《First Frost (Myanmar Translation)》Chapter 85 (Ending)
Advertisement
အချိန်တစ်ခုစာအတွင်း အမှတ်တရ မှတ်ဥာဏ်ပေါင်းများစွာက ပြန်လည်ဆွဲထုတ်ယူသကဲ့သို့ အတွေးအာရုံထဲ ဝင်ရောက်လာကြတော့သည်။
မွေးနေ့ညတွင် သူက သူမကိုကျောပိုးထားခဲ့ပြီး အညင်သာဆုံးပြောခဲ့သည့်စကားတစ်ခွန်းမှာ ;
"ဝိန်းရွှမ်းကျန့်..နောက်ထပ်တစ်ခု ထပ်ပြီးဆုတောင်း"
လေယာဥ်ဖြင့် ယီဟဲမြို့သို့ လိုက်သွားပြီး သူ့အား သွားရှာခဲ့သည့်တစ်ခေါက်တွင် နှစ်ယောက်သား ဟိုတယ်ထဲ၌ ရှိနေသည့်အချိန်တုန်းက ကိစ္စများကိုခရေစေ့တွင်းကျပြောပြပြီးသည့်အခါ သူက အလေးအနက်ထားပြီးပြောခဲ့သည့်စကားတစ်ခွန်း ;
"ကိုယ် မင်းကို ခွင့်လွှတ်ပါတယ်"
ချယ်ရှင့်ဒယ်ကြောင့် ရလာခဲ့သည့် သူမ၏ဒဏ်ရာကိုကြည့်ပြီး စန်းရန် ကူကယ်ရာမဲ့စွာဖြင့် ပြောခဲ့သောစကားတစ်ခွန်းမှာ;
"မင်း ကိုယ့်ခံစားချက်ကိုရော ထည့်တွက်ပေးရဲ့လား"
အရှေ့ရောက်သည့်ကာလများဆီသို့ ဆက်သွားပါလျှင်။
သူတို့နှစ်ဦး စတွဲကြသည့်နေ့က ခေါက်ဆွဲဆိုင်ထဲတွင် စန်းရန်က ရုတ်တရက်ရောက်လာခဲ့ပြီး မိုးရေစက် ခန်းစီးလိုက်ကာချပ်ကြီးအောက်တွင် သူမအား ငုံ့ကြည့်နေခဲ့သည့် သူ့မျက်ဝန်းများထဲတွင် ငယ်ရွယ်သည့်ခံစားချက်တို့အပြည့်ဖြင့်
"ဒီလောက်နှစ်တွေအကြာကြီးကြာခဲ့တောင် ကိုယ် အခုချိန်ထိ မင်းတစ်ယောက်တည်းကိုပဲ သဘောကျနေခဲ့တာပါ"
'ရှန့်လန်' နိုင်ငံခြားမှပြန်ရောက်ပြီးနောက် သူငယ်ချင်းအုပ်စုလိုက် ညစာထွက်စားသည့်ညတွင် သူက အမှန်တိုင်းဖြေရမည့်မေးခွန်းကိုရွေးလိုက်ပြီး 'နောက်ဆုံးအကြိမ် လေယာဥ်ဖြင့် ခရီးသွားခဲ့သည့်မြို့' အား မေးခွန်းကျသည့်အခါ 'ယီဟဲ' ဆိုသည့်စကားလုံးကို မတွေမဝေဘဲ ပြန်ဖြေခဲ့သည်။
သည့်ထက်စောသည့် အချိန်များတွင်။
တိုက်ဆိုင်သွားသည့်အကြောင်းအမျိုးမျိုးဖြင့် စန်းရန်က သူမ၏အိမ်ခန်းငှားဖော်ဖြစ်လာခဲ့ကာ သည်အကြောင်းကိစ္စဖြင့် နှစ်ယောက်သားက အခန့်မသင့်စကားများခဲ့ကြသေးသည်။ ထိုအချိန်တုန်းက သူက သူမကိုစိုက်ကြည့်နေပြီး နွေးထွေးမှုများမပါသည့်စကားသံမျိုးဖြင့် ဆိုခဲ့သည်မှာ
"ထင်တောင် မထင်ထားမိဘူး..မင်းနှလုံးသားထဲမှာ ကိုယ်က အဲ့လောက်တောင် အချစ်ကြီးတဲ့လူမျိုးဖြစ်နေတာလား"
ဟိုးနောက်ဆုံးတွင်။
ကွဲကွာပြီးနောက် ပြန်ဆုံကြရသည့်အခါ ပထမဆုံးအကြိမ် 'Overtime' ဘားတွင် ခပ်ပေါ့ပေါ့ပါးပါးအမူအရာနှင့် သူမထံ အပေါ်ထပ်အင်္ကျီကိုပစ်ပေးလာပြီး သူ့ကိုယ်သူ သူစိမ်းတစ်ယောက်လို မိတ်ဆက်လာခဲ့သည်မှာ
"ကိုယ်က ဒီဘားရဲ့ပိုင်ရှင်..မျိုးရိုးနာမည် စန်း "
-----
ဤအခိုက်အတန့်တွင် စန်းရန်က လက်ထဲတွင် ပန်းကန်လုံးကိုကိုင်ပြီး အခန်းထဲဝင်လာခဲ့သည်။ ကြမ်းပြင်ပေါ်ချထားသည့် သတင်းစာ စာရွက်များ နှင့် ဖြတ်ပိုင်းစာရွက်အမျိုးမျိုးတို့အပြင် ဝိန်းရိဖန်၏လက်ထဲမှ ဓါတ်ပုံကို သတိထားမိလိုက်သည့်အခါ သူ့အမူအရာက အံ့အားသင့်ရင်းတုံ့ခနဲဖြစ်သွားခဲ့၏။ သို့သော် သိုဝှက်သိမ်းဆည်းထားသောသူ့ခံစားချက်များကိုတော့ ဖုံးကွယ်ထားလိုသည့်အရိပ်အမြွက်မျိုးတစ်စက်လေးမျှမရှိပါဘဲ
"ဘယ်လိုဖြစ်လို့ ကြမ်းပြင်ပေါ်မှာ ထိုင်နေရပြန်တာလဲ"
ဝိန်းရိဖန် မော့ကြည့်လိုက်၏။
စန်းရန်က ဘေးနားထိလျှောက်လာပြီး သူမအား လက်လှမ်းပေးလာခဲ့၍
"မြန်မြန် ထလာခဲ့"
ဝိန်းရိဖန်က တုတ်တုတ်မျှမလှုပ်ဘဲ တိုးဖျလှသံသည့်အသံဖြင့်
"နင် တစ်ချိန်လုံး ယီဟဲကိုလာပြီး ငါ့ကို လာရှာနေခဲ့တာလား"
"အင်း"
စန်းရန်က ဝန်ခံလိုက်၏။
"ကိုယ် မင်းကိုပြောခဲ့ပြီးသားလေ..မဟုတ်ဘူးလား"
"ဘာကိုလဲ?"
