《First Frost (Myanmar Translation)》Chapter 81
Advertisement
ပထမဆုံးနှင်းများ တစ်ကြိမ်တစ်ခါ ဖြတ်သန်းကူးလားသွားပြီးသည့်အခိုက်တွင် အပူဓါတ်များကို တစ်ပါတည်းသယ်ဆောင်သွားသည့်အလား နန်းဝူမြို့၏ဆောင်းရာသီက တစ်စစနှင့်ဝင်လာပြီး အအေးဓါတ်လွှမ်းလာခဲ့သည်။ အချိန်များစီးဆင်းသွားခဲ့သည်နှင့်အတူ စန်းရန်၏ဒဏ်ရာလည်း သက်သာလာခဲ့ကာ အမာရွတ်ရာရေးရေးလေးသာ ကျန်နေတော့သည်။
ဝိန်းရိဖန်က အမာရွတ်ပျောက်ကင်းနိုင်မည့်နည်းလမ်းမျိုးစုံကိုရှာဖွေကြည့်ပြီး ရက်ပိုင်းခန့် လက်တည့်စမ်းအသုံးပြုကြည့်လိုက်အခါ သူ့အမာရွတ်က အမှန်တကယ်လည်း မှေးမှိန်လာခဲ့သည်။
အချိန်ကာလမှာ သတိမထားမိလိုက်ပါဘဲ နှစ်ကုန်ခါနီးသို့ ရောက်လာခဲ့သည်။
အင်တာဗျူးကိစ္စအပြီး ဌာနသို့ ပြန်လာသည့်အခါ ဝိန်းရိဖန်သည် 'ကန်ဟုန်ယွမ်'၏ လျှပ်တပြက် စကားခေါ်ပြောခြင်းကိုခံလိုက်ရသည်။ အဓိကဆိုလိုရင်းမှာ ယခုနှစ်၏ နှစ်ပတ်လည်အခမ်းအနားက မကြာမီရောက်တော့မည်ဖြစ်၍ သူမ၏ကိုယ်ရေးရာဇဝင်ထဲရှိ ဆယ်နှစ်တာအက,လေ့ကျင့်ထားသည့်အတွေ့အကြုံအရ 'ချွမ်တ' သတင်းဌာနအုပ်စု၏ဂုဏ်ကိုဆောင်၍ သူမအား ဖျော်ဖြေမှုတစ်ခုလုပ်ပေးရန် တောင်းဆိုလာခြင်းဖြစ်သည်။
ဝိန်းရိဖန်က ကြိုတင်သိထားခြင်းမရှိသည့် ရုတ်တရက်ဆန်သောအခြေအနေကြီးကြောင့် ကြောင်အမ်းသွားရ၏။
"ဒါရိုက်တာ..ကျွန်မ ဆယ်နှစ်နီးပါးက,ခဲ့တာမှန်ပေမယ့် မက,ဖြစ်တော့လည်း ဆယ်နှစ်ပြည့်တော့မှာလေ"
'ကန်ဟုန်ယွမ်'က တပြုံးပြုံးလုပ်ရင်း ရေနွေးခွက်ကိုလှမ်းယူ၍
"ကိစ္စမရှိပါဘူး..ဘာမှမတတ်တာထက်စာရင် တတ်ထားတာက ပိုသာပါတယ်လေ..ပြီးတော့ အားလုံးက အပျော်သဘောပဲလုပ်ကြတာပါ..ဆရာတို့ဌာနထဲမှာရှိတဲ့ ကောင်မလေးငယ်ငယ်လေးတွေဆိုတာ လက်ချိုးရေလို့တောင်ရတယ်..အားလုံးက သန်သန်မာမာယောက်ျားကြီးတွေချည်းပဲ..ဘယ်သူကမှလည်း ကြည့်ပျော်ရှုပျော်ရှိကြတာမဟုတ်ဘူး"
ဝိန်းရိဖန်က ဆက်၍ငြင်းနေဆဲ
"ဒါပေမယ့် ကျွန်မမှာ လေ့ကျင့်ဖို့ကလည်း အချိန်က သိပ်မရဘူး..အခြေခံကကွက်တွေကိုတောင် မလေ့ကျင့်ဖြစ်ခဲ့တာ အရမ်းကြာလှပြီ..လက်ထဲမှာလည်း နောက်ဆက်တွဲလိုက်ရမယ့် သတင်းတွေရှိနေသေးတယ်"
ကန်ဟုန်ယွမ်က ခေါင်းတငြိမ့်ငြိမ့်ဖြင့်
"ဒါဆို မင်း အခုတလော ဆရာ့ကို သတင်းတွေတင်ပြပေးစရာ မလိုတော့ဘူး..ဖျော်ဖြေပွဲအတွက်ပဲ ကောင်းကောင်းပြင်ဆင်ပါ..အရမ်းကြီး လျှပ်ပေါ်လော်လီစရာမလိုဘူး..ဆရာတို့ရဲ့ဌာနက အများနဲ့မတူဘူးလေ..သဘောပေါက်တယ်မလား..ကတတ်သလို က,ရင်ကိုရပြီ"
"...."
