《First Frost (Myanmar Translation)》Chapter 83
Advertisement
ဝိန်းရိဖန်၏ဖျော်ဖြေမှုမှာ အချိန်သိပ်မယူဘဲ အလွန်ဆုံး သုံးမိနစ် လေးမိနစ်ခန့်သာ ကြာမြင့်ပြီး သီချင်းသံအဆုံးတွင် သူမ၏နောက်ဆုံးကကွက်သည်လည်း တပြိုင်နက်တည်းရပ်သွားခဲ့သည်။
စက္ကန့်ပိုင်းတစ်ခုစာ ငြိမ်သက်နေသည့်ကကွက်အပြီးတွင်တော့ ဝိန်းရိဖန်က ကကွက်အနေအထားမှလှုပ်ရှားလိုက်ရင်း ပရိတ်သတ်များအား ဦးညွှတ်လိုက်သည်။ ဤအပိုင်းအခြားလေးတွင် သူမ၏ စားပွဲနေရာဆီသို့ အားတက်တရောလှမ်းကြည့်လိုက်ရာ လူအုပ်ကြီးထဲမှ စန်းရန်အား တစ်ချက်တည်းဖြင့် လှမ်းမြင်လိုက်ရ၏။
ဝိန်းရိဖန် ခပ်ဖွဖွလေး အသက်ရှိုက်လိုက်ရင်း မျက်တောင်များကလည်း တဖျတ်ဖျတ်ခတ်မိလိုက်သည်။
စင်ပေါ်မှ ဆင်းလာပြီးသည်နှင့် သူမ၏နေရာဆီသို့ အပြေးလေးပြန်လာခဲ့၏။
စန်းရန်က သူမအား ဘေးတိုက်အနေအထားဖြင့် စိုက်ငေးကြည့်နေဆဲ။
ဝိန်းရိဖန်၏မျက်နှာထက်တွင် မိတ်ကပ်ပါးပါးလိမ်းခြယ်ထားပြီး မျက်လုံးအောက်ဖက်ထောင့်နားတွင် ကပ်ထားသော စိန်ပွင့်လေးများကလည်း တလက်လက်တောက်ပနေသည့်အသွင်။ အခြားလုပ်ဖော်ကိုင်ဖက်များ၏ အားပေးချီးကျူးစကားများကို နားထောင်တုံ့ပြန်ပြီးနောက်တွင်တော့ ဝိန်းရိဖန်က စန်းရန်ဘက်သို့ လှည့်လာ၏။
"နင် ဘယ်အချိန်တုန်းက ရောက်တာလဲ"
"မင်းရဲ့ဖျော်ဖြေမှု မစခင်လောက်က"
စန်းရန်က ထိုင်ခုံပေါ်တင်ထားသည့် ဝိန်းရိဖန်၏အပေါ်ထပ်အင်္ကျီကို ယူပြီး သူမ၏ကိုယ်ပေါ် လွှားခြုံပေးလိုက်၍
"မင်း ဒီအင်္ကျီက ဘယ်လိုဖြစ်နေတာလဲ..ပိတ်စ,မလောက်တော့လို့လား"
"...."
ဝိန်းရိဖန် အသံထွက်အောင်ရယ်မိလိုက်ပြီး
"ဒီလိုလေးမှ ကြည့်လို့ကောင်းနေမှာလေ"
စန်းရန်က စကားထပ်မဆိုတော့ဘဲ သူမ၏အပေါ်ထပ်အင်္ကျီကိုသာ အသားတကျဖြစ်အောင် ညှိပေးနေလေ၏။ ခွန်းအားမှာ မပြင်းလွန်း မပျော့လွန်း။
ဝိန်းရိဖန်က နေရာ၌ငြိမ်ငြိမ်သက်သက်လေး ထိုင်လိုက်ပြီး သူ ဆက်ပြောလာမည့်စကားများကိုစောင့်နေသေးပါသော်ငြား အတော်ကြာသွားသည်အထိ တစ်ခွန်းမှမဆို။ စန်းရန်က ပြောမည့်စကားကိုစဥ်းစားနေခြင်းဟုတ်မဟုတ် မသိသဖြင့် တစ်ခဏကထပ်၍စောင့်ပေးပြီးသည့်နောက်တွင်တော့
"ငါ့ဖျော်ဖြေမှုနဲ့ပတ်သတ်ပြီး နင် ဘာမှမပြောတော့ဘူးလား"
"အရင်က ကိုယ့်ကိုပြောတော့ မင်း မက,နိုင်တော့ဘူးဆို"
စန်းရန်က ရေတစ်ခွက်ငှဲ့လိုက်ပြီး ဝိန်းရိဖန်၏အရှေ့၌ ချပေးကာ မျက်နှာထားက ခပ်တည်တည်ဖြင့် မှတ်ချက်ပြုပေးသည့်စကားမှာလည်း အနည်းငယ်ရွဲ့စောင်းနေသလိုလို။
"အခု က,သွားတာ တော်တော်လေး ကောင်းနေတာပဲလေ..မဟုတ်ဘူးလား"
"ငါ အချိန်အကြာကြီးလေ့ကျင့်ခဲ့လို့လေ..အဲ့ဒါတောင်မှ ကို့ယို့ကားယားဖြစ်နေသေးတာ"
"ဘယ်နားမှာများ ကို့ယို့ကားယားဖြစ်နေလို့လဲ"
စန်းရန်အနေဖြင့်တော့ ဝိန်းရိဖန်၏ အက,သတ်မှတ်ချက်အဆင့်များကို နားမလည်။ သူက လက်တစ်ဖက်ကို စားပွဲပေါ်တင်ကာ လက်ဖြင့်မျက်နှာကိုထောက်လိုက်ပြီး သူမအား တစ်ချိန်လုံးလိုက်ကြည့်နေလေသည်။
"ပြီးတော့ ရှိသေးတယ်..ဆောင်းရာသီကြီးမှာ ဒီလောက်ပါးပါးလေးပဲဝတ်ပြီး က,နေတာ မအေးဘူးလား"
ဝိန်းရိဖန် ခေါင်းရမ်းပြ၏။
"လေပူပေးစက်ရှိတယ်လေ"
ထို့နောက်တွင် စန်းရန်က သူမ၏ အက,နှင့်ပတ်သတ်သည့်ကိစ္စအား ထပ်၍မဆိုတော့ပေ။