စန်းရန်က စကားထပ်မဆိုတော့ဘဲ ဘေးနားမှအခင်းတစ်ခုကို ယူပေးလိုက်၏။
"ဒီပေါ်မှာထိုင်"
ထို့နောက် လက်ထဲကိုင်လာသည့် သကြားညိုရည်ကို လှမ်းပေးလာပြီး သူမ၏လက်ထဲမှ ဓါတ်ပုံကို ပြန်ယူလိုက်သည်။
"အရင်ဆုံးသောက်လိုက်..ခဏနေရင် အေးသွားလိမ့်မယ်"
ဝိန်းရိဖန်က လှမ်းယူပြီး ပန်းကန်လုံးအား လက်နှစ်ဖက်ဖြင့်ယှက်ကိုင်ထားခဲ့ကာ မျက်လွှာကိုချထားရင်း မျက်ဝန်းများက တဖြည်းဖြည်းနှင့်နီရဲလာခဲ့သည်။ ကိုယ့်ကိုကိုယ်အပြစ်တင်သည့်စိတ်နှင့် အပြစ်မကင်းဖြစ်ရသည့်စိတ်တို့က တစ်စစနှင့်လွှမ်းမိုးလာကာ သူမထံ၌ စန်းရန်၏အမူအရာကို လှမ်းကြည့်ရဲသည့်သတ္တိမျိုးပင် မရှိပါတော့ပေ။
သူမ ပြောလိုက်ချင်သည်မှာ ' နင် ရောက်တောင်ရောက်လာပြီးမှတော့ ဘာလို့ ငါ့ကို မပြောပြရတာလဲ' ဟူ၍။
သို့သော် သူမ ထပ်၍စဥ်းစားကြည့်လိုက်မိသည်မှာ သူမပြောခဲ့ဖူးသည့် ထိုစကားများအကြောင်း။
ဝိန်းရိဖန်က ခေါင်းငုံ့ထားရင်း နှေးနှေးကွေးကွေးဖြင့်စကားဆိုလာခဲ့သည်။
"နင် ဘာလို့ ငါ့ကိုလာရှာခဲ့တာလဲ...."
သူမဘက်က အဲ့လိုစကားမျိုးတွေ ပြောထားခဲ့တာကိုတောင်...
အဲ့လောက်ထိ တရားလွန်တဲ့စကားတွေ...
စန်းရန်က နှုတ်ခမ်းပါးများကွေး၍ ပြုံးလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ဖြေလာခဲ့သည်။
"ပြောပြခဲ့ပြီးပြီလေ..မင်းကို ပြောခဲ့ပြီးသားပဲဟာ"
ထို့နောက် စန်းရန်ကဆက်၍
"ကိုယ့်ဘာသာကိုယ် ပြန်စဥ်းစားကြည့်"
ဝိန်းရိဖန်က သကြားညိုရည်ပန်းကန်လုံးအား စိုက်ကြည့်နေပြီး တဖြည်းဖြည်းချင်းဖြင့် 'ဝိန်းလျန်ဇယ်' ဆုံးပါးသွားခဲ့သည့်နေ့က ဘတ်စ်ကားမှတ်တိုင်နားတွင် စန်းရန်မှ သူမအား ပြောခဲ့ဖူးသည့်စကားတစ်ခွန်းက စိတ်ထဲဝင်ရောက်လာခဲ့သည်။
---' ငါက စကားအရမ်းပြောတတ်တဲ့သူမျိုး မဟုတ်ဘူး..ဒါပေမယ့် ဘာတွေပဲဖြစ်နေပါစေ..ငါ မင်းကို အမြဲတမ်းအဖော်လုပ်ပေးနေမယ်'
ငါ မင်းကို အမြဲတမ်း အဖော်လုပ်ပေးနေမယ်..
မင်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ..
ငါ မင်းကို ထပ်ပြီးမနှောင့်ယှက်တော့ဘူးလို့ ပြောခဲ့မိရင်တောင်မှ..
ကတိတစ်ခုကိုတော့..
မင်း မမြင်နိုင်တဲ့နေရာကနေ ဆက်ပြီး ထိန်းသိမ်းနေဦးမှာပါ..
ဝိန်းရိဖန်၏လက်က ဖြည်းဖြည်းချင်း အပေါ်သို့တိုးလာပြီး သကြားညိုရည်တစ်ငုံအား နှေးနှေးဖင့်ဖင့်မော့လိုက်၏။ တစ်ချိန်တည်းတွင်လည်း မျက်ရည်စက်များက ပန်းကန်လုံးထဲသို့ တစ်ပေါက်ပေါက်နှင့်ပြုတ်ကျနေခဲ့ကာ နှုတ်ခမ်းကိုဖိထားရင်းဖြင့် နောက်တစ်ငုံထပ်သောက်လိုက်သည်။
သူမ၏အမူအရာကိုကြည့်နေသည့် စန်းရန်က ခေါင်းသဲ့သဲ့စောင်းလာကာ စနောက်လိုသည့်ဆန္ဒဖြင့်
"မဟုတ်သေးပါဘူး..အဲ့လောက်ထိတောင် သောက်ရဆိုးတာလား"
"...."
"ဝိန်းရွှမ်းကျန့်..မငိုရဘူး..ဒါက ဘာငိုစရာအကြောင်းမှ,မှ မရှိတာ"
စန်းရန်က စကားလမ်းကြောင်းမှရှောင်ထွက်သွားခြင်းမပြုဘဲ ဝိန်းရိဖန်အား မျက်ရည်သုတ်ပေးလိုက်၍
"ကိုယ်နဲ့အတူမနေခင်တုန်းကတောင် ဘယ်လိုကိစ္စမျိုးတွေပဲကြုံကြုံ မငိုတဲ့သူက အခုကျမှ ငိုနေရတာ ဘယ်နှကြိမ်တောင်ရှိနေပြီလဲ..မင်း ဒီလိုလုပ်နေတော့ ကိုယ်က ဘယ်လိုကောင်မျိုး ဖြစ်သွားမလဲ?"
