《First Frost (Myanmar Translation)》Chapter 56
Advertisement
အချိန်ဆယ်မိနစ်ကျော်ကျော်ယူသည့်ကိစ္စပြီးသွားမှသာ မီးဖိုချောင်ထဲမှ ထွက်လာနိုင်ခဲ့သည်။
ဆန်ပြုတ်ပြန်နွေးနေသည့်စန်းရန်အား အဖော်မလုပ်ပေးတော့ဘဲ ဝိန်းရိဖန်က ဧည့်ခန်းထဲမှဆိုဖာဆီသို့ ထွက်လာခဲ့သည်။ ထူးထူးဆန်းဆန်းကိုခြောက်ကပ်နေသည့်နှုတ်ခမ်းပါးကိုခံစားမိနေရင်း တစ်ဖက်ကလည်း ခွက်ထဲ ရေအပြည့်ထည့်လိုက်သည်။ စိတ်သက်သာရာရသွားသည်နှင့်တပြိုင်နက် လွန်ခဲ့သောဆယ်မိနစ်ခန့်ကအဖြစ်အပျက်က ပြန်လည်မြင်ယောင်လာပါတော့၏။
စန်းရန်ပြောသည့်စကားအဆုံးတွင် ဝိန်းရိဖန်က သူ့အား အသံတိတ် ငေးစိုက်ကြည့်နေလိုက်သေးသည်။
နောက်တွင်တော့ စကားလုံးတစ်ခွန်းမဆို ၊ လက်နှစ်ဖက်ကိုမြှောက်ပြီး သူ့လည်တိုင်အား သိုင်းဖက်လိုက်ကာ အောက်သို့ဆွဲခေါ်လာခဲ့၍.....
ဤသို့ဤနှယ်တွေးကြည့်နေရင်း နောက်ထပ်ဖန်ခွက်ထဲသို့ ရေထပ်လောင်းထည့်နေလိုက်လေသည်။ နှုတ်ခမ်းပါးပေါ်မှ ပူနွေးပြီးထုံကျင်နေသည့်ခံစားချက်လေးမှာ အခုလေးတင်ရှိခဲ့သော ပြင်းပြင်းပြပြအနမ်းတစ်ခုအား လျစ်လျူရှူလိုက်ဖို့ရာ မတတ်နိုင်။
နောက်တစ်စက္ကန့်တွင်။
စန်းရန်က မီးဖိုချောင်ထဲမှထွက်လာပြီး ပျင်းတိပျင်းရွဲဖြင့်
"လာခဲ့တော့"
ဝိန်းရိဖန်က ရေခွက်ကိုချ ၊ မတ်တပ်ထရပ်ပြီး ထမင်းစားပွဲနားသို့လျှောက်လာလိုက်သည်။ အခုလေးတင် နှစ်ယောက်သားက တရင်းတနှီးပူးကပ်ဖလှယ်ထားကြသောအပြုအမူတို့ကြောင့် အနည်းငယ်လည်းနေမထိထိုင်မသာဖြစ်နေခဲ့ကာ ဝိန်းရိဖန်သည် လက်ရှိတင်္ဒဂလေး၌ စန်းရန်နှင့်မျက်လုံးချင်း မဆုံရဲပါချေ။
စန်းရန် ;
"ပန်းကန်လုံး သွားယူလာခဲ့"
ဝိန်းရိဖန်က မီးဖိုချောင်ထဲဝင်သွားပြီး ပန်းကန်ခွက်ယောက်များအား နှစ်ယောက်စာ ယူလာခဲ့သည်။ ထမင်းစားပွဲဆီသို့ပြန်ရောက်သည့်အခါ စန်းရန်နှင့်မျက်နှာချင်းဆိုင်သည့်အချိန်တွင်တော့ သူ့နှုတ်ခမ်းတစ်နေရာဟာ အကိုက်ခံထားရသဖြင့် အနည်းငယ်သွေးစို့နေကြောင်း တွေ့လိုက်ရ၏။
ဝိန်းရိဖန် ချက်ချင်း မျက်လွှာချလိုက်မိ၏။
စန်းရန်က သတိထားမိသေးပုံမရ။
ခပ်ဖြူဖြူအသားအရည်ဖြစ်သောကြောင့်လည်း ထိုအနီရောင်ကြီးက ပို၍ မြင်သာထင်သာရှိလွန်းနေ၏။
ဝိန်းရိဖန် သည်းညည်းမခံနိုင်တော့ဘဲ သူ့နှုတ်ခမ်းအား လှမ်း၍ထိတွေ့လိုက်တော့သည်။
စန်းရန်က သူမအား လှမ်းကြည့်လာ၏။
"?"
ထိုအမှတ်ရာက အနည်းငယ်မှိန်ဖျော့သလို ရှိသွားခဲ့သဖြင့် ဝိန်းရိဖန် လက်ပြန်ရုတ်လိုက်ရင်း
"တစ်ခုခု ပေနေလို့"
နောက်စက္ကန့်ပိုင်းတွင်။
စန်းရန်က အဓိပ္ပါယ်ပါပါဖြင့်
"ဘာများ ပေနေနိုင်တာလဲ?"
"...."
"ကိုယ် ခုဏတုန်းက ဘယ်နေရာကို ထိနေခဲ့တာပါလိမ့်"
စိတ်ထင်ခြင်းသက်သက်ကြောင့်လားမသိ ၊ ဝိန်းရိဖန်၏နှုတ်ခမ်းပါးများ နောက်တစ်ကြိမ်ပူနွေးလာရပြန်သည်။မျက်လွှာကို အောက်ချပြီး တည်တည်ငြိမ်ငြိမ်ဖြင့်
"ဒီအတိုင်း အချဥ်ရည်တွေ သတိမထားမိဘဲပေသွားတာ..ငါ သုတ်ပေးလိုက်ပြီ"
သို့သော်တွေးကြည့်မိလိုက်သေးသည်မှာ သူမ၏နှုတ်ခမ်းကိုလည်း စန်းရန် ထိသွားခဲ့သေးသည်မဟုတ်လား။
ဝိန်းရိဖန် မော့ကြည့်လိုက်လျှင်။
စန်းရန်က နှုတ်ခမ်းကိုကွေး၍ပြုံးပြနေလေပြီး အေးအေးလူလူဖြင့်
"မင်းလည်း ပေနေတယ်"
"...."
