《First Frost (Myanmar Translation)》Chapter 59
Advertisement
တစ်နှစ်ကျော်မျှကြာသွားခဲ့ပြီးနောက်တွင် ဝိန်းရိဖန်၏ပါးစပ်ဖျားမှ ဤစကားလုံးအား ထပ်ကြားလာရလိမ့်မည်ဟု စန်းရန် တစ်ခါမှပင်မတွေးထားမိခဲ့ပါပေ။ သည့်ထက်အပြင် ဤအကြိမ်၌ 'ပြန်ရွေးမည့်' အဆင့်ထိပါ တက်သွားလေပြီ။
သူ့အတွက်တော့ ကြားလိုက်ရသည်မှာ ကြောင်တောင်တောင်လည်းနိုင်လှသလို ရယ်ချင်စရာလည်းကောင်းနေပြန်သေးသည်။
"ကိုယ့်ကို ဘာဖြစ်တယ်?"
ဝိန်းရိဖန်၏ အေးစက်စက်လက်ချောင်းများက သူ့မျက်နှာကို ထိတွေ့နေသည်မှာ မျက်ခုံးမှတဆင့် ပါးပေါ်သို့ဆင်းလာပြီး နောက်တွင် ပါးချိုင့်ရာရေးရေးလေးပေါ်နေသည့်သူ့ညာဘက်ပါးနေရာ၌ ရပ်တန့်သွားခဲ့၏။
ဆက်၍လည်း မလှုပ်ရှားလာတော့သလို..
အကြည့်များကပါ ပါးချိုင့်နေရာဆီသို့ ရောက်လာခဲ့သည်။
"ပြောပြကြည့်ပါဦး"
စန်းရန်က ဝိန်းရိဖန်အား သဘောကျထိခွင့်ပေးထားပြီး သူမ၏အခြားလက်တစ်ဖက်ကိုကား သူ ဆွဲကိုင်ထားလိုက်၍
"ကိုယ့်ကိုရွေးလိုက်ပြီပဲထား..ပြီးတော့ရော.."
"ပြီးတော့လား?"
ဝိန်းရိဖန်က မျက်တောင်များကို ဖြည်းဖြည်းချင်းပင့်တင်လာပြီး ရင်းနှီးလွန်းလှသော သူ့မျက်ခုံးများကို စိုက်ကြည့်ကာ သူမ၏အတွင်းစိတ်ဆန္ဒများကို အရိုးသားဆုံးပြောပြလာခဲ့သည်။
"နင့်ကို ငါ့တစ်ယောက်တည်းအတွက်ပဲ ဖြစ်အောင်လုပ်မလို့"
စန်းရန်က မျက်ခုံးကိုအသာအယာပင့်မြှောက်လိုက်၍
"ဒါဆို..မင်း ရွေးနေစရာတောင် လိုသေးလို့လား"
"လိုတယ်..ဘာလို့လဲဆိုတော့ ငါ မြင်ထားတာ.."
ဝိန်းရိဖန်က နှုတ်ခမ်းကိုကိုက်လိုက်ရင်း ခပ်တိုးတိုးလေးမကျေမနပ်ဆိုလာ၏။
"နင် တခြားမိန်းကလေးတွေကို ရယ်ပြလို့"
စကားအဆုံးတွင် သူမက ထပ်၍ရှင်းပြလာလေသေးသည်။
"ဒါပေမယ့်လည်း ဒီဟာတွေက နင့်အလုပ်မှာမဖြစ်မနေပေးရမယ့်ဝန်ဆောင်မှုလေ..ငါ နင့်ကို ရွေးပြီးသွားရင်တော့ နင် ဒါမျိုးတွေလုပ်စရာမလိုတော့ဘူးနော်"
"ဝိန်းရွှမ်းကျန့်..အရက်မူးလာရင် သူများကို ပေါက်ကရတွေစွပ်စွဲလို့ရတယ်လို့ ဘယ်သူကများသင်ပေးထားတာလဲ"
စန်းရန်က ဝိန်းရိဖန်၏လက်အား အားပါပါဖြင့်လှုပ်လိုက်၍
"ဒီနေ့ စားပွဲဝိုင်းမှာထိုင်နေကြတဲ့သူတွေအားလုံးက ယောက်ျားတွေချည်းပဲလေ..ကိုယ် ဘယ်သူ့ကိုရယ်ပြနေလို့လဲ"
ဝိန်းရိဖန်က ခေါင်းရမ်းပြ၏။
"ဒီနေ့ကိုပြောတာ မဟုတ်ဘူး"
စန်းရန် ;
"ဒီနေ့မဟုတ်ရင် ဘယ်နေ့ကိုပြောနေတာလဲ"
"ငါ 'Overtime' ကို ပထမဆုံးအကြိမ်ရောက်တဲ့နေ့က.."
ဝိန်းရိဖန်က ပြန်တွေးကြည့်နေသည့်အလား ဖြည်းဖြည်းချင်းဖြင့်
"တစ်ညထဲမှာကို နင် မိန်းကလေး ၄ယောက်ကိုရယ်ပြတာ..ပြီးတော့ အဆက်အသွယ်လုပ်လို့ရမယ့်ဟာတွေလည်း ပေးသေးတယ်"
"...."
