《First Frost (Myanmar Translation)》Chapter 58
Advertisement
မုချန်ယွင်၏သတိပေးစကားကြောင့် ဝိန်းရိဖန်သည် ကုမ္ပဏီမှထွက်လာခါနီး၌ ပတ်ဝန်းကျင်အား ဝေ့ဝဲကြည့်လိုက်သည်။ ဘယ်လိုပင်ဖြစ်စေ သူမအနေဖြင့် ယခုလိုပြဿနာမျိုးများကိုကြားဖူးကြုံဖူးထားသည့်အတွက် စိတ်ထဲ မလုံမခြုံဖြစ်လာရကာ ဒီအတောအတွင်းလိုက်ခဲ့ဖူးသည့်သတင်းများအကြောင်းကို အကြမ်းဖျင်းတွေးကြည့်လိုက်သည်။
အင်တာဗျူးထားသည့်သူအားလုံးနှင့် ခလုတ်ထိထားခြင်းမရှိ ၊ ပုံမှန်အတိုင်း အေးအေးဆေးဆေးဖြင့်သာ အဆက်အဆံပြုခဲ့သည်ဖြစ်၏။
ယခုတလောတွင် ဖော်ကောင်လုပ်သည့်သတင်းမျိုးလည်း ရေးထားခြင်းမရှိ။
လက်ရှိအချိန်၌ 'ရှန့်အန်း'ရပ်ကွက်သားများက လမ်းပေါ်သွားလာနေကြသည်မှာ မနည်း ၊ ထို့အပြင် လမ်းသရဲလမ်းမကြီးကလည်း အနီးလေး၌သာဖြစ်ကာ ယခုလိုအချိန်မျိုးတွင်ဆူညံပြီးစည်ကားလျက်။ လမ်းမီးတိုင်များက နေရာအနှံ့ရှိကာ မည်းမှောင်နေသည့်ညနက်ကြီးထဲတွင်ပင် နေ့ခင်းအလား လင်းထိန်နေစေ၏။
ဝိန်းရိဖန်၏စိုးရိမ်မှုများသည်လည်း ပတ်ဝန်းကျင်ကြောင့် တဖြည်းဖြည်းမှေးမှိန်သွားခဲ့သည်။
အအေးဒဏ်မှာ စိမ့်ခနဲအေးနေပြီဖြစ်၍ မာဖလာအား မေးဖျားနားထိတိုးတင်လိုက်ပြီး တက္ကစီကိုသာ တိုက်ရိုက်ငှားလိုက်သည်။
ချန်ဖေး၏မင်္ဂလာပွဲအတွက် နေရာယူထားသည့်စားသောက်ဆိုင်မှာ 'ရှန့်အန်း' ရပ်ကွက်ထဲ၌သာဖြစ်ပြီး ဤနေရာမှ ဆယ်မိနစ်ခန့်ကားမောင်းသွားရမည့် အကွာအဝေးတွင်ဖြစ်သည်။
ကားပေါ်သို့ရောက်ပြီးနောက် ပထမဦးစွာ ဝိန်းရိဖန်က စန်းရန်ထံသို့ မက်ဆေ့အရင်ပို့လိုက်သည်။ တစ်ခဏအကြာတွင်တွေ့ရဦးမည့် သူ့မိတ်ဆွေသူငယ်ချင်းများကို တွေးမိရင်း အိတ်ထဲမှ နှုတ်ခမ်းနီ၏ထုတ်ပြီး မိတ်ကပ်ပါးပါးပြန်ပြင်လိုက်သည်။
ဝိန်းရိဖန်က ပြတင်းပေါက်အပြင်ဘက်သို့ငေးကြည့်နေရင်း အတွေးများကလည်း တစ်စစနှင့်ပျံ့လွင့်လာကာ မုချန်ယွင်ပြောသွားသည့် စန်းရန်၏ဘွဲ့ရညစာစားပွဲအကြောင်းအား ပြန်တွေးကြည့်မိလာတော့၏။
အရင်ကတည်းက အမြဲတမ်း ပြန်မတွေးကြည့်ရဲခဲ့သော ၊ စန်းရန်ကို ပြန်ပြောပြဖို့ရာ မရဲခဲ့သော အရာများပင်။ သို့သော် သူမနှင့်သူ့ကြားရှိ ဆက်ဆံရေးမှာ နီးကပ်လာကြသည်နှင့်အမျှ သူမအနေဖြင့် ရယူခြင်းနှင့်ဆုံးရှုံးသွားရခြင်းတို့အပေါ် တွက်ချက်တတ်လာကာ သူမတို့၏လက်ရှိဆက်ဆံရေးက တစ်နေ့တွင် အတိတ်မှကိစ္စများကြောင့် ဖရိုဖရဲဖြစ်သွားမည်ကို အမြဲတမ်းစိုးရိမ်နေမိခဲ့သည်။
---'သူတို့အဲ့နေ့ညမှာပြောနေခဲ့တာက မှတ်မိသလောက်အရဆိုရင် စီနီယာတစ်ယောက်ရဲ့နှစ်တော်တော်ကြာအောင် အရံလူအဖြစ်လိုသုံး လုပ်ခံနေရတဲ့ကိစ္စလားမသိဘူး'
---'နောက်တော့ စီနီယာအစ်ကိုစန်းက စကားတစ်ခွန်းတော့ပြောလိုက်တယ်'
မျက်စိတစ်မှိတ်စာအတွင်း အချိန်များ နောက်ပြန်ရစ်သွားခဲ့ကာ..
