《First Frost (Myanmar Translation)》Chapter 63
Advertisement
စန်းရန် ပြောလိုက်သည့်စကားတစ်ခွန်း၏အသံနေအသံထားသည် ဤကိစ္စများအပေါ် သူ ဂရုမစိုက်သည့်အလား ၊ သူ့အတွက် အနှောင့်အယှက်တစ်ခုလိုလည်း လုံးဝမသတ်မှတ်သည့်အသွင်မျိုးဖြင့် ပေါ့ပေါ့ပါးပါးနှင့်အေးအေးလူလူသာဖြစ်သည်။
"ကိုယ်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအရ.."
စန်းရန်က လက်ကိုပြန်ရုတ်သွားခဲ့ပြီး ကျန်နေသည့်စကားကို ခပ်သွက်သွက်ရေရွတ်လိုက်သည်။
"ဘယ်ကိစ္စမှာမဆို မင်းဆီက ခွင့်ပြုချက်ကို အရင်တောင်းရမှာလေ ဟုတ်တယ်မလား"
"အမ်?"
"မဟုတ်ရင်.."
စန်းရန်က ပျင်းတိပျင်းရွဲဖြင့်
"နစ်နာရတဲ့သူက မင်းဖြစ်သွားလိမ့်မယ်"
"...."
ဝိန်းရိဖန်က ကြောင်အမ်းနေရင်း စန်းရန်၏စကားကို အလေးအနက်တွေးကြည့်နေလိုက်သည်။
"ငါ အဲ့လောက်ထိ နိုင်ထက်စီးနင်းမလုပ်ပါဘူး..နင့်ပိုင်တဲ့ပစ္စည်းတွေကို နင်ကြိုက်သလိုလုပ်လို့ရတာက နင့်ရဲ့လွတ်လပ်ပိုင်ခွင့်လေ..နင် သုံးချင်သလို သုံးလို့ရတယ် ငါ့ကို မေးနေစရာမလိုဘူး"
စန်းရန်က ခေါင်းစောင်း၍လှည့်လာပြီး သူမအား အဓိပ္ပါယ်ပါပါနှင့် ကြည့်လာခဲ့သည်။
တစ်ခဏကြာကြာ တိတ်ဆိတ်နေပြီးသည့်နောက်။
စကားတစ်ခွန်းမဆိုဘဲ စိုက်ကြည့်နေသည့်တိုင် ဝိန်းရိဖန်အနေဖြင့် သူ ဆိုလိုချင်သည့်အဓိပ္ပါယ်ကို နားမလည်ပါသေးချေ။ လက်ထဲမှ တူကိုချပြီး ချိတုံချတုံဖြင့် မေးကြည့်လိုက်၏။
"နင်က ငါ့ပိုင်ဆိုင်မှုတွေကို စီစစ်ထိန်းသိမ်းပေးချင်လို့လား?"
"...."
"အဲ့လိုလည်း ရတယ်လေ..ဒါပေမယ့် အများကြီးတော့မရှိဘူးနော်"
ဝိန်းရိဖန်၏လစာက အရင်အစမ်းခန့်ကာလကထက် များလာပါသော်ငြား မျိုးစုံသောနေထိုင်မှုစရိတ်များကြောင့် များများစားစား မစုဆောင်းမိခဲ့၏။
"ဒါဆို နောက်ကျရင် ငါ နင့်ဆီ စာရင်းပို့ပေးလိုက်ရမလား?"
စန်းရန်က သူမအား တစ်ခဏကြာကြာ စိုက်ကြည့်နေပါတော့၏။
စိတ်ထဲ၌လည်း လောကကြီးထဲတွင် အဘယ်ကြောင့်များ ယခုလို အရိပ်ပြလည်းအကောင်မမြင် ၊ ဘာမှကို နားမလည် သဘောမပေါက်သည့်လူမျိုး ရှိနေသေးကြောင်းကို စဥ်းစားနေလေသည်။
ဝိန်းရိဖန်က ထပ်၍ပင် စကားဆိုလာသေး၏။
"ဒါဆို တစ်လက်စတည်း နင် ငါ့ရဲ့အကောင့်စာရင်းပါ မှတ်ထားပေးလိုက်တော့လေ..ငါ မတွက်နိုင်တော့လို့"
စန်းရန်က တစ်ချက်ပြုံးလိုက်ပြီး ဝိန်းရိဖန်၏မျက်နှာကို ဆွဲညှစ်လိုက်တော့၏။
"စိတ်ကူးယဥ်နေလိုက်.."
-----
မနက်စာစားပြီးနောက်တွင် စန်းရန် အလုပ်သွားရမည့်အချိန်သို့ ရောက်လာခဲ့၏။ ဝိန်းရိဖန်က အလုပ်မသွားခင် ထုံးစံအတိုင်း အိတ်ထဲရှိပစ္စည်းများကို ဖွင့်စစ်ဆေးသည့်အခါ အသံသွင်းဖောင်တိန်ကို မတွေ့။ ထို့ကြောင့် စန်းရန်အား ခဏစောင့်ခိုင်းထားပြီး အိပ်ခန်းထဲပြေးဝင်ကာ စားပွဲပေါ်တင်ထားခဲ့သည့် အသံသွင်းဖောင်တိန်အား ပြန်ယူလိုက်သည်။
အခန်းထဲမှ ပြန်ထွက်လာခါနီး၌ ရုတ်တရက်ဆိုသလို မနေ့ညက 'Overtime' တွင် ချယ်ရှင့်ဒယ် ပြဿနာရှာထားသည့်ကိစ္စကို ပြန်တွေးမိရင်း တစ်ခဏတွေဝေသွားခဲ့ကာ ဘီဒိုဆီသို့ ပြန်လျှောက်လာပြီး လှန်လှောရှာဖွေကြည့်လိုက်၏။
ထို့နောက် ပိုးသတ်ဖြန်းဆေးဘူးကိုယူပြီး အိတ်ထဲထည့်ခဲ့လိုက်သည်။
ရှေ့လျှောက်ရက်များတွင်တော့ ဝိန်းရိဖန်က စန်းရန်အား နေ့စဥ်နေ့တိုင်းဆိုသလို ချယ်ရှင့်ဒယ်က 'Overtime' သို့ ထပ်လာခြင်းရှိမရှိ မေးမြန်းဖြစ်ခဲ့သည်။ သို့သော် စန်းရန်က နေ့တိုင်းနီးပါး အလုပ်ရှုပ်နေပြီး 'Overtime' သို့ ကြာကြာမှတစ်ခါရောက်ဖြစ်သဖြင့် အခြေအနေကို သေချာမသိပါချေ။
သို့သော် ဟယ့်မင်ပေါ်၏ ပြောပြချက်အရ ထိုလူ လာခြင်းမျိုး မရှိ ၊ အကယ်၍ လာခဲ့လျှင်တောင် ပြဿနာတစ်စုံတစ်ရာမရှာဘဲ သာမန်ဧည့်သည်များကဲ့သို့ သိုသိုသိပ်သိပ်ဖြင့်သာ လာသွားခဲ့ပုံရသည်။