စန်းရန်သည် ဟိုးအရင်ကကိစ္စများအား မမှတ်မိပါတော့သည့်တိုင် ထိုကိစ္စမျိုး လုံးဝမလုပ်ခဲ့ကြောင်းကိုတော့ သေချာအာမခံရဲသည်။ ဝိန်းရိဖန်ကို တည့်တည့်စိုက်ကြည့်ပြီး အိတ်ကပ်ထဲမှဖုန်းကို ထုတ်ပေးလာခဲ့၍
"ကိုယ့်ဘာသာကိုယ် စစ်ကြည့်လိုက်"
ဝိန်းရိဖန် ဖုန်းကိုလှမ်းမယူလိုက်ခင် အနောက်ဘက်ဆီမှ ကားတစ်စီးလာသံကြားလိုက်ရသည်။
စန်းရန်က ဘေးဘက်သို့လှမ်းကြည့်လိုက်ရာ ခရီးသည်မပါသည့်တက္ကစီအလွတ်တစ်စင်းဖြစ်နေ၏။ လက်ကိုင်ဖုန်းအား ဝိန်းရိဖန်လက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် လက်မြှောက်ကာ ကားတားလိုက်၏။ ထို့နောက်တွင် ဝိန်းရိဖန်ကိုဆွဲထူ၍ ရင်ခွင်ထဲထည့်ဖက်ထားရင်း
"အိမ်ပြန်မယ်"
ဝိန်းရိဖန်က လက်ထဲ၌ ဖုန်းကိုကိုင်ထားပြီး စန်းရန်အား ခေါ်လာဆဲ။
"စန်းရန်"
"ဟမ်?"
ဝိန်းရိဖန်က အလွန်တရာကိုအလေးအနက်ဖြစ်နေပြီး
"ငါ အခုကစပြီး ပိုက်ဆံစုနေပြီ..နင် သူများကိုမရယ်ပြရဘူးနော်"
"...."
စန်းရန်က ငုံ့ကြည့်လာလေပြီး စိတ်ထဲ၌လည်း ဒီအမူးသမားနှင့်စကားကောင်းကောင်းပြောဖို့ရာ မဖြစ်နိုင်ကြောင်း ခံစားမိလိုက်တော့သည်။ ကားတံခါးကိုဖွင့် ၊ သူမအား ကားထဲထည့်လိုက်ပြီး ထိုပေါက်ကရစကားများကိုသာ လက်ခံထားလိုက်တော့၏။
"အင်းပါ..ကိုယ် နားလည်ပါပြီ"
တံခါးကိုပိတ် ၊ စန်းရန်က တစ်ဖက်သို့လျှောက်သွားကာ ကားထဲဝင်ထိုင်လိုက်သည်။
ယာဥ်မောင်းဆရာအား သွားမည့်နေရာလိပ်စာကို ပြောပြပြီးနောက် ဝိန်းရိဖန်နားသို့ကပ်လာကာ လုံခြုံရေးခါးပတ် ပတ်ပေးလိုက်၏။
သူ့အပြုအမူတို့ကိုစိုက်ကြည့်နေရင်း နီးကပ်လာသည့်မျက်ခုံးတစ်စုံအား ဝိန်းရိဖန် ကျင့်သားမရနိုင်သေး ၊ ထပ်၍လည်းအရက်ရှိန်ကြောင့်ရီဝေဝေဖြစ်နေသည့်အခြေအနေမျိုးတွင် အနည်းငယ် နေမထိထိုင်မသာဖြစ်လာရတော့၏။
"အနောက်ခုံမှာထိုင်လည်း ခါးပတ်ပတ်ရမှာပဲလား"
စန်းရန်က မျက်လုံးပင့်ကြည့်လာ၍
"ဘယ်နေရာမှာပဲထိုင်ထိုင် ခါးပတ်ပတ်ရမှာ"
"အို့"
စန်းရန်က သူ့နေရာ၌ပြန်ထိုင်သွားသည်အထိ ဝိန်းရိဖန် လိုက်စောင့်ကြည့်နေပြီးနောက်တွင်
"ဒါဆို နင်ကျတော့ ဘာလို့ခါးပတ်မပတ်တာလဲ"
"ကိုယ် စိတ်လောနေလို့"
ဝိန်းရိဖန်က သူ့စကားအဓိပ္ပါယ်ကိုနားလည်သည့်အလား 'အို့' ဟုအသံပြုလိုက်၏။ ကားအတွင်းမှာ တိတ်ဆိတ်နေလျက်။ သူမ၏အကြည့်များဟာ သူ့အပေါ်၌သာရှိနေပြီး နောက်စက္ကန့်ပိုင်းကြာပြီးချိန်၌ ထပ်၍မေးလာပြန်၏။
"ဒါဆို နင်ကျတော့ ဘာလို့ခါးပတ်မပတ်တာလဲလို့"
"...."
စန်းရန်က သုံးလေးစက္ကန့်တိတ်ဆိတ်နေပါသည့်တိုင် ဝိန်းရိဖန်က သူ့ကိုသာ စိုက်ကြည့်နေသဖြင့် ထပ်၍ သူမ၏စကားကိုလိုက်လျောလက်ခံလိုက်ရပြီး လုံခြုံရေးခါးပတ်အား ပတ်လိုက်တော့သည်။
ထိုအခါတွင်မှ ဝိန်းရိဖန်၏ပုံစံမှာ ကျေနပ်သွားသယောင်ယောင်။ မျက်လွှာချကြည့်လိုက်ရင်း စန်းရန်၏ဘယ်ဘက်လက်ကောက်ဝတ်ပေါ် အာရုံရောက်သွားခဲ့သည်။ သူ့အင်္ကျီလက်ရှည်မှာ အနည်းငယ်ခေါက်တင်ထားပြီး သူမကိုယ်တိုင်ဝတ်ပေးထားခဲ့သည့်လက်ပတ်က ဘယ်ဘက်လက်၌ဝတ်ထားဆဲဖြစ်ကာ ကြည့်ရသည်မှာ တစ်ခါမှမချွတ်ပစ်ခဲ့သည့်ပုံ။
အလှဆွဲသီးလေးပါသည့် အနီရောင်ကြိုးမျှင်ခပ်သေးသေးက သူ့အရှိန်အဝါများနှင့် အမှန်တကယ် မလိုက်ဖက်ပါချေ။
သို့သော် သူ ဝတ်ထားလိုက်သည့်အချိန်တွင်တော့ တော်တော်လေးလိုက်ဖက်သွားပြန်သလိုလို။
ဝိန်းရိဖန်က သူ့လက်ကိုဆွဲယူကာ သုံးလေးကြိမ်ခန့်ထိကြည့်လိုက်၏။ ဦးနှောက်ထဲတွင် ယနေ့ည၌ စုဟောက်အန်းက စန်းရန်၏ပုံရိပ်အား ဖျက်လိုဖျက်စီးလုပ်နေသည့်အကြောင်း ပြန်တွေးမိလိုက်ကာ မဆီမဆိုင် စိတ်မကြည်ပါတော့ဘဲ
"နင် ဒီဟာဝတ်ထားတာကို သူများတွေက မိန်းကလေးဆန်တယ်ဆိုပြီး ရယ်ကြသေးလား?"
