《First Frost (Myanmar Translation)》Chapter 68
Advertisement
ဝိန်းရိဖန် စကားပြောနေသည့် အသံနေအသံထားကို အာရုံခံစားမိလိုက်ခြင်းကြောင့် စန်းရန်က အနားသို့တိုးကပ်လာပြီး လက်တစ်ဖက်ဖြင့် သူမ၏မေးဖျားကိုဆွဲမော့လိုက်သည်။ သူ့ပုံစံမှာ သူမဆိုလိုချင်သည့်စကားကို နားလည်သေးပုံမရပေ။
"ဘယ်အချိန်တုန်းကဟာကို ပြောနေတာလဲ?"
"တက္ကသိုလ်ဝင်ခွင့်စာရင်းတွေကျတဲ့နေ့"
ဝိန်းရိဖန်က ပြန်လည်မော့ကြည့်လာပြီး အသံစတို့က တိုးဖျညင်သာနေဆဲ။
"နင် ပေယွီကိုလိုက်လာပြီး ငါ့ဆီလာတဲ့ချိန်"
"...."
အခုလိုအဖြေမျိုးကို မမျှော်လင့်ထားသည့်စန်းရန်မှာ တစ်ခဏတာငြိမ်သက်သွားခဲ့ရ၏။ မျက်နှာအသွင်အပြင်ထက်၌ မည်သည့်အမူအရာမျိုးမှမရှိဘဲ အချိန်ကြာသွားပြီးကာမှ နှုတ်ခမ်းကို ပေါ့ပေါ့ပါးပါးကွေးညွှတ်လိုက်၏။
"အဲ့နေ့က မိုးရွာနေတာလား?"
ဝိန်းရိဖန်က အသံမထွက်တော့ဘဲ ခေါင်းသာငြိမ့်ပြလိုက်သည်။
"မိုးစိုတော့လည်း စိုတယ်ပေါ့..ဘာလို့ တောင်းပန်နေတာလဲ"
စန်းရန်က သူမ၏ပါးကို ဆွဲညှစ်လိုက်၍ ဤကိစ္စက သူ့အတွက် ဘာဆိုဘာမှအရေးမကြီးသည့်အလား မျက်မှောင်ကျုံ့ထားရင်း
"ကိုယ့်လို ယောက်ျားရင့်မာကြီးတစ်ယောက်က မိုးစိုတော့ရော ဘာဖြစ်သွားမှာမလို့လဲ?..အဲ့လောက်ထိလည်း နူးညံ့မနေပါဘူး"
ဝိန်းရိဖန်က စကားမဆိုနိုင်တော့ဘဲ စန်းရန်ကိုသာ လှမ်းကြည့်နေလိုက်သည်။
စန်းရန် ;
"ဘာဖြစ်လို့များ မင်းရဲ့ကောင်လေးကို နေ့တိုင်းနေ့တိုင်း နူးနူးညံ့ညံ့ပန်းပွင့်ကြီးလိုမျိုး သဘောထားဆက်ဆံနေရတာလဲ"
"...."
"သွားမယ်"
စန်းရန်က ထိုစကားကိုဆက်မပြောတော့ဘဲ ထီးဖွင့်လိုက်သည်။
"ညစာစားပြီးပြီလား"
ဝိန်းရိဖန်က သူ့ဘေးနားမှလိုက်၍
"လေယာဥ်ပေါ်မှာတော့ စားလာခဲ့တယ်"
"ဗိုက်ပြည့်မှာမလို့လား..ခဏနေကျရင် တစ်ခုခုထပ်စား"
"အင်း"
လွန်ခဲ့သည့်နှစ်ရက်တာအတွင်း နှစ်ယောက်သားက များများစားစားစကားမပြောဖြစ်ခဲ့သလို ပြောထားသည့်စကားလုံးတိုင်းသည်လည်း Wechat မှတဆင့်သာဖြစ်သည်။ သည့်ထက်အပြင် နောက်ဆုံးအကြိမ် စကားပြောခဲ့သည်မှာလည်း သာယာသောအခြေအနေမျိုးမဟုတ်သည့်အတွက် လက်ရှိအချိန်၌ နှစ်ယောက်သားကြားရှိလေထုမှာ အနည်းငယ်ကသိကအောက်နိုင်နေလေသည်။
ဝိန်းရိဖန်က စန်းရန်အား မသိမသာလှမ်းကြည့်လိုက်၍
"ငါတို့က အခု ယီဟဲတက္ကသိုလ်ဘက်ကို သွားမှာလား"
စန်းရန်၏ 'အင်း' ဆိုသည့်အသံတစ်ခု။
တက္ကသိုလ်တက်ခဲ့သည့်အချိန်နှင့် အလုပ်လုပ်ခဲ့သည့်အချိန်တို့ကို ပေါင်းလိုက်လျှင် ဝိန်းရိဖန်သည် ဤမြို့ထဲ၌ ၆နှစ်ကြာကြာ နေခဲ့ဖူးသည်။
၂နှစ်နီးပါး ဝေးကွာခဲ့ပြီးသော်လည်း ဤမြို့ကို ရင်းနှီးနေဆဲပင်။
"အဲ့ဘက်သွားမှာဆိုရင် လေယာဥ်ဘတ်စ်ကားတွေက လမ်းကြုံတာမလို့ စီးလို့ရတယ်..ဒါမှမဟုတ်လည်း ငါတို့နှစ်ယောက်တည်း တက္ကစီငှားပြီး ယီဟဲတက္ကသိုလ်ဆီတိုက်ရိုက်သွားလည်း..."
