《First Frost (Myanmar Translation)》Chapter 77
Advertisement
နှစ်ယောက်သားက ပထမအလွှာသို့ ဆေးယူရန် ဆင်းလာခဲ့ကြသည်။
ဝိန်းရိဖန်က စန်းရန်၏လက်ထဲမှ မှတ်တမ်းစာရွက်များကိုလှမ်းယူလိုက်ပြီး အသေအချာဖတ်ကြည့်လိုက်ရာ စာကြောင်းတစ်ချို့ကို ဖတ်ကြည့်ပြီးနောက်တွင် သူမ ရုတ်တရက်ရပ်သွားပြီး လှမ်းမေးလာ၏။
"နင် ခါးမှာရော ဒဏ်ရာရသွားတာလား"
"အာ.."
စန်းရန်က ထိုအခါတွင်မှ ပြန်သတိရပြီး
"အရေပြားပွန်းသွားရုံလေးပါပဲ..မချုပ်ရဘူး"
"...."
ဤတစ်ကြိမ်တွင် ဝိန်းရိဖန်၏မျက်ဝန်းများ မှေးကျဥ်းသွားခဲ့ကာ သူ့အား စိတ်မကြည်တော့သလို တည့်တည့်စိုက်ကြည့်လာ၏။
"ဆရာဝန်က ဘာတွေမှာလိုက်သေးလဲ..နင် နားရောနားထောင်ခဲ့လား"
စန်းရန်က စိတ်ထဲရှိရာပြောလိုက်၏။
"တစ်ပတ်နေရင် ပတ်တီးလဲရမယ်..နှစ်ပတ်ကြာရင် ချုပ်ရိုးဖြည်ရမယ်"
ဝိန်းရိဖန် ;
"ရှောင်ရမယ့်အစားအသောက်ရောရှိလား"
"မရှိဘူး..ပုံမှန်အတိုင်း စားလို့ရတယ်တဲ့"
စန်းရန်၏ပုံစံမှာ အေးအေးဆေးဆေးဖြင့် တစ်ကိုယ်လုံး သွေးထွက်လွန်ထားသည့်လူမှာ သူ မဟုတ်သည့်မျက်နှာထားနှင့် နေနေလေသည်။
"ဒီလောက်လေး ထိခိုက်မိထားတာကို..ဒီလောက်ကြီးထိ အထူးဂရုစိုက်ပေးဖို့ မထိုက်တန်ရပါဘူး"
"...."
ဝိန်းရိဖန် နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး အကြည့်လွှဲပစ်လိုက်၏။
"ငါ့ဘာသာငါပဲ စစ်ကြည့်တော့မယ်"
သူမ၏အသံနေအသံထားကြောင့် စန်းရန်က ကြောင်အမ်းသွားရင်း အဓိပ္ပါယ်ပါပါဖြင့်စကားဆို၏။
"ဝိန်းရွှမ်းကျန့်..မင်း အခု ကိုယ့်ကို စကားပြောနေတဲ့အသံက အရမ်းပြင်းနေတယ်နော်"
ဝိန်းရိဖန်က သူ့ကိုလှည့်မကြည့်တော့ဘဲ ဆေးစပ်ပေးသည့်ဆရာမထံမှ ဆေးကိုလှမ်းယူနေပြီး တစ်နေ့တာသောက်ရမည့်အကြိမ်ရေကိုလည်း သေချာအောင်အတည်ပြုမေးမြန်းနေ၏။ ထို့နောက်တွင်မှ သူ့ဘက်သို့ လှည့်ကြည့်လာပြီး
"အို့..ပြင်းသွားတာလား?"
စန်းရန် မျက်လွှာအောက်စိုက်ထားလျက်။
ဝိန်းရိဖန်က သူ့လက်ကောက်ဝတ်ကိုဆွဲကိုင်ပြီး နေရာမှလျှောက်ထွက်လာရင်း
"ငါက နင် မကြားမှာတောင်စိတ်ပူနေတာ"
"...."
စန်းရန်အတွက် ဝိန်းရိဖန်၏ယခုလိုပုံစံက အသစ်အဆန်းလိုပင်ဖြစ်နေရသဖြင့် ဆွဲခေါ်ရာအတိုင်း အနောက်မှလိုက်လာပြီး
"ဒေါသမထွက်တတ်တဲ့သူလေး..ဒီနေ့ကျမှ ဘယ်လိုဖြစ်လို့ အရမ်းတွေစိတ်ဆိုးနေရတာလဲ"
"ငါ စိတ်ဆိုးမှာလို့ ပြောထားပြီးသား"
ဆိုလိုရင်းက ဒီလိုပါပင်။
သူမဘက်က အစောကတည်းက သူ့ကို သတိပေးထားခဲ့သည့်အတိုင်း အကယ်၍ ထိခိုက်ဒဏ်ရာရမည့်အမူအကျင့်မျိုးပြုလာခဲ့လျှင် သူသည် သူမ၏ 'ပြင်းပြင်းထန်ထန်' ဆက်ဆံပြခြင်းကို အကျိုးဆက်အနေဖြင့် လက်ခံနိုင်ရမည်။
"ခုဏတုန်းက မင်း ကိုယ့်ကို ဆူပြီးပြီမဟုတ်ဘူးလား"
စန်းရန်မှာ သနားစရာကောင်းလွန်းသည့်ဇာတ်ကွက်အတွင်းသို့ အတင်းဇွတ်ဝင်ပြီး စကားပြောလာသည့်အသံမှာလည်း သနားချင့်စဖွယ်ကောင်းလှ၍
"ကိုယ်တို့နှစ်ယောက် ပြန်သင့်မြတ်သွားကြပြီလို့ ကိုယ်က ထင်နေတာ..ဘာဖြစ်လို့ အခုမှ ထပ်ပြီး စိတ်ဆိုးနေရပြန်တာလဲ"
ဝိန်းရိဖန်သည်လည်း အပြောင်းအလဲမြန်လွန်းသည့်သူ ဖြစ်သွားခဲ့၏။
"ငါ နင်နဲ့ ပြန်မသင့်မြတ်ဘူး"
စန်းရန်က သူမ၏အနောက်မှလိုက်လာပြီး စက္ကန့်ပြီးကြာကြာတိတ်နေပြီးနောက်တွင် ရုတ်တရက် အသံထွက်ပြီးထရယ်လေတော့၏။
သူ့ရယ်သံမှာ မီးတောက်ထဲ လောင်စာပစ်ထည့်လိုက်သလိုပင်။ ဝိန်းရိဖန်၏နှုတ်ခမ်းပါးက မျဥ်းဖြောင့်တစ်ကြောင်းလိုတန်းသွားပြီး ထိုလူက ပြဿနာ၏အရေးကြီးပုံကို လုံးဝနားမလည်သလိုလုပ်နေသဖြင့် စကားတစ်ခွန်းမှ ထပ်ပြောချင်စိတ်မရှိ ၊ ဆေးရုံဝန်းထဲမှထွက်လာပြီးသည်နှင့် ဝိန်းရိဖန်က တက္ကစီတစ်စီးတားကာ 'ရှန့်အန်း' ရပ်ကွက်ဆီသို့ မောင်းခိုင်းလိုက်သည်။
လမ်းတစ်လျှောက်တွင်။
ဝိန်းရိဖန်က ချုပ်ထားသည့်ဓါးဒဏ်ရာနှင့်ပတ်သတ်သည့် ဆောင်ရန်ရှောင်ရန်အချက်များအား ဖုန်းထဲတွင်ရှာဖွေကြည့်နေ၏။ သူမ၏ ရုပ်ရည်သွင်ပြင်က နဂိုကတည်းက ခပ်တည်တည်ပုံစံမျိုးဖြစ်ကာ ယခုလို မျက်နှာတည်ပြီးစကားမပြောဘဲနေနေသည့်အခါမျိုးတွင် ပို၍တမူထူးခြားသလိုဖြစ်နေခဲ့သည်။
စန်းရန်က အနားသို့ကပ်လာပြီး သူမ၏အမူအရာကိုအကဲခတ်၍
"ဒါဆို ကိုယ်နဲ့ ဘယ်အချိန်ကျမှ ပြန်သင့်မြတ်မှာလဲ"
ဝိန်းရိဖန်က မျက်လုံးပင့်မကြည့်ဘဲစကားဆိုလိုက်၏။
"နင့်ဒဏ်ရာပြန်ကောင်းသွားမှ"
"...."