"အမ်?"
စန်းရန် ;
"အဲ့ကောင်တွေကို သောက်ဂရုစိုက်မနေနဲ့"
"ဒါဆို ငါတို့က ဘာလို့ အခုလိုအစောကြီးထပြန်လာရတာလဲ"
ဝိန်းရိဖန်က တစ်ခုခုကိုစဥ်းစားနေပုံရကာ ဖြေးဖြေးချင်းဖြင့်
"ခုဏတုန်းက သူတို့ပြောနေကြတာတော့ ခဏနေကျရင် မင်္ဂလာခန်းကိုဝင်နှောင့်ယှက်ကျမယ့်အစီအစဥ်ရှိသေးတယ်ဆို.."
စန်းရန်သည်လည်း ဝိန်းရိဖန်အတိုင်း ဖြေးဖြေးချင်း စကားဆိုနေလေသည်။
"ဘာဖြစ်လို့လဲဆိုတော့ အရက်သမားလေးတစ်ယောက် အရက်မူးသွားလို့လေ"
Advertisement
ဤစကားကိုကြားသည့်အခါ ဝိန်းရိဖန်က စန်းရန်ကိုအကဲခတ်လိုက်၏။
"နင် အရက်မူးနေတာလား?"
"...."
"ဒါဆို ငါတို့ ပြန်ရောက်လို့ရှိရင် ငါ နင့်အတွက် ပျားရည်ဖျော်ပေးမယ်"
ဝိန်းရိဖန် အရက်မူးနေသည့်အခြေအနေတွင်တော့ ပုံမှန်ထက်ပို၍ စကားများပါသည့်တိုင် ပြောထွက်လာသည့်စကားများမှာတော့ ဖြောင့်ဖြောင့်ဖြူးဖြူးပင်။
"ပြီးရင်တော့ နင် စောစောအိပ်..မနက်ဖြန်ကျရင် အလုပ်သွားရဦးမှာလား"
စန်းရန်က ခေါင်းစောင်းကြည့်လာ၏။
"မင်းရော?"
ဝိန်းရိဖန်က မျက်တောင်တဖျက်ဖျက်ခတ်ပြ၍
"ငါက မနက်ဖြန်နားရက်"
"အို့"
စန်းရန်က သူမ၏လက်ဖဝါးကို ဖြစ်ညှစ်လိုက်ရင်း
"မင်း အားနေတယ်ဆိုတိုင်း ကိုယ့်ကို အလုပ်မရှိဖြစ်နေမှာစိုးလို့ အလုပ်ရှာပေးတာပေါ့?"
"ငါ့ဘက်က နင့်ကို ပြန်ရွေးမယ်လို့တောင် စဥ်းစားထားတာလေ..နင့်ရဲ့ ခေါင်းကြီးအလုပ်ကို မေ့ပစ်တော့"
ဝိန်းရိဖန်၏စကားလမ်းကြောင်းက သည်နေရာသို့ပြန်ရောက်လာပြန်ကာ အမူအရာတို့ကတည်တည်တံ့တံ့။
"ပြီးတော့ ငါ့အတွက်လုပ်ပေးရမယ့်ကိစ္စတွေကလည်း ကျိုးကြောင်းသင့်ပြီးဆီလျော်မှုရှိတယ်"
"...."
စန်းရန် ပထမဆုံးအကြိမ် 'ခေါင်းကြီးသင်္ကေတ' အကြောင်းကို စသိခဲ့ရသည်မှာ စုဟောက်အန်း ပြောပြလာခြင်းကြောင့်။ ထိုအချိန်တုန်းက ဘယ်နေရာမှကြားလာမှန်းမသိသည့် စုဟောက်အန်းက ဤကိစ္စအတွက်ဖြင့် မကျေမနပ်ပင်ဖြစ်နေခဲ့ပြီး မည်သူကမှ လမ်းသရဲလမ်းမကြီး၏ အဓိကခေါင်းကြီးသင်္ကေတဖြစ်သင့်ကြောင်း သူနှင့်ငြင်းခုံခဲ့ပါသေးသည်။
သူ့အနေဖြင့်တော့ စုဟောက်အန်း၏စကားများကို အာရုံစိုက်ရန် ပျင်းလွန်းလှသည့်အတွက် စိတ်ထဲပင်မထည့်ခဲ့ပေ။
သို့သော် စန်းရန် မထင်ထားမိခဲ့သည်မှာ..
