《First Frost (Myanmar Translation)》Chapter 61
Advertisement
စန်းရန် အိမ်မှထွက်သွားပြီးနောက်တွင်တော့ ဝိန်းရိဖန်လည်း ပန်းကန်ခွက်ယောက်များကိုသိမ်းဆည်းပြီး ရေချိုးရန် အိပ်ခန်းထဲ ဝင်လာခဲ့တော့သည်။ အဝတ်အစားများချွတ်နေရင်း မနေ့ညက ချန်ကျွင့်ဝိန်ပြောသည့်စကားများကို တဖန်ပြန်ကြားယောင်လာမိ၏ ၊ သူမ ရှင်းရှင်းလင်းလင်းကို ကြားခဲ့သည်မှာ အတည်ပြုစရာပင်မလို ၊ သေချာပေါက်အမှန််တကယ်ပင်။
ချန်ကျွင့်ဝိန်က ထိုစကားများကို ပြန်လည်ပြောပြနေသည်မှာ အမှန်တကယ်။
ဝိန်းရိဖန်၏နှလုံးသားထဲ မသိမသာလေး ရှုပ်ထွေးလာရတော့၏။
စန်းရန်ပြောခဲ့သည့် ထိုစကားတစ်ခွန်းက သူမနှင့်သက်ဆိုင်မှုရှိမရှိဆိုသည်မှာလည်း မသေချာ။
သို့သည်တိုင် သက်ဆိုင်မှုမရှိရန်သာ မျှော်လင့်နေမိတော့၏။
ထိုစကားတစ်ခွန်းက စန်းရန်အရက်မူးနေသည့်အချိန် သူငယ်ချင်းများနှင့် စကားအဖြစ်ပြောလိုက်ခြင်းမျိုးသာဖြစ်ရန် မျှော်လင့်မိသလို ၊ ဤမျှထိရှည်ကြာခဲ့သည့်နှစ်များအတွင်း စန်းရန်က မည်သည့်အတွက်ကြောင့်နှင့်မျှဖြင့် ခြေလှမ်းများတွန့်ဆုတ်သွားခြင်း ၊ မည်သည့်အရာအတွက်ကြောင့်နှင့်မျှ ခလုတ်မထိဆူးမငြိဘဲ ဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းလာခြင်းမျိုးသာ ဖြစ်စေရန် မျှော်လင့်ထားပါတော့သည်။
သည့်အထက်အပြင် သူမကြောင့်ဖြင့်လည်း အနှောင့်အယှက်တစ်စုံတစ်ရာ မရှိစေချင်ခဲ့၏။
တိုတောင်းလှသည့်အနားယူရက်လေးမှာ မျက်စိတစ်မှိတ်စာအတွင်း အမြန်ကုန်ဆုံးသွားခဲ့သည်။
ရှေ့လျှောက်ရက်များအတွင်းတွင် မုချန်ယွင်၏သတိပေးစကားကြောင့် ဝိန်းရိဖန်သည် ဌာနမှ ထွက်လာသည့်အခါတိုင်း အပြင်ဘက်သို့စစ်ဆေးကြည့်ဖြစ်ခဲ့သည်။ လုံခြုံရေးဝန်ထမ်းများကို မေးကြည့်မိသော်လည်း ဤအချိန်များအတွင်း သူမအား လာရှာသည့်သူမျိုးရှိပုံမရပေ။
ပုံမှန်မဟုတ်သည့် မသင့်လျော်သောကိစ္စမျိုးများမရှိသည့်အတွက် ဝိန်းရိဖန်လည်း စိတ်သက်သာရာရသွားခဲ့သည်။
မိုးဖွဲလေးများသာရွာတော့သည့် ရာသီဥတုနှင့်အတူ နွေဦးရာသီထဲ တဖြည်းဖြည်းဝင်လာခဲ့သည်။ နန်းဝူမြို့၏အပူချိန်ဒီဂရီမှာ သိသိသာသာတိုးမြင့်လာသည်နှင့်အမျှ ဆောင်းရာသီ၏အအေးဓါတ်များ လွင့်ပျယ်ပျောက်ကွယ်သွားကာ လမ်းတစ်လျှောက်ရှိ ကိုင်းခက်သစ်ပင်တို့တွင်လည်း ရွက်နုများ ဝေဆာလာခဲ့သည်။
ဝိန်းရိဖန်က အခုလေးတင် တည်းဖြတ်ခန်းထဲမှထွက်လာပြီး ရုံးခန်းထဲဝင်ကာ ကွန်ပြူတာကိုဖွင့်လျှင်ဖွင့်လိုက်ချင်းပင် စုထျန်းက စကားပြောရန်အနားသို့ရောက်လာခဲ့သည်။
"အေ့..ငါကြားလာတာ ခွေးပေါက်လေးက အလုပ်ထွက်စာတင်ထားတယ်တဲ့"
ဝိန်းရိဖန်က စကားပြောနေရာဘက်သို့ လှည့်ကြည့်လိုက်သည်။
စုထျန်းက ဆက်၍
"ငါ သာ့ကျွမ့်ဆီကနေ ကြားရသလောက်ကတော့ ဒီအလုပ်ကို ဆက်ကိုမလုပ်တော့တာတဲ့..သူက သတင်းထောက်အလုပ်ကို အစတည်းက ဝါသမာအပါဘူး သရုပ်ဆောင်ဘက်ကို ပိုအားသာတယ်လို့ပြောတယ်..ပြီးတော့ ရုပ်ရှင်အင်တာတိမ်းမန့်တစ်ခုက သူ့ကို စာချုပ်ချုပ်ဖို့ကမ်းလှမ်းထားတာမလို့ အလုပ်ထွက်မှာနဲ့ကွက်တိပဲ"
ဝိန်းရိဖန်က အသံတစ်ချက်ပြုရင်း
"ကောင်းပါတယ်..ကိုယ်သဘောကျတဲ့အလုပ်ကို လုပ်နိုင်တာပေါ့"
"တကယ်ပဲမိုက်လိုက်တာ..သရုပ်ဆောင်အလုပ်က ပိုက်ဆံအများကြီးဝင်တယ်မလား"
စုထျန်းက ပါးနှစ်ဖက်ကို အုပ်ကိုင်လိုက်၍
"နင်ပြောပြောကြည့် နောက်ဆိုရင် သူ နာမည်ကြီးလာတော့မှာမလား..ငါတို့ သူ့ဆီကနေ လက်မှတ်တောင်းထားကြရင်ရော..ပြောမရရင် နောက်ဆို ပြန်ရောင်းစားလို့ရရင်ရမှာ"
ဝိန်းရိဖန်က ရယ်နေရင်း ;
"ရတယ်လေ"
အချိန်ကိုက်ဆိုသလို ဖုန်းတုန်ခါသံမြည်လာခဲ့သည်။
ဝိန်းရိဖန်က အကြည့်လွှဲရင်း ဖုန်းကိုကောက်ယူဖွင့်ကြည့်လိုက်လျှင် စာပို့လာသူမှာ စန်းရန်။
စန်းရန် ; [ ဘယ်အချိန် အလုပ်ဆင်းမှာလဲ ]
ဝိန်းရိဖန် ; [ သိပ်မကြာခင် ]
ဝိန်းရိဖန်၏အမူအရာကို လှမ်းကြည့်နေသည့်စုထျန်းက မနေနိုင်အောင်မေးလာခဲ့သည်။
"ငါ ဘယ်အချိန်ကျမှ နင့်ရဲ့ဒီဘဲဘုရင်ကြီးနဲ့တွေ့ရမှာလဲ?"
