《First Frost (Myanmar Translation)》Chapter 57
Advertisement
ဝိန်းရိဖန်တစ်ယောက် နဖူးပေါ် ဒယ်အိုးကြီးပြုတ်ကျလာသည့်အလား ကြောင်အမ်း၍နေလေတော့သည်။ သူ့စကားလုံးများကြောင့် ဆွံ့အနေမိရသလို ရှင်းပြရန်တွေးကြည့်လိုက်ပါသော်လည်း မည်သည့်အဖြေမျိုးကမှ အမှန်ဟုတ်မည်မထင်။
အကယ်၍ 'အင်း' ဟု ဆိုလိုက်လျှင် - သည်စကားက သူ့ကိုကြည့်နေခဲ့သည်မှာလုံးဝမဟုတ်ကြောင်း ဝန်ခံခြင်း ၊ သို့မဟုတ် 'မဟုတ်ဘူး' ဟု ငြင်းလိုက်ပြန်လျှင်လည်း - သူ့စကားနောက်ကိုလိုက်ပြီး အထအနကောက်ကြည့်လိုက်လျှင် ; ဟုတ်တယ်..နင့်က်ိုကြည့်နေတာမဟုတ်ဘူး ဆို၍။
ဝိန်းရိဖန်က စကားလုံးများကြား ဝေ့လည်ကြောင်ပတ်ပိတ်မိနေလေတော့၏။
စန်းရန်က အမှန်တကယ်ကိုလည်း ကျိုးကြောင်းသင့်သည့်ဘောင်ထဲမှနေ၍ တစ်ဖက်လူအား 'ဘယ်လိုအဖြေမျိုးဖြေလာပါစေ သောက်ပြဿနာရအောင်ရှာပြမယ်'ဆိုသည့် မေးခွန်းမျိုးကို မေးနိုင်သူပင်။
ဝိန်းရိဖန်က အမှားလုံးဝကင်းစင်မည့်အဖြေတစ်ခုပေးနိုင်ရန် အသေအချာစဥ်းစားနေတော့သည်။
စန်းရန်ကို မျက်နှာချင်းဆိုင်ထားရင်း သူမက စိတ်လောနေခြင်းအလျင်းမရှိ ၊ နွေးထွေးငြိမ်သက်နေဆဲ။
သူမ၏ တွန့်ဆုတ်ဆုတ်ဖြင့် အဖြေမပေးလာသည့်ပုံစံက စန်းရန်၏အမြင်တွင်တော့ သူမက ခုလေးတုန်းက အဲ့ကိစ္စမျိုးလုပ်ခဲ့မိပါကြောင်း ဝန်ခံနေခြင်းနှင့်တူနေလေပြီး သူ အပြစ်တင်မည်ကိုကြောက်သောကြောင့် အမှန်တိုင်းမပြောပြရဲခြင်းပေ။
စန်းရန်က သူ့နှုတ်ခမ်းပေါ်မှအပြုံးကို ပြန်သိမ်းလိုက်သည်နှင့်အတူ ဓါတ်ပုံအယ်ဘမ်ကိုပါ ပြန်ဆွဲယူပစ်လိုက်သည်။
ဤလှုပ်ရှားမှုကြီးကြောင့် ဝိန်းရိဖန်က မျက်လုံးပင့်ကြည့်လာခဲ့ရာ
လူနှစ်ယောက်မှာ အကြည့်ချင်း ဆုံနေကြလျက်။
စန်းရန်က နှစ်စက္ကန့်နီးနီး စိုက်ကြည့်နေပြီးနောက်၌ အကြည့်လွှဲလိုက်၏။ ဓါတ်ပုံအယ်ဘမ်အား ဘေးဘက်သို့ပစ်တင်လိုက်ပြီး မကြည်မသာဖြစ်နေသည့်အသံဖြင့်
"သွားအိပ်တော့"
ဝိန်းရိဖန်က သူ့မျက်နှာအား လိုက်ကြည့်နေရင်း ခပ်တိုးတိုးလေး စကားဆိုလိုက်သည်။
"ငါမှ ကြည့်လို့မပြီးသေးတာ"
စန်းရန်၏ မျက်နှာသွင်ပြင်မှာ ရှင်းရှင်းလင်းလင်းဖြင့်ခန့်ညားသည်ဟုဆိုရမည် ၊ အပြုံးအရယ်နည်းပြီး ပုံမှန်အချိန်တိုင်းတွင် ခပ်တည်တည်နှင့်မာနကြီးသည့်အသွင်အပြင်မျိုးဖြင့် အမြဲတစေနေလေ့ရှိကာ သူစိမ်းများနှင့် ကင်းကင်းရှင်းရှင်းနေတတ်သောအရောင်အဝါမျိုးလည်း ထုတ်လွှင့်ထားတတ်သည်။ လက်ရှိ စိတ်ဆိုးနေသည့်အချိန်မျိုးတွင် ထိုအငွေ့အသက်များက ပို၍ပင် အားကောင်းနေလေသည်။
မျက်ခုံးများကြားရှိ စူးရဲမှုများမှာ နှစ်ဆတိုးလာသည့်အလား။
စန်းရန်၏ အေးစက်တည်တံ့နေသည့်ပုံစံက ကြောက်စရာကောင်းသည့်အကြောင်း ကျုံးစစ်ချောင်ထံမှ အကြိမ်ကြိမ်ကြားဖူးထားကာ ပတ်ဝန်းကျင်တစ်ခွင်မှ အပူချိန်ဒီဂရီသည်ပင် သူ့ကြောင့် လျော့ကျသွားရသလိုလို။ တစ်ဖက်လူမှာ စကားတစ်ခွန်းပြောဖို့ကိုပင်မရဲတော့ဘဲ ခြိမ်းခြောက်ခံထားရသည့်အငွေ့အသက်များကအပြည့်။
သို့သည်တိုင် ထူးဆန်းလွန်းနေခဲ့သည်မှာ။
ဤတစ်ကြိမ်တွင် သူမသည် စန်းရန်၏ပုံစံကို လုံးဝလုံးဝကြောက်မနေပါကြောင်း ရှင်းရှင်းလင်းလင်းခံစားနေမိကာ..
