《First Frost (Myanmar Translation)》Chapter 78
Advertisement
စကားတစ်ခွန်းအဆုံး၌ ဝိန်းရိဖန်၏အကြည့်များက စန်းရန်၏မျက်ဝန်းတို့မှသည် သူ့နှုတ်ခမ်းပေါ်သို့ ရုတ်ချည်းကျရောက်သွားခဲ့သည်။ သူမ သုံးလေးစက္ကန့်ကြာအောင် မလှုပ်မယှက်ရပ်နေရင်း သေသေချာချာတွေးတောကြည့်ပြီးသည့်နောက်တွင်တော့ ခြေတစ်လှမ်းနောက်ဆုတ်ပြီး ရေစိုနေသည့်တဘက်အား မူလနေရာဆီသို့ ပြန်ထားလိုက်သည်။
မျက်ဝန်းထောင့်မှတဆင့်လည်း စန်းရန်၏ပတ်တီးနေရာကို တစ်ချက်လှမ်းကြည့်လိုက်သည်။
လက်ရှိအခိုက်အတန့်တွင် ဝိန်းရိဖန်၏စိတ်ထဲ ရှင်းပြမရအောင် ဇဝေဇဝါဖြစ်နေရ၏။ အကယ်၍သာ တကယ်တမ်း သွားနမ်းလိုက်လျှင် သူမသည် အခွင့်အရေးယူတတ်သည့် မကောင်းဆိုးဝါးမနှင့်မခြားသောလူဖြစ်ရပါလိမ့်မည်။ အခုလေးတင်ပြောထွက်သွားသည့်စကားတစ်ခွန်းကလည်း တည့်တိုးဆန်လွန်းသဖြင့် သူမအနေနှင့် ကိုယ့်ကိုကိုယ်လည်း နှိမ့်ချသည့်သဘောမျိုးသက်ရောက်အောင် အဘယ်လိုယဥ်ကျေးစွာ ငြင်းရမည့်အကြောင်း တွေးကြည့်လိုက်သည်။
"ငါလည်း ဘာမှလုပ်ပေးနိုင်လောက်မှာမဟုတ်ဘူး"
စန်းရန်က လက်ဆေးကန်ကိုမှီထားဆဲဖြစ်ကာ အောက်လျော့ကျနေသည့်မျက်ဝန်းအကြည့်များအား သူ့မျက်တောင်မွှေးများက သေသေသပ်သပ်ဖုံးကာပေးထားသည်။ ရေချိုးခန်းထဲတွင် မီးထိန်ထိန်လင်းနေ၏။ ကျဥ်းမြောင်းလွန်းသည့်နေရာငယ်လေးထဲတွင် နှစ်ယောက်သားကြားရှိ အကွာအဝေးမှာလည်း နီးကပ်လွန်းလျက်ရှိရာ တစ်ဦး၏မရေရာမသေချာသည့်ခံစားချက်များကို တစ်ဦးက ဖလှယ်၍ခံစားနေရသည်။
ဝိန်းရိဖန် တံတွေးမျိုချလိုက်ပြီး အလျင်းသင့်သည့်အကြောင်းပြချက်တစ်ခုကို ပေးလာ၏။
"၁၂နာရီတောင်ထိုးတော့မှာဆိုတော့ ငါ ရေသွားချိုးလိုက်ဦးမယ်"
ခြေလှမ်း နှစ်လှမ်းစာပင် မလှမ်းရသေး။
စန်းရန်က သူမ၏လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ ပြန်ဆွဲခေါ်လိုက်သည်။ သတိလက်လွတ်ဖြစ်နေသည့်အနေအထားတွင် သူမ၏ ပထမဆုံးအတွေးက စန်းရန်၏ဒဏ်ရာကို မထိမိစေရန်ဖြစ်ပြီး လက်ဖဝါးတစ်ဖက်က လက်ဆေးကန်အား အလိုလိုလှမ်းထောက်၍အားပြုလိုက်သည်။ တစ်ဖက်သို့ခေါင်းလှည့်ကြည့်လိုက်သည့်အခါ သူနှင့် ကြားရှိအကွာအဝေးက နဂိုကထက် ပို၍နီးကပ်သွားခဲ့၏။
"ဘာတွေ လျှောက်တွေးနေတာလဲ"
စန်းရန် ခေါင်းငုံ့လာပြီး သူမအား တည့်တည့်စိုက်ကြည့်လာကာ ပြောထွက်လာသည့်စကားလုံးတို့ထဲတွင် အဓိပ္ပါယ်တစ်မျိုးမျိုး သက်ရောက်နေသေး၏။
"ကိုယ်က ဘာများလုပ်နိုင်မှာမလို့လဲ"
"...."