ဝိန်းရိဖန်က သုံးလေးကြိမ်ထပ်ငြင်းကြည့်ပါသေးသော်လည်း စကားလုံးတိုင်းကို ကန်ဟုန်ယွမ်က တစ်ခွန်းချင်း ပြန်ချေပနိုင်သဖြင့် အဆုံးတွင် စင်ပေါ်တင်ခံလိုက်ရသည့် ဘဲတစ်ကောင်အဖြစ်သို့ ရောက်သွားခဲ့ရတော့သည်။
နေရာသို့ပြန်ရောက်သည့်အခါ စုထျန်းက သူမအနားသို့ စပ်စပ်စုစုဖြင့်ရောက်လာလေသည်။
"ဒါရိုက်တာက နင့်ကိုခေါ်ပြီး ဘာပြောတာတဲ့လဲ..နှစ်ပတ်လည်အခမ်းအနားကိစ္စလား"
ဝိန်းရိဖန် လှည့်ကြည့်လိုက်၍
"နင်ရော အခေါ်ခံထားရတာလား"
"ဟုတ်ပ..ဒါပေမယ့် ငါ့မှာ ထူးချွန်နေတာမျိုးဘာမှမရှိတာမလို့..သူ တစ်ခွန်းပြောတိုင်း ငါတစ်ခွန်း ပြန်ငြင်းခဲ့တာပဲ"
စုထျန်းက အမှန်တကယ်ကို မလုပ်နိုင်သဖြင့်လည်း တဟီးဟီးဖြင့်ပြုံး၍
"အရင်နှစ်တုန်းက အစ်မဝမ်လင်လင်ရှိတော့ သူပဲ ဦးဆောင်ပြီးစီစဥ်နေကျလေ..ဒီနှစ်ကျတော့ ဘယ်သူကမှ ဦးဆောင်ပြီးမထွက်တော့ ဒါရိုက်တာလည်း စိတ်ညစ်ပြီနေမှာ..သူ ခုဏတုန်းကတောင် အခြားသူတွေ တစ်ယောက်ပြီးတစ်ယောက်ရှာနေတာ ငါတွေ့လိုက်သေးတယ်..ကြည့်ရတာ အခု နင့်ကို တာဝန်ပေးလိုက်ပြီထင်တယ်"
ဝိန်းရိဖန် ခေါင်းကိုက်လာရတော့၏။
"ဘာမှမဖြစ်ပါဘူး..ဒီအတိုင်း အဆင်ပြေသလိုသာက,လိုက်..အရင်နှစ်ရဲ့ နှစ်ပတ်လည်ပွဲကို နင်လည်း မြင်ဖူးထားတာပဲ..ဖျော်ဖြေမယ့်အစီအစဥ်မျိုးက သုံးလေးခုလောက်ပဲပါတာ..ဒီအတိုင်း ပျော်ပျော်ပါးပါးစည်ကားနေရုံပဲ"
စုထျန်းက ထပ်၍ အားပေးလာခဲ့သည်။
"ပြီးတော့ ဆုတွေဘာတွေလည်း ပေးဦးမှာ..ဟုတ်သားပဲ နင့်ရဲ့ စန်းဘဲဘုရင်ကြီးကိုလည်း အတူခေါ်လာလို့ရသေးတယ်လေ"
ဤစကားကို ကြားသည့်အခါ ဝိန်းရိဖန် ခပ်မတ်မတ်လေးဖြစ်သွားခဲ့၏။
စုထျန်းက စနောက်သည့်သဘောဖြင့်
"ပြောမရရင် သူလည်း နင်က,တာကို ကြည့်ရင်ကြည့်ချင်မှာပေါ့"
ဝိန်းရိဖန်က တစ်စုံတစ်ရာကိုသတိရသွားသည့်အလား စုထျန်းရှိရာဘက်သို့ လှမ်းကြည့်မိလိုက်ရင်း အစောပိုင်းတုန်းက ရှိနေခဲ့သည့် မျက်နှာထက်မှ ကူကယ်ရာမဲ့ခြင်းများမှာ ပျောက်ကွယ်သွားခဲ့ရသည်။ သူမ မျက်နှာကိုထောက်လိုက်ပြီး နှုတ်ခမ်းတို့ကလည်း ရေးရေးလေးကွေးလိုက်မိ၏။
"အင်း..ငါ ပြန်ရောက်ရင် သေချာစဥ်းစားကြည့်လိုက်မယ်"
--------
အိမ်ပြန်ရောက်သည့်အချိန်တွင် စန်းရန်က ပြန်မရောက်သေး။ အိပ်ခန်းထဲသို့ ဝင်လာကာ ရေချိုးလိုက်ပြီးနောက် သူမ ဧည့်ခန်းဘက်သို့ ပြန်ထွက်လာသည့်အချိန်တွင်တော့ စန်းရန်၏ အသံမက်ဆေ့ပို့နေသည့် စကားသံကိုကြားလိုက်ရသည်။
"မင်းရဲ့ကိုကို ငါက ၉၀ခုနှစ်ဖွား..ကျေးဇူး"
"...."
ဤစကားတစ်ခွန်းတည်းဖြင့်ပင် ဖုန်းတစ်ဖက်ရှိလူမှာ မည်သူဖြစ်ကြောင်း ဝိန်းရိဖန် ချက်ချင်းတန်းသိလိုက်သည်။
ရေခဲသေတ္တာထဲမှ ဒိန်ချဥ်တစ်ဘူးကိုယူပြီး စန်းရန်၏ဘေး၌ ဝင်ထိုင်လိုက်သည့်အချိန် ထိုသူက အသံမက်ဆေ့အရှည်ကြီးအား စိတ်မရှည်တော့သည့်အသံမျိုးဖြင့် ပို့နေလေသည်။
"ဒီလောက်အကြာကြီးအချိန်ဆွဲမနေနဲ့ လိုရင်းကိစ္စကိုပြော..မင်း အရင်ဆုံး ငါ့ကို အကြောင်းပြချက်ပြောပြ..ဘာလို့ သဘောမတူတာတဲ့လဲ..အကြောင်းအရင်းက 'အို'နေလို့ ဆိုရင်တော့ ငါလည်း ဘာမှမတတ်နိုင်ဘူး..မင်းရည်းစားက တကယ်လည်း နည်းနည်းအိုနေပြီ"
ဝိန်းရိဖန်က ဒိန်ချဥ်အား တိတ်တိတ်ဆိတ်ဆိတ်ဖြင့်သာ သောက်နေ၏။
သူ စာပို့ပြီးသွားမှသာ ဝိန်းရိဖန် မေးလိုက်၏။
"ကျီကျီ ဘာဖြစ်လို့လဲ"
စန်းရန်က ပျင်းတိပျင်းရွဲဖြင့်
"နှစ်သစ်ကူးမှာ သွမ့်ကျားရွှီကို အိမ်ခေါ်လာချင်လို့တဲ့..ပြောတာတော့ ကိုယ့်အဖေနဲ့အမေက သူတို့နှစ်ယောက်ကို သဘောမတူဘူးဆိုလား"
"အာ?"
ဝိန်းရိဖန်စိတ်ထဲ၌ ကရုဏာသက်မိသွား၍
"ဘာလို့ သဘောမတူတာလဲ"
စန်းရန်၏ပုံစံမှာတော့ စိတ်ထဲ ထည့်ပုံပင်မရဘဲ
"မသိဘူးလေ..အသက်အရမ်းကြီးလို့နေမှာပေါ့"
ဝိန်းရိဖန် အန္တရာယ်များသည့်အငွေ့အသက်များကို ရုတ်ချည်းခံစားမိလိုက်တော့၏။
"ငါလည်း သွမ့်ကျားရွှီနဲ့ အသက်ချင်း အတူတူလောက်ပဲမလား"
စန်းရန်က တရားကျကျစကားဆိုလိုက်သည်။
"ကိုယ်တို့နှစ်ယောက်က ၉၀ခုနှစ်နောက်ပိုင်းဖွားတွေ"
"...."