စကားမဆုံးခင် စန်းရန်က အရှေ့မှဦးဆောင်သွားနှင့်နေမှန်း ဝိန်းရိဖန် သတိထားမိလိုက်တော့သည်။ သူမ၏အသံတို့မှာ သိမ်ဝင်သွားခဲ့၍
"အို့..နင်က အခုလေးတင် အဲ့ဘက်ကပြန်လာတာဆိုတော့ လမ်းတွေမှတ်မိနေလောက်မှာ"
စန်းရန် ;
"အင်း..တက္ကစီတားရအောင်"
"ကောင်းပြီ"
နှစ်ယောက်သားက လေဆိပ်၏ဘေးနားတွင်ရှိသည့် ကားရပ်ထားသောနေရာဆီမှ တက္ကစီတစ်စီးကို ငှားလိုက်သည်။
ဝိန်းရိဖန် ကားအနောက်ခန်းထဲသို့ အရင်ဝင်ကာ 'ယီဟဲတက္ကသိုလ်'သွားမည့်အကြောင်း ကားဆရာထံ အသိပေးလိုက်သည်။ နောက်တွင် စန်းရန်က ကားထဲဝင်လာပြီး သူမရှိရာဘက်သို့ တစ်ချက်လှမ်းကြည့်ကာ ထုံးစံအတိုင်း လုံခြုံရေးခါးပတ်ပတ်ပေးရန် အနားသို့ကပ်လာခဲ့သည်။
ထို့နောက်တွင်တော့ သူ့နေရာ၌ အလျင်းသင့်သလို ထိုင်နေတော့သည်။
ဝိန်းရိဖန် သူရှိရာဘက်သို့ ပြန်လှမ်းကြည့်လိုက်၏။
သူမ၏အကြည့်ကို သတိထားခံစားမိနေပုံရသည့်သူကလည်း ချက်ချင်းဆိုသလို လုံခြုံရေးခါးပတ်ကိုဆွဲယူပြီး ပတ်နေလေသည်။
ဤအချင်းအရာကြောင့် သူမ အရက်မူးနေသည့်ညတုန်းက သူတို့နှစ်ယောက်သား ပြောခဲ့ကြသည့်စကားများကို ပြန်အမှတ်ရလိုက်သေးသည်။ သူမ နှုတ်ခမ်းကိုစေ့ထားမိရင်း ဦးစွာစကားစဆိုလိုက်၏။
"ကျီကျီရော ဘယ်လိုလဲ..ယီဟဲမှာ အဆင်ပြေတယ်မလား"
ဤစကားတစ်ခွန်းကြောင့် စန်းရန်က တစ်ခုခုကိုတွေးမိသွားသည့်အလား အေးတိအေးစက်ဖြင့်
"အရမ်းကို အဆင်ပြေတယ်"
ဝိန်းရိဖန် ;
"ဒါဆို နင်နဲ့သူနဲ့ရော ပြေလည်သွားကြပြီလား"
ဤမတိုင်ခင်အချိန်တုန်းက ဝိန်းရိဖန်သည် စန်းရန်နှင့်စန်းကျီတို့ ဖုန်းပြောနေသည်အား အမှတ်တမဲ့ကြားခဲ့ဖူးသည်။ စန်းကျီက ယီဟဲ၌ ဘွဲ့ရပြီးသားချစ်သူကောင်လေးရှိနေပြီး နွေရာသီပိတ်ရက်တွင် အိမ်ပြန်မလာသောကြောင့် စကားများရန်ဖြစ်နေကြခြင်းဖြစ်သည်။ ထိုနှစ်ယောက်က အတော်လေးကို စကားများလိုက်ကြပြီး ထိုဖုန်းခေါ်ဆိုမှုအပြီးတွင် စစ်အေးတိုက်ပွဲကိုပါ ဆက်၍ ခင်းထားကြ၏။
"သူ့ရဲ့ ချစ်သူကောင်လေးကရော ဘယ်လိုနေလဲ..နင် တွေ့ခဲ့ပြီးပြီလား"
"...."
အချိန်အတော်ကြာသွားပြီးကာမှ စန်းရန် အသံထွက်လာခဲ့သည်။
"တွေ့ပြီးပြီ"
"အာ..ဘယ်လိုနေလဲ"
"မင်းလည်း ဓါတ်ပုံထဲမှာတွေ့ဖူးတယ်"
ကားအတွင်းရှိ အလင်းရောင်မှာမှိန်မှိန်လေးသာဖြစ်သည့်အတွက် စန်းရန်၏အသွင်အပြင်အား သဲသဲကွဲကွဲမမြင်ရပါပေ။ သူမအနေဖြင့်တော့ စန်းရန်ဘက်မှ စပြီး ပြလာဖူးသည့်ယောက်ျားလေးပုံတစ်ပုံကိုမှ မတွေ့မမြင်ခဲ့ဖူးသည့်အတွက် အနည်းငယ်ကြောင်အမ်းနေရင်း
"ဘယ်တုန်းကလဲ?"
ဤတစ်ကြိမ်တွင် စန်းရန်က နာမည်ကိုတိုက်ရိုက်ပြောပြလာ၏။
"သွမ့်ကျားရွှီ"
"...."
အတော်လေးကြာသွားပြီးကာမှ ဝိန်းရိဖန် နားလည်လိုက်နိုင်ပြီး စတင်၍ရှုပ်ထွေးလာရတော့၏။
"ကျီကျီရဲ့ရည်းစားက နင့် တက္ကသိုလ်တုန်းကအခန်းဖော်?..နင်နဲ့အတွဲတွေပါဆိုပြီး သတင်းထွက်ထားတဲ့တစ်ယောက်"
"အင်း"
"အဲ့တော့ နင့်အခန်းဖော်က အခု ယီဟဲတက္ကသိုလ်ရဲ့ဘွဲ့ရကျောင်းသား ဖြစ်သွားတာလား?"
စန်းရန် ခနဲ့တဲ့တဲ့ရယ်လိုက်၏။
ဝိန်းရိဖန်က ဆက်၍လည်း စန်းရန်နှင့်သွမ့်ကျားရွှီ အကြိမ်ကြိမ်ဖုန်းပြောထားသေးသည့်အကြောင်းကို တွေးလိုက်မိ၏။
"ငါ မှတ်မိတာတော့ နင် အရင်ရက်တွေတုန်းကတောင် နင့်ညီမလေးကို စောင့်ရှောက်ပေးဖို့ သွမ့်ကျားရွှီဆီ အကူအညီတောင်းသေးတယ်မလား"
အခြေအနေမှာ စန်းရန်၏ရင်ဘတ်ထဲသို့ အဆက်မပြတ်ဓါးနှင့်ထိုးနေသည့်သဖွယ်။ စန်းရန်က စကားတစ်ခွန်းပြန်မဖြေတော့ဘဲ သူမဘက်သို့ လှည့်ကြည့်လာခဲ့သည်။
ဝိန်းရိဖန်က သိပ်နားမလည်ချေ။ ပြောင်ကျကျဖြင့် ပြန်ကြည့်လိုက်ပြီး တဖြည်းဖြည်းနှင့်အခြေအနေကို သဘောပေါက်လာခဲ့၍
"မဟုတ်မှလွဲ သူတို့နှစ်ယောက်စလုံး နင့်ကို မပြောပြထားဘဲ နင် ဒီကိုရောက်လာမှ မိသွားခဲ့တာလား"
စန်းရန် သူမကို စိုက်ကြည့်နေဆဲ။
ယီဟဲသို့မလာခင်က သူတို့နှစ်ယောက်သား စကားများခဲ့ကြသည့်အကြောင်းကို ဝိန်းရိဖန် ပြန်တွေးမိလိုက်၏။ အကြောင်းပြချက်မှာလည်း သူ့အား ဘာမှမပြောပြဘဲ အမှောင်ထဲပို့ထားသည့်ကိစ္စနှင့်ပင်။ ယီဟဲသို့ နာရီပိုင်းကြာအောင် လေယာဥ်စီးလာပြီးသည့်အခါ၌လည်း သူ့အခန်းဖော်နှင့်ညီမလေးထံမှ ထပ်တူညီသည့်ဝေဒနာမျိုး ထပ်ပေးခံလိုက်ရသည့်အဖြစ်။
Advertisement
သူမ ရုတ်ချည်း တိတ်ဆိတ်သွားခဲ့သလို..