ဝိန်းရိဖန်က စကားမပြောတော့ဘဲ သကြားညိုရည်ကိုသာ ငိုရင်း သောက်နေလေ၏။
Advertisement
ဝိန်းရိဖန်အား ကြည့်နေရင်း စန်းရန်တစ်ယောက် ကူကယ်ရာမဲ့ပြီး မဆီမဆိုင်ရယ်ချင်လာမိတော့ကာ
"မင်း ဘာတွေကိုများ ဒီလောက်ထိဝမ်းနည်းနေရတာလဲ?..မင်း မသောက်ချင်ရင် ကိုယ် မသောက်ခိုင်းတော့ဘူး ဟုတ်ပြီလား..သောက်နေရင်း ငိုနေတာမျိုးတော့ မလုပ်ပါနဲ့"
ဝိန်းရိဖန်က ထိုအခါတွင်မှရပ်သွားပြီး ဆို့နင်နေသည့်အသံတို့ဖြင့်
"ငါ..ဘွဲ့ယူတဲ့နေ့တုန်းက နင့်ကို မြင်လိုက်တယ်ထင်တယ်..ဒါပေမယ့် ငါ့စိတ်ထဲမှာ နင် လာမှာမဟုတ်ဘူးလို့ပဲ ထင်နေခဲ့ပြီး..ငါ အကြည့်မှားသွားတယ်လို့ပဲ....."
"အဲ့တော့ ပိုမကောင်းသွားဘူးလား"
စန်းရန်က ပေါ့ပေါ့ပါးပါးဖြင့်သာ စကားဆိုလိုက်၏။
"မင်းသာ မှတ်မိသွားခဲ့ရင် ကိုယ့်မှာ ရစရာမျက်နှာတောင် မရှိတော့ဘူးလေ"
ဝိန်းရိဖန်၏မျက်ရည်များက ပန်းကန်လုံးထဲသို့ တစ်စက်ပြီးတစ်စက်ကျနေခြင်းဖြစ်ရာ သကြားညိုရည်ထဲတွင် ရေဝဲသဏ္ဍာန်အဝိုင်းလေးများက တစ်ခုပြီးတစ်ခုဖြစ်နေသည်။
"ငါ..ငါ ပြေးလိုက်လာကြည့်ခဲ့သင့်တာ"
ဖြစ်နိုင်ချေရာခိုင်နှုန်းက အပ်ချည်မျှင်စာလေးမျှပင် ရှိလျှင်တောင် လျစ်လျူမရှုပစ်ခဲ့သင့်ချေ။
ထိုနေရာတွင် သူမက သူငယ်ချင်းများနှင့် ရယ်ရယ်မောမောဓါတ်ပုံရိုက်ပြီး စကားတပြောပြောလုပ်နေခဲ့သည့်အချိန်တွင် လူအုပ်ကြီး၏အဝေးတစ်နေရာမှ တစ်ကိုယ်တည်းရပ်ကြည့်နေခဲ့သည့် စန်းရန်သည် အဘယ်သို့သောခံစားချက်မျိုးများကို ပွေ့ပိုက်ထားခဲ့မည်နည်း။
တစ်ကိုယ်တည်း တစ်ဖက်သတ် လာခဲ့ပြီး ၊ တစ်ကိုယ်တည်း တစ်ဖက်သတ် သူမ၏ရှေ့ရောက်လာခဲ့ကာ ၊ တစ်ကိုယ်တည်း တစ်ဖက်သတ်ပင် ပြန်ထွက်သွားခဲ့၏။
ဝိန်းရိဖန်၏နှလုံးသားတစ်ခုလုံးမှာ ကျောက်ခဲတုံးကြီးဖြင့် ဖိခံထားရသည့်အလား လေးလံနေခဲ့ကာ
"ငါ ဘာဖြစ်လို့များ နင့်အပေါ်ကို မကောင်းတဲ့လုပ်ရပ်တွေအများကြီး လုပ်ထားခဲ့မိတာလဲ"
"ဘာလုပ်ထားလို့လဲကွာ..ဒီကိစ္စနဲ့ပတ်သတ်ပြီး ကိုယ်တို့နှစ်ယောက် ပြန်သင့်မြတ်ခဲ့ပြီးပြီလေ..ဒါတွေက ထားခဲ့ပြီးပြီ"
စန်းရန်က သူမ၏လက်ထဲမှ ပန်းကန်လုံးကို ယူလိုက်ကာ ကြမ်းပြင်ပေါ် ချထားလိုက်၏။
"မဟုတ်မှလွဲ မင်း ကိုယ့်အပေါ်ကို အားနာစရာကောင်းတဲ့ကိစ္စမျိုးတွေလုပ်ထားသေးလို့လား"
"...."
ဝိန်းရိဖန် နှာတစ်ချက်ရှုံ့ပြီး အလေးအနက်ထား၍ တွေးကြည့်လိုက်၏။ မျက်လုံးပင့်ကြည့်လိုက်ကာ တစ်ခုခုကို အမှတ်ရသွားသည့်သူက ချက်ချင်းဝန်ခံလာခဲ့သည်။
"ငါ နင့်ကို အသားယူဖူးတယ်"
စန်းရန်က မျက်ခုံးပင့်ပြလာ၍
"အသားယူနေတာကတော့ နေ့တိုင်းပဲလေ မဟုတ်လို့လား"
"...."
ဝိန်းရိဖန်မှာ အလေးအနက်ပြောပြမည်ဟု တွေးထားသော်ငြား စန်းရန်၏စကားကြောင့် ရယ်ချင်လာမိတော့၏။ သူ့အား စိုက်ကြည့်နေရင်းက မနေနိုင်သည့်အဆုံးတွင် အနားကပ်ပြီးဖက်ထားလိုက်၍
"ငါတို့နှစ်ယောက် မတွဲခင်တုန်းက"
စန်းရန်က သူမ၏ခါးတစ်လျှောက်ကို ပြန်ဖက်ထားလိုက်ရင်း
"အမ်?"