ဝိန်းရိဖန် ပြုံးပြလာရင်း
"နောက်တစ်ခေါက်ပေါ့"
စုထျန်းက သက်ပြင်းချလိုက်ရင်း အနည်းငယ်အားကျသည့်ဟန်ဖြင့်
"အင်းပါ..နင် သတင်းထောက်အလုပ်လုပ်နေရင်း ဘယ်လိုလုပ်ပြီးတော့ ဒီလိုချိုချိုရိုရိုလေးရည်းစားထားနေနိုင်လဲဆိုတာ ပြောပြပါလား..ငါ့အခြေအနေကတော့ ရည်းစားကောင်လေးတောင် ပြောင်းပစ်ရတော့မလိုလိုပဲ..မသိရင် ငါ့ကို ဆက်ဆံနေတဲ့ပုံက ပင်ကွင်းစားတာခံရတော့မယ့်နေ့ကိုစောင့်နေရတဲ့ တီကောင်လိုလိုနဲ့"
ဝိန်းရိဖန် ;
"အဲ့လောက်ထိတောင် အခြေအနေပြင်းထန်နေပြီလား"
စုထျန်း :
"ဟုတ်ပါတယ်ဆို"
မျက်လွှာချ၍ကြည့်မိလိုက်သည့်အခါ စန်းရန်၏ အသံမက်ဆေ့နှစ်ခုက တိုက်ရိုက်အသံဖွင့်မြည်လာခဲ့၏။
"ဒါဆို ခဏနေကျရင် 'Overtime'ကိုဝင်လာခဲ့ဦး"
"ကိုယ် အရက်သောက်ထားတာမလို့ ကားမောင်းဖို့ အဆင်မပြေဘူး"
ဝိန်းရိဖန်က မျက်တောင်တစ်ဖျက်ခတ်ရင်း စာပြန်လိုက်သည်။
"ကောင်းပြီ"
အခြားတစ်ဖက်တွင်။
စန်းရန်၏အပြုအမူကိုလိုက်ကြည့်နေသည့် စုဟောက်အန်းခမျာ ဆွံ့အသွားလျက်ဖြင့်
"မင်း ဒီစကားတွေကို ဘယ်လိုတွေးပြီးတော့များပြောထွက်လာတာလဲ?..ဒီအတိုင်း 'ငါ သူငယ်ချင်းတွေနဲ့ဆုံနေတယ်..မင်း လာခဲ့ဦးမလား' လို့တန်းမေးလိုက်ရင် ရပြီမဟုတ်ဘူးလား!"
စန်းရန်က မျက်လုံးပင့်ကြည့်ကာ အရက်ခွက်အား အသာခေါက်ပြ၍
"ငါ မသောက်ထားလို့လား?"
"မင်းစိတ်ထဲမှာ ဘာတွေ တွေးနေမှန်းကို ဘယ်သူမှမသိဘူးများထင်နေလား!"
စုဟောက်အန်း သည်းညည်းမခံနိုင်တော့ဘဲ
"မနက်မိုးလင်းကနေ မိုးချုပ်တဲ့ထိ ကောင်မလေးအကြောင်းကို သေလောက်အောင်ပြော..ဖက်တီး မင်္ဂလာဆောင်မှာ ဝိန်းရိဖန်ကို ခေါ်လာတဲ့အချိန်ကစပြီး မင်းပါးစပ်ထဲမှာ တခြားပြောစရာစကားမရှိတော့တာလား"
စန်းရန်က စကားမဆိုဘဲ အရက်တစ်ငုံထပ်မော့လိုက်သည်။
စုဟောက်အန်းက စန်းရန်၏လက်ကောက်ဝတ်ပေါ်ရှိ အနီရောင်လက်ပတ်ကို ညွှန်ပြရင်း
"ပြီးတော့ မင်းရဲ့ဒီလက်ပတ်..."
"မှန်ပါ့"
စန်းရန်က စုဟောက်အန်း၏စကားကို ဖြတ်ပြောပြီး ဆိုဖာနောက်သို့ မှီချလိုက်၍
"စုံတွဲတွေဝတ်တဲ့ဟာ..မင်းရဲ့မရီး ပေးထားတာ"
"...."
"မတတ်နိုင်ဘူးလေ..ကောင်မလေးက ငါနဲ့ ဒီဟာ ဆင်တူဝတ်ရတာကို သဘောကျနေတော့လည်း.."
စန်းရန်က မေးဖျားကိုခပ်မော့မော့ပင့်ပြီး လှောင်ထေ့ထေ့အမူအရာမျိုးဖြင့်
"သူ့ကို မပျော်အောင်လုပ်လို့တော့ ဘယ်ဖြစ်မလဲ..ဟုတ်တယ်မလား?"
စုဟောက်အန်းက စိတ်ပျက်သွားသည့်အလား အရေးမလုပ်တော့ပေ။
သိပ်ပင်မကြာလိုက်ဘဲ စန်းရန်က Wechat ထဲမှ ပြန်စာအား လက်ခံရရှိသည်နှင့်တပြိုင်နက် မတ်တပ်ထရပ်လိုက်သည်။ ဘေးနားမှ အပေါ်ထပ်ကုတ်အင်္ကျီကို လှမ်းယူပြီး သာမန်ကာလျှံကာပြုံးပြလိုက်၏။
"သွားပြီနော်..အားနာပေမယ့် ကောင်မလေးက လာကြိုနေပြီမလို့"
စုဟောက်အန်းက တစ်သျှူးဖြင့်ကောက်ပေါက်လေပြီး
"ထွက်သွားစမ်း!..လုံးဝ ပြန်မလာခဲ့နဲ့!"