စန်းရန်တစ်ယောက် အသက်ကြီးပြီး'အို'နေပြီဆိုသော စာလုံးအား ဘယ်လိုအတိုင်းအတာမျိုးဖြင့် နှိုင်းယှဥ်မှန်း ဝိန်းရိဖန် နားမလည်ပါတော့ချေ။
Advertisement
ထို့နောက်တွင် စန်းရန်က ဝိန်းရိဖန်အား ခေါင်းစောင်းကြည့်လိုက်ပြီး ထိုစကားများကိုရှေ့ပြေးအနေဖြင့်သတ်မှတ်ကာ ရုတ်တရက်မေးလာခဲ့သည်။
"ဝိန်းရွှမ်းကျန့်..ဒီနှစ် နှစ်သစ်ကူးကျရင် ကိုယ့်အိမ်လိုက်ခဲ့မလား"
သွမ့်ကျားရွှီအပေါ် မှတ်ချက်ပြုထားသည့် စန်းရန်၏မိဘများ၏သဘောထားကို နားထောင်ထားရသည့်အတွက် ဝိန်းရိဖန်စိတ်ထဲ စိုးရိမ်ကြောင့်ကြလာမိသည်။
"နင့်မိဘတွေက သဘောမတူဆိုရင် ဘယ်လိုလုပ်မလဲ"
စန်းရန်က မျက်ခုံးပင့်ပြ၍
"ဒီကိစ္စအတွက်တော့ မင်း စိတ်ပူမနေနဲ့"
"ဘာလို့လဲ?"
"ကိုယ့်ရဲ့လက်တွဲဖော်နဲ့ပတ်သတ်ပြီး သူတို့ လိုချင်တဲ့သတ်မှတ်ချက်က အရမ်းမများဘူး"
စန်းရန်သည်လည်း ယခုလို ဘာမှမသတ်မှတ်ထားသလိုပင် နိမ့်နေသည့်သတ်မှတ်ချက်က လွဲမှားနေသည်ဟု မထင်။ထို့ကြောင့် အေးအေးလူလူဖြင့်
"မိန်းကလေးဆိုရင်ကို ရပြီ"
စန်းရန်၏အခြေအနေက မိန်းကလေးတစ်ယောက်ရှာဖို့ရာ အမှန်တကယ်ကို မစိုးရိမ်ရသည့်အခြေအနေမျိုးဖြစ်ပါသည့်တိုင် အဘယ်ကြောင့်မှန်းမသိ စန်းရန်၏အမေက သားဖြစ်သူလေး ဇနီးတစ်ယောက်ရှာမရမည့်အရေးကို အလွန်စိုးရိမ်ပြီး အရင်ကဆိုလျှင် အမြဲတမ်းလိုလို Blind Date များစီစဥ်ပေးခဲ့ဖူးလေသည်။
ဝိန်းရိဖန်အနေဖြင့် အကြောင်းအရင်းကိုမသိသော်ငြား ထပ်၍လည်း နှိုက်နှိုက်ချွတ်ချွတ်မမေးဖြစ် ၊ အလေးအနက်ထားပြီးသဘောတူလိုက်သည်။
"ဒါဆို အဲ့အချိန်ကျရင် လက်ဆောင်ပြင်ဆင်ထားလိုက်မယ်..နင့်ဖေဖေ မေမေတို့က ဘာကြိုက်တတ်လဲ"
"အမ်..ဘာမှမဝယ်လည်းရတယ်"
စန်းရန်က စိတ်ကြည်လင်နေသည့်အလား နှုတ်ခမ်းကိုကွေး၍ပြုံးလိုက်၏။
"ဝယ်ချင်နေရင်တော့ အဲ့အချိန်ကျရင် ကိုယ် မင်းနဲ့အဖော်လိုက်ခဲ့ပေးမယ်"
"အင်း"
ဝိန်းရိဖန် စိတ်အေးသွားရပြီး ကုမ္ပဏီ၏နှစ်ပတ်လည်အခမ်းအနားကိစ္စအား ကြိုတင်ပြောသင့် မပြောသင့် တွေးကြည့်နေလိုက်သည်။ သို့သော်ငြား ကိုယ်တိုင် ကပြဖျော်ဖြေမည့်အရေးက အချိန်ကျလျှင် ကနိုင် မက,နိုင် မသေချာသေးသည့်အတွက် သူ၏အချိန်စာရင်းကိုသာ တစ်ချက်မေးကြည့်ထားလိုက်၏။
"ဒါနဲ့..၂၂ရက်နေ့ ညကျရင် နင် အားလား"
"မသေချာသေးဘူး..ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး..ကုမ္ပဏီနှစ်ပတ်လည်အခမ်းအနားရှိလို့"
ဝိန်းရိဖန်က မျက်လွှာချလိုက်ပြီး မရှင်းမလင်းသာဆိုလိုက်၏။
"မိသားစုဝင်တွေကို ခေါ်လာလို့ရတယ်လေ"
စန်းရန်က ချက်ချင်းနားလည်လိုက်၏။
"မင်း ဖျော်ဖြေမှုတစ်ခုခုထဲ ပါထားလို့လား"
"...."