သည့်ထက်အပြင် နည်းနည်းလေးပင် ရယ်ချင်စိတ်ပေါက်နေပါတော့သည်။
အကယ်၍သာ အသံထွက်ပြီးရယ်လိုက်မိလျှင်တော့ မီးလောင်ရာ လောင်စာထည့်သလို ဖြစ်မည်မှာမလွဲဧကန်။ ဝိန်းရိဖန်က ချက်ချင်းစကားမဆိုသေးဘဲ သူ့ခံစားချက်များငြိမ်ကျသွားပြီးမှသာ ကောင်းကောင်းမွန်မွန်ချော့မော့ပါတော့မည်ဟု တွေးထားလိုက်၏။
နောက်တစ်စက္ကန့်တွင် စန်းရန်၏လက်တစ်ဖက်က သူမ၏ခေါင်းပေါ်သို့ ရုတ်တရက်တင်လာပြီး ခပ်ပြင်းပြင်းဟုမမြည်သာသည့်အားဖြင့် အနောက်သို့တွန်းလိုက်ကာ သူမ၏မျက်နှာအား မော့လာစေ၏။ သူ့အကြည့်များလည်း ရောက်ချလာခဲ့သည်မှာ သူမ၏လက်ရှိအမူအရာကို အကဲခတ်ချင်နေသည့်သဖွယ်။
နှုတ်ခမ်းထောင့်နားရှိ ခပ်ရေးရေးအပြုံးလေးကို မြင်လိုက်ရသည့်အချိန်တွင်တော့ စန်းရန်၏အမူအရာတို့မှာ တုံ့ခနဲဖြစ်သွားရလေတော့၏။
ဝိန်းရိဖန် ချက်ချင်းမျက်နှာထားကို ပြင်လိုက်ပါသော်ငြား.....
"ဟုတ်တော့ဟုတ်နေပြီ..ကိုယ်ကတော့ မင်း ခေါင်းလေးငုံ့ပြီး ကိုယ့်ကိုကိုယ်ပြန်သုံးသပ်နေတယ်လို့ထင်နေတာ"
စန်းရန်က လက်ကိုပြန်ရုတ်သွားပြီး ခနဲ့တဲ့တဲ့ရယ်လိုက်၍
"ရွှိုက်ကောတွေကြည့်ပြီး တိတ်တိတ်လေးတောင် ခိုးပျော်နေလိုက်သေးတယ်"
"...."
ဝိန်းရိဖန် ထပ်၍ရယ်ချင်လာမိ၏။
"မဟုတ်ပါဘူး"
စန်းရန်က အရေးမလုပ်။
ဝိန်းရိဖန်က အနားသို့ကပ်သွားလိုက်ရင်း
"နင် အခုစိတ်ဆိုးနေတာလား?"
စန်းရန်က အာရုံမစိုက်တော့သည့်အလား မကြားချင်ယောင်ဆောင်ပြီး လျစ်လျူရှူနေလေသည်။
ဝိန်းရိဖန်က နူးနူးညံ့ညံ့လေးဖြင့်
"ဒါဆို ငါ နင့်ရဲ့ဓါတ်ပုံတွေကို ကြည့်လို့ရသေးတယ်မလား..ငါမှ ကြည့်လို့မပြီးသေးတာ.."
"...."
စန်းရန်က ခေါင်းပြန်မော့လာကာ ခန္ဓာကိုယ်က အနောက်ဘက်သို့အသာအယာမှီချလိုက်ပြီး အထက်စီးမှနေ၍ အုပ်မိုး၍ကြည့်လာ၏။ သူ့လက်ချောင်းထိပ်များက ဘေးနားမှ ဓါတ်ပုံအယ်ဘမ်အား တဒေါက်ဒေါက်ခေါက်နေရင်း သဘောတူလာပါသည့်တိုင် သူ့စကားသံတို့က သတိပေးခြင်းအပြည့်။
"ရတယ်လေ..ယူ"
ဝိန်းရိဖန်က စန်းရန်၏သတိပေးနေသောအသံကို မကြားလိုက်ရသည့်အတိုင်း နောက်တစ်ကြိမ်ထပ်မေးလာ၏။
"ဒါဆို ငါ ယူပြီနော်"
စန်းရန်က ပို၍ထင်ထင်ရှားရှားဖြစ်လာလေပြီး
"ယူရဲရင် ယူ"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြပြီး စန်းရန်၏လက်အောက်မှ ဓါတ်ပုံအယ်ဘမ်အား အသာအယာဆွဲယူလိုက်သည်။
"...."
စန်းရန်သည် ဝိန်းရိဖန်၏အပြုအမူအား ဘေးတစောင်းစိုက်ကြည့်နေခဲ့ကာ ဒေါသထွက်လွန်း၍ အစာအိမ်ပင် နာလာရသည်အထိ။
ဓါတ်ပုံအယ်ဘမ်ယူပြီးသည်နှင့် ဝိန်းရိဖန်က သူ့အနားသို့ ပို၍တိုးထိုင်လာခဲ့သည်။
စန်းရန် ;
"ကိုယ်နဲ့ ခပ်ဝေးဝေးမှာသွားထိုင်"
ဝိန်းရိဖန်က နားမထောင်ဘဲ ဤအကွာအဝေးအတိုင်းဖြင့် ဓါတ်ပုံအယ်ဘမ်အား နောက်တစ်ကြိမ်ဖွင့်ကြည့်လိုက်၏။ စာအုပ်ထဲမှ စန်းရန်ကိုတစ်လှည့် ဘေးနားမှာလူတစ်လှည့် လှမ်းကြည့်ပြီးနောက် သူ့အေးတိအေးစက်အမူအရာကြီးကြောင့် ဝိန်းရိဖန်က ရုတ်တရက်စကားဆိုလိုက်၏။
"နင် ဘာဖြစ်လို့ ရုတ်တရက်ကြီး ငါ့ကိုစိတ်ဆိုးနေရတာလဲ"
စန်းရန်က တစ်ချက်လှမ်းကြည့်လာပြီး
"ကိုယ့်ဘာသာကိုယ် ပြန်တွေးကြည့်"
ဝိန်းရိဖန်က ရယ်ချင်နေသည့်စိတ်ကိုထိန်းထားရင်း တစ်ခဏတိတိစဥ်းစားပြီးနောက်တွင်
"နင် စိတ်မလုံမလဲဖြစ်နေတာမလား"
စန်းရန် ; "?"