ဤနာမည်ပြောင်က သူနှင့်ဝိန်းရိဖန် ပြန်ဆုံတွေ့ခွင့်ရသည့်အခွင့်အရေးတစ်ခု ဖြစ်လာခဲ့လိမ့်မည်ဟူ၍ပင်။ သည့်ထက်အပြင် သူမက ဤကိစ္စနှင့်ပတ်သတ်ပြီး စိတ်မကောင်းပင်ဖြစ်နေသေး၏။
တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက်တွင်။
စန်းရန်က အောင့်အည်းမနေနိုင်တော့ဘဲ သဘောတကျရယ်နေမိပါတော့သည်။ သူ့ပုခုံးများက မသိမသာလေးလှုပ်နေပြီး ရယ်နေသည့်အခါမျိုးတွင် ရင််ဘတ်မှာနိမ့်ချည်မြင့်ချည်။ အတော်ကြာအောင်ရယ်နေပြီးကာမှ
"အင်းပါ ဟုတ်ပါပြီ..မင်းပြောတာ ဆီလျော်ပါတယ်"
"...."
"ပြီးတော့..မင်းရဲ့ကောင်လေး ကိုယ်က အခုထိဖြူစင်နေတုန်းနော်..ဘာဝန်ဆောင်မှုမှလည်းမပေးဖူးသလို ခန္ဓာကိုယ်ကိုလည်း မရောင်းဘူး..အရည်အချင်းနဲ့ပဲ ပိုက်ဆံရှာထားတာ"
စန်းရန်က စကားအဆုံးနားတွင် အသံကိုဆွဲချလိုက်၍
"မင်းရဲ့ပိုက်ဆံတွေအတွက်ကတော့...သုံးရကျိုးနပ်စေရမယ်"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြလိုက်၏။
"ငါ သိတယ်"
စန်းရန် ;
"အဲ့ဒါကြောင့်မလို့ ကိုယ့်ကို မြန်မြန်လာရွေးနော်..နော်?"
ဝိန်းရိဖန် ခေါင်းထပ်ငြိမ့်ပြလိုက်သည်။
သူတို့နှစ်ဦး၏စကားများကို ကြားနေရသည့် ယာဥ်မောင်းဆရာကြီးက နောက်ကြည့်မှန်မှတဆင့် မကြာခဏဆိုသလို လှမ်းလှမ်းကြည့်လာ၏။ ထိုသို့လှမ်းကြည့်နေသည်မှာ 'ရှန်တုဟွားချန်' အိမ်ရာသို့ရောက်လာသည့်အချိန်အထိ။ ဂိတ်ပေါက်သို့ရောက်သည့်အခါ စန်းရန်၏ပိုက်ဆံကို လှမ်းယူပြီးနောက် ယာဥ်မောင်းဆရာကြီးက မနေနိုင်အောင်ဖြောင်းဖျလာပါတော့သည်။
"မိန်းကလေး..ဦးလေးကြည့်နေတာ မိန်းကလေးရဲ့ရုပ်လေးက အရမ်းကိုလှပါတယ်ကွာ...."
ဝိန်းရိဖန်က ကားပေါ်မှဆင်းလာပြီးဖြစ်ကာ ပြတင်းပေါက်မှတဆင့်သာ လှမ်းကြည့်လိုက်၏။
"အမ်?"
"ခေါင်းကြီးလိုရည်းစားမျိုး ရှာတွဲနေစရာမလိုပါဘူး!"
"...."
စန်းရန်က ကားတံခါးကိုလှမ်းပိတ်ပစ်လိုက်ပြီး အပြုံးမမြည်သောအပြုံးဖြင့်
"ကားဆရာ..ခင်ဗျား ဒီလိုပုံစံနဲ့ စီးပွားရေးလုပ်နေတာလား?"
"...."
'ရှန့်တုဟွားချန်' အိမ်ရာသည် လုံခြုံရေးတင်းကြပ်ကာ စာရင်းမသွင်းထားသောကားလိုင်စင်နံပါတ်များအား ဝင်ခွင့်မပေးထားပါပေ။ ဝင်လာလျှင်လည်း လိုက်ရှင်းပြနေရမည့်ပြဿနာမှာ မနည်း။ ထို့ကြောင့် စန်းရန်က အိမ်ရာအတွင်းထဲထိ မဝင်ခိုင်းတော့ဘဲ ဂိတ်ပေါက်၌သာ ကားရပ်ခိုင်းလိုက်ခြင်းဖြစ်သည်။
လမ်းတစ်လျှောက်လုံး ထိုင်လာခဲ့သည့်အတွက်ကြောင့် ဝိန်းရိဖန်၏အရှက်ရှိန် ပိုမြင့်လာပုံရကာ မတ်မတ်ပင်မရပ်နိုင်တော့ချေ။
စန်းရန်က သူမအား ရိုးရိုးရှင်းရှင်းဖြင့်သာ ကျောပိုးလာခဲ့လိုက်သည်။
ဝိန်းရိဖန်က မေးဖျားအား စန်းရန်၏ပုခုံးပေါ်တင် ၊ လက်နှစ်ဖက်က သူ့လည်ပင်းကိုသိုင်းဖက်ထားပြီး အိပ်ချင်နေပါသည့်တိုင် စကားပြောမပြတ်သေး၏။
"အဲ့ဒါကြောင့်မလို့..အလွယ်လမ်းကိုလိုက်ပြီး ထမင်းမစားချင်ရဘူးနော်"
စန်းရန်က ပြောသမျှကိုငြိမ်ပြီးသာ နားထောင်နေ၏။
ဝိန်းရိဖန် ;
"အဲ့လမ်းက မျှော်လင့်ချက်အမဲ့ဆုံးလမ်း.."
"အင်းပါ..ဘယ်သူကမှလည်း မင်းကို အလွယ်လမ်းလိုက်ပြီးထမင်းမစားခိုင်းပါဘူး"
ဝိန်းရိဖန်က ခေါင်းရမ်းပြ၍
"ရှိတယ်"
ဤစကားကြောင့် စန်းရန်၏ခြေလှမ်းများ တုံ့ခနဲဖြစ်သွားကာ နောက်လှည့်ကြည့်လာ၏။
"ဘယ်သူလဲ?"