"ငါ အိပ်နေရင်းလမ်းထလျှောက်ချင်ယောင်ဆောင်ပြီး နင့်ကို တစ်ခါဖက်ဖူးတယ်"
"ဘယ်အချိန်တုန်းကလဲ?"
စန်းရန်မှာ ခေတ္တခဏကြောင်အမ်းသွားပြီး မယုံကြည်နိုင်အောင်ပင်ဖြစ်နေရကာ သုံးလေးစက္ကန့်ကြာပြီးချိန်တွင်တော့ အသံထွက်အောင်ရယ်မိတော့သည်။
"မဟုတ်သေးပါဘူး..မင်း ဒီလိုကိစ္စမျိုးလည်း လုပ်ဖူးတာပဲလား"
ဝိန်းရိဖန်က အပြစ်ရှိသည်ဟုပင် မထင်ဘဲ နှာတစ်ချက်ရှုံ့လိုက်၏။
"ငါက ငါရထားတဲ့အခွင့်အရေးကို အပြည့်အဝအသုံးပြုလိုက်ရုံလေးပဲ"
"အဲ့တုန်းကဆိုရင် မင်းဘက်ကပဲ အမြဲတမ်းမှန်သလို လုပ်ပြခဲ့တာမဟုတ်ဘူးလား"
စန်းရန်က သူမတစ်ကိုယ်လုံးအား သူ့ပေါင်ပေါ်၌ ထိုင်ထားခိုင်းလိုက်ပြီး ဖြေးဖြေးချင်းဖြင့်
"လက်စသတ်တော့ နောက်ကွယ်မှာ ဒီလိုအတွေးမျိုးရှိနေတာကိုး"
"...."
ဝိန်းရိဖန်က သူ့အားစိုက်ကြည့်ပြီး ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်တော့၏။
"ဟုတ်တယ်"
စန်းရန် ခပ်ဖွဖွလေးရယ်လိုက်မိကာ စိတ်ကြည်လင်နေသည့်အလား ခေါင်းငုံ့ပြီး ဝိန်းရိဖန်အား နမ်းရှုံ့လိုက်သည်။ ပြန့်ကျဲနေသည့်သတင်းစာ စာရွက်များကို လှမ်းကြည့်ပြီး
"သွားသိမ်းပေး..အကုန်လုံး အပြင်ထုတ်ပြီး မွစာကျဲအောင်လျှောက်ဖွထားတာတွေ"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြသော်ငြား တစ်စက်လေးမျှရွေ့သွားချင်လိုသည့် ဆန္ဒမရှိ။
နှစ်ယောက်သားက ဤအနေအထားအတိုင်း တစ်ခဏကြာကြာငြိမ်နေပြီးမှ ဝိန်းရိဖန်က အသံထွက်လာခဲ့၏။
"အားရန်"
စန်းရန် ; "အမ်"
"ငါ နင့်ထက် ခြောက်နှစ်ပိုပြီး အသက်ရှည်ချင်တယ်"
စန်းရန်က မသိမသာမျက်မှောင်ကျုံ့လိုက်၍
"ဘာလို့လဲ"
ဝိန်းရိဖန်၏မျက်ဝန်းများမှာတော့ နီရဲနေဆဲဖြစ်ကာ အလေးအနက်ထားပြီးစကားဆိုလာခဲ့သည်။
"ဒီလိုမှပဲ နင့်ကို ခြောက်နှစ် ပိုချစ်ပေးနိုင်မှာ"
ဒါမှ ငါတို့နှစ်ယောက် ညီတူမျှတူဖြစ်သွားမှာ..
"...."
စန်းရန်က ချက်ချင်းနားလည်လိုက်ပြီး ခေါင်းငုံ့ကာ ပြုံးလိုက်မိသည်။
"ထားလိုက်ပါတော့..ကိုယ်က ပိုပြီးတောင် အသက်ရှည်ချင်သေးတယ်"
စကားအဆုံးတွင် သူက သူမ၏ခန္ဓာကိုယ်အား ပိုနီးကပ်သွားအောင်ဆွဲယူလိုက်ပြီး အကြည့်ချင်းဆုံလျက်ဖြင့်
"နောက်ဘဝကျမှပဲ ပြန်ပေးဖို့ ချန်ထားလိုက်ရအောင်"
နောက်ဘဝကျရင်..
မင်းက ကိုယ့်ကို ခြောက်နှစ် အရင်သဘောကျပေးပါ..
ပြီးတော့..
ကိုယ့်ရဲ့ အခုလိုပုံစံမျိုးအတိုင်း..
ကိုယ့်ဆုတောင်းဆန္ဒတွေကိုလည်း မင်း လာဖြည့်ဆည်းပေးစေချင်ပါတယ်..
------
နောက်တစ်နေ့သည် တနင်္ဂနွေနေ့။
စန်းရန်က အလုပ်သွားစရာမလိုသည့်အပြင် ဝိန်းရိဖန်သည်လည်း ယနေ့တွင် နားရက်ရထားခဲ့သည်။
နှစ်ယောက်သားက မနက်စောစောကတည်းက အိပ်ရာထနှင့်နေပြီး ရွှေ့ပြောင်းဝန်ဆောင်မှုမှာလည်း အချိန်ကိုက်ရောက်လာခဲ့သည်။ ပစ္စည်းများအားလုံးသိမ်းဆည်းပြီးသည့်နောက်တွင် နောက်ဆုံးတစ်ကြိမ်အဖြစ် ကျန်နေသေးသည့်ပစ္စည်းရှိမရှိကို စစ်ဆေးကြည့်လိုက်၏။ ဝိန်းရိဖန်က အိမ်သော့အား ဖိနပ်စင်ပေါ် တင်လိုက်ကာ သူတို့နှစ်ဦး နှစ်နှစ်နီးပါး အတူမျှနေလာခဲ့သည့်အိမ်ခန်းအား ထားရစ်ခဲ့လိုက်တော့သည်။
သူမ၏အမူအရာကို သတိထားမိနေသည့် စန်းရန်က ;
"ဘာဖြစ်လို့လဲ"
ဝိန်းရိဖန် ;
"မခွဲနိုင်သေးလို့"
"ဘာကို မခွဲနိုင်စရာရှိလို့လဲ..ဘယ်နေရာသွားသွား ကိုယ်နဲ့ပဲ အတူတူနေမှာပဲကို"
စန်းရန်က ဝိန်းရိဖန်၏ဆံပင်တို့အား ခပ်ပြင်းပြင်းဆွဲဖွလိုက်ပစ်လိုက်ရင်း
"မင်း သဘောကျတယ်ဆိုရင် ကိုယ်တို့နေမယ့်အိမ်ကိုလည်း အဲ့လိုပုံစံမျိုးဖြစ်အောင် ပြင်လိုက်လို့ရတယ်လေ"
ဝိန်းရိဖန်၏ဝမ်းနည်းမှုများက လွင့်စင်သွားခဲ့ပြီး ခပ်ရေးရေးလေးပြုံးပြလိုက်၏။
"ဒါဆို ငါတို့နှစ်ယောက်က တစ်ချိန်လုံး အခန်းခွဲပြီးအိပ်ရတော့မှာပေါ့နော်"
"...."