စန်းရန်က ဘယ်လိုဘယ်ပုံ ခန့်မှန်းသွားမိမှန်းမသိ ၊ ဝိန်းရိဖန် တည်ငြိမ်ယောင်ဆောင်ထားလိုက်၍
"အင်း..စုထျန်းနဲ့အတူတူ သီချင်းဆိုမလို့..နင် လာကြည့်ချင်တယ်ဆိုရင် လာလို့ရတယ်"
စန်းရန်က များများစားစားမတွေးဘဲ အလျင်းသင့်သလိုပြန်ဖြေလိုက်သည်။
"ဟုတ်ပြီ"
နှစ်ပတ်လည်အခမ်းအနားမတိုင်ခင် တစ်ရက်တွင် တိုက်တိုက်ဆိုင်ဆိုင် ဝိန်းရိဖန် ပိတ်ရက်တစ်ရက်ရလိုက်သည်။ သူမ၏ နဂိုမူလအစီအစဥ်မှာ တစ်ညတာကောင်းကောင်းအနားယူပြီး နိုးလာသည့်အချိန်တွင် အက,လေ့ကျင့်ရန်ဖြစ်သည်။ အဆုံးသတ်တွင်တော့ တစ်ညလုံး စန်းရန်၏ဒဏ်ကို လူးလွန့်၍ခံရသည်မှာ မနက်မိုးသောက်လင်းခါနီးအထိ။
ဝိန်းရိဖန်တစ်ကိုယ်လုံး လှုပ်ရှားချင်စိတ်လေးပင် ရှိမနေတော့ချေ။
နိုးတစ်ဝက် အိပ်တစ်ဝက်အခြေအနေကြားတွင် စန်းရန်၏ဖုန်းသံကလည်း တစ်ချိန်လုံးမြည်လျက်။
နောက်တွင်တော့ သူမ အနှောင့်အယှက်ဖြစ်၍ နိုးသွားမည်ကို စိုးရိမ်ခြင်းကြောင့် စန်းရန်က အိပ်ရာထဲမှထကာ အခန်းထဲမှတန်းထွက်သွားခဲ့သည်။ တစ်ခဏတာမျက်လုံးဖွင့်ကြည့်လိုက်သေးသော်လည်း အိပ်ချင်နေသည့်စိတ်က အိပ်မက်ကမ္ဘာထဲ ပြန်ဆွဲခေါ်သွားခဲ့၏။
သိပ်ပင်မကြာသည့်အချိန်အတွင်း ဝိန်းရိဖန်က အိမ်ရှေ့တံခါးခေါက်နေသည့်အသံကို ထပ်၍ကြားရပြန်တော့သည်။
နားရွက်ကို ခေါင်းအုံးဖြင့်အုပ်ပြီး စန်းရန် တံခါးပြေးဖွင့်ပေးမည့်အချိန်ကို စောင့်နေလိုက်၏။
သို့သော် မိနစ်ပိုင်းကြာသွားသည်အထိ အိမ်ရှေ့တံခါးသံမှာ ကြားနေဆဲပင်။
ဝိန်းရိဖန်၏ အိပ်ရာအနှိုးခံရသည့်ဒေါသများက ငယ်ထိပ်အထိ ထိုးထွက်နေလေပြီး အတွင်းစိတ်ထဲမှလည်း အသက်ကိုနှုတ်ယူပစ်ချင်အသည်အထိ တေးထားကာ အိပ်ရာထဲမှ ကုန်းရုန်းထလာခဲ့သည်။ အိပ်ချင်မူးတူးဖြင့် ကြောင်အမ်းနေသည့်အခိုက် ရေချိုးခန်းဆီမှရေကျသံတစ်ချို့ ကြားလိုက်ရသည်။
ဝိန်းရိဖန်က တံခါးဝဆီသို့သာ လျှောက်လာပြီး သစ်သားတံခါးချပ်လေးကိုဖွင့်ကြည့်လိုက်၍
"ဘယ်သူလဲ?"
အပြင်ဘက်ရှိလူမှာ ပစ္စည်းပို့ဆောင်သည့်ဝန်ထမ်းဝတ်စုံမျိုးကို ဝတ်ထား၏။
"မှာထားတဲ့ပစ္စည်း လာပို့တာပါ"
ဝိန်းရိဖန်၏ဦးနှောက်က လုံးဝအလုပ်မလုပ်နိုင်တော့ချေ ၊ သူမ၏စိတ်ထဲတွင် ဤပစ္စည်းကိုအမြန်ယူပြီး မြန်မြန်ပြန်အိပ်မည့်အရေးကိုသာ လောနေလေ၏။ ပစ္စည်းလက်ခံပြီးသည်နှင့် တံခါးပြန်ပိတ်ကာ ဖွင့်ပင်မကြည့်တော့ဘဲ ပစ္စည်းထုပ်အား ထမင်းစားပွဲပေါ်တင်ပြီး စန်းရန်၏အိပ်ခန်းထဲ၌ ပြန်အိပ်နေလေသည်။
ဤတစ်ကြိမ်တွင်လည်း မည်မျှကြာသွားမှန်းမသိ။
ရေချိုးခန်းထဲမှ ထွက်လာသည့်စန်းရန်၏အသံကို ဝိန်းရိဖန် ထပ်ကြားရပြန်၏။ တံခါးဖွင့်ဝင်လာသည့်သူက အခန်းထဲရောက်လာသည်နှင့် သူ့ခန္ဓာကိုယ်ထက်မှ စန္ဒကူးရနံ့များကလည်း နေရာတိုင်းလွှမ်းမိုးသွားခဲ့ကာ သူမ၏ဘေး၌ ဝင်ထိုင်လိုက်သည်။
"ခုဏက ဘယ်သူလာတာလဲ"
ဝိန်းရိဖန်က ခြုံစောင်ကို ခေါင်းထိလုံအောင်ဖုံးပစ်လိုက်သည်မှာ ထိုသူအား အရေးမလုပ်ချင်သည့်အပြုအမူ။
စန်းရန်က ထပ်၍အနှောင့်အယှက်မပေးတော့ဘဲ အပြင်ထွက်သွားခဲ့ကာ သိပ်မကြာခင် ပြန်ရောက်လာခဲ့သည်။ မည်သည့်အရာကို မြင်ခဲ့ခြင်းကြောင့်မှန်းမသိ စန်းရန်က သူမ၏ ခြုံစောင်ကိုလှန်လိုက်၍
"ဝေ့..ဝိန်းရွှမ်းကျန့်..စိတ်ဆိုးနေတာလား"
ဝိန်းရိဖန် သည်းညည်းခံထားလိုက်ရင်း ခြုံစောင်ကိုပြန်ဆွဲယူ၏။
"ငါ အိပ်ချင်နေတယ်"
"အဲ့ပစ္စည်းက သွမ့်ကျားရွှီက ကိုယ့်အတွက်မှာပေး...."
"စန်းရန်"
ဝိန်းရိဖန်က သူ့စကားကိုဖြတ်ပြောလိုက်ပြီး ခပ်တည်တည်ဖြင့်
"နင် ငါအိပ်နေတာကို ဆက်ပြီးနှောင့်ယှက်နေဦးမယ်ဆိုရင် နောက်ထပ်တစ်ပတ်လုံးလုံး ငါ နင့်ကို ဂရုမစိုက်ဘဲပစ်ထားလိုက်တော့မှာ..နားလည်လား?"
"...."
