《First Frost (Myanmar Translation)》Chapter 72
Advertisement
ဝိန်းရိဖန် သုံးစက္ကန့်မျှစိုက်ကြည့်နေမိပြီးနောက် မျက်လုံးကိုပင့်ပြီး မျက်နှာချင်းဆိုင်မှ စန်းရန်အား လှမ်းကြည့်လိုက်သည်။ သူမ၏အကြည့်များကို အာရုံစိုက်မိပုံရသည့်သူကလည်း ပြန်၍လှမ်းကြည့်လာကာ မျက်လုံးမျက်ခုံးတို့က မထီမဲ့မြင်ပြုနေလျက်။
တည့်တိုးစိုက်ကြည့်နေသည့်ပုံမှာ မသိလျှင် သူ့လုပ်ရပ်နှင့်ပတ်သတ်ပြီး မည်သည့်နေရာကမှ အမှားအယွင်းမရှိသလိုလို။
ပြောင်းပြန်အနေဖြင့် ဝိန်းရိဖန်တစ်ယောက် ကိုယ့်ကိုကိုယ် အမှားလုပ်ထားသည့်လူလိုလို မလုံမလဲဖြစ်လာရတော့သည်။
ဤသီးသန့်မက်ဆေ့နှစ်ကြောင်းမှာ ပေါင်းကြည့်လိုက်လျှင် အတော်လေးဂုဏ်ဆာပြနေသည်နှင့် မတူပေရော့လား။ ဝိန်းရိဖန်က အတွေတွေအဝေဝေဖြင့် 'ခုဏက တစ်ခုက ငါ့ကောင်လေး ပို့တာ' ဟု စာစီနေသည့်အချိန် ၊ သူမ၏မက်ဆေ့က ပို၍ ကြွားလုံးထုတ်သလိုဖြစ်နေပါကြောင်း သတိထားမိလိုက်၏။
ထို့ကြောင့် ရိုက်ထားသည့်စာအားလုံးကို ပြန်ဖျက်ပြီး လျစ်လျူရှူထားလိုက်တော့သည်။
သူမ ပြောခဲ့ဖူးသည့်စကားများအားလုံးသည် လက်ရှိအခြေအနေမျိုးတွင် အထူးတလည်ချဲ့ကားနေစရာမလိုသည့်ကိစ္စမျိုး။ သည့်ထက်အပြင် စန်းရန်က အားလုံးမြင်သွားပြီးပြီဖြစ်သောကြောင့် ဝိန်းရိဖန်လည်း စိတ်ထဲစူးစမ်းချင်လာမိကာ ထိုအချိန်တုန်းကိစ္စကို ပြန်အစဖော်လိုက်တော့သည်။
"နင် မြင်ပြီးသွားပြီမလား"
စန်းရန်က ရေတစ်ခွက်ငှဲ့ပြီးနောက် သူမ၏အရှေ့သို့ချပေးလာ၏။
"ဘာလဲ"
ဝိန်းရိဖန် ;
"ပထမဆုံးမက်ဆေ့ကို"
"အို့"
စန်းရန်က အလိုက်အထိုက်ပြောဆိုနေခြင်းမဟုတ်ဘဲ မနှေးမမြန်ဖြင့်
"မင်းနဲ့သူငယ်ချင်းတွေက KTV သွားတယ်..အဖက်ခံလိုက်ရတယ်"
"...."
ဝိန်းရိဖန်က စန်းရန်၏ဟန်ဆောင်ပန်ဆောင်နိုင်လွန်းသည့်မျက်နှာကိုကြည့်ရင်း ဤအင်တာဗျုးအား မဖြစ်မနေရှေ့ဆက်မေးလိုက်၏။
"ဒါဆို နင့်ရဲ့ယောက်ျားလေးအမြင်အရ ပြောပြကြည့်..ငါ့ရဲ့ ဆန့်ကျင်ဘက်လိင်သူငယ်ချင်းရဲ့အပြုအမူက ပုံမှန်လို့ပြောလို့ရလား"
စန်းရန်က သူမအားပြန်လှမ်းကြည့်လာပြီး အင်တာဗျူးကိုလက်ခံလိုက်သည့်အနေအထားဖြင့်
"ပုံမှန်မဟုတ်ဖို့တော့ များတယ်"
ဝိန်းရိဖန် ;
"ဒါဆို ဘာကြောင့်ဖြစ်နိုင်မလဲ"
"ကိုယ်လည်း သေချာတော့မသိဘူး..ဒါပေမယ့်..တကယ်လို့သာ မင်းရဲ့ အဲ့ဒီဆန့်ကျင်ဘက်လိင်သူငယ်ချင်းက စန်းရန်ဆိုတဲ့တစ်ယောက်ဆိုရင်တော့..."
စန်းရန်၏လက်ချောင်းထိပ်များက စားပွဲခုံကိုတဒေါက်ဒေါက်ခေါက်နေရင်း မေးဖျားကိုလည်း အသာအယာပင့်လာ၍
"သေချာတယ်..အဲ့တစ်ယောက်မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေအပြည့်ပဲ"
"...."
သုံးလေးစက္ကန့်ကြောင်အမ်းနေပြီးနောက်တွင်တော့ ဝိန်းရိဖန်က ရုတ်တရက်လှမ်းခေါ်လိုက်၏။
"စန်းရန်"
"အမ်?"
"ငါထင်တာတော့လေ.."
အထက်တန်းကျောင်းသားအရွယ်တုန်းက စန်းရန်သည် သူ့နာမည်မှာ မိသားစုဝင်များအစည်းအဝေးပြုလုပ်ပြီးမှ အသေအချာမှည့်ပေးထားသည့်နာမည်ဆို၍ ပြောပြခဲ့ဖူးသည့်ကိစ္စအား အမှတ်ရလိုက်ကာ ဝိန်းရိဖန်က အလေးအနက်ဖြင့်
"နင့်ရဲ့နာမည်က နင့်အကျင့်နဲ့ အရမ်းကိုမှလိုက်ဖက်တယ်လို့"
"ဘယ်လို?"