သူ ဆိုလိုချင်သည်အား ဝိန်းရိဖန် ချက်ချင်းနားလည်လိုက်၏။ ရုတ်ချည်းဆိုသလို အပူလှိုင်းများက မျက်နှာပြင်တစ်လျှောက်ဖြတ်ပြေးသွားသည့်နှယ်။
ရေသောက်များသွားခြင်းကြောင့်လား ဘာကြောင့်လား သေချာမသိ ၊ သို့သော်လက်ရှိအချိန်တွင် ဝိန်းရိဖန်သည် အနည်းငယ်မျှပင် ဗိုက်ဆာနေခြင်းမရှိဘဲ ပန်းကန်လုံးတစ်ဝက်စာမျှသာ သောက်လိုက်ပြီးနောက် သူ့ဘေး၌ထိုင်နေရင်း အချိန်တိုင်းနီးပါး သူ့နှုတ်ခမ်းကိုသာလှမ်းလှမ်းကြည့်နေသည်။
ဟုတ်ပါ၏ ၊ ခိုးကြောင်ခိုးဝှက်လေးဖြင့်။
သူမ၏အပြုအမူများအား စန်းရန်က သတိမထားပါပေ။ တစ်ခဏ၌ သူ့ကိုယ်သူ မှန်ထဲပြန်ကြည့်ပြီး ထိုဒဏ်ရာအား သူ မြင်သွားသည့်အခါ သူမအနေဖြင့် ဘာပြောရတော့မည်မှန်းလည်းမသိ။
အချိန်မှာလည်း မိုးလင်းဖို့ရာသိပ်မလို့တော့သဖြင့် စန်းရန်က
"စားပြီးရင် သွားအိပ်တော့..ခဏနေကျရင် အလုပ်သွားရဦးမှာမလား"
သူနှင့် အတူတူထိုင်ပြီး စကားမပြောဖြစ်ခဲ့သည်မှာ ရက်ပိုင်းမျှကြာလာခဲ့ပြီဖြစ်သဖြင့် ဝိန်းရိဖန်က တစ်ခဏကြာကြာ သူ့အနားတွင်နေချင်ပါသေးသည်။ ခေါင်းငြိမ့်ပြလိုက်သော်လည်း ထထွက်လာမည့်အရိပ်အယောင်မျိုးမရှိ ၊ ခပ်တည်တည်ဖြင့်သာ ထိုင်ပြီး သူ့အား စိုက်ကြည့်နေလိုက်သည်။
နှုတ်ခမ်းပေါ်မှဒဏ်ရာသေးသေးလေးမှာ သွေးတိတ်သွားပြီဖြစ်၍ ခုဏကလောက် မသိသာတော့ပေ။ ထိုအချင်းအရာကိုကြည့်နေရင်း ဝိန်းရိဖန်တစ်ယောက် သူမ၏နှုတ်ခမ်းပေါ်တွင်ရော ယခုလိုဒဏ်ရာမျိုးရှိမရှိကို သိချင်လာမိတော့၏။
နာကျင်နေသည်မျိုးတော့ မရှိပါပေ။
နမ်းရှိုက်လာသည့်ခွန်အားက အားပြင်းပြင်းရှိလှပြီး ဆံပင်များကိုဆွဲဖွသွားသည့်ခွန်အားမျိုးနှင့်အတူတူပင်။
သို့သည်တိုင် သူမအား အလွန်အကျွံနာကျင်သွားစေခြင်းမျိုးတော့ မဟုတ်၏။
စက္ကန့်ပေါင်းများစွာ ကြာပြီးနောက်၌။
စန်းရန်က လက်ထဲမှ တူကို ဘေးချလိုက်ပြီး အနောက်ဘက်သို့မှီလိုက်၏။
"ဝေ့..မင်း ဘယ်လောက်ကြာကြာကြည့်နေဦးမှာလဲ?"
ဝိန်းရိဖန် ထိုအခါတွင်မှ စိတ်နှင့်ကိုယ် ကပ်သွားရလျက်။
စန်းရန် ; "ဆက်လုပ်ချင်သေးလို့လား?"
"...."
သူမ၏အဖြေစကားကိုမစောင့်ဘဲ စန်းရန်က ဝိန်းရိဖန်အား ရင်ခွင်ထဲသို့ဆွဲထည့်လိုက်ကာ နှုတ်ခမ်းကို အသာအယာထိတွေ့လိုက်၏။ သူက အနောက်သို့အနည်းငယ်မျှ ပြန်ဆုတ်သွားပြီး ခပ်တိုးတိုးရယ်သံတို့ဖြင့် မှတ်ချက်ပြုလာခဲ့သည်။
"မင်း အနမ်းပေးတဲ့စကေးက ညံ့လိုက်တာ..ကိုယ့်ကိုနာအောင်အရမ်းလုပ်တာပဲ"
ဝိန်းရိဖန်က နှုတ်ခမ်းကိုဟ၍
"ငါက အခုမှ..."
စန်းရန်က သူမ၏စကားကို တိုက်ရိုက်သာ ဖြတ်ပြောလိုက်၏။
"များများလေ့ကျင့်ရမှာ.."
နောက်တစ်စက္ကန့်တွင်မူ သူ့နှုတ်ခမ်းနှင့်လျှာဖျားတို့က နောက်တစ်ကြိမ်ရောက်ရှိလာက သူမအား အတင်းကာရောလွှမ်းမိုးလာပြန်ပါတော့သည်။
အိပ်ခန်းထဲသို့ ပြန်ရောက်လျှင်ရောက်ချင်း ဝိန်းရိဖန် ပထမဆုံးလုပ်မိသည့်အရာမှာ မှန်ရှေ့သို့ပြေးပြီး ကိုယ့်ကိုကိုယ်ကြည့်လိုက်ခြင်းပင်။ သဘာဝအတိုင်းပန်းရောင်သန်းနေသည့်နှုတ်ခမ်းပါးက လက်ရှိအချိန်၌ အနီရောင်ရင့်ရင့်ဖြင့်ဖူးယောင်နေရလျက်။
ပွန်းပဲ့ထားသည့်ဒဏ်ချက်များက ပြင်းထန်လှပါသည့်တိုင်...