"ခဏလောက်လေးပဲ နမ်းမှာလေ"
စန်းရန်၏လက်ချောင်းများက သူမ၏လက်ကောက်ဝတ်ကို အသာအယာပွတ်သပ်လာပြီး မကျေမနပ်အသံမျိုးဖြင့် ဖြည်းဖြည်းချင်းစကားဆက်ဆိုလာ၏။
"အဲ့လောက်လေးတောင် မရဘူးလား"
ဝိန်းရိဖန် စိတ်ညှို့ခံလိုက်ရသည့်အလား 'အာ' ဟု အသံတစ်ချက်ပြုမိလိုက်၏။ ထပ်၍လည်း တွေးလိုက်မိသည်မှာ အခြားမည်သည့်အရာမျိုးမှမလုပ်ဘဲ နမ်းရှုံ့ရုံလေးဖြင့် ဘာမှထိခိုက်မိသွားစရာမရှိသည့်အကြောင်း။ သူမ အနည်းငယ်ကြာကြာ နှုတ်ဆိတ်နေပြီးနောက်တွင်
"အဲ့လောက်ပဲဆိုရင်တော့ ရပါတယ်"
သူ့မျက်ခုံးများ မသိမသာပင့်မြှောက်သွားကာ နဂိုရှိရင်းစွဲအနေအထားအတိုင်း ရပ်နေလျက်။
သိပ်ပင် မကြာလိုက်သည့်အချိန်လေးအတွင်းတွင်။
စန်းရန်က သူမ၏လက်ကောက်ဝတ်ကို ဆွဲယူပြီး သူ၏ဝမ်းဗိုက်ပေါ်သို့ တင်ပေးလာခဲ့ကာ ဖြေးဖြေးချင်းဖြင့် အောက်သို့ ဆွဲယူခေါ်ဆောင်သွားခဲ့၏။ ထို့နောက်တွင်တော့ ယောက်ျားလေး၏ငြီးငြူသံများကို ကြားလိုက်ရသဖြင့် ဝိန်းရိဖန်သည် ဗလာချည်းသက်သက်ခေါင်းမော့ကြည့်လိုက်မိသည့်အချိန် သူ၏မည်းနက်နေသည့်အကြည့်များဖြင့် တိုက်ရိုက်ဆုံဆည်းသွားလေတော့သည်။
"ခေါင်းကို နည်းနည်းလေး မော့လိုက်"
သူ့စကား၏ဆိုလိုရင်းကို နားမလည်လိုက်ခင်ပင် ဝိန်းရိဖန်က ခြေဖျားထောက်ပြီးမတ်တပ်ရပ်နေနှင့်ပြီ။
စန်းရန်၏နှုတ်ခမ်းပါးတစ်စုံက ပူနွေးနေသည့်အသက်ရှူငွေ့များနှင့်အတူ သူမ၏နှုတ်ခမ်းထောင့်ဆီသို့ အညင်သာဆုံးကျရောက်လာခဲ့သည်။ သူမဘက်မှ ကိုယ့်ကိုကိုယ် အဆုံးထိတွန်းပို့ပေးအပ်ထားခြင်းဖြစ်ရာ ခေါင်းမော့ပြီး ကြမ်းခင်းပေါ်၌ ခြေဖျားတစ်ဝက်စာသာ ထောက်ထားရသည့်ခံစားချက်က ဟန်ချက်မငြိမ်သလိုဖြစ်နေလေသည်။
သူမ၏အနေအထားကို သတိထားမိသည့် စန်းရန်က လက်ကိုမြှောက်ကာ သူမ၏ခါးတစ်လျှောက်ကိုပွေ့ဖက်ထားရင်း နှုတ်ခမ်းကိုလည်း အားပါပါဖြင့်ကိုက်လိုက်၏။
"..မဟုတ်ရင် ကိုယ် နမ်းလို့မမှီဘူး"
-----------
အိပ်ခန်းထဲပြန်ရောက်ပြီး လက်ကိုင်ဖုန်းကိုဖွင့်ကြည့်လိုက်ချိန်တွင် လွန်ခဲ့သော နှစ်နာရီခန့်က ချန်ဝေ့ဟွာ ဖုန်းခေါ်ထားကြောင်း တွေ့လိုက်ရသည်။ ဝိန်းရိဖန်လည်း Wechat ကိုချက်ချင်းဖွင့်ပြီး တောင်းပန်စကားဆိုရင်း အခြေအနေကိုရှင်းပြရန်ပြင်လိုက်သည်။
ကြည့်ရသည်မှာ ချန်ဝေ့ဟွာဘက်မှ အခြေအနေကို သိသင့်သလောက် သိထားပြီးပုံရကာ စာတစ်ချို့ပို့ထားသေး၏။
[ ငါ သာ့ကျွမ့်ကိုခေါ်သွားလိုက်လည်းဖြစ်တယ် ၊ မင်း ဆေးရုံကိုအရင်ဆုံးသွားလိုက် ၊ မျက်မြင်သက်သေတွေကို အင်တာဗျူးမယ့်ကိစ္စက အရမ်းအရေးကြီးနေတာမှမဟုတ်တာ ]
ဖုကျွမ့်ကလည်း မက်ဆေ့ပို့ထား၏။
[ ကျဲ.. အစ်မ စန်းရန်ကောကို ကောင်းကောင်းဂရုစိုက်ပေးလိုက်နော် ၊ ကျွန်တော် အစ်မရဲ့အလုပ်တွေကို တာဝန်ယူပေးထားမယ်! ! ]
ဖုကျွမ့် ; [ ကျွန်တော် ရဲအရာရှိတွေဆီကနေ ကြားလာတာရှိသေးတယ် ၊ စန်းရန်ကောက ဒဏ်ရာရထားပြီးတာတောင်မှ ဖြတ်ဖြတ်လတ်လတ်နေနိုင်သေးတယ်တဲ့ ၊ နောက်ထပ် အကြိမ်ရှစ်ရာလောက် ထိုးကျိတ်ပြီးရန်ဖြစ်လို့ရသေးမယ့်ပုံတဲ့ ၊ အစ်မ အရမ်းတွေစိတ်ပူနေမှာစိုးလို့ ]
ဤမက်ဆေ့ကြောင့် ဝိန်းရိဖန် မနေနိုင်အောင် ပြုံးမိလိုက်သည်။ မက်ဆေ့များကို တစ်ခုချင်းစီ စာပြန်ပြီး တောင်းပန်စကားဆိုရင်း ကျေးဇူးလည်းတင်လိုက်သည်။ အတော်ကြာသွားပြီးမှ လက်ကိုင်ဖုန်းကိုချပြီး အိပ်ရာပေါ်လှဲချလိုက်သည်။
ဝိန်းရိဖန်၏စိတ်အာရုံတုံ့ပြန်နိုင်စွမ်းက နှေးကွေးသည့်အတိုင်း...