ဝိန်းရိဖန်က သူ့အား တည့်တည့်စိုက်ကြည့်ကာ ကျန်နေသေးသည့်စကားလုံးများကိုထုတ်ပြောလာခဲ့သည်။
"မရိုးသားဘူးဆိုတဲ့ 'ရန်' က 'ရန်'.."
"...."
ထမင်းစားပြီးနောက် နှစ်ဦးသား ဆိုင်ထဲမှထွက်လာခဲ့ကြသည်။
ဝိန်းရိဖန်အနေဖြင့် ဘယ်နေရာသို့ဆက်သွားရဦးမည်မှန်း ကြိုတင်စဥ်းစားထားခြင်းမရှိ ၊ စန်းရန်၏ ယီဟဲသို့လာရင်းကိစ္စမှာလည်း စန်းကျီနှင့်တွေ့ဖို့သာကြောင်း သိထားသဖြင့်
"အခု ကျီကျီဆီသွားမှာလား"
စန်းရန်က လက်ကိုင်ဖုန်းကိုကြည့်နေရင်း
"မင်း သူ့ကိုတွေ့ချင်လို့လား"
"တွေ့ချင်တာ..."
စကားမဆုံးလိုက်ခင် စန်းရန်၏လည်စလုတ်ဘေးမှ အမှတ်အသားကို ပြန်သတိရသွားခဲ့ကာ ကျန်နေသေးသည့်စကားများအား ပြန်ပြောင်း၍ဆိုလိုက်တော့၏။
"သူ နန်းဝူကိုပြန်လာတဲ့အခါမှပဲ တွေ့တော့မယ်"
တစ်လမ်းလုံး၌လည်း သူမနှင့်ရင်းနှီးခဲ့ဖူးသောလူများနှင့် ဆုံကြခြင်းမျိုးမရှိသဖြင့် ဝိန်းရိဖန်၏စိတ်ထဲတွင် အထူးတလည်အာရုံစိုက်စိုးရိမ်နေခြင်းမရှိ။ သို့သော်ငြား ရင်းနှီးနေသည့်လူတစ်ယောက်ယောက်နှင့်တွေ့ဆုံမိလျှင် အထူးသဖြင့် စန်းရန်၏ညီမလေး စန်းကျီနှင့် မျက်နှာချင်းဆိုင်ရလျှင်တော့ အတော်လေး ကသိကအောက်နိုင်နေမည်မှာ အသေအချာပင်။
"ငါ သဘက်ခါကျရင် အလုပ်သွားရမှာမလို့ လာကတည်းက တစ်ခါတည်းလေယာဥ်လတ်မှတ်ဖြတ်ခဲ့ပြီးသား..မနက်ဖြန်နေ့လည်ခင်း လေယာဥ်နဲ့ပြန်မှာ..အဲ့ချိန်ကျရင် လေယာဥ်ဘတ်စ်ကားစီးသွားလို့လည်း အဆင်ပြေတယ်"
စန်းရန်က 'အင်း' ဟုအသံတစ်ချက်ပြု၍
"ကိုယ်လည်း မင်းနဲ့ အတူတူပြန်မယ်လေ"
ဝိန်းရိဖန် ;
"ဒီကိုလာဖြစ်တဲ့အချိန်က ရှားတယ်မလား..ရောက်တုန်းလေး ကြာကြာမနေဘူးလား"
"အစကတော့ နေမလို့ပါပဲ"
စန်းရန်မှာ ပျင်းတိပျင်းရွဲဖြင့်
"ဟိုလူယုတ်မာကောင်ကို တွေ့ပြီးကတည်းက မနေချင်တော့ဘူး"
"...."
"ပြီးတော့ ဟို'ရှောင်ကွေ'က အလုပ်သင်ဝင်နေတာ..ကိစ္စတွေကလည်း များမှများ..ဟိုလူယုတ်မာကောင်နဲ့လည်း ရည်းစားဖြစ်နေသေးတာဆိုတော့ ကိုယ့်လို အစ်ကိုအရင်းကြီးကို ဘာကိစ္စနဲ့အချိန်ပေးနေမှာလဲ"
ဝိန်းရိဖန်က စန်းကျီဘက်မှနေ၍ စကားဆိုလိုက်၏။
"နင့်အခန်းဖော်သူငယ်ချင်းက ကျီကျီထက် အသက်အရမ်းကြီးနေတာလည်း မဟုတ်ပါဘူး"
စန်းရန် ;
"အတွေးအခေါ်တွေချင်း မတူတော့ဘူးလေ"
ဝိန်းရိဖန်လည်း သူတို့ကြားတွင်ဖြစ်ခဲ့သည့်အခြေအနေကို အသေအချာမသိသဖြင့် အတင်းကာရောဝင်စွက်ဖက်နေခြင်းမျိုး မပြုတော့၏။ သူမက စန်းရန်၏မျက်လုံးထောင့်နေရာကို တဖန်ထပ်ကြည့်လိုက်၍
"အဲ့ဒါနဲ့ပဲ နင်နဲ့ သွမ့်ကျားရွှီ ရန်ဖြစ်ခဲ့ကြတယ်ပေါ့"
"မဖြစ်ဘူး"
စန်းရန်က ခပ်ပြတ်ပြတ်ဖြင့်
"ကိုယ်က အဲ့ကောင်ကို စုတ်ပျက်သွားအောင်တန်းထိုးတာ"
"...."
စန်းရန်က သူ့မျက်နှာအား လက်ညှိုးထိုးပြ၍
"အဲ့ကောင် အရမ်းသနားစရာကောင်းတဲ့ပုံစံပေါက်လာလို့..ပြန်ထိုးခိုင်းလိုက်တာ"
"...."
