《First Frost (Myanmar Translation)》Chapter 82
Advertisement
ပတ်ဝန်းကျင်အခြေအနေမှာ တစ်ခုခုမူမမှန်တော့မှန်း စန်းကျီ ခံစားမိလိုက်သည်နှင့် သူတို့နှစ်ဦးကို ဝေ့ဝဲ၍အကဲခတ်လိုက်ကာ အလိုက်သတိဖြင့် နှစ်ကိုယ်တည်းအတွက် နေရာပေးရန် မီးဖိုချောင်ထဲမှထွက်လာပေးလိုက်သည်။
ထွက်လာသည့်အချိန်တွင် တံခါးကိုပါ စေ့ထားပေးခဲ့၏။
ဝိန်းရိဖန်က အကြည့်လွှဲပစ်လိုက်ပြီး စဥ်းနှီတုံးပေါ်တင်ထားသည့် အသားပြားကို လှီးဖြတ်နေ၏။ ဆံပင်များကို သိမ်းကျုံးစည်းနှောင်ထားခြင်းဖြစ်ရာ သူမ၏နားရွက်ဖျားများနှင့် လည်ဂုတ်တို့က အတိုင်းသားလှစ်ဟထားပြီး မျက်နှာထက်တွင်ရှိနေကျဖြစ်သော နွေးထွေးသည့်အပြုံးများက လက်ရှိအချိန်တွင်တော့ မည်သည့်ခံစားချက်မှမရှိတော့သည့်အသွင်အပြင်မျိုးအဖြစ် ပြောင်းလဲထားနှင့်ပြီ။
စန်းရန်က သူမ၏ဘေးနားသို့လျှောက်သွားပြီး စက္ကန့်ပိုင်းကြာကြာတိတ်ဆိတ်နေပါသေးသည်။ ထို့နောက်တွင်မှ ကိုးရိုးကားယားဖြစ်နေသည့်အခြေအနေအတွက် စကားစဆိုလိုက်၏။
"ဝိန်းရွှမ်းကျန့်..ကိုယ် နောက်မီးလင်းနေတယ်လို့ထင်နေတာတောင်မှ အဲ့အပြင်စာကို စားဖြစ်အောင်စားလိုက်သေးတာလား"
"...."
တစ်ဖက်ရန်သူ၏ အချက်ကျကျတိုက်ကွက်က ချက်ကောင်းကိုတည့်တည့်ကြီးထိလျက်။
ဝိန်းရိဖန်၏လှုပ်ရှားမှုများ တုံ့ခနဲရပ်သွားခဲ့သည်။ သူ့စကားတစ်ခွန်းကြောင့် လက်ချော်မလိုပင်ဖြစ်သွားခဲ့ပြီး ထိုမကြည်မသာဖြစ်နေသည့်စိတ်သေးသေးလေးမှာလည်း လွင့်စင်သွားခဲ့သည်။ မျက်လွှာကိုချထားပြီး စူပုတ်နေသည့်မျက်နှာထားမျိုးကို အတင်းလုပ်ယူကာ ခပ်တည်တည်ဖြင့်
"ဝယ်တောင် ဝယ်ထားပြီးပြီလေ"
စကားလုံး၏ရှုပ်ထွေးပုံက သည်လိုပင်။
မစားဘဲ ပစ်လိုက်လျှင် အလကားဖြစ်သွားမည့်အကြောင်းကို ဆိုလိုခြင်း။
သူမအား တစ်ခဏကြာကြာစိုက်ကြည့်ပြီးနောက် စန်းရန်က သည်အကြောင်းနှင့်ပတ်သတ်၍ မမေးမမြန်းတော့ဘဲ အခြားတစ်ခုကိုသတိရသွားခဲ့ကာ အိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းကိုထုတ်လာပြီး အရှေ့တွင်ဝေ့ရမ်းပြ၏။
"ဘာလို့ ကိုယ့်မက်ဆေ့တွေကို စာမပြန်တာလဲ"
စကားတစ်ခွန်းအပြီးတွင် သူ့ဘက်မှ တစ်ထစ်အလျော့ပေးသည့်အလား ထပ်၍ဆိုလာ၏။
"မမြင်လို့လား"
"မြင်သားပဲ"
ဝိန်းရိဖန်က ရေပိုက်ကိုဖွင့်ပြီး အသီးအရွက်များကိုဆေးကြောရင်း မတွန့်မဆွန့်ဘဲပြန်ဖြေလာသည်။
"မပြန်ချင်လို့ မပြန်တာ"
"...."
စန်းရန်က အင်္ကျီလက်ကိုပင့်တင်ပြီး ဝိန်းရိဖန်၏လက်အား အသီးအရွက်ဇလုံထဲမှဆွဲထုတ်လိုက်၏။ သည့်ထက်အပြင် ပြောစရာစကားမဲ့အောင်လုပ်နေသည့်လူက လက်ရေစိုကြီးဖြင့် သူမ၏မျက်နှာအား ဖြစ်ညှစ်လိုက်၏။
"ရပါတယ်လေ"
ဝိန်းရိဖန် မျက်စောင်းထိုးကြည့်လိုက်ကာ ရေစိုနေသည့်လက်နှစ်ဖက်အား သူ့အင်္ကျီနှင့် အကြမ်းပတမ်းသုတ်ပစ်လိုက်သည်။
သူမ၏လုပ်ရပ်ကြောင့် စန်းရန်က
"ဝိန်းရွှမ်းကျန့်..မင်း အခုတော့ အရမ်းတွေဒေါသကြီးတတ်နေပြီပေါ့"
"...."
အဲ့ဒါက! နင့်ဘက်က! အရင်ဆုံး! ငါအိပ်နေတာကို! လာဆူညံနေတာ! မဟုတ်ဘူးလား! ! !