စန်းရန်က ပြောထွက်လာမည့်စကားများပင် နင်သွားပြီး ကိုယ့်နားကိုယ်မယုံကြည်နိုင်သလိုဖြစ်နေ၏။
"မဟုတ်သေးဘူးလေ ဝိန်းရွှမ်းကျန့်..မင်း ထိခိုက်မိတဲ့အချိန်တုန်းကဆို ကိုယ် မင်းကို ကျေးဇူးရှင်လေးလိုမျိုး ဘယ်လောက်ထိတောင် အလိုလိုက်ပြီး ဖူးဖူးမှုတ်ဂရုစိုက်ပေးခဲ့လဲ..ကိုယ့်အလှည့်ကျတော့ ဒီလိုမျိုး ပြန်ဆက်ဆံခံရတယ်ပေါ့"
ထိုစကားကြောင့် ဝိန်းရိဖန်က စောင်းကြည့်လိုက်၍
"နင် ဘယ်တုန်းက ငါ့ကို အလိုလိုက်လို့လဲ"
အခေါက်တိုင်း အခါတိုင်းမှာ မျက်နှာတည်ကြီးနဲ့ လူကိုလာခြောက်နေတဲ့သူကများ!
"မရှိခဲ့ဘူးပေါ့? ရတယ်လေ"
စန်းရန်က နှုတ်ခမ်းလျော့လျော့လေးကွေးကာ စတင်ပြီး အားနည်းချင်ယောင်ဆောင်တော့၏။
"ဒါဆိုလည်း မင်း ကိုယ့်ကို အလိုလိုက်ပေး"
ဝိန်းရိဖန်က အရေးမလုပ်။
စန်းရန်က အသံထွက်အောင်ရယ်လိုက်ပြီး ချွဲ့ချွဲ့နွဲ့နွဲ့ဖြင့်
"ကိုယ် အရမ်းနာနေတာလေ.."
"...."
ဝိန်းရိဖန်က တစ်စက်ကလေးမှ စိတ်ပျော့သွားခြင်းမရှိ ၊ လက်ကိုင်ဖုန်းထဲမှတဆင့် ချုပ်ရိုးဖြည်ပြီးနောက် အမာရွတ်မကျန်စေရန် မည်သို့ဂရုစိုက်ရမည့်အကြောင်း ရှာဖတ်နေလိုက်သည်။
ဖုန်းမျက်နှာပြင်ကိုလှမ်းမြင်နေရသည့် စန်းရန်က သူမ ရှာဖတ်နေသည့်စာကြောင့် အနည်းငယ်ဇဝေဇဝါဖြစ်သွားပြီး ဖုန်းကို လှမ်းဆွဲလိုက်၏။
"ဘာကို အမာရွတ် ကျန်တာ မကျန်တာတွေလဲ..ကြည့်မနေနဲ့..ကိုယ့်လို ယောက်ျားရင့်မာကြီးက အမာရွတ်ကျန်ခဲ့တော့ရော ဘာဖြစ်သွားမှာမလို့လဲ"
ဝိန်းရိဖန်၏လက်ထဲ ဗလာကျင်းသွားလျက်။
ဤလှုပ်ရှားမှုကြောင့် ဝိန်းရိဖန်သည် စန်းရန်ဘက်သို့ မဖြစ်မနေလှည့်လာကြည့်လာရ၏။ ထိုအခါ သူ့မျက်နှာကို တည့်တည့်စိုက်ကြည့်လိုက်သည်။ အေးအေးလူလူနေပြနေသည့်ပုံစံကြောင့် ထိုလူ၏မျက်နှာအား ခပ်ပြင်းပြင်းပစ်ရိုက်၍ စိတ်ဆိုးသွားအောင်လုပ်ပစ်ချင်လာတော့သည်။
"အမာရွတ်ကျန်ခဲ့ရင် အရမ်းရုပ်ဆိုးလို့"
"...."
"အဲ့အချိန်ကျရင် နင် အနားယူပေးရတော့မှာလေ"
သူ နားမလည်မည်ကိုစိုး၍ ဝိန်းရိဖန်က သတိထပ်ပေးလိုက်၏။
"ခေါင်းကြီးသင်္ကေတ နေရာကနေ"
စန်းရန်က မျက်ခုံးကိုပင့်ပြလိုက်၍
"မျက်နှာက အကောင်းအတိုင်းရှိနေသေးတာကို"
"အနည်းနဲ့အများ ထိခိုက်မှာပဲ"
"အဲ့လိုဖြစ်သွားတော့လည်း ကောင်းတာပဲလေ မဟုတ်ဘူးလား..ကိုယ့်မှာ မိသားစုရှိနေပြီဆိုမှတော့ ငြိမ်ရတော့မှာပေါ့"
Advertisement
"မရဘူး"
စန်းရန်က ဤကိစ္စအား စိတ်ထဲထည့်ထားဘဲ နောင်အခါ၌ သည်ထက်ပိုပြင်းသည့်ဒဏ်ရာမျိုးများ ရလာဦးမည်ကို ဝိန်းရိဖန် တွေးပူမိသည်။
"နင်သာ အနားယူလိုက်ရပြီး လမ်းသရဲလမ်းမကြီးရဲ့အဓိကသင်္ကေတ မဟုတ်တော့ရင်..ငါ မျက်နှာပျက်ပြီး ကြွားစရာမရှိတော့ဘဲနေလိမ့်မယ်"
"...."