ဝိန်းရိဖန်လည်း ထိုအခါတွင်မှ စိတ်သက်သာရာရသွားခဲ့သည်။ ချယ်ရှင့်ဒယ်က ကိုယ့်အခြေအနေကိုယ်သိသွားပုံရပြီး အခြားသူ၏ပိုင်နက်ထဲ၌ ပြီးစလွယ်ပြဿနာမရှာရဲတော့။ တစ်ခါမောင်းထုတ်ခံထားရပြီးသည့်အတွက် ထပ်တူညီသည့်အမှားမျိုးထပ်လုပ်မည်မဟုတ်၏။
သည့်ထက်အပြင် ဝိန်းရိဖန်က အခုတလောတွင် အင်တာဗျူးရမည့်အလုပ်များ တစ်ပုံတစ်ပင်ဖြစ်နေခဲ့ကာ ဤကာလတစ်လျှောက်လုံး၌ ဌာနမှကားဖြင့်သာ အသွားအပြန်လုပ်ဖြစ်ခဲ့သဖြင့် ချယ်ရှင့်ဒယ်နှင့် နောက်တစ်ကြိမ်ဆုံစရာ အကြောင်းမရှိခဲ့၏။
ထိုနေ့တုန်းက ကိစ္စတစ်ခုဟာ ထိတ်လန့်နေစရာမလိုတော့သည့်ရေမှုန်ရေမွှားလေးအဖြစ်ဖြင့် ပြီးပြတ်သွားခဲ့သည်။
ဝိန်းရိဖန်သည်လည်း ထိုလူအား ဦးနှောက်ထဲမှတဖြည်းဖြည်းဖယ်ထုတ်ပစ်လိုက်တော့သည်။
မုချန်ယွင် တင်ထားသည့်အလုပ်ထွက်စာက တစ်လကြာသည့်အခါ ခွင့်ပြုစာချပေးလာခဲ့သည်။ သူက ရုပ်ရည်ချောပြီး အလုပ်ကိစ္စ၌ နာနာခံခံ တက်တက်ကြွကြွလည်း ရှိခဲ့သည့်အတွက် ဌာနထဲ၌ သူနှင့်ရင်းနှီးကြသည့်သူများမှာ မနည်း။ ထို့ကြောင့် တရားဝင်အလုပ်ရပ်နားခွင့်ပြုသည့်နေ့တွင်တော့ ဌာနထဲမှလူများအားလုံးက သူ့အတွက် နှုတ်ဆက်ပွဲကို အကျယ်တဝင့်လုပ်ပေးကြတော့၏။
အားလုံး၏အလုပ်နားချိန်ကို ညှိလိုက်ကြခြင်းကြောင့် နှုတ်ဆက်ပွဲမှာ ညပိုင်းအချိန်၌ဖြစ်သွားခဲ့၏။ အလုပ်ဆင်းပြီးသည့်နောက် အနီးအနားရှိ စားသောက်ဆိုင်တစ်ခုတွင် ပြုလုပ်ရန် စီစဥ်ထားခြင်းလည်းဖြစ်သည်။
ဝိန်းရိဖန်က စာမူရေးမပြီးသေးသဖြင့် အခြားသူများက အရင်ဆုံးထွက်လာနှင့်ကြရာ စာမူရေးပြီးချိန်တွင်တော့ အချိန်မှာ ဆယ်နာရီထိုးလုနီးနီး။ ကွန်ပြူတာကိုပိတ် ၊ အိတ်ကိုလွယ်ပြီး ထွက်လာခဲ့လိုက်တော့သည်။
အသားကင်ဆိုင်က ကုမ္ပဏီအနောက်ဘက်ရှိ ညစျေးလမ်းထဲတွင်ဖြစ်ကာ ဆယ်မိနစ်ကျော်ကျော် လမ်းလျှောက်သွားရမည်။
ဝိန်းရိဖန် ဖုန်းကိုထုတ်ပြီး လမ်းလျှောက်ရင်း Wechat ထဲသို့ ဝင်ကြည့်လိုက်သည်။ စန်းရန်က ခဏနေလျှင် လာကြိုမည့်အကြောင်း မက်ဆေ့ပို့ထား၏။ သူမလည်း ရေးရေးလေးပြုံးလိုက်ပြီး အိမ်ပြန်နောက်ကျမည့်အကြောင်း ပြောပြတော့မည့်အခိုက်အတန့် စာပင်မရိုက်လိုက်ရသေးခင် ယောက်ျားတစ်ဦး၏ စူးစူးဝါးဝါးအသံကြီးက သူမ၏နားစည်အတွင်း ရုတ်ချည်းပြေးဝင်လာတော့သည်။
"ရွှမ်းကျန့်"
ဝိန်းရိဖန်၏လက်ချောင်းထိပ်များ တုံ့ခနဲဖြစ်သွားခဲ့ကာ အသံကြားရာအတိုင်းလှမ်းကြည့်လိုက်လျှင် ထင်ထားသည့်အတိုင်း တွေ့လိုက်သည့်လူမှာ ချယ်ရှင့်ဒယ်။ ထိုလူက ဘေးနားရှိ တိုင်လုံး၏အနောက်ဘက်တွင် ကွယ်ရပ်နေကာ ဤနေရာ၌ ဘယ်အချိန်ကတည်းကရပ်စောင့်နေမှန်းမသိ။
သူမ၏မျက်ဝန်းများ ရုတ်ချည်းအေးစက်သွားခဲ့ကာ အကြည့်လွှဲပစ်လိုက်ပြီး ဘာမှမကြားလိုက်သကဲ့သို့ အရှေ့သို့ဆက်လျှောက်လာလိုက်သည်။
နောက်စက္ကန့်ပိုင်းအတွင်း ချယ်ရှင့်ဒယ် အနောက်ဘက်မှကပ်လိုက်လာကာ သူမ၏လက်မောင်းကို ဖမ်းဆွဲလိုက်သည်။ သူ့ခန္ဓာကိုယ်ထက်တွင် ဆေးလိပ်နံ့ ၊ အရက်နံ့များအပြင် ချွေးနံ့များပါ ရောနှော၍မွှန်ထူနေကာ ဝိန်းရိဖန်က မနေနိုင်အောင်နှာခေါင်းရှုံ့မိလိုက်၏။
Advertisement
ဝိန်းရိဖန် လက်ကိုရုန်းထွက်ပစ်ပြီး အနောက်သို့ သုံးလေးလှမ်းဆုတ်ရင်း အိတ်ထဲသို့လည်း လက်နှိုက်လိုက်သည်။
ချယ်ရှင့်ဒယ်က လက်ပြန်ရုတ်သွားပြီး တပြုံးပြုံးလုပ်၍
"ဘာလုပ်တာလဲ..ဦးလေးကို တွေ့တဲ့အချိန်တိုင်း ဒီလိုဆက်ဆံနေတော့မှာလား"
ဝိန်းရိဖန် ထိုလူအား စိုက်ကြည့်နေ၏။
"ရှင် ဘာဖြစ်ချင်နေတာလဲ"
"ဦးလေးတို့မတွေ့ဖြစ်ကြတာ အရမ်းတောင်ကြာခဲ့ပြီမလား"
ချယ်ရှင့်ဒယ်က သူ့ခေါင်းကို အလျင်းသင့်သလိုပွတ်သပ်နေရင်း သူမကိုလည်း ဟိုးအရင်က မျက်လုံးမျိုးများဖြင့် လှမ်းကြည့်နေ၏။
"ဟုတ်လှချည်လား..ကြည့်ရတာ ဒီနှစ်တွေထဲမှာ အဆင်ပြေတဲ့ပုံပဲ..အရက်ဘားပိုင်တဲ့ ပိုက်ဆံရှိရည်းစားကိုပါ ရှာထားနိုင်သေးတယ်"
"...."