ကားအတွင်း၌လည်း တဖန် တိတ်ဆိတ်သွားခဲ့တော့သည်။
အချိန်အတော်ကြာသွားပြီးမှ စန်းရန်က စ၍စကားဆိုလာခဲ့သည်။
"ဟိုတယ်ရွေးလေ"
ဝိန်းရိဖန် မျက်လုံးပင့်၍လှမ်းကြည့်လာ၏။
"အရင်က ကိုယ့်အတွက် ရွေးပေးထားတယ်ဆို"
"...."
ဝိန်းရိဖန်မှ စန်းရန်ကို ဤစကားတစ်ခွန်း ပြောခဲ့ဖူးသည့်အချိန်မှာ ကားထဲတွင်ဖြစ်ပြီး သူ့ဘက်က နားထောင်နေလိမ့်ဟုပင် မထင်ထားခဲ့ပါပေ။ သူမ အလျင်အမြန်ခေါင်းငြိမ့်လိုက်ပြီး အိတ်ကပ်ထဲမှဖုန်းကို ထုတ်လိုက်၏။
"ဒါဆို ဘယ်တစ်ခုကိုကြိုက်လဲဆိုတာ နင်ကြည့်ကြည့်"
စန်းရန်က ထိုရွေးထားသည့်ဟိုတယ်များကို အကြမ်းဖျင်းပွတ်ဆွဲကြည့်လိုက်ပြီး အလျင်းသင့်သည့်တစ်ခုကို ရွေး၍ ဖုန်းပြန်ပေးလိုက်သည်။
ဝိန်းရိဖန် ;
"ဒီတစ်ခုလား?"
"အင်း"
ရွေးရမည့် အခန်းအတွက်မှာတော့ ဝိန်းရိဖန် တစ်ခဏစဥ်းစားကြည့်နေပြီးမှ ကုတင်နှစ်ခုပါသည့်အခန်းမျိုးရွေးလိုက်၏။
"ဒါဆို ငါ တစ်ခန်းပဲယူလိုက်မယ်နော်"
စန်းရန် ချက်ချင်းလှည့်ကြည့်လာ၏။
သူ့ဘက်မှ စိတ်မကြည်ဖြစ်သွားမည်ကို စိုးရိမ်သည့် ဝိန်းရိဖန်က ဆက်၍
"ကုတင်နှစ်ခုနဲ့"
စန်းရန်က အဓိပ္ပါယ်ပါပါဖြင့်လှမ်းကြည့်နေပြီး စက္ကန့်ပိုင်းကြာသွားပြီးမှတုံ့ပြန်လာခဲ့သည်။
"အင်း"
ဟိုတယ်အခန်းယူပြီးသည့်နောက်တွင်တော့ ဝိန်းရိဖန်က ကားဆရာအား ဟိုတယ်၏အမည်ကိုပြောပြပြီး ထိုနေရာသို့ တိုက်ရိုက်မောင်းခိုင်းလိုက်သည်။
စန်းရန်က ဘေးဘက်သို့လှည့်ကြည့်နေရင်း အကြည့်များက သူမ၏ဘောင်းဘီရှည်ဝတ်ထားသည့်ပေါင်ပေါ်သို့ ရောက်လာခဲ့ကာ
"ဆေးယူလာခဲ့လား"
ဝိန်းရိဖန် ;
"ဘာဆေးလဲ"
"ခြေထောက်ကဒဏ်ရာလေ"
"ငါ မေ့သွားတယ်"
စန်းရန်က ခေါင်းငြိမ့်ပြပြီး စကားထပ်မဆိုတော့ပေ။
ဟိုတယ်နားသို့ရောက်ခါနီးတွင်တော့ စန်းရန်က အပြင်ဘက်သို့တစ်ချက်လှမ်းကြည့်ပြီး ရုတ်တရက်ကားရပ်ခိုင်းလိုက်သည်။ နှစ်ယောက်သားက ဤနေရာ၌သာ ကားပေါ်မှဆင်းလာလိုက်သဖြင့် ဝိန်းရိဖန်က အနည်းငယ်ကြောင်အမ်းနေရင်း
"ဘာလို့ ဒီနားမှာ ဆင်းတာလဲ"
စန်းရန်က ထီးကိုဖွင့် ၊ မျက်လုံးဖြင့်အချက်ပြ၍
"ဆေးသွားဝယ်မလို့"
သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်လျှင် ဘေးတစ်ဖက်၌ ဆေးဆိုင်တစ်ဆိုင်ရှိနေကြောင်း တွေ့လိုက်ရသည်။ ဆေးဝယ်ပြီးနောက်တွင်တော့ နှစ်ယောက်သားက ဘေးချင်းကပ်ရပ်ယှဥ်လျှောက်ပြီး ဟိုတယ်ရှိရာဘက်သို့ လမ်းလျှောက်လာခဲ့ကြသည်။
ဝိန်းရိဖန်သည် သူမ၏ဗလာကျင်းနေသောလက်နှစ်ဖက်ကို ငုံ့ကြည့်နေရင်း ဤအခြေအနေမျိုးကိုကျင့်သားမရနိုင်ဖြစ်နေရ၍
"စန်းရန်"
"ဟမ်?"
ဝိန်းရိဖန်က ခပ်တိုးတိုးလေးအသံလေးဖြင့်
"နင် ဘာဖြစ်လို့ ငါ့ကိုမတွဲထားတာလဲ"
"...."