ကားတစ်စင်းက နန်းဝူရုပ်မြင်သံကြားနှင့်သတင်းဌာနအနီးရှိ လမ်းကြားလေးဆီသို့ မောင်းနှင်လာခဲ့သည်။
နှစ်ယောက်သားက ကားပေါ်မှဆင်းလာပြီးနောက် ဝိန်းရိဖန်က ကားသော့ကိုယူပြီး စန်းရန်၏ကားဆီသို့လျှောက်လာကာ ယာဥ်မောင်းသူနေရာ၌ဝင်ထိုင်လိုက်သည်။ စန်းရန်က သူ့ဒဏ်ရာသူ ပြန်ထိသွားမည်ကိုစိုးရိမ်၍လည်း သူမက အနားသို့ကပ်သွားကာ လုံခြုံရေးခါးပတ်ကိုပတ်ပေးလိုက်၏။
စန်းရန်က နေရာ၌သာ ငြိမ်၍ထိုင်နေပြီး ဝိန်းရိဖန်၏ခပ်တည်တည်မျက်နှာထားကိုကြည့်ရင်း နှုတ်ခမ်းကိုလည်း လှစ်ခနဲကွေး၍ပြုံးလိုက်မိ၏။
ဝိန်းရိဖန် ဒေါသထွက်နေသည့်မြင်ကွင်းမျိုးမှာ လက်ချိုးရေတွက်၍ပင်ရသည်။ သူမသည် အခြားသူများ၏အမြင်၌ အမြဲတမ်း ဒေါသကင်းကင်းနေတတ်သည့်သူ ၊ မည်သည့်ကိစ္စကိုမှလည်း စိတ်မဝင်စား၊ဂရုမပြုသည့်တတ်သည့်သူ ၊ တစ်ခါတစ်ရံ သူပြောလိုက်သည့်စကားများကြောင့် မျက်နှာငယ်သလိုဖြစ်သွားသည့်အခါမျိုးတွင်လည်း ဘာမှမဖြစ်လိုက်သလိုမျိုး ရုတ်ချည်းတည်ငြိမ်သွားတတ်သူပင်။
မည်သည့်အရာကမှ သူမ၏စိတ်အား အနှောင့်အယှက်မပေးနိုင်သည့်ပုံစံမျိုးဖြင့် နေထိုင်ခြင်းနှင့်လည်း တူပါသေးသည်။
ထို့ကြောင့် ယခုအခိုက်အတန့်တွင် စန်းရန်သည် သူ့ကိုယ်သူအား နာကျင်မှု၌သာယာတတ်သည့် စိတ်ဝေဒနာရှင်ဟုပင် ထင်လာမိတော့ကာ..
သူဒဏ်ရာရလာသည်ကိုမြင်ပြီး ဒေါသထွက်နေသည့် သူမ၏ပုံစံမှာ အပြောင်းအလဲတစ်ခုလိုဖြစ်နေပြီး အရင်ကကဲ့သို့ အရာရာကိုသတိထားပြီးပြုမူပြောဆိုနေတတ်သည့်ပုံစံလေးမဟုတ်တော့သဖြင့် သူ့စိတ်ထဲ၌ ကျိတ်၍ကြည်နူးပြီးပျော်လာမိလေသည်။
သူ့အတွက် လုံခြုံရေးခါးပတ် ပတ်ပြီးပေးသည့်နောက်တွင် ဝိန်းရိဖန်က အလျင်စလိုနောက်ဆုတ်သွားခြင်းမရှိဘဲ သူ့အင်္ကျီစအား အသာအယာဖြင့် မ,ကြည့်လာ၏။
စန်းရန်လည်း ကြောင်အမ်းသွားရင်း
"ဘာလုပ်နေတာလဲ"
ဝိန်းရိဖန်၏လှုပ်ရှားမှုများက သူ့ခါးပေါ်မှ သွေးနည်းနည်းစွန်းနေသည့်ဝါဂွမ်းစကို မြင်ရသည့်အခါမှသာ ရပ်သွားခဲ့၍ တစ်ခဏကြာကြာစိုက်ကြည့်နေပြီးနောက်မှ လက်လွှတ်၍နေရာ၌ ခပ်မတ်မတ်ပြန်ထိုင်သွားခဲ့သည်။
လုံခြုံရေးခါးပတ်အား အသံတိတ် ပတ်နေလျက်။
"ဒါပဲလား..ခဏလောက် မထိကြည့်ချင်တော့ဘူးလား"
ဝိန်းရိဖန်က သူနှင့်အပြိုင် စနောက်၍လည်း မနေသလို ဆက်၍ စိတ်ဆိုးဆူပုတ်နေခြင်းလည်းမရှိ။ ဆိတ်ဆိတ်ငြိမ်၍ထိုင်နေပြီး တစ်ခဏကြာပြီးမှ မသဲမကွဲစကားဆိုလာခဲ့၏။
"အိမ်ပြန်ရောက်မှ ဆက်ပြောမယ်"
"...."
