《First Frost (Myanmar Translation)》Chapter 70
Advertisement
Warning ; Sexual content alert!
မျက်ဝန်းရှေ့တွင်မြင်နေရသည့် အဝါဖျော့ဖျော့မီးရောင်များမှာ တစ်ခန်းလုံးအပြည့်လင်းထိန်နေလျက်ရှိကာ အနည်းငယ်ပြိုးပြိုးပျက်ပျက်နိုင်လှသည်။ လေအေးပေးစက်ဖွင့်ထားသည့်အသံအပြင် မိုးကျသံဖြောက်ဖြောက်တို့ကိုလည်း မသိမသာရောထွေး၍ ကြားနေရပါသေးသည်။
ဝိန်းရိဖန် အသာအယာခေါင်းမော့မိလိုက်ရင်း ဤမရင်းနှီးလှသော ဖော်ပြရန်ခက်ခဲသည့်အထိအတွေ့များကို လက်ခံနေပြီး တွေးခေါ်နိုင်စွမ်းများမှာလည်း နှေးကွေးလာခဲ့သည်။ သူမအနေဖြင့် စန်းရန်ပြောနေသည့်စကားများကို မတုံ့ပြန်နိုင်ပါတော့ဘဲ သူမ၏ခန္ဓာကိုယ်က သူ၏လှုပ်ရှားမှုများအတိုင်း မျောပါနေတော့သည်။
စန်းရန်၏ခန္ဓာကိုယ်မှာမူ သန်မာတင်းရင်းနေကာ ရင်းနှီးလွန်းလှသည့်ကိုယ်သင်းရနံ့တို့က သူမအား ပို၍စွဲလမ်းလာအောင် ပြုစားနေသလိုပင်။ သူ့ခန္ဓာကိုယ်ထက်တွင် ရေစက်များရှိနေသေးပြီး ဆံပင်ပေါ်မှရေစက်များကလည်း အချိန်နှင့်အမျှတစက်စက်ကျနေကာ တစ်ချက်တစ်ချက်အေးစိမ့်သွားရလျက်။
အထိန်းအကွပ်မဲ့သော ပူနွေးနေခြင်းများကြား နစ်မြှုပ်သွားသည့်အခါ..
ထိုအေးစိမ့်သွားမှုကြောင့် တဖန် လန့်လန့်နိုးရလာသည့်သဖွယ်။
ဝိန်းရိဖန်၏မျက်ဝန်းများဟာ ရှုပ်ထွေးခြင်းများကြားမှနေ၍ အရှေ့ရှိမီးလုံးများကိုစိုက်ကြည့်နေပြီးနောက် ဖြေးဖြေးချင်း အောက်လျော့ဆင်းလာခဲ့သည်။ စန်းရန်၏အဝတ်အစားများက ပုံမပျက်ရှိနေသေးသည့်တွေ့လိုက်သည့်အခါ သူ့ခေါင်းကိုထိန်းကိုင်ထားရင်း ကတုန်ကယင်ဖြင့်မေးလိုက်၏။
"စန်းရန်..မီးမမှိတ်ဘူးလား..."
ဤစကားသံကြောင့် စန်းရန်က ခေါင်းမော့၍ကြည့်လာ၏။
လင်းထိန်နေသည့်မီးရောင်အောက်တွင်။
ယောက်ျားလေး၏အသွင်အပြင်မှာ အေးစက်ဖြူဖွေးနေပြီး သူ့နှုတ်ခမ်းများမှာတော့ အရည်မျှင်များဖြင့်မည်းနက်နေသည်။ မျက်ခုံးနှင့်မျက်ဝန်းများက စူးရှနေပြီး မျက်ဝန်းအိမ်နှစ်ခု၏အရောင်မှာ ကြည်လင်နေသည့်အနက်ရောင်။ လက်ရှိအချိန်တွင် ပြင်းပြသည့်ဆန္ဒများကို မဖုံးကွယ်တမ်းထုတ်လွှတ်နေပြီး စူးရဲနေသည့်မျက်နှာထားထက်တွင် ကျူးကျော်လာချင်နေသည့်အမူအရာများက တစ်စက်လေးမှမလျော့တမ်း ရှိနေလေသည်။
ရန်လိုနေသည့်ကျူးကျော်တိုက်ခိုက်ရေးသမားတစ်ယောက်နှင့်ပင် တူနေပါတော့၏။
"မီးမှိတ်?"