စန်းရန်၏ခြေလှမ်းများရပ်သွားပြီး သူမဘက်သို့ လှည့်ကြည့်လာခဲ့၏။
"ကိုယ် ခရီးဆောင်အိတ်နဲ့ထီးကို ကိုင်ထားတာလေ..လက်မအားတော့ဘူး"
"ဒါဆို ငါ ခရီးဆောင်အိတ် ကိုင်ခဲ့လိုက်မယ်..ရတယ်မလား.."
ဝိန်းရိဖန်က တလေးတနက်ဖြင့်
"ငါက နင် ငါ့ကိုတွဲထားစေချင်တာ"
စန်းရန် သူမအား သုံးလေးစက္ကန့်ကြာကြာစိုက်ကြည့်နေပြီးနောက်တွင်တော့ ရုတ်တရက် ခေါင်းငုံ့သွားခဲ့ပြီး ရယ်နေပါတော့၏။ သူ့မျက်ခုံးများလည်း ပြန့်ပြူးသွားခဲ့သလို နှုတ်ခမ်းထောင့်ရှိ ပါးချိုင့်ရာပါ ရေးရေးလေးထင်သွားခဲ့၍
"ဝိန်းရွှမ်းကျန့်..ဘာလို့ လာချွဲနေတာလဲ"
တင်းမာနေသည့်လေထုအခြေအနေဟာ သူမ၏စကားတစ်ခွန်းကြောင့် အရင်အချိန်များအတိုင်း ပြန်ဖြစ်သွားခဲ့ပုံပင်။ ဝိန်းရိဖန်သည်လည်း ထိုအခါတွင်မှ သူမသည် အလိုလိုက်ခံထားရသည့်ကလေးတစ်ယောက်လို ပြုမူနေမိကြောင်း သတိထားမိကာ အနည်းငယ်မျက်နှာပူလာရတော့၏။ သူမ၏ တည်တည်ငြိမ်ငြိမ်နှင့် ဘာမှမဖြစ်ထားသလိုနေနေသည့်မျက်နှာထားကို ထိန်းထားရင်း သူမ၏လုပ်ရပ်ဟာ မမှားကြောင်း ကိုယ့်ကိုကိုယ်အားပေးနေလေသည်။
"အို့..."
စန်းရန်က မျက်ခုံးကိုပင့်မြောက်ပြီး မထီမဲ့မြင်ပြုနေသည့်အသံမျိုးဖြင့်
"အဲ့တော့ မင်း ယီဟဲထိလိုက်လာတာက ကိုယ်နဲ့ လက်တွဲထားချင်လို့ပေါ့"
"...."
စကားပြောနေရင်း စန်းရန်က သူမထံသို့ ထီး လှမ်းပေးလာခဲ့သည်။
"ကိုင်ထား"
ဝိန်းရိဖန်က အလေးအနက်ဖြင့်လှမ်းယူလိုက်သည်။
စန်းရန် ;
"ဟိုဘက်လက်နဲ့ကိုင်လေ..မဟုတ်ရင် ကိုယ် ဘယ်လိုတွဲလို့ရတော့မှာလဲ"
ဝိန်းရိဖန် သူပြောသည့်အတိုင်း အခြားလက်တစ်ဖက်ဖြင့်ပြောင်းကိုင်လိုက်၏။
နောက်တစ်စက္ကန့်တွင် စန်းရန်က သူမ၏လက်ကို ဆွဲကိုင်လာခဲ့ပြီး သူ့လက်ဖဝါးထဲ၌ ဖြစ်ညှစ်ထားလိုက်တော့၏။ သူ့လက်ဖဝါးမှာ ကြီးမားပြီးနွေးထွေးသည့်အပြင် ခပ်တင်းတင်းဆုတ်ကိုင်ထားသည့်ခွန်အားမှာ နာကျင်စေသည့်အစား စိတ်လုံခြုံမှုကိုသာ ပေးနေခဲ့သည်။
ဝိန်းရိဖန်မှာ သူ့ထက် ခေါင်းတစ်လုံးစာ အရပ်နိမ့်သည့်အတွက် ထီးကိုင်ပေးထားသည့်အနေအထားမှာ အဆင်မပြေ။ သူမက စန်းရန်၏အမူအရာကို အထူးတလည်အကဲခတ်ကြည့်နေရင်း သိလိုက်ရသည်မှာ သူမဘက်မှ ကလေးတစ်ယောက်ကိုချွဲပြနေသည့်အမှုအား စန်းရန်က အတော်လေးသဘောကျနေသည့်ပုံပင်။
ကံကောင်းစွာဖြင့် ဆေးဆိုင်နှင့် အခန်းယူထားသည့်ဟိုတယ်မှာ သိပ်မဝေးဘဲ ငါးမိနစ်သာ လမ်းလျှောက်လာရသည်။ နှစ်ယောက်သားက ရောက်လာသည့်အချိန်တွင် ၉နာရီထိုးခါနီးဖြစ်ပြီး မှတ်ပုံတင်ကဒ်ကိုထုတ် ၊ အရှေ့ကောင်တာ၌ စာရင်းပေး အတည်ပြုနေလိုက်၏။
ဤအချိန်လေးအတွင်း စန်းရန်က ရုတ်တရက်စကားဆိုလာခဲ့၏။
"ဒီကို မလာခင် ဘာဖြစ်လို့ ကိုယ့်ကိုကြိုမပြောတာလဲ"
"နင် မလာခိုင်းမှာစိုးလို့"
"...."
စန်းရန်က သူမကို လှမ်းကြည့်နေ၏။
"နင် ငါ့ကို လောလောဆယ် မတွေ့ချင်သေးမှာ ကြောက်လို့"
စန်းရန် သူမ၏လက်ကိုဖြစ်ညှစ်လိုက်၍
"လူနားထောင်လို့ရတဲ့စကားကိုပြော"
စဥ်းစားနေရင်း ဝိန်းရိဖန်ကလည်း ပြန်လည်မေးခွန်းထုတ်လာခဲ့သည်။
"ဒါဆို နင်ကရော ဘာဖြစ်လို့ ရုတ်တရက်ကြီးပြန်ဖို့လုပ်နေတာလဲ"
စန်းရန် ;
"မင်း စာမပြန်လို့လေ"
"ငါက လေယာဥ်ပေါ်ရောက်နေတာကို..."