စန်းရန်က စက္ကန့်ပိုင်းကြောင်အမ်းသွားသော်ငြား မျက်ခုံးကိုပင့်ပြီး ရယ်လိုက်မိ၏။
"ဘာဖြစ်လို့ ကိုယ်စကားပြောတဲ့ပုံစံအတိုင်း လိုက်ပြောနေတာလဲ"
ဝိန်းရိဖန်က ခြုံစောင်ထဲလျှိုဝင်သွားပြီး တစ်ဖက်သို့လှည့်ကာ ကျောပေးပစ်လိုက်သည်။
"ကိုယ့်ညီမက နန်းဝူကို ပြန်လာတာမလို့ ကိုယ် သွားကြိုလိုက်ဦးမယ်"
စန်းရန်သည်လည်း ဤကောင်မလေး၏ အိပ်ရာအနှိုးခံရသည့်ဒေါသက အဘယ်ကြောင့် ဒီလောက်ထိကြီးနေမှန်းကို နားမလည်တော့သဖြင့် အသံခပ်တိုးတိုးဖြင့်သာ စကားဆိုလိုက်သည်။
"ခဏနေကျရင် ကိုယ်တို့ အပြင်ထွက်ပြီးထမင်းသွားစားကြမယ်နော်"
ဝိန်းရိဖန်က ပြောစကားကိုမကြားသည့်အလား သူ့ကို လုံးဝ အရေးမလုပ်ချေ။
Advertisement
လက်ရှိအခြေအနေကိုကြည့်ရင်း စန်းရန် အကြောင်းအရင်းမရှိပါဘဲ အသည်းယားလာမိကာ အသံထွက်အောင်ရယ်လိုက်ရင်း သူမအား လှမ်းဆွဲလိုက်ပြီး ခြုံစောင်ကိုဖယ် ၊ သူ့ရင်ခွင်ထဲ မဆိုင်းမတွ ဆွဲထည့်၍ ခပ်ပြင်းပြင်း ဖိနမ်းပစ်လိုက်သည်။
သူမ ထပ်၍ ဒေါသထွက်လာသည့်အငွေ့အသက်များကို ခံစားမိလိုက်သည့်အခါတွင်တော့ စန်းရန်က ဘာမှမဖြစ်သွားသည့်အတိုင်း ချက်ချင်း စောင်ဖြင့်ပြန်ပတ်ပေးလိုက်၏။
"အင်းပါ..အိပ်တော့နော်..ကိုယ် အပြင်သွားပြီ"
---------
ထို့နောက်တွင်တော့ ဝိန်းရိဖန် အိပ်ရာထဲ၌သာ လူးလိမ့်နေပြီး ထပ်၍အိပ်မပျော်ပါတော့၏။ အိပ်ရေးပျက်ထားခြင်းကြောင့် သူမ၏စိတ်အခြေအနေက အတော်လေးကိုစိတ်ဆတ်နေလေပြီး ဖွင့်ကြည့်လိုက်သည့် ဖုန်းထဲတွင် စန်းရန်ပို့ထားသည့်မက်ဆေ့တစ်စောင်ကို မြင်လိုက်ရသည်။
[ အိပ်ရာနိုးရင် ကိုယ့်ကိုပြောဦး ]
ဝိန်းရိဖန်က ထိုလူအား လုံးလုံးလျားလျားကို အရေးမစိုက်ချင်တော့သဖြင့် စာမပြန်ပေ။
ကိုယ်လက်သန့်စင်ပြီးသည့်အခါ ဝိန်းရိဖန်က စားပွဲပေါ်မှ ပစ္စည်းကိုကြည့်ရင်း အပေါ်၌ လက်ခံမည့်သူအတွက် မှတ်စုတိုရေးပေးထားသည်။
---ငါ့ကောင်လေးက အဖျားရှိပြီးနေမကောင်းဖြစ်နေလို့ သုံးရက်တိတိ ဘယ်သူနဲ့မှ အဆက်အဆံလုပ်လို့မရဘူး ၊ ငါက အခြားမြို့ကိုရောက်နေပြီး ချက်ချင်းပြန်မလာနိုင်တာမလို့ ကျေးဇူးပြု၍ သူ့ကို သေချာပေါက်နှိုးပေးပြီး ထမင်းစားခိုင်းလိုက်ပါ ၊ ကျေးဇူး ---
"...."
ဤအစားအသောက်က စန်းရန် မှာထားသည့်ပုံရကာ..
သူက ဤစာများကို ဘာအတွက်ကြောင့် ရေးခိုင်းရသနည်း။
သူ အိပ်ရာမနိုးမှာစိုးတဲ့အတွက်ကြောင့်လား?
ဝိန်းရိဖန်လည်း များများစားစားမတွေးမိ ၊ ထိုအစားအသောက်ဘူးကိုယူပြီး ဆိုဖာပေါ်ထိုင်ကာ တီဗွီဖွင့်ပြီး အခုတလောနာမည်ကြီးနေသည့်ဇာတ်လမ်းတွဲကို ရှာကြည့်လိုက်သည်။ စားနေသည့်တစ်လျှောက်လုံးတွင်လည်း စားပွဲပေါ်တင်ထားသည့်ဖုန်းမှာ တစ်ကြိမ်ပြီးတစ်ကြိမ် တုန်ခါလျက်။
ဝိန်းရိဖန်က လှမ်းကြည့်လိုက်သော်ငြား ဘာကိစ္စမှမရှိသလိုနေပြီး စာမပြန်သေးပေ။
စားသောက်နေသည့်လမ်းတစ်ဝက်အရောက်တွင်တော့ အိမ်တံခါးဆီမှ ရုတ်တရက်အသံကြားလိုက်ရသည်။ တံခါးထဖွင့်ပေးလိုက်လျှင် အပြင်ဘက်တွင်ရပ်နေသည့်သူမှာ စန်းကျီ။
"ကျီကျီ..ညီမလေး ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"
"ညီမလေးရဲ့အစ်ကိုက အပေါ်တက် လာခေါ်ခိုင်းလိုက်လို့"
ထမင်းဘူးပေါ်မှ မှတ်စုတိုကိုလှမ်းကြည့်ပြီး စန်းကျီက အပြစ်ရှိသလိုလိုဖြင့် လက်ညှိုးထိုးပြ၍
"ရိဖန်ကျဲ..မမက ကိုကို့ကို ဒီကိစ္စကြောင့်နဲ့ စိတ်ဆိုးနေတာလား"
ဤစကားတစ်ခွန်း၏အဆုံးတွင် ဝိန်းရိဖန်သည် သူမ၏မျက်နှာအနေအထားက စိတ်ဆိုးနေမှန်း အရမ်းများသိသာနေခြင်းလား ဟူသည့် မေးခွန်းမျိုးတွေးကြည့်မိလာ၏။ ထပ်ကာ မှတ်စုတိုကို လှမ်းကြည့်ရင်း
"မဟုတ်ပါဘူး..မမတောင် အကုန်လုံးစားလိုက်ပြီးပြီ"
စန်းကျီက သက်ပြင်းချလိုက်၍
"မမက ကိုကို့ကိုနောက်မီးလင်းနေတယ်လို့များ အထင်လွဲသွားပြီလားလို့ ညီမလေးစိတ်ပူနေတာ"
စက္ကန့်ပိုင်းကြာ တိတ်ဆိတ်သွားခဲ့၏။
မှတ်စုတိုပေါ်မှ စာသားဟာ ထိုအဓိပ္ပါယ်မျိုးသက်ရောက်နေမှန်း ဝိန်းရိဖန် ချက်ချင်းသဘောပေါက်လိုက်၍ မျက်လွှာကိုချပြီး ဖြေးဖြေးချင်းမေးလာခဲ့သည်။
"အာ..ဒါက နောက်မီးလင်းတဲ့အဓိပ္ပါယ်လား"
"...."