Advertisement
-------
ဌာနမှထွက်လာသည်နှင့် ဝိန်းရိဖန်သည် လမ်းသရဲလမ်းမကြီးဆီသို့ တိုက်ရိုက်လျှောက်လာခဲ့လိုက်၏။ 'Overtime' အဝင်ဝသို့ရောက်ရောက်ချင်းပင် စန်းရန်ထံသို့ မက်ဆေ့ပို့လိုက်ကာ တစ်ဖက်မှပြန်စာကိုမစောင့်တော့ဘဲ အထဲဝင်လာခဲ့လိုက်သည်။
ဝိန်းရိဖန်က ဘားခုံနေရာထိလျှောက်လာပြီး စောင့်နေ၏။
ယမကာအဖျော်ဆရာ 'ဟယ့်မင်ပေါ်'က သူမအား မှတ်မိနေပြီဖြစ်သည့်အတွက် သူမ ဝင်လာကတည်းက ရေတစ်ခွက်ငှဲ့ပေးလာခဲ့သည်။
"အစ်မ အပေါ်တက်ပြီး ရန်ကောဆီ တိုက်ရိုက်သွားမလား"
ဝိန်းရိဖန်က ပြုံးပြရင်း ကျေးဇူးတင်လိုက်၏။ သူမ တွေးကြည့်လိုက်ရင်း စန်းရန်အား တကူးတကဆင်းလာခေါ်ခိုင်းစရာမလိုဘဲ ယခုလိုအပေါ်လိုက်သွားလည်း အဆင်ပြေသည့်အတွက် လှေကားရှိရာဘက်သို့လှမ်းကြည့်လိုက်၍
"ဒါဆို အစ်မ တက်သွားလိုက်တော့..."
စကားမဆုံးလိုက်ခင် သူမ၏လက်ကောက်ဝတ်အား တစ်စုံတစ်ယောက်က ရုတ်တရက်ဖမ်းဆွဲလာခဲ့သည်။
ဝိန်းရိဖန် အသံတိတ်သွားခဲ့သည်။ အနောက်ဘက်ရှိလူမှာ သူမ လုံးဝမရင်းနှီးသည့်အငွေ့အသက်မျိုးဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်းခံစားမိလိုက်သည့်အတွက် လက်ကို အလိုလိုလွှဲရမ်းပစ်ပြီး တစ်ချိန်တည်းဆိုသလို ဘေးတိုက်စောင်းကြည့်လိုက်သည်။ မထင်မှတ်ထားစွာဖြင့် တွေ့လိုက်ရသည်မှာ အရက်မူးနေသည့် 'ချယ်ရှင့်ဒယ်' ၏မျက်နှာပင်။
သူမ၏အသက်ရှူသံများ ရပ်တန့်သွားခဲ့တော့၏။
ချယ်ရှင့်ဒယ်မှာ သူမ၏လက်ကို နောက်တစ်ကြိမ်လှမ်းဆွဲလာလေပြီး အသိစိတ်ကပ်နေပုံလည်းမရသည့်လူက
"အေ့..တကယ်ပဲ ရွှမ်းကျန့်ပါလား..ငါ လူမမှားပါဘူးလို့...."
ယောက်ျားနှင့်မိန်းကလေး၏ ခွန်အားမှာ မညီမျှခြင်းကြောင့် ဝိန်းရိဖန်က ရုန်းထွက်ပစ်နေပါသော်လည်း ထိုလူ၏ခွန်အားကို မလွန်ဆန်နိုင်။ မျက်လုံးကိုမှိတ်ချ ၊ နောက်တစ်ကြိမ်ပြန်ဖွင့်ပြီး ခွန်အားကိုအလဟဿမဖြုန်းပစ်တော့ဘဲ ထိုလူအား စူးစိုက်ကြည့်လိုက်၍
"ရှင် ဘာဖြစ်ချင်နေတာလဲ"
"ဘာကို ဘာဖြစ်ချင်ရမှာလဲ?..ငါက မင်းရဲ့ဦးလေးလေ..အရင်တစ်ခေါက် ဦးလေးကိုတွေ့တုန်းက ဘာလို့မမြင်ချင်ယောင်ဆောင်လိုက်တာလဲ?"
ချယ်ရှင့်ဒယ်က စုတ်တစ်ချက်သပ်၍
"ဒီကလေးမလေးက စာနာတတ်တဲ့စိတ်မျိုး မရှိလိုက်တာ..ဒီလောက်အကြာကြီးမတွေ့ဖြစ်ခဲ့တာကို ဦးလေးက..."
နောက်တစ်စက္ကန့်။
ချယ်ရှင့်ဒယ်၏လက်မောင်းမှာ ရုတ်တရက်ပေါ်လာသည့် စန်းရန်၏ဆွဲဆောင့်ခြင်းကို ခံလိုက်ရတော့သည်။
တရိပ်ရိပ်ဝဲတက်လာသည့် အင်အားမဲ့ထိတ်လန့်နေသည့်ခံစားချက်တို့ဟာလည်း လွှင့်စင်ပျောက်ကွယ်သွားပါတော့၏။
စန်းရန်က ဝိန်းရိဖန်အား သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်ပြီး လူတစ်ယောက်လုံးကိုလည်း သူ့အငွေ့အသက်များဖြင့် လွှမ်းခြုံပေးလိုက်သည့်သဖွယ်။ သူ့ရင်ခွင်ထဲရောက်သွားပြီး စိတ်လျော့နိုင်သည့်အခါတွင်မှ သူမ၏ခန္ဓာကိုယ်သည် ထိန်းမရတော့အောင်တုန်ယင်နေနှင့်ပြီဖြစ်ကြောင်း သတိထားလိုက်မိ၏။
ဤနေရာတွင် ချယ်ရှင့်ဒယ်နှင့်တွေ့လိမ့်ဟူ၍ သူမ လုံးဝမတွေးထားမိခဲ့ပါပေ။
အတွင်းစိတ်ထဲမှ ထိုးထွက်လာသည့်ရွံရှာသည့်စိတ်များကို ဖိနှိပ်ရင်း ကိုယ့်ကိုကိုယ်စိတ်ငြိမ်အောင်ပြုလုပ်လိုက်သည်။
ဝိန်းရိဖန် ခေါင်းမော့ကြည့်လိုက်လျှင်..