"ကိုယ်သိတယ်..နောက်တစ်ခါကျရင် ကိုယ့်ကို ကြိုပြောပြဖို့မမေ့နဲ့"
စန်းရန်က ဝိန်းရိဖန်၏ဆံပင်တို့ကို ဆွဲဖွပစ်လိုက်၍
"မင်း နည်းနည်းလေးနောက်ကျပြီးမှသာ ဖုန်းဆက်လာရင် ကိုယ် နန်းဝူကိုပြန်မယ့်လေယာဥ်ပေါ် ရောက်နေလောက်ပြီ"
"...."
အခန်းကဒ်ကိုယူပြီးနောက် ဓါတ်လှေကားအတိုင်း တက်လာခဲ့ကာ အခန်းထဲဝင်လာခဲ့သည်။
စန်းရန်က ခရီးဆောင်အိတ်ကိုချပြီးနောက် နာရီကိုတစ်ချက်လှမ်းကြည့်လိုက်၏။
"အပြင်ထွက်စားချင်လား..မှာစားမလား"
ဝိန်းရိဖန်က လှုပ်လှုပ်ရှားရှားမလှုပ်ချင်တော့သဖြင့်
Advertisement
"မှာစားမယ်"
"အင်း"
စန်းရန်က လက်ကိုင်ဖုန်းကို သူမထံ လှမ်းပေးလာခဲ့၍
"မှာပြီးသွားရင် ရေချိုးတော့..ဆေးလိမ်းရဦးမယ်"
ဝိန်းရိဖန်က စန်းရန်၏အကြံပြုချက်အတိုင်း အစားအသောက်မှာပြီးနောက်တွင် ခရီးဆောင်အိတ်ကိုဖွင့် ၊ အဝတ်အစားလဲရန်ယူပြီး ရေချိုးခန်းထဲဝင်လာခဲ့လိုက်သည်။ တဖြည်းဖြည်းနှင့်လည်း ဤနေရာထိလိုက်လာရသည့်ရည်ရွယ်ချက်အကြောင်း ပြန်တွေးကြည့်ကာ လမ်းတစ်လျှောက်လုံး အချိန်ရပါသည့်တိုင် ယခုလက်ရှိအထိ စကားမစရသေးချေ။ စကားစကြည့်ပါသေးသော်လည်း နောက်တွင်တော့ လမ်းကြောင်းထဲမှသွေဖယ်သွားခဲ့ရသည်။
မနေ့ညကတည်းက ယခုလက်ရှိအချိန်ထိ သူ့အား ဘယ်လိုဘယ်ပုံပြောပြရမည့်အကြောင်းကို ဝိန်းရိဖန် တစ်ချိန်လုံးစဥ်းစားနေခဲ့ပါသည်။ စကားစလိုက်ပြီးလျှင် ဘယ်လိုဆက်ပြောသွားရမည်ကိုလည်း မသိ။ သေချာနေသည့်တစ်ခုက ဤကိစ္စမှာ စိတ်ပျော်ရွှင်စရာကောင်းသွားစေမည့်ကိစ္စမျိုး မဟုတ်ကြောင်းပင် ဖြစ်၏။
ဘယ်လိုနည်းမျိုးဖြင့် ပြောပြပါစေ လေထုအခြေအနေ မွန်းကြပ်လာလိမ့်မည်မှာလည်း အမှန်။
သူမ သက်ပြင်းချမိရင်း ပို၍ ပို၍ စိတ်လှုပ်ရှားပြီးတုန်လှုပ်လာရတော့သည်။
ဖြစ်ကြောင်းကုန်စင် သိပြီးသွားသည့်နောက်တွင် စန်းရန်က ဘယ်လိုတုံ့ပြန်လာမည်မှန်း သူမ မသိပါပေ။
သို့သော်..
စန်းရန်က အခြားသူများနှင့်မတူကြောင်း..
သူက သေချာပေါက်ကို မတူညီကြောင်း..
သူမ သိနေခဲ့သည်။
---------
ဝိန်းရိဖန် ရေချိုးပြီးထွက်လာသည့်အခါ မှာထားသည့်အစားအသောက်များ ရောက်နှင့်နေပြီ။
လက်ရှိအချိန်တွင် စန်းရန်က အိပ်ရာတစ်ခုပေါ်၌ထိုင်နေပြီး လက်ထဲတွင် ဆေးပစ္စည်းအိတ်ကိုကိုင်ထား၏။
"ဒီကိုလာခဲ့..ညစာမစားခင် ဆေးလိမ်းလိုက်ဦး"
ဝိန်းရိဖန် အနားသို့လျှောက်သွားပြီး သူ့ဘေးနားတွင်ဝင်ထိုင်လိုက်သည်။ အိတ်ထဲမှ ဆေးဘူးနှင့်ဂွမ်းစတို့ကို ထုတ်ယူနေသည့်အချိန် ဝိန်းရိဖန်သည် မျက်လွှာချထားရင်း သူ့ညာဘက်လက်ကောက်ဝတ်ပေါ်မှ နှင်းပွင့်သဏ္ဍာန်အလှဆင်ဆွဲသီးပါသည့်အနီရောင်လတ်ပတ်အား ငေးစိုက်ကြည့်နေမိသည်။
သူမ အနည်းငယ်စိတ်လွတ်သွားခဲ့ကာ စန်းရန်၏စကားများကို ပြန်ကြားယောင်လာတော့သည်။
---'ဝိန်းရိဖန်..မင်း ကိုယ့်ခံစားချက်ကိုရော ထည့်တွက်ပေးရဲ့လား'
---'မင်းအတွက် ကိုယ်က အဲ့လောက်တောင်ယုံချင်စရာမကောင်းလို့လား'
နောက်ဆုံး စန်းရန်က သူမ၏ဘောင်းဘီကို အသံတိတ်ဆွဲချပေးခဲ့သည့်ပုံစံအား ပြန်တွေးကြည့်လိုက်၏။ သူက ခေါင်းငုံ့ထားပြီး ခန္ဓာကိုယ်ကိုအနည်းငယ်ကိုင်းထားကာ မျက်နှာထက်မှအမူအရာမှာ ခပ်ပြတ်ပြတ်ပုံစံမျိုးဖြစ်နေပါသည့်တိုင် သူ ဖုံးကွယ်ထားတတ်သည့် အင်အားမဲ့မှု ၊ မတတ်နိုင်စွမ်းများကိုတော့ တစ်ဖက်လူအနေဖြင့် ခံစားမိနေခဲ့ရသည်။ ထိုအခြေအနေမှာ သူ၏ပုံမှန်အခြေအနေမျိုးနှင့်လည်း လုံးဝမတူညီခဲ့ပါပေ။
စန်းရန်က သူမ၏ခြေသလုံးကိုကိုင်ထားရင်း ဒဏ်ရာကို အသေအချာကြည့်နေ၍
"ရေထပ်ထိထားပြန်ပြီမလား"
"အာ..ခုဏတုန်းက သတိမထားမိလိုက်လို့"
စန်းရန်၏စကားသံမှာ စိတ်မကြည်ပါတော့ချေ။
"မနက်ဖြန် ရေမချိုးနဲ့တော့"
"...."