"အဲ့လူယုတ်မာကောင်က အစကတည်းက ကိုယ့်ကို အမှန်တိုင်းလာပြောလေ..ကိုယ်က လိုက်တားနေမှာမလို့လား?..အဲ့ကောင် လိုက်ပိုးပမ်းတဲ့ကိစ္စကိုတောင် သူများပြောမှသိ..."
စကားပြောနေရင်း စန်းရန်က တစ်စုံတစ်ရာကိုသတိရသွားသည့်အလား ခနဲ့တဲ့တဲ့ရယ်လိုက်၏။
"အို့..ကူညီထားတဲ့ကောင်က ချန်ဖေး"
ဝိန်းရိဖန် အသံမထွက်တမ်း တိတ်ဆိတ်နေလေတော့၏။
"အသည်းအသန်ငြင်းပြီး ဝန်မခံတာ ဒါကြောင့်ကိုး..သောက်ဆရာကြီးနိုင်ချက်!"
စန်းရန်၏စကားများမှတဆင့် ဝိန်းရိဖန်သည် အခြေအနေအား အကြမ်းဖျင်းခန့်မှန်းနိုင်လိုက်သည်။
စန်းကျီမှာ ငယ်ငယ်လေးကတည်းက သွမ့်ကျားရွှီနှင့် ရင်းနှီးခဲ့ပုံရသည်။ နောက်တွင် စန်းကျီ၏တက္ကသိုလ်က မိသားစုနှင့်အဝေးတွင်ဖြစ်နေပြီး တိုက်တိုက်ဆိုင်ဆိုင် ယီဟဲ၌ သွမ့်ကျားရွှီလည်း ရှိနေသောကြောင့် စန်းရန်က စန်းကျီအားစောင့်ရှောက်ဖို့ရာ သွမ့်ကျားရွှီထံအကူအညီတောင်းထားသည့်ပုံ။ အခုတလောတွင်မှ စန်းကျီသည် ဘွဲ့ရကျောင်းသားတစ်ဦးနှင့် တွဲနေကြောင်း စန်းရန် သိလိုက်ပြီး ထိုကိစ္စအတွက်ဖြင့် သွမ့်ကျားရွှီထံ တကူးတကဖုန်းဆက်ကာ စန်းကျီ အလိမ်မခံရရန် ကြည့်ကြပ်၍စောင့်ရှောက်ပေးဖို့ရာပင် ပြောဆိုထားခဲ့သေးသည်။
Advertisement
သွမ့်ကျားရွှီဘက်ကပင် လက်ခံထားခဲ့သေးသည်မဟုတ်လား။
ဤအချိန်အတောအတွင်း သွမ့်ကျားရွှီက တစ်စုံတစ်ယောက်ကို လိုက်ပိုးပမ်းနေသည့်ကိစ္စကိုလည်း စန်းရန် အသိ ၊ ထို့အပြင် အခြားသူငယ်ချင်းဖြစ်သည့် ချန်ဖေး ထံမှ လိုက်ပိုးပမ်းနည်းပင် အကူအညီတောင်းခြင်းဖြစ်၏။ သူအနေဖြင့် အထူးအဆန်းကိစ္စလိုသိထားခဲ့ပါသည့်တိုင် စိတ်ထဲမထည့်ခဲ့။
နောက်ဆုံး ရလဒ်မှာမူ..
မိုင်ပေါင်းထောင်ချီဝေးသည့် နန်းဝူမြို့မှ ယီဟဲမြို့ထိ ခရီးနှင်လာပြီးသည့်အခါတွင်မှ သိလိုက်သည်မှာ သွမ့်ကျားရွှီ လိုက်နေသည့်သူမှာ စန်းကျီ။
စန်းကျီ ပြောပြောနေသည့် ဘွဲ့ရကျောင်းသားမှာ သွမ့်ကျားရွှီ ဖြစ်နေခြင်းပင်။
ဝိန်းရိဖန်၏စိတ်ထဲ စန်းရန်၏အဖြစ်က အတော်လေးသနားစရာကောင်းနေသည့်အတွက် ဤစကားများကို ထပ်၍မဆိုပါတော့ချေ။ ပတ်ဝန်းကျင်တစ်ခွင်၌ ကျောင်းသားကျောင်းသူများ သွားသွားလာလာလုပ်နေကြသည်ကို မြင်လိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်၏။
"ငါတို့အခု ဘယ်သွားကြမလဲ"
"ဝိန်းရွှမ်းကျန့်..ဒီနေရာက မင်း တက္ကသိုလ်တက်ခဲ့တဲ့နေရာလေ..နေရာတွေက မင်းရွေးသင့်တာမဟုတ်ဘူးလား"
"ဒါဆို ငါတို့ ယီဟဲတက္ကသိုလ်ထဲ လျှောက်ပတ်ကြည့်ကြမလား..ငါလည်း ပြန်မလာဖြစ်တာကြာလှပြီ..ငါ ဘွဲ့ရပြီးခဲ့တာ လေးနှစ်..ဘွဲ့ရပြီးကတည်းကလည်း ယီဟဲနေ့စဥ်သတင်းစာတိုက်မှာ အလုပ်လုပ်ခဲ့တာဆိုတော့ အခြားရပ်ကွက်ပြောင်းသွားပြီး ဒီဘက်ကို သိပ်မရောက်ဖြစ်ခဲ့ဘူး"
စန်းရန်က ရယ်ရင်းပြန်ဖြေလာ၏။
"အင်း"
ကျောင်းဂိတ်ပေါက်ဝမှတဆင့် ကျောင်းဝန်းထဲဝင်လာသည်နှင့် ဝိန်းရိဖန်၏စိတ်အခြေအနေမှာ အတော်လေးကောင်းမွန်ပုံရပြီး တစ်ခုပြီးတစ်ခုရှင်းပြလာခဲ့သည်။