Advertisement
စန်းရန်၏မျက်နှာပေါ်မှာ အမူအရာများမှာ ရုတ်ချည်းပျောက်ကွယ်သွားပြီး သူမ၏ပါးကို ဖြစ်ညှစ်၍
"ကိုယ် မင်းကို အလျော့ကိုမပေးသင့်တာ"
စန်းရန်က 'ကျုံးနန်ရှစ်ကျိ' အိမ်ရာ၏မြေအောက်ကားပါကင်ထဲသို့ မောင်းဝင်လာခဲ့၏။
နှစ်ယောက်သားက ရွှေ့ပြောင်းဝန်ဆောင်မှုကုမ္ပဏီထက် စော၍ရောက်လာခဲ့သည်။
ကားထဲမှ ထွက်လာသည့်အခါ ဝိန်းရိဖန်က ဦးတည်ရာကိုမသိသဖြင့် တစ်ချိန်လုံး စန်းရန်၏နောက်မှသာ ကပ်လိုက်လာခဲ့သည်။ ဓါတ်လှေကားမှတဆင့် ကိုးလွှာပေါ်သို့ တက်လာကြ၏။ ဤအလွှာတွင် အခန်း နှစ်ခုတည်းသာ ရှိပြီး စန်းရန်က နံပါတ် 'B' ဘက်သို့လျှောက်သွားခဲ့ကာ အိမ်တံခါးအား လက်ဗွေရာဖြင့်ဖွင့်လိုက်သည်။
စန်းရန်က အလျင်စလိုအထဲဝင်သွားခြင်းမရှိ ၊ နေရာ၌သာရပ်နေပြီး ဝိန်းရိဖန်၏လက်ကိုဆွဲယူကာ သူမ၏လက်ဗွေရာကို ဖြည်းဖြည်းချင်းထည့်ပေးနေလိုက်သည်။
"ကိုယ်တို့နှစ်ယောက်ကလွဲ၍ ဘယ်သူမှ ဝင်လာနိုင်မှာမဟုတ်ဘူး"
ဝိန်းရိဖန်က အလျင်းသင့်သလိုခေါင်းငြိမ့်ပြပြီး အိမ်ထဲသို့လှမ်းကြည့်နေလိုက်၏။
ဤအိမ်ခန်းဖွဲ့စည်းပုံမှာ အရင်အိမ်ထက် ပိုကျယ်ပြီး တံခါးအဝင်နားတွင် ဥယျာဥ်ငယ်လေးတစ်ခုရှိသည်။ မီးဖိုချောင်နှင့် ထမင်းစားခန်းက မျက်နှာချင်းဆိုင်ရှိနေပြီး ထို့နောက်တွင် ဧည့်ခန်းကျယ်။ အိမ်ခန်းအပြင်အဆင်က လက်ရှိကာလခေတ်စားနေသည့်ပုံစံမျိုးဖြစ်ပြီး ဆေးရောင်များမှာ လင်းသည့်ဘက်သို့သွားသဖြင့် ကြည့်ရုံဖြင့် နွေးထွေးလှသည်။
ဝေ့ဝဲကြည့်နေမှုမပြီးလိုက်ခင် စန်းရန်က သူမ၏အာရုံကိုဝင်နှောင့်ယှက်လာကာ အထဲသို့ခေါ်လာခဲ့သည်။
"တံခါးရဲ့လျှို့ဝှက်နံပါတ်ကို ခဏနေကျမှ Wechat ကနေပို့ပေးလိုက်မယ်..အရင်ကနေခဲ့တဲ့အတိုင်း နေရုံပဲ..နေရာတစ်ခုကို ပြောင်းလာတာပဲရှိတာနော် အခြားဟာတွေက ဘာမှမပြောင်းလဲဘူး"
ဝိန်းရိဖန်က တုံ့ပြန်လိုက်ပြီး အတွင်းဘက်အခြေအနေအား ဆက်၍စူးစမ်းနေလိုက်သည်။
ရှိသင့်ရှိထိုက်သည့်ပရိဘောဂများက နေရာတွင်အသင့်ရှိနေပြီးဖြစ်သော်လည်း စားပွဲပေါ် ၊ စာအုပ်စင် စသည်တို့မှာ အလွတ်ကြီးအတိုင်းသာ။ အချိန်ကြာကြာလူမရှိသောကြောင့် စိုထိုင်းထိုင်းအငွေ့အသက်တစ်ချို့ရှိနေပါသေးသော်ငြား သန့်ရှင်းရေးလုပ်ထားပြီးဖြစ်၍ သပ်ရပ်နေ၏။
နှစ်ယောက်သားက ဆိုဖာပေါ်ထိုင်လိုက်ပြီး ဝိန်းရိဖန်က အလျင်းသင့်သလိုမေးမြန်းလိုက်သည်။
"ငါက ဘယ်အခန်းမှာအိပ်ရမှာလဲ"
စန်းရန်က ဆိုဖာပေါ် မှီထိုင်လိုက်၍
"အိပ်ချင်တဲ့အခန်းမှာ အိပ်လို့ရတယ်"
ဝိန်းရိဖန် သူ့အားလှည့်ကြည့်လာ၏။
"ရေချိုးခန်း အိမ်သာ မီးဖိုချောင်ထဲမှာ အိပ်ချင်လည်းရတယ်..ဘာပဲဖြစ်ဖြစ် ကိုယ်က နေရာမရွေးဘူး..ဘယ်နေရာပဲဖြစ်နေနေ.."