ဝိန်းရိဖန်၏စိတ်အခြေအနေမှာ ထူးဆန်းလွန်းစွာဖြင့် ရှုပ်ထွေးမွန်းကြပ်လာရသည်။ သူ့ကိုလျစ်လျူရှူထားပြီး တစ်ဖက်သို့လှည့်ကာ အိုးတစ်လုံးယူ၍ ရေဖြည့်လိုက်သည်။ သူနှင့် စည်းခြားထားလိုက်သည့်အလား ရေဖြည့်နေရင်းဖြင့်လည်း ခြေလှမ်း သုံးလေးလှမ်း ခြားပစ်လိုက်သေး၏။
စန်းရန်က ရေပိုက်ကိုပိတ်ပြီး တစ်သျှူးဖြင့် လက်သုတ်၍
"ဝိန်းရွှမ်းကျန့်"
ဝိန်းရိဖန်က လျှပ်စစ်မီးဖိုပေါ်သို့ အိုးတင်လိုက်ပြီး ခလုတ်ဖွင့်လိုက်သည်။
သူက ဝါကျတစ်ကြောင်းကို သုံးခြမ်းခွဲပြီး ပြဿနာ၏အဓိကအချက်ကို ဖော်ပြလာခဲ့သည်။
"မင်း"
"စစ်အေးတိုက်ပွဲခင်းနေတယ်"
"ကိုယ့်ကို"
ထိုစကားကြောင့် ဝိန်းရိဖန် သူ့အား ချက်ချင်းလှမ်းကြည့်လိုက်သည်။ သူမ အသေအချာတွေးကြည့်လိုက်ရာ အမှန်တကယ်လည်း စစ်အေးတိုက်ပွဲခင်းထားသည့်အခြေအနေမျိုး ဖြစ်နေသောကြောင့် အကျိုးအကြောင်းသင့်သည့် တောင်းဆိုချက်တစ်ခုကို ပြုလိုက်၏။
"ဒါဆိုလည်း နင် ငါ့ကို စကားလာပြောမနေနဲ့လေ"
စန်းရန်က မျက်ခုံးအသာအသာပင့်၍
"အဲ့လိုလုပ်လို့ ရလို့လား"
သူမအား စစ်အေးတိုက်ပွဲခင်းသည်ဟု ထပ်၍စွပ်စွဲနေမည်စိုးသောကြောင့် ဝိန်းရိဖန် ခေါင်းငြိမ့်ပြလိုက်သည်။
ဝိန်းရိဖန်က ခေါက်ဆွဲခြောက်ထုပ်ကိုဖြည်ပြီး ပမာဏဘယ်လောက်များများ ထည့်ရမည့်အကြောင်း စဥ်းစားနေသည့်အခိုက်တွင် စန်းရန်က သူမအား အနောက်ဘက်မှနေ၍ ရုတ်တရက်ပွေ့ဖက်လာခဲ့၏။ ခေါင်းတစ်လုံးစာအရပ်မြင့်သည့်သူက ခန္ဓာကိုယ်ကိုအနည်းငယ်ကိုင်းထားပြီး သူမ၏ပုခုံးပေါ် မေးတင်ထားသည်။
နှစ်ယောက်သား၏ခန္ဓာကိုယ်မှာ တသားတည်းကပ်၍။
သူမ၏ခန္ဓာကိုယ်အား မှီစရာတစ်ခုသဖွယ် သဘောထားနေကာ သူ့ခွန်အားများအားလုံးကို လျော့ချပစ်ပြီး ပူးကပ်၍မှီလာလေသည်။
ဝိန်းရိဖန် ချက်ချင်းလှည့်ကြည့်လိုက်လျှင်။
"ဘာလို့လဲ..ကိုယ် တစ်ချက်လေးပဲ နမ်းမှာကို.."
စန်းရန်၏မျက်ခုံးနှင့်မျက်ဝန်းက မည်းနက်နေပြီး အောက်နှုတ်ခမ်းကို လျော့လျော့လေးကွေးထားရင်း နှေးနှေးကွေးကွေးဖြင့်
"မနေ့ညတုန်းက ကိုယ် မင်းကို အများကြီးနမ်းခဲ့တုန်းကတောင် မင်း စိတ်ဆိုးသွားတာမျိုးမမြင်ရဘဲနဲ့"
"...."
ဒီနှစ်ခုက အခြေအနေချင်းတူလို့လား? ? ?
တမူထူးခြားစွာကို ချွဲပြနေသည့်လူကြောင့် ဝိန်းရိဖန် သူ့မျက်နှာအား မနေနိုင်အောင်ညှစ်ပစ်လိုက်တော့သည်။
မှော်ပညာဖြင့်လှည့်စားလိုက်သည့်အလား သူမ၏လှုပ်ရှားမှုလေးတစ်ခုပြုလာသည်နှင့် စန်းရန်၏ပါးချိုင့်လည်း ပို၍ထင်သာလာခဲ့ကာ မျက်နှာအမူအရာကအစ နူးညံ့သွားခဲ့၏။ သူက ရယ်ချင်နေသည့်စိတ်ကို အောင့်အည်းထားပြီး တောင်းပန်တိုးလျှိုးနေသည့်အသံမျိုးလေးဖြင့်
"အင်းပါ..ကိုယ် မှားသွားပါတယ်"
ဝိန်းရိဖန်က သူ့အား မျက်တောင်မခတ်တမ်းလှမ်းကြည့်နေလိုက်သည်။
စန်းရန်က သူမ၏မျက်ဝန်းများကို လှမ်းကြည့်လာ၍
"စိတ်မဆိုးနဲ့တော့နော်"
စက္ကန့်ပိုင်းတစ်ခုစာ အေးခဲသွား၏ ၊ သူမ၏အမူအရာက လုံးဝမလျော့သွားသေးသည်ကို မြင်လိုက်ရသည့်အခါ စန်းရန်က စနောက်လိုသည့်အသံမျိုးဖြစ်သွားခဲ့၏။
"မင်းဆိုတဲ့ကောင်မလေးက ဘာလို့ ဒီလောက်ထိချော့ရခက်တာလဲ"
"...."
"မင်း ကိုယ့်ကို မသနားဘူးလား? နာရီပိုင်းလေးတောင် မအိပ်သေးရတာကို ဟိုခွေးကောင် သွမ့်ကျားရွှီက ကိုယ့်ကို တကျီကျီနဲ့ဖုန်းခေါ်ပြီး လူသွားကြိုခိုင်းတာ..ဟိုမလောက်လေးမလောက်စား 'ရှောင်ကွေ' ကို သွားကြိုပြီး ပြန်လာတဲ့အချိန်ကျတော့..."
စန်းရန်က နှေးနှေးကွေးကွေးဖြင့်
"ကိုယ့်မိန်းမလေးက ကိုယ့်ကို စစ်အေးတိုက်ပွဲခင်းပြီး ပစ်ထားတယ်"
ဝိန်းရိဖန် မနေနိုင်အောင် ဝင်ပြောမိလိုက်၏။
"ငါ ဘယ်လောက်မှတောင် စစ်အေးတိုက်ပွဲမခင်းရသေးဘူး"
စန်းရန် ;
"ဒါပေမယ့် ကိုယ်က အရမ်းနာကျင်ခံစားသွားရတာ..."