"ဒီလိုဆိုရင် ဟုတ်နေပြီပဲလေ..မင်းရဲ့ရည်းစားဆီကနေ မျက်နှာသာရအောင်လုပ်ပြီး သူ့ကို များများပေးလာခိုင်းပေါ့..ဟိုးအရင်က ဦးလေး ပြောတာကိုမှနားမထောင်ခဲ့တာ..အဲ့ဒီတက္ကသိုလ်ကို မဖြစ်မနေသွားတက်ချင်နေလိုက်တာများ..အခုတော့ကြည့် ဒီလိုနည်းလမ်းနဲ့ပဲ ပိုက်ဆံရှာနေရပြီမလား"
ဝိန်းရိဖန် မျက်လုံးတစ်စုံကိုမှိတ်ချလိုက်ရင်း လောက်ကောင်လိုလူတစ်စုအား အော့အန်ပစ်ချင်သည်အထိစိတ်ပျက်လာတော့ကာ တစ်ချက်မျှပိုကြည့်မိရုံဖြင့်ပင် ကိုယ့်မျက်လုံးကိုယ် ဖောက်ထုတ်ပစ်ချင်လာမိသည်။ နှုတ်ခမ်းက မျဥ်းဖြောင့်တစ်ကြောင်းလို တင်းနေပြီး တုန်လှုပ်ခြင်းတစ်စိုးတစ်စိမျှမရှိဘဲ စကားတစ်ခွန်းသာဆိုလိုက်သည်။
"ခပ်ဝေးဝေးကိုထွက်သွားစမ်းပါ"
ချယ်ရှင့်ဒယ်က အနှောင့်အယှက်မဖြစ်သွားဘဲ သူမအား ထပ်၍ စနောက်ချင်နေဆဲပင်။
"ဘာဖြစ်ရပြန်တာလဲ..ထပ်ပြီး နားမထောင်ချင်တော့လို့လား..အဲ့အချိန်တုန်းက ဒီဦးလေးက မင်းကြောင့်နဲ့ အလုပ်လည်းပြုတ်.. ပတ်ဝန်းကျင်ထဲမှာ မျက်နှာမဖော်ရဲလောက်အောင် ဖြစ်ခဲ့တာလေ..မင်းကိုယ်မင်း ဘာ...."
ဝိန်းရိဖန်၏ခန္ဓာကိုယ်မှာ တင်းခနဲဖြစ်သွားခဲ့ပြီး သူမ သည်းခံနေနိိုင်သည့်အတိုင်းအတာမှာ ကျော်လွန်လာခဲ့ပြီဖြစ်ကြောင်း ခံစားမိလိုက်တော့သည်။
တစ်ချိန်တည်းဆိုသလို အိတ်ထဲရှိ ပိုးသတ်ဆေးဘူးကို ထိမိလိုက်ကာ ထုတ်လာလုနီးနီး။ ဤအခိုက်အတန့်တွင် ခွန်အားတစ်ခုက သူမ၏လက်အား လှမ်းဆွဲလိုက်ကာ ဝိန်းရိဖန်၏မျက်ဝန်းရှေ့၌ ခပ်မြင့်မြင့်ပုံရိပ်တစ်ခုပေါ်လာပြီး သူမအား သူ့ခန္ဓာကိုယ်အနောက်ဘက်သို့ဆွဲပို့လိုက်သည်။
"ခင်ဗျား ဘာလုပ်နေတာလဲ!"
ဝိန်းရိဖန်၏အသက်ရှူနှုန်းများ တိုတောင်းပြတ်ရှသွားကာ အလိုလိုခေါင်းမော့ကြည့်လိုက်၏။
မုချန်ယွင်။
အခြားသူတစ်ယောက်ကို မြင်လိုက်ရသည့်တိုင် ချယ်ရှင့်ဒယ်က အမူအရာတစ်ချက်မပျက်သွားသေး ၊ သူ့မျက်နှာပေါ်က ရွှတ်နောက်နောက်အပြုံးက ပို၍ပင်ကြီးလာလေပြီး
"ငါ ဘာမှမလုပ်ပါဘူး..ငါနဲ့ ငါ့တူမလေးနဲ့စကားပြောနေရုံ"
မုချန်ယွင်က ဝိန်းရိဖန်ဆီသို့ ခေါင်းလှည့်ကြည့်လိုက်၏။
"ရိဖန်ကျဲ..အစ်မ ဒီလူကိုသိလား"
ဝိန်းရိဖန် အနည်းငယ်တည်ငြိမ်ရာရသွားခဲ့ရင်း
"မသိဘူး"
ဤစကားကိုကြားသည့်အခါ မုချန်ယွင်က ချယ်ရှင့်ဒယ်က မှုန်ဝေဝေပြန်ကြည့်လိုက်၍
"မသိဘူးလို့ ပြောနေတယ်..ခင်ဗျား သွားမှာလား မသွားဘူးလား"
ချယ်ရှင့်ဒယ်က ဝိန်းရိဖန်ရှိရာ တဖန်လှမ်းကြည့်လိုက်သည်။ အဖြူရောင်မျက်လုံးနေရာတွင် လက်ရှိ၌ အဝါရောင်သန်းနေကာ မျက်လုံးအိမ်များက ရီဝေဝေ ၊ ထို့နောက်တွင်တော့ ခြေလှမ်းသုံးလေးလှမ်းစာနောက်ဆုတ်သွားခဲ့ပြီး သက်ပြင်းတစ်ချက်ချလိုက်၏။
"ကောင်လေး..ငါက တကယ်ကို သူ့ရဲ့ဦးလေး"
"...."