"ယီဟဲတက္ကသိုလ်ရဲ့ ကျောင်းဧရိယာက နန်းဝူတက္ကသိုလ်လောက်တော့ မကျယ်ဘူး..ကျောင်းဆောင်တစ်ဆောင်တည်းရှိပေမယ့် တော်တော်လေးတော့ကြီးတယ်..ငါ အရင်တုန်းကနေခဲ့တဲ့အဆောင်က ဟိုမှာလေ"
စန်းရန်က ဝိန်းရိဖန်လက်ညှိုးထိုးပြသည့်နေရာအတိုင်း လိုက်ကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်။
"အင်း"
နေဝင်သွားသည်နှင့်တပြိုင်နက် ညခင်းအချိန်ရောက်လို့လာပြီ။ နွေရာသီကာလညခင်းအချိန်၏ကောင်းကင်ကြီးထက်တွင် ကြယ်လုံးလေးများက မှိတ်တုတ်မှိတ်တုတ်။ လမ်းတစ်လျှောက်တွင် နည်းပညာဖြင့်ပြုလုပ်ထားသည့်ရေပန်းကန်လေးရှိပါသော်လည်း တိုက်ခတ်လာသည့်လေမှာ ပူအိုက်နေဆဲ။
လက်ရှိအချိန်တွင် ကျောင်းလမ်းမပေါ်၌ ကျောင်းသားကျောင်းသူ အနည်းအကျဥ်းသာရှိပြီး အများစုမှာ အတန်းချိန်ပြီး၍ ညစာစားရန် အုပ်စုလိုက် အပြင်ထွက်ဖို့ရာပြင်နေပြီဖြစ်ကာ အတော်လေးပျော်ရွှင်မြူးထူးနေကြသည်။
နှစ်ယောက်သားက လက်ချင်းတွဲပြီး အရှေ့သို့ဆက်လျှောက်လာကြ၏။
ဝိန်းရိဖန်က လက်ညှိုးထိုးပြရင်း
"ဟိုဟာက ငါ အမြဲတမ်းသွားနေကျ ကန်တင်း..သူ့ဘေးနားမှာက ငါတို့ကျောင်းရဲ့စာကြည့်တိုက်..ဟိုးနားကဟာက ကျောင်းခန်းမ..အဲ့ဒါကြီးက ငါတို့နှစ်တုန်းကမှ အသစ်ဆောက်ထားတာ..ငါ ဘွဲ့ယူခဲ့တာ အဲ့ခန်းမထဲမှာလေ"
စန်းရန်က ငြိမ်၍နားထောင်နေခဲ့ပြီး အချိန်နှင့်အမျှ တစ်ခွန်းစ နှစ်ခွန်းစ ပြန်ဖြေပေးနေခဲ့သည်။
အတော်ကြာအောင် လျှောက်ပြီးကြသည့်အချိန်တွင် ဝိန်းရိဖန် ရေဆာလာသဖြင့် စန်းရန်အား ကန်တင်းဘက်မှနို့လက်ဖက်ရည်ဆိုင်သို့ ဆွဲခေါ်လာခဲ့သည်။
ဆိုင်အပြင်ဘက်ရှိ ရပ်စောင့်နေသည့်လူများမှာ သိပ်မများလှ ၊ နှစ်ဦးသုံးဦးသာ ရှိသည်။ လက်ရှိအချိန်၌ ဆိုင်ထဲတွင် ဝန်ထမ်းတစ်ဦးသာရှိနေပြီး ကြည့်ရသည်မှာ လူသစ်ခန့်ထားခြင်းကြောင့်လားမသိ ၊ အအေးခွက်များပြင်နေသည်မှာ အတော်လေးနှေးလွန်း၏။
အချိန်အကြာကြီးစောင့်ပြီးသွားမှ သူတို့နှစ်ဦး၏အလှည့်သို့ ရောက်လာခဲ့သည်။
စန်းရန်က လက်ကိုင်ဖုန်းဖြင့်ငွေပေးချေမည်ဖြစ်သောကြောင့် လှုပ်ရှားရလွယ်ကူစေရန် ဝိန်းရိဖန်က တွဲထားသည့်လက်ကို အလိုက်သင့်လွှတ်ပေးလိုက်ပြီး မီနူးစာရွက်အား ငုံ့ကြည့်ကာ ရွေးရခက်နေသေးသည်။ ဆိုင်ဝန်ထမ်းက အခြားအအေးခွက်များ ပြင်နေဆဲဖြစ်ကာ သူမကို လောနေခြင်းမျိုးမရှိ။
ဝိန်းရိဖန်က အမှန်တကယ်ကို ဝေခွဲမရတော့သဖြင့် စန်းရန်အား အကြံဥာဏ်လှမ်းတောင်းမည်အပြုတွင် သူ့ဘေးနားမှ ဆူညံသံတစ်ချို့အား ကြားလိုက်ရသည်။
သူမ လှမ်းကြည့်လိုက်၏။
ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသည့် မိန်းကလေးတစ်ဦးက စန်းရန်၏ဘေး၌ ရပ်နေကာ ထိုမိန်းကလေးက လက်ကိုင်ဖုန်းအား စန်းရန်ထံသို့ လှမ်းပေးနေ၍
"စီနီယာအစ်ကို..Wechat အကောင့်ပေးလို့ရမလား"
"...."