ထိုအုံ့မှိုင်းထွေဝေနေပြီး အသက်ရှူမဝဖြစ်စေခဲ့သော နွေရာသီပိတ်ရက်ဆီသို့...
ဆယ်ကျော်သက်ကောင်လေးက သူမ၏အရှေ့တွင်ရပ်နေကာ မိုးဖွဲလေးများက သူ့မျက်တောင်များပေါ်ကျနေရင်း မိုးပေါက်လေးမှသည် ပဲစေ့အရွယ်ရေစက်လေးဖြစ်အောင်စုစည်းသွားပြီးမှ အောက်သို့ပြုတ်ကျလာခဲ့၏။ သူ့လည်စလုတ်က မသိမသာလေးလှုပ်ခတ်သွားပြီး အသံစတို့ကလည်း တိုးဖျညင်သာလွန်းနေခဲ့၏။
"မင်း ဘာဖြစ်လို့ ယီဟဲတက္ကသိုလ်ကို လျှောက်လိုက်တာလဲ?"
ထိုအချိန်တုန်းက ခံစားချက်တို့အား ဝိန်းရိဖန်လည်း သေချာမမှိတ်မိပါတော့ပေ။ မမေ့ပျောက်နိုင်အောင်မှတ်မိနေခဲ့သည့်တစ်ခုတည်းသောအရာမှာ သင့်လျော်မည့်အကြောင်းပြချက်တစ်ခုကိုမှမတွေးနိုင်ခဲ့သောကြောင့် အလျင်းသင့်သလိုပြောပစ်လိုက်သည့်စကားတစ်ခွန်းကိုပင်။
"ငါ တခြားသူနဲ့ချိန်းထားပြီးသားမလို့"
စန်းရန်က သူမအား ကြည့်နေခဲ့၏။
"ဒါဆို ငါကရော?"
"...."
အချိန်မည်မျှပင်ကြာသွားခဲ့မှန်းမသိ ၊ စန်းရန်က မျက်လွှာကိုအောက်သို့စိုက်ချလိုက်ကာ ခန္ဓာကိုယ်ထက်၌လည်း မည်သည့်အပူချိန်နွေးထွေးမှုမျိုးမှ မရှိတော့သလိုပင်။ ပထမဆုံးအကြိမ်အဖြစ် သူသည် နှစ်ယောက်သားကြား အကွာအဝေးခြားနားလိုက်သည်နှင့် တူညီလှသောအခေါ်အဝေါ်ကို တစ်လုံးချင်းထုတ်ပြောလာလေတော့သည်။
"ဝိန်းရိဖန်..ငါက မင်း လိုမှသုံးမယ့်အရံလူလား?"
-------
အတွေးများဟာ ဝီစီမှုတ်သံတစ်ချက်ကြောင့် ပျယ်ပျက်သွားခဲ့ရ၏။
ယာဥ်မောင်းဆရာက အလွန်အမင်းဒေါသထွက်သွားပုံရပြီး ချက်ချင်းဘရိတ်အုပ်လိုက်ကာ ကားမှန်ကိုချ၍ အပြင်ဘက်သို့ခေါင်းပြူထွက်လိုက်၏။
"သောက်ရူး!..ကားမမောင်းတတ်ဘူးလား!"
ဝိန်းရိဖန်လည်း အရှေ့သို့ယိုင်သွားသည်နှင့်အတူ အပြင်ဘက်သို့လှမ်းကြည့်လိုက်သည်။ ပြိုင်ကားတစ်စီးက အလွန်ကိုမှ တဇောက်ကန်းဆန်ဆန်မောင်းလာပြီး သူမတို့၏ကားကိုပင် ဝင်တိုက်သွားလုနီးနီး။
ဆဲဆိုပြီးနောက်တွင်တော့ ယာဥ်မောင်းဆရာက တဖန် ကားပြန်ထွက်လာလိုက်၏။
ဝိန်းရိဖန်က စိတ်ထဲလန့်ဖြန့်သွားခဲ့သောကြောင့်
"ဦးလေး..ဘာဖြစ်သွားတာလဲ?"
"လန့်သွားပြီလား ကလေးမလေး.."
ဝိန်းရိဖန်က ရုပ်လေးလည်းလှသည့်အပြင် စကားပြောကပါ သိမ့်မွေ့သည့်အတွက် ယာဥ်မောင်းဆရာ၏ဒေါသများက သိသိသာလျော့သွားခဲ့ကာ
" 'ရှန့်အန်း'ရပ်ကွက်ကတော့ ဒီအတိုင်းပဲ..သူဌေးသားအုပ်စုတွေ အရက်မူးပြီးကားမောင်းပြိုင်ကြတာ..ဘယ်သူ့ကိုမှဂရုစိုက်တာမဟုတ်ဘူး"
"...."