"ငါတို့နှစ်ယောက်ကြားမှာ အထင်လွှဲစရာတွေရှိနေလို့..သူက ငါ့ကို ဒေါသထွက်နေတာ"
မုချန်ယွင်က မကြားသလိုသာနေလိုက်၍
"ရိဖန်ကျဲ..သွားရအောင်..အားလုံးလည်း စောင့်နေကြပြီ"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြလိုက်သည်။
နှစ်ယောက်သားက စျေးလမ်းထဲသို့ အရှေ့အနောက်အနေအထားမျိုးဖြင့် လျှောက်လာခဲ့ကြ၏။ မုချန်ယွင်က ဝိန်းရိဖန်၏အနောက်ဘက်၌ဖြစ်ပြီး ချယ်ရှင့်ဒယ် ရုတ်တရက်အရှေ့တိုးထပ်နှောင့်ယှက်လာမည်ကို စိုးရိမ်၍ကာထားပေးသည့်သဖွယ်။
ချယ်ရှင့်ဒယ် ဆက်မလိုက်လာတော့သဖြင့် အကွာအဝေးတစ်ခုစာရောက်သည့်အချိန်၌။
ဝိန်းရိဖန်က လှည့်ကြည့်ရင်း ကျေးဇူးတင်စရာဆိုလိုက်၏။
"မင်း ဘယ်လိုဖြစ်ပြီး ပြန်ရောက်လာတာလဲ"
မုချန်ယွင်က ခေါင်းကုတ်နေရင်း
"ကျွန်တော့်နားကြပ်က ဌာနထဲမှာကျန်ခဲ့လို့"
"အမ်?..ဒါဆို ပြန်သွားပြီးယူလိုက်မလား"
"ထားလိုက်တော့..ဘာမှမဖြစ်ဘူး..ကျွန်တော်လည်း တကူးတကပြန်မသွားချင်တော့လို့..နောက်မှပဲ သာ့ကျွမ့်ကို ယူလာခိုင်းလိုက်လို့ရတယ်"
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြရင်း 'အင်း' ဟု အထိုက်အလျောက်ပြန်ဖြေလိုက်သည်။
"ရိဖန်ကျဲ..ခုဏက ဟိုလူက?"
သူမ၏အမူအရာကို သတိထားကြည့်နေရင်း မုချန်ယွင်က ဆက်၍
"ကျွန်တော် အရင်တစ်ခေါက်တုန်းကပြောတဲ့ အစ်မကိုလာရှာတဲ့လူဆိုတာလည်း ဒီလူပဲထင်တယ်"
ဝိန်းရိဖန်လည်း ခန့်မှန်းမိထားပြီးဖြစ်သည့်အတွက် အထူးတလည်အံ့သြသွားခြင်းမျိုးမရှိဘဲ ခေါင်းသာငြိမ့်ပြလိုက်သည်။
မုချန်ယွင် ;
"နောက်ဆို အစ်မ ကုမ္ပဏီထဲကထွက်လာတဲ့အချိန် သတိထားပါ..ဒီလူက ပထမဆုံးအကြိမ်လာတာမျိုး မဟုတ်တော့လို့လေ..တကယ်လို့ အချိန်ပိုဆင်းပြီးအိမ်ပြန်နောက်ကျတာမျိုးဆိုရင် စီနီယာအစ်ကိုစန်းကို လာကြိုခိုင်းပါလား"
"အင်း"
ဝိန်းရိဖန်က စကားလမ်းကြောင်းအား အေးအေးလူလူဖြင့်သာ လွှဲပြောလိုက်၏။
"ကြားထားတာ နာမည်ကြီးအင်တာတိမ်းမန့်ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်လိုက်ပြီဆို..ဂုဏ်ပြုပါတယ်"
မုချန်ယွင်က သူ့ခေါင်းကို ခပ်ရှက်ရှက်လေးပုတ်၍
"ကျေးဇူးပါ ရိဖန်ကျဲ"
ဝိန်းရိဖန် ;
"သရုပ်ဆောင်အလုပ်က မင်း သဘောကျတဲ့အလုပ်လား"
"ဟုတ်တယ်"
ဤစကားကိုပြောနေသည့်အချိန် မုချန်ယွင်၏မျက်ဝန်းများက အရောင်တောက်လာခဲ့၏။
"ကျွန်တော် ပထမဆုံးသရုပ်ဆောင်ဖူးတာက ကျွန်တော့်သူငယ်ချင်းတစ်ယောက် ကျွန်တော့်ကိုလူရွေးပွဲဖြေကြည့်ဖို့ ဆွဲခေါ်လာတဲ့အချိန်ကလေ..အဲ့တုန်းက ကျွန်တော် အရွေးခံရလိမ့်မယ်လို့ ထင်တောင်မထင်ထားခဲ့ဘူး..ပြီးတော့ အဲ့လိုအရွေးခံလိုက်ရလို့ ကျွန်တော် အရမ်းပျော်ခဲ့ဖူးတာ"
"တော်တော်လေး ကောင်းပါတယ်"
"ရိဖန်ကျဲ အစ်မရော?..သတင်းထောက်အလုပ်ကို အစ်မ သဘောကျလို့ လုပ်ခဲ့တာလား"
"...."