အိမ်သို့ပြန်ရောက်သည့်အချိန်တွင် ည ၁၁နာရီထိုးလုနီးနီး။
စန်းရန်က ထုံးစံအတိုင်း ဆိုဖာပေါ်၌ဝင်ထိုင်လိုက်ပြီး သိပ်မကြာမီအတွင်းပင် ဝိန်းရိဖန်က သူ့ဘေး၌ထိုင်လိုက်ကာ အင်္ကျီစကိုနောက်တစ်ကြိမ် ပင့်တင်၍ အခြားဒဏ်ရာများရှိမရှိ စစ်ဆေးကြည့်နေ၏။
သူက မျက်လွှာကိုအောက်စိုက်ကြည့်နေရင်း ထိုင်ခုံဆီသို့ကျောမှီချကာ သူမ စိတ်ကြိုက်လုပ်သမျှကိုငြိမ်ခံနေလိုက်သည်။
တစ်ခဏတွင် ဝိန်းရိဖန်က ရေတစ်ခွက်ငှဲ့ပြီး သူ့လက်ထဲထည့်ပေးလာ၏။
"နင် ညစာစားပြီးပြီလား"
စန်းရန်က ရေတစ်ငုံသောက်လိုက်၍
"အင်း"
"ဗိုက်ရော ဆာနေသေးလား"
"မဆာတော့ဘူး"
ဝိန်းရိဖန် အလေးအနက်ဖြင့်မေးလာသည့် မေးခွန်းတစ်သီတစ်တန်းအား စန်းရန်က သူမ၏မျက်နှာကိုကြည့်ရင်း တစ်ခုချင်းစီ ပြန်ဖြေပေးနေခဲ့ရာ မေးခွန်းများအဆုံးတွင် ဝိန်းရိဖန်ထံ၌ အခြားဘာမှမေးစရာမကျန်တော့သဖြင့် အခြားတစ်ခုကို သွား၍အမှတ်ရလိုက်၏။
"ဒါနဲ့..နင့်ဖုန်းက ငါ့အိတ်ထဲမှာ..လမ်းသွားလမ်းလာတစ်ယောက်က ကောက်သိမ်းထားပေးပြီး ပြန်ရလာတာ"
စန်းရန်၏ 'အင်း'ဆိုသည့်အသံတစ်ခု။
စကားပြောအပြီး၌ ဝိန်းရိဖန်က မတ်တပ်ထရပ်ပြီး အိတ်ကိုဆွဲယူကာ အထဲမှလက်ကိုင်ဖုန်းကိုထုတ်ပြီး စားပွဲပေါ်တင်ပေးလာခဲ့၍
"မှန်ကတော့ ကွဲသွားပြီဆိုပေမယ့် သုံးလို့တော့ရသေးတယ်..အရင်ဆုံး နင့်သူဌေးဆီဖုန်းဆက်ပြီး အနားယူဖို့အတွက် သုံးလေးရက်ခွင့်တောင်းလိုက်ဦး"
"အင်း..မအိပ်ချင်သေးဘူးလား..အရင် သွားအိပ်နှင့်တော့လေ"
ဝိန်းရိဖန် ခေါင်းရမ်းပြ၏။
စန်းရန်က အချိန်ကိုလှမ်းကြည့်၍
"ကိုယ် ရေသွားချိုးလိုက်ဦးမယ်"
ဝိန်းရိဖန် မျက်မှောင်ကျုံ့လာပြီး
"နင် ရေထိလို့မရဘူးလေ"
"သိပါတယ်ကွာ"
စန်းရန်က ခန္ဓာကိုယ်ကိုမတ်ပြီး သူမ၏ဆံပင်များကို အားဖြင့်ပွတ်သပ်လိုက်၏။
"ရေပတ်ပဲတိုက်မှာပါ"
"အို့"
စန်းရန်က အိပ်ခန်းတံခါးဝနားထိလျှောက်လာပြီးသည့်အခါ အနောက်မှကပ်လိုက်လာသည့် ဝိန်းရိဖန်၏အရိပ်အယောင်ကို လှမ်းမြင်လိုက်ရသည်။ သူ တံခါးဖွင့်ပြီးအခန်းထဲဝင်လာသည်အထိ သူမက လိုက်လာဆဲ ၊ သူ အဝတ်ဗီဒိုဖွင့်သည့်အခါတွည်း သူမက လိုက်နေမြဲ။
သွားသည့်နေရာတိုင်း အနောက်မှတကောက်ကောက်လိုက်နေသည်မှာ..
သူ၏ အမြီးတစ်ချောင်းနှင့်ပင် တူနေလေသည်။
အဝတ်ဗီဒိုကိုပြန်ပိတ်ပြီး တစ်ဖက်သို့လှည့်၍ အခန်းထဲမှထွက်ကာ ဝရံတာဘက်သို့လျှောက်လာခဲ့၏။ ထိုအချိန်ထိ သူ့နောက်လိုက်နေဆဲဖြစ်သည့် ဝိန်းရိဖန်၏အသံကို ကြားနေရခြင်းကြောင့် အနောက်လှည့်ကြည့်လိုက်တော့၏။
"ဝိန်းရွှမ်းကျန့်"
"အမ်?"
စန်းရန်က ရယ်ချင်သလိုလိုဖြစ်လာ၏။
"မင်း ကိုယ့်နောက်ကနေ ဘယ်အချိန်ထိ ကပ်လိုက်နေဦးမှာလဲ"
"ငါက လိုက်ကြည့်နေတာ..."
အဓိကရည်ရွယ်ချက်မှာ သူနှင့်အတူတူ နေချင်၍ဖြစ်သော်လည်း ဝိန်းရိဖန်က ဝန်မခံချင် ၊ ထို့ကြောင့် မျက်တောင်တဖျက်ဖျက်ခတ်၍
"ငါ ဘာများ ကူညီပေးနိုင်မလဲလို့"
စန်းရန်၏ခြေလှမ်းများ တုံ့ခနဲရပ်သွားပြီး သူ့လက်ချောင်းများက သူမ၏လက်မောင်းတစ်လျှောက်ကိုထိတွေ့လိုက်ရင်း စကားလုံးတို့က အတော်လေးကို ကလူ၏မြှူ၏ နိုင်လှသည်။
"ခုဏလေးတုန်းက ကိုယ် ရေချိုးတော့မလို့ဆိုပြီး မင်းကို ပြောပြခဲ့တယ်လေ မဟုတ်ဘူးလား"
"...."
သူ့အသံတို့က သိသိသာသာတိုးသွားပြီး အရိပ်အခြေပြလာ၏။
"အဲ့တော့ မင်းက ကိုယ့်ကို ဘာကူပေးရမှာလဲ"
တိတ်ဆိတ်နေမှုကြား..
ဝိန်းရိဖန်၏မျက်နှာမှာ တစ်ချက်မပြောင်းဘဲ စန်းရန်ကို စိုက်ကြည့်နေလျက်..
သူ့ကို ဘာကူပေးရမှာလဲ..
အို့..
ရေချိုးတာ..
"...."
ရေ! ချိုး! တာ!
ရတယ်လေ..
ရေချိုးပေးရုံလေးပဲဟာ ! ! !
မတော်လို့ သူ ရေထိမိသွားရင် ဘယ်လိုလုပ်မလဲ ! ! !
မိနစ်တစ်ဝက်စာမျှ ကြာသွားပြီးသည့်အခါ ဝိန်းရိဖန်က စိတ်ကြည်လင်သွားသည့်ပုံဖြင့် နွေးနွေးထွေးထွေးဆက်ဆံလာလေသည်။
"ရတယ်လေ"
"...."