စန်းရန်၏ဒဏ်ရာလောက်တော့ မပြင်းထန်သေးပါချေ။
ဝိန်းရိဖန် နှုတ်ခမ်းစေ့ထားမိရင်း သူမ၏ခေါင်းအစ ခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးက စန်းရန်၏အသက်ရှူငွေ့များဖြင့် တရင်းတနှီးကပ်တွယ်နေပြီဖြစ်ကြောင်းကို ခံစားမိလိုက်ရတော့သည်။ လုံးလုံးလျားလျားအိပ်ပစ်ချင်နေပါသည့်ကြား သိပ်မကြာသေးခင်က ချစ်သူများနေ့အတွက် လက်ဆောင်ဝယ်ထားသေးသည်အား ရုတ်တရက်အမှတ်ရလိုက်၏။
အိပ်ရာဘေးရှိ စားပွဲပေါ်၌ တင်ထားခြင်းဖြစ်ရာ ဘူးကိုဖွင့်ကြည့်လျှင် အတွင်းထဲ၌ ဒီဇိုင်းဆင်တူသည့်လက်ပတ်နှစ်ခု ရှိနေ၏။
ဝိန်းရိဖန်က မျက်တောင်တစ်ချက်ခတ်ရင်း လက်ပတ်တစ်ခုအား သူမ၏လက်၌ဝတ်ထားလိုက်သည်။ အိပ်ရာနိုးပြီး အလုပ်ပြန်သွားသည့်အချိန်တွင် စန်းရန်က အိပ်ရာထလောက်ဦးမည်မဟုတ်သည့်အကြောင်း တွေးမိကာ ညဘက်၌ အချိန်ပိုဆင်းရနိုင်ချေမှာလည်း မသေချာမရေရာသည့်အတွက်....
အင်္ကျီလက်ရှည်ကို အောက်ထိဆွဲချပြီး လက်ပတ်ကြိုးကိုကွယ်ဝှက်ထားလိုက်ကာ အိပ်ခန်းထဲမှထွက်လာခဲ့သည်။
Advertisement
ဧည့်ခန်းထဲ၌ လူအရိပ်အယောင်မရှိ။
စန်းရန်က သူ့အိပ်ခန်းထဲ ဝင်သွားပုံရသည်။
ဝိန်းရိဖန်က သူ့အခန်းရှေ့သို့ရောက်လာပြီး ချိတုံချတုံဖြင့် တံခါးခေါက်လိုက်၏။
စန်းရန်၏အသံမှာ ချက်ချင်းတုံ့ပြန်လာ၍ ;
"တံခါးလော့ခ်မချထားဘူး"
တံခါးလက်ကိုင်အားလှည့်ဖွင့်ပြီး ခပ်သေးသေးလေးသာ တံခါးကိုဟပြီး အတွင်းထဲလှမ်းကြည့်လိုက်၏။ စန်းရန်က အိပ်ရာပေါ်၌လှဲအိပ်နေခြင်းဖြစ်ပြီး ခေါင်းရေးရေးစောင်းလာကာ သူမဘက်သို့ကြည့်နေ၍
"နောက်ဆိုရင် ဒီအတိုင်း တန်းဝင်လာလို့ရတယ်"
ဝိန်းရိဖန်က တံခါးကိုပိတ်လိုက်ရင်း ခန္ဓာကိုယ်အနောက်ဘက်၌ လက်ဆောင်အိတ်ကိုကိုင်ထားရင်း
"နင် အင်္ကျီလဲနေတာတို့ဘာတို့ ဖြစ်နေမှာစိုးလို့"
စန်းရန်က အရေးပင်မရိုက်သည့်အလားဖြင့်
"အဲ့တော့ရော ဘာဖြစ်လဲ?"
သူမ၏စကားလုံးတို့ကိုပင်မစောင့်ဘဲ စန်းရန်က ဆက်၍
"မင်း အရမ်းကို..."
ဝိန်းရိဖန် ;
"အမ်?"
စန်းရန်က မနှေးမမြန်ဖြင့်
"ကြမ်းတမ်းလွန်းတာပဲ"
"...."
စန်းရန်သည် သူ့နှုတ်ခမ်းထောင့်နားလေးမှဒဏ်ရာအား မြင်ပြီးသွားပြီဖြစ်မှန်း ဝိန်းရိဖန် ချက်ချင်းသဘောပေါက်နားလည်လိုက်၏။ သူ့နှုတ်ခမ်းအား အလိုလိုလှမ်းကြည့်မိရင်း ပြောသင့်သည့်စကားတစ်ခွန်းအား အချိန်အကြာကြီးတွေးနေပါသည့်တိုင် ဝါကျတစ်ကြောင်းတည်းသာ ထွက်လာခဲ့၏။
"နောက်ဆိုရင် ငါ ငြင်သာပေးပါ့မယ်"
"...."
စန်းရန်က သူမအားလှမ်းကြည့်နေရင်း စက္ကန့်ပိုင်းကြာအောင်ရယ်နေပါတော့၏။
ညသုံးနာရီကျမှအိမ်ပြန်ရောက်လာခဲ့သလို မနက်အစော၌လည်းဘယ်အချိန်ကတည်းကထပြီး ဆန်ပြုတ်ချက်နေမှန်းမသိသည့်အတွက် ဝိန်းရိဖန်က စန်းရန်အား အချိန်ယူမနှောင့်ယှက်တော့ရန် တွေးထားလိုက်၏။ သူမ အိပ်ရာဘေး၌ ဝင်ထိုင်လိုက်ပြီး လက်ဆောင်အိတ်အား စန်းရန်ထံလှမ်းပေးလိုက်၏။
"နင့်အတွက်.."
စန်းရန်က ခပ်မတ်မတ်ထိုင်လိုက်ပြီး မျက်ခုံးပင့်မြှောက်ပြကာ
"ဘာပစ္စည်းလဲ?"
"ချစ်သူများနေ့အတွက်လက်ဆောင်"
"အို့.."
သူ့နှုတ်ခမ်းစွန်းက ခပ်ရေးရေးလေးကော့တက်သွားပြီး လှမ်းယူလိုက်၏။
"အခုဖွင့်ကြည့်လို့ရလား"
"ရတယ်"
စန်းရန်က အိတ်ထဲမှ ဘူးကိုထုတ်ယူလိုက်၏။ ဘူးကိုဖွင့်ကြည့်လိုက်လျှင် အတွင်းထဲ၌ အနီရောင်လက်ပတ်ပါးပါးလေးတစ်ခုရှိနေပြီး နှင်းပွင့်သဏ္ဍာန်ဆွဲသီးတစ်ခုဖြင့် အလှဆင်ထား၏။
စန်းရန်က ထုတ်ယူလိုက်ပြီး တစ်ခဏမျှ စိုက်ကြည့်နေကာ နောက်တွင်တော့ ဝိန်းရိဖန်ဘက်သို့လှည့်၍ ရယ်ချင်နေသည့်အမူအရာတို့ဖြင့်
"မင်း ဘာဖြစ်လို့များ ဒီလိုမိန်းကလေးဝတ်ပစ္စည်းတွေ ကိုယ့်ကိုဆင်ပေးနေရတာကို အရမ်းသဘောကျနေရတာလဲ"
"...."