"ငါ အဲ့လောက်ထိလည်း သွေးမအေးပြရသေးဘူးနော်"
"အမ်..ကိုယ်ကတော့ အေးစိမ့်သွားရတာလေ"
စန်းရန်က ဝိန်းရိဖန်က အားထည့်၍တိုးဖက်လိုက်ပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအား သူ့ရင်ခွင်ထဲမြှုပ်ထားလိုက်သည်။ သူမ၏လည်ပင်းသားများကို တစ်တိတိဖြင့်ကိုက်၍လည်း ဒေါသပြေသွားမည့်နည်းလမ်းမျိုးစုံကိုသုံးနေ၏။
"ကိုယ့်ကို နွေးသွားအောင်လုပ်ပေးပါဦး"
Advertisement
"အေးနေရင်လည်း အနွေးထည်သွားဝတ်"
ဝိန်းရိဖန် ယားကျိကျိဖြစ်လာပြီး ဒေါသများကလည်း သူ့စကားလုံးနှင့်စနောက်မှုများကြောင့် ပျောက်ကွယ်ပြေလျော့သွားကာ ရယ်ချင်သလိုလိုဖြစ်လာရသည်။
"လူကဖြင့် ဒီလောက်တောင်ကြီးနေပြီကို..နေ့တိုင်းနေ့တိုင်း နင့်ကိုယ်နင် ယောက်ျားရင့်မာကြီးလို့ ပြောပြောနေပြီးတော့ ဘာလို့ ငါ့ကို လာချွဲနေတာလဲ"
စကားပြောနေရင်း မီးဖိုချောင်တံခါးရှိရာဘက်သို့လည်း ဘေးတိုက်အနေအထားဖြင့် လှမ်းကြည့်မိ၏။
မီးဖိုချောင်တံခါးမှာ မှန်တံခါးမျိုးဖြစ်ပြီး ဤနေရာမှလှမ်းကြည့်လျှင် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်ထိုင်၍ ဖုန်းကစားနေသည့် စန်းကျီကို လှမ်းမြင်နေရသည်။ အမြင်ခံလိုက်ရမည်ကိုစိုးရိမ်သောကြောင့် ဝိန်းရိဖန်၏စိတ်ထဲတွင် အခြားသောခံစားချက်တစ်ခုက အစားဝင်လာပြီး လက်ကိုမြှောက်၍ စန်းရန်၏မျက်နှာအား တွန်းထုတ်လိုက်သည်။
"သတိထားလေ"
စန်းရန် ;
"ဘာလို့လဲ"
"ကျီကျီ အပြင်ဘက်မှာရှိတယ်လေ..ကောင်မလေး နေရခက်နေမှာပေါ့"
စန်းရန်က အရှက်မရှိ ၊ ဘယ်သူမှမမြင်နိုင်သလိုမျိုး ပြုမူနေသည့်အတွက် ဝိန်းရိဖန် စိတ်ရှည်ရှည်ဖြင့် သတိပေးလိုက်၏။
"ပြီးတော့ နင်က အစ်ကိုတစ်ယောက်လုပ်နေပြီး ညီမလေးရှေ့မှာ လေးစားအောင်မနေပြတော့ဘူးလား"
"လေးစားအောင်?..သူ့မျက်လုံးထဲမှာ ကိုယ့်ကို အစတည်းက အဲ့လိုမျိုးမြင်မနေဘူး"
"...."
စန်းရန်က ဧည့်ခန်းဆီသို့ ခေါင်းလှည့်ကြည့်လိုက်ပြီး အေးအေးလူလူဖြင့်
"ပြီးတော့ အဲ့ဒီ'ရှောင်ကွေ'က ဟိုကောင် သွမ့်ကျားရွှီလို ရည်းစားမျိုးရထားမှတော့ လေကြီးလှိုင်းကြီးတွေကို ကြုံရလောက်ပြီးတဲ့လူလို့ သတ်မှတ်လို့ရနေပြီ"
ဝိန်းရိဖန်က ဆိုလိုရင်းကို သိပ်နားမလည်ချေ။
"အာ?"
ဤသို့ဤနှယ်စကားဆိုလိုက်သော်ငြား စန်းရန်က ခပ်မတ်မတ်ပြန်ရပ်ပြီး သူမ၏ဘေး၌ ရပ်ကာ ခေါင်းသဲ့သဲ့စောင်းကြည့်လိုက်သည်။
"အဲ့ဒီလူယုတ်မာကောင်က ကိုယ့်ထက်ပိုပြီး ထိန်းထိန်းသိမ်းသိမ်းနေပေးမယ့်ကောင်လို့များ ထင်နေလား"
စန်းရန်၏စကားကြောင့် ဝိန်းရိဖန်၏စိတ်ထဲတွင် သွမ့်ကျားရွှီက ဘယ်လိုဘယ်ပုံလူမျိုးဖြစ်ကြောင်း သိချင်လာမိတော့သည်။ ဘယ်လိုပင်ဖြစ်စေ သူမ၏ရှုထောင့်မှကြည့်လျှင် စန်းရန်၏ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိလွန်းမှုနှင့် မထီမဲ့မြင်ပြုမှုတို့က မည်သူမှလိုက်မမှီသည့် အဆင့်မျိုးရောက်နေပြီပင်။
ခေါက်ဆွဲကျက်သည့်အခါတွင်တော့ သုံးယောက်သားက စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင်ကြလျက်။
မှတ်စုတိုနှင့်ပတ်သတ်ပြီး ဝိန်းရိဖန် အထင်လွှဲနေမည်ကို စိုးရိမ်သည့်စန်းကျီက ရှားရှားပါးပါး စန်းရန်ဘက်မှလိုက်ပေး၍ သတိကြီးကြီးထားကာ ရှင်းပြလာခဲ့သည်။
"ရိဖန်ကျဲ..ခုဏတုန်းက ထမင်းဘူးကလေ ညီမလေးရဲ့ကောင်လေးပို့လိုက်တာ..သူက ကိုကို့ကို အိပ်ရာနှိုးပြီး ညီမလေးကို လာကြိုစေချင်တဲ့ရည်ရွယ်ချက်နဲ့ လုပ်လိုက်တာ..အခြားသူ မဟုတ်ဘူးနော်"
ဝိန်းရိဖန်က ပြုံးလိုက်၍
"မမ သိတယ်..ခုဏတုန်းက ညီမလေးရဲ့အစ်ကိုကို စ,နေတာ"
စန်းကျီက ထိုအခါတွင်မှ သက်ပြင်းချလိုက်ပြီး အကြည့်များမှာတော့ အရှေ့တွင်မြင်နေရသည့်နှစ်ယောက်အား ဆက်၍ကြည့်နေဆဲ။ ကြည့်ရသည်မှာ ဤမြင်ကွင်းမျိုးကို ကျင့်သားမရသေးသည့်ဟန်။ စန်းကျီက ဘယ်လိုမှလိုက်ဖက်သည်ဟု မခံစားရတော့သည့်အဆုံးတွင်တော့ မနေနိုင်အောင် စကားဆိုလိုက်မိသည်။
"ရိဖန်ကျဲ..မမ ညီမလေးရဲ့ကိုကိုနဲ့ အိမ်ခန်းအတူမျှနေတာ ကြာပြီမလား"
ဝိန်းရိဖန် ; "အမ်"
"ဒီအတိုင်း..."