စန်းရန်က လက်လွှတ်ချလိုက်သဖြင့် သူ ဆွဲတင်ထားသည့်အင်္ကျီမှာ နဂိုမူလနေရာဆီသို့ ပြန်လျှောကျလာခဲ့သည်။ သူ့အသံမှာ ခပ်တိုးဖျဖျမျိုးဖြစ်ပြီး မသိမသာလည်းရယ်နေသေး၍
"ဒါဆို မင်း ကိုယ့်ကို ဘယ်လိုလုပ်ပြီးကြည့်လို့ရတော့မှာလဲ"
"...."
စကားအဆုံးတွင် စန်းရန်၏ခန္ဓာကိုယ်က အနောက်ဘက်သို့ လှဲချပစ်လိုက်ရာ လူတစ်ယောက်လုံးက အိပ်ရာပေါ်ရောက်သွားခဲ့၏။ သူက သူမ၏လက်ကောက်ဝတ်ကိုပါ ကိုင်ထားပြီး သူ လှဲချလိုက်သည့်အတိုင်း တစ်ပါတည်းဆွဲခေါ်သွားသည်။ ဝိန်းရိဖန်က မပြင်မဆင်ထားသဖြင့် သူမ၏ခန္ဓာကိုယ်အပေါ်ပိုင်းက အရှေ့သို့ယိုင်ကျသွားကာ ခန္ဓာကိုယ်တစ်ဝက်နီးပါးက သူ့အပေါ်၌ရှိနေ၏။
ဤလှုပ်ရှားမှုအတွင်း ဝိန်းရိဖန်၏ညာဘက်ခြေထောက်ပေါ်ရှိဒဏ်ရာက စန်းရန်၏ဘောင်းဘီနှင့် မတော်တဆထိမိသွားခဲ့သည်။
ခပ်ဖျော့ဖျော့လေးသာ ပွတ်ဆွဲမိသွားခြင်းဖြစ်သော်ငြား ဝိန်းရိဖန် အလိုလိုမျက်မှောင်ကျုံ့မိလိုက်၏။
သူမ၏အမူအရာကို သတိထားမိလိုက်ခြင်းကြောင့် စန်းရန်၏လှုပ်ရှားမှုများ တုံ့ခနဲရပ်သွားပြီး လက်ကောက်ဝတ်ကိုလွှတ်ပေးလိုက်၏။ အကြည့်များက ဒဏ်ရာဆီသို့ရောက်လာပြီး ချက်ချင်းလည်းတုံ့ပြန်လာသည်။
"ဒဏ်ရာကိုထိမိသွားတာလား"
ဝိန်းရိဖန် အသံမပြုရသေးခင်ပင် စန်းရန်က ထထိုင်နှင့်နေပြီဖြစ်ကာ
"လာခဲ့..ကိုယ် ကြည့်ကြည့်မယ်"
ဝိန်းရိဖန်က ခပ်တိုးတိုးဖြင့်
"အရမ်း မထိမိလိုက်တာမလို့ သိပ်မနာဘူး"
စန်းရန်က စကားမဆိုလာတော့ဘဲ သူမ၏ဒူးကို ကိုင်ထားရင်း ပေါင်ပေါ်မှ ဒဏ်ရာအား စူးစိုက်ကြည့်နေလေသည်။
သုံးလေးရက်ပင် ကြာခဲ့ပြီဖြစ်၍ နေရာတော်တော်များများ၌ အနာဖေးတက်နေပြီးဖြစ်သော်ငြား ရေထိထားခြင်းကြောင့် အနည်းငယ်နီပြီးယောင်နေ၏။ ခပ်ကြီးကြီးဒဏ်ရာနှစ်ခုကသာ သွေးစို့နေဆဲဖြစ်ပြီး ခပ်ဖွေးဖွေးအသားအရည်ကြောင့်လည်း ဒဏ်ရာကြီးမှာ ပြင်းထန်ပြီးကြောက်စရာကောင်းသည့်ပုံစံမျိုး ဖြစ်နေ၏။
နောက်အချိန်ပိုင်းလေးတွင်တော့။