အဲ့လိုကြည့်လိုက်ပြန်တော့လည်း ဟုတ်နေတာပဲ။
ဝိန်းရိဖန်က ခေါင်းမာမာဖြင့်
"နင် ဝတ်လိုက်ရင် မိန်းကလေးမဆန်တော့ဘူးလေ"
နှင်းပွင့်သဏ္ဍာန်အလှဆင်ဆွဲသီးကိုကြည့်ပြီး စန်းရန်က တမင်သက်သက်မေးမြန်းလိုက်၏။
"ဒီနှင်းပွင့်က ဘာအဓိပ္ပါယ်လဲ?"
ဝိန်းရိဖန်၏မျက်နှာလေး ရဲခနဲပူနွေးသွားရသော်ငြား အမှန်တိုင်းဖြေပေးလာခဲ့ပါသေးသည်။
"ရွှမ်းကျန့်"
စန်းရန်သည် စိတ်အခြေအနေအတော်လေးကောင်းနေပုံရကာ သူမအရှေ့သို့ လက်ဆန့်ထုတ်ပေးလာ၍
"မင်းရဲ့ကောင်လေးကို ဝတ်ပေးပါဦး"
ဝိန်းရိဖန်က ပြောသည့်အတိုင်းလိုက်လုပ်ပေးသည့်အချိန် ၊ ဤအခိုက်အတန့်တွင် သူမ၏လက်ကောက်ဝတ်၌ဝတ်ထားသည့်လက်ပတ်မှာ မြင်သာသည့်နေရာသို့လျှောကျလာခဲ့၏။
စန်းရန်၏မျက်တောင်များ ဖြတ်ခနဲလှုပ်ရှားသွားကာ သူမ၏လက်ကောက်ဝတ်အား အသိမပေးဘဲဖမ်းဆုတ်လိုက်ပြီး အင်္ကျီလက်ရှည်အား အပေါ်ပင့်တင်လိုက်၏။ သူမသည်လည်း ဒီဇိုင်းဆင်တူဖြစ်သည့်လက်ပတ်ကိုဝတ်ထားကာ အောက်နားလေးရှိအလှဆင်ဆွဲသီးပုံစံကသာ ကွာခြားသွားခဲ့၏ - Mulberry သစ်ရွက်သဏ္ဍာန်။
( Mulberry - ပိုးစာပင်။
စန်းရန်နာမည်က စန်း '桑' ဆိုတဲ့စကားလုံးက Mulberry '桑' နဲ့ စာလုံးချင်းတူပါတယ် )
နှစ်စက္ကန့်နီးနီးစိုက်ကြည့်နေပြီးနောက် ခပ်ရေးရေးလေး ထပ်ပြုံးလိုက်၍
"စုံတွဲဝတ်လား?"
ဝိန်းရိဖန်က အောက်နှုတ်ခမ်းအား အသာအယာကိုက်ထားမိရင်း
"ဟုတ်တယ်"
စန်းရန်က မေးဖျားကိုကိုင်ထားရင်း တစ်ကိုယ်တည်းပြုံးနေမိကာ လက်ချောင်းထိပ်များက သူမ၏လက်ကောက်ဝတ်ကို ပွတ်သပ်နေလိုက်၏။
"ဒီနေ့တော့ ကိုယ် ကျေကျေနပ်နပ်နဲ့ကို မိန်းကလေးဆန်ပေးလိုက်ဦးမယ်"
"...."
နောက်တွင် စန်းရန်က မျက်လုံးဖြင့် အချက်ပြ၍
"လက်ဆောင်က စာအုပ်စင်ပေါ်မှာ..ကိုယ့်ဘာသာကိုယ် သွားယူ"
ဝိန်းရိဖန် မျက်တောင်တစ်ချက်ခတ်၍ မတ်တပ်ထရပ်ကာ စာအုပ်စင်ဘက်သို့လျှောက်လာလိုက်၏။ အများကြားထဲမှ ဘူးလေးတစ်ဘူးအား တစ်ချက်တည်းဖြင့်မြင်နေရသည်။ ဘူးပေါ်ရှိ ဖဲပြားကြားတွင် ကဒ်တစ်ခုကိုပါ တွဲချည်ထားကာ ကဒ်ပေါ်၌ အင်္ဂလိပ်စကားလုံးများ ရေးသားထား၏။
ယောက်ျားလေး၏လက်ရေးပုံစံတို့က ရင်းနှီးခဲ့ဖူးသည့်အရင်ကအတိုင်းပင်။ စာရေးသည့်ခွန်အားက စာရွက်ကိုဖောက်ထွက်လုမတတ်ဖြင့် သူ၏အမူအကျင့်များကဲ့သို့ ပိုင်စိုးပိုင်နင်းနှင့်မထီမဲ့မြင်ပြုနေသည့်နှယ်။
--- To First Frost.
ဝိန်းရိဖန်က ကဒ်ပေါ်ရှိစာလုံးကိုဖတ်ကြည့်ပြီးနောက် တစ်ဖက်သို့ပြန်လှည့်လာ၍
"အခု ဖွင့်ကြည့်လို့ရလား?"
စန်းရန်က ပြုံးနေရင်း
"ရတယ်"
သူမ ဖွင့်ကြည့်လိုက်လျှင်..
အတွင်းထဲ၌ အသံသွင်းဖောင်တိန်တစ်ချောင်း။
"မင်းရဲ့အသံသွင်းလို့ရတဲ့ဖောင်တိန်က သိပ်မကောင်းတော့ဘူးလို့ အရင်ကပြောဖူးတယ်လေ.."
စန်းရန်၏စကားလုံးတို့က အဓိပ္ပါယ်တစ်ခုခုကို သယ်ဆောင်လာသည့်အသွင်
"ဒါပေမယ့် ဒီပစ္စည်းကို ဘယ်လိုသုံးရမယ်မှန်း ကိုယ် သေချာမသိဘူးဖြစ်နေတာ..အသံသွင်းပြီးသွားရင် ကွန်ပြူတာနဲ့ချိတ်ပြီးမှ ပြန်နားထောင်ကြည့်လို့ရတာလား?"
"မဟုတ်ဘူး.."
ဝိန်းရိဖန်က မသိလိုက်ပါဘဲ ရှင်းပြချင်သည့်အနေဖြင့်
"ဒီနားလေးကို ဖိလိုက်ရင် တန်းပြီး..."