စန်းကျီက ရေရွတ်သလို တရွတ်ရွတ်ဖြင့် မတိုးမကျယ်ဆိုလိုက်၏။
"မမရဲ့လက်တွဲဖော်ရွေးတဲ့စံနှုန်းက နိမ့်သွားလို့.."
"...."
စန်းရန် ချက်ချင်းလှည့်ကြည့်လာပြီး အေးစက်စက်အသံဖြင့်
"ဘာပြောလိုက်တာ?"
ဤသည်မှာ ဝိန်းရိဖန်ကောင်လေး၏မကောင်းကြောင်းကို အတင်းပြောနေခြင်းနှင့်တူသဖြင့် စန်းကျီက တစ်ခဏအောင့်အည်းလိုက်ကာ သည်အကြောင်းကို ထပ်၍မဆို။ ခေါင်းငုံ့ကာ ခေါက်ဆွဲတစ်ငုံစားလိုက်ပြီး ဝိန်းရိဖန်ကိုလည်း တစ်ချက်လှမ်းကြည့်ရင်း အခြားတစ်မျိုးပြောင်း၍ဆိုသည်။
"ရိဖန်ကျဲ..မမက အရမ်းလှနေရဲ့သားနဲ့.."
စောင်းမြောင်းပြောဆိုနေသော်ငြား ဆိုလိုရင်းအဓိပ္ပါယ်မှာ သိသိသာသာ။
စန်းရန်တစ်ယောက် နောက်ကျောကိုဓါးဖြင့်ထိုးမည့်ရန်သူအား အိမ်ထဲခေါ်လာမိသည့်အဖြစ်။ ထိုင်ခုံကို ကျောမှီထိုင်လိုက်ပြီး စန်းကျီအား တည့်တိုးစိုက်ကြည့်လိုက်၏။
"ရှောင်ကွေ..မင်း ငါ့ကို ဘာအကူအညီတောင်းထားလဲ..မှတ်မိလား?"
စန်းရန်အား မိဘတွေရှေ့တွင် သွမ့်ကျားရွှီ၏ကောင်းကြောင်းများ ပြောပြပေးရန် အကူအညီတောင်းထားသည့် စန်းကျီ ;
"...."
စက္ကန့်ပိုင်းကြာသွားပြီးသည့်အခါ။
စန်းကျီက မပြောချင်ပြောချင်ဖြင့် ထပ်ပေါင်း၍ စကားဆိုလိုက်ရ၏။
"ညီမလေးရဲ့ကိုကိုကလည်း အရမ်းချောတာပါနော်"
---------
ထို့နောက်တွင် ဝိန်းရိဖန်က ဌာနသို့သွား၍ အက,လေ့ကျင့်ရန် စီစဥ်ထား၏။ စန်းရန်က ခဏလေးသာအိပ်ထားရသေးသည့်ကိစ္စကိုလည်း တွေးမိပြီး အတင်းကာရော သွားအိပ်ခိုင်းကာ ထိုအကြောင်းပြချက်ဖြင့် သူမက အိမ်ပြင်ထွက်လာရင်း စန်းကျီကိုပါ လမ်းကြုံအိမ်ပြန်ပို့ပေးခဲ့သည်။
နှစ်လနီးပါးဆိုသည့်အချိန်အတွင်းတွင် ဝိန်းရိဖန်သည် ဌာန၏အစည်းအဝေးခန်းမထဲ၌ အားလပ်သည့်အချိန်တိုင်း အက,လေ့ကျင့်ခဲ့၏။ သူမ ပြင်ဆင်ထားသည်မှာ အရင်က သူမ အကျွမ်းကျင်ဆုံးဖြစ်ခဲ့သည့် ဘဲလေးအက, "The Nutcracker"။
နှစ်တွေကြာလာခဲ့သည့်အတွက် ခန္ဓာကိုယ်ပျော့ပျောင်းမှုများကတော့ အရင်ကနှင့် မယှဥ်သာပါတော့ပေ။ လေ့ကျင့်နေသည့်ကာလတစ်လျှောက်လုံးတွင် ပင်ပန်းကိုက်ခဲခဲ့ပါသော်လည်း ဝိန်းရိဖန်အနေဖြင့် ထိုစဥ်အခါက လေ့ကျင့်ရေးဆင်းခဲ့ဖူးသည့်ခံစားချက်မျိုးကို ပြန်လည်ခံစားမိခဲ့ရသည်။
ထိုအချိန်တုန်းက ရှိခဲ့ဖူးသည့် စိတ်သောကများ လက်မခံနိုင်ခြင်းများကလည်း တဖြေးဖြေးနှင့် မှေးမှိန်နှင့်ခဲ့ပြီပင်။
စန်းရန် မြင်သွားပြီးလျှင် ဖြစ်တည်လာမည့်အမူအရာမျိုးကို မြင်ယောင်ကြည့်မိရင်း ဝိန်းရိဖန်တစ်ယောက် ပျော်ရွှင်လာမိပြီး အဆုံးအစမဲ့သောကြိုးစားချင်စိတ်တို့ ဖြစ်လာခဲ့သည်။
နောက်တစ်နေ့ နေ့လည်ခင်းမှာ နှစ်ပတ်လည်အခမ်းအနားအတွက် အစမ်းလေ့ကျင့်ချိန်ဖြစ်ပြီး အခမ်းအနား အမှန်တကယ် စတင်မည့်အချိန်မှာ ည ၇ နာရီဖြစ်သည်။
ည ၇နာရီထိုးခါနီးတွင်တော့ ဝိန်းရိဖန်သည် စန်းရန်ထံမှ သူ့ဘက်၌ ရုတ်တရက်ကိစ္စပေါ်လာသဖြင့် အနည်းငယ်နောက်ကျနိုင်မည့်အကြောင်း ပေးပို့လာသည့်မက်ဆေ့တစ်စောင် လက်ခံရရှိလိုက်သည်။ မက်ဆေ့ကို စိုက်ကြည့်နေမိရင်း သူမအနေဖြင့် စန်းရန် လာလိမ့်မည်ဟု အရင်ကတည်းက အသေအချာကြီးတထစ်ချမှတ်ယူထားခြင်းမဟုတ်ရပါသော်ငြား အချိန်အကြာကြီး လေ့ကျင့်ထားခဲ့သည့်အတွက် ယခုလိုမက်ဆေ့မျိုး လက်ခံရရှိလိုက်သည့်အခါ စိတ်ထဲအားလျော့သွားရသည်မှာအမှန်ပင်။