စန်းကျီ သုံးလေးခွန်းထပ်၍ ပြောရလေတော့သည်။
နေ့လည်စာစားချိန်လည်းနီးနေပြီဖြစ်သောကြောင့် ဤကလေးမလေး ဗိုက်ဆာနေမည်ကိုစိုးရိမ်ပြီး ဝိန်းရိဖန်က မီးဖိုချောင်ဝင်ကာ ခေါက်ဆွဲပြုတ်ပေးရန်ပြင်လိုက်သည်။ စန်းကျီက အနောက်မှလိုက်လာရင်း
"ရိဖန်ကျဲ..ကိုကိုက ထမင်းစားဖို့အတွက် မမကိုပါ ခေါ်လာခိုင်းထားတာ..ညီမလေးတို့ မသွားတော့ဘူးလား"
ဝိန်းရိဖန် ;
"မမက စားပြီးပြီလေ..ညီမလေး အပြင်ထွက်စားချင်လို့လား"
"မမချက်ပေးတာပဲ စားတော့မယ်"
မကြာလိုက်သည့်အချိန်အတွင်း အိမ်တံခါးဝ၌နောက်ထပ်လှုပ်ရှားသံတစ်ခုရှိလာကာ စန်းကျီက တံခါးထဖွင့်ပေးသည်။
စန်းရန်က အပြင်ဘက်မှလျှောက်ဝင်လာပြီး အနက်ရောင်လေကာအင်္ကျီနှင့်အရောင်တူ ဘောင်းဘီရှည်ကို ဝတ်ထားခြင်းကြောင့် ပုခုံးကျယ်ကျယ် ခြေတံရှည်ရှည်အသွင်အပြင်တို့က ပို၍ထင်းရှင်းနေ၏။ သူ့အရိပ်အယောင်ကို လှမ်းမြင်လိုက်သည်နှင့် မနက်ခင်းတုန်းက သူမကို အားရပါးရနှောင့်ယှက်သွားသည့်ကိစ္စကို ပြေး၍သတိရလိုက်သေးသည်။
ထို့အပြင် သူ့ကိုယ်သူ အမှားမလုပ်ထားသလို နေနေသည့်မျက်နှာပေး။
ဝိန်းရိဖန်က နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး သူနှင့် စကားပြောချင်စိတ်မှာ တစ်စိုးတစ်စိမှမရှိ။
မီးဖိုချောင်ထဲရောက်နေကြသည့်လူနှစ်ယောက်အား စန်းရန်က မေးလာခဲ့သည်။
"မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ"
စန်းကျီ ;
"မမယောင်းမက ညီမလေးအတွက် ခေါက်ဆွဲပြုတ်ပေးနေတာ"
'ယောင်းမ' ဆိုသည့် စကားလုံးကိုကြားလိုက်သည့်အခါတွင်တော့ ဝိန်းရိဖန် ခေါင်းစောင်းကြည့်လာပြီး စန်းရန်နှင့် နှစ်စက္ကန့်ကြာကြာအကြည့်ချင်းဆုံလိုက်၏။ ထို့နောက် စန်းကျီဘက်သို့ ရွေ့သွားပြီး မှတ်စုတိုပေါ်မှစာသားကို ပြန်အမှတ်ရအောင် တကူးတကပင် သတိပေးလိုက်တော့သည်။
"မမကို အဲ့လိုမခေါ်နဲ့..ညီမလေးရဲ့အစ်ကိုက နောက်မီးလင်းနေပြီ"
စန်းရန် ; "...."
----------
(Zawgyi)
ပထမဆုံးႏွင္းမ်ား တစ္ႀကိမ္တစ္ခါ ျဖတ္သန္းကူးလားသြားၿပီးသည့္အခိုက္တြင္ အပူဓါတ္မ်ားကို တစ္ပါတည္းသယ္ေဆာင္သြားသည့္အလား နန္းဝူၿမိဳ႕၏ေဆာင္းရာသီက တစ္စစႏွင့္ဝင္လာၿပီး အေအးဓါတ္လႊမ္းလာခဲ့သည္။ အခ်ိန္မ်ားစီးဆင္းသြားခဲ့သည္ႏွင့္အတူ စန္းရန္၏ဒဏ္ရာလည္း သက္သာလာခဲ့ကာ အမာ႐ြတ္ရာေရးေရးေလးသာ က်န္ေနေတာ့သည္။
ဝိန္းရိဖန္က အမာ႐ြတ္ေပ်ာက္ကင္းနိုင္မည့္နည္းလမ္းမ်ိဳးစုံကိုရွာေဖြၾကည့္ၿပီး ရက္ပိုင္းခန့္ လက္တည့္စမ္းအသုံးျပဳၾကည့္လိုက္အခါ သူ႕အမာ႐ြတ္က အမွန္တကယ္လည္း ေမွးမွိန္လာခဲ့သည္။
အခ်ိန္ကာလမွာ သတိမထားမိလိုက္ပါဘဲ ႏွစ္ကုန္ခါနီးသို႔ ေရာက္လာခဲ့သည္။
အင္တာဗ်ဴးကိစၥအၿပီး ဌာနသို႔ ျပန္လာသည့္အခါ ဝိန္းရိဖန္သည္ 'ကန္ဟုန္ယြမ္'၏ လွ်ပ္တျပက္ စကားေခၚေျပာျခင္းကိုခံလိုက္ရသည္။ အဓိကဆိုလိုရင္းမွာ ယခုႏွစ္၏ ႏွစ္ပတ္လည္အခမ္းအနားက မၾကာမီေရာက္ေတာ့မည္ျဖစ္၍ သူမ၏ကိုယ္ေရးရာဇဝင္ထဲရွိ ဆယ္ႏွစ္တာအက,ေလ့က်င့္ထားသည့္အေတြ႕အႀကဳံအရ 'ခြၽမ္တ' သတင္းဌာနအုပ္စု၏ဂုဏ္ကိုေဆာင္၍ သူမအား ေဖ်ာ္ေျဖမႈတစ္ခုလုပ္ေပးရန္ ေတာင္းဆိုလာျခင္းျဖစ္သည္။
ဝိန္းရိဖန္က ႀကိဳတင္သိထားျခင္းမရွိသည့္ ႐ုတ္တရက္ဆန္ေသာအေျခအေနႀကီးေၾကာင့္ ေၾကာင္အမ္းသြားရ၏။
"ဒါရိုက္တာ..ကြၽန္မ ဆယ္ႏွစ္နီးပါးက,ခဲ့တာမွန္ေပမယ့္ မက,ျဖစ္ေတာ့လည္း ဆယ္ႏွစ္ျပည့္ေတာ့မွာေလ"
'ကန္ဟုန္ယြမ္'က တၿပဳံးၿပဳံးလုပ္ရင္း ေရႏြေးခြက္ကိုလွမ္းယူ၍