ဝိန်းရိဖန်က ဤအကြောင်းနှင့်ပတ်သတ်ပြီး သတင်းဆောင်းပါးများစွာ ရေးဖူးကြသဖြင့် ကြားဖူးနားဝရှိသည်ဟု ဆိုရမည်။
သို့သော် ဝိန်းရိဖန်၏အာရုံမှာ 'အရက်မူးပြီးကားမောင်း' ဆိုသည့်စကားလုံးပေါ် လုံးဝသက်ရောက်သွားခဲ့တော့၏။ အမူအရာတို့က တင်းခနဲဖြစ်သွားရင်း ချစ်သူများနေ့မနက်ခင်းတုန်းကကိစ္စကိုလည်း သတိရမိလိုက်သည်။ အခင်းဖြစ်ပွားရာနေရာသို့ရောက်သည့်အချိန်တွင် အရက်မူးပြီးကားမောင်းလာသည့် 'ချယ်ရှင့်ဒယ်' ကို တွေ့ခဲ့ရသည့်ကိစ္စ။
ထိုလူကများ သူမက လက်ရှိ နန်းဝူရုပ်မြင်သံကြားနှင့်သတင်းဌာနတွင် အလုပ်လုပ်နေကြောင်း သိသွားနိုင်လေမလား။
ဝိန်းရိဖန်က ထပ်၍ မုချန်ယွင်၏စကားများကို ပြန်တွေးကြည့်လိုက်၏။
အသက်လေးဆယ်ကျော်အရွယ် ယောက်ျားတစ်ဦး...
သူမအနေဖြင့်တော့ အရာအားလုံးဟာ ခန့်မှန်းကြည့်ရုံသက်သက်။
စားသောက်ဆိုင်သို့ရောက်သည့်အချိန်တွင် ဝိန်းရိဖန်က ငွေပေးချေကာ ကားပေါ်မှဆင်းလာခဲ့သည်။ ဖုန်းမထုတ်လိုက်ရသေးခင်ပင် တံခါးဝ၌ရပ်နေသည့် စန်းရန်ကို လှမ်းမြင်လိုက်ရ၏။ သူက ပျင်းတိပျင်းရွဲဖြင့် ရပ်နေလေပြီး အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး ၊ ဝတ်ထားသည့်အနောက်တိုင်းဝတ်စုံက အအေးဒဏ်ကိုကောင်းကောင်းကာကွယ်ပေးပုံလည်းမရ ၊ လက်ထဲ၌ စီးကရက်တစ်လိပ်ကိုကိုင်ထားပြီး ပင်ပန်းနေသည့်ပုံပင်။
ဝိန်းရိဖန် သူ့အရှေ့နားထိလျှောက်သွားလိုက်၍
"ဘာလို့ ဒီနေရာမှာ ဆေးလိပ်လာသောက်နေတာလဲ"
ဤစကားသံကြောင့် စန်းရန်က သူမအား ငုံ့ကြည့်လာခဲ့၏။ သူ့ခန္ဓာကိုယ်ထက်၌ အရက်နံ့များ ပြင်းထန်နေသည်မှာ ဘယ်လောက်ပင်သောက်ထားမှန်းမသိ။ သို့သည့်တိုင် မျက်ခုံး မျက်လုံးများက ရှင်းလင်းတည်ငြိမ်နေပြီး မူးနေသည့်အရိပ်အယောင်မျိုးအား တစ်စက်လေးမျှပင်မတွေ့။
"နင် မအေးဘူးလား?"
ဝိန်းရိဖန်က သူ့လက်ချောင်းများကို လှမ်းကိုင်လိုက်ရင်း
"ငါတို့အထဲဝင်ရအောင်..နင့်ရဲ့ ဒီအင်္ကျီကိုကြည့်ရတာ ဘယ်လိုမှနွေးမှာမဟုတ်ဘူး"
စန်းရန်က စီးကရက်အား ဘေးနားရှိအမှိုက်ပုံးပေါ်တင်လိုက်၏။
"အေးတာပေါ့..မင်း ကိုယ့်ကိုနွေးအောင်လုပ်ပေး"
"နင် အများကြီးသောက်ထားတာလား?"
ဝိန်းရိဖန်က သူ့ပုံစံကိုအကဲခတ်ရင်း သူ့လက်ကိုလည်းကိုင်ထားကာ သူမ၏အင်္ကျီအိတ်ကပ်ထဲသို့ ထည့်ထားလိုက်သည်။
"နင်ပြောတော့ နင်က သတို့သားအရံဆို..အဲ့ဒါတောင်မှ အရက် အတင်းသောက်ခိုင်းသေးတာပဲလား"
Advertisement
စန်းရန်က သူမ၏မျက်နှာအား စိုက်ကြည့်နေပြီး
"ရည်းစားရှိတဲ့သူတိုင်း မဖြစ်မနေကို သောက်ရတယ်"
"...."
ဝိန်းရိဖန်က မျက်တောင်တစ်ဖျက်ဖျက်ခတ်ရင်း ဤစည်းမျဥ်းစည်းကမ်းကြီးအား ထူးဆန်းမိနေတော့၏။
"ဒါဆို ငါရော မဖြစ်မနေသောက်ရမှာလား?"
"ဒါပေါ့"
စန်းရန်က ဝိန်းရိဖန်အား အထဲသို့ဆွဲခေါ်သွားရင်း
"ဒါပေမယ့်..."
"အမ်?"