ဝိန်းရိဖန် ကြောင်အမ်းသွားရင်း ခေါင်းမော့လာခဲ့၏။
"ဘာဖြစ်လို့လဲ?..ကျွန်တော် မမေးသင့်တဲ့မေးခွန်းမျိုး မေးလိုက်မိပြီလား"
ဝိန်းရိဖန် ;
"မဟုတ်ပါဘူး"
မုချန်ယွင် ထိုအခါမှသက်ပြင်းချလိုက်မိ၏။
"ဒီအတိုင်း အလုပ်တစ်ခုလိုပါပဲ"
ဝိန်းရိဖန် အလေးအနက်တွေးလိုက်ကာ အလယ်အလတ်ကျသည့်အဖြေတစ်ခုကို ပေးလာခဲ့သည်။
"သဘောကျတယ်လို့လည်း ပြောလို့မရသလို မနှစ်သက်တာမျိုးလည်း မဟုတ်ဘူး"
-------
အသားကင်ဆိုင်သို့ ရောက်ပြီးနောက် ဝိန်းရိဖန်က စန်းရန်ထံသို့ မက်ဆေ့စာပြန်ပို့လိုက်သည်။ တည်နေရာပေးပို့ပေးပြီး ခန့်မှန်းချေ ပြန်မည့်အချိန်ကိုလည်း ပြောပြရင်း သူ အလုပ်စောစောဆင်းနှင့်လျှင် အထူးတလည် လာကြိုဖို့ရာ မလိုကြောင်းပါ ထည့်ပြောလိုက်သည်။
Advertisement
နှုတ်ဆက်ပွဲက ည ၁၁နာရီထိုးခါနီးမှသာ ပြီးဆုံးသွားခဲ့၏။
ဝိန်းရိဖန်က လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများနှင့်အတူ စျေးလမ်းထဲမှထွက်လာသည့်အချိန် လမ်းထိပ်၌ရပ်ထားသည့် စန်းရန်၏ကားကို သတိထားမိလိုက်သည်။ အခြားသူများကို အလျင်အမြန်နှုတ်ဆက်ပြီး ကားနားဆီသို့ ခပ်သွက်သွက်လေးပြေးလျှောက်လာလိုက်သည်။
ဝိန်းရိဖန်က လုံခြုံရေးခါးပတ်ပတ်ကိုပတ်ရင်း
"နင် အခုမှ အချိန်ပိုဆင်းပြီးတာလား..'Overtime' ကနေ လာခဲ့တာလား"
"အခုလေးတင် အလုပ်ဆင်းလာတာ"
စန်းရန်က အပြင်ဘက်သို့ တစ်ချက်လှမ်းကြည့်၍
"ဘာလဲ..ဒီနေ့ ဘယ်သူ့နှုတ်ဆက်ပွဲလဲ"
"မုချန်ယွင်"
ဝိန်းရိဖန်က အမှန်တိုင်းပြောပြလာခဲ့၏။
"အရင်ရက်တွေကတည်းက သူ အလုပ်ထွက်စာတင်ထားတာ..ဒီနေ့ကျမှ တရားဝင်အလုပ်နားခွင့်ပေးတာမလို့လေ..လုပ်ဖော်ကိုင်ဖက်တွေက နှုတ်ဆက်ပွဲလုပ်ပေးကြတာ"
စန်းရန်က နှာတစ်ချက်မှုတ်ကာ နှုတ်ခမ်းကို ရေးရေးလေးပြုံး ၊ မထီမဲ့မြင်ပြုသည့်အသံဖြင့်
"အရမ်းတွေ စိတ်ထိခိုက်ပြီးဝမ်းနည်းနေတော့မှာပဲနော်"
"...."
ဝိန်းရိဖန်က အသံထွက်အောင်ရယ်လိုက်ရင်း
"အဆင်ပြေပါသေးတယ်..သူလည်း ပျော်နေတာ..သူ့ပုံစံက အစတည်းက သတင်းထောက်လုပ်ရတာကမကြိုက်တာထင်တယ်..အခု သဘောကျတဲ့အလုပ်ကိုလုပ်နိုင်တော့မှာမလို့ တော်တော်လေးကောင်းပါတယ်"
ဤစကားကိုကြားသည့်အခါ စန်းရန်၏မျက်တောင်များ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပြီး ဝိန်းရိဖန်အား အလိုလိုလှမ်းကြည့်လာမိ၏။ သိပ်မကြာလိုက်ပါဘဲ အကြည့်များကိုပြန်သိမ်းသွားခဲ့ကာ ကားစက်နှိုးလိုက်တော့သည်။
"အိမ်ပြန်မယ်"
ဝိန်းရိဖန်က 'အင်း' ဟုသာအသံတစ်ချက်ပြုလိုက်သည်။
ကားပြတင်းမှန်ကိုချပြီး မှန်ဘောင်ပေါ် လက်ထောက်ကာ အပြင်ဘက်မှတိုက်ခတ်လာသည့်လေကို ခံစားကြည့်နေလိုက်၏။
စန်းရန်က တစ်ချက်လှမ်းကြည့်လာလေပြီး
"ဝိန်းရွှမ်းကျန့်..လက်ကို ပြန်ထည့်ထား"
ဝိန်းရိဖန် ကြောင်အမ်းသွားရင်း ပြတင်းပေါက်အပြင်ဘက်သို့ထွက်နေသည့် လက်တံတောင်ဆစ်အား ဖြေးဖြေးချင်းပြန်ဆွဲသိမ်းလိုက်သည်။ နောက်တွင် လက်ကိုင်ဖုန်းကို ဖွင့်ကြည့်လိုက်ရာ ကျောက်ယွမ့်တုံ၏မက်ဆေ့များက ထိပ်ဆုံးနေရာ၌ နေရာယူထားကြပြန်သည်။
ထိုထဲတွင် 'ဘကြီး' ဆိုသည့် စကားလုံးနှစ်လုံးလည်း အပါအဝင်။
ဝိန်းရိဖန်၏အကြည့်များ တုံ့ခနဲဖြစ်သွားတော့၏။ အခုဘေးတင် တွေ့ခဲ့ရသည့် ချယ်ရှင့်ဒယ် ၊ မုချန်ယွင်၏သတိပေးစကား စသည်တို့ကိုပြန်တွေးကြည့်လိုက်မိသည့်အခါ နောက်ပိုင်းတွင် ပုံစံတူကိစ္စမျိုးများ ထပ်ဖြစ်လာနိုင်မည်ကို သေချာမသိသည့်အတွက် တွေဝေနေရင်း မက်ဆေ့ဘောက်ထဲ ဝင်လာခဲ့သည်။
အကြမ်းဖျင်း ပွတ်ဆွဲကြည့်လိုက်လျှင်