Advertisement
အဘယ်ကြောင့်ဆိုသော် သူမ၏ ပွဲစဥ် နံပါတ်မှာ အတော်လေးအရှေ့ရောက်နေသောကြောင့်။
သို့သော် ဤခံစားချက်မှာ အချိန်ကြာကြာရှိမနေလိုက်ရပြန် ၊ မြင်တွေ့သွားရလျှင်ကို အဆင်ပြေသည့်အတွက် ဝိန်းရိဖန်က စုထျန်းအား ဗွီဒီယိုရိုက်ထားပေးရန် အကူအညီတောင်းခံထား၏။ ထို့အပြင် ဝိန်းရိဖန်က ဖုကျွမ့်၏လုပ်ငန်းသုံးကဒ်ကို စန်းရန်ထံသို့ ပို့ပေးလိုက်၍
[ တကယ်လို့ ငါ ခဏနေကျ နင့်ကို စာမပြန်ဖြစ်ခဲ့ရင်..နင် သာ့ကျွမ့်ကို လှမ်းခေါ်ပြီး အပေါ်တက်လာခဲ့လိုက်နော် ]
စန်းရန် ; [ ဟုတ်ပြီ ]
နှစ်ပတ်လည်အခမ်းအနား၏ပတ်ဝန်းကျင်တစ်ခွင်မှာ ဖျော်ဖြေမှုမျိုးစုံတို့ကြောင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။ ဝိန်းရိဖန်က လက်ကိုင်ဖုန်းကိုကြည့်ပြီး တပြုံးပြုံး။ သူမ အလှည့်ရောက်ခါနီးသည့်တိုင် စန်းရန် ထွက်လာသည့်အရိပ်အယောင်မျိုးကို မတွေ့ရသေး။
ဝိန်းရိဖန်လည်း ထပ်စောင့်၍မရတော့သဖြင့် ဖုကျွမ့်ကို မှာထားခဲ့ပြီးနောက်တွင် စတိတ်စင်၏အနောက်ဘက်သို့ ထွက်လာခဲ့လိုက်တော့သည်။
---------
အစပိုင်းတွင် အရာအားလုံးက ပုံမှန်အတိုင်း ကောင်းကောင်းမွန်မွန်ပြီးဆုံးသွားပါသော်လည်း စန်းရန် ကုမ္ပဏီမှထွက်လာခါနီးတွင်မှ လက်ရှိပရောဂျက်နှင့်ပတ်သတ်သည့် ယာယီပြဿနာပေါ်လာခဲ့ကာ အချိန်ပိုဆင်းလိုက်ရသည်။ အလုပ်ကို အလောတလျင်အဆုံးသတ်ပြီးသည်နှင့် ကုမ္ပဏီထဲမှထွက်လာပြီး ဝိန်းရိဖန် ပို့ထားပေးသည့်လိပ်စာအတိုင်း ကားဖြင့်ထွက်လာခဲ့သည်။
အဆောက်အဦးအောက်သို့ရောက်သည့်အခါ စန်းရန်က ဝိန်းရိဖန်ထံ မက်ဆေ့ပို့လိုက်၏။
စာမပြန်ပါပေ။
စန်းရန်က ဖုကျွမ့်၏ Wechat အကောင့်ကို Add လိုက်၏။ သိပ်မကြာလိုက်ပါဘဲ ဖုကျွမ့်၏ပုံရိပ်က စန်းရန်အရှေ့သို့ ရောက်လာခဲ့ကာ စန်းရန်ကို လှမ်းမြင်လိုက်သည်နှင့် အလျင်အမြန်ဆွဲခေါ်လိုက်ပြီး
"ကော..မြန်မြန်လေး!..ရိဖန်ကျဲ ဖျော်ဖြေတော့မှာ!..ကျွန်တော် အရမ်းကြည့်ချင်နေခဲ့တာနော်! အစ်ကို့ကြောင့် လွဲသွားရလိမ့်မယ်!"
"...."
စန်းရန်၏မျက်ခုံးများ လှုပ်သွားခဲ့ပြီး တစ်ခုခုပြောလိုက်ချင်သော်ငြား ပါးစပ်ထဲမှ တစ်ခွန်းက
"ဒါဆိုလည်း မင်း မြန်မြန်သွားလေ"
နှစ်ယောက်သားက ဓါတ်လှေကားထဲ၌။
ဖုကျွမ့်က အတော်လေးကိုစကားများပြီး စန်းရန်နှင့် စတွေ့သည့်အချိန်ကတည်းက တစ်ခွန်းမှမရပ်သေး။ အများစုမှာ ဝိန်းရိဖန်အား အဆက်မပြတ်ချီးကျူးနေသည့် စကားများပင် ဖြစ်သည်။
"ရိဖန်ကျဲက တကယ်ကြီးအရမ်းတော်တာပဲ..အစ်မ လုပ်တတ်တာတွေ အများကြီးရှိတယ်ရော..ပြီးတော့လည်း ဒီနေ့ပွဲအတွက် အစ်မ အချိန်တွေအကြာကြီးလေ့ကျင့်ထားခဲ့တာ..နေ့တိုင်းလေ့ကျင့်တာနော် နေ့တိုင်း!..ကျွန်တော်တို့တွေ အလုပ်ဆင်းလို့ အိမ်ပြန်ရင်တောင် အစ်မက အစည်းအဝေးခန်းထဲမှာ လေ့ကျင့်ဖို့နေခဲ့တာပါဆို"
"...."
