင် အတိုင်းသားကြားနေရ၏။
"ဝိန်းရွှမ်းကျန့်"
စန်းရန်က ခပ်တိုးဖျဖျအသံတို့ဖြင့်
"ဒါက ကိုယ်တို့ ပထမဆုံးအကြိမ် နမ်းတာမဟုတ်တော့..."
"...."
စန်းရန် ခပ်တိုးတိုးရယ်လိုက်ပြီး
"ကိုယ့်ကို တာဝန်မဲ့အပျော်အပြက်ပါ လုပ်နေပြီလား?"
ဝိန်းရိဖန်က နားမလည်ချေ။
"အာ?"
"မင်းပြောကြည့်ပါဦး..ကိုယ့်ရဲ့ဒီအသက်လေးက ဘယ်လိုများရှင်သန်နေရတာလဲ?..မနက်ခင်းအစောကြီးမှာတောင် မင်းသဘောကျ အဖက်ခံရ အနမ်းခံရနဲ့.."
စန်းရန်က လက်ကိုမြှောက်လာကာ ဝိန်းရိဖန်၏ပါးပြင်အား လက်ချောင်းများဖြင့်ပွတ်သပ်၍
"ပြီးတော့..နမ်းတာတောင် ကောင်းကောင်းမနမ်းသွားဘူး"
"...."
Advertisement
- In Serial54 Chapters
Falling In Love With My Sugar Mommy
At first It was just for the money.Being kicked out at 18 for being gay and having no place to go was gonna seem like a hard life until Alexa receives a message and her whole world seems to change and within a few weeks she realizes just how screwed she is for falling for her sugar mommy.This book will contain smut, mentions of death, drugs, alcohol, self harm, I won't be consistent on putting a tw at the start of a chapter so please please read at your own risk.
8 163 - In Serial9 Chapters
Rooh-e-Hayaat روح حياة
Hamdaani Heirs #7The story of Shahveer and Ibtihaaj. Of love and pain. Of forgiveness and second chances. Of that leap of faith. Of becoming the soul of somebody's life.Rooh-e-Hayatروح حياة©All Rights Reserved
8 89 - In Serial7 Chapters
Enchanted (NatsumexMikan) [COMPLETE] - Short Story
Alice Academy Anniversary is a round the corner, mikan and her friends are preparing for the event.This is a series of songs and a drama.
8 116 - In Serial41 Chapters
Vaughn
Her eyes widen as she sucks in a deep breath, feeling the full length of me."Do you believe me now kitten?" I whisper. "It pains me as well."I continue to rub my dick with both our hands. "You make me so damn fucking hard."She brings her face closer, confidently massaging my erection on her own."Show me." She whispers. •••••••••••VAUGHN - MissBelleStories••••••••••••Hold onto your panties ladies, the Vaughn brothers are coming to town.**Please Note: The original story is DOUBLE TEMPTATION which can be found on Episode Interactive. It is played in Alexis POV. I have also published this mature version under VAUGHN on Episode Interactive. The major difference is that this version is narrated through Benjamin and Bradley. This version contains adult themes, strong sex scenes, strong language and is recommended for 18+.****PLEASE READ: This story does not include any supernatural beings. This is not a vampire or werewolf story and it also does not include any incest scenes. The VAUGHN twins do not share nor do they have sex with eachother.**
8 146 - In Serial66 Chapters
Double Booked | 509 Series Book 1
Practice makes perfect, and when you're fighting to be the best in your sport that is especially true. Ryder and Francesca are no exception. They are dedicated to their sport and refuse to let anything distracted. But when a scheduling conflict forces the two to share the ice, staying focused becomes just a little harder.TW// mentions to abuse & scenes of verbal abuse Top Ranks:FigureSkating- #1Hockey- #8Ice- #1College- #7Sports- #4Athlete- #4Wattpad- #8SlowBuild- #6 RivalstoLover- #2UniversityofMichigan- #1CollegeRomance-#1Slowburn-#7College hockey-#1Lovestory- #14
8 180 - In Serial38 Chapters
The Devil's Angel
Lucifer was born to be Satan's Fallen Angel. He knew that. Which was why he put up with the daily torment. It was why he didn't just end it all. He had a purpose, unlike the people who tried to make him miserable. Will Satan fall in love with his little angel?(This is a boyxboy book so...)
8 184