ဝိန်းရိဖန်က ဆက်၍
"ငါက ငါ့အချစ်ပြိုင်ဘက်ကြီး ဘယ်လိုပုံစံမျိုးလဲဆိုတာကို ကြည့်ချင်ရုံသက်သက်ပဲနော်"
"...."
စန်းရန်၏မျက်တောင်များ လှုပ်လှုပ်ရှားရှားဖြစ်လာပြီး မျက်မှောင်ကျုံ့သွား၏။
"လူနားထောင်လို့ရတဲ့ စကားမျိုးကိုပြော"
"နင်နဲ့ အဲ့ဒီသွမ့်ကျားရွှီဆိုတဲ့တစ်ယောက်နဲ့ သတင်းထွက်ထားတာမဟုတ်ဘူးလား?"
ဝိန်းရိဖန်က ကျုံးစစ်ချောင်ပြောဖူးသည့်စကားမျိုးကို ပြန်တွေးရင်း ဖြေးဖြေးချင်းဖြင့်
"ကြားထားတာတော့ နင်တို့နှစ်ယောက်က နန်းဝူတက္ကသိုလ် ကွန်ပြူတာသိပ္ပံမေဂျာရဲ့ နာမည်ကြီး...."
"...."
"အချောဆုံးဂေးအတွဲဆို.."
စန်းရန် ; "...."
Advertisement
စကားခေါင်းစဥ်မှာ အခြားဘက်သို့ ရွေ့သွားပါတော့၏။
စန်းရန်၏အမူအရာမှာ သိသိသာသာကြည်လင်လာခဲ့ပြီး ထို'ကောလဟလ' အတင်းအဖျင်းအား စိတ်ထဲမထည့်ထားသည့်ပုံပင်။ သူက မျက်ခုံးများကို အဓိပ္ပါယ်ပါပါမြှောက်ပြလာပြီး အေးအေးလူလူဖြင့်
"ဝိန်းရွှမ်းကျန့်..မင်း သတင်းတွေရေးနေတဲ့သတင်းထောက် မဟုတ်ဘူးလား"
ဝိန်းရိဖန်က အယ်ဘမ်ကိုလှန်လှောကြည့်နေရင်း တုံ့ပြန်လာ၏။
"အမ်?"
အနောက်ဘက်တွင်ကား အဆောင်ထဲ၌ရိုက်ထားသည့် အုပ်စုလိုက်ဓါတ်ပုံများ ဖြစ်ကာ စန်းရန်နှင့်အခြားယောက်ျားလေး သုံးဦးတို့၏ပုံများအား တွေ့ရ၏။ ဤဓါတ်ပုံထဲတွင် စန်းရန်က မျက်ခုံးရော မျက်လုံးများကပါ ရေးရေးလေးပြုံးနေပြီး ကင်မရာအား အလျင်းသင့်သလိုလှမ်းကြည့်နေပုံက အထက်တန်းဆန်ဆန် မာနကြီးကြီးပုံစံမျိုးပင်။
"အဲ့လိုကြားဖူးနားဝပဲရှိပြီး အတည်မပြုရသေးဘဲလျှောက်ပြောနေတဲ့ကောလဟလမျိုးကို မင်း ယုံတာပဲလား?"
"...."
ဝိန်းရိဖန်က ခေါင်းရမ်းပြ၏။
"ငါ မယုံပါဘူး"
"အို့.."
စန်းရန်က သူမ၏ လက်ကိုဖမ်းဆုတ်လိုက်ကာ အတင်းကာရော ဖိတ်ခေါ်လာလေတော့၏။
"ဒါဆို မင်း ဘယ်အချိန်ကျမှ လာပြီးအတည်ပြုကြည့်မှာလဲ?"
စန်းရန်၏ ထိုအပြုအမူကြောင့် ဝိန်းရိဖန်တစ်ယောက် ဓါတ်ပုံအယ်ဘမ်အား တလေးတနက်လိုက်မကြည့်နိုင်ပါတော့ပေ။ အယ်ဘမ်ထဲရှိ စန်းရန်၏ပုံများအား ကတိုက်ကရိုက်နှင့်သာ လျှပ်ပြေးကြည့်သွားနိုင်လေပြီး အချိန်ကုန်သွားရုံသက်သက်။ နောက်တွင်တော့ စန်းရန်က သူမအား စောစောသွားအိပ်ရန် ပြောဆိုလာပါတော့သည်။
အခန်းထဲသို့ ပြန်ရောက်ပြီးချိန်တွင် ဝိန်းရိဖန်က အဝတ်အစားလဲပြီး စန်းရန်ပေးသည့် အသံသွင်းဖောင်တိန်နှင့်အတူ အိပ်ရာထက်လှဲအိပ်လိုက်၏။ ရှင်းပြမရအောင် စိတ်လှုပ်ရှားနေမိပြီး တစ်ခဏကြာပြီးမှ အပေါ်ဘက်ရှိအသံသွင်းခလုတ်အား ရှာတွေ့ကာ နားထောင်ရန်ဖိနှိပ်လိုက်၏။
အတွင်းထဲမှ စန်းရန်၏အသံ ထွက်ပေါ်လာ၏။
သူ့အသံတို့မှာ အေးစက်စက်ဖြစ်ပြီး စကားသံ၏အဆုံးတွင် မသိမသာလေးအသံမြင့်မြင့်သွားတတ်သည်မှာ သူ၏မူပိုင်စကားပြောသံပင်။
--'ဝိန်းရွှမ်းကျန့်..အလုပ်မှာ အန္တရာယ်ကင်းဖို့ဂရုစိုက်ပါ..မင်းရဲ့ကောင်လေးက မင်း ဘေးကင်းကင်းနဲ့အိမ်ပြန်လာမှာကို စောင့်နေတယ်'
"...."
ဝိန်းရိဖန် ကြောင်အမ်းနေမိရင်း အကြိမ်ကြိမ်လည်း ဖွင့်နားထောင်ကြည့်နေလိုက်၏။
အန္တရာယ်ကင်းဖို့ ဂရုစိုက်ပါ..
ဘေးကင်းကင်းနဲ့ အိမ်ပြန်လာခဲ့..