စန်းရန်၏ ရန်လိုနေသည့်မျက်ခုံးများကို မြင်လိုက်ရကာ သူမ၏နှုတ်ခမ်းတို့လှုပ်ရှားသွားသော်ငြား ပြောစရာစကားမဲ့လျက်။
စန်းရန်၏နှုတ်ခမ်းပါးတို့မှာတော့ ခပ်တင်းတင်းဖြစ်နေပြီး သူ့လက်ချောင်းများက သူမ၏လက်ကောက်ဝတ်အား အသာအယာပွတ်သပ်ကြည့်လာ၍
"အဆင်ပြေလား"
ဝိန်းရိဖန်က 'အင်း' ဟုသာခပ်တိုးတိုးဖြေလိုက်သည်။
ထိုအခါတွင်မှ စန်းရန်က စိတ်အနည်းငယ်သက်သာရာရသွားခဲ့ပုံရကာ တစ်ဖက်သို့လှည့်ပြီး ချယ်ရှင့်ဒယ်အား ခေါင်းအစ ခြေအဆုံးကြည့်လိုက်သည်။ သူ့မျက်နှာပေါ်ရှိအမူအရာတို့မှာ လက်ရှိအချိန်တွင် ထိန်းချုပ်ဖိနှိပ်ထားခြင်းမရှိ ၊ ရေခဲစများရောနှောနေသည့်အလား စကားသံတို့က ခပ်ပြတ်ပြတ်ဖြင့်
"ခင်ဗျားက ဘယ်သူလဲ?"
စန်းရန်၏ရုတ်တရက်ပြုမူလိုက်ခြင်းကြောင့် ချယ်ရှင့်ဒယ်က နောက်သို့သုံးလေးလှမ်းမျှဆုတ်သွားခဲ့ရ၏။ ထိုလူက သူ့ဟန်ချက်ကိုငြိမ်အောင်ထိန်းနေရင်း အရက်မူးမူးဖြင့် ဝိန်းရိဖန်အား လက်ညှိုးထိုးကာ လျှာလေးအာလေးဖြင့် စကားဆိုလာသည်။
"ငါ..ငါက ဘယ်သူလဲဟုတ်လား?..ငါက သူ့ဦးလေး!"
ဤစကားတစ်ခွန်းကြောင့် စန်းရန်က ဝိန်းရိဖန်အား နောက်တစ်ကြိမ်ပြန်ကြည့်လိုက်ကာ သူမအား ဟုတ်မဟုတ် အတည်ပြုမေးမြန်းချင်နေသည့်သဘောပင်။
ဝိန်းရိဖန်က နှုတ်ခမ်းကိုတင်းတင်းစေ့ထား၍
"မဟုတ်ဘူး"
"ဟေး!..ရွှမ်းကျန့်! ဘာမဟုတ်ဘူးလဲ..ဘာကို မဟုတ်တာလဲ!"
ချယ်ရှင့်ဒယ်က အရှေ့သို့တဖန် ပြန်တိုးလာခဲ့ပြီး
"ဒီလိုစကားမျိုးကိုတောင် ပြောထွက်နေပြီလား..မသိတတ်လိုက်တာ..ဒီဦးလေးကပဲ အရင်က မင်းကို ကျွေးထားဆင်ထားပေးခဲ့တာလေ..မမှတ်မိတော့ဘူးလား"
ဝိန်းရိဖန်က ခေါင်းမော့လာခဲ့ပြီး သူမ၏မျက်ဝန်းများထဲမှ ရွံရှာနေမှုများကိုတော့ ဖုံးဖိထား၍မရပါတော့ချေ။ သူမ၏လက်ရှိဘဝထဲ၌ အရေးမပါ အရာမဝင်တော့သည့် ဤလူနှင့်ပတ်သတ်ပြီး များများစားစားလည်းမတွေးချင်တော့သလို တုံ့ပြန်ဆက်ဆံခြင်းမျိုးပင် မပြုလုပ်တော့ချင်။
"ကျွန်မ ရှင့်ကိုမသိဘူး"
ဝိန်းရိဖန်၏စကားလုံးတို့က အာခံသည့်သဘောသက်ရောက်သွားသည်ဟု ထင်လိုက်ခြင်းကြောင့်လားမသိ ၊ ချယ်ရှင့်ဒယ်က စိတ်မကြည်တော့ဘဲ သူမအား ဆွဲလားရမ်းလားလုပ်ရန် ထပ်၍ရှေ့တိုးလာခဲ့သည်။
ထိုလူ၏ဦးတည်ချက်ကို သတိထားမိလိုက်သည့် စန်းရန်က ဝိန်းရိဖန်အား သူ့ခန္ဓာကိုယ်အနောက်သို့ ချက်ချင်းဆွဲပို့၍ကာကွယ်လိုက်ကာ ချယ်ရှင့်ဒယ်၏လက်မောင်းကို ဖမ်းဆွဲပြီး ညစ်ပတ်ပေရေနေသည့်အရာတစ်ခုကိုကြည့်လိုက်သည့်အလား အပေါ်စီးမှနေ၍ ငုံ့ကြည့်လိုက်၏။ သူ့လက်ချောင်းများဖြင့် ဆုတ်ကိုင်ထားသည့်ခွန်အားက တစ်စစနှင့်ပြင်းထန်လာသည်မှာ တစ်ဖက်ရှိချယ်ရှင့်ဒယ်တစ်ယောက် နာကျင်ပြီးညည်းညူသံမထွက်လာမချင်း။
စန်းရန် ;
"လူလိုပြောနေတာကို နားမလည်ဘူးလား"
"မင်း ရူးနေတာလား! ငါနဲ့ ငါ့တူမနဲ့စကားပြောနေတာလေ မင်းသောက်ကြောင်းပါလား!"
ချယ်ရှင့်ဒယ်က ဤဘားသို့ သုံးလေးကြိမ်လာဖူးထားကာ စန်းရန်ကိုလည်း မြင်ဖူးထားခဲ့သည်။ ယခုအချိန်၌ ပိုင်ရှင်သူဌေးက ပြဿနာကိုဝင်ဖြေရှင်းနေသည်ဟုသာ ထင်မှတ်လိုက်၍
"သွားစမ်းပါ..မိသားစုအတွင်းရေးကိစ္စတွေ မင်းသောက်လုပ်မပါဘူး!..သောက်ရူးမလို့ လိုက်ပါနေတာလား!"