Advertisement
စန်းရန်မှာ အမှန်တကယ်ကို ပြောစရာစကားပျောက်သွားခဲ့ရပြီး လက်ရှိအချိန်၌ ထိုချယ်ရှင့်ဒယ်ဆိုသည့်လူက နေရာကောင်းချက်ကောင်းကို ရွေးထိုးတတ်မှန်းပင် တွေးမိလိုက်တော့သည်။ သူ့လက်ကိုပြန်ရုတ်လိုက်ရင်း သူမကို တောက်လျှောက်ကြည့်နေခဲ့သည့် အကြည့်များကိုလည်း ဖြတ်ခနဲလွှဲပစ်လိုက်၍
"ဘယ်သူက မင်းကို ရလားလို့မေးနေလို့လဲ..ချက်ချင်းသွားအိပ်တော့"
စကားပြောပြီးသည်နှင့် သူမကို ထပ်မကြည့်တော့ဘဲ ဝရံတာဘက်သို့ထွက်လာကာ အဝတ်အစားများကိုယူပြီး ရေချိုးခန်းဆီသို့ ပြန်လျှောက်လာ၏။
ဒဏ်ရာကိုမထိမိအောင်ဂရုစိုက်ရင်း အင်္ကျီကိုချွတ် ၊ ပြီးလျှင် ဘေးနားရှိ အဝတ်တန်းပေါ် လှမ်းတင်လိုက်ကာ ထို့နောက်တွင် ခါးပတ်ကိုစဖြုတ်၏။ ဤအခိုက်အတန့်တွင် ရေချိုးခန်းတံခါး၏လက်ကိုင်အား အပြင်ဘက်မှဆွဲလှည့်၍ဖွင့်နေသည့် အသံကိုကြားလိုက်ရာ စန်းရန်၏လှုပ်ရှားမှုများမှာ တုံ့ခနဲ ဖြစ်သွားခဲ့သည်။
နှစ်ယောက်သား အိမ်ခန်းအတူမျှနေကြသည့်အချိန်မှစ ရေချိုးခန်းများကို သီးသန့်စီ အသုံးပြုခဲ့ကြသည်။ ဝိန်းရိဖန်က အိပ်ခန်းကြီးထဲတွင်ပါသည့် ရေချိုးခန်းကိုအသုံးပြုပြီး ဤရေချိုးခန်းထဲသို့ ဘယ်တော့မှဝင်လာခြင်းမရှိ။ ထို့ကြောင့် စန်းရန်က ရေချိုးခန်းဝင်သည့်အခါတိုင်းတွင် အထူးတလည် လော့ခ်ချထားတတ်သည့်အလေ့အကျင့်မျိုး မရှိခဲ့၏။
နောက်တစ်စက္ကန့်တွင် ရေချိုးခန်းတံခါး ပွင့်လာလေ၏။
ဝိန်းရိဖန်က ခပ်တည်တည်ဖြင့်ဝင်လာပြီး တံခါးပြန်ပိတ်လိုက်၍
"ငါ နင့်ကို ရေကူချိုးပေးမယ်"
"...."
စန်းရန် ဒေါသထွက်ထွက်ဖြင့်ပင်ရယ်လိုက်မိတော့၏။
သည်တစ်ကြိမ်တွင် အထက်အမိန့်ပေးနေသည့်လေသံမျိုးနှင့်ပင် ပြောလာလေခြင်း..
ရေချိုးပေးမယ် ဖြစ်သွားပြီ...
ရေချိုးပေးရမလား မဟုတ်တော့ဘူး..
စန်းရန်က ခါးပတ်ကိုပါဖြုတ်ပြီး အဝတ်တန်းပေါ်လှမ်းတင်လိုက်၏။ ထို့နောက်တွင်တော့ မည်သည့်အပိုလှုပ်ရှားမှုမှ လုပ်မလာ ၊ လက်ဆေးကန်ကိုမှီထားပြီး သူ့အမူအရာမှာ စိတ်လှုပ်ရှားသည့်ပုံစံမျိုးမပေါက်ဘဲ စိန်ခေါ်နေသည့်သဘောမျိုးပင် သက်ရောက်၍
"ဖြစ်တယ်လေ..လာခဲ့"
"...."
စန်းရန် ပြောင်းလာပြီးသည့်နောက်ပိုင်း ဝိန်းရိဖန် ဤရေချိုးခန်းထဲဝင်လာသည်မှာ ပထမဆုံးအကြိမ်။
လက်ရှိအချိန်တွင် စန်းရန်၏အပေါ်ပိုင်းက ဗလာကျင်းနေပြီး ခါးနှင့်ဘယ်ဘက်လက်မောင်းပေါ်၌ ပတ်တီးစ၊ဂွမ်းစများ စည်းထားသည်။ သူ့ဆံပင်တို့မှာ မည်းနက်နေပြီး အသားအရည်မှာတော့ ပုံမှန်အချိန်များထက် ပို၍ဖျော့နေ၏။
ဝိန်းရိဖန်က ဘေးနားမှ တသက်တစ်ထည်ကိုယူပြီး ရေပိုက်ကိုဖွင့် ၊ ခပ်နွေးနွေးရေထဲ စိမ်လိုက်သည်။ ရသည့်အချိန်လေးအတွင်း၌လည်း စန်းရန်ထံသို့ တစ်ချက်လှမ်းကြည့်လိုက်ကာ သူမ၏အတွေးထဲ၌ စန်းရန်သည် သူ့ကိုယ်သူသာ ရေပတ်တိုက်နေလျှင် ကျောပြင်ဘက်ထိသုတ်နိုင်မည်မဟုတ်ကြောင်း ၊ ဒဏ်ရာကိုလည်း မတော်တဆထိမိသွားနိုင်ကြောင်း တွေးနေလိုက်သည်။
ထိုအခါ ပို၍ ဆိုးလာနိုင်လိမ့်မည်။
ဝိန်းရိဖန်က တဘက်ကိုရေစိမ်ပြီးနောက် ရေညှစ်လိုက်ပြီး သူ့လည်စလုတ်နေရာမှစ ဂရုစိုက်တဖြင့် စတင်ပွတ်တိုက်ပေးကာ ထိုမှတဆင့် ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားများဆီ။ သူမကိုယ်သူမ စိတ်မလွင့်သွားစေရန် အာရုံစူးစိုက်ထားပြီး အခြားကိစ္စများကိုမတွေးမိရန်အတွက်လည်း သူမ၏အရှေ့တွင်ရှိနေသည့်ယောက်ျားအား နံရံကြီးအဖြစ် သဘောထားထားလိုက်သည်။
ရေချိုးခန်းထဲတွင် အပ်ကျသံပင် ကြားရလောက်မည်အထိ တိတ်ဆိတ်နေ၏။
နှစ်ယောက်သားမှာ တစ်ယောက်နှင့်တစ်ယောက် စကားပြောဆိုဆက်ဆံနေခြင်းလည်းမရှိ။
ဒုတိယအကြိမ် ရေပတ်တိုက်သန့်စင်ပေးသည့်အခါတွင်တော့ သူ့လည်စလုတ်က မကြာခဏဆိုသလို အထက်အောက်ရွေ့လာမှန်း ဝိန်းရိဖန် သတိထားမိလိုက်သည်။
နောက်စက္ကန့်ပိုင်းတွင် စန်းရန်က ပျင်းတိပျင်းရွဲအသံဖြင့် လှမ်းခေါ်လာ၏။
"ဝိန်းရွှမ်းကျန့်"
ဝိန်းရိဖန် ခေါင်းမော့ကြည့်၍
"အာ?"