စန်းရန်က ခေါင်းစောင်းကြည့်လာကာ စကားလုံးတို့ကလည်း အရိပ်အမြွက် ၊ အဓိပ္ပါယ်အပြည့်ဖြင့်
"ကိုယ် အားလုံး လိုက်နေပေးနိုင်တယ်"
"...."
ဝိန်းရိဖန်အနေဖြင့်တော့ သူမသည် သတ်မှတ်ထားသည့်အောက်ဆုံးစည်းလေးတော့ ရှိနေသေးသည့်လူပါပင်။
"ဒါဆို ငါတို့နှစ်ယောက်က လက်မထပ်ခင် တစ်ခန်းထဲနေသလိုမျိုး ဖြစ်သွားမှာပေါ့"
"အဲ့တော့လည်း ဘာဖြစ်လဲ?"
စန်းရန်၏ပုံစံမှာ မထီမဲ့မြင်ပြုနေလေပြီး မနေ့ညက သူမ ပြောခဲ့သည့်စကားလုံးတို့ကိုပါ ယူသုံးလိုက်သေး၏။
"အနှေးနဲ့အမြန် ဖြစ်လာမယ့်ကိစ္စပဲဟာ..ကိုယ်က ဘာဖြစ်လို့ ရထားတဲ့အခွင့်အရေးကို အပြည့်အဝအသုံးမချဘဲ နေနေရမှာလဲ"
"...."
အချိန်ကိုက်ဆိုသလို ရွှေ့ပြောင်းဝန်ဆောင်မှုကုမ္ပဏီရောက်လာခဲ့သည်။
စန်းရန်က တံခါးဖွင့်ပေးနေသည့်အချိန် ဝိန်းရိဖန်လည်း မတ်တပ်ထရပ်ပြီး အိပ်ခန်းကြီးကိုကြည့်ရန်ထွက်လာလိုက်သည်။တစ်ချိန်တည်းတွင်လည်း သူမအနေဖြင့် အမှန်တကယ်ကို မည်သည့်ကိစ္စမှတွေးပူနေစရာမလိုတော့သည့်ခံစားချက်မျိုးအား ခံစားမိလိုက်ရသည်။
အိပ်ခန်းကြီးမှာ အတွင်းဘက်အကျဆုံးနေရာတွင် ဖြစ်သည်။
ဝိန်းရိဖန် တံခါးဖွင်ပြီးဝင်လာလိုက်၏။
အခန်းအပြင်အဆင်မှာ မိန်းကလေးဒီဇိုင်းမျိုးဖြစ်ပြီး ပန်းရောင်ဆေးအပြည့်သုတ်ထားသည့် နံရံ ၊ အဖြူရောင်ကုတင် အပြင် ဘေးနားရှိ မှန်တင်ခုံသေးလေးတစ်ခု။ ပြတင်းပေါက်နားတွင် စာရေးခုံတစ်ခုရှိပြီး သူ့ဘေး၌ စာအုပ်စင်။ ကြမ်းခင်းကိုလည်း အရောင်နုနုကော်ဇောချပ်များ ခင်းထား၏။
ဤသည်မှာ စန်းရန်၏အိမ်။
မိန်းကလေးပုံစံအလှဆင်ထားသည့် အိပ်ခန်း။
သိပ်မကြာခင်အတွင်း စန်းရန်လည်း လိုက်ဝင်လာခဲ့၏။
ဝိန်းရိဖန် လှည့်ကြည့်ရင်း
"နင် ဒီအိမ်ကို ဘယ်အချိန်တုန်းက ပြင်ပြီးသွားခဲ့တာလဲ"
"အရင်နှစ်က..ဒါပေမယ့် ဒီအခန်းကိုတော့ အစကနေ ပြန်ပြင်ထားတာ"
ဝိန်းရိဖန်က အခန်းအပြင်အဆင်ကိုထပ်ကြည့်လိုက်၏။
"ဘာလို့ ပန်းရောင်တွေသုတ်ထားတာလဲ"
"မင်းအတွက် လုပ်ပေးထားတာ..အဲ့ဒါမှပဲ မင်း ကိုယ်နဲ့အတူအိပ်ဖို့ မငြင်းတော့မှာလေ"
"အဲ့တော့ နင်က ငါနဲ့အတူတူ ဒီအခန်းထဲမှာအိပ်မယ်ဆိုတဲ့သဘောလား"
ဝိန်းရိဖန်က ရယ်ချင်နေသည့်စိတ်ကိုထိန်း၍
"ဒါဆို နင်က မိန်းမငယ်လေးလိုနှလုံးသားနဲ့ယောက်ျားရင့်မာကြီး ဖြစ်သွားမှာပေါ့နော်"
"...."