စန်းရန်သည် အခုလေးတင်ပြောထွက်ထားသော 'လူယုတ်မာ' ဆိုသည့်စကားလုံးက ကိုယ့်ကိုကိုယ် ရည်ညွှန်းလိုက်သလိုပင် ခံစားလာရတော့သည်။
သူမ၏ခြေထောက်မှ ဒဏ်ရာမှာ မသက်သာသေးသည့်အပြင် ထိုမကောင်းသောအတွေ့အကြုံများကိုလည်း ရင်ဖွင့်ပြီးခါစအချိန်။
သူ့ဘက်မှနေ၍ သူမက ဤလိုကိစ္စများအပေါ် ရွံရှာနေခြင်းရှိမရှိ တွေးကြည့်သင့်ခဲ့သည်မဟုတ်ပါလား။
နောက်စက္ကန့်ပိုင်း၌။
စန်းရန်က ခပ်မတ်မတ်ပြန်နေလိုက်၏။ မျက်ဝန်းများထဲရှိ ရမက်ဆန္ဒများမှာ လုံးလုံးလျားလျားငြိမ်းသက်နိုင်ခြင်းမရှိ ၊ လက်ရှိအချိန်၌ အတော်လေးပင်နှမျောတသဖြစ်နေဟန်ရ၏။ နှုတ်ခမ်းပါးမှာ တပြေးတည်း ၊ မျက်ဝန်းများက ဝိန်းရိဖန်အား တည့်တည့်စိုက်ကြည့်လာ၍
"အိပ်တော့"
ဝိန်းရိဖန် ကြောင်အမ်းသွားရတော့၏။
အခြေအနေကို ရှေ့ဆက်မတိုးတော့မည့်အလား စန်းရန်က သူမ၏လျှောကျနေသည့်ဆံပင်များကို ပြန်သပ်တင်ပေးလာပြီး သူမ၏ခန္ဓာကိုယ်ထက်ရှိ သူပေးထားသောအမှတ်အသားများကို စူးစိုက်၍ကြည့်နေရင်း
"ကိုယ် ရေသွားချိုးလိုက်ဦးမယ်"
"...."
ဝိန်းရိဖန် သူ့အား ပြန်စိုက်ကြည့်နေလိုက်တော့၏။
လက်ရှိအချိန် လက်ရှိအခြေအနေကြီးမှာ အတော်လေးကို ကိုးရိုးကားယားနိုင်သွားကြောင်းကိုလည်း ခံစားမိလျက်။
သူမ၏ခန္ဓာကိုယ်မှာ စိုထိုင်းစေးကပ်နေဆဲ ၊ ခန္ဓာကိုယ်၏နေရာအစိတ်အပိုင်းအားလုံးမှာလည်း သူ နမ်းရှုံ့ခြင်းကို ခံခဲ့ရပြီးပြီဖြစ်ကာ ငှက်မွှေးတစ်ချောင်းဖြင့် သူမ၏ခန္ဓာကိုယ်ကိုကလိထိုးနေသည့်အခြေအနေမျိုးကိုသာ ခံစားခိုင်းခဲ့ခြင်းလား။
ပြောထွက်လာနိုင်စွမ်းမရှိသည့်ဆန္ဒများဟာ သူကြောင့်ဖြင့် ထကြွလာခဲ့ပြီ။
သူကြောင့်ဖြင့်ပင် ဆိတ်ဆိတ်ငြိမ်ရင်းအနည်းငယ်လေးမှတုံ့ပြန်နိုင်မည်မဟုတ်သောအခြေအနေသို့လည်း ရောက်လာရပြန်သည်။
ဝိန်းရိဖန် သူ့ခန္ဓာကိုယ်ပေါ်၌သာ ထိုင်နေဆဲဖြစ်ပြီး အကြည့်များကိုလည်း တစ်ချက်မှ မရွေ့ချေ။
သူမဘက်က ပြဿနာလား သို့မှမဟုတ် စန်းရန်ဘက်မှ ပြဿနာလား မခွဲခြားတတ်ပါတော့၏။
စတင်လာသည့်လူမှာလည်း သူ ...
သူမကိုဖက်ပြီး ဟိုနမ်းဒီနမ်းလုပ်နေသည့်လူမှာလည်း သူ ...