နောက်တွင် ဂွမ်းစကိုယူပြီး ဒဏ်ရာပေါ်မှရေစက်များကို အသာအယာသုတ်ပေးနေလိုက်၏။ သူ့နှုတ်ခမ်းပါးတို့မှာ တဖြောင့်တည်းဖြစ်နေပြီး စိတ်မကြည်မှန်းသိသာနေပါသည့်တိုင် သူ့အပြုအမူတို့က ခပ်ဖွဖွလေးသာဖြစ်သည်။ ကြည့်ရသည်မှာ သူ အားစိုက်လိုက်သည်နှင့် သူမ နာသွားမည်ကို စိုးရိမ်နေသည့်အလားပင်။
ဝိန်းရိဖန်က အနည်းငယ်ခေါင်းငုံ့ထားသည့် စန်းရန်ကို လှမ်းကြည့်နေရင်း လက်သီးကိုဖြေးဖြေးချင်းဆုတ်ကာ စကားပြောရန် သတ္တိမွေးလိုက်တော့သည်။
"စန်းရန်..ဒီဒဏ်ရာက လွန်ခဲ့တဲ့သုံးလေးရက်လောက်က ထိခိုက်မိခဲ့တာ..အဲ့နေ့က ငါတစ်ယောက်တည်း ကားပါကင်ကို သွားနေတဲ့အချိန် ချယ်ရှင့်ဒယ်နဲ့ မတော်တဆတွေ့လိုက်တယ်..ငါ့ရဲ့ဦးလေးလို့ပြောနေတဲ့လူ.."
စကားပြောသံကြောင့် စန်းရန်က မျက်လုံးပင့်ကြည့်လာခဲ့၏။
"အင်း"
"နန်းဝူမှာ ငါ သူ့ကို ပထမဆုံးတွေ့လိုက်တာက နှစ်သစ်ကူးမတိုင်ခင်တုန်းက..အဲ့နေ့က ကိစ္စတစ်ခုကြောင့် ညသန်းခေါင်ကျမှ အချိန်ပိုဆင်းရတဲ့နေ့..သူက အဲ့ကိစ္စရဲ့ တရားခံလေ..အရက်မူးပြီးကားမောင်းတာကနေ မတော်တဆမှုဖြစ်ထားတာ..ဒါပေမယ့် အဲ့အချိန်တုန်းက ဘာကိစ္စမှမဖြစ်ခဲ့ဘူး..နောက်တော့ နင်နဲ့အတူတူ 'Overtime' မှာ သူ့ကိုထပ်တွေ့တာပဲ"
"...."
"အဲ့ဒီရဲ့နောက်မှာတော့ ငါ နန်းဝူသတင်းဌာနမှာအလုပ်လုပ်နေမှန်း သူ သိသွားတယ်ထင်တယ်..အဲ့ကနေစပြီး သူ ငါ့ကို ဌာနရဲ့အောက်မှာ အမြဲတမ်းလာရှာတော့တာပဲ..ဒါပေမယ့် ငါက သူနဲ့ ထိပ်တိုက်ဆုံတာမျိုး သိပ်မရှိခဲ့ဘူး"
"...."
"အဲ့နေ့က သူ ငါ့ဆီကနေ ယွမ် ၁သောင်းတောင်းတာ..ငါက သူ့ကိုအရေးမစိုက်တော့ ငါ့အိတ်ကိုဆွဲလုပြီး ငါ့ကိုလည်း တွန်းလိုက်တယ်..ငါ ရဲခေါ်လိုက်တာမလို့ ဘာမှကြီးကြီးမားမားတော့ မဖြစ်လိုက်ဘူး"
စန်းရန်က ငြိမ်သက်၍သာ နားထောင်နေခဲ့ပြီး သူမ၏ဒဏ်ရာကိုဆေးလိမ်းပေးနေသည့်လက်မှာလည်း လုံးဝရပ်မသွားခဲ့ပါပေ။
"ငါ အရင်တုန်းက နင့်ကို အမှန်တိုင်း မပြောပြခဲ့တာတွေရှိတယ်"
ဝိန်းရိဖန်သည် အခြားသူတစ်ယောက်အပေါ် ရင်ဖွင့်နေခြင်းမျိုးမှာ ရှားပါးလွန်းပြီး နှေးနှေးကွေးကွေးဖြင့်
"ငါ့ဖေဖေ ဆုံးသွားပြီးတဲ့နောက်မှာ ငါ့ရဲ့ညီမဆိုတဲ့တစ်ယောက်က ငါ့ကို သိပ်သဘောမကျခဲ့ဘူး..အဲ့ဒါကြောင့်မလို့ ငါ့အမေက ငါ့ကို အဘွားဆီပို့ပြီး စောင့်ရှောက်ခိုင်းထားခဲ့တယ်"
"...."
"နောက်တော့ ငါ့အဘွားက ကျန်းမာရေးမကောင်းလာတာနဲ့ပဲ ငါ့ကို ထပ်ပြီး ဘကြီးတို့အိမ်ကို ပို့လိုက်ကြတယ်"
ဝိန်းရိဖန်၏အသံတို့မှာ သိမ်ဝင်သွားခဲ့၍
"ငါ့ဘကြီးတို့မိသားစုကလည်း ငါ့ကို သိပ်သဘောမကျပါဘူး"
"...."
"အထက်တန်းကျောင်းတုန်းက ငါတို့နှစ်ယောက်ကို ရည်းစားတွေပါဆိုပြီး ဒုတိယအကြိမ် အုပ်ထိန်းသူခေါ်ခံရတဲ့အချိန်တုန်းက လာခဲ့လူက ငါ့ဘကြီးလေ..အဲ့နေ့က ငါ အိမ်ပြန်ရောက်သွားတဲ့ချိန် စိတ်မကြည်တာနဲ့ပဲ နင့်ကို ဖုန်းထဲကနေ အော်လိုက်မိသေးတယ်"
"...."