စန်းရန်က အိတ်ကပ်ထဲလက်ထည့်ပြီး အေးအေးလူလူသာ မတ်တပ်ရပ်နေ၏။ ဤစကားကိုကြားလိုက်သည့်အခါ သူ့အမူအရာက တစ်ခုခုကိုတွေးမိသွားပုံရပြီး ဝိန်းရိဖန်ဆီသို့ လှမ်းကြည့်လာသည်။ သူ့မျက်ခုံးများထက်တွင် စနောက်ချင်နေသည့်အငွေ့အသက်များလွှမ်းမိုးနေပြီး
"အားနာပါတယ်"
နောက်တစ်စက္ကန့်၌ ဝိန်းရိဖန်၏လက်မှာ သူ၏ဆွဲကိုင်ခြင်းကို ခံလိုက်ရ၍
"ကျွန်တော်က ဒီဂျူနီယာညီမလေးနဲ့ တွဲနေတာမလို့"
စန်းရန်က ခပ်ရေးရေးပြုံးပြလာပြီး သူမ၏လက်ချောင်းများကို ဖြစ်ညှစ်လိုက်၏။
"ပေးဖို့ အဆင်မပြေဘူး"
ဤစကားတစ်ခွန်းက ဝိန်းရိဖန်အား သူတို့နှစ်ဦး ပထမဆုံးတွေ့သည့်အချိန်တုန်းက သူမ စန်းရန်၏ 'လိမ်ညာခြင်း' ကိုခံလိုက်ရသည့်ကိစ္စအား ပြန်အမှတ်ရလိုက်တော့သည်။ နို့လက်ဖက်ရည်ဝယ်ပြီးသည့်အခါ ဝိန်းရိဖန်က ဖြေးဖြေးချင်းသောက်နေရင်း
"နင်နဲ့ငါနဲ့ကဖြင့် အသက်တူတူပဲဟာကို..အဲ့အချိန်တုန်းက ဘာလို့ ငါ့ကို 'ဂျူနီယာညီမလေး' လို့လိုက်ခေါ်နေတာလဲ"
စန်းရန် ;
"မင်း အရင်စခေါ်လို့ ကိုယ် ပြန်ခေါ်တာလေ"
"အဲ့အချိန်တုန်းက ကျောင်းတက်ခေါင်းလောင်မြည်ပြီးလို့ နောက်ကျနေတောင် နင်က မထီမဲ့မြင်လုပ်တာလိုလို ဂရုမစိုက်တာလိုလိုနဲ့ ရေခပ်နေတာလေ..ငါ ဘယ်လိုပဲတွေးကြည့်ကြည့် နင်က ကျောင်းသားသစ်နဲ့မတူဘူး"
"နောက်ကျတာလည်း နောက်ကျပြီးနေပြီလေ..လောပြီးလျှောက်ပြေးနေလည်း နောက်ကျတာက နောက်ကျတာပဲ"
"...."
ဝိန်းရိဖန်အတွက် ပထမဆုံးအကြိမ် ယခုလိုလူမျိုးအား တွေ့ဖူးခြင်းပင်။
မည်သည့်ကိစ္စမျိုးလုပ်သည်ဖြစ်စေ အမြဲတမ်း တရားကျပြီး တစ်လောကလုံးက သူ့ဘက်တွင်ရှိနေသည့်အတိုင်း။
သို့သော်ငြား သူပြောသည့်စကားကို နားထောင်ကြည့်လိုက်သည့်အခါ အမှန်တကယ်လည်း ကျိုးသင့်ကြောင်းသင့်ရှိသလိုလို။
ကျောင်းတစ်ပတ်ပတ်ကြည့်ဖို့ရာ အချိန် နှစ်နာရီနီးပါးယူလိုက်ရသည်။
အချိန်အကြာကြီး လမ်းလျှောက်နေရခြင်းကြောင့် ဝိန်းရိဖန် ပင်ပန်းလာသည့်အပြင် မနေ့ညတုန်းကအခြေအနေကြောင့်လည်း အနည်းငယ်သက်တောင့်သက်သာမရှိ ၊ ကျောင်းဝန်းထဲမှထွက်လာသည့်အချိန်တွင် လှုပ်လှုပ်ရှားရှားပင်မပြုချင်တော့၏။ စန်းရန်သွားသည့်နေရာအတိုင်း လိုက်နေရင်း လမ်းလျှောက်နေသည့်နှုန်းက တဖြည်းဖြည်းဖြင့်နှေးသွားခဲ့သည်။
သူမ၏အခြေအနေကြောင့် စန်းရန်က တစ်ဖက်သို့လှည့်၍ မေးလာ၏။
"ဘာဖြစ်နေတာလဲ"
ဝိန်းရိဖန် ;
"မောလို့"
နှစ်ဦးသား အကြည့်ချင်းဆုံသွားကာ သုံးလေးစက္ကန့် အချင်းချင်းစိုက်ကြည့်နေကြပြီးနောက်တွင် ဝိန်းရိဖန် ဆိုလိုချင်သည်အား စန်းရန် ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ရယ်ချင်လာသဖြင့်လည်း ဖွဖွလေးပြုံးနေမိကာ သူမ၏အရှေ့၌ ခန္ဓာကိုယ်ကိုကိုင်း၍ထိုင်လိုက်၏။
Advertisement
"တက်လာခဲ့"
ဝိန်းရိဖန်က ချက်ချင်းမတက်သေး။
"နင် မမောဘူးလား"
"ဘယ်နှလမ်းမှတောင် မလျှောက်ရသေးဘဲနဲ့"
ဤစကားအဆုံး ဝိန်းရိဖန်က စန်းရန်၏ကျောပေါ် တက်လာခဲ့လိုက်၍
"အို့"
နောက်တစ်စက္ကန့်၌ စန်းရန်၏နှုတ်ဖျားမှ ပျင်းတိပျင်းရွဲစကားသံတစ်ချို့ထွက်လာခဲ့သည်။
"ငချွဲမလေး"
"...."