တစ်သီတစ်သန်းမက်ဆေ့များထဲမှ အများစုမှာ ကျောက်ယွမ့်တုံ၏ မကြာခဏပို့တတ်သည့် သာမန်ကာလျှံကာစကားများသာ ဖြစ်သည်။
[ ဒီနေ့ သမီးရဲ့ဘကြီးတို့မိသားစု နန်းဝူကို ရောက်လာတယ်..အခုလောလောဆယ်တော့ မေမေတို့ဆီမှာ နေနေတယ်..သမီး သူတို့ကို မတွေ့ချင်မှန်း မေမေသိတာမလို့ သူတို့နဲ့အကျိုးအကြောင်းတော့ပြောပြထားတယ်..သူတို့လည်း ကြာကြာမနေပါဘူး..နေစရာရှာမတွေ့သေးခင် ခဏတဖြုတ်ပဲနေမှာ ]
[ သမီးဒေါ်လေးရဲ့မောင်က ကြည့်ရတာ တကယ်ပဲ လူကောင်းနဲ့မတူဘူးနော်..အရင်တုန်းက မေမေ့ရဲ့လစ်လပ်မှုတွေကြောင့် သမီးရဲ့ခံစားချက်တွေကို မတွေးပေးခဲ့မိဘူး..အဲ့အချိန်တုန်းက သမီးရဲ့ဘကြီးတို့မိသားစုက ကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးထားတယ်လို့ပဲ ထင်ထားခဲ့တာ..အများကြီး မတွေးမိခဲ့ဘူး..မေမေတို့ စကားကောင်းကောင်းမွန်မွန်ပြောကြရအောင်လေ ]
[ ဒီနေ့ သမီးဒေါ်လေးရဲ့မောင်က သမီးဘကြီး မိတ်ဆွေရဲ့ကားကို ယူမောင်းပြီး အရက်မူးကားမတော်တဆဖြစ်လို့ ငွေသောင်းချီလျော်လိုက်ရသေးတယ်..မေမေလည်း သူတို့ကို နည်းနည်းပါးပါး ကူညီလိုက်ပါတယ်..အခုတော့ သူတို့မိသားစု ထွက်သွားကြပြီ ]
[ ဒီနေ့ သမီးရဲ့ဒေါ်လေး ထပ်ရောက်လာပြန်ပြီ..မေမေလည်း မေးမြန်းကြည့်လိုက်တော့ ကြည့်ရတာ သူတို့မိသားစုက အကြွေးတွေကြောင့် နန်းဝူကိုပြောင်းလာချင်နေတဲ့ပုံပဲ..တကယ်လို့ သမီးဆီရောက်လာခဲ့ရင် သူတို့ကို အရေးလုပ်မနေနဲ့နော်..သမီးရဲ့ဘဝကို အနှောင့်အယှက်အဖြစ်မခံနဲ့..သဘောပေါက်လား ]
ဝိန်းရိဖန်က ဆက်မကြည့်တော့ဘဲ မက်ဆေ့ဘောက်ထဲမှထွက်လာခဲ့လိုက်တော့သည်။
ဘေးနားတွင်ထိုင်နေသည့် စန်းရန်ကလည်း အချိန်ကိုက်စကားဆိုလာ၏။
"ဘာဖြစ်လို့ နှုတ်ဆက်ပွဲပြီးကတည်းက စိတ်မကြည်သလိုဖြစ်နေရတာလဲ"
"အာ..မဟုတ်ပါဘူး"
စန်းရန်၏စကားသံက မရှင်းမရှင်းဖြင့်
"မခွဲနိုင်လို့လား"
"...."
ဝိန်းရိဖန် ရယ်လိုက်မိရင်း
"မဟုတ်ပါဘူးဆို"
တိုက်တိုက်ဆိုင်ဆိုင် မီးနီသွားသည့်အချိန်။
စန်းရန်က ကားရပ်ပြီး သူမဘက်သို့ လှည့်ကြည့်လာခဲ့၏။ သူ့မျက်ဝန်းများဟာ တစ်စုံတစ်ရာကိုအကဲခတ်နေခြင်းဖြစ်ပြီး သိသာနေခြင်းမျိုးတော့မဟုတ်။ တစ်ခဏကြာသွားပြီး မီးပွိုင့်မှ မီးနီမှာ တလှုပ်လှုပ်ဖြစ်လာသည့်အချိန်တွင်တော့
"ဒီနေ့ ကိစ္စတစ်ခုခုဖြစ်လာလို့လား"
ဝိန်းရိဖန်က မသိစိတ်ကနေပင် အလိုလိုငြင်းမိလိုက်၏။
"မဖြစ်ပါဘူး..ဘာလို့လဲ"
"ဘာလို့လဲ?..ဒီစကားက ကိုယ် မင်းကိုမေးရမှာ မဟုတ်ဘူးလား"
"...."
စန်းရန်က အကြည့်ပြန်လွှဲသွားပြီး ကားမောင်းထွက်လာရင်း ဝါကျတစ်ကြောင်းဆိုလာလိုက်သည်။
"တစ်ခုခုဆိုရင် ကိုယ့်ကိုပြော"
တစ်ခဏကြာပြီးနောက်။
ဝိန်းရိဖန်က ချယ်ရှင့်ဒယ်၏ကိစ္စအား နောက်သို့ပို့လိုက်ပြီး ယနေ့လိုက်ခဲ့သည့် သတင်းအကြောင်းကို ပြောပြလိုက်၏။
"ဒီနေ့ ငါ နောက်ဆက်တွဲအင်တာဗျူးခဲ့တဲ့သတင်းကြောင့်..မိသားစုသုံးယောက် ကားမတော်တဆမှုဖြစ်တာ ကလေးလေးတစ်ယောက်ပဲ အသက်ရှင်ပြီး မိဘမဲ့ဖြစ်သွားတာကို မြင်လိုက်ရတော့ စိတ်ထဲနေလို့မကောင်းဘူး"
စန်းရန်က နားထောင်ပေးပြီးနောက်၌ နှစ်သိမ့်ပေးသည့်စကားတစ်ချို့ကို ခပ်တိုးတိုးဆိုလာခဲ့သည်။
တစ်လမ်းလုံး မောင်းလာခဲ့သည်မှာ အဆောက်အဦး၏မြေအောက်ကားပါကင် အထိ။
ကားပေါ်မှဆင်းလာသည့်အခါ ဝိန်းရိဖန်က စန်းရန်၏လက်ကို အရင်လှမ်းကိုင်လိုက်၍
"စန်းရန်"
"အမ်?"
"တကယ်လို့ နင်အားတယ်ဆိုရင် ငါ့ကို အလုပ်ဆင်းတဲ့ချိန် လာကြိုပေးလို့ရလား"
"မဟုတ်သေးပါဘူး..မင်း ကိုယ့်ကို ဘယ်လိုစကားမျိုးပြောနေတာလဲ..မင်းထက် နောက်ကျပြီးအလုပ်ဆင်းတဲ့နေ့ကလွဲလို့..."