"တောင်းပန်ပါတယ်..ဒါပေမယ့် အဲ့တုန်းက ငါပြောလိုက်တဲ့စကားတွေက စိတ်ထဲကပါလို့ပြောတာမျိုးမဟုတ်ပါဘူး..ငါ ဘယ်တုန်းကမှ နင့်ကို စိတ်ရှုပ်စရာကောင်းတယ်လို့ မထင်ခဲ့ဘူး"
စန်းရန်၏လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့၏။
"ငါ ပေယွီကိုပြောင်းလာပြီး အထက်တန်း တတိယနှစ်ကိုရောက်တဲ့အချိန်ကျမှ ချယ်ရှင့်ဒယ် ပြောင်းလာပြီးနေတာ"
ဝိန်းရိဖန်၏စကားပြောသံတို့က အနည်းငယ်ခက်ခဲစပြုလာခဲ့၍
"အဲ့ချိန်တည်းက စပြီး..သူ ငါ့ကို..တစ်ချိန်လုံး..နှောင့်ယှက်နေခဲ့တာပဲ"
ဤစကားကို ကြားသည့်အခါ စန်းရန်က လက်ထဲမှ ဂွမ်းစကိုချထားလိုက်တော့သည်။ သူ့လည်စလုတ်မှာ ဖြည်းဖြည်းချင်းလှုပ်ခတ်သွားရင်း စကားသံတို့ကလည်း သြရှရှနိုင်လာခဲ့၏။
"ဝိန်းရွှမ်းကျန့်..မပြောချင်ဘူးဆိုရင် ကိုယ်တို့ မပြောတော့ဘူး"
"မပြောချင်တာမျိုး မရှိပါဘူး"
ဝိန်းရိဖန်က ခေါင်းရမ်းပြပြီး ဆက်၍
"တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေဖြည့်ရတဲ့ အဲ့ရက်တွေတုန်းက တစ်ညမှာ သူ ငါ့အခန်းထဲဝင်လာခဲ့တယ်..."
ဝိန်းရိဖန်က ခေါင်းငုံ့ထားရင်း မျက်လုံးများထဲ၌ဗလာကျင်းနေခဲ့ကာ ဤအကြောင်းအရာတစ်ချို့အား ကျော်ချပစ်လိုက်တော့၏။
"ဒါပေမယ့် ဘာမှမဖြစ်လိုက်ပါဘူး..ဘာလို့လဲဆိုတော့ ငါ့ဘကြီးတို့က နေ့တိုင်း မနက်ခင်း ၃နာရီလောက်မှအိမ်ပြန်ရောက်ကြတာလေ..အဲ့နေ့ကလည်း အဲ့အချိန် အတိအကျမှာပဲ ပြန်ရောက်လာခဲ့တာ"
စန်းရန် မျက်ဝန်းတစ်စုံကိုမှိတ်ချထားလိုက်ပြီး ဝိန်းရိဖန်အား ဆွဲပွေ့ယူလိုက်ကာ စကားတစ်လုံးမှပြောမထွက်လာပါတော့၏။
သူ တစ်စက်ကလေးမှ မတွေးကြည့်ရဲပါပေ။
သူ လုံးဝမတွေးကြည့်လိုက်ရဲသည်မှာ ထိုအချိန်များကို သူမက ဘယ်လိုကျော်ဖြတ်လိုက်ရသည့်အကြောင်း..
မည်သူ့အပေါ်ကိုမှ ဒေါသထွက်တတ်ခြင်းမရှိ ၊ သိမ်သိမ်မွေ့မွေ့နေတတ်သည့်အကျင့် ၊ မည်သူ့အပေါ်ကိုမဆို နွေးနွေးထွေးထွေးသာဆက်ဆံတတ်သည့် ကောင်မလေးက...
ဒီလိုကိစ္စကြီးအား ဘယ်လိုကျော်ဖြတ်လာခဲ့သည့်အကြောင်းကို သူ မတွေးကြည့်ရဲပါချေ။
"အစတုန်းက ငါ တကယ်ကို နန်းဝူတက္ကသိုလ်လျှောက်ထားခဲ့တာ..ငါ နင်နဲ့ တက္ကသိုလ်တစ်ခုတည်းကို အတူတူတက်ချင်ခဲ့ပါတယ်..ငါ နင့်ကိုမညာဘူး"
ဝိန်းရိဖန်၏မျက်ဝန်းများမှာ နီရဲစပြုလာပြီး စကားသံတို့ကလည်း ကယောင်ကတန်းဖြစ်လာခဲ့၍
"ဒါပေမယ့် မကောင်းတဲ့ကိစ္စတွေ ဖြစ်သွားခဲ့တာဆိုတော့...."
"...."
"ငါ...ငါ အဲ့အချိန်တုန်းက ဘယ်လိုလုပ်ရမယ်မှန်း တကယ်မသိခဲ့တာ..ဘယ်သူမှ ငါ့ကို မကူညီကြဘူး"
ဝိန်းရိဖန်က ကျလုနီးနီးမျက်ရည်ကို ထိန်းထားရင်း
"စန်းရန်..ငါ့ဘက်မှာ ဘယ်သူမှ မရှိခဲ့ဘူး"
သူမ တစ်စက်ကလေးမှ မငိုချင်သလို
သူမ လုံးဝလည်း မငိုသင့်ပါပေ။
အဘယ်ကြောင့်ဆိုသော် သူမ လက်ခံ ခံစားရသည့်မကောင်းသည့်အရာများဟာ သူမဘက်က စန်းရန်ကို ထိခိုက်အောင်လုပ်ရသည့် အကြောင်းပြချက်မျိုးအဖြစ် အသုံးမပြုသင့်သောကြောင့်ပေ။
"အဲ့အချိန်တုန်းက ငါ ဘာမှမတွေးနိုင်ခဲ့ဘူး..ပေယွီနဲ့နန်းဝူမှာ ထပ်မနေချင်တော့တဲ့အတွေးမျိုးပဲရှိပြီး ပိုဝေးတဲ့တစ်နေရာကို ထွက်သွားချင်ခဲ့တာ"
"...."
"တောင်းပန်ပါတယ်..ငါ နင့်ကို ပြောပြဖို့မေ့သွားခဲ့တယ်"
"...."