ဝိန်းရိဖန်၏စိတ်ထဲ ဤယောက်ျားက အတော်လေး အကြင်နာတရားခေါင်းပါးကြောင်း ရုတ်တရက်မှတ်ချက်ပြုလိုက်၏။ 'က,သွားတာ တော်တော်လေးကောင်းတယ်' ဆိုသည့် စကားတစ်ခွန်းကပင် အတော်လေးကောင်းမွန်သည့်မှတ်ချက်ဖြစ်ကြောင်း ကိုယ့်ကိုကိုယ်သာ နှစ်သိမ့်လိုက်တော့သည်။
ရှေ့လျှောက် အချိန်တစ်ခုစာ ကြာသွားပြီးချိန်အထိ။
ဝိန်းရိဖန်သည် မျက်ဝန်းထောင့်မှတဆင့် စန်းရန်၏အကြည့်များက သူမ၏ခန္ဓာကိုယ်ထက်မှ တစ်စက်လေးမှမခွာဘဲ တစ်ချိန်လုံးကြည့်နေခဲ့သည်ကို သတိထားမိလိုက်၏။ တစ်ကြိမ်ထက်မနည်း အကြည့်ချင်းဆုံပြီးသည့်အခါ ဝိန်းရိဖန်က သူ့ဘက်လှည့်လာခဲ့၍
"နင် ဖျော်ဖြေတာတွေ မကြည့်ဘူးလား"
စန်းရန် မျက်ခုံးပင့်ပြပြီး 'အင်း'ဟု ခပ်ပြတ်ပြတ်ပင် ပြန်ဖြေလာ၏။
တစ်ဖက်လူက ဤအရာများကို အမှန်တကယ်ပင် စိတ်မဝင်စားမှန်း ရိပ်မိနေသောကြောင့် ဝိန်းရိဖန်လည်း အတင်းအကြပ်လုပ်ခြင်းမရှိ၏။ စန်းရန် ပျင်းနေမည်စိုး၍ ဖျော်ဖြေပွဲကို တစ်ခဏသာကြည့်ပြီး ကျန်အချိန်များအား သူနှင့်စကားတပြောပြောလုပ်ရင်း ကုန်ဆုံးနေလိုက်သည်။
စန်းရန်က မနှေးမမြန်ဖြင့် တုံ့ပြန်ရင်း သူမ၏လက်ချောင်းများကိုလည်း ဆွဲယူထား၍ ကစားနေသေး၏။
အခမ်းအနားပိတ်သိမ်းခင် မတိုင်မီ အစီအစဥ်မှာ ဆုပေးပွဲဖြစ်သည်။ ဝိန်းရိဖန်၏ဖျော်ဖြေမှုက ပရိတ်သတ်စိတ်ဝင်အစားဆုံးနေရာ၌ ဆုကြေးငွေ ယွမ် ၃၀၀၀ နှင့်အတူ ဒုတိယနေရာရခဲ့သည်။ သူမ၏နဂိုမူလအစီအစဥ်မှာ စန်းရန်ကို အံ့သြသွားအောင်လုပ်ချင်သည့်ရည်ရွယ်ချက်သာဖြစ်ပြီး ဆုရနိုင်မည်အထိ ကိုယ့်ကိုကိုယ်မမျှော်မှန်းထားခဲ့ပါပေ။
စတိတ်စင်ပေါ်မှာ စာအိတ်နီကို လက်ခံပြီးသည်နှင့် ဝိန်းရိဖန်က ထိုစာအိတ်အား စန်းရန်လက်ထဲသို့ တန်းထည့်ပေးလိုက်၏။
စန်းရန် လှမ်းကြည့်နေရင်း
"ဘာလို့ ကိုယ့်ကို ပေးတာလဲ"
"အစကတည်းက နင့်အတွက် က,တာမလို့.."
ဝိန်းရိဖန် မျက်ဝန်းများကွေးညွှတ်ကာ မျက်ဝန်းအိမ်များထဲ၌လည်း အလင်းရောင်များပြည့်နှက်နေလေပြီး
"အဲ့ဒါကြောင့် ဆုကြေးငွေကိုလည်း နင့်ကိုပဲ ပေးသင့်တယ်လေ"
"...."
တစ်နေ့တွင် ဤကောင်မလေး၏သည်းသည်းလှုပ်အလိုလိုက်ခြင်းကို ခံရလိမ့်မည့်ဟု စန်းရန် ဘယ်သောအခါကမှ မတွေးမိခဲ့ဖူးသဖြင့် အချိန်ကြာကြာငြိမ်နေပြီးနောက်တွင်တော့ ရုတ်တရက် ရယ်လိုက်မိ၏။
"ဟုတ်ပါပြီ..ဒါဆို ကိုယ် ယူထားလိုက်ပြီနော်"
အဆောက်အဦးထဲမှမထွက်လာခင် ဝိန်းရိဖန်က အဝတ်အစားလဲပြီးမှ အိမ်ပြန်ရန် တွေးထားခဲ့သည်။ မထင်မှတ်ထားစွာဖြင့် စန်းရန်သည် အရင်ကနှင့်လုံးဝမတူပါဘဲ သူမအား အဝတ်ပေးမလဲချေ။ သူဝတ်လာသည့် ကုတ်အင်္ကျီအရှည်ကိုချွတ် ၊ သူမ၏တစ်ကိုယ်လုံးအား နေရာတစ်စွန်းတစ်စမကျန် လုံအောင်ပတ်ပစ်ပြီး ကားထဲဆွဲခေါ်လာခဲ့သည်။
ဝိန်းရိဖန်အနေဖြင့်လည်း များများစားစားမတွေးမိ ၊ စန်းရန် အချိန်အကြာကြီးနေခဲ့ရသောကြောင့် အိမ်မြန်မြန် ပြန်ချင်နေသည်ဟုသာ တွေးလိုက်၏။
ကားထဲတွင်။
ဝိန်းရိဖန်၏နှာခေါင်းထိပ်ကလေးက ဖြေးဖြေးလေးရဲတက်လာရကာ စကတ်၏အနားစကို ဆုတ်ကိုင်ထားရင်း စန်းရန်ရှိသည့်ဘက်သို့လှမ်းကြည့်လိုက်၏။ လူအများကြီးကြားမှတဆင့် တစ်ကိုယ်တည်းဖြစ်သွားသည့်အခါတွင်တော့ စန်းရန်၏တုံ့ပြန်မှုများက သာမန်ကာလျှံကာနိုင်လွန်းကြောင်း ခံစားမိလာတော့သည်။
အမှန်တကယ်ကို နောက်မီးလင်းနေသည့် ငပွေကောင် အတိုင်းပင်။
ဝိန်းရိဖန်က ထပ်၍စကားဆိုလိုက်သည်။
"ဒါက ငါ နင့်အတွက်ပေးတဲ့ နှစ်သစ်ကူးအကြိုလက်ဆောင်"
Advertisement
စန်းရန်က တစ်ချက်လှမ်းကြည့်လာ၍
"သိပြီ"
ဝိန်းရိဖန် ; "...."