ဝိန်းရိဖန်က တစ်ခုခုပြောချင်နေပုံရသော်လည်း စန်းရန်၏မျက်နှာအား မြင်လိုက်ရသည့်အခါတွင်တော့ ပြောထွက်လာတော့မည့်စကားလုံးများကို ပြန်မျိုသိပ်သွားခဲ့၏။ အကြည့်လွှဲလိုက်သည်နှင့်အတူ သေချာပြန်တွေးကြည့်လိုက်ရင်း
"ငါ ယီဟဲမှာနေခဲ့တဲ့ဟိုးအရင်တုန်းက..ငါ ပထမဆုံး သတင်းစာတိုက်တစ်ခုမှာ အလုပ်သင်အနေနဲ့ နှစ်နှစ်အလုပ်လုပ်ခဲ့ဖူးတယ်..နောက်တော့မှ ယီဟဲရုပ်မြင်သံကြားနဲ့သတင်းဌာနဘက်သို့ ပြောင်းခဲ့တာ"
ဝိန်းရိဖန်က အတိတ်မှကိစ္စများနှင့်ပတ်သတ်ပြီး ပြန်ပြောလေ့ ရှိခဲလှသဖြင့် ယခုလိုကြားလိုက်ရသည့်အခါ စန်းရန် အနည်းငယ်မှင်သေသလိုဖြစ်သွားခဲ့သည်။
"ငါက အလုပ်ခေါ်စာကိုလျှောက်လိုက်ရာကနေတဆင့် သူတို့ရဲ့ အဖွဲ့တစ်ခုထဲကို ပါသွားခဲ့တယ်ဆိုပါတော့..ငါတောင်မှ ငါ့ကိုယ်ငါ ပါသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..ဘာဖြစ်လို့လဲဆိုတော့ အဲ့နေရာက များသောအားဖြင့်အဆက်အသွယ်ရှိပြီးသားလူတွေပဲ နေရာရကြတာ..ငါက ဒီအတိုင်း ရရင်လည်းရ၊စမ်းကြည့်ကြည့်မယ်ဆိုပြီးပဲ လျှောက်လွှာတင်ဖြစ်ခဲ့တာ"
စန်းရန် ;
"နောက်တော့ရော?"
"နောက်တော့..."
ဝိန်းရိဖန်၏အမူအရာမှာ ဤမှတ်ဥာဏ်များကို သဘောမကျသည့်အလား အနည်းငယ်မှုန်မှိုင်းနေခဲ့၏။
"ငါ အဲ့မှာအလုပ်လုပ်လို့ လတော်တော်ကြာသွားပြီးတဲ့အချိန် အဖွဲ့ထဲလူတွေအားလုံးပြောနေကျတဲ့စကားကို သိလိုက်တယ်..ငါက ဒါရိုက်တာနဲ့အိပ်ခဲ့တာမလို့ ဝင်လာနိုင်တာဆိုပြီး..."
"...."
"ငါ့အနေနဲ့တော့ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး သိပ်အာရုံမစိုက်ခဲ့ဘူး..ဘယ်လိုပဲဖြစ်ဖြစ် အခြားသူတွေရဲ့ပါးစပ်ကိုလည်း ငါ လိုက်ထိန်းထားလို့မှမရနိုင်တာလို့ပဲ သတ်မှတ်ထားခဲ့တယ်..ဒါပေမယ့် ငါ တကယ်ကိုမထင်ထားခဲ့တာက ငါ့ရဲ့အဲ့ဒီဒါရိုက်တာဆိုတဲ့လူက တကယ်ပဲ ငါနဲ့အိပ်ချင်နေတာ"
Advertisement
စန်းရန်၏ခြေလှမ်းများ ရပ်တန့်သွားခဲ့တော့၏။
"သူ ငါ့ကိုပြောလာတာက ငါ့ရဲ့ဒီမျက်နှာဆိုရင် တခြားဘာပဲလုပ်လုပ် သတင်းထောက်လုပ်နေတာထက်တော့ ပိုက်ဆံပိုရှာနိုင်တယ်..ပိုပြီးလည်း သက်သာတယ်..ငါက ကိုယ့်အားသာချက်ကဘာမှန်း ကိုယ့်ကိုကိုယ်မသိဘူး..သုံးလေးကြိမ်လောက် အိပ်ပေးလိုက်ရုံနဲ့ ငါ ဘာမှဆုံးရှုံးသွားစရာအကြောင်းမရှိဘူးတဲ့.."
ဝိန်းရိဖန်က တစ်ခဏကြာကြာရပ်သွားခဲ့ပြီးမှ
"ငါ အဲ့နေရာကြီးကို အရမ်းမုန်းတာပဲ"
စန်းရန်က ခပ်တိုးတိုးလေးနှစ်သိမ့်ပေးလာခဲ့သည်။
"အင်း..နောက်ဆိုရင် ကိုယ်တို့ အဲ့နေရာကိုမသွားတော့ဘူး"
ဝိန်းရိဖန်လည်း တိုးဖျဖျလေးထပ်မေးလာခဲ့၏။
"သူတို့အားလုံးက ဘာလို့ ငါ့ကို အဲ့လိုပြောကြတာလဲ"
ဝိန်းရိဖန်အား ခြောက်လန့်လိုက်သလိုဖြစ်သွားမည်ကိုစိုးရိမ်သည့်အတွက် စန်းရန်က စိတ်ထဲမှဒေါသများကို ဖုံးဖိထားရင်း
"ဘာလို့လဲဆိုတော့ အဲ့လူတွေအားလုံး ရူးနေလို့"
"...."
"စန်းရန်"
"အင်း"
"ငါ နန်းဝူကိုပြန်မလာခင်တုန်းက.."