စန်းရန်က ဝိန်းရိဖန်၏လက်ချောင်းများကို ဖြစ်ညှစ်လိုက်၍
"ကိုယ် ဘယ်တုန်းကများ လာမကြိုခဲ့လို့လဲ"
"အို့"
ဝိန်းရိဖန်က ပြုံးလိုက်ရင်း
"ငါက သေချာအောင်မေးကြည့်တာပါ"
---------
ချယ်ရှင့်ဒယ် သူမဆီသို့ရောက်လာရသည့်အကြောင်းအရင်းအား ဝိန်းရိဖန် အကြမ်းဖျင်းခန့်မှန်းနိုင်လိုက်သည်။
သို့သော်လည်း သူမအနေဖြင့် ဤကိစ္စများအား ဖြေရှင်းပေးနေမည်မဟုတ်သလို သူတို့အလိုရှိသည့်အတိုင်း လိုက်လုပ်ပေးနေစရာအကြောင်းလည်းမရှိပါပေ။ သူမ၏ အလုပ်ချိန်မှာ ပုံသေမရှိဘဲ တစ်ခါတစ်လေ အပြင်ဘက်၌သာအလုပ်များနေခြင်းကြောင့် ဌာနသို့ မသွားဖြစ်ခဲ့သည့်နေ့မျိုးပင် ရှိခဲ့သည်။ ကျန်သည့်အချိန်အများစုတွင်လည်း စန်းရန်က လာကြိုပေးသဖြင့် ဤကာလတစ်လျှောက်လုံး ဝိန်းရိဖန် စိတ်အေးလက်အေးနေနိုင်ခဲ့သည်။
ချယ်ရှင့်ဒယ်ဆိုသည့်လူက ဌာနအပြင်ဘက်၌ တစ်နေကုန်တစ်နေခမ်း သူမကို ထိုင်စောင့်နေလိမ့်မည်ဟုလည်း မထင်မိပါချေ။
ဝိန်းရိဖန်ပြောသည့် လာကြိုခိုင်းသောစကားတစ်ခွန်းသည် စန်းရန်အတွက် လေကျယ်စရာကိစ္စတစ်ခု ဖြစ်လာခဲ့တော့သည်။ သည့်ထက်အပြင် သူ့ကုမ္ပဏီ၌ အရေးကြီးသည့်ပရောဂျက်တစ်ခုကို အပြီးသတ်ပြီးသွားသဖြင့် အချိန်ပိုဆင်းစရာမလိုတော့ဘဲ အချိန်တော်တော်များများ အားလပ်နေသေးသည်။
စန်းရန်မှာ နေ့စဥ်နေ့တိုင်း ဝိန်းရိဖန်အား အချိန်မှန် အလုပ်လိုက်ပို့ ၊ နောက်တွင် သူမ၏ဌာနအောက်၌ အချိန်မှန်သွားကြို ၊ အကယ်၍ သူမ အချိန်ပိုဆင်းသည့်နေ့မျိုးတွင် သူသည်လည်း 'Overtime' သို့ဝင်၍ တစ်ခဏလေကျယ်နေသေးကာ သူမ အချိန်ပိုဆင်းပြီးမှ သွားကြိုလေ့ရှိ၏။
အခြေအနေမှာ အကြိမ်တိုင်း ယခုကဲ့သို့ပင်။
စန်းရန်က ဆိုဖာထိုင်ခုံကြီး၏အလယ်တည့်တည့်တွင် တစ်လောကလုံးကို ဂရုမစိုက်သည့်ပုံစံမျိုးဖြင့် ထိုင်နေပြီး လက်ထဲတွင် Cola တစ်ခွက်ကို ကိုင်ထားသည်။
"အားနာလိုက်တာ..ညီအစ်ကိုတို့..အခုတလောလေ..ငါ အရက်သောက်လို့မဖြစ်ဘူး"
စုဟောက်အန်းမှာ ကြာလေ နားကြားပျင်းကတ်လာလေ။
"ထွက်သွားစမ်းပါဟာ!..မင်းကို ဘယ်သူမှ မလာခိုင်းထားဘူး!"
"ငါ့ကောင်မလေးက သူ အလုပ်ဆင်းချိန်တိုင်းလာကြိုပေးဖို့ ငါ့ကိုပြောထားလို့.."
စန်းရန်က အနှောင့်အယှက်ကင်းကင်းဖြင့် ဆက်၍
"ငါလည်း မင်းတို့နဲ့အတူတူ သောက်ပေးချင်ပါတယ်..ဒါပေမယ့် ငါ့ကောင်မလေးကကွာ..လူအရမ်းကပ်တာမလို့ ငါလည်း မတတ်နိုင်ဘူးလေ ဟုတ်တယ်မလား"
"...."
ချန်ဖေးက မင်္ဂလာဆောင်ပြီးနောက်တွင် ဤနေရာသို့ အရောက်နည်းလာခဲ့သည်။ သို့သော်ငြား စန်းရန်၏လေကျယ်အပေါင်းကို ဖုန်းထဲမှတဆင့်ဖြင့်လည်းကောင်း Wechat မှတဆင့်ဖြင့်လည်းကောင်း အကြိမ်ကြိမ်နားထောင်ခဲ့ရပြီးပြီပင်။
"မင်း မြန်မြန်ထွက်သွားတော့!..မင်းကြီးတော်ကြီး ငါက သည်းမခံနိုင်တော့ဘူး!"
ချန်ဖေးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး စန်းရန်က ဆက်၍
"အို့..သူဌေးချန်ပါလား..အခုတလော မင်းလာတာကို သိပ်မတွေ့မိဘူးရော..အခုလိုမျိုး တကူးတကရောက်လာရတာက မင်း သွမ့်ကျားရွှီကို ပိုးပမ်းနည်းတွေ ဘယ်လိုဘယ်ပုံသင်ပေးထားတဲ့အကြောင်း လေကျယ်ဖို့မလား?"
( သွမ့်ကျားရွှီက လိုက်ပိုးပမ်းနည်းကို ချန်ဖေးဆီက သင်ထားတာ ၊ ချန်သာ့ကောက သွမ့်ကျားရွှီလိုက်မယ့်သူက စန်းကျီမှန်းမသိဘဲ ကူညီ ၊ နောက်တော့ စန်းကျီမှန်းလည်းသိသွားရော အဖွဲ့ထဲက လက်သံအပြောင်ဆုံး စန်းရန်ကို ကြောက်ပါလေရော )
ဤစကားကို ကြားလိုက်သည့်အခါ ချန်ဖေး၏အမူအရာမှာ တောင့်တောင့်ကြီးဖြစ်သွားတော့၏။
စန်းရန် ;
"တကယ်ပဲ မင်းတို့ကို အားကျတယ်ကွာ..ငါ့ဘဝမှာ လိုက်ပိုးပမ်းရတဲ့ အတွေ့အကြုံရဲ့အရသာကို တစ်ခါမှမခံစားခဲ့ရဘူး"
"...."