စန်းရန်၏မည်းနက်နေသည့်မျက်ဝန်းများဟာ စိတ်ဆန္ဒရမက်များဖြင့် သိသိသာသာကိုစူးရှနေ၏။
"ကိုယ် မာနေပြီ"
"...."
ဝိန်းရိဖန် အောက်နှုတ်ခမ်းကိုကိုက်မိရင်း မကြားချင်ယောင်ဆောင်လိုက်ကာ ခေါင်းကိုငုံ့ပြီး ဤတစ်ကြိမ်၌ ရေပတ်တိုက်ပေးသည့်နှုန်းကို အရှိန်မြင့်လိုက်သည်။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ပွတ်တိုက်သန့်စင်ပေးပြီးနောက်တွင် တဘက်ကို ရေပြန်လျှော်ရင်း ခပ်တိုးတိုးလေးစကားဆိုလိုက်၏။
"ဒါဆို နင့်ဘာသာနင် တစ်ချက်လောက်.."
သူ၏ ထိုတစ်နေရာကို သတိထားမိလိုက်ခြင်းကြောင့် ဝိန်းရိဖန်သည် 'ခန္ဓာကိုယ်အောက်ပိုင်း' ဆိုသည့်စကားလုံးကို အကြောင်းအမျိုးမျိုးကြောင့် ပြောမထွက်ပါတော့ပေ။
"ခြေထောက်ဆေးပြီးရင် အိပ်လိုက်တော့နော်"
စန်းရန်က နဂိုပုံစံအတိုင်း မှီရပ်နေဆဲဖြစ်ကာ သူ့မျက်ဝန်းများထဲမှ ဆန္ဒများဟာလည်း အသောသတ်သွားခြင်းမရှိ။
"ဒီအတိုင်း သွားအိပ်တော့မှာပေါ့"
"အမ်"
အဘယ်ကြောင့်မှန်းမသိ ဝိန်းရိဖန်၏စိတ်ထဲ အနည်းငယ်အပြစ်မကင်းသလိုဖြစ်လာရ၏။
"ဘာဖြစ်လို့လဲ"
"ဝိန်းရွှမ်းကျန့်"
စန်းရန်၏ခန္ဓာကိုယ်တစ်ခုလုံးအား သူမ ထိတွေ့ပွတ်သပ်ထားခဲ့ခြင်းဖြစ်ရာ ထိုအထိအတွေ့တိုင်းသည် အချိန်ကြာကြာဆွဲဆန့်ပြီးညှင်းပန်းနေသည့်အလားပင်။
"ခါးမှာ ဒဏ်ရာရထားတယ်ဆိုပြီး ကိုယ် ဘာမှမလုပ်နိုင်တော့ဘူးလို့များ ထင်နေတာလား"
ဝိန်းရိဖန်က ခပ်ပြတ်ပြတ် ;
"မဟုတ်လို့လား"
"...."
ရေချိုးခန်းလေးအတွင်း နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်တော့၏။
တစ်ခဏကြာပြီးချိန်တွင်တော့ စန်းရန်က သူမအားလှမ်းကြည့်လာပြီး သဘောတကျပြုံးလိုက်ရင်း
"အဲ့တော့လည်း ဘာဖြစ်လဲ..မင်းရှိနေသေးတာပဲ.."
စန်းရန်က မနှေးမမြန်ဖြင့် အရှက်မရှိသည့်စကားများကို ထပ်၍ဆိုလာခဲ့သည်။
"ကိုယ် နမ်းရအောင်လို့ အနားကိုတိုးလာခဲ့"
-------------
(Zawgyi)
ႏွစ္ေယာက္သားက ပထမအလႊာသို႔ ေဆးယူရန္ ဆင္းလာခဲ့ၾကသည္။
ဝိန္းရိဖန္က စန္းရန္၏လက္ထဲမွ မွတ္တမ္းစာ႐ြက္မ်ားကိုလွမ္းယူလိုက္ၿပီး အေသအခ်ာဖတ္ၾကည့္လိုက္ရာ စာေၾကာင္းတစ္ခ်ိဳ႕ကို ဖတ္ၾကည့္ၿပီးေနာက္တြင္ သူမ ႐ုတ္တရက္ရပ္သြားၿပီး လွမ္းေမးလာ၏။
"နင္ ခါးမွာေရာ ဒဏ္ရာရသြားတာလား"
"အာ.."
စန္းရန္က ထိုအခါတြင္မွ ျပန္သတိရၿပီး
"အေရျပားပြန္းသြား႐ုံေလးပါပဲ..မခ်ဳပ္ရဘူး"
"...."
ဤတစ္ႀကိမ္တြင္ ဝိန္းရိဖန္၏မ်က္ဝန္းမ်ား ေမွးက်ဥ္းသြားခဲ့ကာ သူ႕အား စိတ္မၾကည္ေတာ့သလို တည့္တည့္စိုက္ၾကည့္လာ၏။
"ဆရာဝန္က ဘာေတြမွာလိုက္ေသးလဲ..နင္ နားေရာနားေထာင္ခဲ့လား"
စန္းရန္က စိတ္ထဲရွိရာေျပာလိုက္၏။
"တစ္ပတ္ေနရင္ ပတ္တီးလဲရမယ္..ႏွစ္ပတ္ၾကာရင္ ခ်ဳပ္ရိုးျဖည္ရမယ္"
ဝိန္းရိဖန္ ;
"ေရွာင္ရမယ့္အစားအေသာက္ေရာရွိလား"
"မရွိဘူး..ပုံမွန္အတိုင္း စားလို႔ရတယ္တဲ့"
စန္းရန္၏ပုံစံမွာ ေအးေအးေဆးေဆးျဖင့္ တစ္ကိုယ္လုံး ေသြးထြက္လြန္ထားသည့္လူမွာ သူ မဟုတ္သည့္မ်က္ႏွာထားႏွင့္ ေနေနေလသည္။
"ဒီေလာက္ေလး ထိခိုက္မိထားတာကို..ဒီေလာက္ႀကီးထိ အထူးဂ႐ုစိုက္ေပးဖို႔ မထိုက္တန္ရပါဘူး"
"...."