စန်းရန်က ချယ်ရှင့်ဒယ်၏ပေါက်ကရစကားများကို အရေးစိုက်နေရန်ပင် ပျင်းလွန်းလှ၏။
လှုပ်လှုပ်ရှားရှားအခြေအနေအား ဟယ့်မင်ပေါ်က သတိထားမိသွားခဲ့၍
"ရန်ကော..ဘာဖြစ်တာလဲ"
"အရက်မူးပြီး ပြဿနာရှာနေလို့..လုံခြုံရေးကိုဝင်လာခိုင်းလိုက်..ပြီးရင် ဒီလူကို ဆွဲထုတ်သွား"
စန်းရန်က ချယ်ရှင့်ဒယ်အား လုံးဝလျစ်လျူရှူထားပြီး
"တခြားဧည့်သည်တွေကို အနှောင့်အယှက်မဖြစ်စေနဲ့"
"ငါက ဘာလုပ်နေလို့ ငါ့ကိုလာပြီးမောင်းထုတ်နေတာလဲ"
ချယ်ရှင့်ဒယ်၏ခန္ဓာကိုယ်ပေါ်တွင် အရက်နံ့များမွှန်ထူနေပြီး စန်းရန်၏အပြုအမူကြောင့် မကျေမနပ်ဖြစ်ကာ စကားပြန်ဆိုလာခဲ့သည်။
"သူဌေးက လူကိုရိုက်ပြီး ဧည့်သည်ကိုပါ မောင်းထုတ်တယ်လား..သူဌေးဆိုတိုင်း ထင်တိုင်းကျဲနေတာလား"
Advertisement
ချယ်ရှင့်ဒယ်၏ရည်ရွယ်ချက်ရှိရှိလုပ်လိုက်သည့်အပြုအမူကြောင့် ပတ်ဝန်းကျင်မှဧည့်သည်များသည် ဤနေရာဆီသို့ တဖြည်းဖြည်းနှင့်အာရုံစိုက်လာကြသည်။
"ဘာလဲ?"
စန်းရန်မှာမူ အခြားသူများ၏အကြည့်တို့ကို လုံးဝဂရုမစိုက်ပါဘဲ အပြုံးမမြည်သောအပြုံးဖြင့်
"ခင်ဗျားတောင် ဒီလိုပြောနေပြီဆိုမှတော့ ကျွန်တော် လက်မပါသေးရင် ခင်ဗျားပြောလိုက်တဲ့စကားအပေါ် အားနာစရာတွေဖြစ်ကုန်တော့မှာပဲ"
"...."
ဝိန်းရိဖန်က စန်းရန်၏လက်အား စိတ်လှုပ်တရှားပြေးဆွဲထားလိုက်မိတော့၏။
စန်းရန်က သူမ၏လက်ကို ပြန်ဆုတ်ကိုင်ထားလိုက်ပြီး လက်ချောင်းလေးများကိုလည်း ခပ်ဖွဖွလေးပွတ်သပ်ပေးနေရင်း အကြည့်များမှာတော့ ချယ်ရှင့်ဒယ်ကိုသာ စိုက်ကြည့်နေဆဲ။
စန်းရန်၏စကားသံကို နားထောင်ကြည့်ခြင်းအရ စနောက်နေခြင်းမဟုတ်မှန်း သိနေသည့် ချယ်ရှင့်ဒယ်မှာ သရဲဘောကြောင်တတ်သည့်အတွက်လည်း ထပ်၍ရန်မစရဲပါတော့ပေ။ ဝိန်းရိဖန်ထံသို့ နောက်တစ်ကြိမ်လှမ်းကြည့်လိုက်ပြီး သူတို့နှစ်ဦး၏ပူးပူးကပ်ကပ်ရှိနေသည့်အပြုအမူတို့ကြောင့် ချက်ချင်းနားလည်သွားခဲ့၍
"ရွှမ်းကျန့်..မင်းနဲ့ ဒီပိုင်ရှင်သူဌေးက ရည်းစားတွေ?"
ဝိန်းရိဖန် အသံတစ်ချက်မထွက်။
"အို့..သူဌေးလေး.."
ချယ်ရှင့်ဒယ်၏မျက်နှာပေးမှာ အလျင်အမြန်ပင်ပြောင်းသွားခဲ့၍
"ဦးလေးက သူ့ရဲ့ဦးလေးပါ..ဘာမကောင်းတဲ့ရည်ရွယ်ချက်မှမရှိဘူး..ကိုယ့်လူတွေအချင်းချင်းပဲဟာ ဘာများ ကတောက်ကဆဖြစ်စရာလိုလို့လဲ..ဦးလေးက ကိုယ့်တူမလေးကို မတွေ့ရတာအရမ်းကြာပြီမလို့ စိတ်လှုပ်ရှားပြီး..."
ချယ်ရှင့်ဒယ် စကားမဆုံးခင် အပြင်ဘက်ရှိလုံခြုံရေးအစောင့်နှစ်ဦးမှာ အထဲသို့ရောက်လာခဲ့ပြီး ထိုလူအား ဆွဲခေါ်သွားတော့သည်။ လုံခြုံရေးတစ်ဦးကလည်း သတိပေးလိုသည့်အသံဖြင့်စကားဆိုလိုက်၏။
"ပြဿနာမရှာနဲ့"
"ဘာလဲကွာ! ငါ ဘာပြဿနာရှာနေလို့လဲ! မင်းတို့ဘာလုပ်နေကြတာလဲ!"
စန်းရန်၏မျက်ခုံးများ တစ်ချက်လှုပ်ခတ်သွားရင်း ရုတ်တရက်ဆိုသည့်အချိန်လေးအတွင်း ချယ်ရှင့်ဒယ်၏မျက်နှာသည် တစ်စုံတစ်ရာရင်းနှီးခဲ့ဖူးသလို ခံစားမိလိုက်ရသည်။ သို့သော် ထိုအတွေးက တစ်ချက်ကလေးသာ ဖြတ်ခနဲပေါ်လာပြီး ချက်ချင်းပြန်ပျောက်သွားခဲ့သည်။ ထိုလူအား ဘယ်နေရာတွင်တွေ့ခဲ့ဖူးမှန်း စဥ်းစား၍မရချေ။
အစကကောင်းမွန်နေခဲ့သည့်စိတ်အခြေအနေမှာ ဤကိစ္စကြောင့်ဖြင့် ပျက်ပြယ်သွားခဲ့ကာ စန်းရန်က ဝိန်းရိဖန်အား လှမ်းကြည့်လိုက်၏။
"အိမ်ပြန်တော့မလား?"