အမှန်တကယ်တွင် ဤကိစ္စအတွက်ဖြင့် တုံ့ပြန်မှုကြီးကြီးမားမား မလိုအပ်သည်မှာလည်း အသေအချာ ၊ သည့်ထက်အပြင် စန်းရန်က နဂိုကတည်းက စကားကောင်းများဖြင့်ချီးကျူးတတ်သည့်သူမျိုးမဟုတ်။ ထို့ကြောင့် ဝိန်းရိဖန်လည်း ကပ်သပ်၍တွက်မနေတော့ဘဲ စိတ်မကြည်မသာဖြစ်မှုများကို လျော့ချလိုက်ရာ သိပ်မကြာလိုက်ပါဘဲနှင့် အခြားကိစ္စတစ်ခုကို အမှတ်ရသွားပြီး မေးမြန်းလိုက်သည်။
"ဒါနဲ့..ငါတို့နှစ်ယောက် ခန့်မှန်းချေဘယ်အချိန်လောက် အိမ်ပြောင်းရင်ကောင်းမလဲ"
အရင်ကတည်းကပြောခဲ့ဖူးသည့်အတိုင်း လက်ရှိငှားထားသည့် အိမ်ခန်းစာချုပ် သက်တမ်းကုန်လျှင် နှစ်ယောက်သားက စန်းရန်၏မီးလောင်ပြီး ပြန်လည်ပြင်ဆင်ပြီးထားသည့်အိမ်သို့ ပြောင်းကြမည်ဖြစ်သည်။
ဝိန်းရိဖန်သည် နောက်ကျမှတုံ့ပြန်နိုင်သည့်အတိုင်း ဤအချိန်တွင်မှ သတိထားခံစားကြည့်မိလိုက်မှာ...
စန်းရန်၏အိမ်ခန်း ပြန်ပြင်ပြီးခဲ့သည်မှာ နှစ်နှစ်နီးပါးရှိတော့မည်ဖြစ်သည့်တိုင် တစ်ခါတစ်ကြိမ်လေးမျှပင် အိမ်ပြောင်းမည့်အကြောင်း စကားမဆိုခဲ့ခြင်းပေ။
စန်းရန် ;
"မင်း ဘယ်အချိန်ပြောင်းချင်လဲ"
"သုံးလပိုင်းအမီ ပြောင်းရမှာဆိုတော့ နှစ်သစ်ကူးပြီးတဲ့ချိန်ဆိုရင်ရော"
ဝိန်းရိဖန် သူ့အား လှမ်းကြည့်၍
"အဲ့ချိန်လောက်ဆိုရင် ငါ့လည်း အားရက်ရလောက်မှာပါ"
"ရတယ်လေ"
ပစ္စည်းရွေ့ပြောင်းရေးကိစ္စနှင့်ပတ်သတ်ပြီး ဝန်ဆောင်မှုကုမ္ပဏီနှင့် ဆက်သွယ်ရဦးမည်မှာ ဝိန်းရိဖန်အတွက်တော့ ကိစ္စကြီးပင်။ ဤသို့တွေးပူနေသည့်အချိန် စန်းရန်က စကားထပ်ဆိုလာခဲ့၏။
"မင်းရဲ့ခရီးဆောင်အိတ်နဲ့ပစ္စည်းတွေကို သိမ်းထားရင်ရပြီ..တခြားဟာတွေအတွက် တွေးပူနေစရာမလိုဘူး"
ဤစကားတစ်ခွန်းကို ကြားလိုက်ရသည့်အခါ ဝိန်းရိဖန် ကြောင်အမ်းသွားရသည်နှင့်အတူ တပြိုင်နက်တည်းပြုံးမိလိုက်သည်။
"အင်း"
ကိစ္စတစ်ခုကို အသေအချာသတ်မှတ်စီစဥ်ပြီးသွားသည့်အခါ ဝိန်းရိဖန်က ဟိုးအရင်ကကိစ္စတစ်ခုကို ထပ်၍သတိရမိပြန်သည်။ သူမ အိပ်နေရင်းလမ်းထလျှောက်သည့်အခါတုန်းက အသားယူမိသည့်ကိစ္စနှင့်ပတ်သတ်ပြီး စန်းရန်က အကြွေးပြန်မဆပ်မချင်း အတူနေဦးမည်ဟု ဆိုခဲ့ဖူးသည်။
သို့သော် ဘယ်လိုပြန်ဆပ်ရမည့်အကြောင်းကိုတော့ တစ်ခါမှ စကားမဟခဲ့ဖူးပေ။
"ဟုတ်သားပဲ..နင် အရင်တုန်းက ငါ့ကို ပြန်ဆပ်ခိုင်းမယ်ဆိုတဲ့အကြွေးလေ..."