ဝိန္းရိဖန္ ႏႈတ္ခမ္းကိုတင္းတင္းေစ့ထားၿပီး အၾကည့္လႊဲပစ္လိုက္၏။
"ငါ့ဘာသာငါပဲ စစ္ၾကည့္ေတာ့မယ္"
သူမ၏အသံေနအသံထားေၾကာင့္ စန္းရန္က ေၾကာင္အမ္းသြားရင္း အဓိပ္ပါယ်ပါပါဖြင့်စကားဆို၏။
"ဝိန္း႐ႊမ္းက်န့္..မင္း အခု ကိုယ့္ကို စကားေျပာေနတဲ့အသံက အရမ္းျပင္းေနတယ္ေနာ္"
ဝိန္းရိဖန္က သူ႕ကိုလွည့္မၾကည့္ေတာ့ဘဲ ေဆးစပ္ေပးသည့္ဆရာမထံမွ ေဆးကိုလွမ္းယူေနၿပီး တစ္ေန႕တာေသာက္ရမည့္အႀကိမ္ေရကိုလည္း ေသခ်ာေအာင္အတည္ျပဳေမးျမန္းေန၏။ ထို႔ေနာက္တြင္မွ သူ႕ဘက္သို႔ လွည့္ၾကည့္လာၿပီး
"အို႔..ျပင္းသြားတာလား?"
စန္းရန္ မ်က္လႊာေအာက္စိုက္ထားလ်က္။
ဝိန္းရိဖန္က သူ႕လက္ေကာက္ဝတ္ကိုဆြဲကိုင္ၿပီး ေနရာမွေလွ်ာက္ထြက္လာရင္း
"ငါက နင္ မၾကားမွာေတာင္စိတ္ပူေနတာ"
"...."
စန္းရန္အတြက္ ဝိန္းရိဖန္၏ယခုလိုပုံစံက အသစ္အဆန္းလိုပင္ျဖစ္ေနရသျဖင့္ ဆြဲေခၚရာအတိုင္း အေနာက္မွလိုက္လာၿပီး
"ေဒါသမထြက္တတ္တဲ့သူေလး..ဒီေန႕က်မွ ဘယ္လိုျဖစ္လို႔ အရမ္းေတြစိတ္ဆိုးေနရတာလဲ"
"ငါ စိတ္ဆိုးမွာလို႔ ေျပာထားၿပီးသား"
ဆိုလိုရင္းက ဒီလိုပါပင္။
သူမဘက္က အေစာကတည္းက သူ႕ကို သတိေပးထားခဲ့သည့္အတိုင္း အကယ္၍ ထိခိုက္ဒဏ္ရာရမည့္အမူအက်င့္မ်ိဳးျပဳလာခဲ့လွ်င္ သူသည္ သူမ၏ 'ျပင္းျပင္းထန္ထန္' ဆက္ဆံျပျခင္းကို အက်ိဳးဆက္အေနျဖင့္ လက္ခံနိုင္ရမည္။
"ခုဏတုန္းက မင္း ကိုယ့္ကို ဆူၿပီးၿပီမဟုတ္ဘူးလား"
စန္းရန္မွာ သနားစရာေကာင္းလြန္းသည့္ဇာတ္ကြက္အတြင္းသို႔ အတင္းဇြတ္ဝင္ၿပီး စကားေျပာလာသည့္အသံမွာလည္း သနားခ်င့္စဖြယ္ေကာင္းလွ၍
"ကိုယ္တို႔ႏွစ္ေယာက္ ျပန္သင့္ျမတ္သြားၾကၿပီလို႔ ကိုယ္က ထင္ေနတာ..ဘာျဖစ္လို႔ အခုမွ ထပ္ၿပီး စိတ္ဆိုးေနရျပန္တာလဲ"
ဝိန္းရိဖန္သည္လည္း အေျပာင္းအလဲျမန္လြန္းသည့္သူ ျဖစ္သြားခဲ့၏။
"ငါ နင္နဲ႕ ျပန္မသင့္ျမတ္ဘူး"
စန္းရန္က သူမ၏အေနာက္မွလိုက္လာၿပီး စကၠန့္ၿပီးၾကာၾကာတိတ္ေနၿပီးေနာက္တြင္ ႐ုတ္တရက္ အသံထြက္ၿပီးထရယ္ေလေတာ့၏။
သူ႕ရယ္သံမွာ မီးေတာက္ထဲ ေလာင္စာပစ္ထည့္လိုက္သလိုပင္။ ဝိန္းရိဖန္၏ႏႈတ္ခမ္းပါးက မ်ဥ္းေျဖာင့္တစ္ေၾကာင္းလိုတန္းသြားၿပီး ထိုလူက ျပႆနာ၏အေရးႀကီးပုံကို လုံးဝနားမလည္သလိုလုပ္ေနသျဖင့္ စကားတစ္ခြန္းမွ ထပ္ေျပာခ်င္စိတ္မရွိ ၊ ေဆး႐ုံဝန္းထဲမွထြက္လာၿပီးသည္ႏွင့္ ဝိန္းရိဖန္က တကၠစီတစ္စီးတားကာ 'ရွန့္အန္း' ရပ္ကြက္ဆီသို႔ ေမာင္းခိုင္းလိုက္သည္။
လမ္းတစ္ေလွ်ာက္တြင္။
ဝိန္းရိဖန္က ခ်ဳပ္ထားသည့္ဓါးဒဏ္ရာႏွင့္ပတ္သတ္သည့္ ေဆာင္ရန္ေရွာင္ရန္အခ်က္မ်ားအား ဖုန္းထဲတြင္ရွာေဖြၾကည့္ေန၏။ သူမ၏ ႐ုပ္ရည္သြင္ျပင္က နဂိုကတည္းက ခပ္တည္တည္ပုံစံမ်ိဳးျဖစ္ကာ ယခုလို မ်က္ႏွာတည္ၿပီးစကားမေျပာဘဲေနေနသည့္အခါမ်ိဳးတြင္ ပို၍တမူထူးျခားသလိုျဖစ္ေနခဲ့သည္။
စန္းရန္က အနားသို႔ကပ္လာၿပီး သူမ၏အမူအရာကိုအကဲခတ္၍
"ဒါဆို ကိုယ္နဲ႕ ဘယ္အခ်ိန္က်မွ ျပန္သင့္ျမတ္မွာလဲ"
ဝိန္းရိဖန္က မ်က္လုံးပင့္မၾကည့္ဘဲစကားဆိုလိုက္၏။
"နင့္ဒဏ္ရာျပန္ေကာင္းသြားမွ"
"...."