နောက်ဆုံးတွင် အကြောင်းပြချက်ဘာမှမရှိပါဘဲ ထူးဆန်းလွန်းစွာဖြင့် ရပ်ပစ်လိုက်သည့်လူမှာလည်း သူပါပင်။
ဝိန်းရိဖန် ကိုယ့်ကိုကိုယ် ကစားခံနေရသည့်အရုပ်လိုပင် ခံစားလာမိတော့၏။ သူမအနေဖြင့် ရောက်လာမည့်အရာတိုင်းကို လက်ခံပေးရုံကလွဲ ထင်မြင်ယူဆချက်ကို ပေးပိုင်ခွင့်မရှိသည့်နှယ်။ အခုလေးတင် စန်းရန်ပြောသွားသည့်စကားကို တွေးကြည့်မိလိုက်ပြီး နှုတ်ခမ်းကိုစေ့ထားရင်း မနေနိုင်အောင်စကားဆိုလိုက်တော့သည်။
"ဒါဆို ငါ နင့်ကို ပိုက်ဆံပေးရဦးမှာလား"
စန်းရန်က ချက်ချင်းနားမလည်ပေ။
"အမ်?"
"နင့်ရဲ့ဒီဝန်ဆောင်မှုလေးအတွက်နဲ့ ငါ့ဘက်က ပိုက်ဆံလည်းပေးရဦးမယ်ဆိုရင် ငါ ထင်တာတော့.."
ဝိန်းရိဖန်၏မျက်တောင်မွှေးများက အဖျားများကော့ညွှတ်နေကာ နှစ်လိုဖွယ်ကောင်းသည့်အကြည့်စူးစူးများထဲရှိ ဆွဲညှို့ယူမှုများကို လက်ရှိအချိန်၌ ဖုံးဖိထားခြင်းမရှိ။
"ငါ နည်းနည်းများ ရှုံးသလားလို့"
"...."
စကားအဆုံးတွင် ဝိန်းရိဖန်က ခြေထောက်များကိုဖယ်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှ ဆင်းမည်အပြု။
ထိုအခိုက်အတန့်တွင် စန်းရန်က သူမ၏လက်ကို ပြန်ဖမ်းဆွဲလာခဲ့သည်။
မျက်လုံးပင့်ကြည့်လိုက်သည့်အခါ ခပ်ရေးရေးပြုံးနေသည့်သူ့မျက်လုံးများနှင့် ထိပ်တိုက်ဆုံလိုက်၍
Advertisement
"မင်း ဘာပြောလိုက်တာ?"
"...."
ယခုလိုစကားမျိုးများ ကြားလာရလိမ့်မည်ဟု မထင်မှတ်ထားပုံရသည့် စန်းရန်မှာ အမူအရာတို့ကအစ ထူးထူးဆန်းဆန်းကိုဖြစ်လာ၏။ သူက သူမ၏ကျောပြင်ကိုထိတွေ့နှိမ့်ချရင်း သူရှိရာဘက်သို့ နီးကပ်လာစေကာ တစ်ခွန်းချင်းစကားဆိုလာခဲ့လေသည်။
"ကိုယ့်ကို ပြောပြပါဦး..ဘယ်နားကနေများ ရှုံးနေတာလဲ"
ဤမျှထိနီးကပ်လွန်းနေသည့်အကွာအဝေးကြောင့် ဝိန်းရိဖန် အသက်အောင့်ထားမိကာ လက်လွတ်စပယ်ပြောလိုက်မိခြင်းကြောင့် နောင်တရလာတော့သည်။
သူမ ဘယ်လိုပြန်ဖြေရမည်မှန်း အမှန်တကယ်မသိပါချေ။ ထို့ကြောင့် ရေဖိတ်လက်စနှင့်အတူတူ ရေကရားကို ချခွဲလိုက်တော့၏။
"နင့်ဝန်ဆောင်မှုတွေက သတ်မှတ်ထားတဲ့ဝန်ဆောင်မှုစံနှုန်းတွေကို မမီသေးဘူး...."