ဝိန်းရိဖန်သည် သူမ၏ယခင်ကခွန်အားမျိုးနှင့်ဆိုလျှင် အချိန်နှစ်နာရီစာလမ်းလျှောက်ရလည်း ပင်ပန်းမည်မဟုတ်ကြောင်း ဖြေရှင်းပြလိုက်ချင်မိသည်။ သို့သော် ဤစကားက ပြောလို့ဆိုလို့မကောင်းသဖြင့် သူ၏လည်တိုင်ကို သိုင်းဖက်လိုက်ပြီး သူ့နားရွက်အား မနေနိုင်အောင် လှမ်းကိုက်ပစ်လိုက်၏။
ကိုက်လိုက်သည့်အားမှာ ဖွဖွလေးသာဖြစ်ပြီး စန်းရန်က ယား၍မျက်မှောင်ကျုံ့လိုက်ရင်း
"ပြန်ရောက်မှ ထပ်ကိုက်"
ဝိန်းရိဖန်က ရယ်လိုက်၏။
"ပြန်ရောက်ရင် အိပ်တော့မှာ"
"ဒါဆိုလည်း မင်းသဘောကျ ဆက်ကိုက်ပါ..သူများတွေ မြင်သွားဦးမယ်နော်"
ဝိန်းရိဖန် ;
"နင် ငါ့ကို ငါးမိနစ်ပြည့်အောင် ကျောပိုးပြီးသွားရင် ငါတို့ တက္ကစီတားပြီးပြန်မယ်နော်"
စန်းရန် ; "ဘာလို့ အခုမတားတာလဲ"
ဝိန်းရိဖန် ; "နင် ငါ့ကို ကျောပိုးထားစေချင်လို့လေ"
"...."
"စန်းရန်..ငါ အခုလေးတင် နင့်ကို အကုန်လိုက်ပြပေးပြီးပြီ ဘယ်လိုလဲ"
ဝိန်းရိဖန်က စန်းရန်၏ပုခုံးပေါ်၌ မေးတင်ထားပြီး
"ယီဟဲတက္ကသိုလ်က တော်တော်လေးကောင်းတယ်မလား"
"ကောင်းပါတယ်"
"ဒါဆို နန်းဝူကိုပြန်ရောက်ပြီးလို့ ငါတို့နှစ်ယောက်လုံး အားတဲ့တစ်နေ့ကျရင်.."
ဝိန်းရိဖန်သည်လည်း စန်းရန်ပြောပြမည့်တက္ကသိုလ်အကြောင်းကို နားထောင်ချင်မိသဖြင့်
"နန်းဝူတက္ကသိုလ်ထဲကို သွားလည်ရအောင်လေ..မကောင်းဘူးလား"
"...."
စန်းရန်၏မျက်တောင်များက တုံ့ခနဲလှုပ်ခတ်သွားရင်း တစ်ချက်ပြုံးလိုက်မိသည်။
"အင်း..ရတယ်လေ"
မနေ့ညက စန်းရန်သည် သူမထက် နောက်ကျမှအိပ်ပြီး သူမထက်လည်း စော၍အိပ်ရာထထားသည့်အကြောင်းတွေးထားမိကာ ငါးမိနစ်နီးပါး လမ်းလျှောက်ပြီးချိန်တွင်တော့ သူ့ကျောပေါ်မှ ခုန်ဆင်းလာခဲ့လိုက်သည်။ အချိန်ကိုက် ဘေးနားမှဖြတ်သွားသည့် တက္ကစီတစ်စီးကို လှမ်းတားပြီး ဟိုတယ်သို့ပြန်လာခဲ့ကြသည်။
အခန်းမှာ သန့်ရှင်းထားပြီးဖြစ်ကာ အိပ်ရာခင်းစများလည်း လဲထားသဖြင့် သပ်ရပ်ပြန့်ပြူးနေ၏။
ဝိန်းရိဖန်က အိပ်ရာပေါ်တန်းလှဲချလိုက်ပြီး တစ်ခဏကြာကြာဖုန်းကစားနေလိုက်သည်။ ထုံးစံအတိုင်း Weibo ထဲဝင်ကြည့်လိုက်သည့်အခါ ထိပ်ဆုံး၌ 'စုထုန်းပေါ်' တင်ထားသည့် Screenshot ရိုက်ထားသောပုံတစ်ပုံက ထိပ်ဆုံး၌ ရောက်နေလေသည်။
ဤတစ်ကြိမ် 'စုထုန်းပေါ်' ၏ Caption မှာ ရိုးရှင်းလှသော အမေးသင်္ကေတတစ်ခုတည်းသာဖြစ်၏။
[ ? ]
Screenshot ထဲမှအကြောင်းအရာများမှာ ဝိန်းရိဖန်အဖို့ ရင်းနှီးလွန်းလှသည့်စာများ ၊ ဟုတ်ပါ၏ သူမပို့ထားသည့်မက်ဆေ့များပင်။
---အမည်မသိသူမှ စာရိုက်နေပါသည် ၊ အပြစ်ပြုထားမိတဲ့သူကို ဘယ်လိုပိုးပမ်းရမလဲ?
---အိပ်ပြီးပြီ
မက်ဆေ့နှစ်ခုကြားထဲမှ အချိန်ကွာခြားချက်မှာ တစ်နှစ်စွန်းစွန်း။
ဝိန်းရိဖန်၏ဦးရေပြားတစ်ခုလုံး ထုံထိုင်းသွားခဲ့ကာ စိတ်ကိုပြင်ဆင်ပြီးသည်နှင့် Comment များထဲဝင်ကြည့်လိုက်တော့သည်။ သူမ၏မြင်ကွင်းအပြည့်ဖုံးလွှမ်းသွားသည်မှာ မရေမတွက်နိုင်သည့် အမေးသင်္ကေတ Comment ပေါင်းများစွာ ၊ အောက်သို့ဆွဲချပြီးကြည့်သည့်တိုင် အခြားမက်ဆေ့ကို တော်ရုံတန်ရုံဖြင့်မတွေ့။
ထိုထဲမှ ရှားရှားပါးပါး မက်ဆေ့တစ်ခုမှာ..