"အမ်?"
ဝိန်းရိဖန်က အသိစိတ်ပြန်ကပ်သွားခဲ့ပြီး အတင်းကာရောဖိအားပေး ပြုံးပြလာခဲ့သည်။
"အင်း"
ယနေ့ညတွင် ဝိန်းရိဖန်ကို ခေါ်လိုက်မိသည့်ကိစ္စအား စန်းရန် နောင်တရချင်လာမိ၏။ တစ်ဖက်သို့လှည့်ပြီး ဟယ့်မင်ပေါ်အား စကားအချို့မှာပြီးနောက်တွင်တော့ ဝိန်းရိဖန်ကိုခေါ်၍ အပြင်ထွက်လာခဲ့လိုက်သည်။ သူက ခပ်တိုးဖျဖျအသံတို့ဖြင့်
"ခုဏတုန်းက ဆွဲခံရတဲ့ချိန် နာသွားသေးလား?"
ဝိန်းရိဖန်က အမှန်တကယ်ကိုစိတ်နှင့်ကိုယ်နှင့် မကပ်ပါတော့ပေ။
"အမ်?"
"ဟိုလူ.."
စန်းရန်က ဝိန်းရိဖန်၏လက်ကို ပွတ်သပ်ကြည့်ရင်း
"မင်းကိုဆွဲလိုက်တာ နာသွားလား"
ဝိန်းရိဖန်က ထိုအခါတွင်မှခေါင်းမော့ကြည့်၍ ပြုံးပြလာပြီး
"မနာပါဘူး"
စန်းရန်အနေဖြင့် ဝိန်းရိဖန်၏အမူအရာတို့ကို ရှင်းရှင်းလင်းလင်းခံစားနားလည်မိသည်ပင် ၊ ထိုလူနှင့်တွေ့လိုက်သည့်အချိန်ကတည်းက သူမ၏အခြေအနေမှာ သိပ်မူမမှန်တော့မှန်း သိသာလှသည်။ သူသည်လည်း မသေချာမရေရာဖြင့် ထပ်၍မေးလိုက်၏။
"အဲ့ဒီလူနဲ့ မင်း အသိတွေလား"
"...."
ဝိန်းရိဖန်က သုံးလေးစက္ကန့်မျှတိတ်နေခဲ့ပြီးမှ အမှန်တိုင်းဆိုလာသည်။
"ငါ့ ဘကြီးအမျိုးသမီးရဲ့မောင်..ငါနဲ့ ဘာမှမပတ်သတ်ဘူး..ဦးလေးလို့တောင် သတ်မှတ်လို့မရတဲ့လူ"
စန်းရန် ;
"အဲ့လူက အမြဲတမ်းဒီပုံစံအတိုင်းလား"
ဝိန်းရိဖန် ;
"ဘာကိုလဲ?"
စန်းရန် ;
"မင်းအပေါ် ဆက်ဆံတဲ့ပုံစံ"
ဝိန်းရိဖန်သည် တဖန် ခေါင်းပြန်ငုံ့သွားပြီး တည်ငြိမ်အောင်ပြုလုပ်လိုက်၏!
"ငါ သူနဲ့မရင်းနှီးဘူး..သူကလည်း လူကောင်းတစ်ယောက်မဟုတ်ဘူး..တကယ်လို့ နင် သူနဲ့ထပ်တွေ့ခဲ့ရင် သူ့ကိုအရေးစိုက်မနေနဲ့..သူစိမ်းလို့ပဲ သတ်မှတ်လိုက်ရင်ရပြီ"
ဤလူတစ်စုနှင့် ပြန်တွေ့ရလိမ့်ဦးမည်ဟု သူမ မတွေးထားခဲ့သလို..
သူမ၏မိသားစုအတွင်းရေး အစုတ်အပျက်ကိစ္စများက စန်းရန်ဆီသို့ပါ ထိပါးရောက်လာလိမ့်မည်ဟု တစ်စက်လေးမျှပင် မထင်ထားမိပါပေ။
တိတ်ဆိတ်ငြိမ်သက်နေမှုကြားတွင် စန်းရန်က ရုတ်တရက်လှမ်းခေါ်လာခဲ့သည်။
"ဝိန်းရွှမ်းကျန့်"
ဝိန်းရိဖန် ;
"ဘာလဲ?"
"မင်းမှာ ကိစ္စတစ်ခုခုရှိနေရင် ကိုယ့်ကို ပြောပြလို့ရတယ်..ဘာပဲဖြစ်နေနေ အားလုံးပြောပြလို့ရတယ်"
သူမ၏အမူအရာနှင့်တုံ့ပြန်မှုတို့က သူ့စိတ်အခြေအနေကိုပါ ကူးစက်သွားကြောင်း သိလိုက်ရသည့်အခါ ဝိန်းရိဖန်က ပြန်နှစ်သိမ့်ပေးလိုသည့်အလား ပြုံးပြလိုက်၏။
"ကိစ္စက ကြီးကြီးမားမားမှမဟုတ်တာ"
နောက်တွင်တော့ အကြည့်လွှဲလိုက်ပြီး တည်ငြိမ်သည့်စကားသံတို့ဖြင့် ဆက်၍
"ငါ့ဘာသာငါ ဖြေရှင်းနိုင်တဲ့ကိစ္စတွေမလို့ပါ"
နှစ်ယောက်သား အိမ်ပြန်ရောက်သည့်အချိန်။
ကားမောင်းပြီးပြန်လာရသည့်ခရီးချိန်အတွင်း ဝိန်းရိဖန်၏စိတ်သည်လည်း သက်သာရာရလာခဲ့သည်။ သူမ၏ပုံစံမှာ ထိုလူနှင့်လုံးဝမတွေ့ခဲ့သည့်အတိုင်း ပုံမှန်သာဖြစ်နေပြီး စန်းရန်နှင့်ပင် စကားတပြောပြော။ သို့သော် အခုလေးတင်ဖြစ်သွားခဲ့သည့်ကိစ္စကိုတော့ လုံးဝအစမဖော်ပါတော့ပေ။
ဝိန်းရိဖန်က စန်းရန်အတွက် ပျားရည်တစ်ခွက်ဖျော်ပေးပြီးနောက်တွင်
"နင် အမြဲတမ်း အရက်ချည်းသောက်မနေနဲ့..နင့်မှာကလေ ပြောစရာတွေကအများကြီး..ဆေးလိပ်ကလည်းသောက် အရက်ကလည်းသောက်..ပြီးတော့ ညလုံးပေါက်လည်းမအိပ်ဘဲနေသေးတယ်..နင့် ဒီခန္ဓာကိုယ်က အနှေးနဲ့အမြန် ပျက်စီးတော့မှာ"
စန်းရန်က မျက်ခုံးပင့်လိုက်ကာ ဝိန်းရိဖန်ပြောကာမှ သူဟာ တေလေကြမ်းပိုးနီးနီးလို ဖြစ်သွားခဲ့ရသဖြင့်
"ကိုယ် နှစ်ငုံစာပဲသောက်လာတာ"
"အဲ့လောက်လည်း မရဘူးပဲ"
ဝိန်းရိဖန်က ဆက်၍
"ပြီးတော့ နင် ရေခဲရေကိုလည်း အချိန်တိုင်းသောက်နေ"
စန်းရန်က ရယ်နေရင်း
"ကိုယ် ရေခဲရေသောက်တာ ဘာဖြစ်နေလို့လဲ"
ဝိန်းရိဖန် ;
"အစာအိမ်အတွက်မကောင်းဘူး"
ပုံမှန်ဆိုလျှင် သူ့အားလိုက်ပြောဆိုနေလျှင် စိတ်အရှုပ်တတ်ဆုံးလူက လက်ရှိအချိန်၌ ပြောဆိုဆုံးမမှုများကို လက်သင့်ခံနေ၏။
"အင်းပါ..ကိုယ် သိပါပြီ"
"ဒါဆို နင် သောက်ပြီးရင် စောစောအိပ်"
ဝိန်းရိဖန်က အိပ်ချင်လွန်းနေပြီဖြစ်၍လည်း တစ်ချက်သန်းဝေလိုက်တော့၏။ သူမက စန်းရန်၏ဘေး၌ထိုင်ရင်း ရုတ်တရက် အနားသို့တိုးကပ်ပြီး စန်းရန်အား ဖက်ထားလိုက်သည်။
"ငါ သွားအိပ်တော့မယ်"