စန်းရန် မှတ်မိနေသေးခြင်းရှိမရှိ သေချာမသိသော်ငြား ဆက်ကာ
"ငါတို့နှစ်ယောက် မရှင်းရသေးဘူးလို့လား"
တစ်ခဏကြာကြာပြန်တိတ်ဆိတ်သွားပြီးကာမှ စန်းရန်က အတည်အငြိမ်မပျက် 'အာ' ဟု အသံတစ်ချက်ပြုလာခဲ့သည်။
ဤတုံ့ပြန်ချက်ဟာ တစ်ဖက်လူ၏ဆိုလိုရင်းကို ဖောက်မမြင်နိုင် ၊ ဝိန်းရိဖန်၏စိတ်ထဲ၌ စန်းရန်က သည်အကြောင်းအား အစကတည်းက မေ့သွားနှင့်ပြီ ၊ စိတ်ထဲမထည့်ထားခြင်းဟု မှတ်ယူလိုက်သည်။ မကြာခင်အတွင်း မြေအောက်ကားပါကင်ဆီသို့ ရောက်လာကာ နှစ်ယောက်သားက ကားပေါ်မှဆင်းပြီး အိမ်ပြန်လာကြသည်။
ဝိန်းရိဖန်က သူ့ကုတ်အင်္ကျီကိုချွတ်ပြီး အဝတ်ချိတ်သည့်စင်ပေါ်သို့လှမ်းတင်လိုက်ရင်း ဖိနပ်ကိုလည်းချွတ်ကာ ရေချိုးရန် တွေးလိုက်သည့်အခိုက်တွင်။
ရုတ်တရက်အချိန်အတွင်း။
စန်းရန်က သူမ၏ခါးကို အနောက်မှလျှပ်တပြက်လှမ်းဖက်လာကာ သူမ၏ခန္ဓာကိုယ်အား တံခါးနှင့်ဖိကပ်ပစ်ပြီး အုပ်မိုးလာခဲ့သည်။ ကြည့်ရသည်မှာ အချိန်အကြာကြီးအောင့်အည်းထားရသည့်အလား လှုပ်ရှားမှုများက ပြင်းထန်လွန်းကာ သူမ၏ခန္ဓာကိုယ်နှင့် အနီးကပ်ဆုံးဖြစ်အောင်လည်း ထိကပ်လာလျက်ရှိသည်။
သူမ သတိလက်လွတ်ဖြစ်နေသည့်အနေအထားဖြင့် အလိုလိုအနောက်လှည့်ကြည့်မိလိုက်သည်။
စန်းရန်၏ပူနွေးနွေးနှုတ်ခမ်းပါးက သူမ၏လည်တိုင်ပေါ်သို့ ရောက်နှင့်နေပြီဖြစ်ကာ ဗလာကျင်းနေသည့်ကျောပြင်ဆီသို့ တရွေ့ရွေ့ဖြင့်နမ်းရှုံ့နေ၏။ သူ့အသံတို့မှာ လေတိုးသံများနည်းတူ တိုးဖျနေ၍
"ကိုယ် ဘယ်လိုမြင်လဲဆိုတာ သိချင်နေတာမလား"
"...."
စကားပြောနေရင်း စန်းရန်က အခြားလက်တစ်ဖက်ဖြင့် အသာအယာပွတ်သပ်ထိတွေ့လာ၏။ သူမ၏လိပ်ပြာရိုးကိုက်ခဲနေသည်မှာ သူ့စိတ်ဆန္ဒများကို ဖြေလျော့ချင်နေသည့်အလား ခွန်အားကလည်း အတော်လေးပြင်းလှသည်။
ဘဲလေးအက,ဝတ်စုံမှာ ခန္ဓာကိုယ်နှင့်တသားတည်းဖြစ်သည့်ဝတ်စုံ ၊ သည့်ထက်အပြင် သူ့လှုပ်ရှားမှုကြောင့် ဝိန်းရိဖန်၏လည်တိုင်က အနောက်ဘက်သို့ခေါင်းငဲ့ကြည့်လာခဲ့ရာ သူမ၏ကောက်ကြောင်းများမှာ သိသိသာသာကိုထင်ရှားရှင်းလင်းလာခဲ့သည်။ ယားယံပြီး ခပ်စိတ်စိတ်လေးနာကျင်ရသောကြောင့် ဝိန်းရိဖန်က
"နင် ဘာလို့ကိုက်နေတာလဲ"
စန်းရန်က စကားလုံးတိုင်းကိုလျစ်လျူရှူထားပြီး ဤမထိတထိနှင့်ပြင်းပြင်းပြပြလှုံ့ဆော်နေသည့်ဆန္ဒများပါဝင်သည့်အပြုအမူတို့ဖြင့်သာ ဆက်၍ထိတွေ့နေ၏။ အချိန်အတော်ကြာသွားပြီးသည့်အခါ သူ ခပ်မတ်မတ်ပြန်ရပ်လိုက်လိုက်ရင်း နှာခေါင်းထိပ်ဖျားဖြင့် သူမ၏ဆံပင်တို့ကို အသာအယာပွတ်သပ်သွားပြီး နားရွက်ဖျားကိုတစ်တိတိဖြင့်ကိုက်ကာ စကားတစ်ခွန်းရေရွတ်လိုက်သည်။
"..မင်းကို ဖွက်ပြီးသိမ်းထားချင်တယ်"
စတိတ်စင်ပေါ်မှာ သူမကို စတွေ့လိုက်သည့်အချိန်ကတည်းက..
သူမအား သူ၏ကမ္ဘာအတွင်းသို့ ဖမ်းခေါ်လာခဲ့ပြီး သူမ၏ခန္ဓာကိုယ်ပေါ်၌တောက်ပနေသည့်အရောင်အဝါအားလုံးကို ရင်ခွင်ထဲထည့်၍ဖွက်ထားကာ အခြားသူများအား တွေ့မြင်ခွင့်ပေးမည်မဟုတ်။ သို့သော်လည်း ထပ်၍တွေးလိုက်မိသည်မှာ သူ့ကောင်မလေးက ရှိရှိသမျှသောလူများအားလုံး၏အမြင်တွင် ယခုလိုအတိုင်း တည်ရှိနေသင့်သည်ဟူ၍ပင်။
အလင်းရောင်များစွာဖြင့် တောက်ပနေသည့်အသွင်မျိုးနှင့်...
ဝိန်းရိဖန် ဘာမှပြန်မတုံ့ပြန်ရသေးခင်ပင် ခန္ဓာကိုယ်တစ်ခုလုံးက သူ့လုပ်ရပ်များကြား ပျော့ပျောင်းညွှတ်ကျနေနှင့်ပြီ။ ခံစားနေရသည်မှာ သူမ၏ခန္ဓာကိုယ်ကို ဆုတ်နယ်နေသည့် စန်းရန်၏လက်များက အသားကပ်ဘောင်းဘီရှည်အား အောက်ဆွဲချနေသည့်ခံစားချက်။ သူမ အသက်ကိုရှိုက်ရှူနေရင်းဖြင့်
"ဆွဲလို့မရဘူး..."
သူမ သူ့အား ထပ်ကြည့်မိလိုက်လျှင်လည်း ဖုံးကွယ်မထားတော့သော မီးများတောက်လောင်နေသည့် သူ့မျက်ဝန်းနက်နက်များဖြင့် ထိပ်တိုက်ဆုံလေသည်။
စန်းရန်၏အမူအရာမှာ တင်းရင်းနေပြီး စူးရဲလွန်းသည့်မျက်ခုံးမျက်လုံးများက သူ စကားမပြောသည့်အချိန်မျိုးတွင် ပို၍တမူထူးခြားစွာ ခက်ထန်နေတတ်သည်။ ခပ်ပါးလွလွနှုတ်ခမ်းပါးက မျဥ်းဖြောင့်လိုတပြေးတည်းဖြစ်နေ၏။ လက်ရှိအချိန်တွင် သူ့မျက်ဝန်းများထဲ၌ ဆန္ဒများပြည့်နေလေပြီး အေးစိမ့်စိမ့်ရှိလှသည့်အငွေ့အသက်များထဲတွင်လည်း ရမ္မက်များက ထင်းရှင်းသိသာနေ၏။
"ဘာလို့ မရတာလဲ?"