'ချွမ်တ' သတင်းဌာန၌ အလုပ်လုပ်ခဲ့သည့်ကာလတစ်လျှောက်လုံးတွင် ဤသတင်းအဖွဲ့နှင့်ပတ်သတ်ပြီး များများစားစားမခံစားကြည့်ခဲ့ပါပေ။ သူမ၏စိတ်ထဲတွင် လုပ်ငန်းခွင်ပတ်ဝန်းကျင်က အရင်အလုပ်ထက် ပို၍အဆင်ပြေသည်ဟုသာ ရိုးရိုးရှင်းရှင်းမှတ်ချက်ပြုထားခဲ့သည်။ အလုပ်ချိန်က အရင်ကထက် ပိုများသည်မှာ အမှန်တရားဖြစ်သော်လည်း ယီဟဲ ရုပ်မြင်သံကြားနှင့်သတင်းဌာန၌ အလုပ်လုပ်ခဲ့ခြင်းထက်တော့ ပို၍စိတ်သက်တောင့်သက်ရာရှိရသည်မှာလည်း အမှန်ပင်။
သို့သော် ဤခဏတာလေးအတွင်းတွင်တော့
ဝိန်းရိဖန်သည် ဤသတင်းအဖွဲ့အား သူမကိုယ်တိုင်ကလည်း အတော်လေး သဘောကျမိနေကြောင်းကို ခံစားမိလိုက်တော့၏။
အတွေးများက တစ်ခုပြီးတစ်ခုဖြင့် တစ်ကိုယ်တည်း ဟိုဟိုဒီဒီအတွေးများနေခဲ့ကာ အချိန်မည်မျှပင်ကြာသွားခဲ့မှန်း မသိလိုက်သည့်အချိန်တစ်ခုတွင် ခုလေးတင်ဖြစ်ခဲ့သည့် ရေချိုးခန်းထဲမှအဖြစ်အပျက်အား ပြန်တွေးကြည့်လာပါတော့သည်။
စန်းရန်၏စကားတစ်ခွန်းဖြစ်သည့်
---'ခဏလောက်လေးပဲ နမ်းမှာလေ"
အသေအချာကြီးကို ပြောခဲ့သော 'ခဏလောက်လေးပဲ နမ်းမှာလေ' ဆိုသည့်စကားတစ်ခွန်း။
ဝိန်းရိဖန်၏နားရွက်ဖျားများက ဖြေးဖြေးချင်းနီရဲတက်လာကာ အိပ်ရာပေါ်မှ အပြေးအလွှားဆင်းပြေးပြီး ရေချိုးပစ်ချင်စိတ်က တဖွားဖွား။ သူမကိုယ်သူမ မှန်ထဲတွင်ကြည့်ရင်း သူမ၏စိတ်အာရုံအလုံးစုံထဲတွင် အခုလေးတင်ဖြစ်ခဲ့သောမြင်ကွင်းကသာ ကြီးစိုး၍နေရာယူနေ၏။
ယောက်ျားလေး၏နှုတ်ခမ်းတို့ဟာ သွေးရောင်လွှမ်းလာပြီး အနမ်းမိုးများကလည်း အဆက်မပြတ်။ သူ့ဆံပင်တို့က ချွေးစက်များကြောင့် စိုစွတ်နေပြီး မျက်ဝန်းများထဲတွင်လည်း သာယာကြည်နူးရိပ်များက စွန်းထင်းလျက်။ ခပ်ဖွဖွလေး ရှိုက်သွင်းရှူထုတ်နေသည့်အသံတို့ထဲတွင် လျစ်လျူရှူ၍မရလေသော ဆွဲဆောင်မှုအားကောင်းသည့်မောဟိုက်သံများ ပါနေခဲ့သေးသည်။
Advertisement
အမှန်တကယ်ကို မည်မျှကြာသွားခဲ့မှန်း မသိသည့်အချိန်တွင်မှ
ရေချိုးခန်းလေးထဲတွင် စန္ဒကူးရနံ့ခပ်သင်းသင်းအပြင် အခြားနှစ်လိုဖွယ်ကောင်းသည့်အနံ့အသက်မျိုးပါ ရောထွေးလာခဲ့လေသည်။
"လာခဲ့"
သူမဘက်မှ အနောက်ဆုတ်နေသည့်မြင်လိုက်ခြင်းကြောင့် စန်းရန်က ပြန်ဖမ်းဆွဲပြီး ခပ်အက်အက်အသံဖြင့်စကားဆိုလိုက်၏။
"ကိုယ် မင်းကိုလက်ဆေးပေးမယ်"
--------
ဒဏ်ရာရထားခြင်းကြောင့် စန်းရန်က အနားယူရန် ခွင့်တစ်ပတ်ရခဲ့သည်။
ဝိန်းရိဖန်က ထုံးစံအတိုင်း ပုံမှန် အလုပ်ဆင်းရပြီး ချယ်ရှင့်ဒယ်၏အမှုတစ်ခုတည်းကိုသာ သတင်းလိုက်ယူခဲ့သည်။ သည်ကြားထဲတွင် တတ်နိုင်သမျှ အချိန်ပိုရအောင်ကြိုးစားပြီး စန်းရန်အတွက် နေ့တိုင်း မနက်စာပြင်ပေးသည့်အပြင် ၊ နေ့လည်ခင်း၌လည်း ရလျှင်ရသလို ပြန်လာတတ်ကာ ၊ ညဘက် အိမ်ပြန်မလာခင်လည်း ညစာအတွက် ဘာစားချင်ကြောင်း လှမ်းမေးတတ်၏။
ကလေးငယ်လေးတစ်ယောက်ကို ပြုစုနေရသည့်အတိုင်းပင်။
စန်းရန်မှာ နေ့ရက်များကို ပျော်ပျော်ကြီးဖြတ်သန်းနေရလျက်။
သို့သော်လည်း သုံးရက်သုံးညတိုင်တိုင် ရှင်ဘုရင်ကြီးလို နေထိုင်ပြီးသည့်အခါတွင်တော့ ယခုလိုမျိုး ပြေးသွားပြေးလာလုပ်ပေးနေလျှင် မကြာခင်အတွင်း ဝိန်းရိဖန် ပင်ပန်းတော့မည်ဖြစ်ကြောင်း စန်းရန် တွေးကြည့်လိုက်သည်။ သည့်ထက်အပြင် သူ၏ဒဏ်ရာမှာ နေ့စဥ်ပုံမှန်လှုပ်ရှားမှုတို့ကို များများစားစားထိခိုက်ခြင်းမျိုးမရှိသဖြင့် ခွင့်ရက်ကုန်ဆုံးသည်နှင့်တပြိုင်နက် ချက်ချင်းအလုပ်ဆင်းတော့သည်။