အပြင်ဘက်တွင် အလုပ်သမားများ၏ပစ္စည်းရွှေ့သံများကို ကြားနေရသည်။
စန်းရန်က အပြင်ပြန်ထွက်သွားပြီး ထိုလူများနှင့် စကားအပြောအဆိုလုပ်နေ၏။ ဝိန်းရိဖန်က အခန်းထဲ၌ တစ်ခဏနေနေခဲ့ပြီးနောက် လေဝင်လေထွက်ရရန် ပြတင်းပေါက်ကိုဖွင့်ထားလိုက်သည်။ ဧည့်ခန်းဘက်သို့ ပြန်ထွက်လာတော့မည့်အချိန်တွင် အိတ်ကပ်ထဲမှ ဖုန်းမက်ဆေ့သံမြည်လာခဲ့သည်။
လက်ကိုင်ဖုန်းကိုထုတ်ပြီး ဖွင့်ကြည့်လိုက်၏။
စန်းရန် ; [ Password 150102 ]
ဝိန်းရိဖန် ; [ နံပါတ်က ဘာအဓိပ္ပါယ်နဲ့လဲ? ]
စန်းရန် ; [ ? ]
စန်းရန် ; [ မင်း ကောင်လေးရဲ့မွေးနေ့ ]
ဝိန်းရိဖန် ; [ ဒါပဲလား? ]
Wechat မှတဆင့် စကားပြောနေကြသည့်နှစ်ယောက်မှာ တစ်ယောက်က ဧည့်ခန်းတွင်ဖြစ်ပြီး တစ်ယောက်က အိပ်ခန်းထဲတွင်ဖြစ်သည်။
စန်းရန်က အသံမက်ဆေ့တန်းပို့လာ၏။
"ကိုယ့်ဘာသာကိုယ် သေချာစဥ်းစား"
စန်းရန်၏ မပျော်မရွှင်ဖြစ်နေသည့်အသံကြီးအား ဝိန်းရိဖန် အိပ်ခန်းထဲမှပင် ကြားနေရသလိုလို။
ဝိန်းရိဖန်က မျက်လွှာချရင်း ချက်ချင်းစာပြန်လိုက်၏။
[ အို့..ငါတို့နှစ်ယောက် စပြီးအတူရှိတဲ့နေ့ပဲ ]
ဟုတ်ပါ၏ ၊ သူမအပေါ် ကံကောင်းခြင်းများတဖန်ကျရောက်လာသည့် နေ့ပါပင်။
ချယ်ရှင့်ဒယ်၏အမှုအား ၉လပိုင်းတွင် ပထမဆုံးစီရင်ချက်ချလာခဲ့သည်။ ချယ်ရှင့်ဒယ်က ရည်ရွယ်ချက်ရှိရှိလူသတ်မှု နှင့် မုဒိမ်းမှုကြောင့် သေဒဏ်ချမှတ်ခံခဲ့ရပြီး ချယ်ယန့်ချင်က ချယ်ရှင့်ဒယ်အတွက် သက်သေဖျက်ဆီးပေးခြင်းအမှုဖြင့် ထောင်ဒဏ် သုံးနှစ် ကျသင့်ခဲ့သည်။
အမှု၏နောက်ဆက်တွဲသတင်းများအား တာဝန်ယူထားသည့်ဝိန်းရိဖန်ကသာ အဆုံးသတ်သည်အထိ သတင်းယူတင်ပြပေးခဲ့သည်။
ထို့အပြင် ဤလူနှစ်ယောက်ဟာ သည်ကနေ့ သည်အချိန်မှစပြီး သူမ၏ရှင်သန်ရာဘဝထဲမှ အပြီးတိုင်ပျောက်ကွယ်သွားခဲ့ပြီပင်။
-------
ယခုနှစ်၏ ၉လပိုင်း ၂၂ရက်နေ့တွင် နန်းဝူ အမှတ် (၁) အထက်တန်းကျောင်း၌ နှစ်တစ်ရာပြည့်အထိမ်းအမှတ်ပွဲ ရှိသည်။
ဤသတင်းအား လွန်ခဲ့သောနှစ်ပတ်ခန့်ကတည်းက ကျုံးစစ်ချောင်ထံမှ ရခဲ့ခြင်းလည်းဖြစ်သည်။ သို့သော် သူမအနေဖြင့် အထူးတလည်စိတ်ဝင်စားနေခြင်းမရှိသည့်အပြင် ထိုနေ့တွင် ပါဝင်ပေးနိုင်မည်မှာလည်း မသေချာသောကြောင့် မရေရာသည့်အဖြေမျိုးသာ ပေးထားခဲ့သည်။
မထင်ထားသည့်အတိုင်း ကျုံးစစ်ချောင်မှာတော့ မဖြစ်မနေ အတူပါဝင်ဆင်နွှဲရမည်ဟု အတင်းတိုက်တွန်းလာခဲ့၏။
သည့်ထက်အပြင် စန်းရန်ကို မပါမဖြစ်ခေါ်လာခိုင်းပြန်၏။
ဝိန်းရိဖန်က ငြင်းမရတော့သည့်အဆုံးတွင် ဒါရိုက်တာထံမှ ခွင့်ရက်တောင်းယူလိုက်ရပြီး စန်းရန်ကိုလည်း ကြိုတင်အသိပေးခဲ့ရသည်။ စန်းရန်မှာတော့ မည်သည့်အကြောင်းပြချက်မျိုးမှပင် မမေးတော့ဘဲ ချက်ချင်းကြီး လက်ခံလိုက်လေ၏။
ကျောင်းအထိမ်းအမှတ်နေ့တွင်။
နှစ်ယောက်သားက နေ့လည်ခင်းအချိန်တွင်မှ နန်းဝူ အမှတ် (၁) အထက်တန်းကျောင်းဆီသို့ ထွက်လာပြီး ကျောင်းဂိတ်ပေါက်ဝတွင် ကျုံးစစ်ချောင်နှင့် အခြားသော အထက်တန်းကျောင်းတုန်းက သူငယ်ချင်းနှင့်အတူ ပူးပေါင်းလိုက်ကြ၏။ အများစုမှာ ဝိန်းရိဖန်အား ရင်းနှီးသလိုလိုသာရှိနေကြပြီး နာမည်ကို မမှတ်မိကြ။
သူတို့နှစ်ဦးကို အတူတူမြင်လိုက်ရသည့်အခါတွင်တော့ အများစု၏ပထမဆုံးထင်မြင်ချက်မှာ သူတို့နှစ်ယောက်သားက အထက်တန်းကျောင်းကတည်းကစ၍ လက်ရှိအချိန်ထိ တွဲနေကြတုန်း ဟူ၍ပင်။
ဝိန်းရိဖန်က နားသာထောင်ပေးခဲ့ပြီး ပြန်ရှင်းမပြဖြစ်ခဲ့၏။
နန်းဝူ အမှတ် (၁) အထက်တန်းကျောင်း၏ ဤအထိမ်းအမှတ်ပွဲအား အကျယ်တဝင့်ကျင်းပခြင်းဖြစ်ရာ လက်ရှိအချိန်တွင် ကျောင်းဝန်းကြီးထဲ၌ လူအများ ပြည့်သိပ်လျက်ရှိသည်။ လမ်းတစ်လျှောက်လုံးတွင် ကျောင်း၏သမိုင်းကြောင်း ၊ ကျော်ကြားခဲ့ဖူးသောပုံရိပ်များအား နေရာတိုင်းတွင် ပုံစံအမျိုးမျိုးဖြင့် ဖော်ပြထားပါသေးသည်။
တစ်ပတ်နီးပါး ပတ်လာပြီးသည့်အခါ။
ဝိန်းရိဖန် နှင့် စန်းရန်သည် မသိလိုက်ပါဘဲ အခြားသူများနှင့်လူစုကွဲသွားခဲ့၏။
နွေရာသီကြီးထဲတွင် အပူချိန်မှာအတော်လေးမြင့်ပြီး နေရောင်ခြည်ကလည်း ခပ်ပြင်းပြင်းထိုးနေသည်မှာ ရေနွေးငွေ့ရိုက်နေသည့်အလားပင်။ ထို့အပြင် လူအုပ်ကြီးထဲ သွားလာနေရသည့်အတွက် အပူလှိုင်းများက ပို၍သိသာနေကာ အချိန်ကြာကြာရပ်နေဖို့ရာ မတတ်နိုင်စွမ်းတော့၏။
ဝိန်းရိဖန်၏အခြေအနေကို သတိထားမိသည့်စန်းရန်က မနီးမဝေးတွင်ရှိသော စာသင်ဆောင်ကြီးကို တစ်ချက်လှမ်းကြည့်လိုက်၍
"စာသင်ခန်းဘက်ကို ပြန်သွားကြည့်ရအောင်လေ"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြလိုက်၏။
နှစ်ယောက်သားက စာသင်ဆောင်ထဲသို့ ဝင်လာပြီး လှေကားအတိုင်းတက်လာကြသည်။
ပြန်မလာဖြစ်ခဲ့သည်မှာ အချိန်တွေကြာမြင့်ခဲ့ပါသော်လည်း တစ်ချို့နေရာ၌ပြန်လည်ပြင်ဆင်ထားသည်ကလွဲလျှင် ယခင်အတိုင်းမပြောင်းမလဲရှိနေဆဲ။ ဝိန်းရိဖန်က စန်းရန်နှင့် စကားမပြောဖြစ်တော့ဘဲ ပတ်ဝန်းကျင်ကိုသာ လိုက်ကြည့်နေသည်မှာ မှတ်ဥာဏ်များထဲ ပုံရိပ်များအား တစ်ခုပြီးတစ်ခု ပြန်မြင်ယောင်နေသည့်အတိုင်းပင်။
တဖြည်းဖြည်း လူနည်းသည့်နေရာသို့ရောက်လာခဲ့သည်နှင့် ဗလာကျင်းသွားသည့်နေရာကြီးမှာ ကျောင်းဆင်းပြီးသွားသည့်ကျောင်းဝန်းကြီးအသွင်။