သူ့လုပ်ရပ်များက ပို၍ပို၍ ကြမ်းတမ်းလာခဲ့ကာ သူမ၏အထိမခံနိုင်သည့်နေရာတိုင်းကို နှိုးဆွနေလေသည်။
"ဆက်ထားတာမလို့.."
သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက လေဟာပြင်ထဲရောက်လာသည့်အလား လွတ်ထွက်လာသည့်အခါ မျက်ဝန်းများထဲ၌ အရည်ကြည်များ တဖြည်းဖြည်းဝေ့တက်လာရ၏။ တုန်ယင်ချင်နေပြီဖြစ်သည့်အသံတို့ကြားမှ ငြီးညှူသံများကို ထိန်းရင်း
"...ပြဲသွားလိမ့်မယ်"
သူမ၏အမူအရာကိုကြည့်ရင်း စန်းရန်က အငမ်းမရဖြင့် သူမ၏နှုတ်ခမ်းကို အဆက်မပြတ်နမ်းရှိုက်လာကာ တိုးဝင်လာသည့် လျှာဖျားကလည်း သူမနှင့်နီးစပ်သွားအောင် အစွမ်းကုန်ပြုမူလှုပ်ရှားနေ၏။
ဝိုးတိုးဝါးတားဖြစ်နေသည့်အသံတို့ကလည်း လိုက်ပါလာလျက်ဖြင့်
"ဒါဆို မင်းကိုယ့်ကို သင်ပေးလေ"
ရှုပ်ထွေးပွေလီမှုများကြားတွင် ရုတ်တရက်ဆိုသလို စန်းရန် အဝတ်အစားမလဲခိုင်းသည့်ရည်ရွယ်ချက်ကို သဘောပေါက်လိုက်မိကာ ဝိန်းရိဖန်၏ဦးနှောက်ထဲ တစ်ခဏတာပြေးဝင်လာသည့်အတွေးစမှာ ရုတ်ချည်းပင် ပျောက်ချင်းမလှပျောက်သွားရ၍ သူ ဆွဲခေါ်နေသည့် စပ်ယှက်ထွေးဖက်မှုများကြား မျောပါသွားခဲ့တော့သည်။
Advertisement
ခံစားမိနေရသည်မှာလည်း သူ ပွေ့ချီခေါ်ဆောင်ခံသွားရသည့်သူမက စိတ်ထဲမှလိုက်လျောစွာဖြင့် သူ တစ်လွှာပြီးတစ်လွှာဖယ်ယူခြင်းကို ခံနေခဲ့ရင်း...
ထို့နောက်တွင်တော့ စိတ်လိုလိုက်ရဖြင့် ပေးအပ်လိုက်လေ၏။
စန်းရန်၏ခန္ဓာကိုယ်မှာ ပြင်းပြစွာတိုးဝင်လာခဲ့ပြီး ပိုင်ဆိုင်လိုစိတ်များအပြည့်နှင့်အတူ စကားတစ်ခွန်းကိုပါ ရှင်းလင်းပြတ်သားစွာ ဆိုလာခဲ့သည်။
"အကြွေးပြန်ဆပ်ဖို့ အချိန်ရောက်ပြီ"
ဤတစ်ကြိမ်တွင် သူမ၏ခန္ဓာကိုယ်အခြေအနေကိုစဥ်းစားပေးသည့်အတွက်ကြောင့်လားမသိ စန်းရန်က အရင်ညများတုန်းကလို အထိန်းအကွတ်မရှိခြင်းမျိုး မဟုတ်သော်ငြား သုံးနေသည့်ခွန်အားမှာ အရင့်အရင်အကြိမ်များအားလုံးထက် ပို၍ပြင်းထန်နေခဲ့သည်။ ထို့နောက်တွင်တော့ သူ ရေချိုးခန်းထဲပွေ့ချီသွားခဲ့ကာ ကိုယ်လက်သန့်စင်ပေး၏။ အိပ်မောမကျခင်အချိန်အပိုင်းအခြား ဝိန်းရိဖန် နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်နေသည့်ကြားတွင် စန်းရန်က သူမ၏နဖူးကို တစ်ချက်နမ်းရှိုက်လာသည်အား ခံစားမိလိုက်ရသည်။
စိတ်ထင်ယောင်ထင်မှားဖြင့် နားကြားမှားသွားခြင်းလားမသိ ၊ သူက စကားတစ်ခွန်းကိုရေရွတ်လိုက်သေးပုံလည်းရ၏။
"--မင်္ဂလာဆောင်တဲ့နေ့ကျရင်လည်း ကိုယ့်အတွက် က,ပြပေးနော်"
--------
ယခုနှစ်တွင်လည်း ဝိန်းရိဖန်၏ နှစ်သစ်ကူးပိတ်ရက်မှာ နှစ်သစ်ကူးပြီးတစ်ရက်နေ့မှ သုံးရက်နေ့အထိပင်ဖြစ်သည်။ နှစ်သစ်ကူးည အလုပ်ဆင်းလာပြီးသည့်အခါ စန်းရန်က အိမ်ပြန် လာကြိုပေးပြီး အဝတ်အစားထုတ်ပိုးခိုင်းလာ၏။
စန်းရန်က သူမ ထုတ်ပိုးနေသည်ကိုကြည့်၍
"သုံးရက်နေမှာမလား"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြ၏။
"မင်း အိမ်မှာနေမယ့်အကြောင်းကို ကိုယ့်အဖေအမေကို ကိုယ် သေချာမပြောထားသေးဘူး"
စန်းရန်က ဝိန်းရိဖန်၏ခေါင်းကို ခပ်ပြင်းပြင်းပွတ်လိုက်၏။
"တကယ်လို့ ကျင့်သားမရသေးဘူးဆိုရင် ကိုယ့်ကိုတန်းပြော..ကိုယ်တို့ ထမင်းစားပြီးတာနဲ့ ပြန်လာလို့ရတယ်"
ဝိန်းရိဖန်က သူ့လက်ကို တွန်းထုတ်ပစ်လိုက်ပြီး
"နင်လုပ်လို့ ဆံပင်တွေ ပွကုန်ပြီ"
"ကိုယ် စကားပြောနေတာကို လိမ်လိမ်မာမာလေးနားထောင်လေ"
စန်းရန်က သူမ၏ဆံပင်ပေါ်သို့ လက်တင်ကာ နောက်တစ်ကြိမ် ထပ်ဖွလိုက်ရင်း
"ဘယ်လိုဖြစ်လို့ ဆံပင်ကို သွားအာရုံစိုက်နေတာလဲ..မသိတတ်လိုက်တာ"
ဝိန်းရိဖန် မျက်လုံးပင့်ကြည်လိုက်ပြီး ခြေဖျားထောက်ကာ သူ့ဆံပင်များအား အကြမ်းပတမ်းပြန်ဖွပစ်လိုက်သည်။
စန်းရန်က မျက်ခုံးပင့်ပြလာသည့်အခါ ဝိန်းရိဖန် တတွတ်တွတ်ရွတ်လိုက်၏။
"နင် အရမ်းကလေးဆန်တာပဲ"
သူ့ကို မလုပ်ခိုင်းတဲ့ကိစ္စဆိုရင် မဖြစ်မနေကိုလုပ်လိုက်ရမှ..