ဤစကားကို ကြားလိုက်သည့်အခါ စန်းရန်က မျက်ခုံးကို ပင့်မြှောက်လိုက်ရင်း အောက်နှုတ်ခမ်းကိုပါ ကွေးလိုက်မိတော့၏။ သူမအား ပွေ့ဖက်လိုက်ပြီး ခုဏလေးတင်ရှိခဲ့သည့်အနေအထားအဖြစ် ပြန်ရောက်သွားစေကာ ဤတစ်ကြိမ်တွင်တော့ သုံးလာသည့်ခွန်အားမှာ ညင်ညင်သာသာ။
သူက သူမ၏လက်ကောက်ဝတ်ကို ပြန်ဆုတ်ကိုင်ထားလိုက်ပြီး အောက်သို့ဆွဲခေါ်လာသည်မှာ သူ့အင်္ကျီအနားစနားအထိ။
"ဘယ်လိုလုပ်ပေးမှ ဝန်ဆောင်မှုစံနှုန်းကိုမီမှာလဲ"
"...."
ရှေ့ဆက်လာသည့်လှုပ်ရှားမှုတိုင်းဟာ စန်းရန်မှ ဦးဆောင်နေမှုချည်းသာ။
ဝိန်းရိဖန်၏လက်ကောက်ဝတ်မှာ ဆုတ်ကိုင်ထားခံထားသည့်အခြေအနေ။ သူ့အင်္ကျီအား အပေါ်သို့ပင့်တင်လိုက်ပြီး ဝမ်းဗိုက်ကြွက်သားများကို လှစ်ဟပြလာခဲ့၏။ သူ့အသံမှာ ခပ်အက်အက်နိုင်လှသည့်အပြင် ဖျားယောင်းနေသည့်အငွေ့အသက်များလည်းလွှမ်းခြုံထားလျက်။
"ဒီနေရာကို ပြမှလား?"
ဆက်၍ အပေါ်သို့တက်လာပြီး
"ဒီနားရောလား"
ဝိန်းရိဖန်၏ဆုတ်ကိုင်ခံထားသည့်လက်တစ်ဖက်မှာ သူ့ခန္ဓာကိုယ်ပေါ်၌ ပြေးလွှားထိတွေ့နေရသည့်ခံစားချက်ကြီးကို မြင်သာထင်သာခံစားနေရသည်။ သူမ၏နားရွက်ဖျားများ ပူရဲတက်လာပြီး သူပြောနေသည့် ကလူ၏မြှူ၏စကားများကို နားထောင်နေရုံကလွဲ အခြားဘာမှမတုံ့ပြန်တတ်တော့ပေ။
သူ့ညှပ်ရိုးနေရာအထိ ထိတွေ့လာခဲ့သည့်အခါ။
စန်းရန်က သူမအား စိုက်ကြည့်ပြီး သိမ်းသွင်းလာသည့်အသံဖြင့်
"ကြည့်လို့ပြီးပြီလား?"
ဝိန်းရိဖန် နှေးတိနှေးကွေးဖြင့် 'အာ' ဟု သံရှည်တစ်ချက်ပြုမိလိုက်၏။
"နောက်တစ်ဆင့်က ဘယ်ကိုများရောက်မလဲ?.."
စန်းရန်က သူမ၏ခေါင်းကို အောက်သို့ ဖိချလာပြီး သူ့နှုတ်ခမ်းက သူမ၏နားရွက်ဖျားထိတိုးကပ်သွားခဲ့ကာ အသက်ရှူငွေ့များပါဝင်နေသည့်စကားသံတိုးတိုးဖြင့်
"....ပျော်ပါးဖို့ အချိန်ရောက်ပါပြီ"
စကားအဆုံးတွင် ဝိန်းရိဖန်၏ဦးနှောက်တစ်ခုလုံး ပွင့်ထွက်သွားသည့်အလား ခံစားမိလိုက်ကာ အနောက်မှကပ်လိုက်လာသည့်စကားလုံးသည်လည်း အတူတူပါပင်။
"ဧည့်သည်လူကြီးမင်း"
ဝိန်းရိဖန် နေရာ၌သာ မလှုပ်မယှက်ထိုင်နေပြီး ဘယ်လိုဘယ်ပုံတန့်ပြန်ရမည်မှန်းမသိ။ အောက်နှုတ်ခမ်းကို ဖွဖွလေးကိုက်ထားမိပြီး ယောက်ျားလေး၏လည်စလုတ်ကိုသာ စိုက်ကြည့်နေမိကာ မည်သည့်အပိုလှုပ်ရှားမှုမှလည်းမရှိ။
စန်းရန်က ခပ်တိုးတိုးစကားဆိုလာ၏။
"ဘာလို့ မနမ်းတာလဲ?"