စန္းရန္က ေျပာထြက္လာမည့္စကားမ်ားပင္ နင္သြားၿပီး ကိုယ့္နားကိုယ္မယုံၾကည္နိုင္သလိုျဖစ္ေန၏။
"မဟုတ္ေသးဘူးေလ ဝိန္း႐ႊမ္းက်န့္..မင္း ထိခိုက္မိတဲ့အခ်ိန္တုန္းကဆို ကိုယ္ မင္းကို ေက်းဇူးရွင္ေလးလိုမ်ိဳး ဘယ္ေလာက္ထိေတာင္ အလိုလိုက္ၿပီး ဖူးဖူးမႈတ္ဂ႐ုစိုက္ေပးခဲ့လဲ..ကိုယ့္အလွည့္က်ေတာ့ ဒီလိုမ်ိဳး ျပန္ဆက္ဆံခံရတယ္ေပါ့"
ထိုစကားေၾကာင့္ ဝိန္းရိဖန္က ေစာင္းၾကည့္လိုက္၍
"နင္ ဘယ္တုန္းက ငါ့ကို အလိုလိုက္လို႔လဲ"
အေခါက္တိုင္း အခါတိုင္းမွာ မ်က္ႏွာတည္ႀကီးနဲ႕ လူကိုလာေျခာက္ေနတဲ့သူကမ်ား!
"မရွိခဲ့ဘူးေပါ့? ရတယ္ေလ"
စန္းရန္က ႏႈတ္ခမ္းေလ်ာ့ေလ်ာ့ေလးေကြးကာ စတင္ၿပီး အားနည္းခ်င္ေယာင္ေဆာင္ေတာ့၏။
"ဒါဆိုလည္း မင္း ကိုယ့္ကို အလိုလိုက္ေပး"
ဝိန္းရိဖန္က အေရးမလုပ္။
စန္းရန္က အသံထြက္ေအာင္ရယ္လိုက္ၿပီး ခြၽဲ႕ခြၽဲ႕ႏြဲ႕ႏြဲ႕ျဖင့္
Advertisement
- In Serial142 Chapters
The Side Character’s Hidden Boss!
A 20-year-old genius medical student transmigrated to a book she read during an experiment and became a female supporting character named Mo Li.
8 873 - In Serial56 Chapters
My Pet Mate
"I'm your dog!" The guy yelled. I froze and looked at the man with disbelief. Did he really just suggest he was my dog? "What?" "I-I'm your... d-dog." He mumbled this time. ---When 23 year old Annabelle feels like she's getting lonely in her apartment, her sister's advises her to get a dog. After a week of thinking she heads to the shelter to buy one and she returns home with a massive and very interesting wolf-dog. What Anna didn't expect was for the dog to turn into a very handsome and very naked man the next day.---Amazing cover by: -lustwritesThis book will contain swearing, violence and some sexual content.
8 76 - In Serial37 Chapters
VOWS THAT BIND US ✔️
Nov, 09, 2020 : #1 in romanceMay, 14, 2021 : #1in respectMay, 14, 2021 : #4 in lovestory"Don't try and act all nice to me. I know girls like you. I don't know what spell you casted on my parents but I won't ever fall for it. And get one thing straight & clear, I don't want anyone to know about this marriage. We will act like a couple only infront of my parents. Don't expect anything more from me and neither do you knock at my door unless it's important." He spoke menacingly and turned to leave but the moment those words left his mouth, I felt as if someone dumped freezing water over my head.If he hates me so much, then why did he marry me and what does he mean by.. "What do you mean by 'girls like me' ?" I asked.He turned around and walked even closer, all my confidence began to fade. He leaned in, I could feel his breath on my ears. His closeness was doing things to me I have never felt before.I was on the verge of losing my senses, until he spoke.."A gold digging, desperate brat." His words pierced my heart, moreover his tone, his words reminded me of people I have been fighting all my life.ZACH KNIGHT FUTURE HIER OF THE KNIGHT'S CORPORATION.HOTSHOT BILLIONAIRE, A LOVING SON WORKAHOLIC, SLIGHTLY ARROGANT. CONFIDENT & ENTHUSIASTIC.CURRENTLY IN A RELATIONSHIP !! AVA ANDERSONCO-OWNER OF THE RAE CORPORATIONBEAUTIFUL, LOVING, CARING, INNOCENT, CONFIDENT, ALSO WORKAHOLIC AND ENTHUSIASTIC NEVER BEEN IN A RELATIONSHIP.WHAT HAPPENS WHEN ZACH IS FORCED TO MARRY AN OBLIVIOUS AVA.MOREOVER, WHAT HAPPENS WHEN HE REALISES THAT THERE IS MORE TO HER THAN SHE SHOWS.WILL THEY BE ABLE TO FIND LOVE OR FALL APART ? READ TO KNOW !!
8 199 - In Serial36 Chapters
Love & Murder: An Eliza Winter Mystery
Lady Eliza Winter has one friend in the world and she happens to go missing. And when Eliza goes to report the disappearance to the police they won't hear a word from Crazy Eliza Winters. Determined to find her friend Penelope, Eliza reaches out to the new detective in town, Lord Colin Bradshaw, but in order to find Penelope, he needs to know everything that led up to her going missing. Unfortunately, there are some things Eliza isn't willing to tell. Will Eliza be able to find Penelope without giving away all her secrets? Or will Lord Bradshaw be a match Eliza wasn't ready for.HIGHEST-RANKED:#1 HISTORICAL FICTION#1 EDWARDIAN#1 MURDER MYSTERY#1 MYSTERY THRILLER#1 VICTORIANAN EDITED AND UP TO DATE VERSION OF THIS BOOK CAN NOW BE FOUND ON AMAZON. $.99 FOR KINDLE, FREE ON KINDLE UNLIMITED AND $6.99 FOR PAPERBACK.https://www.amazon.com/dp/B08SWJ9RH8/ref=sr_1_1?dchild=1&keywords=Love+%26+Murder+Kindle+erin+st+james&qid=1610517381&sr=8-1
8 119 - In Serial18 Chapters
old coffee and cigarettes
Eddie Munson is struggling after the Upside Down. But his friends are there to help him, including Steve Harrington.Warnings: Implied self-harm and drug abuse.Thank you so much for 3k reads! 💕
8 60 - In Serial51 Chapters
I am Soulfully Yours
Arjun is a IT Professional in well-known IT company. He is a introvert. He has no interest in love and marriage due to his past. He has no idea about the girl whom he is going to marry. But he did agreed to take this commitment just for his parents happiness.Sadhana is a extrovert girl who lost her dream and passion due to her bitter incident and yes she too agreed to marry the person to make her parents happy.What happen if these two hearts get connected through a marriage commitment without any love for each other?Will they fall in love?Will they two find their souls in each other?Will Sadhana achieve her long lost dream?
8 376