ဝိန်းရိဖန်ဘက်မှ ဤသို့ လုပ်လာသည့်အချိန် စန်းရန်မှာတော့ အရှိန်သတ်ပြီးရပ်လိုက်ပြီဖြစ်၏။ ပြောင်းပြန်အနေဖြင့် သူမ၏ဆံပင်များကို ပြန်ပြင်ပေးနေရင်း ရယ်ချင်လာမိ၍
"ဘယ်သူကမှ ကလေးဆန်နေတာလဲ"
ဝိန်းရိဖန်လည်း ရပ်လိုက်ပြီး ပြောလက်စ စကားကိုပြန်တွေးကြည့်လိုက်၏။
"ဒါဆို ငါ နင့်အိမ်ရောက်ရင် ဘယ်မှာအိပ်ရမှာလဲ"
စန်းရန် ;
"ကိုယ့်ညီမနဲ့ တစ်ခန်းထဲအိပ်"
ဝိန်းရိဖန်က ချက်ချင်းခေါင်းငြိမ့်ပြလိုက်သည်။
"အဲ့လိုဆိုရင်တော့ ရတယ်"
"...."
သူမဘက်မှ ချက်ချင်းလက်ခံလိုက်သောကြောင့် စန်းရန်၏စိတ်ထဲ မဆီမဆိုင်ဖြင့် မပျော်မရွှင်ဖြစ်လာရ၍
"မဟုတ်သေးပါဘူး..မင်းနဲ့ ရှောင်ကွေကြားမှာ ပြောစရာစကားရှိလို့လား?..ကိုယ်နဲ့တစ်ခန်းထဲနေရမှာကို မပျော်လို့လား"
"ပြောစရာစကားတွေများ..ရှိတာပေါ့"
ဝိန်းရိဖန်၏အသံစတို့မှာ ညင်သာနေပြီး 'ပျော်မပျော်'ဆိုသည့်မေးခွန်းကိုတော့ တိုက်ရိုက်လျစ်လျူရှူပစ်ကာ စတင်ပြီးစိတ်ပူသည့်ဘက်သို့ရောက်လာခဲ့သည်။
"ဒါပေမယ့်..."
"ဘာလဲ"
"ငါ အိပ်နေရင်းလမ်းထလျှောက်မိမှာကိုတော့ ကြောက်တယ်...ကျီကျီကို လန့်အောင်လုပ်မိသွားရင် ဘယ်လိုလုပ်မလဲ"
"...."
စန်းရန်က သူမအား စိုက်ကြည့်နေကာ ဤကောင်မလေးက တစ်နေ့တစ်ခြား စားပြီးနားမလည်လုပ်နေသည်ဟုပင် ထင်မှတ်လာရသဖြင့် အေးတိအေးစက်စကားဆိုလိုက်သည်။
"ကိုယ်တို့နှစ်ယောက် ဒီလောက်အကြာကြီး အတူတူနေလာခဲ့တာတောင် ဘာဖြစ်လို့ ကိုယ် လန့်သွားမှာကို မင်း စိတ်ပူနေတာမျိုး တစ်ခါမှမတွေ့ခဲ့ရတာလဲ"
ဝိန်းရိဖန်ကလည်း သူ့ကို ပြန်စိုက်ကြည့်ပေးလိုက်၏။
နှစ်ယောက်သား အချင်းချင်းစိုက်ကြည့်နေကြသည်မှာ သုံးစက္ကန့်နီးနီး။
ဝိန်းရိဖန် အကြည့်လွဲပစ်လိုက်ကာ အဝတ်အစားများကို အိတ်ထဲဆက်ထည့်ရင်း
"ဒါတော့ ငါလည်း မတတ်နိုင်ဘူး"
"...."
စန်းရန်၏မိဘများ စောင့်နေရမည်ကိုစိုးရိမ်သောကြောင့် ဝိန်းရိဖန်က အချိန်မဆွဲတော့ဘဲ အမြန်ဆုံးပြင်ဆင်လိုက်သည်။ အိမ်ပြင်ထွက်လာပြီး ကားပေါ်ရောက်သည့်အခါတွင်မှ သူမ စိတ်လှုပ်ရှားနေခဲ့ကြောင်း သတိထားမိလိုက်ကာ ငြိမ်ငြိမ်လေးမထိုင်နိုင်ပါတော့၏။
သူမ၏အခြေအနေကို သတိထားမိပုံရသည့်စန်းရန်က မနှေးမမြန်ဖြင့်
"စိတ်မပူနဲ့"
"အာ?"
"ကိုယ့်အဖေနဲ့အမေက မင်းကို ကျေးဇူးပဲတင်မှာ..ကိုယ့်ကို လက်တွဲဖော်ရသွားအောင် ရှာပေးခဲ့လို့"
"...."
စန်းရန်ထံမှ ဆင်တူသည့်စကားမျိုးများကို သုံးလေးကြိမ်ကြားဖူးထားခဲ့သည့်အတွက် သည်တစ်ကြိမ်၌ ဝိန်းရိဖန်မနေနိုင်အောင်မေးကြည့်လိုက်သည်။
"ဦးလေးနဲ့အန်တီတို့က ဘာလို့ နင့်ကိုလက်တွဲဖော်ရှာပေးဖို့ အရမ်းလောနေကြတာလဲ..နင် အခုမှ အသက်၂၆နှစ်ပဲရှိသေးတာကို..အသက်လည်း မကြီးသေးဘဲနဲ့..ငါ့အထင်တော့ အရမ်းစောနေသေးသလားလို့"
သူမအတွက် အသက် ၃၅နှစ် မတိုင်မချင်း လက်ထပ်သည့်အမှုမှာ နောက်ကျသည်ဟုမဆိုနိုင်။
"အရမ်းပြီးပြည့်စုံတဲ့အခြေအနေမျိုးရောက်လေလေ ရှာပေးရခက်လေလေမလို့.."