ဝိန်းရိဖန်၏အသံတို့မှာ တိုးဖျနေပြီး
"နင့်ကို အိပ်မက်မက်ခဲ့တယ်"
"...."
"ငါ့အိပ်မက်ထဲမှာ နင်က ယီဟဲကိုရောက်လာပြီး နင့်ရဲ့..."
အချိန်ကြာလာခဲ့ကြောင့် အိပ်ငိုက်လာခြင်းလားမသိ ဝိန်းရိဖန်က စကားပြောထွက်ဖို့ရာ အနည်းငယ်ခက်ခဲမွန်းကြပ်လာခဲ့၏။
"နင့်ရဲ့..အမ်..နင့်ရဲ့အမျိုးသမီးကိုပါ ခေါ်လာခဲ့တယ်..နင်တို့က ပျားရည်စမ်းခရီးထွက်လာကြတာ"
စန်းရန်က ရယ်လိုက်၏။
"မင်းဟာက ဘာအိပ်မက်ကြီးလဲ"
ဝိန်းရိဖန် ;
"နင်က အရမ်းကိုပျော်နေတာ..ငါ့ကိုတောင် ပြုံးပြပြီးနှုတ်ဆက်လာခဲ့သေးတယ်"
အလွန်ကိုမှ ထူးဆန်းခဲ့ပါ၏..
ထိုအချိန်တုန်းက ဝိန်းရိဖန်အနေဖြင့် အမှန်အတိုင်းဆိုရလျှင် စန်းရန်အကြောင်း မတွေးဖြစ်တော့သည်မှာ ကြာပင်ကြာလှပြီ..
သို့သော် နိုးလာသည့်အချိန်တွင်တော့..
သူမ ရုတ်တရက် နန်းဝူသို့ ပြန်လာချင်မိသည်..
သူမ ယီဟဲမြို့ကို မနှစ်မြို့သလို..
ပေယွီမြို့ကိုလည်း မုန်းတီးလွန်းသည်..
သူမ သဘောကျသည့်မြို့ဟူ၍ တစ်ခုမှမရှိ..
ထိုအခိုက်အတန့်တွင်တော့..
သူမ ခံစားမိလိုက်ရသည်မှာ အနည်းဆုံးတော့ နန်းဝူတွင် သူမဖေဖေ၏အုတ်ဂူရှိသည်။
အနည်းဆုံးတော့ နန်းဝူမြို့ထဲတွင် သူမ တွေ့ချင်ခဲ့ပေမယ့် မတွေ့ရဲတော့သည့် လူတစ်ဦး ရှိနေပါသေး၏။
"ဟုတ်ပါပြီ.."
စန်းရန်၏စကားသံတို့က အနည်းငယ်လေးလေးနက်နက်ဖြစ်လာခဲ့၏။
"ဒါဆို နောက်ကျရင် ကိုယ်တို့ ယီဟဲကိုသွားလည်ကြမယ်လေ"
"...."
ဝိန်းရိဖန်သည် စန်းရန်၏မျက်နှာအား ဘေးတစောင်းအနေအထားဖြင့် စိုက်ကြည့်နေမိကာ မျက်ဝန်းများက ရှင်းပြမရအောင်ပူနွေးလာပါတော့၏။ မျက်လွှာကိုချ ၊ နှာတစ်ချက် အသာအယာရှုံ့လိုက်ကာ အတိုးဖျဆုံးစကားဆိုလိုက်သည်။
"စန်းရန်..တောင်းပန်ပါတယ်"
"အမ်?..ဘာကို တောင်းပန်နေတာလဲ"
"ငါ အရမ်းလေးလို့"
စန်းရန်က ရယ်လိုက်ရင်း
"ကိုယ်တောင် ဘာမှမပြောရသေးဘူးလေ..ကိုယ့်ဘာသာကိုယ် လေးတယ်လို့လျှောက်ပြောနေ..တောင်းပန်ချင်တယ်ဆိုရင်တောင် ခန္ဓာကိုယ်ပေါ်က အသားကို အရင်ကြည့်..မင်း အခုထိ ကိုယ့်ကို အရိုးတွေနဲ့ထိုးနေတုန်းပဲ"
ဝိန်းရိဖန် စကားဆက်မဆိုတော့ဘဲ စန်းရန်၏လည်တိုင်ထက်၌သာ ခေါင်းအပ်ထားလိုက်တော့သည်။
တောင်းပန်ပါတယ်..
ငါ အရင်တုန်းကစကားပြောခဲ့တာတွေက အရမ်းကိုပြင်းထန်ခဲ့လို့..
ဝိန်းရိဖန်က စကားတစ်ခွန်းမှပင်မဆိုတော့သဖြင့် အတွေးများ တဖြည်းဖြည်းပျံ့လွင့်လာကာ ခန္ဓာကိုယ်ရော နှလုံးသားကပါ မျက်ဝန်းရှေ့၌မြင်နေရသည့်ယောက်ျားလေးကြောင့် စိတ်လုံခြုံမှုကိုအပြည့်အဝ ခံစားလိုက်ရပါတော့၏။ မျက်ခွံများ လျော့ရဲကျလာသည်နှင့်အတူ ဦးနှောက်ထဲ၌လည်း လေးလံလာရင်း မင်္ဂလာပွဲတုန်းက ချန်ကျွင့်ဝိန်ပြောသည့်စကားများကို ပြန်ကြားယောင်လာခဲ့သည်။
---'အဲ့အချိန်တုန်းက ဖက်တီး(ချန်ဖေး)က ငိုလိုက်အရက်သောက်လိုက်နဲ့ အရူးလိုပဲ..အဲ့ကောင်က စန်းရန်ကို သူတက္ကသိုလ်တုန်းကလိုက်ခဲ့တဲ့မိန်းကလေးလို့ထင်ပြီး 'ဝမ်လင်! ငါက မင်းရဲ့ လိုမှသုံးမယ့်အရံလူလား! ဆိုပြီး တရစပ်မေးတာပါဆို..အဲ့တုန်းက စန်းရန်လည်း သောက်ထားတာမနည်းဘူး..အဲ့ကောင်ကလည်း အရူးလိုလိုနဲ့ ဖက်တီးပြောတဲ့အတိုင်း လိုက်ပြောတာ'
---'အာ?..စန်းရန်က ဘာပြောတာလဲ?'