"အိုင်း..တကယ်လို့ ကျွန်တော်သာ က,တတ်ရင်လေ.."
ဖုကျွမ့်က သက်ပြင်းချ၍
"ကျွန်တော် သေချာပေါက် အစ်မနဲ့အတူက,မှာ..အစ်ကို ပြောကြည့်ကြည့် ရိဖန်ကျဲ ဘယ်လောက်တောင်များ အဖော်မဲ့နေလိုက်မလဲ..ဒါနဲ့လေ ကော..အစ်ကို ဘာလို့ အစ်မကို အဖော်လုပ်ပြီး မက,တာလဲ..အစ်ကိုသာ ဘေးနားကနေ ပံ့ပိုးလိုက်ရင် ကြည့်လို့ကောင်းလိုက်မယ့်ဖြစ်ချင်း"
စန်းရန်အတွက် နားထောင်ကြည့်လေ တစ်စုံတစ်ရာမူမမှန်လေ။
သူ ထုတ်မေးလိုက်ချိန်ပင်မရတော့ဘဲ နှစ်ပတ်လည်အခမ်းအနားကျင်းပနေသည့် နေရာအဝင်ဝဆီသို့ ရောက်လာခဲ့ကြသည်။ မီးရောင်များကို မှိန်ချထားပြီး စတိတ်စင်ပေါ်မှ မီးတစ်ခုတည်းကိုသာ လင်းထိန်နေအောင်ထိန်းထားသည့်ပုံမှာ နောက်ထပ်ဖျော်ဖြေမှုတစ်ခု စတင်တော့မည့်အပြင်အဆင်မျိုး။
အစီအစဥ်တင်ဆက်သူကလည်း စကားပြောလျက်။
ဖုကျွမ့်က အခြားသူများကို အနှောင့်အယှက်ပေးမိမည်စိုး၍ ရုတ်တရက်ကြီး ငြိမ်ကျသွားခဲ့သည်။ စတိတ်စင်အောက်ဘက်တွင် စားပွဲဝိုင်းများစွာရှိပြီး အအေးနှင့်သရေစာများကို တည်ခင်းထားသည်။ စားပွဲနေရာက ဌာနအလိုက် စီစဥ်ပေးထားခြင်းဖြစ်ပြီး စန်းရန်က ဖုကျွမ့်ပေးသည့်နေရာ၌ ဝင်ထိုင်လိုက်သည့်အခါ ဝိန်းရိဖန်၏လက်ကိုင်အိတ်နှင့်ဖုန်းအား သူ့ဘေးနေရာ၌ တွေ့လိုက်ရ၏။
တစ်ချိန်တည်းဆိုသလို အစီအစဥ်တင်ဆက်သူ၏ တင်ဆက်ခြင်းကဏ္ဍပြီးဆုံးသွားခဲ့ပြီး စင်ပေါ်မှ ထွက်ခွာသွားသည့်အချိန် စန်းရန်က စတိတ်စင်ပေါ်သို့ လှမ်းကြည့်လိုက်ရာ စိတ်ဝိဥာဥ်တစ်ခုလုံး မှင်သက်သွားခဲ့ရသည်။
ဤအချိန် ဤအခိုက်အတန့်တွင် ဝိန်းရိဖန်က စင်ပေါ်၌ တစ်ကိုယ်တည်း မတ်တပ်ရပ်နေလျက်ရှိကာ အင်္ကျီလက်ပြတ်ဒီဇိုင်းမျိုးဖြစ်သည့် အဖြူရောင်ဘဲလေးအက,ဝတ်စုံထား၍ ညှပ်ရိုးတစ်လျှောက်နှင့် ငန်းမလေး၏လက်မောင်းသားတို့အား လှစ်ဟပြထားပြီး ဗလာကျင်းနေသည့်ကျောပြင်ထက်တွင် ချောမွေ့စွာတည်ရှိနေသည့် လိပ်ပြာရိုးတစ်စုံ။
မျက်နှာအသွင်အပြင်ထက်မှ ကျက်သရေရှိသည့်အလှတရားအပြင် ဖွေးနေသည့်အသားအရည်ပေါ်၌ အလင်းရောင်များ ကျရောက်နေသေး၏။
ရင်းနှီးလွန်းခဲ့သော "The Nutcracker" သီချင်းသံက သူ့နားအိမ်အတွင်း တိုးဝင်လာခဲ့သည်။
ခေါင်းလောင်းမြည်သလို တက်ကြွပေါ့ပါးသည့်အသံက စိတ်အာရုံကို မဖမ်းစားဘဲမနေနိုင်။ ဝိန်းရိဖန်က ပရိတ်သတ်များကို မျက်နှာမူထားပြီး ခြေဖျားထောက်ရပ်နေရင်း ခန္ဓာကိုယ်ကလည်း သီချင်းသံအလိုက် ပျော့ပျောင်းလွန်းစွာဖြင့် စည်းချက်အညီ ကခုန်နေ၏။
ခပ်မြင့်မြင့်မော့ထားသည့် လည်တိုင်တစ်လျှောက်မှာ ဝင့်ကြွားနေသည့်ငန်းမလေးတစ်ကောင်အလားဖြင့် စင်ပေါ်၌လှည့်ပတ်နေသေးသည်။
ဤမြင်ကွင်းသဏ္ဍာန်မျိုးကို တွေ့မြင်ခွင့်ရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားသည့် စန်းရန်မှာ စတိတ်စင်ကိုသာ ငေးကြည့်နေလေပြီး သူ့မြင်ကွင်းအာရုံအလုံးစုံအား ဝိန်းရိဖန်တစ်ယောက်တည်းကသာ လွှမ်းမိုးသွားခဲ့ရာ လုံးလုံးလျားလျား အကြည့်မလွဲနိုင်ပါတော့ချေ။ သူ့လည်စလုတ်မှာ အထက်မှအောက်သို့ လှုပ်ရှားသွားခဲ့ပြီး ဤမြင်ကွင်းဟာ သူ့မှတ်ဥာဏ်များထဲမှ ကောင်မလေးနှင့် တစ်ထပ်တည်းဖြစ်လာရတော့သည်။