စန်းရန်၏နှုတ်ခမ်းပါးတို့က ရေးရေးလေးကွေးတက်သွားကာ သူ့လက်ချောင်းထိပ်များက သူမ၏လက်ဖမိုးကို ပွတ်သပ်လာ၏။
"မင်းရဲ့ကောင်လေးက မင်းအတွက်ကိုပါ ဖြေရှင်းပေးပြီးသွားပြီ"
-------
စန်းရန်၏ဆွဲခေါ်လာမှုကြောင့် ဝိန်းရိဖန်သည် သူတို့ထိုင်နေသည့်စားပွဲဝိုင်းဆီသို့ ရောက်လာခဲ့သည်။
ဤဝိုင်းတွင် ချန်ဖေး၏အရင်းနှီးဆုံးသူငယ်ချင်းများသာ ထိုင်နေကြပြီး အားလုံးက အချင်းချင်းရင်းနှီးနေကြသည့်သူများလည်း ဖြစ်သည်။ စန်းရန်ဆွဲခေါ်လာသည့် ဝိန်းရိဖန်အား မြင်လိုက်ရသည့်အချိန်တွင်တော့ ဆူညံပွက်လောရိုက်နေကြသည့်ယောက်ျားအုပ်စုကြီးမှာ ရုတ်ချည်းတိတ်ဆိတ်သွားပါလေတော့သည်။
အားလုံးဝိုင်းကြည့်နေကြခြင်းကြောင့် ဝိန်းရိဖန်လည်း အနည်းငယ် မသက်မသာဖြစ်လာရတော့၏။
တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူမှာ စုဟောက်အန်း ;
"ငါ-ူး! စန်းရန်..မင်းရဲ့ကောင်မလေးက ဝိန်းရိဖန်?"
စန်းရန်က မျက်တောင်များပင့်ကြည့်လာ၍
"ဘာလဲ?"
"မင်းပြောပြောနေတဲ့ ဟို..မင်းကို အရူးမီးဝိုင်းလိုက်ပြီးအီစီကလီလုပ်ချင်နေတဲ့ကောင်မလေး?"
စုဟောက်အန်းတစ်ယောက် စန်းရန်၏လေကျယ်မှုအပေါင်းတစ်သောင်းကို နားမထောင်ချင်တော့သည့်အထိ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ဖူးကာ
"အဲ့လိုစကားမျိုးကိုလည်း မင်းပြောထွက်လာသေးတယ်နော်"
ဝိန်းရိဖန်က စန်းရန်အား အလိုလိုမော့ကြည့်မိလိုက်၏။
စုဟောက်အန်းက ဝိန်းရိဖန်ကိုလှမ်းကြည့်၍
"ဝိန်းရိဖန်..မင်း ဒီခွေးရဲ့မျက်နှာကို ပစ်ရိုက်ပစ်မယ့်စကားတစ်ခွန်းလောက် ပြောပေးစမ်းပါ..ငါ တကယ်ကို ဒီကောင့်ရဲ့သောက်ကြီးသောက်ကျယ်လုပ်နေတဲ့ ပါးစပ်နဲ့မျက်နှာကြီးကို သည်းညည်းမခံနိုင်တော့ဘူး"
"အာ?"
ဝိန်းရိဖန်အတွက်တော့ ပြောသွားသည့်စကားများထဲတွင် မှားယွင်းနေသည့်တစ်စုံတစ်ရာမျိုးမရှိသဖြင့် ချိတုံချတုံပြန်ဖြေလိုက်၏။
"ငါတကယ်လည်း အဲ့လိုလုပ်ခဲ့တာ..ဒါပေမယ့် အီစီကလီလုပ်တာမျိုးမဟုတ်ဘူး..."
"...."
ဝိန်းရိဖန်အမြင်တွင် 'အီစီကလီ'ဆိုသည့်စာလုံးက တလေးတနက်နှင့်စိတ်ရင်းစိတ်မှန်တို့မပါသလို ခံစားမိနေသောကြောင့်လည်း ဆက်၍
"လိုက်ပိုးပမ်းတာ"
ဤစကားတစ်ခွန်းအဆုံးတွင်။
စားပွဲဝိုင်းသည် နောက်ထပ်တစ်ကြိမ် တိတ်ဆိတ်သွားပါတော့သည်။
စန်းရန်က အသံတစ်ချက် မထွက်လာပါဘဲ ဝိန်းရိဖန်၏လက်ကိုသာ အသံတိတ်ကစားနေလေ၏။ ကြည့်ရသည်မှာ လုံးဝစိတ်အေးလက်အေးပုံစံမျိုးပင်။ သူက ခေါင်းသဲ့သဲ့စောင်းထားကာ ဝိန်းရိဖန်၏ အလေးအနက်ရှင်းပြနေသည့်ပုံစံကို ငေးကြည့်နေပြီး ရုတ်တရက်ခေါင်းငုံ့သွားကာ အသံထွက်အောင်ရယ်နေတော့သည်။
စုဟောက်အန်းခမျာ ပြောစရာစကားမဲ့နေသည့်ကြားက
"မင်း စန်းရန်ကို မျက်နှာသာ အရမ်းပေးနေတော့တာပါပဲ"
ကြည့်ရသည်မှာ စားပွဲဝိုင်းရှိလူများအားလုံး မည်သူကမှ ဝိန်းရိဖန်၏စကားကို ယုံကြည်ကြပုံမရပေ။
ဝိန်းရိဖန်က တစ်ဦးတစ်ယောက်ချင်းစီ၏အမူအရာကို အာရုံစိုက်မနေတော့ဘဲ အလျင်းသင့်သလိုသာ ဝေ့ဝဲကြည့်လိုက်၏။ မျက်စိတစ်မှိတ်စာအတွင်း စန်းရန်၏ဘေးနားတွင်ထိုင်နေသည့်သူအား သတိထားမိလိုက်ကာ ထိုလူသည် စန်းရန်၏အခန်းဖော်များထဲမှတစ်ယောက်ဖြစ်ကြောင်းကိုလည်း ချက်ချင်းအမှတ်ရလိုက်သည်။
ချန်ကျွင့်ဝိန် ဟုခေါ်သည့်တစ်ယောက်။
"အဲ့တော့..."