-------
သူမ နားကြားမှား၍သေချာမကြားခဲ့ခြင်းလား သို့မဟုတ် အမှန်တကယ်ဖြစ်ခဲ့သည်ဟူ၍ထင်ယောင်ထင်မှားဖြစ်နေခြင်းလား သေချာမသိပါပေ။
သို့သော် စန်းရန်ကတော့ ထိုစကားမျိုးကို ပြောလောက်မည်မဟုတ်။
သူ ထိုစကားမျိုးကို ပြောလာမည်မဟုတ်။
သူဆိုသည်မှာ မာနတလူလူလွင့်ထားသည့်လူတစ်ယောက် ၊ အမြဲတမ်း မာနထားသင့်သောလူတစ်ယောက်။
မည်သည့်ကိစ္စအတွက်ကြောင့်နှင့်မျှဖြင့် ရှုံးနိမ့်သွားမည့်သူမျိုး မဟုတ်။
ထို့ကြောင့် သူက ဒီလောက်အချိန်တွေအကြာကြီးထိ အမြဲတမ်း သူမကိုစောင့်နေမည်မှာ လုံးဝ မဖြစ်နိုင်ပါချေ။
ပြင်းထန်အားကောင်းလှသော အပြစ်တင်သည့်စိတ် ၊ မသိုးမသန့်ဖြစ်ရသည့်စိတ်တို့က သူမအား လွှမ်းခြုံလုနီးနီး။
ဝိန်းရိဖန်သည်လည်း ဤအရာများ အမှန်တကယ် မဖြစ်စေချင်မိသလို ၊ သူမအနေဖြင့် သည်လိုဆက်ဆံပေးခံရမှုမျိုးကို လက်ခံပေးနိုင်မည့် အခွင့်မျိုးလည်းမရှိပါပေ။
--- သူ ဘာပြောခဲ့တာလဲ?
ဝိန်းရိဖန် နောက်တစ်ကြိမ် ထပ်ပြီးမတွေးကြည့်ရဲတော့။
အလွန်တရာကိုမှ မွန်းကြပ်မောဟိုက်နေခဲ့ပြီး ဖြေးဖြေးချင်းနှင့် လုံးလုံးလျားလျားအိပ်မောကျသွားခဲ့ကာ အိပ်မက်ကမ္ဘာထဲ ဆွဲခေါ်ခံလိုက်ရသည်။
အိပ်မက်ထဲတွင် လူစည်စည်ကားကားဖြစ်နေသည့် စားသောက်ဝိုင်း၏တစ်နေရာ၌..
ယောက်ျားလေးက အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ထားပြီး ကော်လံနေရာမှကြယ်သီးအချို့ကိုဖြုတ်ထားကာ အင်္ကျီလက်အား အနည်းငယ်ခေါက်တင်ထားသည်။ မည်းနက်နေသည့်မျက်ဝန်းတစ်စုံနှင့်မျက်ခုံးပေါ်တို့တွင် အရက်မူးနေသည့်အငွေ့အသက်များစွန်းထင်းနေခဲ့ပြီး ချန်ဖေး၏စကားလုံးတို့ကို လိုက်၍ပြောနေ၏။
"ငါက မင်းရဲ့ လိုမှသုံးမယ့်အရံလူလား?"
ဘေးနားရှိ ချန်ကျွင့်ဝိန်မှာ ရယ်နေရင်း
"စန်းရန်..မင်းပါ ဓါတ်ကူးသွားပြီလား"
"ငါက မင်းရဲ့.."
အခြားသူ၏စကားသံကိုမကြားသည့်အလား စန်းရန်၏အသံတို့မှာ တိုးဖျညင်သာလွန်းနေခဲ့၏။
"အရံလူလား?"
ပတ်ဝန်းကျင်တစ်ခွင်မှ အရာအားလုံးဟာ အဝေးသို့ တွန်းပို့ခံထားရသကဲ့သို့...
ဆူညံပြီးစည်ကားနေသည့်မြင်ကွင်းကြီးဟာ သူနှင့် လျားလျားမျှမသက်ဆိုင်သလိုလို ၊ မတူညီသည့် လောကကမ္ဘာကြီးနှစ်ခု ကွဲပြားနေသည့်အတိုင်းပါပင်။
စန်းရန်၏လည်စလုတ်ဟာ အထက်မှအောက်သို့ လှုပ်ရှားသွားခဲ့သည်။ သူ့မျက်ဝန်းများသည် အရက်ရှိန်ကြောင့် အနည်းငယ်နီရဲနေပြီး မျက်လွှာအား အောက်သို့စိုက်ကြည့်နေလျက်။ နောက်တွင် နှုတ်ခမ်းထောင့်စွန်းအား လှောင်ထေ့ထေ့ကွေး၍ပြုံးလိုက်ကာ အလွန်တရာကိုမှအက်ကွဲခြောက်ကွေ့နေသောအသံဖြင့် စကားဆိုလာခဲ့သည်။
"အရံလူအဖြစ်နဲ့ဆိုရင်လည်း...နေပေးလို့ရပါတယ်"
--------
(Zawgyi)
"ကိုယ့်ကို ဘာဖြစ်တယ်?"
"ပြောပြကြည့်ပါဦး"
"ပြီးတော့လား?"