စကားမဆုံးခင် ဝိန်းရိဖန်က အခြေအနေကိုသဘောပေါက်သွားခဲ့ကာ စန်းရန်အား လှမ်းကြည့်လိုက်ရင်း ကျန်နေသေးသည့်စကားလုံးများကို မျိုချပစ်လိုက်တော့သည်။
"အို့..ဒီတစ်ခုက..အဲ့လိုဟုတ်မယ်ထင်တယ်..ကွန်ပြူတာနဲ့ချိတ်ပြီးမှ ရမှာ.."
စန်းရန် ;
"အဲ့လိုလား.."
"...."
"ဒါဆို ပြန်ရောက်ပြီးရင် စမ်းကြည့်ဖို့မမေ့နဲ့နော်"
စန်းရန်က ဆက်၍
"တစ်နေရာရာက မကောင်းတာမျိုးဖြစ်နေရင် ပြန်လဲလို့ရအောင်"
မရှင်းမလင်းဖြင့်ပြောပြနေသည်မှာ လုံလောက်လေပြီ။ ဝိန်းရိဖန်က အခုချက်ချင်း ပြန်သွားပြီး သူ အသံသွင်းထားသည့်အရာကိုနားထောင်ချင်လှပြီဖြစ်သည့်အတွက်လည်း ချက်ချင်းခေါင်းငြိမ့်ပြလိုက်သည်။ သူမ၏အိပ်ခန်းဆီသို့ ပြန်တော့မည်အပြုတွင် စာအုပ်စင်ပေါ်မှ ဇာတ်ပုံအယ်ဘမ်တစ်ခုအား အမှတ်တမဲ့မျက်မှန်းတန်းမိသွားခဲ့၏။
Advertisement
ဝိန်းရိဖန်က ထိုအယ်ဘမ်ပေါ်၌ အာရုံရောက်သွားခဲ့ပြီး လှမ်းယူကြည့်လိုက်၏။
"ဒါက ဘာလဲ?"
စန်းရန် တစ်ချက်လှမ်းကြည့်လိုက်သော်ငြား ထိုအယ်ဘမ်က ဘယ်အချိန်တုန်းကသယ်လာခဲ့မိမှန်း စဥ်းစားမရချေ။
"တက္ကသိုလ်ဘွဲ့ရတုန်းက ဓါတ်ပုံတွေ"
ဤစကားကိုကြားလိုက်သည့်အခါ ဝိန်းရိဖန် တုံ့ခနဲဖြစ်သွားပြီးမှ စကားဆက်ဆိုလိုက်၏။
"ငါ ကြည့်ကြည့်လို့ရလား"
စန်းရန်က တဖန်မျက်လုံးပင့်ကြည့်လာကာ အသာအယာခေါင်းငြိမ့်ပြလာသည်။ သူက အထက်စီးမှအုပ်မိုးကြည့်နေသည့်အမူအရာဖြင့်
"ကိုယ့်အတွက်တော့..မင်းကို မပြနိုင်တဲ့နေရာမျိုး တစ်နေရာမှမရှိဘူး"
"...."
ဝိန်းရိဖန်က မော့ကြည့်လာလေပြီး
"အခြားဟာတွေကတော့..."
ချောင်းတစ်ချက်ဟန့်လိုက်ကာ ဆက်၍
"နောက်မှပဲ ကြည့်တော့မယ်"
"...."
ဝိန်းရိဖန်က စန်းရန်အနားသ်ု့ ပြန်လျှောက်လာကာ အယ်ဘမ်စာအုပ်အားဖွင့်ကြည့်လိုက်သည်။
ပထမဆုံးစာမျက်နှာမှာ အုပ်စုလိုက်ဓါတ်ပုံ။
ဝိန်းရိဖန်က စန်းရန်အား တစ်ချက်ကြည့်ရုံဖြင့် ရှာတွေ့သွားခဲ့၏။ သူက အနက်ရောင်ဘွဲ့ဝတ်စုံကိုဝတ်ထားပြီး နောက်ဆုံးတန်း၌မတ်တပ်နေလျက် ၊ အခြားသူများအားလုံး ပြုံးနေကြပါသည့်တိုင် သူက မေးဖျားကိုခပ်မြင့်မြင့်မြှောက်ပြီး စိတ်မရှည့်တော့သည့်မျက်နှာမျိုးဖြစ်နေကာ ကြည့်ရသည်မှာ ဓါတ်ပုံရိုက်ဖို့ရာအတွက် တစ်ယောက်ယောက်က သူ့အား ဆွဲခေါ်ထားသည့်ပုံပါပင်။
တစ်ခဏကြာကြာကြည့်နေပြီးနောက်တွင်တော့ ဝိန်းရိဖန်က မနေနိုင်အောင် ပြုံးမိလိုက်တော့သည်။
စန်းရန်က ကုတင်ခေါင်းရင်းကိုမှီထားရင်း ပြုံးနေသည့်ဝိန်းရိဖန်အား လှမ်းကြည့်နေကာ တစ်ခဏအကြာ၌ တစ်ခုခုကိုအမှတ်ရသွားသည့်ပုံစံဖြင့် စကားဆိုလာ၏။
"နှစ်သစ်ကူးပြီးရှစ်ရက်နေ့ ညကျရင် အားလား"
ဝိန်းရိဖန်က အလျင်းသင့်သလိုပြန်ဖြေလိုက်သည်။
"သေချာမသိသေးဘူး..ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး..ချန်ဖေး မင်္ဂလာဆောင်..မင်း အားတယ်ဆိုရင် အတူတူသွားမလို့"
ချန်ဖေး မင်္ဂလာဆောင်။
စန်းရန်၏သူငယ်ချင်းမိတ်ဆွေများစွာလည်း လာကြမည်မှာအသေအချာ။
ဝိန်းရိဖန်က ထိုအခါတွင်မှ ခေါင်းမော့ကြည့်လာ၍
"ကောင်းပြီလေ..ငါ အချိန်ကိုသေချာတွက်ကြည့်ထားလိုက်မယ်"