ချန်ကျွင့်ဝိန်က အချိန်ကိုက်စကားစလာခဲ့ကာ သူ့စကားသံက အတင်းအဖျင်းပြောတော့မည့်အသံ။
"စုဟောက်အန်း..မင်း တစ်လောကလုံးကိုလိုက်ပြောပြနေတဲ့ ဟို...စန်းရန် အထက်တန်းကျောင်းတုန်းက အသေရရအရှင်ရရလိုက်ပိုးပမ်းတာတောင် မရလိုက်တဲ့မိန်းကလေး ဆိုတာ?"
စုဟောက်အန်းက သက်ပြင်းချလိုက်၍
"ဟုတ်တယ်..အဲ့ဒါကြောင့်မလို့ ကောင်မလေးက သူ့ကိုလိုက်ပါတယ်ဆိုပြီး လေကျယ်နေတဲ့ဒီကောင့်အစား ရှက်လွန်းလို့"
"...."
ဝိန်းရိဖန်က ဇဝေဇဝါဖြစ်နေရင်း စန်းရန်၏နားရွက်နားသို့ တိုးသွားလိုက်၏။
"နင် မရှင်းပြတော့ဘူးလား"
စန်းရန် ;
"ဘာကို ရှင်းပြရမှာလဲ"
ပြောင်းပြန်အနေဖြင့်မူ ဝိန်းရိဖန်မှာတော့ စန်းရန်အား မျက်နှာသာရစေရေးအလို့ငှာ ;
"နင် လေကျယ်ပြီးလျှောက်ပြောနေတာမဟုတ်ဘူးလို့လေ"
"...."
ချန်ကျွင့်ဝိန်က ဆက်၍
"စန်းရန်..မင်း တက္ကသိုလ်တုန်းက ရည်းစားမထားခဲ့တာ ဒါကြောင့်လား?"
စုဟောက်အန်းက အလျင်စလိုအော်ဟစ်လာ၏။
"မင်းကသာ အကြီးကြီးတွေပစ်တွေးနေတာ..စန်းရန်ဆိုတဲ့ကောက်က ရည်းစားရှာမရတာ အိုကေ?..သူ့ခွေးဒေါသကြီးကို ဘယ်သူက သည်းခံနိုင်မှာမလို့လဲ..မင်းပြောလေ မင်းဆိုရင်ရော သည်းခံနိုင်လို့လား!..စိတ်နေသဘောထားက တရားလွန်မွန်မြတ်သိမ်မွေ့နေတဲ့လူမှပဲ ဒီကောင်နဲ့ တစ်သက်လုံးနေနိုင်မှာ"
ချန်ကျွင့်ဝိန်က အရက်တစ်ငုံမော့လိုက်ပြီး
"အမှန်တိုင်းပြောရရင်..ခုဏက စန်းရန် ငါ့ကို သွမ့်ကျားရွှီ ချောလားလို့လာမေးတဲ့အချိန်..ဒီကောင်များ တကယ်ကြီး သွမ့်ကျားရွှီကိုကြိုက်နေပြီလားလို့ ငါ ထင်လိုက်မိတာ"
ထိုကောလဟလအတင်းအဖျင်းကြောင့် ဝိန်းရိဖန်က ချန်ကျွင့်ဝိန်အား အလိုလိုလှမ်းကြည့်မိနေလိုက်သည်။
"ငါတော့ လက်မြှောက်ပြီးကိုအရှုံးပေးပါတယ်..ပြီးတော့ ဘာပြောသေးတာ?..အို့.."
ချန်ကျွင့်ဝိန်က စန်းရန်၏လေသံအတိုင်းပြန်ပြောပြလာ၏။
"ဒါဆို..ငါနဲ့ သွမ့်ကျားရွှီ ဘယ်သူပိုချောလဲ?"
"...."
ဝိန်းရိဖန်က ချက်ချင်းဆိုသလို စန်းရန်အား လှမ်းကြည့်မိလိုက်လျှင်..
သူ့အထက်စီးဆန်ဆန်မျက်ဝန်းများဖြင့် တည့်တိုးဆုံသွားခဲ့ပြီး သည့်ထက်အပြင် အဓိပ္ပါယ်ပါလွန်းလှသောအကြည့်စူးစူးများဆိုလည်း မမှားပါပေ။
ကြည့်ရသည်မှာ စာရင်းဟောင်းများကို အချိန်နှောင်းလည်း ရှင်းဦးမည်ဆိုသည့်အဓိပ္ပါယ်။
ဤတစ်ကြိမ်တွင်တော့ ဝိန်းရိဖန်တစ်ယောက် 'ရေထဲရောက်လည်း ပြဿနာရှာနေသေးသည့်ငါး' ဖြစ်ဖို့ရာ မရည်ရွယ်။ တစ်ချက်တွေးကြည့်လိုက်ပြီးနောက် အချိုသာဆုံးစကားဆိုဖို့အတွက် သူ့နားရွက်နားထိ တိုးကပ်သွားလိုက်၏။
"ငါ နင့်ဘက်က တစ်မဲပေးတယ်"
"မလိုဘူး"
စန်းရန်က စိတ်ထဲတေးထားဆဲ ၊ ယခုလို အလွယ်လေးပေးလာသည့်ဖြေရှင်းချက်မျိုးကို လက်မခံနိုင်သည့်အသွင်ဖြင့်
"ကိုယ် ဘယ်တော့မှ သူများကိုအတင်းအကြပ်ဖိအားပေးပြီးမလုပ်ခိုင်းဘူး"
ဝိန်းရိဖန် ရယ်ချင်သလိုလိုဖြစ်လာရ၏။
"မဟုတ်ပါဘူး..ငါက စိတ်ရင်းစိတ်မှန်နဲ့ကို ပေးတာပါနော်"
စန်းရန် ;
"ဟုတ်လား"
"မဟုတ်ရင်.."