စန်းရန် ;
"...."
"အိမ်ပြန်မယ်"
"စန်းရန်"
"ဟမ်?"
"...."
Advertisement
- In Serial20 Chapters
Divinity ✔
[Completed] Corrine Adara has a secret so vital that if anyone were to find out, her and her entire family would be executed immediately. As a result, she lives in hiding among her family until one fateful night, she meets the Mad Prince of Daemons.Nikolas Veil is known as the Mad Prince for good reason. One could say he holds two spirits in his body; their personalities so different that they go by different names. Niko is responsible, sweet, and gentlemanly. Kol is violent, devious, and dangerous. Neither can agree on a single thing until they meet Corrine.When Corrine's secret is revealed to the Prince of the Daemons, she's certain her and her family will be executed. Instead, in a surprising turn of events, Prince Nikolas demands her to marry him. And Corrine, unfortunately, has no choice but to accept.Excerpt:"Look at me," He growled, releasing his grip to grasp my face in his claws dangerously. He forcefully turned me to face him, but I just as firmly held my eyes closed tight. "Let me go," I demanded breathlessly."Look at me or I'll rip your eyes out right now," Kol demanded in turn. His grip tightened and his other hand lifted, reaching with those sharp claws no doubt to pluck my eyes from my skull. My eyes flew open and I gasped in panic, looking at those hovering fingertips.He froze above me, stunned. Tears stung at my eyes as I realized they were fully bright, molten gold before a Daemon; meaning I was doomed regardless. Daemons had wiped out all Seraph already. They wouldn't allow me to live and they would punish my father for hiding me."Don't hurt my family," I pleaded abruptly, a sob escaping my throat as I began to tremble under him."You can hide your eyes?" Kol asked with great interest. I choked on a response, but nodded quickly in fear. "Don't rip my eyes out," I requested tearfully."I would never."
8 193 - In Serial23 Chapters
New Life-Choni [Book 2]
Sequel to 'Cherry Poisen'-After coming to fame Cheryl and Toni have started their new life with their kids,fame and a whole lot of attention. Facing the difficulties of fame the family must go through the hardest of times, testing their bonds to see how much they can take.
8 155 - In Serial52 Chapters
Rich People Problems
As much as Kimberly Astor hated to admit it, she had a slight problem. Okay, so it was theoretically a major problem, but it wasn't entirely her fault. Okay, so it was her fault, (at least to a certain extent, according to her) but her dad didn't need to be all rude about it. He especially did not need to threaten her future role as CEO on it too.And, setting up an arranged marriage to fix said 'problem' is so out of proportion. Okay, it wasn't completely out of proportion, but still.Jace Kingston didn't know what he was getting into when he agreed to be married to a 'problematic heiress'. He certainly was not expecting a sexy vixen, who was hellbent on getting on his nerves and destroying the semblance of normalcy he established in his complex life.So, when the two come together to form a business alliance, they make a simple plan. 1. Fix the problem.2. Don't ever bring up personal things.3. Get out.Too bad breaking the second rule is making the third rule look a lot more... difficult.(not edited... i swear i'm trying)________trigger warnings:• sexual/mature content (18+)• explicit language• alcohol and drug abuse________highest rankings:#6 in romance#1 in mature#1 in ceo#1 in boss#3 in billionaire#2 in steamy#1 in slowburn
8 155 - In Serial22 Chapters
Crush Advice
Are you afraid your crush doesn't like you back? Or maybe he's just too shy to make the first move? Or perhaps you have problems with your boyfriend/girlfriend, or maybe even with your ex who has just decided to fly back into your life like a boomerang. Whatever the case, you just need a little bit of advice. Right? Hop in and get all the answers you've been waiting for right here - anonymously!
8 200 - In Serial89 Chapters
Blackstone Inc. (Book 1)
🖤Book 1 of the 'Blackstone' series🖤• • •🔥Highest Ranking🔥#1:-Agegap-Assistant-Boss-Daddy-Employee-Flirting-Lust-Raunchy-Submissive#2:-Employer-Kink-Princess-Sexy#4:-Degradation• • •"Well, I'm Dominic Blackstone, but you can call me Dom or Sir."• • • Dominic Blackstone is the 35-year-old CEO of Blackstone Incorporated in Dallas, Texas. He's powerful, successful, and dominant--A total Type A personality. He is good looking, could have any woman he wants, and is a billionaire. He's at the top of his game and the top of the world, literally, in his 25 story high-rise. Dominic is stoic, professional, well put together, and rarely shows emotion. Until he meets her...-----Genevieve Carlyle is a 22-year-old woman from New Orleans, Louisiana. She's in her last year of college and just wants to make a name for herself in the business world but when tragedy strikes close to home, she drops out and moves to Dallas. When circumstances see her staying, she finds a job at Blackstone Incorporated...as Dominics personal assistant. • • •Will Dominic and Genevieve be able to remain professional or will passions fly? Will Dominic's past come to snatch Genevieve away? And if so, will she give in to temptation?*At least 170,000 words*
8 523 - In Serial10 Chapters
The Other Nikiforov
Always the shadow and never the spotlight. The teenage prodigy that was always outshined by the living legend. She didn't mind because he was her idol, her brother, her family, her world. The night he left Russia without her, she was crushed. Alone in the world, she turns to a friend for help to find maybe something more with the Russian Punk. A year later, she has a gold medal and is finally healing from the scars on her heart and confront her feelings towards her blonde crush, the legendary brother returns to Russia, with a Japanese fiance in tow, and the cards are off the table as to what will happen next. I don't own Yuri on Ice, Yuri on Ice is produced by MAPPA studios, licensed by Crunchyroll, directed by Sayo Yamamoto and written by Mitsurō Kubo. I also do not own the pictures/music used, those belong to their respective artists.
8 197