စကားပြောပြီးနောက်တွင် ဝိန်းရိဖန်က အယ်ဘမ်အားဆက်၍ ကြည့်နေ၏။
သူမက အကြည့်တစ်ချက်ရွေ့လိုက်ရင်း စန်းရန်၏စကားကြောင့်လည်း သူ့ဘေးနား၌ရပ်နေသည့် ချန်ဖေးနှင့်အတူ အခြားတစ်ဖက်ရှိ ယောက်ျားလေးကိုပါ သတိထားကြည့်မိလိုက်သည်။ ယောက်ျားလေးက စန်းရန်နှင့် မတိမ်းမယိမ်းအရပ်မြင့်ပြီး မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းများရှိသည့်အပြင် ခပ်ရေးရေးလေးပြုံးနေခြင်းကြောင့် သူ့ပုံစံမှာ သိမ်မွေ့ငြင်သာတတ်မှန်း သိသာနေသည်။
သူတို့နှစ်ဦးသား ယှဥ်တွဲရပ်နေကြသည့်အခါ တစ်ဖက်လူ၏အာရုံကို ဖြတ်ခနဲဖမ်းစားလိုက်နိုင်သလိုမျိုးပင်။
ထိုအချင်းအရာကြောင့် ဝိန်းရိဖန်က ကျုံးစစ်ချောင်ပြောပြဖူးသည့်ကောလဟလကို ချက်ချင်းအမှတ်ရလိုက်ကာ သုံးလေးကြိမ်ခန့်လည်း ပို၍ကြည့်လိုက်မိ၏။ အောက်သို့ကြည့်လိုက်လျှင်မူ နာမည်များအစဥ်ရေးထားကာ ထင်ထားသည့်အတိုင်း 'စန်းရန်' ၏ဘေးနေရာ၌ 'သွမ့်ကျားရွှီ' ဆိုသည့်စကားလုံးကို တွေ့လိုက်ရသည်။
အချိန်ကြာကြာကြည့်နေခြင်းကြောင့်လည်း စန်းရန်က သူမနှင့်အတူကြည့်ပေးရန် ပုံမှန်အတိုင်းအနားသို့ရောက်လာခဲ့၏။
"ဘာကြည့်နေတာလဲ"
ဝိန်းရိဖန်က သွမ့်ကျားရွှီ၏ပုံကို ထောက်ပြ၍
"ဒီတစ်ယောက်က သွမ့်ကျားရွှီလား"
စန်းရန်၏မျက်ဝန်းများ မသိမသာမှေးကျဥ်းသွားခဲ့၏။
"ဟမ်?"
ဝိန်းရိဖန် ;
"တော်တော်လေး ချောတယ်နော်"
"...."
ပတ်ဝန်းကျင်တစ်ခွင် တိတ်ဆိတ်သွားခဲ့တော့၏။
ဝိန်းရိဖန်က မူမမှန်အရာကို မခံစားမိ ၊ နောက်တစ်မျက်နှာသို့လှန်ပြီး အခြားဓါတ်ပုံများထဲမှ စန်းရန်ကို ကြည့်မည်အပြုတွင် ဘေးတွင်ရှိနေသည့်အမျိုးသားက သူမ၏လှုပ်ရှားမှုများကို လက်တစ်ဖက်တည်းဖြင့် ဖိနှိပ်လာခဲ့သည်။
သူမ မော့ကြည့်မိလိုက်ရာ..
စန်းရန်၏နှုတ်ခမ်းပါးက မျဥ်းဖြောင့်လိုတပြေးတည်း ၊ ခံစားချက်မဲ့နေသောစကားသံဖြင့်
"ကိုယ် သေချာမကြားလိုက်ရဘူး.."
"အာ?"
"ဘယ်သူက ချောတာ?..မင်း နောက်တစ်ခေါက်လောက် ထပ်ပြောပါဦး"
ဝိန်းရိဖန် ရုတ်ချည်း ပါးစပ်ပိတ်ထားမိလိုက်တော့သည်။
"အဲ့တော့..မင်း ကိုယ့်ရဲ့ဘွဲ့ရဓါတ်ပုံအယ်ဘမ်ကိုယူပြီး ဒီလောက်အကြာကြီးကြည့်နေခဲ့တာက..."
စန်းရန်က သုံးလေးစက္ကန့်မျှရပ်သွားပြီးမှ ဒေါသထွက်ထွက်ဖြင့်ရယ်လိုက်ပြီး
"ကိုယ့်ကို ကြည့်နေတာမဟုတ်ဘူးပေါ့?"
-------
(Zawgyi)
အခ်ိန္ဆယ္မိနစ္ေက်ာ္ေက်ာ္ယူသည့္ကိစၥၿပီးသြားမွသာ မီးဖိုေခ်ာင္ထဲမွ ထြက္လာနိုင္ခဲ့သည္။
ဆန္ျပဳတ္ျပန္ႏြေးေနသည့္စန္းရန္အား အေဖာ္မလုပ္ေပးေတာ့ဘဲ ဝိန္းရိဖန္က ဧည့္ခန္းထဲမွဆိုဖာဆီသို႔ ထြက္လာခဲ့သည္။ ထူးထူးဆန္းဆန္းကိုေျခာက္ကပ္ေနသည့္ႏႈတ္ခမ္းပါးကိုခံစားမိေနရင္း တစ္ဖက္ကလည္း ခြက္ထဲ ေရအျပည့္ထည့္လိုက္သည္။ စိတ္သက္သာရာရသြားသည္ႏွင့္တၿပိဳင္နက္ လြန္ခဲ့ေသာဆယ္မိနစ္ခန့္ကအျဖစ္အပ်က္က ျပန္လည္ျမင္ေယာင္လာပါေတာ့၏။
စန္းရန္ေျပာသည့္စကားအဆုံးတြင္ ဝိန္းရိဖန္က သူ႕အား အသံတိတ္ ေငးစိုက္ၾကည့္ေနလိုက္ေသးသည္။
ေနာက္တြင္ေတာ့ စကားလုံးတစ္ခြန္းမဆို ၊ လက္ႏွစ္ဖက္ကိုျမႇောက္ၿပီး သူ႕လည္တိုင္အား သိုင္းဖက္လိုက္ကာ ေအာက္သို႔ဆြဲေခၚလာခဲ့၍.....