[ Congratulations ]
"ဘာတွေကြည့်နေတာလဲ..ရေသွားချိုးတော့လေ"
စန်းရန်က ကျန်နေသည့်စာလုံးအား တစ်လုံးချင်းဖွင့်ဟလာ၏။
"ဂျူနီယာ..ညီမလေး"
ဝိန်းရိဖန်က လက်ကိုင်ဖုန်းကို ဘေးချထား၍
"ခဏလောက် လှဲနေဦးမယ်"
"ကိုယ့်ကို ထပ်ပြီး ရေကူချိုးခိုင်းဦးမလို့လား"
ဝိန်းရိဖန် ကြောင်အမ်းသွားရင်း အလေးအနက်တွေးကြည့်လိုက်သည်။ ဤအကြံပြုချက်က အတော်လေးအဆင်ပြေသည်ပင်။
"ချိုးပေးမှာလား?"
"...."
စန်းရန်ခမျာ ဝိန်းရိဖန်၏တုံ့ပြန်လာမှုကြောင့် ဆွံအသွားမတတ် ၊ မျက်လွှာကိုချကာ အတော်ကြာအောင်ရယ်နေမိပြီး
"မင်းရဲ့ဒီမျက်နှာက ဘာလို့ ဒီလောက်ထိအရည်ထူသွားခဲ့တာလဲ"
မနေ့ညတုန်းက အိပ်ချင်နေသည့်အကြောင်းပြချက်မျိုးဖြင့် လက်ခံပေး၍ရသေးသည်။
လက်ရှိယခု ဤမျှထိအသိစိတ်နိုးကြားနေသည့်အချိန် ယခုလိုကိစ္စမျိုးအား ယုံကြည်ချက်အပြည့်ဖြင့်ပြောထွက်လာသည်မှာ တော်ရုံတန်ရုံမဟုတ်ချေ။
ဝိန်းရိဖန်က အနားသို့ကပ်လာပြီး စန်းရန်၏ပေါင်ပေါ်၌အိပ်လိုက်၍
"ဘာပဲဖြစ်ဖြစ် နင် အားလုံးမြင်ပြီးပြီပဲဟာ"
စန်းရန်က အသံမထွက်လာပေ။
ဝိန်းရိဖန်က စကားအဖြစ်သာပြောလိုက်ခြင်းမျိုးဖြစ်သည့်အတွက် ချက်ချင်းဆိုသလိုထထိုင်လိုက်၏။
"ရေသွားချိုးတော့မယ်"
နောက်စက္ကန့်ပိုင်းအတွင်း စန်းရန်က သူမအား ပြန်ဆွဲခေါ်လိုက်ပြီး လက်တစ်ဖက်တည်းဖြင့် ထိန်းထားလိုက်သည်။
"ဘာလို့ ပြေးတာလဲ"
"နင်ပဲပြောတော့ ရေသွားချိုးတော့ဆို"
"မင်းပဲ ကိုယ့်ကို ရေကူချိုးပေးဖို့ ပြောထားတာမဟုတ်လား"
"...."
"ဒါဆို ဂျူနီယာညီမလေးက.."
စန်းရန်က ခန္ဓာကိုယ်ကိုမတ်လိုက်ပြီး ဝိန်းရိဖန်အား တစ်ပါတည်းပွေ့ချီလိုက်ကာ နားရွက်ဖျားနားထိတိုးကပ်ရင်း ဖျားယောင်းနေသည့်အဓိပ္ပါယ်မျိုးဖြင့် စကားဆိုလိုက်သည်။
"ဒီနေ့ညရော စီနီယာအစ်ကိုနဲ့အိပ်မှာလား"
နောက်တစ်နေ့တွင် နှစ်ယောက်စလုံး မွန်းမတည့်ခင်အထိအိပ်ပြီးမှ နိုးလာခဲ့ကြသည်။
ဟိုတယ်မှထွက်လာပြီးနောက် အနီးအနား၌ နေ့လည်စာဝင်စားကာ ယီဟဲလေဆိပ်သို့ ထွက်လာခဲ့သည်။ လေယာဥ်စီးပြီး နန်းဝူသို့ပြန်ရောက်သည့်အချိန်တွင် ညနေ ၅နာရီထိုးပြီဖြစ်သည်။
ညစာစားမည့်အချိန်လည်းရောက်နေပြီဖြစ်သောကြောင့် လေဆိပ်အပြင်ဘက် တက္ကစီငှားသည့်အခါ စန်းရန်က အိမ်သို့တိုက်ရိုက်မပြန်ဘဲ အိမ်နှင့်အနီးအနားရှိစားသောက်ဆိုင်တစ်ဆိုင်သို့ မောင်းခိုင်းလိုက်သည်။
ဤဆိုင်က မကြာသေးခင်က အသစ်ဖွင့်ထားသည့်ဆိုင်ဖြစ်ပြီး စုထျန်းထံမှ မကြာခဏကြားဖူးထားသေးသည်။ တစ်ခါမှမရောက်ဖူးသေးသည့်အတွက်ကြောင့်လည်း အရင်ကတည်းက စန်းရန် ယီဟဲမှပြန်လာလျှင် သွားစားမည်ဟုလည်း ချိန်းထားသေး၏။
ကားပေါ်မှဆင်းလာပြီး နှစ်ယောက်သားက အရှေ့အနောက်အနေအထားဖြင့် စားပွဲထိုးလေးလမ်းညွှန်ပေးသည့်အတိုင်း ဆိုင်ထဲဝင်လာခဲ့ကြသည်။ ဝိန်းရိဖန် မထိုင်ရသေးခင်ပင် ဘေးနားမှ ရင်းနှီးနေသည့်ခေါ်သံတစ်ခုအား ကြားလိုက်ရ၏။
"ရိဖန်?"