ဝိန်းရိဖန်က တစ်ခဏရပ်သွားပြီးမှ ခုဏလေးကပြောသွားသည့် စုဟောက်အန်း၏စကားကို ပြန်ယူသုံးလိုက်၏။
Advertisement
"ငါက နင့်ကို ဒီလောက်ကြီးထိ အရူးမီးဝိုင်းလိုက်ပိုးပမ်းပါ့မလား"
"...."
မင်္ဂလာဧည့်ခံပွဲအခမ်းအနားက ပြီးဆုံးခါနီးတွင်။
စန်းရန်အား အခြားဝိုင်းမှသူငယ်ချင်းဟောင်းကြီးများက အတင်းဆွဲခေါ်သွားကြကာ ဝိန်းရိဖန်က ထိုလူများကို မသိသဖြင့် နေရာ၌သာနေရစ်ခဲ့သည်။ ခေါင်းငုံ့ပြီးဖုန်းကစားနေသည့်အချိန် သူမ၏ဘေးနားမှ ချန်ကျွင့်ဝိန်နှင့် အခြားယောက်ျားတစ်ဦး ပြောနေကြသည့်စကားများကို ဖြတ်ခနဲကြားလိုက်ရသည်။
ချန်ကျွင့်ဝိန် ;
"ငါတို့တွေထဲမှာ 'လောင်ချန်'က အရင်ဆုံးမင်္ဂလာဆောင်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားခဲ့ဘူး..ငါ မှတ်မိနေပါသေးတယ်..ငါတို့ဘွဲ့ရညစာစားပွဲနေ့တုန်းက အဲ့ကောင်ပေါ့..တက္ကသိုလ်တက်ခဲ့တဲ့တစ်လျှောက်လုံး အရံလူအဖြစ်လုပ်ခံထားရလို့ဆိုပြီး တစ်ညလုံးငိုတာလေ.."
အခြားတစ်ယောက်ကလည်း လိုက်ရယ်၍
"ငါ-ူး ဘွဲ့ရပြီးတာဖြင့် ဘယ်နှနှစ်တောင် ရှိနေပြီမလို့လဲ"
ချန်ကျွင့်ဝိန် ;
"အေးကွာ..အဲ့တုန်းက စန်းရန်လည်း အရက်တွေမူးပြီး ငါ့ကို ဘယ်သူနဲ့မှားနေမှန်း မသိဘူး..စကားတွေ လာပြောနေတာလေ ဘာတဲ့..."
ဝိန်းရိဖန် မသိမသာဖြင့် လှမ်းကြည့်နေမိ၏။
ချန်ကျွင့်ဝိန် ဆက်ပြောမည့်စကားကို မကြားလိုက်ရခင် စုဟောက်အန်းက ရုတ်တရက် မတ်တပ်ထရပ်လာပြီး ဝိန်းရိဖန်အား လှမ်းအော်ခေါ်လိုက်သည်။
"အေ့..ဝိန်းရိဖန်..မင်းနဲ့ ငါ့ညီအစ်ကိုကောင်းကြီး စန်းရန်တို့ အတွဲတွေဖြစ်သွားတာကို ဂုဏ်ပြုတဲ့အနေနဲ့..လာ..ငါတို့ သုံးလေးခွက်လောက် သောက်ရအောင်"
ဝိန်းရိဖန်က စန်းရန်ပြောထားသည့် 'ရည်းစားရှိတဲ့သူတိုင်း မဖြစ်မနေသောက်ရတယ်' ဆိုသောစကားအား အမှတ်ရလိုက်၏။ အရက်သောက်လိုက်လျှင် အနည်းဆုံးလည်း စိတ်ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာရှိသွားတတ်သဖြင့် ဝိန်းရိဖန်က အရက်ခွက်ကိုလှမ်းယူပြီး အသာတကြည်မော့သောက်လိုက်၏။
အခြားဝိုင်းမှ စန်းရန်ပြန်ရောက်သည့်အချိန် တွေ့လိုက်ရသည်မှာ ခွက်ရေတော်တော်များများသောက်ထားပြီးသည့် ဝိန်းရိဖန်၏လက်ရှိအခြေအနေ။ သူမ၏ခန္ဓာကိုယ်ထက်တွင် အရက်နံ့များ သိသိသာသာကိုရနေပြီး မျက်နှာအမူအရာမှာတော့ နည်းနည်းလေးနီနေရုံကလွဲ ပုံမှန်အတိုင်းပင်။
သို့သော် အပြုအမူတို့မှာ နှေးကွေးလွန်းနေပြီး မျက်လုံးမှာမပွင့်တပွင့်နှင့် မျက်ခွံများကလည်းမှေးကျဥ်းထားလျက်။
စန်းရန်က ဝိန်းရိဖန် အရက်မူးနေသည့်ပုံစံကိုကြည့်လိုက်ရုံဖြင့် ဖြစ်သွားသည့်အခြေအနေအား အကြမ်းဖျင်းခန့်မှန်းနိုင်သွား၏။
စုဟောက်အန်းဘက်သို့ လှမ်းကြည့်လိုက်ကာ အနည်းငယ်ဒေါသထွက်သွားခဲ့၍
"မင်း သောက်ပြဿနာရှာချင်နေတာလား?"