စန်းရန်၏တစ်လောကလုံးကို ဂရုမစိုက် မထီမဲ့မြင်ပြုနေသည့်လေသံ ;
"နားလည်လား?"
"...."
ဝိန်းရိဖန်အတွက်တော့ သူ့ပုံစံကိုကျင့်သားရပြီဖြစ်သောကြောင့် စကားဆက်မဆိုတော့ဘဲ တစ်ခဏအကြာ အိမ်ထဲဝင်သည့်အခါတွင် ဘယ်လိုစကားမျိုးများပြောသင့်ကြောင်းကို တွေးနေလိုက်၏။ သူမအနေဖြင့် မကောင်းသည့်အထင်အမြင်မျိုး ကျန်ခဲ့မည်ကိုလည်း စိုးရိမ်သဖြင့် ဖုန်းကိုဖွင့်ကာ မှတ်သားရမည့် အရေးကြီးသည့်အချက်များကို စာရိုက်ကြည့်နေလိုက်သည်။
မီးစိမ်းသွားသည့်အခွင့်အရေးကိုယူကာ စန်းရန်က သူမဘက်သို့ လှမ်းကြည့်လာ၏။ ဖန်သားပြင်ပေါ်မှ စာများကို သတိထားမိသည့်အခါတွင်တော့ ပြုံးရုံသာပြုံးလိုက်ပြီး မနှောင့်ယှက်တော့ပေ။
သိပ်မကြာလိုက်ပါဘဲ စန်းရန်၏အိမ်သို့ ရောက်လာခဲ့သည်။
ဝိန်းရိဖန်က ကားနောက်ဖုံးထဲတွင်ထည့်ထားသော သူမကိုယ်တိုင် ဝယ်လာသည့်လက်ဆောင်များကို ထုတ်ယူကာ စိတ်ထဲ၌လည်း ကားပေါ်တွင်ချရေးလာခဲ့သည့်အချက်များကို တွေးကြည့်နေလိုက်သည်။ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ်လေးဖြစ်နေပြီး ၊ ပုံမှန်အတိုင်း တည်ငြိမ်အောင်လည်း လုပ်ယူနေသည်ပင်။
စန်းရန်၏မိဘရှေ့တွင် ပုံရိပ်ကောင်းကျန်နေခဲ့ဖို့ရာ လိုအပ်သည်မဟုတ်လား။
စန်းရန်မှာတော့ ဝိန်းရိဖန်အား စိတ်ဝင်တစားဖြင့်ပင် လိုက်ကြည့်နေလေသည်။
နှစ်ယောက်သားက ဓါတ်လှေကားဖြင့် တက်လာခဲ့ကြသည်။
စန်းရန်က အိတ်ကပ်ထဲမှ အိမ်သော့ကိုထုတ်လိုက်၏။ ဝိန်းရိဖန်၏ တင်းတင်းစေ့ထားသည့်နှုတ်ခမ်းပါးတို့ကို မြင်လိုက်ရခြင်းကြောင့် သူမ၏လက်ချောင်းထိပ်များကို ဖြစ်ညှစ်လိုက်၍
"ဟုတ်ပါပြီကွာ..စိတ်မလှုပ်ရှားနဲ့တော့..မင်းရဲ့ပုံရိပ်တွေကို လိုက်ပံ့ပိုးပေးမယ့် ကိုယ်တစ်ယောက်လုံးရှိတယ်"
"...."
ဝိန်းရိဖန် သူ့စကားကို နားမလည်လိုက်ပေ။
အိမ်တံခါးကိုဖွင့် ၊ ဝိန်းရိဖန်က စန်းရန်နှင့်အတူ လျှောက်ဝင်လာခဲ့သည်။
အတွင်းဘက်တွင် လင်းထိန်ပြီး နေရာထိုင်ခင်းကျယ်ဝန်းလျက်ရှိကာ ဝင်လာသည်နှင့်တပြိုင်နက် ဆိုဖာပေါ်တွင်ထိုင်ပြီး တီဗွီကြည့်နေသည့် စန်းကျီကို လှမ်းမြင်နေရသည်။ လှုပ်လှုပ်ရှားရှားအသံများကြောင့် လှည့်ကြည့်လာသည့်သူက ပါးချိုင့်နှစ်ခုလုံးပေါ်အောင် ပြုံးပြလာခဲ့သည်။
စန်းကျီ ;
"ရိဖန်ကျဲ"
ဝိန်းရိဖန်က ပြန်ပြုံးပြရင်း နှုတ်ဆက်လိုက်သည်။
စန်းရန်က လှမ်းကြည့်နေပြီး အေးစက်စက်ဖြင့်
"ငါ့ကို မမြင်ဘူးလား?"
စန်းကျီက မကြားချင်ယောင်ဆောင်ကာ ဘေးနားမှနေရာအလွတ်ကို ပုတ်ပြပြီး ဝိန်းရိဖန်ကိုသာ အားတက်သရောခေါ်နေ၏။
"ရိဖန်ကျဲ..မမ ဒီမှာလာထိုင်"
"...."
နောက်စက္ကန့်ပိုင်းအတွင်း စန်းရန်၏မိဘများပါ မီးဖိုချောင်ထဲမှထွက်လာခဲ့ကြသည်။
ဝိန်းရိဖန်က စန်းရန်၏အမေ 'လီဖင်' အား မီးရှူးမီးပန်းပွဲတော်၌ တွေ့ဖူးထားရုံသာမက သူတို့နှစ်ယောက်သား ရည်းစားဖြစ်နေသည်ဆိုသော ကောလဟလကြောင့် အုပ်ထိန်းသူခေါ်ခံရသည့်နှစ်ကြိမ်စလုံးတွင်လည်း စန်းရန်၏အုပ်ထိန်းသူအဖြစ်လာခဲ့သည့် လီဖင်ကို နှစ်ကြိမ်တိုင်တိုင်တွေ့ဖူးထားခဲ့သည်။
သို့သော် စန်းရန်၏အမေက သူမကို မှတ်မိနေသေးခြင်းရှိမရှိတော့ မသိပါပေ။
စန်းရန်က သူတို့အား ကြိုတင်ပြောပြထားခြင်းကြောင့်လားမသိ ၊ လီဖင်က ပြုံးပြီးနှုတ်ဆက်လာခဲ့သည်။
"ရိဖန်?"