အချိန်ကာလ ရက်သတ္တပတ် တစ်ပတ်တာကြာမြင့်သော နန်းဝူ အမှတ် (၁) အထက်တန်းကျောင်း၏ ကိုယ်ကာလလေ့ကျင့်ရေးသင်တန်းမှာ နှစ်စဥ်နှစ်တိုင်း ပထမ-စာသင်နှစ်ဝက် စာမေးပွဲအပြီးတွင် ပြုလုပ်လေ့ရှိသည်။
သင်တန်းနေရာမှာ မြို့တော်၏စိုက်ပျိုးရေးသုတေတနကွင်းထဲတွင် ဖြစ်သည်။
ထိုတစ်ကြိမ်၏ လေ့ကျင့်ရေးသင်တန်းဆင်းနှုတ်ဆက်ပွဲနေ့တွင် အက,ကျောင်းသူဆိုသည့်ဂုဏ်ပုဒ်အရ ဝိန်းရိဖန်သည် ဆရာဆရာမများ၏တိုက်တွန်းချက်ကြောင့် မဖြစ်မနေ အမှတ်တရဖျော်ဖြေပေးရသည်။
သင်တန်းဆင်းရက် မတိုင်မီ တစ်ရက်အလို ထိုနေ့ညတွင် နှုတ်ဆက်ပွဲပါတီဆိုသည့်လေထုကြောင့် နည်းပြဆရာများက ခါတိုင်းလို စည်းကမ်းမတင်းကြပ်ဘဲ အေးဆေးသက်သာစွာဖြင့် နေခဲ့ကြသည်။
စန်းရန်အနေဖြင့် ဤပါတီပွဲအပေါ် လုံးဝစိတ်မဝင်စားပါဘဲ ပျင်းရိလွန်းသောကြောင့် အချိန်ပြည့်အိပ်ချင်နေခဲ့သည်။ စိတ်ထဲ၌ ဤနှုတ်ဆက်ပွဲကြီး အမြန်ဆုံး အဆုံးသတ်လိုက်ဖို့ရာ စောင့်စားနေပြီး ထိုအခါမှသာ သူ အဆောင်ပြန်အိပ်နိုင်မည်။
ဤသို့တွေးထားခဲ့သည်မှာ ဝိန်းရိဖန် မပေါ်လာခင်အထိသာ...
တန်းခွဲတူသူငယ်ချင်းဖြစ်နေသောကြောင့် ကျန်အတန်းဖော်များက ဂုဏ်ယူအားပေးကြသည့်အနေဖြင့် စန်းရန်၏ဘေးနားတွင်ထိုင်နေကြသည့်သူများမှာ သရဲတစ္ဆေလို အော်ဟစ်သူကအော် ၊ ဝံပုလွေလို အူသည့်သူက အူနှင့် တဟေးဟေးတဟားဟား တက်ကြွလာကြ၏။ ယောက်ျားလေးတစ်ယောက်မှာမူ မတ်တပ်ပင်ထရပ်ပြီး အကျယ်ကြီးအားပေးလိုက်သေး၏။
"ဝိန်းရိဖန်က တန်းခွဲ (၁၇) ရဲ့ နတ်သမီးကွ!"
ကောင်မလေးမှာတော့ မည်သည့်အသံကိုမှမကြားရသည့်အလား အတည်အငြိမ်မပျက်ရှိနေ၏။
သူမက အက,စင်၏ အလယ်တည့်တည့်တွင်ရပ်နေပြီး အဖြူရောင်ဂါဝန်တစ်ထည်ကိုဝတ်ထားကာ အရောင်နုနုဆံပင်တို့ကို စည်းထားသဖြင့် နဖူးပြင်မှာ ပြောင်ရှင်းလျက်။ ပတ်ပတ်လည်တစ်ခွင် မှောင်မည်းနေပါသော်လည်း ကကွက်,များထဲ၌သာစီးမျောနေသည့်သူက စတိတ်စင်ကိုကြောက်လန့်ခြင်းမရှိသည့် အရုပ်မလေးလိုပင်။
ခန္ဓာကိုယ်ထက်မှ အလင်းရောင်များဖြာကျနေသည်နှင့်လည်း တူပါသေးသည်။
ထိုအချိန်အခါတုန်းက သူ ဘယ်လိုဘယ်ပုံခံစားနေမိခဲ့ကြောင်းကိုတော့ စန်းရန်လည်း သေသေချာချာမမှတ်မိပါတော့ပေ။
သို့သော် အသေအချာကို သိနေသည့်တစ်ခုတည်းသောအရာမှာတော့...
ထိုညတွင် ပါတီပွဲ ပြီးဆုံးသွားဖို့သာ တစ်ချိန်လုံးစောင့်နေခဲ့သည့် သူဟာ ထိုအက,ကို နောက်တစ်ကြိမ် ထပ်၍ ကြည့်ချင်နေမိခဲ့ခြင်းပေ။
နောက်ပိုင်းတွင်။
ကိုယ်ကာလလေ့ကျင့်ရေးသင်တန်းအပြီး၌ ဝိန်းရိဖန်က ထိုဖျော်ဖြေမှုကြောင့် အတန်းတူများကြားတွင် ပို၍နာမည်ကြီးလာခဲ့သည်။ အတန်းတူကျောင်းသားများသာမက စီနီယာအတန်းကြီးကျောင်းသားများကပါ သူမထံမှ ဆက်သွယ်၍ရမည့်အရာများကိုတောင်းလာကြ၏။
အဘယ်ကြောင့်မှန်းမသိ..