ဝိန်းရိဖန်က လက်မြှောက်လာပြီး သူမ၏နားရွက်အနောက်ဘက်ရှိ ပေယွီ၌ရလာဖူးသောဒဏ်ရာအား အလိုလိုထိကြည့်မိလိုက်သည်။
အချိန်လည်းကြာလှပြီဖြစ်၍ ဒဏ်ရာမှာ အရှင်းပျောက်ပြီး အမာရွတ်ပင်မကျန်ခဲ့ပေ။ သို့သော် စန်းရန်သည်တော့ ထိုကိစ္စအား အချိန်ပြည့်တွေးပူနေပုံရပါသည်။ ညကြီးမိုးချုပ် သူမ အချိန်ပိုဆင်းအပြင်ထွက်ရသည့်အခါတိုင်း သူသာ အိမ်၌ထဲရှိနေခဲ့လျှင် အမြဲတမ်းအိပ်ရာနိုးနိုးလာတတ်ပြီး သူမ ပြန်ရောက်လာသည့်အချိန်ထိ စောင့်နေတတ်သေးသည်။
ဝိန်းရိဖန် အတွေးလွန်နေမိပြီး...
တစ်ခဏကြာသွားပြီးမှသာ ဖောင်တိန်အား ဘူးထဲပြန်ထည့်ထားလိုက်၏။
ဝိန်းရိဖန်က အိပ်ရာထက်၌လှဲပြီး မှေးနေပါသည့်တိုင် အချိန်တစ်ခုစာအထိ ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့ပါချေ။
အတွေးများထဲတွင် စန်းရန်၏ တက္ကသိုလ်ကျောင်းသားအရွယ် ဓါတ်ပုံများကိုသာ အဆက်မပြတ် မြင်ယောင်နေမိတော့၏။
အထက်တန်းကျောင်းတုန်းကထက် ပို၍ ရင့်ကျက်သယောင်ရှိလာပြီး ;
လက်ရှိအချိန်ထက်လည်း ငယ်ရွယ်သေးသည့်ပုံ ;
ထိုအရွယ် အချိန်ကာလများဟာ သူမအတွက်တော့ လုံးဝမမြင်ခဲ့ဖူးသော ၊ ပါဝင်ခွင့်မရှိခဲ့သော ကာလများပင်။
ဗလာကျင်းနေသည့်မျက်နှာကျက်ကို စိုက်ကြည့်နေမိရင်း...
ဤအခိုက်အတန့်တွင်...
ဟိုးအရင်ကတည်းက သိသိသာသာနှင့်မရေမတွက်နိုင်အောင် ခံစားမိခဲ့သည့်ခံစားချက်တစ်ခု ၊ ခံစားမိနေသည့်တိုင် ရေရေရာရာ မဖမ်းဆုတ်ပြနိုင်ခဲ့သော ခံစားချက်က...
သူမ နောင်တရနေခြင်း..
အရမ်း အရမ်းကိုမှ နောင်တရနေခြင်းပင် ဖြစ်၏။
-------
ချစ်သူများနေ့ အပြီး ရက်ပိုင်းအတွင်း၌ပင် နွေဦးရာသီပွဲတော်ရက်နှစ်သစ်ကူးကာလဆီသို့ ရောက်လာခဲ့သည်။
အရင်နှစ်နှင့်မထူးမခြားနား ၊ ဝိန်းရိဖန်က နှစ်သစ်ကူးပိတ်ရက် သုံးရက်သာရခဲ့သည်။ စန်းရန်၏ကုမ္ပဏီက ပုံမှန်အချိန်တွင် အချိန်ပိုဆင်းရသည်အထိ အလုပ်များပါသည့်တိုင် နှစ်သစ်ကူးပိတ်ရက်အား နှစ်သစ်ကူးပြီးခုနှစ်ရက်နေ့အထိ ဆက်တိုက်ပေးထားသည့်အပြင် နှစ်သစ်မကူးခင်နှစ်ရက်မှာလည်း အလုပ်ပိတ်ရက်နှစ်ရက်ဖြစ်နေပါသေး၏။
ထို့ကြောင့် စန်းရန်က သူမထက်ပိုပြီး အားလပ်ရက်ရခဲ့သည်။
နှစ်သစ်ကူးသည့်ညတစ်ညတည်းသာ စန်းရန်က ည၉နာရီဝန်းကျင်မှ အိမ်ပြန်လာခဲ့ပြီး အချိန်တော်တော်များများတွင်တော့ 'ရှန့်တုဟွားချန်'၌သာ အချိန်ကုန်နေခဲ့၏။ နှစ်ယောက်သားက နွေဦးရာသီပွဲတော်ရက်အား အတူတူဖြတ်သန်းဖြစ်ခဲ့ကြသည်။
နှစ်သစ်ကူးပိတ်ရက်သုံးရက်အပြီးတွင်တော့ ဝိန်းရိဖန် စတင်ပြီးအလုပ်ပြန်ဆင်းရတော့သည်။ ကံကောင်းသည်မှာ ယခုနှစ်တွင် သိသိသာသာအေးချမ်းနေခဲ့သဖြင့် သူမ ထင်ထားမိသလောက် အလုပ်မများပါပေ။
ဝိန်းရိဖန်က နေ့တိုင်း အချိန်မှန်မှန်အလုပ်ဆင်းရရင်း...
နှစ်သစ်ကူးပြီးခုနစ်ရက်မြောက်နေ့သို့ရောက်လာခဲ့ကာ အခြားသူများ အလုပ်စဆင်းချိန်တွင် ဝိန်းရိဖန်မှာတော့ အလုပ်ရှုပ်နေပြီပင်ဖြစ်သည်။
နှစ်သစ်ကူးပြီး ရှစ်ရက်မြောက်နေ့ ညခင်းအချိန်။
ဝိန်းရိဖန်က အချိန်ပိုတစ်ခဏလေးဆင်းကာ အလုပ်များကို လက်စသတ်နေရင်း ညကိုးနာရီထိရောက်သွားခဲ့သည်။ ပစ္စည်းများသိမ်းဆည်းပြီး မာဖလာကိုပတ် ၊ ရုံးခန်းထဲမှထွက်လာကာ ဓါတ်လှေကားရှေ့ ရပ်စောင့်နေလိုက်၏။
ထိုအချိန်တွင် သူမ၏ဘေး၌ လူတစ်ယောက်ရောက်လာမှန်း သတိထားမိလိုက်သဖြင့် လှည့်ကြည့်လိုက်ရာ..