"ကိစၥမရွိပါဘူး..ဘာမွမတတ္တာထက္စာရင္ တတ္ထားတာက ပိုသာပါတယ္ေလ..ၿပီးေတာ့ အားလုံးက အေပ်ာ္သေဘာပဲလုပ္ၾကတာပါ..ဆရာတို႔ဌာနထဲမွာရွိတဲ့ ေကာင္မေလးငယ္ငယ္ေလးေတြဆိုတာ လက္ခ်ိဳးေရလို႔ေတာင္ရတယ္..အားလုံးက သန္သန္မာမာေယာက္်ားႀကီးေတြခ်ည္းပဲ..ဘယ္သူကမွလည္း ၾကည့္ေပ်ာ္ရႈေပ်ာ္ရွိၾကတာမဟုတ္ဘူး"
ဝိန္းရိဖန္က ဆက္၍ျငင္းေနဆဲ
"ဒါေပမယ့္ ကြၽန္မမွာ ေလ့က်င့္ဖို႔ကလည္း အခ်ိန္က သိပ္မရဘူး..အေျခခံကကြက္ေတြကိုေတာင္ မေလ့က်င့္ျဖစ္ခဲ့တာ အရမ္းၾကာလွၿပီ..လက္ထဲမွာလည္း ေနာက္ဆက္တြဲလိုက္ရမယ့္ သတင္းေတြရွိေနေသးတယ္"
ကန္ဟုန္ယြမ္က ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္
"ဒါဆို မင္း အခုတေလာ ဆရာ့ကို သတင္းေတြတင္ျပေပးစရာ မလိုေတာ့ဘူး..ေဖ်ာ္ေျဖပြဲအတြက္ပဲ ေကာင္းေကာင္းျပင္ဆင္ပါ..အရမ္းႀကီး လွ်ပ္ေပၚေလာ္လီစရာမလိုဘူး..ဆရာတို႔ရဲ႕ဌာနက အမ်ားနဲ႕မတူဘူးေလ..သေဘာေပါက္တယ္မလား..ကတတ္သလို က,ရင္ကိုရၿပီ"
"...."
ဝိန္းရိဖန္က သုံးေလးႀကိမ္ထပ္ျငင္းၾကည့္ပါေသးေသာ္လည္း စကားလုံးတိုင္းကို ကန္ဟုန္ယြမ္က တစ္ခြန္းခ်င္း ျပန္ေခ်ပနိုင္သျဖင့္ အဆုံးတြင္ စင္ေပၚတင္ခံလိုက္ရသည့္ ဘဲတစ္ေကာင္အျဖစ္သို႔ ေရာက္သြားခဲ့ရေတာ့သည္။
ေနရာသို႔ျပန္ေရာက္သည့္အခါ စုထ်န္းက သူမအနားသို႔ စပ္စပ္စုစုျဖင့္ေရာက္လာေလသည္။
"ဒါရိုက္တာက နင့္ကိုေခၚၿပီး ဘာေျပာတာတဲ့လဲ..ႏွစ္ပတ္လည္အခမ္းအနားကိစၥလား"
ဝိန္းရိဖန္ လွည့္ၾကည့္လိုက္၍
"နင္ေရာ အေခၚခံထားရတာလား"
"ဟုတ္ပ..ဒါေပမယ့္ ငါ့မွာ ထူးခြၽန္ေနတာမ်ိဳးဘာမွမရွိတာမလို႔..သူ တစ္ခြန္းေျပာတိုင္း ငါတစ္ခြန္း ျပန္ျငင္းခဲ့တာပဲ"
စုထ်န္းက အမွန္တကယ္ကို မလုပ္နိုင္သျဖင့္လည္း တဟီးဟီးျဖင့္ၿပဳံး၍
"အရင္ႏွစ္တုန္းက အစ္မဝမ္လင္လင္ရွိေတာ့ သူပဲ ဦးေဆာင္ၿပီးစီစဥ္ေနက်ေလ..ဒီႏွစ္က်ေတာ့ ဘယ္သူကမွ ဦးေဆာင္ၿပီးမထြက္ေတာ့ ဒါရိုက္တာလည္း စိတ္ညစ္ၿပီေနမွာ..သူ ခုဏတုန္းကေတာင္ အျခားသူေတြ တစ္ေယာက္ၿပီးတစ္ေယာက္ရွာေနတာ ငါေတြ႕လိုက္ေသးတယ္..ၾကည့္ရတာ အခု နင့္ကို တာဝန္ေပးလိုက္ၿပီထင္တယ္"
ဝိန္းရိဖန္ ေခါင္းကိုက္လာရေတာ့၏။
"ဘာမွမျဖစ္ပါဘူး..ဒီအတိုင္း အဆင္ေျပသလိုသာက,လိုက္..အရင္ႏွစ္ရဲ႕ ႏွစ္ပတ္လည္ပြဲကို နင္လည္း ျမင္ဖူးထားတာပဲ..ေဖ်ာ္ေျဖမယ့္အစီအစဥ္မ်ိဳးက သုံးေလးခုေလာက္ပဲပါတာ..ဒီအတိုင္း ေပ်ာ္ေပ်ာ္ပါးပါးစည္ကားေန႐ုံပဲ"
စုထ်န္းက ထပ္၍ အားေပးလာခဲ့သည္။
"ၿပီးေတာ့ ဆုေတြဘာေတြလည္း ေပးဦးမွာ..ဟုတ္သားပဲ နင့္ရဲ႕ စန္းဘဲဘုရင္ႀကီးကိုလည္း အတူေခၚလာလို႔ရေသးတယ္ေလ"
ဤစကားကို ၾကားသည့္အခါ ဝိန္းရိဖန္ ခပ္မတ္မတ္ေလးျဖစ္သြားခဲ့၏။
စုထ်န္းက စေနာက္သည့္သေဘာျဖင့္
"ေျပာမရရင္ သူလည္း နင္က,တာကို ၾကည့္ရင္ၾကည့္ခ်င္မွာေပါ့"
ဝိန္းရိဖန္က တစ္စုံတစ္ရာကိုသတိရသြားသည့္အလား စုထ်န္းရွိရာဘက္သို႔ လွမ္းၾကည့္မိလိုက္ရင္း အေစာပိုင္းတုန္းက ရွိေနခဲ့သည့္ မ်က္ႏွာထက္မွ ကူကယ္ရာမဲ့ျခင္းမ်ားမွာ ေပ်ာက္ကြယ္သြားခဲ့ရသည္။ သူမ မ်က္ႏွာကိုေထာက္လိုက္ၿပီး ႏႈတ္ခမ္းတို႔ကလည္း ေရးေရးေလးေကြးလိုက္မိ၏။
"အင္း..ငါ ျပန္ေရာက္ရင္ ေသခ်ာစဥ္းစားၾကည့္လိုက္မယ္"
--------
အိမ္ျပန္ေရာက္သည့္အခ်ိန္တြင္ စန္းရန္က ျပန္မေရာက္ေသး။ အိပ္ခန္းထဲသို႔ ဝင္လာကာ ေရခ်ိဳးလိုက္ၿပီးေနာက္ သူမ ဧည့္ခန္းဘက္သို႔ ျပန္ထြက္လာသည့္အခ်ိန္တြင္ေတာ့ စန္းရန္၏ အသံမက္ေဆ့ပို႔ေနသည့္ စကားသံကိုၾကားလိုက္ရသည္။
"မင္းရဲ႕ကိုကို ငါက ၉၀ခုႏွစ္ဖြား..ေက်းဇူး"
"...."