"ငါကလေ..အမြဲတမ်း...."
စန်းရန်၏စကားသံမှာ မထီမဲ့မြင်ပြုသလိုလို လေကျယ်ချင်သလိုလို
"အရူးမီးဝိုင်းလိုက်ပိုးပမ်းတာကို ခံနေရတဲ့တစ်ယောက်.."
စုဟောက်အန်းခမျာ စိတ်ပျက်လက်ပျက်ဖြင့်
"ဒီစကားမျိုးကို ငါ့ရှေ့မှာလည်း ပြောရဲတာပဲနော်"
စန်းရန်က မျက်နှာဖြတ်ရိုက်ခံရသည်ဟု တစ်စက်လေးမှမထင် ၊ ချန်ဖေးဘက်သို့ လှည့်နေရင်း
Advertisement
- In Serial13 Chapters
Cid Rellah (Complete)
A reverse type of Cinderella story, and first in my fairytale series. Cid was eight when his father died, leaving him with words of wisdom, not only for a business but for life in general. At the age of eleven, Cid’s mother died, leaving him with fond memories of what it was like to have a mother and good times. But…His mother had remarried before she had died, because she was worried for her only son, and Cid was left with a stepfather whom already had two sons to his late wife.Cid’s stepfather and stepbrothers may play tricks and try to take what isn’t theirs but there seems to be at least two people that have stayed by Cid’s side, and that is a long-time friend, David, and a Princess.Working many hours because he is someone that brings business to his step father, Cid is trying to find a way to disconnect from his stepfather and live a life of a man…A man that would be in charge of his own life and not be ordered around and be treated like a slave.Events lead to Cid delaying this goal of his, like that of the Princess’s troubles with marriage and the continuous pestering of not only his stepfather but stepbrother as well.
8 337 - In Serial38 Chapters
A Second Chance ✔ (The Alpha's Mate)
Alpha Zach had long since forgotten about finding a mate. He was satisfied with how his life had turned out. Only things didn't go as planned when he suddenly found himself caught between a rock and a hard place. He now had to make a decision that will change his life for better or for worse. Katie's eighteenth birthday wasn't supposed to go the way it did. Out of all the scenarios she had thought of, what happened was the worst. Yet what she didn't know was that every love-story needed a memorable detail to make it special. And hers was full of them.--------** Copyright © 2021 by Farah Fekry. All rights reserved. No part of this document may be reproduced or transmitted in any form or by any means, electronic, mechanical, photocopying, recording, or otherwise, without prior written and signed permission by Farah Fekry (FanoshkaFlippo). **
8 540 - In Serial52 Chapters
Midnight Walks
No matter how much she runs, Laura is stuck in an endless loop of her past. With a transfer of school and a curly haired boy who seems to be wherever she goes, it's a matter of time she realizes that her universe ceases at the sight of him-and running away might have never been an option.⤫ ⤫ ⤫[ extended blurb inside ]Copyright © Abrial 2020.
8 139 - In Serial27 Chapters
LETHAL JOURNEY || TEWKESBURY [2]
⠀⠀⠀⠀⠀⠀ 〭✴ ̽ ࣩBOOK 2 OF DELICATE⠀⠀⠀⠀⠀ 6TH OCTOBER 2020 ࿐ྂ⠀⠀⠀⠀⠀⠀ •*⁀➷ COMPLETED !!⠀⠀⠀⠀⠀☁︎ 11 PM (PHT / GMT+8) ✓⠀⠀⠀⠀⠀❝ Our life is a compilation⠀⠀⠀⠀⠀of mishaps, jeopardy and⠀⠀⠀⠀⠀unfortunate events. Do you⠀⠀⠀⠀⠀promise to stay with me?⠀⠀⠀⠀⠀Value me as much as I do⠀⠀⠀⠀⠀you? ❞⠀⠀⠀⠀⠀➘ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 tewkesbury⠀⠀⠀⠀⠀and y/n fights for feminism⠀⠀⠀⠀⠀in the house of the lords⠀⠀⠀⠀⠀leaving their lives at stake.⠀⠀⠀⠀⠀Promises were uttered and⠀⠀⠀⠀⠀responsibilities were pressed.⠀⠀⠀⠀⠀Will they make it through? or⠀⠀⠀⠀⠀will everything fall apart?⠀⠀⠀⠀⠀⠀⠀⠀⠀⠀ 𖣌 ⃝𖣘 highest rankings ⠀⠀⠀⠀⠀➳⌗2 in tewkesbury⠀⠀⠀⠀⠀➳⌗32 in holmes⠀⠀⠀⠀⠀➳⌗128 in sherlockholmes⠀⠀⠀⠀⠀➳⌗118 in netflix⠀⠀⠀⠀⠀➳⌗26 in milliebobbybrown⠀⠀⠀⠀⠀➳⌗25 in henrycavill⠀⠀⠀⠀⠀➳⌗7 in samclaflin⠀⠀⠀⠀⠀➳⌗17 in mycroftholmes⠀⠀⠀⠀⠀➳⌗9 in helenabonhamcarter⠀⠀⠀⠀⠀➳⌗15 in louispartridge⠀⠀⠀⠀⠀➳⌗64 in enolaholmes⠀⠀⠀⠀⠀➳⌗1 in eudoriaholmes⠀⠀⠀⠀⠀➳⌗3 in viscounttewksbury⠀⠀⠀⠀⠀➳⌗6 in lordtewksbury⠀⠀⠀⠀⠀➳⌗11 in viscounttewkesbury⠀⠀⠀⠀⠀➳⌗8 in lordtewkesbury⠀⠀⠀⠀⠀➳⌗280 in xreader
8 178 - In Serial23 Chapters
Undertakers love (demonxshinigami)
Alyssa was a girl from the US and decided to visit her family in london when she found out her mom died and her dad was a drunk. She had no idea she would fall in love and change for the rest of her life.I DO NOT OWN BLACK BUTLER OR THE BLACK BUTLER CHARACTERS
8 184 - In Serial30 Chapters
Lloyd Garmadon x Male Reader |Just My Type|
(Y/N) has been going to Ninjago High for a couple years or so. He thought he knew everything there was to know. That is, until a series of events unfold that he was lucky enough to experience.Lloyd Garmadon, Lord Garmadon's son and general punching bag of the whole school is revealed to be the crime fighting Green Ninja to (Y/N).As (Y/N) begins to develop feelings he's never felt before he has to figure out how to properly convey them.some trigger warnings:Mention of bullying, self harm, alcohol use, homophobia, swearing, abuse, and descriptions of gore. Some sexual suggestions also implied.
8 195