ဒါရိုက်တာ၏ အထူးတလည်လောနေသည့်အထက်အမိန့်အရ ဝိန်းရိဖန်သည်လည်း အချိန်ပို စဆင်းရတော့ကာ ရဲအရာရှိများနှင့်မှုခင်းစစ်ဆေးရေးအဖွဲ့များထံမှ သတင်းယူရန်အတွက် ရဲစခန်းနှင့်အခင်းဖြစ်ပွားရာနေရာအား အမြဲတစေ ပြေးသွားနေရသည်။ တရားခံ၏မိသားစုများနှင့် အင်တာဗျူးသည့်ကဏ္ဍကိုတော့ အခြားလုပ်ဖော်ကိုင်ဖက်တစ်ဦးက တာဝန်ယူထား၏။
ချယ်ရှင့်ဒယ် အဖမ်းခံရပြီးနောက်တွင် ရဲအရာရှိများက ထိုလူ၏အတိတ်ကို စုံစမ်းစစ်ဆေး၏။ စစ်ဆေးမှုပေါင်းများစွာ ပြုလုပ်ပြီးသည့်အပြင် ကော်လင်၏ခန္ဓာကိုယ်ပေါ်၌ ထိုလူ၏ဆံပင်မွေးကိုပါ ရှာတွေ့သည့်အခါတွင်မှ ချယ်ရှင့်ဒယ်က အပြစ်ရှိကြောင်း ဝန်ခံလာကာ အသေးစိတ်ကို ဖွင့်ဟလာခဲ့သည်။
လွန်ခဲ့သော လေးနှစ်၏ထိုညတွင်။
ချယ်ရှင့်ဒယ်သည် ချယ်ယန်ချင်က လာကူညီပေးရန် လှမ်းခေါ်သောကြောင့် အကင်ဆိုင်သို့ ထွက်လာခဲ့၏။ လာရာလမ်းတစ်လျှောက်မှသည် အကင်ဆိုင်သို့ရောက်ခါနီးတွင် လူသူကင်းရှင်းသည့်လမ်းကြားတစ်နေရာ၌ ကော်လင်နှင့် အမှတ်မထင်တွေ့ဆုံခဲ့သည်။ သူ ထိုမိန်းကလေးကို မှတ်မိနေသည့်အချက်မှာ အမြဲတစေ တိတ်ဆိတ်ပြီးရှောင်ဖယ်၍နေတတ်ပြီး ပုံပန်းသွင်ပြင်အရ အားငယ်တတ်၍ မည်သည့်ကိစ္စမျိုးမဆို ကျိတ်မှိတ်သည်းခံတတ်သည့်ပုံစံမျိုးဖြစ်သည်။
ချယ်ရှင့်ဒယ်၏ ရမက်များနှိုးထလာပြီး ထိုမိန်းကလေးနှင့် စကားတစ်ချို့ပြောပြီးနောက်တွင်တော့ ပါးစပ်ကိုအုပ်ပြီး လမ်းကြား၏အနက်ပိုင်းနေရာဆီ ဆွဲခေါ်လာခဲ့သည်။
ကိစ္စပြီးသည့်အခါ။
ချယ်ရှင့်ဒယ် ထင်ထားမိသည်မှာ ကော်လင်က ဤကိစ္စအား မည်သူ့ကိုမှမပြောပြဘဲ ငြိမ်ခံနေလိမ့်မည်ဟူ၍ ၊ သို့သော် မထင်မှတ်ထားသည့်အတိုင်း သူ့အတွေးနှင့် လုံးဝလုံးဝ မတူညီကာ ကော်လင်က အော်ဟစ်ပြီးငိုရင်း လက်ကိုင်ဖုန်းကိုဖွင့်၍ ရဲတိုင်ရန် ပြင်ဆင်နေခြင်းပေ။
ခြိမ်းခြောက်သည့်စကားများအပြင် ညစ်ညမ်းသည့်စကားမျိုးများဖြင့်ပါ ခြောက်လန့်ခဲ့သော်လည်း ကော်လင်က တုန်လှုပ်သွားခြင်းမျိုးမရှိဘဲ ဘယ်လိုပင်ဖြစ်စေ ရဲကိုအကြောင်းကြားပြီးတိုင်တန်းဦးမည်ပင်။ သူမ၏အခြေအနေက အားကိုးစရာရော မှီတွယ်စရာပါ ရှိသည့်အလား အလွန်တရာကိုနာကျင်နေသည့်ကြားကစကားဆိုလိုက်၏။
"ငါ့ဖေဖေကို တိုင်ပြောမှာ..သူက နင့်ကို သေချာပေါက်သတ်မှာ"
နောက်ဆုံးတွင် ချယ်ရှင့်ဒယ် စိတ်လောလာခဲ့ပြီး ရုန်းကန်နေသည့်ထိုမိန်းကလေးအား မှားယွင်းစွာဖြင့်သေအောင် သတ်လိုက်မိတော့သည်။ ထိုအခါ အနီးအနားမှာရှိနေသည့် ချယ်ယန့်ချင်အား အကူအညီတောင်းရတော့၏။ ချယ်ယန့်ချင်မှာ မောင်လေးဖြစ်သည့် ချယ်ရှင့်ဒယ်အား ငယ်စဥ်တောင်ကျေးဘဝကတည်းက စောင့်ရှောက်ခဲ့ရပြီး မောင်လေးဖြစ်သူ၏လုပ်ရပ်တိုင်းကိုလည်း အတော်လေးသည်းညည်းခံနိုင်ကာ လုပ်ချင်သမျှ လုပ်ခွင့်ပြုထားသည့် စံပြ 'မိစ္ဆာမောင်နှမ' နှစ်ပါးပင်။
ထို့ကြောင့် ချယ်ယန့်ချင်အနေဖြင့် ဘယ်လိုပင် ကြောက်လန့်တုန်လှုပ်နေပါစေ မောင်လေးဖြစ်သူ ထောင်ထဲဝင်ရမည့်မြင်ကွင်းကိုတော့ မကြည့်ရက်နိုင်သဖြင့် မဖြစ်မနေ အလောင်းဖျောက်ဖို့ရာ ကူညီပေးတော့သည်။ နှစ်ဦးသားက ကော်လင်၏အလောင်း ပလပ်စတစ်အနက်ရောင်ဖြင့် အထပ်ထပ်အလွှာလွှာ ပတ်ကာ ခရီးဆောင်အိတ်တစ်ခုထဲသို့ ထိုးထည့်လိုက်၏။
မောင်နှမနှစ်ဦးက ဤကိစ္စအား အခြား မည်သူ့ကိုမှမပြောပြရုံဖြင့်..