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြ၍
"ဟုတ်ပါတယ်..ဦးလေးနဲ့အန်တီ နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ"
ပြောနေရင်း လက်ထဲတွင်ပါလာသည့် လက်ဆောင်များကိုလည်း ကမ်းပေးလိုက်၏။
"ဒါက အန်တီတို့အတွက် သမီးပြင်လာပေးတဲ့ နှစ်သစ်ကူးလက်ဆောင်ပါ"
လီဖင် လက်နှစ်ဖက်ကို မီးဖိုချောင်သုံးဝတ်ရုံဖြင့် သုတ်လိုက်ပြီး လှမ်းယူကာ အကြည့်များကအစ နူးညံ့သိမ့်မွေ့၍
"နောက်တစ်ခါကျရင် ဒီအတိုင်းသာ လာခဲ့..ဘာလက်ဆောင်မှ ယူလာမနေနဲ့နော်..အရင်ဆုံး ထိုင်နေဦး..အန်တီနဲ့ သမီးရဲ့ဦးလေးတို့ ချက်ပြုတ်နေတာပြီးတော့မှာ..ခဏနေ ထမင်းစားလို့ရပြီ"
ဝိန်းရိဖန် ;
"သမီးကူပေးမယ်လေ"
စန်းရန်၏အဖေ 'စန်းရုံ' ;
"ရတယ် ရတယ်..မကြာခင် ပြီးတော့မှာ..သမီးက ကျီကျီနဲ့ တီဗွီသွားကြည့်နေ"
ဖြစ်စဥ်တစ်ခုလုံးအား ပြဇာတ်ကြည့်သလိုကြည့်နေပြီး သူနှင့်မဆိုင်သလို လုပ်နေသည့် သားအရင်း စန်းရန် ;
"ဒါဆို ကျွန်တော်လည်း တီဗွီကြည့်နေလိုက်မယ်"
Advertisement
- In Serial156 Chapters
36 Ways To Chase After My Wife's Love
THE BEST WAY TO CHASE AFTER YOUR LOVE~
8 831 - In Serial37 Chapters
VOWS THAT BIND US ✔️
Nov, 09, 2020 : #1 in romanceMay, 14, 2021 : #1in respectMay, 14, 2021 : #4 in lovestory"Don't try and act all nice to me. I know girls like you. I don't know what spell you casted on my parents but I won't ever fall for it. And get one thing straight & clear, I don't want anyone to know about this marriage. We will act like a couple only infront of my parents. Don't expect anything more from me and neither do you knock at my door unless it's important." He spoke menacingly and turned to leave but the moment those words left his mouth, I felt as if someone dumped freezing water over my head.If he hates me so much, then why did he marry me and what does he mean by.. "What do you mean by 'girls like me' ?" I asked.He turned around and walked even closer, all my confidence began to fade. He leaned in, I could feel his breath on my ears. His closeness was doing things to me I have never felt before.I was on the verge of losing my senses, until he spoke.."A gold digging, desperate brat." His words pierced my heart, moreover his tone, his words reminded me of people I have been fighting all my life.ZACH KNIGHT FUTURE HIER OF THE KNIGHT'S CORPORATION.HOTSHOT BILLIONAIRE, A LOVING SON WORKAHOLIC, SLIGHTLY ARROGANT. CONFIDENT & ENTHUSIASTIC.CURRENTLY IN A RELATIONSHIP !! AVA ANDERSONCO-OWNER OF THE RAE CORPORATIONBEAUTIFUL, LOVING, CARING, INNOCENT, CONFIDENT, ALSO WORKAHOLIC AND ENTHUSIASTIC NEVER BEEN IN A RELATIONSHIP.WHAT HAPPENS WHEN ZACH IS FORCED TO MARRY AN OBLIVIOUS AVA.MOREOVER, WHAT HAPPENS WHEN HE REALISES THAT THERE IS MORE TO HER THAN SHE SHOWS.WILL THEY BE ABLE TO FIND LOVE OR FALL APART ? READ TO KNOW !!
8 199 - In Serial58 Chapters
Spitfire in Love
The brooding and mysterious Cameron St. Laurent isn't intimidated by the feisty woman at his doorstep. And when she asks him for the impossible, Cameron knows just how to sweeten the deal. ***** Spitfire in Love is a published book! As a Wattpad reader, you can access both the Published Edition and Original Edition upon purchase.When Cameron's prized motorbike got side-swiped, he had no clue that repayment would come in the form of an irresistible spitfire and struggling university student named Kara. But she's determined to pay back the debt, and Cameron can't let the deal slip through his fingers. He needs to pursue her; the two of them together are combustible, their chemistry an undeniable ticking time bomb. But Kara is used to being alone, forced to grow up fast to protect herself and her brother. Having built up walls, she has a hard time trusting Cameron, who has deep wounds of his own. And when his dark past comes knocking, he realizes that he'll have not only slay his demons, but lay himself on the line, to win Kara over, body and soul.Book 1 in the In Love Series
8 234 - In Serial50 Chapters
The LGBTQ Magic dimension
LGBTQ erotica at its best, juicey , saucey intertwines like no other. There is no gender in pleasure. Meet alot of make believe characters with magical powers with a big sex drive and never ending thirst. short stories that will definitely start your engine and introduce you to a new world.
8 128 - In Serial112 Chapters
Very Happy
--This is not mine for my offline reading purposes only, PLEASE DON'T VOTE.--Li Zhao is a poor, 20-year-old actor who only thinks of where his next meal is coming from. After growing up in a child only facility, Li Zhao has taken on a very optimistic personality even while raising money for those he sees as family.On the other hand, 28-year-old rich businessman Yan Ting is super pessimistic.Yan Ting: Life is no fun. What is the difference between life and death?Li Zhao: Life is very happy.The world in Yan Ting's heart was very grey until he met Li Zhao. He thought, this must be the liveliest person in the world. Otherwise, how could Li Zhao be so lively in his heart every day?Associated Names美滋滋--Credits to:--Authors: Butterfly's Shadow Beneath the MoonYue Xia Die Ying月下蝶影Sources: https://chrysanthemumgarden.com/
8 91 - In Serial23 Chapters
Why her? Donnie x reader
Donnie loves April but, you love him. Can you get him to forget April and, fall for you(Short Chapters)
8 368