"ညီအစ်ကိုကောင်းကြီး"
စုဟောက်အန်း၏အခြေအနေမှာတော့ စိတ်နှင့်ကိုယ်ပင် ကပ်ပုံမရတော့ဘဲ ဝူးတူးဝါးတားဖြင့်
"ဟုတ်တယ်..မင်းအဖေလုပ်တာ!..မင်းအဖေက မင်းကို! အရမ်းလှပတဲ့ညလေးတစ်ည ဖန်တီးပေးထားတာ!..အားနာနေစရာမလိုဘူးနော်!"
"...."
ဝိန်းရိဖန်က နေရာ၌သာထိုင်နေရင်း အရက်ခွက်ကိုကိုင်ကာ တည်တည်ငြိမ်ငြိမ်ဖြင့်ဆက်၍သောက်နေဆဲ။
စန်းရန်က ဆက်သောက်ခွင့်မပေးတော့ဘဲ လက်ထဲမှခွက်ကိုဆွဲယူကာ ဘေးတစ်နေရာ၌ချလိုက်၏။ အချိန်လည်းမစောတော့သဖြင့် စန်းရန်သည် ဝိန်းရိဖန်၏လက်ကို ဆွဲယူလိုက်ရင်း ခပ်သြသြအသံဖြင့်
"အိမ်ပြန်မယ်"
ဝိန်းရိဖန်က မျက်လုံးပင့်ကာ စန်းရန်၏မျက်နှာအား စိုက်ကြည့်နေ၏။
"အင်း"
နှစ်ယောက်လုံးက အရက်သောက်ထားကြသဖြင့် ကိုယ်တိုင်ကားမောင်းသွား၍မဖြစ်။
ဝိန်းရိဖန်၏ပုံစံမှာ ဟန်မပျက်တမ်းတည်တည်ငြိမ်ငြိမ်ရှိနေပါသော်ငြား ခြေလှမ်းများမှာတော့ ဖြောင့်ဖြောင့်ဖြူးဖြူးမရှိတော့ချေ။ စန်းရန်၏အကူအညီတစ်ဝက်ယူပြီးမှသာ စားသောက်ဆိုင်ထဲမှထွက်လာနိုင်လေပြီး အပြင်ဘက်၌ စန်းရန် တက္ကစီတားနေသည်ကို ရပ်ကြည့်နေ၏။
နောက်တွင်တော့ ဝိန်းရိဖန် မတ်တပ်ပင်မရပ်ချင်တော့ဘဲ ပလပ်ဖောင်းပေါ်ရှိ ကျောက်ခုံအသေးလေးထက်၌ တန်းထိုင်ပစ်လိုက်တော့သည်။
ဤလမ်းမှာ လမ်းကြိုလမ်းကြားမဟုတ်သည့်တိုင် အချိန်တော်တော်ကြာသွားသည်အထိ ဖြတ်သွားဖြတ်လာတက္ကစီတစ်စီးပင်မတွေ့ရသေး။
ဝိန်းရိဖန်၏လှုပ်ရှားမှုကို မြင်လိုက်ရခြင်းကြောင့် စန်းရန်က သူမ၏အရှေ့ဘက်သို့ပြန်လျှောက်လာပြီး ခန္ဓာကိုယ်ကိုကိုင်းကာ လှမ်းကြည့်လာခဲ့သည်။ ထို့နောက် မျက်မှောင်ကျုံ့လိုက်ရင်း သူမ၏မျက်နှာအား ဆွဲညှစ်၍
"မင်းကတော့ အရမ်းတွေသတ္တိရှိနေတာနော်"
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြရင်း ချီးကျူးမှုကိုလက်ခံလိုက်သည်။
"ကျေးဇူး"
စန်းရန်က ဒေါသထွက်ထွက်ဖြင့်ရယ်လိုက်၏။
"မင်းကို ဘယ်သူက အရက်သောက်ခိုင်းထားလို့လဲ"
"...."
ဝိန်းရိဖန်က သူ့မျက်နှာအား တည့်တည့်စိုက်ကြည့်နေရင်း ရုတ်တရက်လက်မြှောက်လာကာ သူ့မျက်နှာအား လှမ်းထိတွေ့လိုက်သည်။
"စန်းရန်"
"ဘာလဲ"
မည်သည့်အကြောင်းအရာကို တွေးမိသွားမှန်းမသိ ၊ ဝိန်းရိဖန်က နှုတ်ခမ်းကိုစေ့ထားရင်း စိတ်အားလျော့သလိုလည်းဖြစ်သွားခဲ့၏။ ထို့နောက် နှာတစ်ချက်ရှုံ့လိုက်ကာ ခပ်တိုးတိုးလေးဖြင့်
"နင် ဒီနှစ်တွေကိုဖြတ်သန်းခဲ့ရတာ အဆင်မပြေဘူးမလား"
စန်းရန်၏အမူအရာမှာ တင်းခနဲဖြစ်သွားခဲ့၏။
"မင်းကို ဘယ်သူက ဘာပြောလိုက်လို့လဲ"
ဝိန်းရိဖန် ခေါင်းရမ်းပြရင်း
"ဘယ်သူမှ ဘာမှမပြောဘူး"
စန်းရန်က ပြုံးပြလာ၏။
"ဒါဆို ဘာတွေတွေးမိလို့လဲ"
"ငါ တွေးနေတာက.."