ကောင်းကင်တစ်ခွင် မြေပြင်တစ်လွှား ဖုံးကွယ်ထားနိုင်ပြီဟု မှတ်ယူထားကြလေသည်။
---------
သတင်းအတွက် စာရိုက်နေခြင်းအမှု၏ နောက်ဆုံးသောစာလုံးကို ရိုက်ပြီးချိန်တွင် ဝိန်းရိဖန်က စာပြန်စစ်ပြီး အယ်ဒီတာထံ ပို့ပေးလိုက်သည်။
တည်းဖြတ်ခန်းထဲတွင် ပုံမှန်အတိုင်း တိတ်ဆိတ်နေပါသော်လည်း ကွန်ပြူတာဖန်သားပြင်ကို စိုက်ကြည့်နေသည့် ဝိန်းရိဖန်မှာတော့ အနည်းငယ်စိတ်လွင့်နေရကာ လွန်ခဲ့သောနှစ်များစွာက ချန်ရှီ၏အိမ်ထဲတွင်ပုန်းအောင်းနေခဲ့ဖူးသည့် သူမ၏ဖြစ်ရပ်ကို ပြန်တွေးကြည့်မိလာတော့သည်။
အန်တီချန်ထံမှတဆင့် ချယ်ရှင့်ဒယ် လွတ်မြှောက်သွားသည့်အကြောင်း ကြားလိုက်ရချိန်တွင် သူမ၏စိတ်ထဲ ဘာတွေများတွေးနေမိခဲ့သနည်း။
ဝိန်းရိဖန် အတိအကျ အရှင်းအလင်း မမှိတ်မိပါတော့ပေ။
သို့သော် ဤအခိုက်အတန့်တွင်တော့ သူမ အရမ်းကိုမှ အတိတ်ကာလများဆီ ပြန်ပြေးသွားချင်မိပြီး ထိုအချိန်တုန်းက သူမကိုယ်တိုင်ဖြစ်ခဲ့သည့်ကောင်မလေး၏အရှေ့သို့သွားကာ ခေါင်းကိုအသာအယာပွတ်ပေးရင်း သူမ လုပ်ခဲ့သမျှအရာအားလုံးဟာ အကြွင်းမဲ့မှန်ကန်ကြောင်း ပြောပြချင်လာမိသည်။
အဆုံးသတ်ရလဒ်မှာ ဘယ်လိုပင်ဖြစ်နေပါစေ ဤကိစ္စဟာ အရှက်ရစရာကောင်းသည့်ကိစ္စတစ်ခု လုံးဝမဟုတ်။
မကောင်းသည့်လူတစ်ယောက်ထံမှ အညစ်အကြေးများကို မတော်တဆထိမိရုံဖြင့် ကိုယ်ကိုယ်တိုင် ညစ်ထေးသွားခဲ့မည်မဟုတ်။
အပြစ်တင်စရာ ကိစ္စလည်းမဟုတ်။
မင်း သဘောကျရတဲ့ လူတစ်ယောက်ကလည်း မင်းကို သတ္တိရှိတယ်ဆိုပြီး ချီးကျူးပါလိမ့်မယ်..
သူက မင်းကို ထပ်ပြီးလည်း ကျေးဇူးတင်ဦးမှာ..
သူ့ရဲ့ကောင်မလေးကို ကာကွယ်ပေးခဲ့တဲ့အတွက်..
ဤသတင်းမှာ မနက်ဖြန် မနက်ခင်းလွှင့်မည့် သတင်းခေါင်းစီးပင်။
သတင်းလွှင့်ပြီးသည့်နေ့ အလုပ်ဆင်းခါနီးအချိန်တွင်တော့ ဝိန်းရိဖန်သည် ကော်လင်၏ဖခင်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်သည်။ သူမ နန်းဝူမြို့သို့ ပြန်ရောက်လာသည့်အချိန်ကတည်းက ထိုအမျိုးသားကြီးနှင့် အကြိမ်ကြိမ်အဆက်အသွယ်ရခဲ့ကာ ရလာသည့်သတင်းအချက်အလက်အားလုံးကို သူမထံပေးပို့၍ အကူညီပြောပြပေးခဲ့သည်။
သည်တစ်ကြိမ်မှာ သတင်းကိုမြင်ပြီးသွား၍ ကျေးဇူးတင်စကားဆိုဖို့ရာ ဆက်သွယ်လာခြင်းဖြစ်၏။
ဖုန်းချလိုက်ပြီးနောက်တွင် ဝိန်းရိဖန်က တစ်ခဏကြာကြာငြိမ်၍ထိုင်နေခဲ့ပြီးမှ ပစ္စည်းများကိုသိမ်းဆည်းပြီး ဌာနထဲမှထွက်လာခဲ့သည်။ ကားပါကင်ဆီသို့လျှောက်လာပြီး စန်းရန်၏ကားကို ရှာ ၊ ယာဥ်မောင်းနေရာ၌ ဝင်ထိုင်ပြီး သူ့ကုမ္ပဏီဆီသို့ မောင်းလာခဲ့သည်။
Advertisement
သည်အတောအတွင်း နှစ်ယောက်သား၏အခြေအနေမှာ ပြောင်းပြန်အနေအထား။
စန်းရန်၏လက်ရှိအခြေအနေနှင့် ကားမောင်းလျှင် မလုံခြုံမည်စိုးသောကြောင့် ဝိန်းရိဖန်က သူ့အား နေ့စဥ် အကြိုအပို့လုပ်ပေးနေခဲ့သည်။
စန်းရန်၏ကုမ္ပဏီရှေ့သို့ရောက်လာသည့်အခါ အချိန်ကိုက်ဆိုသလို အထဲမှထွက်လာသည့် စန်းရန်ကို လှမ်းမြင်လိုက်ရ၏။ သူ့ဘေးနားတွင် ကျိန့်ခယ်ကျားက ကပ်ပါလာပြီး စန်းရန်အား တစ်ခုခုပြောနေသည့်ဟန်။ သိပ်မကြာခင်တွင် စန်းရန်က အနားသို့လျှောက်လာပြီး ကားထဲဝင်ထိုင်လိုက်သည်။
သူမ ခေါင်းလှည့်လာပြီး သူ့အား တည့်တည့်စိုက်ကြည့်လိုက်၏။
စန်းရန်က ဝိန်းရိဖန်၏အကြည့်များကို သတိထားမိပုံမရဘဲ လုံခြုံရေးခါးပတ်ကိုပတ်ရင်း တည့်တိုးသာစကားဆိုလာ၏။
"ဝိန်းရွှမ်းကျန့်..မင်းရဲ့ညီမက ပြောခိုင်းလိုက်တယ်..ပိတ်ရက်ကျရင် သူ့အိမ်ကို တစ်ခေါက်လောက်လာခဲ့ဦးတဲ့"
"...."