"တောင်းပန်ပါတယ်..ငါ နင့်ကို နားထောင်လို့မကောင်းတဲ့စကားတွေပြောခဲ့မိတဲ့အတွက်လည်း"
နှစ်တွေ အများကြီးကြာလာပြီးသည့်အခါ..
ထိုအချိန်တုန်းက ကိစ္စတွေကို ပြန်တွေးကြည့်ချင်စိတ်မျိုး သူမထံ၌ မရှိပါတော့ပေ..
မှတ်မိနေသည့်တစ်ခုတည်းမှာ ထိုအချိန်တုန်းက သူမ၏စကားသံဟာ အရမ်းပြင်းခဲ့သည့်အကြောင်း..စန်းရန်ကို နားထောင်မကောင်းသည့်စကားလုံးများဖြင့် ပြောခဲ့မိကြောင်းပင်။
အချိန်တွေကြာလာသည်နှင့်အမျှ အရာအားလုံးဟာလည်း မှေးမှိန်သွားလျက်။
ယနေ့ တဖန်ပြန်တွေးကြည့်လိုက်သည့်အခါမှ..
သူမ မှတ်မိလာခဲ့ကာ..
လက်စသတ်တော့ သူမ ဒီလိုစကားမျိုးတွေ ပြောခဲ့ပါလား..
လက်စသတ်တော့ သူမက ဒီလိုမျိုးနားထောင်လို့မကောင်းတဲ့စကားမျိုးတွေကို ပြောခဲ့ပါလား..
စန်းရန်က သူမအား သူ့ပေါင်ပေါ်၌တင်ထားပြီး တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်သည်။ သူ့အသံများကလည်း ခပ်အက်အက်ဖြစ်နေပြီး သူမ၏နီရဲနေသောမျက်ဝန်းထောင့်များကိုလှမ်းကြည့်၍
"အဲ့အချိန်တုန်းက ကိုယ် မင်းကို ဘာပြောခဲ့လဲဆိုတာ မှတ်မိသေးလား"
ဝိန်းရိဖန် ခေါင်းမော့လာခဲ့၏။
"ဘာလဲ"
ဤအခိုက်အတန့်မှာ ထိုမှောင်မည်းနေခဲ့သည့်လမ်းကြားငယ်လေးထဲသို့ ပြန်ရောက်သွားခဲ့သလိုလို။
Advertisement
- In Serial20 Chapters
The Vampire's Pastry Chef (ONC 2022)
|| CO-WINNER THE AMBYS 2022 VAMPIRES CATEGORY || When single mother and baker Autumn Milford is hired to cater a high-end party in the Berkshires, she discovers the "special ingredient" she is required to use isn't just the quirk of an eccentric millionaire ...------------Autumn Milford has been determined to rely on no one but herself after her parents kicked her out at seventeen. With the money she's due to earn from catering a high-end party in the Berkshires, she'll finally have enough to open up her own storefront bakery. But her employer is not just another eccentric millionaire and his guests aren't your average denizens of high society. Autumn is about to discover that creatures of the night are real ... and they're eating her cinnamon rolls.Corbin Westbrook would rather cut off his own head than host the once-a-decade gathering of the New England Knowing. There have been sightings of a Fallen in the area and it is Corbin's duty to ensure that the creature is disposed of. But to decline such an "honor" is ill-advised. Left with no choice but to throw the party, Corbin stays as far away from the event planning as possible ... until he meets the baker.Hold onto your cinnamon rolls, it's going to be a sweet ride!------------ONC 2022 Prompt20. You manage a catering company. The latest request has a few ... interesting menu items.[Status: Complete][Word Count: 28,000][Content warning: PG-13 for mild swearing, violence, sensuality, and fade-to-black intimacy.][ [ Highest rankings ] ][#1 in Baking 2/26/22][#1 in Singleparent 4/1/22][#1 in Paranormalromance 4/14/22][#8 in Paranormal 4/11/22][#10 in ONC2022 4/14/22][#11 in Supernatural 5/3/22][#16 in Vampireromance 4/20/22][#20 in Romance 4/11/22]Cover by @chessaandersen
8 83 - In Serial18 Chapters
Ribbons & Rumors
"Have you heard of the 8th wonder of the school...? They say she's called the Rouge Rumor..."A Toilet-Bound Hanako-Kun fan-fictionstarted: june 2nd, 2020published: june 10th, 2020ended: n/a✨HIGHEST RANKINGS::✨•• #1 in #jibakushounenhanakokun••#1 in #amane••#1 in #hanako-kun••#1 in #toiletboundhanakokun••#1 in #yugitsukasa••#1 in #yugiamane‼️NO MANGA SPOILERS IN HERE‼️
8 187 - In Serial63 Chapters
The Grey Ones
(#1) Lady Juniper becomes an ambassador when the city of Noxborough is visited by an army of elite Kas warriors, the Demons of the North, the Grey Ones. Everyone knows an invasion is imminent, and it falls upon Juniper's shoulders to appease the foreign, giant, grey-skinned Warlord.
8 171 - In Serial12 Chapters
The Two of Us
HELLO LESBIANS.. BISEXUALS.. AND EVERYONE WHO LOVES VAGINAS..Welcome to my book!! This book is just a mishmash of random facts about how my girlfriend and I explore our fantasies.. BDSM interests.. toy recommendations based on our personal experience.. I also may put up fanfic stories that we wrote for each other..Let's get to know us and find out how we're having fun!!Long Distance Relationship friendly😉🔞 ADULTS ONLY 🔞If you're under 18, please skip this book because some of the topics might disturb you. So, before you complain and spread negativity on this book, I suggest you to NOT READ it.READ AT YOUR OWN RISK!!!Enjoy reading 💋
8 181 - In Serial19 Chapters
airplane ﹙short story﹚
(BXB) In which two strangers meet on an airplane.
8 120 - In Serial12 Chapters
Finding my Forever (Camila/You) ✔️
Y/N comes from a long line of werewolves. Generation after generation her family has always been the top pack. The Silver Moon Pack is known for having the top Alpha over all Alphas. Y/N is not like most female wolves. She is intersex and her wolf is male. She's had a rough life watching a rouge wolf kill her mother when she was a young pup. After this her father became ruthless and was not very welcoming to other packs in the area. Y/N is anxious to find out who her mate is and once she turns 16 the hunt will be on. But once she finds her mate will they live happily ever after, or will someone get in the way?Y/N is g!p (intersex)Contains mature and explicit contentCover created by @BrooklynMHM
8 116