ဤသို႔ဤႏွယ္ေတြးၾကည့္ေနရင္း ေနာက္ထပ္ဖန္ခြက္ထဲသို႔ ေရထပ္ေလာင္းထည့္ေနလိုက္ေလသည္။ ႏႈတ္ခမ္းပါးေပၚမွ ပူႏြေးၿပီးထုံက်င္ေနသည့္ခံစားခ်က္ေလးမွာ အခုေလးတင္ရွိခဲ့ေသာ ျပင္းျပင္းျပျပအနမ္းတစ္ခုအား လ်စ္လ်ဴရႉလိုက္ဖို႔ရာ မတတ္နိုင္။
ေနာက္တစ္စကၠန့္တြင္။
စန္းရန္က မီးဖိုေခ်ာင္ထဲမွထြက္လာၿပီး ပ်င္းတိပ်င္း႐ြဲျဖင့္
"လာခဲ့ေတာ့"
ဝိန္းရိဖန္က ေရခြက္ကိုခ် ၊ မတ္တပ္ထရပ္ၿပီး ထမင္းစားပြဲနားသို႔ေလွ်ာက္လာလိုက္သည္။ အခုေလးတင္ ႏွစ္ေယာက္သားက တရင္းတႏွီးပူးကပ္ဖလွယ္ထားၾကေသာအျပဳအမူတို႔ေၾကာင့္ အနည္းငယ္လည္းေနမထိထိုင္မသာျဖစ္ေနခဲ့ကာ ဝိန္းရိဖန္သည္ လက္ရွိတဒၤဂေလး၌ စန္းရန္ႏွင့္မ်က္လုံးခ်င္း မဆုံရဲပါေခ်။
စန္းရန္ ;
"ပန္းကန္လုံး သြားယူလာခဲ့"
ဝိန္းရိဖန္က မီးဖိုေခ်ာင္ထဲဝင္သြားၿပီး ပန္းကန္ခြက္ေယာက္မ်ားအား ႏွစ္ေယာက္စာ ယူလာခဲ့သည္။ ထမင္းစားပြဲဆီသို႔ျပန္ေရာက္သည့္အခါ စန္းရန္ႏွင့္မ်က္ႏွာခ်င္းဆိုင္သည့္အခ်ိန္တြင္ေတာ့ သူ႕ႏႈတ္ခမ္းတစ္ေနရာဟာ အကိုက္ခံထားရသျဖင့္ အနည္းငယ္ေသြးစို႔ေနေၾကာင္း ေတြ႕လိုက္ရ၏။
ဝိန္းရိဖန္ ခ်က္ခ်င္း မ်က္လႊာခ်လိဳက္မိ၏။
စန္းရန္က သတိထားမိေသးပုံမရ။
ခပ္ျဖဴျဖဴအသားအရည္ျဖစ္ေသာေၾကာင့္လည္း ထိုအနီေရာင္ႀကီးက ပို၍ ျမင္သာထင္သာရွိလြန္းေန၏။
ဝိန္းရိဖန္ သည္းညည္းမခံနိုင္ေတာ့ဘဲ သူ႕ႏႈတ္ခမ္းအား လွမ္း၍ထိေတြ႕လိုက္ေတာ့သည္။
စန္းရန္က သူမအား လွမ္းၾကည့္လာ၏။
"?"
ထိုအမွတ္ရာက အနည္းငယ္မွိန္ေဖ်ာ့သလို ရွိသြားခဲ့သျဖင့္ ဝိန္းရိဖန္ လက္ျပန္႐ုတ္လိုက္ရင္း
"တစ္ခုခု ေပေနလို႔"
ေနာက္စကၠန့္ပိုင္းတြင္။
စန္းရန္က အဓိပ္ပါယ်ပါပါဖြင့်
"ဘာမ်ား ေပေနနိုင္တာလဲ?"
"...."
"ကိုယ္ ခုဏတုန္းက ဘယ္ေနရာကို ထိေနခဲ့တာပါလိမ့္"
စိတ္ထင္ျခင္းသက္သက္ေၾကာင့္လားမသိ ၊ ဝိန္းရိဖန္၏ႏႈတ္ခမ္းပါးမ်ား ေနာက္တစ္ႀကိမ္ပူႏြေးလာရျပန္သည္။မ်က္လႊာကို ေအာက္ခ်ၿပီး တည္တည္ၿငိမ္ၿငိမ္ျဖင့္
"ဒီအတိုင္း အခ်ဥ္ရည္ေတြ သတိမထားမိဘဲေပသြားတာ..ငါ သုတ္ေပးလိုက္ၿပီ"
သို႔ေသာ္ေတြးၾကည့္မိလိုက္ေသးသည္မွာ သူမ၏ႏႈတ္ခမ္းကိုလည္း စန္းရန္ ထိသြားခဲ့ေသးသည္မဟုတ္လား။
ဝိန္းရိဖန္ ေမာ့ၾကည့္လိုက္လွ်င္။
စန္းရန္က ႏႈတ္ခမ္းကိုေကြး၍ၿပဳံးျပေနေလၿပီး ေအးေအးလူလူျဖင့္
"မင္းလည္း ေပေနတယ္"
"...."
သူ ဆိုလိုခ်င္သည္အား ဝိန္းရိဖန္ ခ်က္ခ်င္းနားလည္လိုက္၏။ ႐ုတ္ခ်ည္းဆိုသလို အပူလွိုင္းမ်ားက မ်က္ႏွာျပင္တစ္ေလွ်ာက္ျဖတ္ေျပးသြားသည့္ႏွယ္။
ေရေသာက္မ်ားသြားျခင္းေၾကာင့္လား ဘာေၾကာင့္လား ေသခ်ာမသိ ၊ သို႔ေသာ္လက္ရွိအခ်ိန္တြင္ ဝိန္းရိဖန္သည္ အနည္းငယ္မွ်ပင္ ဗိုက္ဆာေနျခင္းမရွိဘဲ ပန္းကန္လုံးတစ္ဝက္စာမွ်သာ ေသာက္လိုက္ၿပီးေနာက္ သူ႕ေဘး၌ထိုင္ေနရင္း အခ်ိန္တိုင္းနီးပါး သူ႕ႏႈတ္ခမ္းကိုသာလွမ္းလွမ္းၾကည့္ေနသည္။
ဟုတ္ပါ၏ ၊ ခိုးေၾကာင္ခိုးဝွက္ေလးျဖင့္။
သူမ၏အျပဳအမူမ်ားအား စန္းရန္က သတိမထားပါေပ။ တစ္ခဏ၌ သူ႕ကိုယ္သူ မွန္ထဲျပန္ၾကည့္ၿပီး ထိုဒဏ္ရာအား သူ ျမင္သြားသည့္အခါ သူမအေနျဖင့္ ဘာေျပာရေတာ့မည္မွန္းလည္းမသိ။
အခ်ိန္မွာလည္း မိုးလင္းဖို႔ရာသိပ္မလို႔ေတာ့သျဖင့္ စန္းရန္က
"စားၿပီးရင္ သြားအိပ္ေတာ့..ခဏေနက်ရင္ အလုပ္သြားရဦးမွာမလား"
သူႏွင့္ အတူတူထိုင္ၿပီး စကားမေျပာျဖစ္ခဲ့သည္မွာ ရက္ပိုင္းမွ်ၾကာလာခဲ့ၿပီျဖစ္သျဖင့္ ဝိန္းရိဖန္က တစ္ခဏၾကာၾကာ သူ႕အနားတြင္ေနခ်င္ပါေသးသည္။ ေခါင္းၿငိမ့္ျပလိုက္ေသာ္လည္း ထထြက္လာမည့္အရိပ္အေယာင္မ်ိဳးမရွိ ၊ ခပ္တည္တည္ျဖင့္သာ ထိုင္ၿပီး သူ႕အား စိုက္ၾကည့္ေနလိုက္သည္။
ႏႈတ္ခမ္းေပၚမွဒဏ္ရာေသးေသးေလးမွာ ေသြးတိတ္သြားၿပီျဖစ္၍ ခုဏကေလာက္ မသိသာေတာ့ေပ။ ထိုအခ်င္းအရာကိုၾကည့္ေနရင္း ဝိန္းရိဖန္တစ္ေယာက္ သူမ၏ႏႈတ္ခမ္းေပၚတြင္ေရာ ယခုလိုဒဏ္ရာမ်ိဳးရွိမရွိကို သိခ်င္လာမိေတာ့၏။
နာက်င္ေနသည္မ်ိဳးေတာ့ မရွိပါေပ။
နမ္းရွိုက္လာသည့္ခြန္အားက အားျပင္းျပင္းရွိလွၿပီး ဆံပင္မ်ားကိုဆြဲဖြသြားသည့္ခြန္အားမ်ိဳးႏွင့္အတူတူပင္။
သို႔သည္တိုင္ သူမအား အလြန္အကြၽံနာက်င္သြားေစျခင္းမ်ိဳးေတာ့ မဟုတ္၏။
စကၠန့္ေပါင္းမ်ားစြာ ၾကာၿပီးေနာက္၌။
စန္းရန္က လက္ထဲမွ တူကို ေဘးခ်လိဳက္ၿပီး အေနာက္ဘက္သို႔မွီလိုက္၏။
"ေဝ့..မင္း ဘယ္ေလာက္ၾကာၾကာၾကည့္ေနဦးမွာလဲ?"
ဝိန္းရိဖန္ ထိုအခါတြင္မွ စိတ္ႏွင့္ကိုယ္ ကပ္သြားရလ်က္။
စန္းရန္ ; "ဆက္လုပ္ခ်င္ေသးလို႔လား?"
"...."
သူမ၏အေျဖစကားကိုမေစာင့္ဘဲ စန္းရန္က ဝိန္းရိဖန္အား ရင္ခြင္ထဲသို႔ဆြဲထည့္လိုက္ကာ ႏႈတ္ခမ္းကို အသာအယာထိေတြ႕လိုက္၏။ သူက အေနာက္သို႔အနည္းငယ္မွ် ျပန္ဆုတ္သြားၿပီး ခပ္တိုးတိုးရယ္သံတို႔ျဖင့္ မွတ္ခ်က္ျပဳလာခဲ့သည္။