ဝိန်းရိဖန်က ဤအကြောင်းအရာမျိုးဖြစ်နေလိမ့်မည်ဟုမထင်မှတ်ထားကာ 'အို့' ဟုသာ အသံပြုလိုက်ပြီး မလိုအပ်သည့် အပိုစကားတစ်ခွန်းမဆို။
စန်းရန်က လှမ်းကြည့်လာရင်း
"သွားမှာလား"
ဝိန်းရိဖန် ခေါင်းရမ်းပြလိုက်၏။
"မသေချာဘူး"
စန်းရန်လည်း ဘာမှထပ်မဆိုတော့၏။
ယနေ့ အလုပ်ဆင်းချိန်မှာ ခါတိုင်းထက် စောသဖြင့် ဖုကျွမ့်ထံမှသတင်းရထားသော အနီးအနားရှိရပ်ကွက်ရင်ပြင်တစ်ခု၌ အစားအသောက်ပွဲတော်ကျင်းပနေသည့်အကြောင်းကို စဥ်းစားမိလိုက်သည်။
စန်းရန်၏သဘောထားကို မေးမြန်းပြီးနောက်တွင် ဝိန်းရိဖန်က ထိုရပ်ကွက်အနီးအနားသို့မောင်းလာကာ ကားရပ်ရန်နေရာရှာလိုက်၏။ ကားပေါ်မှဆင်းလာသည့်အခါ ဝိန်းရိဖန်က စန်းရန်၏လက်ကို တွဲထား၍
"မနက်ဖြန်ကျရင် ချုပ်ရိုးသွားဖြည်ရတော့မှာမလား"
"အင်း"
"ငါ မနက်ဖြန်နားရက်ရထားတာနဲ့ အတော်ပဲ..နင်နဲ့ အတူသွားလို့ရပြီ"
ဝိန်းရိဖန်၏စကားသံတို့မှာ နွေးထွေး၍ နှေးနှေးကွေးကွေးလေးသာဖြစ်ပြီး တစ်နေ့တာကြုံတွေ့ခဲ့ရသည့်ကိစ္စများကို ပြန်ပြောလာခဲ့သည်။
"စန်းရန်..ဒီနေ့လည်း ကော်လင်ရဲ့အဖေက ဖုန်းဆက်လာသေးတယ်"
အစားအသောက်ပွဲတော်ကျင်းပသည့်ရက်မှာ မကြာသေးသဖြင့် ရင်ပြင်တစ်ခွင်တွင် လူများ ကျိတ်ကျိတ်တိုးစည်ကားနေလေ၏။
စန်းရန်က လမ်းကိုကြည့်နေရင်း ဝိန်းရိဖန်ကိုလည်း လမ်းသွားလမ်းလာများနှင့်မတိုက်မိအောင် ဆွဲခေါ်ထား၍
"ဘာတွေပြောကြတာလဲ"
"ငါက သတင်းကိုအမှန်တိုင်းတင်ပြပေးလို့ သူက ကျေးဇူးလာတင်တာ..ပြီးတော့ ငါက စိတ်ပါပါနဲ့လုပ်ပေးလို့ဆိုပြီး ကျေးဇူးတင်ချင်တာ..အဲ့လိုသဘောမျိုး"
ဤအကြောင်းကိုပြောနေရသည့်အခါ ဝိန်းရိဖန်စိတ်ထဲ အနည်းငယ်ရှက်လာမိ၍
"ဘာပဲဖြစ်ဖြစ် ဒါတွေက ငါ့ရဲ့အလုပ်ပဲဟာ..ဟုတ်တယ်မလား"
စန်းရန် ;
"မင်းရဲ့အလုပ်ဆိုတာ မှန်ပေမယ့် မင်း အကောင်းဆုံးလုပ်ပေးနေတာကြောင့်မလို့ ချီးကျူးခံသင့်တယ်လေ"
ဝိန်းရိဖန်က နောက်စကားတစ်ခွန်းမဆိုခင် အတော်ကြာအောင် တိတ်ဆိတ်နေမိ၏။
"တကယ်တော့လေ အရင်တုန်းက ငါ သတင်းထောက်လုပ်ရတာကို အရမ်းသဘောကျခဲ့တာမဟုတ်ဘူး"
ဤစကားကိုကြားလိုက်ရခြင်းကြောင့် စန်းရန်က သူမအား လှည့်ကြည့်လာသည်။
"အမ်?"
"ဒီအလုပ်နယ်ပယ်နဲ့တော့ ဘာမှမဆိုင်ပါဘူး..ငါ ဟိုးအရင်တုန်းကခံစားမိခဲ့တာကလေ အက,ကတာ ကလွဲရင် အခြားဘယ်အလုပ်မဆို ဘာပဲလုပ်လုပ် ဒီအတိုင်း အားလုံးကအတူတူလိုပဲ"
သူမဘက်မှ ဖွင့်ဟပြောပြလာခြင်းဖြစ်သည့်အတွက် စန်းရန်က လှမ်းသာကြည့်နေပြီး စကားမဆို။
"တကယ်တော့ ငါ နင့်ကို ညာထားတာတစ်ခုရှိသေးတယ်"
သည်စကားတွင်တော့ ဝိန်းရိဖန်၏မျက်တောင်များ လှုပ်လှုပ်ခတ်ခတ်ဖြစ်လာပြီး ဟိုးအတိတ်ဆီမှခံစားမိခဲ့သည့် ခံစားချက်များကို ပြန်လည်သယ်ဆောင်လာခဲ့၏။
"အထက်တန်း ဒုတိယနှစ်မှာ ငါ ပုံမှန်ကျောင်းသူအဖြစ်ပြောင်းလိုက်တာကလေ တကယ်တော့ မက,နိုင်တော့လို့မဟုတ်ဘူး..ငါ့ပထွေးက အကသင်တန်းကြေးတွေ အရမ်းစျေးများတယ်လို့ပြောလာလို့ ငါ့အမေက ငါ့ကိုဆက်မ,ကခိုင်းတော့တာ"
"...."