ဤစကားတစ္ခြန္းတည္းျဖင့္ပင္ ဖုန္းတစ္ဖက္ရွိလူမွာ မည္သူျဖစ္ေၾကာင္း ဝိန္းရိဖန္ ခ်က္ခ်င္းတန္းသိလိုက္သည္။
ေရခဲေသတၱာထဲမွ ဒိန္ခ်ဥ္တစ္ဘူးကိုယူၿပီး စန္းရန္၏ေဘး၌ ဝင္ထိုင္လိုက္သည့္အခ်ိန္ ထိုသူက အသံမက္ေဆ့အရွည္ႀကီးအား စိတ္မရွည္ေတာ့သည့္အသံမ်ိဳးျဖင့္ ပို႔ေနေလသည္။
"ဒီေလာက္အၾကာႀကီးအခ်ိန္ဆြဲမေနနဲ႕ လိုရင္းကိစၥကိုေျပာ..မင္း အရင္ဆုံး ငါ့ကို အေၾကာင္းျပခ်က္ေျပာျပ..ဘာလို႔ သေဘာမတူတာတဲ့လဲ..အေၾကာင္းအရင္းက 'အို'ေနလို႔ ဆိုရင္ေတာ့ ငါလည္း ဘာမွမတတ္နိုင္ဘူး..မင္းရည္းစားက တကယ္လည္း နည္းနည္းအိုေနၿပီ"
ဝိန္းရိဖန္က ဒိန္ခ်ဥ္အား တိတ္တိတ္ဆိတ္ဆိတ္ျဖင့္သာ ေသာက္ေန၏။
သူ စာပို႔ၿပီးသြားမွသာ ဝိန္းရိဖန္ ေမးလိုက္၏။
Advertisement
- In Serial22 Chapters
Dil-e-Iztiraar
A story about saher and saim How they help each other with their past ,and decide to share their life with each other but will they over come their enemies and save their love?A story about furqaan How he mend the heart of his lady love, with his sacrifice and pure love,but will this cruel world will help him to do so?Give this story a try to know about them
8 154 - In Serial235 Chapters
Stronger as One (Completed)
(𝐬𝐭𝐞𝐚𝐦𝐲 𝐬𝐡𝐢𝐟𝐭𝐞𝐫 𝐫𝐨𝐦𝐚𝐧𝐜𝐞🔞) Thrown into a supernatural shifter world,a feisty security expert with an aversion to relationships must contend with the men destined to be her mates while stopping a maniacal demon from destroying their world.──────────────────You play the hand you are dealt or you just punch the dealer- that's what Riley has always believed in. Which is why she never let herself be defined by the car crash that took her family away as a toddler or the mystery of her past. Embracing the love of her adoptive parents,she pushed on with her life and worked her way up to become UK's top security and protection expert at only 27 years old. Until one day her past came knocking on her door,turning her life upside down and leaving her questioning everything she ever knew and who she really was.A hidden world full of powerful magic,hot-blooded shifters,fated mates,and impending threats awaits her now. A world that is completely unfamiliar to her,yet one she will fight with fire and fury to save.But when everything is on the line,can her badass ways help her this time or will she crumble?And will her heart accept her destiny and the men fated to be by her side?(Note: Still to be edited, so please forgive minor typos/errors)⚠️This book is intended for an audience that is 18+ (mature themes, sexual content & strong language)⚠️Tropes: -Fated mates that don't accept bonds by default(menage)-Badass Heroine,Protective Alpha Heroes-Mating tattoos,no insta-recognition-Mixed shifter & supernatural universe(🐺🐉🐻🦊,demons,warlocks,etc)-Characters in late 20s to mid-30s-Set in UK/Scotland-Secrets,action,emotional scars,destined saviours,grumpy & cinnamon roll LIs***Highest Rankings***#1 Supernatural#1 Magic#1 Menage#1 Dragons#1 Strong Female Character#1 Steamy#1 Wolves#1 MFM#3 Love#3 Mates#3 Alpha#3 Paranormal#4 Werewolf#4 PNR
8 199 - In Serial84 Chapters
Knock, Knock
You think your life is fucked up? You haven't met Casey Kings yet.Book cover by: @HerParamour 🖤
8 176 - In Serial53 Chapters
Bite into Me
"I want both of you as much as I want the other."Camille is your average nineteen year old girl, with a past she doesn't know. Everything changes when she meets a mysterious guy at work, a guy that tries to kill her. The world she knows is completely distorted, as she uncovers the secrets of the creatures from the underworld. She has a plan to make the two men that have captured her care for her, but will she lose herself along the way?
8 146 - In Serial19 Chapters
Pet Project :His Dissertation
The Internship is exploring 'Sexual Awakening Methods' What wasn't specified are the research methods employed. His 'hands-on' approach would normally have her running, but for the fact that her motivations aren't pure either - Told from the POV of the Video Recording Device
8 91 - In Serial22 Chapters
The French Bride
Disclaimer: this story is not mine I did not write it the original author and owner is marina ka-fai on fanfic toon.net. All. Refit and ownership is hers. I put this story on wattpad because I wanted a copy on wattpad that I could download so I can read it whenever and again I don't own this story. The French Bride by Marina Ka-Fai>> What if Katherine Howard was not Henry's fifth wife? what if Cromwell was spared and told the king about a noble french woman, descendant of Eleanor of Aquitaine? Here is the tale of Queen Marina de Champagne, Henry VIII's fifth wife!
8 125