စန်းရန်က ဝိန်းရိဖန်အား ပြန်ပွေ့ဖက်ထားလိုက်ပြီး
"စိတ်အခြေအနေ မကောင်းသေးဘူးလား"
ဝိန်းရိဖန် ခေါင်းရမ်းပြလိုက်၏။
"အိပ်ချင်နေလို့"
"...."
သူမ၏ပုံစံက တစ်ချက်ကြည့်ရုံဖြင့် ပြောမပြချင်မှန်းသိသာနေသောကြောင့် စန်းရန်လည်း ထပ်၍မမေးပါတော့ချေ။ လက်ကိုမြှောက်လိုက်ကာ ဝိန်းရိဖန်၏ခေါင်းအား ဖွဖွလေး ပွတ်သပ်ပေးလိုက်၏။ မျက်လုံးချင်းဆုံသွားသည့်အခါတွင်တော့ သူက သူမ၏နှုတ်ခမ်းအား တစ်ချက်နမ်းရှိုက်လိုက်၍
"သွားအိပ်တော့"
ဝိန်းရိဖန် အိပ်ခန်းထဲဝင်သွားပြီးသည့်တိုင် စန်းရန်က ဧည့်ခန်းထဲ၌ တစ်ခဏကြာကြာထပ်ထိုင်နေသေးသည်။ ခေါင်းငုံ့ထားရင်း လက်ချောင်းထိပ်များက ဖန်ခွက်အားတတောက်တောက်ခေါက်ကာ တစ်စုံတစ်ရာကို တွေးကြည့်နေသည့်ဟန်။
အချိန်ကြာသွားပြီးနောက်တွင်တော့ စန်းရန်က မတ်တပ်ထရပ်ပြီး အိပ်ခန်းထဲဝင်လာခဲ့တော့သည်။
------
ညသန်းခေါင်အချိန်။
စန်းရန် အိပ်မက်မှ လန့်နိုးလာခဲ့ကာ မျက်နှာသွင်ပြင်က မည်းမှောင်နေပြီး နောက်ဆုံးတွင် ချယ်ရှင့်ဒယ်အား ဘယ်နေရာ၌တွေ့မြင်ခဲ့ဖူးမှန်း သတိရလာတော့သည်။
ယခုလက်ရှိအကြိမ်မတိုင်ခင် စန်းရန်အနေဖြင့် ထိုလူအား တစ်ခါသာ တွေ့ဖူးခဲ့သည်။
---သူ ပေယွီမြို့သို့သွားပြီး ဝိန်းရိဖန်နှင့် နောက်ဆုံးတွေ့ဖြစ်ခဲ့သည့်အချိန်တုန်းက
ထိုနေ့က စန်းရန်သည် ဘတ်စ်ကားပေါ်မှဆင်းလာပြီး လာနေကျလမ်းငယ်လေးအတိုင်း လမ်းလျှောက်လာခဲ့သည်။ ရောက်မလာခင်တုန်းက ဝိန်းရိဖန်ထံသို့ မက်ဆေ့ပို့ပြီးအကြောင်းကြားထားခဲ့ပါသော်လည်း ဤတစ်ကြိမ်၌ သူမထံမှ ပြန်စာကို လက်ခံမရှိခဲ့ပါပေ။
ထို့ကြောင့် သူက ဝိန်းရိဖန်နေသည့်အဆောက်အဦးအောက်သို့သွားပြီး သူမအား စောင့်နေရန်သာ ဆုံးဖြတ်ထားခဲ့သည်။
သို့သော် ထိုနေရာသို့မရောက်ခင် လမ်းငယ်လေး၏ထောင့်တစ်နေရာတွင် ဝိန်းရိဖန်က ယောက်ျားတစ်ဦး၏ဆွဲလားရမ်းလားလုပ်ခြင်းခံနေရသည်ကို သူတွေ့လိုက်ရသည်။
ထိုယောက်ျား၏အသက်အရွယ်မှာ ဘယ်လိုပင်ကြည့်ကြည့် ဝိန်းရိဖန်ထက် အသက်တစ်ပြန်စာကြီးပုံရပြီး ခန္ဓာကိုယ်မှာ ခပ်ဝဝ ၊ သူမအား ဆွဲကိုင်ထားရင်း စကားများလည်းပြောနေသေးသည်။ သူ့မျက်နှာထက်ရှိ ရွံရှာဖွယ်ကောင်းသည့်အပြုံးကိုကြည့်လိုက်ရုံဖြင့် မကောင်းသည့်ရည်ရွယ်ချက်ရှိသည်မှာ အသေအချာ။
ထိုအချိန်တွင် စန်းရန်၏လမ်းတစ်လျှောက်လုံးရှိလာခဲ့သော စိတ်ကြည်လင်မှုများဟာ ရုတ်ချည်းပျောက်ကွယ်သွားခဲ့ပြီး ချက်ချင်းအရှေ့သို့ပြေးသွားကာ ဝိန်းရိဖန်အားဆွဲခေါ်ပြီး သူ့ခန္ဓာကိုယ်အနောက်သို့ ပို့ထားလိုက်တော့သည်။ ဆယ်ကျော်သက်ကောင်လေးဟာ ထိန်းချုပ်မှုတို့ကင်းမဲ့သွားခဲ့ပြီး သူ့ကြမ်းတမ်းခက်ထန်နေမှုများက အရှေ့တွင်မြင်နေရသည့် ထိုလူကို သတ်ပစ်ချင်နေမှန်း သိသိသာသာ။
ယောက်ျားကြီးက အရပ်မမြင့် ၊ ခန္ဓာကိုယ်ကလည်း အားမသာသဖြင့် အချိန်ခဏလေးအတွင်း မြေကြီးပေါ်လဲကျသွားကာ ညည်းညူနေတော့၏။
စန်းရန်၏စိတ်ခံစားချက်များ ပိုမပြင်းထန်လာခင် ဝိန်းရိဖန်က သူ့အား ဆွဲခေါ်ပြီး အခြားဦးတည်ရာတစ်ဖက်သို့ အမြန်ပြေးထွက်လာခဲ့လိုက်သည်။ အနောက်ဘက်မှနေ၌ ဝိန်းရိဖန်၏လှစ်ဟနေသည့် လည်တိုင်ဖွေးဖွေးကိုငေးကြည့်ရင်း ချက်ချင်းမေးမြန်းလိုက်၏။
"အဲ့လူက ဘယ်သူလဲ"
ဝိန်းရိဖန်က နောက်ပြန်လှည့်မကြည့်လာဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်
"ငါ မသိဘူး"
ထိုလူ၏မျက်နှာဟာ ယနေ့မြင်ခဲ့ရသည့်ချယ်ရှင့်ဒယ်၏မျက်နှာနှင့် တဖြည်းဖြည်း တစ်ထပ်တည်းနီးပါးကျလာပါတော့၏။
----------
Advertisement
- In Serial65 Chapters
The Alpha's Little Witch | Completed ✔️
An Alpha and a witch, one cruel, one kind. Who will win and who will lose in this mateship? Will they come out of it hand-in-hand or part ways when the truth is revealed?
8 279 - In Serial156 Chapters
Unexpected-- Under Editing as a new book