စန်းရန် မှင်သေသွားခဲ့မိ၏။ ဤကဲ့သို့သော အကြောင်းအရင်းမျိုးရှိနေလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ခြင်းကြောင့် ဘယ်လိုတုံ့ပြန်လိုက်ရမည်ကိုပင် မသိပေ။
"အဲ့တုန်းက လက်လျော့ခဲ့တဲ့အချိန်ကစပြီး နောက်ပိုင်းတွေမှာ အက,ကမယ့်ကိစ္စကို ထပ်မတွေးဖြစ်ခဲ့တော့ဘူး..ဘာဖြစ်လို့လဲဆိုတော့ ငါက လိုချင်တာတွေကိုရအောင်ယူမယ်ဆိုပြီး ကိုယ့်ကိုကိုယ်ဖိအားပေး ၊ မတိုက်ယူတတ်ခဲ့လို့..အဲ့နောက်မှာတော့ ဘာပဲလုပ်လုပ် ဒီအတိုင်း အဓိပ္ပါယ်မရှိဘဲ အရေမရအဖတ်မရတွေ လုပ်နေရသလိုပဲ"
စန်းရန်၏ခြေလှမ်းများရပ်သွားခဲ့ပြီး သူမအား မေးလာခဲ့သည်။
"မင်း ထပ်ပြီး က,ချင်နေတုန်းပဲလား"
"တကယ်လို့သာ လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်က လာမေးရင်တော့ က,ချင်သေးတယ်လို့ ဖြေရင်ဖြေမှာ"
ဝိန်းရိဖန်က အလေးအနက်လည်းပြန်ဖြေနေခဲ့သလို ပြုံးပြုံးလေးပင်ဖြစ်၍
"ဒါပေမယ့် မနေ့က ချယ်ရှင့်ဒယ်ရဲ့ဝန်ခံထွက်ဆိုထားတဲ့အမှုအကြောင်းကို သတင်းရေးအပြီး ဒီနေ့ ကော်လင်ရဲ့အဖေ ဖုန်းဆက်လာတဲ့အချိန်မှာတော့...."
"...."
ဝိန်းရိဖန်က မျက်လုံးများကွေးသွားအောင် ပြုံးလိုက်ပြီး
"ရုတ်တရက်သိလိုက်ရတာက လက်စသတ်တော့ ငါက သတင်းထောက်ဖြစ်ရတာကို တော်တော်လေးသဘောကျနေခဲ့တယ်ဆိုတာပဲ"
မူလကရှိခဲ့သည့် စိတ်ကူးယဥ်အိမ်မက်များဟာလည်း တစ်ချိန်ချိန်မှာ အကြောင်းအမျိုးမျိုးကြောင့်နှင့် ပြောင်းလဲသွားနိုင်သည် မဟုတ်လား။
အတိတ်ကာလတုန်းက သူမသည် အက,ပညာတစ်ခုတည်း၌သာ ပါရမီပါသည်ဟု ထင်မှတ်ခဲ့ဖူးသည်။ ထို့ကြောင့် အပေါ်သို့ပျံသန်းနိုင်မည့်အတောင်ပံများ ချိုးခံလိုက်ရသည့်အချိန်တွင် သူမဟာ ဘာမှလုပ်နိုင်စွမ်းမရှိတော့သည့်သူတစ်ဦးလို ခံယူခဲ့ဖူးပါသေးသည်။ သူမက အရိပ်ထဲ၌သာ ပုန်းအောင်း၍နေထိုင်ခဲ့ပြီး အခြားအရာများကို လက်ခံယူလိုခြင်းမရှိခဲ့၏။
စိတ်ထဲ၌ ခံစားမိခဲ့သည်မှာလည်း လူ့လောကကြီးအား သည်အတိုင်းဖြတ်သန်းသွားရလျှင်လည်း မဖြစ်နိုင်သည်တော့မဟုတ်။
သူမ အမှန်တကယ်ကျေနပ်ပြီးပျော်ရွှင်နေမှန်း သတိထားမိသွားသည့်အခါတွင်မှ စန်းရန်က ခပ်တိုးတိုးလေးစကားဆိုလိုက်သည်။
"သဘောကျရင် ပြီးတာပါပဲ"
နှစ်စက္ကန့်မျှကြာပြီးသွားနောက်တွင် စန်းရန်က ထပ်၍
"နောက်ဆို မင်းရဲ့ကောင်လေးတစ်ယောက်တည်းကိုပဲ ကပြတာကလည်း တစ်မျိုးကောင်းတာပဲလေ"
"...."
ဝိန်းရိဖန် ချက်ချင်းမော့ကြည့်လိုက်ပြီး တစ်ခဏကြာသွားကြာသွားသည့်အခါတွင်တော့ မနေနိုင်အောင်ရယ်မိလိုက်တော့၏။
"စန်းရန်..နင် အရင်တုန်းက ငါ က,တာကိုအရမ်းသဘောကျခဲ့တာမလား"
"...."
စန်းရန်၏မျက်ခွံများ လှုပ်ခနဲဖြစ်သွားသော်ငြား တည့်တိုးသာပြန်ဖြေလာခဲ့၏။
"အခုမှ သိတာလား?"
"ငါ အခုချိန်မှာ မက,နိုင်တော့ဘူးရော"
"အဲ့တော့လည်း ဘာဖြစ်လဲ"
စန်းရန်က လုံးဝ စိတ်ထဲမထည့်သည့်ပုံစံမျိုးဖြင့်
"မင်းရဲ့ဘယ်လိုပုံစံမျိုးမဆို ကိုယ် သဘောကျနေမှာပဲ"
---------
နှစ်ယောက်သားက အတော်ကြာအောင် လှည့်ပတ်ကြည့်နေကြ၏။
ဝိန်းရိဖန်၏ အကြိုက်မှာ ပေါ့ပေါ့ပါးပါးအစားအသောက်မျိုးများဖြစ်ပြီး ဖျော်ရည်များပင် သောက်လေ့မရှိဘဲ များသောအားဖြင့် ရေနွေးသာ သောက်တတ်သည်။ စျေးတန်းထဲရှိ သရေစာအများစုကိုလည်း သူမ အကြိုက်မတွေ့သည့်အပြင် ဒဏ်ရာပေါ်သက်ရောက်သွားမည်စိုးသောကြောင့် စန်းရန်ကိုပါ မစားခိုင်းပေ။
နောက်ဆုံးတွင် ဝိန်းရိဖန်က လက်လုပ်ချိုချဥ်ထုပ်များကိုသာ ဝယ်လာခဲ့၏။
အိတ်ကိုဖောက်လိုက်ပြီး အထဲမှတစ်ခုထုတ်ယူကာ စန်းရန်၏ပါးစပ်နားသို့ တိုးပေးလိုက်၍
"နင် စားဦးမလား"
စန်းရန်အနေဖြင့် ဤချိုအီနေသည့်အရာအပေါ် လုံးဝစိတ်မဝင်စားချေ။ တစ်ချက်လှမ်းကြည့်ပြီး ငြင်းဆန်သည့်အမူအရာတို့ကို အတိုင်းသားလုပ်ပြပြီး
"မစားဘူး"
"အို့"
ဝိန်းရိဖန်သည်လည်း စန်းရန်၏အကြိုက်ကို သိပြီးသားပင်။ ချိုချဥ်အား သူမ၏ပါးစပ်ထဲထည့်လိုက်ပြီး အရသာခံကာ မှတ်ချက်ပြုလိုက်သည်။
"အဲ့လောက် မချိုဘူး..နို့အရသာ နည်းနည်းပဲပါတာ..နင် စားကြည့်ကြည့်ပါလား"
စကားအဆုံးတွင် အိတ်ထဲမှ နောက်ထပ်တစ်ခုကို ထပ်ထုတ်ယူလိုက်သည်။
စန်းရန် ;
"ဟုတ်ပြီလေ..ကိုယ် စားကြည့်မယ်"
"ဒါဆို..."