ဝိန်းရိဖန်၏ ခေါင်းသဲ့သဲ့လေးစောင်းလာခဲ့သည့်အမူအရာမှာ တွေးမိထားသည့်အရာများကြောင့် အရမ်းဝမ်းနည်းနေရသည့်ပုံပင်။
"နင် ဘာဖြစ်လို့ လမ်းသရဲလမ်းမကြီးရဲ့ ခေါင်းကြီးသင်္ကေတသွားလုပ်နေတာလဲဆိုတာကို.."
(ခေါင်းကြီးသင်္ကေတ = ဟိုလိုအငှားကောင်လေး)
"...."
ဝိန်းရိဖန်ထံမှ ယခုလိုစကားမျိုးကြားရလိမ့်မည်ဟု မထင်ထားမိခဲ့သူ စန်းရန်မှာ ဆက်၍ပင် မပြုံးနိုင်ပါတော့ချေ။
"နင် အဲ့လိုမလုပ်နဲ့တော့နော်.."
ဝိန်းရိဖန်က သက်ပြင်းတစ်ချက်ချလိုက်ကာ အလေးအနက်ဖြင့်စကားဆိုလာခဲ့၏။
"ငါ နင့်ကိုလာရွေးမယ်..ဟုတ်ပြီလား"
"...."
-----------
(Zawgyi)
ထိုအုံ့မှိုင်းထွေဝေနေပြီး အသက်ရှူမဝဖြစ်စေခဲ့သော နွရောသီပိတ်ရက်ဆီသို့...
"ဒါဆို ငါကရော?"
"...."
Advertisement
- In Serial31 Chapters
Come over
17+ This is my first story, please message me with suggestions of any storiesAlso please vote/follow if you like!!Best ratings:#1 Fanfiction#1 Ghostface #1 Slasher#1 Face#1 Billy#1 Student#1 Scream #1 Loomis
8 302 - In Serial23 Chapters
Existara: the RRD. Book two
Mission Impossible status: Failed. The Castle of Despair has proven itself to be nothing but an unparalleled overwhelming power yet again. If we fight - we die. If we don't - we die. Will this accursed cycle never end? Is there really no other way? The Rebirth Research Division - is tasked to finding the answers...
8 229 - In Serial28 Chapters
The Bad Boy's Decision
THIS IS THE SEQUEL TO 'A BAD BOY'S SECRET'.Amelia was seventeen when she first met and fell in love with Aidan Richards in sunny California. Putting all their previous suffering and heartbreak behind them, the pair finally set their sights on a long and happy future together. Or so Amelia thought.When tragedy strikes yet again, she is forced to watch as everything around her crumbles away, leaving her with nothing. Aidan is gone and her happiness, along with him. Fast forward four years and nothing much has changed. Amelia still reels after the only man she has ever loved but having not seen or spoken to him since high school, can she really expect him to feel the same way? A family wedding will certainly put them to the test and stretch their extremities to the max. What happens when old feelings start to resurface?Will Amelia finally get her HEA or will she hit rock bottom yet again?*Mature content throughout*.
8 141 - In Serial47 Chapters
TaeKook/KookV | What Are We?
[COMPLETED]A FETUS BOOK. CRINGE..."Koo... this isn't normal. We're best friends""Then let's make this our normal"A story in which Jeongguk and Taehyung are best friends who act like a couple. Especially on Jeongguk's part. Taehyung is conflicted. He's fallen in love with his best friend but is not sure what he and Jeongguk are and just wants a definite answer. Yet, things turn out differently when Taehyung finds out that Jeongguk fell for him but wasn't ready to commit to dating him. One is ready to date while the other is hesitant about commitment. What could go wrong?My first book. Hella cringe 💀MOST IMPRESSIVE RANKINGS:#1 KookV#5 topkook#11 TaeKook
8 160 - In Serial32 Chapters
Worth The Risk
Part 2**DO NOT read if you're not interested in or don't like the Caregiver/little dynamic**
8 145 - In Serial85 Chapters
ENTWINED
Entwined is now published as a Wattpad Book! As a Wattpad reader, you can access both the Original Edition and Books Edition upon purchase.On her eighteenth birthday, Avery Montgomery will discover who the Greek gods have chosen as her soulmate. But what if it's not the boy she's fallen in love with? *****Seventeen-year-old Avery Montgomery doesn't want a soulmate, but she doesn't get a choice. As a descendant of a minor Greek goddess, it's her destiny to meet her other half after her eighteenth birthday and hear his thoughts inside her head -- just as it's the destiny of everyone else like her, born as part of an Ancient Greek race known as the Hellenicus. But Avery has never had a romantic bone in her body, and while there's a chance her soulmate might be Carlos, her dreamy new crush, or Adrian, her long-time childhood crush, there's also a chance...no, her soulmate couldn't possibly be her best friend's annoying older brother Vladimir. Right?Content/Trigger Warning: self-harm, violence against children[[People Choice Awards 2019 Winner for Best Teen Fiction]][[The Wattys 2018, Longlist]]
8 170