Victoria Stilinski never knew that her long time crush would even look at her let alone hook up with her. Just like she never would have expected that a one night stand with said crush would lead to such drastic changes in her life. ***I do not own Teen Wolf or any of the Characters. Also, some plot was changed. (Follows season 3 and 4 of Teen Wolf) I suck at descriptions but give this one a chance.***Ranks:#2 in scottmccall on 09/13/19#1 in lydia on 1/04/21#5 in allisonargent on 09/13/19#14 in teenwolf on 09/13/19#1 in Allison on 04/28/20#13 in Stiles on 04/28/20
8 196 - In Serial47 Chapters
The Vampire King
**Highest rank - #1 in Vampire**The most feared Vampire King.A human girl.Brought together by an unknown prophecy, will she really be the cause of his destruction? Or will he destroy her first? Leaving her to pick up her own broken pieces before she can be an ounce of a threat to him. You're welcomed to explore this world where only bloodthirsty creatures , lies, betrayal, and darkness exist. But don't be surprised if you discover LOVE along the way... -----------------------------Cover by- @forcadeCopyright © 2015. WARNING** Contains inappropriate content, must be 14+ to read. [Word count: 75,000 to 90,000] Enjoy.
8 228 - In Serial30 Chapters
Doe In The Meadow | Peeta Mellark
𝑫𝒚𝒊𝒏𝒈 𝒊𝒔 𝒆𝒂𝒔𝒚, 𝒍𝒊𝒗𝒊𝒏𝒈 𝒊𝒔 𝒉𝒂𝒓𝒅𝒆𝒓"I never knew what dying would feel like, but I had always wondered. And now I know. Some deaths were slow while others lasted a lifetime."BOOK ONE | HUNGER GAMES AND CATCHING FIRE
8 154 - In Serial133 Chapters
Pyar Ki Love Story | Short Stories | 1st Book |
Baad mein jo hoga dekha jayegaAbhi ishq mein hain kuch din yahi rehte hain-AmandeepLots of different stories that will take you to another world of imagination.Cover credit @herblackink#1 in Cousin#3 in Muslim#7 in Marriage #4 in Cousin#2 in Shortstorycollection ••"If you are reading this story on any other platform other than Wattpad you are very likely to be at risk of a malware attack. If you wish to read this story in it's original, safe, form, please go to (https://my.w.tt/g4EgwYn9Dbb). Thank you."(Warning, this book have many grammatical errors.(As I am not really good in english.)
8 211 - In Serial129 Chapters
Taking My Heart (Completed)
Samantha Heed has done nothing but work as hard as she could in life. Becoming a veterinarian and owning her own clinic by the age of twenty-six, Samantha doesn't normally give the time of day to men. Having trust issues most her life with the opposite sex. Shane Thomas enjoys his life driving his semi, as his own boss. The open roads gives him the feeling of freedom to run from some haunting things in his past. The only companion he has is a chocolate lab he calls Tanker. What will happen when Tanker gets suddenly hurt and needs to see a vet? Will Shane learn to conquire his past and Samantha learn that not all guys are the same? Will Shane be taking Samantha's heart with him over the open road?#3 in clinic 09/29/22#1 in openroad 09/27/22#1 in trucker 09/27/22#1 in takingchances 09/27/22#3 in truck 10/02/22#4 in veterinarian 11/02/22#1 in newadult 11/07/22#3 in chicklit 11/09/22#6 in familyandfriends 11/11/22Beautiful cover photo made by Lissasysnop!The story is my own so please do not steal my work!!!!!Copyrighted 2022©All Rights Reserved
8 205