"...."
"ပိုက်ဆံတွေအကုန်ခံထားပြီး မထိဘဲနေနေရင် ရှုံးတယ်လို့မထင်ဘူးလား"
ဤစကားတစ်ခွန်းက ရန်စနေခြင်းနှင့်တူလေကာ ဝိန်းရိဖန်က ထောင်ချောက်ထဲတည့်တည့်ကြီး တိုးဝင်သွားခဲ့၏။ သူမ ခေါင်းငုံ့လာပြီး သူ၏လည်စလုတ်အား အသာအယာနမ်းရှိုက်လိုက်သည့်အခါ စန်းရန်က သူမ၏ခါးကိုထိန်းကိုင်လာခဲ့သဖြင့် သူ့ထံမှပူပြင်းတောက်လောင်မှုများကို အတိုင်းသားခံစားနေရသည်။
စန်းရန်မှာ ခပ်ဖွဖွလေးအသက်ရှိုက်ရှူနေပြီး သူမ၏အပြုအမူများက သူ့အတွက် စိတ်ရှည်သည်းခံနိုင်စွမ်းကို စိန်ခေါ်ပြီး ညှင်းပန်းနေသည့်အလားပင်။
ချက်ချင်းဆိုသလို စန်းရန်က သူမ၏ခေါင်းကို မပြောမဆိုဆွဲမော့လိုက်ပြီး သူမ၏နှုတ်ခမ်းများကို အားပြင်းပြင်းကိုက်ခဲလာတော့၏။
လက်ဖဝါးများက အောက်ဘက်သို့ဆင်းသွားပြီး သူမ၏ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ထိတွေ့ပွတ်သပ်နေလေသည်။
ရောထွေးနေမှုကြား မသိလိုက်ပါဘဲ နှစ်ယောက်သား၏အနေအထားမှာ ပြောင်းလဲသွားခဲ့၏။ ဝိန်းရိဖန်က အိပ်ရာထက်၌လှဲနေပြီး သူ့စကားလုံးများနှင့်အထိအတွေ့များအောက်သို့ ရောက်သွားသည့်အခါ သူမသည် အမှန်တကယ်ကို ခံစားမိနေရသည်မှာ အထက်တန်းစားခေါင်းကြီးသင်္ကေတအား ငွေအပုံလိုက်ပေးပြီး အပြည့်အဝစားနေရသည့်ခံစားချက်မျိုးပင်။
နောက်ဆုံးသောလှုံ့ဆော်နေမှုအပြီးတွင် စန်းရန်က လက်လှမ်း၍ မီးပိတ်လိုက်ပြီး တစ်လက်စတည်း အိပ်ရာဘေးရှိအံဆွဲထဲမှ ဘူးတစ်ဘူးကိုလည်း လှမ်းယူလိုက်သည်။
မှိန်ဝါးဝါးသာမြင်နေရသည့်အခန်းအတွင်း။
အထုပ်တစ်ထုပ်ကိုဖောက်နေသည့်အသံအား ဝိန်းရိဖန် ကြားလိုက်ရ၏။
ဘေးပတ်ပတ်လည်၌ တည်ရှိနေသောအရာအားလုံးမှာ အတုအယောင်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး မျက်ဝန်းရှေ့၌မြင်နေသည့် အမျိုးသားကသာ အစစ်အမှန်အဖြစ်တည်ရှိနေသည့်တစ်ခုတည်းသောအရာ။
စန်းရန်၏လှုပ်ရှားမှုများက စိတ်ရှည်ပြီးညင်သာလွန်းသည်။ သူမ၏နှုတ်ခမ်းပါးကို နမ်းရှိုက်နေရင်း ဖြေးဖြေးချင်းဖြင့် တစ်လက်မချင်းစီ သူမအား ကျူးကျော်သိမ်းသွင်းလာတော့သည်။ နာကျင်မှုကိုခံစားမိလိုက်သည့်အခါ ပါးစပ်ဖျားမှ တိုးဖျဖျလေးညည်းတွားမိလိုက်သည့်တိုင် သူမ နောက်ပြန်မဆုတ်ချင်ပါပေ။