မုချန်ယွင်။
ဤကာလများအတွင်း မုချန်ယွင်က သူမအား သိသိသာသာရှောင်နေမှန်း ဝိန်းရိဖန် သတိထားမိခဲ့ပါသည်။ အကြောင်းပြချက်ကိုလည်း ခန့်မှန်းမိသလောက်ရှိသလို သူမ၏အလုပ်နှင့်ပတ်သတ်၍တစ်စုံတစ်ရာထိခိုက်ခြင်းမျိုးမရှိသဖြင့်လည်း စိတ်ထဲမထည့်ဘဲသာ နေနေခဲ့သည်။
မုချန်ယွင်က သူမအား ပြုံးပြပြီးနှုတ်ဆက်လာခဲ့သည်။
"ရိဖန်ကျဲ..အစ်မ အလုပ်ဆင်းတော့မလို့လား"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြ၏။
တဖန် ပြန်ပြီးတိတ်ဆိတ်သွားခဲ့သည်။
ဓါတ်လှေကားနှစ်ခုလုံး ပထမအလွှာ၌ရပ်နေသည့်မှာ ဆယ်စက္ကန့်မျှပင်ရှိနေပြီဖြစ်သည့်အတွက် အချိန်ကြာကြာ ရပ်စောင့်နေရသေးသည်။ ဤအချိန်လေးအတွင်း ဝိန်းရိဖန်က ဖုန်းကိုထုတ်ပြီး စန်းရန်ထံ မက်ဆေ့လှမ်းပို့လိုက်၏။
[ ငါ အလုပ်ဆင်းပြီ..အခုလာခဲ့တော့မယ် ]
စန်းရန်က ချက်ချင်းစာပြန်လာ၏။
[ ကိုယ် အရက်သောက်ထားတာမလို့..မင်းကို လာကြိုဖို့ တစ်ယောက်ယောက်လွှတ်ပေးရမလား ]
ဝိန်းရိဖန် ; [ ရပြီ ]
ဝိန်းရိဖန်က အလျင်းသင့်သလိုထည့်ပြောလိုက်သေး၏။
Advertisement
[ ငါ့လုပ်ဖော်ကိုင်ဖက်မိတ်ဆွေရဲ့ကားနဲ့ လာမှာ ]
နောက်ခဏလေးအတွင်း မုချန်ယွင်က နောက်ထပ်တစ်ကြိမ်စကားဆိုလာပြန်၏။
"ရိဖန်ကျဲ..ကျွန်တော် ခုဏက အောက်ကနေအပေါ်ကိုတက်လာတဲ့အချိန် ယောက်ျားတစ်ယောက် အစ်မကိုလာရှာနေတာတွေ့လိုက်သေးတယ်..လုံခြုံရေးကြောင့် ဝင်လာလို့မရလိုက်တာ..အစ်မ အခုတလော တစ်ယောက်ယောက်ကို အပြစ်ပြုမိထားတာများရှိနေလား"
ဝိန်းရိဖန် ;
"ဘယ်သူတဲ့လဲ"
ဤနယ်ပယ်ထဲ၌အလုပ်လုပ်လျှင် အနည်းနှင့်အများတစ်စုံတစ်ယောက်အပေါ် အပြစ်ပြုမိကြသည်မှာ မထူးဆန်းပါပေ။
ယခင်က သူမတို့ဌာနထဲရှိ သတင်းထောက်ဟောင်းတစ်ဦးသည်ပင် သူရေးဖူးသည့်သတင်းထဲမှတရားခံလူက ကိုယ်တိုင်ရောက်လာပြီး လာရှာသည်အား တွေ့ကြုံခဲ့ရဖူးသည်။ အဘယ်ကြောင့်ဆိုသော် သတင်းထောက်ရေးလိုက်သည့်သတင်းဆောင်းပါးကြောင့် သူ့ဘဝအနှောင့်အယှက်ဖြစ်ရသည့်အကြောင်းပြချက်နှင့်။
ထိုအဖြစ်အပျက်မှာ ဌာနအတွက် သတိထားစရာဥပမာတစ်ခု ဖြစ်သွားခဲ့ကာ ထိုအချိန်မှစပြီး အောက်ထပ်၌ လုံခြုံရေးတင်းတင်းကြပ်ကြပ်ထား၊စောင့်ကြည့်ခြင်းလည်းဖြစ်၏။
"ဘယ်သူမှန်းတော့ ကျွန်တော်လည်း မသိဘူး..ကြည့်ရတာ အသက်လေးဆယ်ကျော်လောက်နဲ့တူတယ်..ဒါပေမယ့် သူ့ပုံစံက မကောင်းတဲ့ရည်ရွယ်ချက်မျိုးတော့ရှိပုံမရဘူး..အစ်မနဲ့ရင်းနှီးတဲ့လူ နေမှာ"
ဝိန်းရိဖန်က မည်သူမှန်းသေချာမသိသဖြင့်လည်း ခေါင်းငြိမ့်ရုံသာငြိမ့်ပြလိုက်သည်။
မုချန်ယွင် ;
"ဘယ်လိုပဲဖြစ်ဖြစ် အစ်မ အသွားအလာဂရုစိုက်လိုက်တာပိုကောင်းပါတယ်"
ဝိန်းရိဖန် ;
"အစ်မ သိပါတယ်..ကျေးဇူးနော်"
"ရိဖန်ကျဲ..ကျွန်တော် တကယ်တော့...."
မုချန်ယွင်က ရုတ်တရက်သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး အချိန်ကြာကြာရုန်းကန်နေရသည့်အခြေအနေကို စတင်ဖြေလျော့တော့မည့်အလားဖြင့်
"ကျွန်တော့်မှာ အစ်မကို ပြောစရာရှိတယ်"
ဝိန်းရိဖန်က သူ့အားလှမ်းကြည့်လိုက်၏။
"ဘာလဲ"
"အစ်မလည်း ရိပ်မိကောင်းရိပ်မိနေမှာပါ..ကျွန်တော် အရင်က...."
မုချန်ယွင်က စကားဆုံးအောင်ပြောရမည်ကို ရှက်ရွံ့နေသဖြင့်လည်း စကားလမ်းကြောင်းလွှဲလိုက်၍
"ဒါပေမယ့် အခု မဟုတ်တော့ပါဘူး"
ဝိန်းရိဖန်က နားမလည်။
"အမ်?"