ဝိန်းရိဖန် အသံကြားရာအတိုင်းလှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည်မှာ စုထျန်း။
အသားကင်ဆိုင်က အတော်လေးစည်ကားလျက်ရှိကာ စုထျန်းကလည်း နှစ်ယောက်ထိုင်စားပွဲဝိုင်း၌ မျက်နှာစိမ်းအမျိုးသားတစ်ဦးနှင့်မျက်နှာချင်းဆိုင်ထိုင်နေလေသည်။ သူတို့သည်လည်း အခုလေးတင်မှရောက်လာပုံရကာ စားပွဲပေါ်၌ မည်သည့်ဟင်းပွဲမှမရှိသေးဘဲ ရှင်းလင်းနေ၏။ စုထျန်းမှာ သူမအား ဤနေရာ၌တွေ့လိုက်ရခြင်းကြောင်း အံ့သြနေပုံရသလို ပြုံးလည်းပြုံးပြနေ၏။
"နင်လည်း ဒီမှာလာစားတာလား"
ဝိန်းရိဖန်က ပြန်ပြုံးပြရင်း ခေါင်းငြိမ့်လိုက်၏။
"ဟုတ်တယ်"
စုထျန်းက စကားဆိုတော့မည့်အခိုက် ရုတ်တရက်ဆိုသလို ဝိန်းရိဖန်၏အနောက်ဘက်၌ရပ်နေသည့် စန်းရန်ကို သတိထားမိသွားခဲ့ကာ ပြောထွက်လာမည့်စကားများ တုံ့ခနဲရပ်သွားခဲ့တော့သည်။
ဝိန်းရိဖန်ကလည်း မျက်တောင်တဖျက်ဖျက်ခတ်ရင်း မိတ်ဆက်ပေးမည်အပြု။
စန်းရန်၏ သိသိသာသာထင်ပေါ်နေသည့်အသွင်အပြင်ကိုတစ်လှည့် ၊ ဝိန်းရိဖန်ကို တစ်လှည့် ကြည့်နေရင်း သူတို့နှစ်ဦးက လက်ချင်းတွဲထားကြသည်ကိုပါ မြင်လိုက်ပြီးချိန်တွင်တော့ စုထျန်း ချက်ချင်းသဘောပေါက်သွားခဲ့သည်။ တဖန် စန်းရန်ကို ပြန်လှမ်းကြည့်လိုက်ပြီး စကားလုံးတစ်ချို့က ဘာမှမတွေးနိုင်တော့ဘဲ ထွက်ကျလာပါတော့သည်။
"ရိဖန်..ဒီတစ်ယောက်က နင့်ရဲ့ ဘဲဘုရင်ကြီးလား"
ဝိန်းရိဖန် ; "...."
စန်းရန် ; " ? "
-------------
( T/N ; ဒါက မနက်ဖြန်အတွက်ပါ )
(Zawgyi)
"ဘာလဲ"
ဝိန်းရိဖန် ;
"ပထမဆုံးမက်ဆေ့ကို"
"အို့"
"...."
Advertisement
- In Serial744 Chapters
Fields of Gold
She transmigrated into the body of a little girl from a fishing village! Her father is honest and foolishly filial, while her mother is weak and ill. Moreover, her siblings are still young children. Her father was the best fisher in the village and breadwinner of the entire family. However, when he got injured and was on the verge of death, her cruel grandparents and uncle kicked her whole family out. They were hungry and cold with nothing but an empty house…But that’s ok! She has a multicolored stone that can accelerate the growth of crops. She was also an expert at preparing braised meat in her previous life. Just watch as she, an eight year-old girl, challenges the taste buds of people who lived during ancient times. With improved high-yielding crops, she’s going to become the most famous farming expert in the world!
8 2836 - In Serial187 Chapters
Classroom of Doom
Welcome to the F class, also known as Failure class. In this class, every student that is in it has at least committed one crime at least. Normally, a class like this wouldn't be formed in the first place. However, the government suggested a certain school to take care of this class for a certain reason. They wish to morally reform the members of this class before they hit the legal age of going to jail. The protagonist, Daniel Lead, after committing a certain crime for a certain reason, will be part of this classroom starting now. Being 15 years old, can he change his situation before he is 18 years old and goes to jail for what he did?
8 89 - In Serial15 Chapters
My Girlfriend is a Bully
Adrian Taher was a lucky guy because his girlfriend is one of the four prettiest girls in Blue Rose High School. One day, he found out his girlfriend is a bully, and she never came to school ever since then. Feeling complicated and worried about his girlfriend, Adrian suddenly found his girlfriend living like a beggar in the street when he came home from school. This is a story about a normal boy with his bully girlfriend. Additional tag: Yandere Join my discord server too: https://discord.gg/KX9uDyQqRZ
8 192 - In Serial20 Chapters
Chimera Dire
Michael Kargas’ mission was to protect the royal twins from harm until the Allerian people overthrew the Rowowan empire, secured their independence, and reestablished the monarchy. His efforts to do so were complicated by civil strife, an entitled princess, an out of control prince, enemy agents, and an unsolved murder.
8 124 - In Serial58 Chapters
Love on Top
Daphne is a plus size girl who loves to read and write. She works for Cosmopolitan as a freelance writer and she writes articles for every magazine issue that comes out for each month. Aside from her well paying dream job, Daphne is always set up on dates with men she doesn't like by her mother who is always pushing her to get married like her sisters so she can have kids some day, but Daphne knows that she will find love some day when she is ready. Samuel (or Sam) is the CEO of an advertising company that was once owned by his father, but is now passed down to him. Samuel' mother is always trying to push him to marry a nice, Taiwanese girl with the same social status as him, but all Sam wants to do is just date other women instead of get married away to some woman he does not like or love at all.
8 127 - In Serial17 Chapters
If
What would happen if Alauddin Khilji managed to get Rani Padmavati out of flames?Ranked #1 in Bollywood.
8 190