သူမသည် မည်သည့်ယောက်ျားတစ်ဦးတစ်ယောက်၏အထိအတွေ့ကိုမျှ မနှစ်မြို့ပါချေ။
ဟုတ်ပါ၏ ၊ သူမှလွဲ၍။
စန်းရန်၏အရှေ့ရောက်လာတိုင်း ဝိန်းရိဖန်ထံ၌ သူ့အနားသို့ ပိုတိုးကပ်ချင်သည့်စိတ်ကလွဲ အခြားဘာဆိုဘာမှမရှိ၏။
အပြင်ဘက်ရှိမိုးကျသံများမှာ ပို၍ကျယ်လောင်လာပုံရကာ ပြတင်းပေါက်မှန်အား တဖုန်းဖုန်းနှင့်ထိခတ်လာတော့သည်။ နှေးကွေးရာမှ မြန်ဆန်လာသည်နှင့်အမျှ လွတ်ထွက်လာသည့်အသံစတိုင်းသည်လည်း ပေါ့ပါးရာမှသည် ပြင်းပြလာသည်အထိ တိုးမြှင့်လာပြီး အကန့်သတ်မဲ့သော ညနက်ကြီးထဲတွင် ပျံ့လွှင့်လျက်။
စန်းရန်က သူမအား လက်နှစ်ဖက်ကြား၌ ပိတ်လှောင်ထားကာ သုံးလာသည့်အားမှာ တဖြည်းဖြည်းနှင့်ပြင်းထန်လာပြီး သူမအား သူတစ်ယောက်တည်းအတွက် အပိုင်သိမ်းထားချင်သည့်အတိုင်းပင်။
နှစ်လများစွာကြာမြင့်ခဲ့သည့် တောင့်တမှုများဟာ ယခုစက္ကန့်ပိုင်းတွင် မှောင်မိုက်သောအရယူမှုများအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ့တွေးခေါ်နိုင်စွမ်းတို့ကို ဝါးမျိုသွားခဲ့၏။
နောက်တစ်စက္ကန့်တွင် ဝိန်းရိဖန်၏နှာရှုံ့သာတိုးတိုးလေးအား စန်းရန်ကြားလိုက်ရ၏။
"စန်းရန်..နာတယ်"
သူ့အသိစိတ်တို့က ထိုအခါတွင်မှပြန်ကပ်သွားခဲ့ကာ ခပ်သြသြအသံတို့ဖြင့်
"ဘယ်နားလေးက နာတာလဲ"
ဝိန်းရိဖန်၏မျက်ဝန်းများက လက်ရှိအချိန်၌နီရဲနေပြီး သူ့၏ကျောပြင်ကိုသိုင်းဖက်ထားကာ လုံးဝစကားမဆိုလာပါချေ။
"ဘာလို့ စကားမပြောတော့တာလဲ"
စန်းရန်က ခေါင်းငုံ့လာပြီး သူမ၏မေးဖျားကိုနမ်းရှိုက်ကာ လှုပ်ရှားမှုများက သိသိသာသာကိုညင်သာသွားခဲ့၏။ သို့သော်ငြား စကားလုံးတို့ထဲမှ ကြမ်းရမ်းသည့်အငွေ့အသက်များကိုတော့ မဖုံးကွယ်ပါပေ။
"မင်း မပြောပြရင် ဘယ်နားလေးက နာနေတာလဲဆိုတာ ကိုယ် ဘယ်လိုလုပ်ပြီးသိမှာလဲ"
ဝိန်းရိဖန်က ဆိတ်ဆိတ်ငြိမ်နေဆဲ။
"မပြောဘူးပေါ့ ဟုတ်လား"
သူ့အနမ်းများက ဘေးဘက်ဆီသို့ ရွေ့သွားခဲ့ပြီး သူမ၏နားရွက်ဖျားအား တစ်တိတိဖြင့်ကိုက်နေလေတော့၏။
"ဒါဆို အရင်ဆုံး သည်းညည်းခံထားလိုက်တော့နော်"
---------
( T/N ; ဝေ့ ပြုံးဖြီးဖြီးကြီး လုပ်မနေကြပါနဲ့..🙂
Advertisement
ကိုယ် 1.8.2022 မှ ပြန်လာပါမယ် )
----------
(Zawgyi)
Warning ; Sexual content alert!