"ကျွန်တော်က ဒီလိုကိစ္စတွေမှာအတွေ့အကြုံမရှိခဲ့ဘူး..အဲ့တုန်းက ပထမဆုံးအကြိမ် လူတစ်ယောက်ကို လိုက်ပိုးပမ်းချင်ခဲ့တာ..အဲ့ဒါကြောင့်မလို့ လူတော်တော်များများကို ဘယ်လိုလုပ်ရမလဲဆိုတာ လိုက်မေးဖူးတယ်..ကျွန်တော့်ရဲ့အစ်မတောင် ကျွန်တော့်ကို လှည့်ကွက်လေးတွေအများကြီးသင်ပေးခဲ့တာ..အကုန်လုံးကိုလည်း ကျွန်တော် လိုက်လုပ်ခဲ့ဖူးပါတယ်"
"...."
"လူတစ်ယောက်ကို မပိုးပမ်းခင် အရင်ဆုံး ပြိုင်ဘက်ကို အမှတ်လျော့သွားရအောင် မယှဥ်နိုင်အောင် လုပ်ရမယ်တဲ့..ပြီးရင် ပြိုင်ဘက်ကို မဖြစ်မနေ အနိုင်ပိုင်းထားရမယ်ပေါ့.."
ဤစကားကိုပြောနေသည့်အခါ မုချန်ယွင်က အနည်းငယ်ကသိကအောက်နိုင်နေစွာဖြင့်
"ဒါပေမယ့် အခုချိန်မှာ အစ်မတို့က အတူတူရှိသွားကြပြီဆိုတော့ ကျွန်တော့်အနေနဲ့ အစ်မကို ရှင်းပြစရာလေးတစ်ခုရှိလို့ပါ"
သူ့စကားများကြောင့် ဝိန်းရိဖန်လည်း ရုတ်တရက်ကြောင်အမ်းသွားရ၏။
"ကျွန်တော် အရင်က အစ်မကိုပြောပြဖူးတဲ့ စီနီယာအစ်ကိုစန်းရဲ့ဘွဲ့ရ ညစာစားပွဲတုန်းကအကြောင်းလေ..တကယ်တော့ ကျွန်တော့်ဘာသာ လျှောက်ပြောတာပါ..အစ်ကိုက အဲ့လိုစကားမျိုးကို မပြောခဲ့ဘူး..သူတို့ညစာစားပွဲတုန်းကလည်း အစ်မအကြောင်းကို ထည့်မပြောခဲ့ပါဘူး"
ကြာလွန်းလှပြီဖြစ်သော စကားများအတွက် ဝိန်းရိဖန် မှတ်ပင်မမှတ်မိတော့။
"သူတို့ အဲ့နေ့ညမှာပြောနေခဲ့တာက မှတ်မိသလောက်အရဆိုရင် စီနီယာတစ်ယောက်ရဲ့နှစ်တော်တော်ကြာအောင် အရံလူအဖြစ်လိုသုံး လုပ်ခံနေရတဲ့ကိစ္စလားမသိဘူး..ကျွန်တော်လည်း သေချာမမှတ်မိတော့လို့...နောက်တော့ စီနီယာအစ်ကိုစန်းက စကားတစ်ခွန်းတော့ ပြောလိုက်တယ်..ဒါပေမယ့် သူ ဘာပြောသွားမှန်းတော့ ကျွန်တော် လုံးဝကို မကြားလိုက်ရတာ"
မုချန်ယွင် ;
"အရင်ရက်တွေတုန်းက ကျွန်တော် အစ်မကိုဘယ်လိုမျက်နှာချင်းဆိုင်ရမယ်မှန်း မသိခဲ့လို့ပါ..အခုတော့ အဆင်ပြေသွားပါပြီ"
ဝိန်းရိဖန် ;
"ဘာဖြစ်လို့ရုတ်တရက် ဒီအကြောင်းတွေပြောပြနေရတာလဲ?"
မုချန်ယွင်က ခေါင်းကိုကုတ်လိုက်၍
"ကျွန်တော့်ရဲ့စကားကြောင့် အစ်မတို့နှစ်ယောက်ကြားမှာ အနှောင့်အယှက်ဖြစ်လာမှာစိုးရိမ်လို့ပါ"
ဝိန်းရိဖန်က ခပ်ရေးရေးလေးပြုံးလိုက်၏။
"အဲ့လောက်ကြီး မပြင်းထန်ပါဘူး"
မုချန်ယွင် သက်ပြင်းရေးရေးချရင်း
"ဒီလိုဆိုရင်တော့ အကောင်းဆုံးပါပဲ"
ဓါတ်လှေကားက အချိန်ကိုက်ရောက်လာခဲ့၏။
အတွင်းထဲတွင် လူများနေသဖြင့်လည်း နှစ်ဦးစလုံးက အပြင်ဘက်အကျဆုံးနေရာ၌သာ ရပ်နေလိုက်ရသည်။
မုချန်ယွင်က နှုတ်ခမ်းကိုစေ့ထားရင်း ဝိန်းရိဖန်ရှိရာအရပ်သို့ မသိမသာလေးလှမ်းကြည့်မိလိုက်ကာ ဝိန်းရိဖန်ကိုပထမဆုံးမြင်ဖူးခဲ့သည့်နေ့အား ပြန်အမှတ်ရတွေးတောကြည့်လိုက်၏။ သူမက ချန်ဝေ့ဟွာ၏အနောက်မှလိုက်၍ ဝင်လာသည့်အချိန် ခပ်မှိန်မှိန်အခန်းလေးအတွင်း အလင်းရောင်များထွန်းညှိခံရလိုက်သည့်သဖွယ်။ အလွန်ကိုမှ ကျက်သရေရှိလှသောမျက်နှာအသွင်အပြင်က လှပသိမ်မွေ့လွန်းကာ တစ်ဖက်လူ၏အာရုံကို အကြည့်မလွဲစတမ်း ဖမ်းစားထားနိုင်ခဲ့သည်။ ပထမဆုံးအကြည့်တစ်ချက်တည်းနှင့် မိန်းမောသွားခဲ့ရသလို ဒုတိယအကြည့်တစ်ချက်တွင်လည်း မိန်းမောနေရမြဲပါပင်။
မုချန်ယွင်မှာတော့ တစ်ချက်ကြည့်ရုံလေးဖြင့် နစ်ဝင်သွားခဲ့ရ၏။
ထို့ကြောင့် အတန်းတူသည့် ဖုကျွမ့်အား အထူးတလည်ဖြင့် နန်းဝူရုပ်မြင်သံကြားနှင့်သတင်းဌာနတွင် လူလိုခြင်းရှိမရှိ ၊ သူမထံ၌ ချစ်သူကောင်လေးရှိမရှိ အမေးအမြန်းပြုခဲ့ပါသည်။ ကျောင်းသားအလုပ်သင်များကို ခေါ်ယူသည့်အခါတွင်တော့ မုချန်ယွင်သည် ခိုင်ခိုင်မာမာရှိခဲ့သောခံယူချက်တို့ဖြင့် 《ချွမ်တ》သတင်းဌာနအဖွဲ့ဆီသို့ ရောက်လာခဲ့ပါတော့၏။