စန်းရန်သည် အရင်ကာလများတုန်းက သည်ကောင်မလေးအပေါ် အာရုံစိုက်ခြင်း လုံးဝမရှိခဲ့ပါသည့်တိုင် နှုတ်ဆက်ပါတီပွဲပြီးနောက်တွင်တော့ သူကိုယ်တိုင်က ယခုလိုကိစ္စမျိုးနှင့် အကြိမ်တိုင်း တိုက်တိုက်ဆိုင်ဆိုင်ကြုံနေရမှန်း သူ သတိထားမိလိုက်တော့သည်။ သူက နေရာ၌ထိုင်နေပြီး ဝိန်းရိဖန်က သူမထံချဥ်းကပ်လာသည့်တစ်ယောက်ချင်းစီတိုင်းကို စိတ်ရှည်သည်းခံပြီး ငြင်းထုတ်နေခဲ့ခြင်းကို သူ အေးတိအေးစက်မျက်ဝန်းများဖြင့် ကြည့်နေခဲ့ဖူးသည်။
ဝိန်းရိဖန်သည် လူတိုင်းအပေါ် တန်းတူညီတူသာ ဆက်ဆံတတ်သူ ၊ တစ်ဖက်လူက မည်သည့်အပြုအမူ ၊ မည်သို့သောအဆင့် နှင့် မည်ကဲ့သို့ ရုပ်ရည်မျိုးဖြစ်နေပါစေ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား တစ်ပုံစံတည်းသာ ဆက်ဆံသည်။ အလွန်တရာကိုမှစိတ်ရှည်သည်းခံပေးပြီး တစ်ဖက်လူ မျက်နှာမပျက်ရအောင် ပြောဆိုနေပါသော်လည်း ပြတ်ပြတ်သားသားငြင်းပစ်နေသည်မှာလည်း အမှန်ပါပေ။
သူမက သူနှင့် တူသလိုလိုရှိပြီး ထပ်၍လည်း မတူသလိုလို။
သူမ၏အရိုးများထဲတွင် သူ့နည်းတူ မာနများရှိသော်လည်း သူကဲ့သို့ လူအတိုင်းအပေါ် မထီမဲ့မြင်ပြုတတ်သည့်အကျင့်မျိုး မရှိဘဲ ဝိန်းရိဖန်က အလွန်ကိုမှ သိမ်မွေ့သည့်သူမျိုးပင်။
တလက်လက်တောက်ပနေခြင်းမျိုးနှင့်တူသော်ငြား ထပ်၍လည်း မျက်စိစူးသည့်အလင်းရောင်မျိုး မဟုတ်၏။
တစ်နေ့သောနေ့လည်ခင်းတွင် စန်းရန်က အတန်းဖော်များနှင့် ဘတ်စကတ်ဘောကစားပြီးနောက် စာသင်ခန်းထဲသို့ပြန်လာကာ အခန်းသော့ကိုယူ၍ အဆောင်ပြန် ရေချိုးမည်ဖြစ်သည်။ အခန်းတံခါးဝသို့ရောက်လျှင်ရောက်ချင်းတွင် အခုလေးတင် ဝင်လာသည့် ဝိန်းရိဖန်အား ယောက်ျားလေးတစ်ယောက်က တံခါးဝ၌လှမ်းတားပြီးစကားပြောနေသည်ကို မြင်လိုက်ရသည်။
Advertisement
- In Serial74 Chapters
Her Innocent Love ✔ 'Completed'
(First Book in The5Inferno Series)Angelina HughesA tormented girl whose dark past leaves no stone unturned to make her present life a living hell. She's broken to no end and it seems like life has no point stopping anytime soon to alleviate some of her pain. All her life Angelina has only seen pain and heartbreak and as a product of that, she can't help but blame herself for the mistakes that even she hasn't committed. She's become the target of everyone's accusations and of her own. One might think, why though? Why would she burden herself with the mistakes of others, and the only simple and short answer to that question is her past. Her past again hasn't been great and when the past starts to catch up with her present and future, then all hell is about to break loose, especially if it's her dear mother's life whom she loves, was on stake.Blaize WilliamAt the age of 25, Blaize William already got a chance to see what Success tastes like. Dominating the world was perhaps written in his destiny because not only was he a successful businessman, but he was also the richest man that the world had ever seen. Him along with his 4 members ruled the business world ruthlessly. The 5 Inferno lived up to their names as the leading and dominating force of the business empire. Every happiness that money could buy was easily something that Balize could buy in a snap of his fingers. And he led his lifestyle in the same style. Women kissed the ground he walked due to the money he possessed and the looks that were practically gifted by God himself. Blaize William was not a force to be reckoned with because he wasn't called Sniper for no reason, he could wipe you out without even having to do anything..So how would love make its place between them, or it had already? continue to read and know How they fall for each other deeply .__________________________Hope you guys would read it as well as like it. Please give a little feedback by voting and comments..~~~~~~
8 686 - In Serial7 Chapters
Open Heart, Open World
Kelves Weaver is the last of his Caprimet clan after a war between humans and the Magicant people resulted in all Magicants being sent to a dimension called the Sealed World. He lives a depressing life alone in the wintry region of Winstead, keeping to himself and indulging in his vices to pass the days. When Geralt, a Caprimet from a different clan, finds Kelves and invites him to meet his sister, Kelves's journey to opening his heart suddenly begins. Everyone finds themselves getting a bit more than they bargained for, but that's not always a bad thing, is it? Prequel to Because This World is Loved and the Medlia series.
8 120 - In Serial32 Chapters
My Bully Is My Roommate??!! [Jungkook FF✓]
Jungkook is ur bully since high school until now that is college. and u guys are roommates. let's see what happens next~!! LET'S GO!!
8 94 - In Serial29 Chapters
Handcuffed to My Enemy
"Three days. You will be handcuffed together for three days. Got it?"~•~Cassie Waters and Jake Satak could not be more different. She's got the grades, he's got the girls. Unfortunately for them, however, their parents just happen to be best friends. Regardless, the two despise each other.What will happen when a school project results in the two of them handcuffed together for three days? They can only hold their bladders for so long. . .~~~This is a spin-off to our book "Roommates for a Week", but you do not need to have read that in order to read this one!///Hey folks! We're looking through this book and want to give a huge disclaimer: this was written in 2014 when we were 15. We're now in 2021 and are 22 and find it incredibly problematic at times. This book started strong and then unfortunately it started to reflect the bad vibes of books we were exposed to at the time. Please take care of yourself if you want to venture onwards Xx Niki and Zoe
8 213 - In Serial36 Chapters
Sweetest Escape.
"When I'm around you, my tainted soul is at peace and you bring me to climax with just the sound of your voice. You are truly my sweetest escape."
8 240 - In Serial44 Chapters
Love At First Fight {Regulus Black}
"You know you're in love when you can't fall asleep because reality is finally better than your dreams." ― Dr. Seuss| MARAUDERS ERA |Cover by @Charcoalate*DISCLAIMER: I DO NOT OWN ANY OF THE HARRY POTTER UNIVERSE OR ITS CHARACTERS APART FROM MY OWN*
8 221