ဝိန်းရိဖန် မျက်လုံးပင့်ကြည့်ပြီး စကားမဆုံးလိုက်ခင် စန်းရန်က သူမအားစိုက်ကြည့်နေသည်ကို မြင်လိုက်ရကာ နောက်တစ်စက္ကန့်တွင် သူမ၏ခေါင်းအနောက်ဘက်မှာ ထိန်းကိုင်ခံလိုက်ရ၏။ စန်းရန်၏နှုတ်ခမ်းပါးက ထိကပ်လာပြီး သူမ၏ပါးစပ်ထဲမှ ချိုချဥ်ကို လှမ်းဖမ်းယူကာ နှုတ်ခမ်းဖြင့်ကိုက်ရင်း သူ့ပါးစပ်ထဲ ထည့်လိုက်သည်။
"...."
ဝိန်းရိဖန် ချိုချဥ်ထုပ်ကိုကိုင်ထားရင်း အနည်းငယ်ကြောင်အမ်းအမ်းလေးဖြစ်နေလေသည်။
"အာ..ကိုယ် ညာခံလိုက်ရတာပဲ"
ဤသို့လှုပ်ရှားလိုက်ခြင်းကြောင့် စန်းရန်၏နှုတ်ခမ်းပေါ်တွင် အရည်ကြည်များ ကပ်ပါသွားခဲ့၏။ သူမ၏ သတိလက်လွတ်ဖြစ်နေသည့်အမူအရာကို လှမ်းကြည့်နေရင်း သဘောတကျပြုံးလိုက်၍
"တော်တော်ကြီး ချိုတယ်"
ဝိန်းရိဖန်က တော်တော်နှင့်တုံ့ပြန်မလာနိုင်ဘဲ ခံတွင်းထဲ၌ သကြားလုံးအရသာချိုချိုချဥ်ချဥ်လေးများ ကျန်ရစ်နေခဲ့သည်။ သူမအနေဖြင့် မေးလိုက်မိချင်သည်မှာ အိတ်ထဲတွင် ချိုချဥ်တွေအများကြီးရှိနေပါရက်ဖြင့် အဘယ်ကြောင့် သူမ၏ပါးစပ်ထဲကတစ်ခုကိုမှ လာယူစားသွားသည့်အကြောင်းပင်။ သို့သော်ငြား ထိုစကားလုံးတို့အစား အခြားတစ်ခုကိုသာ မေးမြန်းဖြစ်လိုက်၏။
"အရမ်းချိုလို့လား"
Advertisement
- In Serial13 Chapters
The Horse Doctor
First in the Shapeshifter Symphonic Series - Sam, the local vet, has a secret Laura had never expected, and her life is turned upside down when she discovers what it is. However, the situation turns dark when a group bent on the discovery and revealing of the secret Sam's family protects attempts to force them out of hiding, placing Laura in the middle of a growing confrontation that will not just affect Sam but others who share his abilities as well.
8 123 - In Serial6 Chapters
daphne pink
an artist x fan au.Because who would ever think that the guy Sakura meets in Omegle is the famous singer Ryosuke she oh-so adores?
8 141 - In Serial9 Chapters
Arranged Married to a MultiBillionaire Tycoon Businessmen
Audrey Camille at Katherine Camille Na anak ng mga Zamora Pangalawa sa Pinakamayaman sa buong mundo.At nalaman nilang ipapakasal pala sila sa Pinakamayaman na mga lalaki sa buong mundo, Matatanggap kaya nila?Love or Hatred?
8 113 - In Serial42 Chapters
Broken- A Harry Potter Fanfic
The Dark Lord has finally been defeated. All Harry Potter wants is to finish his last year at Hogwarts and live a normal life like any other wizard. But that can be challenging when you're the saviour of the wizarding world, and when your eighth year at Hogwarts changes everything.These characters are owned by JK Rowling. I only own the writing and plot. It's canon, aside from some (very) small changes that probably won't go noticed.@m-blackhart designed this beautiful cover, i love them smmmThis will be a drarry (Draco and Harry) story.This story mentions PTSD, eating disorders, and depression. It will also include self harm, suicidal thoughts, and suicide attempts. If any of these topics are triggering for you, I would advise you against reading.#1 in fanfiction 05/21/21#1 in dracoxharry 02/20/21#1 in drarryfanfic 01/13/22
8 155 - In Serial78 Chapters
Heartbreak Roommate
After being cheated on by her fiancé, the last thing Lydia wants to do is room with her brother and his 2 roommates, but what happens when she has no where else to go? ***Devastated by a betrayal by her ex-fiancé and ex best-friend, Lydia Montgomery is forced to leave her home to move in with her brother and his roommate to get back on her feet. All of her plans, however, are de-railed when division 1 football player and her brother's former roommate comes home after an injury to take his room back, leaving Lydia with two options: move out and be practically homeless, or stay in a house with her brother and his two roommates. As she grows closer to Emmett, her secrets are brought to light as well as dangers that appear at every turn, and with his football career hanging in the balance, will their attraction survive the fallout? *Strong sexual content and some triggering scenes*Complete
8 322 - In Serial48 Chapters
Lustrous
Clumsy, accident prone and damn right weird is how people often describe Skylar Martin and it didn't surprise her that even the opposite sex didn't seem to be attracted to these qualities either.But is that all about to change?When Sky discovers her fathers deepest darkest secrets she knows she must do anything to protect her family even if it means marrying a man she doesn't even know and trying to become the woman she wasn't born to be. With threats and hard decisions to make Sky will have to deal with more then just her quirky and crazy inner self but also the demands of her new fiance.Has she taken on more then she can handle? Read and find out.Reached #958 in Romance
8 97