ဤနည်းလမ်းမှတဆင့် သူမနှင့် ပိုနီးစပ်လာဖို့ မျှော်လင့်ခြင်းပါပေ။
သို့သော် အချိန်ကြာကြာ အတူတူဖြတ်သန်းလာသည်နှင့်အမျှ မုချန်ယွင်၏အနားကပ်ရဲသည့်သတ္တိများမှာ တဖြည်းဖြည်းနည်းလာပါတော့၏။
အဘယ်ကြောင့်ဆိုသော် သူမသည် နွေးနွေးထွေးထွေးနေတတ်သည့်ပုံစံမျိုးလေးဖြစ်ပါသော်ငြား မည်သူ့ကိုမဆို ခပ်တည်တည်တင်းတင်းသာဆက်ဆံတတ်ပြီး အနားကပ်ဖို့ရာ ခက်ခဲလွန်းလှသည်။ နွေးထွေးတတ်သည့်လူက တစ်ချိန်တည်းဆိုသလို အေးစက်နေသည့်အခြားတစ်ဖက်ခြမ်းလည်းရှိနေကာ မည်သည့်ကိစ္စမျိုးနှင့်မှ သူမ၏အာရုံကိုရအောင် မဆွဲဆောင်နိုင်ချေ။
အဝေးတစ်နေရာ၌သီးသန့်ရှိနေသည့် တည်ရှိနေမှုတစ်ခုလိုပါပင်။
သို့သော် ထိုနေ့တွင်တော့ စန်းရန်နှင့်အတူရှိနေသည့် ဝိန်းရိဖန်၏ပုံစံကို မုချန်ယွင် မြင်လိုက်ရကာ...
သူတွေးထင်ထားသည့်အရာများနှင့် မတူညီသလိုလို..
မုချန်ယွင်က အတွေးများပြန်ရုတ်သိမ်းလိုက်ကာ ထပ်မတွေးတော့ချေ။
ဤအချိန်ကာလများအတွင်း သူ့ခံစားချက်များကို ငြိမ်အောင်ထိန်းသိမ်းထားပါသည့်တိုင် အချစ်ရှုံးသည့်ခံစားချက်ကြီးမှာ လက်ရှိအချိန်ထိကျန်ရှိနေဆဲ။ သူပြောလိုက်သည့်စကားများကြောင့် ဝိန်းရိဖန်၏အမြင်၌ သူ၏ပုံရိပ်မှာ ပို၍ဆိုးကောင်းဆိုးနိုင်သွားပါသေးသည်။
သို့သည့်တိုင် မျှော်လင့်နေသေးသည်မှာ...
သူသည် လူတစ်ယောက်အား တစ်နှစ်နီးနီး သဘောကျလာခဲ့ပြီး အကောင်းမွန်ဆုံး ဆက်ဆံပေးနိုင်ပါသည့်အကြောင်း ;
သည့်ထက်အပြင် မည်သည့်အနှောင့်အယှက်မျိုးမှမပေးပါဘဲ သူမ သဘောကျသည့်လူနှင့် အတူတူနေသွားမည်ကိုလည်း လက်ခံပေးနိုင်ပါသည့်အကြောင်း သိစေချင်ရုံ။
---------
အခြားတစ်ဖက်တွင်။
စန်းရန်က တစ်ကြိမ်ထက်နှစ်ကြိမ် ၊ နှစ်ကြိမ်ထက်မက သုံးကြိမ် ငြင်းနေပါသည့်တိုင် အရက်အတင်းတိုက်ခံနေရသည်။ လက်ရှိအချိန်တွင် အလုံပိတ်အခန်းထဲ၌ ပူအိုက်လာပြီဖြစ်၍လည်း သူ့နက်ကတိုင်လ်ကို လျော့လိုက်ကာ ဖုန်းထဲမှ မက်ဆေ့ကိုဖတ်ကြည့်ပြီး စာပြန်လိုက်၏။
[ ရောက်ရင် ကိုယ့်ကိုဖုန်းခေါ်လိုက် ]
တဖန် ဖုန်းကိုပြန်ချထားလိုက်၏။
ဘေးနားတွင်ထိုင်နေသည့် စန်းကျီက စကားဆိုလာခဲ့သည်။
"ကိုကို..ညီမလေး ချန်ဖေးကောကို ဆုတောင်းစကား သွားပြောပြီးရင် အရင်ပြန်နှင့်တော့မယ်"
စန်းရန် ;
"ကိုယ့်ဘာသာကိုယ် ပြန်နိုင်လား"
စန်းကျီ ;
"အပြင်ထွက်လိုက်တာနဲ့ မှတ်တိုင်ရှိတယ်လေ..ညီမလေး လမ်းမှတ်မိတယ်"
"အင်း"
စန်းရန်က ပျင်းတိပျင်းရွဲအသံဖြင့်
"ကိုယ့်ဘာသာကိုယ် ဂရုစိုက်"
စန်းကျီထွက်သွားပြီးနောက်တွင် မျက်စောင်းထိုးနေရာ၌ ထိုင်နေသည့်စုဟောက်အန်းက စတင်၍ပွဲဆူလာပါတော့သည်။
"စန်းယောက်ျားဆန်..မင်းရဲ့ရည်းစားက လာမှာလား မလာဘူးလား"
စန်းရန်က မျက်လုံးပင့်ကြည့်လာ၏။
အရှက်ရှိန်မြင့်လာကြခြင်းကြောင့်လားမသိ ၊ စုဟောက်အန်းက အတော်လေးစိတ်ပါလက်ပါဖြစ်နေရင်း
"မင်း လေကျယ်ပြီး မရှိတဲ့ရည်းစားအကြောင်း လျှောက်ပြောထားတာမလား"
စန်းရန်က ခနဲ့တဲ့တဲ့ရယ်ပြပြီး လျစ်လျူရှူထားလိုက်သည်။
ဘေးနားရှိ 'ချန်ကျွင့်ဝိန်' က ဆက်၍
"ငါလည်း အဲ့လိုပဲထင်တယ်"
စကားဆုံးသည့်အခါ ချန်ကျွင့်ဝိန်၏အကြည့်များက စန်းရန်၏အနောက်ဘက်မှလူဆီသို့ ရောက်သွားပုံရကာ တဟီးဟီးရယ်နေသည့်မျက်နှာဖြင့်
"လောင်ရွှီ..မင်းလည်း ငါတို့လိုပဲ မြင်တယ်မလား ဟမ်!"