"မီးမှိတ်?"
"...."
နောက်စက္ကန့်ပိုင်း၌။
"အိပ်တော့"
"...."
"အမ်?"
"...."
"မင်း ဘာပြောလိုက်တာ?"
"...."
"...."
"ဒီနေရာကို ပြမှလား?"
Advertisement
- In Serial51 Chapters
How to (Not) Date a Popstar
Aaliyah has a hard choice to make when her ex-best friend Tyler Moore, now a world-famous popstar, suddenly comes back into her life and says he wants to be with her. Can she handle the jealous fans and paparazzi? Most of all, can she trust her heart with someone who has so many secrets and lies? *****Tyler is no longer the guy he used to be. Aaliyah knows that, but she can't deny the spark that still exists between them. She won't let him distract her from pursuing a dance career in New York - no matter how well he kisses or how often he sings his way into her dreams. But Tyler has decided that being the world's heartthrob isn't enough - he wants Aaliyah, even if it means he has to face his darkest truths.[[word count: 90,000-100,000 words]]Cover designed by Holly Thurston
8 588 - In Serial70 Chapters
[BL] Big Boss Got Pregnant
English Translation!Chinese Title: 大佬帶球跑You can read it more on NovelCat China!When an overbearing loving guy met a dashing flirtatious guy, what would happen between them?Herman had spent 5 years living with Jared. He devoted himself to taking care or Jared and pleasing him. However, he never got Jared's attention.Fine. Cheer up. With the little one in his belly, he would start a new life, without that idiot as well as his annoying lover. Jared thought to himself. Yeah, without that annoying couple, he would be happier.Gently touching his belly, Herman put on a cunning smile, "Well, guess what, little one, we need a new plan of our future."
8 204 - In Serial36 Chapters
Small Town Love
For Daphne Emerson, New York City was her home. The city that never slept, the high skyscrapers, the Metropolitan Museum of Art if she actually had enough money for once to visit it, the tiny refrigerator of an apartment that she shared with her mother. When her mother dies, things change. NYC is left behind and Daphne goes to live with her aunt and uncle in the tiny, coastal town of Fairbury, Maine. Fairbury maybe was smaller than NYC had been, but that didn't mean that it was boring. It was filled to the brim with the typical small town gossip, snippy classmates and, of course, werewolves. Wait, what?!*****Luke Schuyler always knew what was expected of him. He had been raised as the future Alpha of the Schuyler pack, he wrote straight A's in school and was the quarterback of the football team. He had grown up in the sleepy town of Fairbury and so when a new girl begins at school, that also happened to be the cousin of his best friend, he doesn't think much about it. That was the first strike. The second strike came when he saw her the first time. Because Daphne Emerson was his mate.
8 217 - In Serial43 Chapters
My Best friend's Sister (GxG)
A forbidden romance with her best friend's sister. Will things take a turn for the better or will everything collapse before her?All rights reserved.
8 209 - In Serial36 Chapters
I Know What Sin Is
College. For Ben's lifelong friend Sarah, it's the gateway to adulthood - a place for him to study, find a decent career, and maybe even a cute girlfriend. It's the beginning of their successful lives together, something they've been planning since before middle school.For Ben, it's more about finally getting to wave goodbye to his tyrannical father and live his own life.It's definitely NOT the place to get lonely, get drunk, and have sex with his crazy roommate.Featured on WP's NA reads of the month September 2020
8 158 - In Serial29 Chapters
Step Brothers |✔️
Bryant Caruthers has moved around the country his entire life. His mom has been searching for the perfect husband for as long as he can remember. Her failed attempts have turned into some of Bryant's worst nightmares, but football has always been there to help Bryant escape the realities of his home life-until now.Kyle Amerson was raised by a rich dad with a temper. Kyle's been surrounded by material objects in an empty house since he was born. The only familial bond he's ever experienced is the bond he has with his teammates. When Kyle finds out Bryant plays football, he's thrilled to have a way to bond with his new step brother. When Bryant finds out Kyle plays football, bonding with Kyle is the furthest thing from his mind.COMPLETED BOOK ON WATTPAD!ALL of my completed novels are now available ADS FREE on Patreon! (LINK IN BIO)
8 92