"မင္း အနမ္းေပးတဲ့စေကးက ညံ့လိုက္တာ..ကိုယ့္ကိုနာေအာင္အရမ္းလုပ္တာပဲ"
ဝိန္းရိဖန္က ႏႈတ္ခမ္းကိုဟ၍
"ငါက အခုမွ..."
Advertisement
- In Serial73 Chapters
Dorming With The Jocks
Because high school isn't hard enough.Sadie Michaels got into the best high school in the country, excited to start her junior year and make the most of it. But no one told her she would have to be dorming with guys?! When she arrives she hears the news that the girls dorms are full and the only dorm that is open is the Wellington Dorm, a.k.a. the Jock Dorm. If she wants to go to school there and stay she has to dorm with the jocks but will she be able to handle their silly pranks and rude comments? Not to mention every man in the dorm hitting on her 24/7? And what happens when her roommate just happens to be the biggest Jock of them all?
8 145 - In Serial51 Chapters
Elias
𝙄𝙣𝙛𝙖𝙩𝙪𝙖𝙩𝙞𝙤𝙣 could begin from a single touch.---After the death of Ambrosia Hill's grandmother, Josephine Hill, Ambrosia joins her family and relatives at the deceased woman's house to mourn their loss, accompanied by a lawyer and her son. Ambrosia and her sister question the cause of their grandmother's death and come to the conclusion that she was in fact murdered.Now she must uncover the dark secrets of her grandmother, but what will happen when Ambrosia falls in love with the young man whose mind is so very ill?---WARNING: Themes and chapters in this book may be unsuitable and disturbing for some readers. Such as murder, suggestive words, and descriptive events.Please read at your own risk. :)
8 174 - In Serial34 Chapters
L'ANGE DÉCHU- MANXBOY
TRANSLATION- THE FALLEN ANGELTo be the object of his obsession was my undoing.
8 182 - In Serial54 Chapters
Unsent Letters of the Heart
(Completed) Compilation of letters for every emotions, feelings and inner voice. A compilation in which it tells a story of the heart.
8 124 - In Serial11 Chapters
Holy Water Hurts: A Vampire's Guide To Vampire Hunting
Parker is your typical 24-year-old... Except for not at all.After a drug and booze fueled night that he doesn't remember he finds himself sick and feeling a way he can't describe.So he calls up an old friend, Conner, hoping for an explanation. Conner's theory is one Parker can't wrap his head around.Vampirism.So, they agree on a deal.Parker agrees to be Conner's science experiment on vampires, and Conner and his friends help Parker track down the vampire that turned him. Easy, right?Well, things go awry and the group of vampire hunters find themselves caught in the cross hairs of an overzealous and powerful vampire.Will they find the answers they're looking for, or will they all wake up in a psych ward?Holy Water Hurts: A Vampire's Guide to Vampire Hunting is an original action-packed, mystery-filled, vampire thriller set in the dreary backdrop of Seattle Washington in late 2007.
8 176 - In Serial18 Chapters
Falling in love with my bully....
Lydia (You) is a junior in high school and she recently moved schools. She had 2 classes with a boy named Colby, her bully. Although he bullied Lydia a lot, something about him made her fall for him. He was known to be the popular kid around school and cared about his reputation a lot. Will Lydia get her chance with Colby? Or will Colby push her away because of his reputation?#4 in JakeWebber
8 122