ဤစကားကြောင့် စန်းရန်က ဘေးဘက်သို့လှမ်းကြည့်လိုက်၏။
အနောက်တိုင်းဝတ်စုံပြည့်နှင့်ကြက်သွေးရောင်နက်ကတိုင်လ်စည်းထားသည့် ယောက်ျားတစ်ဦးက အခုလေးတင် သန့်စင်ခန်းမှပြန်လာပုံရသည်။ ဆံပင်စများကနဖူးပေါ်ဝဲကျနေပြီး မျက်ရစ်လေးများ ထင်းထင်းရှားရှားပါသည့်အပြင် မျက်ဝန်းအိမ်တို့ကပါ တဖျက်ဖျက်လက်နေကာ ကြည့်မိသူအဖို့ လျှပ်စီးဓါတ်များ ကူးလူးခံစားလိုက်ရသလိုပါပင်။
သူတို့ပြောနေကြသည့်စကားများကို သေချာကြားလိုက်ပုံမရသည့်သူက ခပ်ရေးရေးပြုံးပြလာလေပြီး
"ဟမ်?"
"သွမ့်ကျားရွှီ"
စုဟောက်အန်းက ဒေါသထွက်ထွက်ဖြင့် လှမ်းအော်ခေါ်လိုက်၍
Advertisement
- In Serial36 Chapters
Is It Wrong to be a Vampire in a Dungeon?
At the end of YGGDRASIL, Shalltear Bloodfallen is mysteriously sent into a dungeon full of monsters. How will she react to being separated from her beloved master? [Overlord X DanMachi Crossover]
8 157 - In Serial54 Chapters
Touch me like you do
"Listen you jerk, I wouldn't have even touched you if I wasn't drunk." I bit out furiously. "Even if you were the last man on earth I wouldn't go near you.""Is that so?" His voice was dangerously low."Besides I thought you were my fiancé. That was the only reason why I kissed you." I lied hoping my face didn't betray me.His eyes darkened and a muscle jumped on his jaw. He started walking towards me and I took a step back. Then another step and another until my back hit the wall. He was so close I could smell the cologne he wore.Fear trickled down my spine as I stared at his furious face. He looked as if he wanted to punch something. Or someone."What..what are you doing?" I stammered pressing my body further into the wall."Calling your bluff."His hand wrapped around my nape and pulled me against him. My eyes widened in shock as our bodies touched. Before I could say or do anything his mouth came crashing down on me.
8 211 - In Serial51 Chapters
Fate
Both of them were just looking for sex until feelings got involved, secrets unfolded, and unconditional love was thrown into their whirlwind of violence, trust issues, and revenge. No matter the circumstances, the two were drawn together like magnets; the attraction between them was undeniable. There's just two problems: he has a fiancé and she's the type to hit it and quit it. Dallas Jacobs goes through hell and back to keep Milani Ross in his life. Every time, shit gets sweet there's always someone lurking in the shadows, waiting to get their revenge. His friendships and relationships are put to the test when he's threatened by having his deepest, darkest secrets exposed. Just when he has it all, he loses it within the blink of an eye. He quickly learns a valuable life lesson: "An eye for an eye mentality doesn't solve anything. It just makes the whole world blind." ****-Urban Romance❤️-18+DISCLAIMER: The images used in this book are not mine. They are used for the sole purpose of portraying characters and will not be used by me, outside of wattpad. The information in this book is fictional and is not affiliated with any of the face claims in this book. In other words, the information is about the fictional characters in the book, NOT about the face claims that are portraying the characters.
8 212 - In Serial39 Chapters
Phone Swap
Lily bumped into someone in airport, they both dropped their phone. Man being in hurry pick up one of the phone and leaves.Lily pick other phone and put it in her pocket. Only to realize after an hour that her phone got swapped.The only thing she is worried about is her phone does not have any lock and it has many secrets and embarrassing pictures of her. Lily is not any girl, she is a sole hire of Maxwell Hotel chains. Will the other person use it against her? Who could be the man? Will she ever get her phone back? Find out what happens when two individual bump into each other and have their phones switched.
8 162 - In Serial32 Chapters
A Pull Of Destiny
"Two souls don't find each other by accident. They are meant to be."* * Riya is a famous Indian soap opera actress but her life is always monotonous as acting was never her dream, but her fathers. However, life takes a crazy turn after an unfortunate incident when Riya falls off a mountain cliff during a serial shooting. Raghuveer is a bastard prince; an illegitimate prince and he is unfazed about what the world skinders behind him as his only drive in life is to provide proper medical treatment for his sick mother. His perfectly balanced bland life is disturbed on a sunny morning when he finds a crazy woman lying unconscious in his garden.But when the prince decides to help that woman his life worsens, but for better.A pull of destiny has a brought Riya near Raghuveer, her one and only soulmate. Will that same destiny give them a happy future?
8 228 - In Serial21 Chapters
The Palace Guard (MxM)
Nobody ever thinks of the palace guards. The ones standing around the castle, ready to protect all those in it. Nikkol just happens to be one of these guards, and finds himself sick of standing there waiting for something to happen. Until something does. Something that poses a threat to nobody but Nikkol himself. The threats name: Prince Setial.
8 124