ဝိန်းရိဖန်ရော စန်းရန်ပါ မည်သူကမှစတင်၍ သတိပေးခြင်းမျိုးမရှိပါသည့်တိုင် လေးထပ်မြောက်သို့အရောက်တွင် နှစ်ယောက်လုံး ရပ်တန့်သွားခဲ့၏။ ထိုမှတဆင့် ကော်ရစ်တာအတိုင်းလျှောက်လာပြီး ဘယ်ဘက်သို့ကွေ့ကာ အတွင်းဘက်ကျသည့်နေရာဆီသို့ရောက်လျှင် ရင်းနှီးလွန်းလှသော ကျောင်းရေသန့်စက်အား တွေ့လိုက်ရတော့၏။
ဤနေရာမှာ ဝိန်းရိဖန်မှ စန်းရန်အား ပထမဆုံးတွေ့ခဲ့ဖူးသောနေရာ။
ဝိန်းရိဖန်၏စိတ်ထဲ ထူးဆန်းသောခံစားချက်မျိုးဖြစ်တည်လာသဖြင့် ရုတ်တရက် စန်းရန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"စီနီယာအစ်ကို"
စန်းရန်က ဘေးတိုက်အနေအထားဖြင့်ခေါင်းငဲ့ကြည့်လာပြီး မျက်ခုံးပင့်ပြ၏။
ဝိန်းရိဖန် ပြုံးပြ၍
Advertisement
- In Serial8 Chapters
Maze
This story is being published on Wattpad, Tapas, and Royalroad only( looking at you novelhd :/) Please help me take it down if you see it somewhere else. Maze, a witch born in a forest close to a Circassian village, loses her mother and gains a kitsune father all at once. She grows up in Japan, in one of the kitsune villages and we follow her life as she tries to find a place where she belongs. This is the first draft of Maze. IMPORTANT: I'm looking for Japanese sensitivity readers, so if this story interests you, please do correct me whenever you find anything ignorant and/or harmful/offensive.
8 82 - In Serial22 Chapters
Just Business?
Olivia Hamilton just graduated after 4 years of business classes. She needed a new job now. Her best friend, Trinity, is the receptionist at one of the biggest companies there is, Wright Inc. Aiden Wright, CEO of Wright Inc, is in need of a new personal assistant. Trinity was determined to get Olivia in there. Her boss is hot, but Trinity already has a boyfriend, Nikko. Olivia was hopeful that she could work for such an amazing company. When Olivia & Aiden start to work together will things be just business?
8 142 - In Serial31 Chapters
The Wolves ✓
They call themselves the wolves. They're dangerous people but they're the best at what they do- and that's surviving. Freya and her younger brother, Greg find themselves in grave trouble when they move to the north with their family and there's a sudden outbreak- namely, the Smoke. The smoke is spreading and there's no news for government intervention. When all seems lost, the pair come across the wolves but they're not there to help. Everything changes when group leader, Tristan Wolfe gets involved. Are the Wolves to be trusted? And can Freya save herself and her brother from things that go bump in the night?WATTPAD FEATURED
8 237 - In Serial56 Chapters
The Charming Billionaire.
| ZAEEF BOOK I |-UNEDITED- "So destiny huh" he said and I looked away. Destiny. "It was all Allah's plan. Guess my prayers got answered" he said, looking at me as I stared at his blurry reflection in the steel walls. "You prayed for me" I said and he chuckled. "You don't want someone in your life so much until you begin praying for them each day"________Amyrah Saleh liked to think she was an independent young woman with a great big world to explore. Well she was one, no doubt. But with everything she had, she felt something lacked. Kayan Zaeef was the billionaire everyone was fond of. From being nice and friendly to being the most charming person at any event, he brought light to everything. They met by chance, He fell in love by choice. And he was determined to make her feel the same. After all, he was the charming billionaire. Join the fiery Amyrah with the gray eyed charmer, as they take on the unknown journey most like to call love. copyright scopian_16 2017
8 131 - In Serial29 Chapters
Poetry: With a thousand words; and a million more reasons
A collection of poems produced by yours truly. My aim is to inspire people in their daily lives, maybe even relate to a person or two along the way. I like writing to relate, whilst having fun and expressing my deepest thoughts and feelings throughout my journey! I hope you enjoy reading through my poems as much as I love creating them! - TH04Rankings:#1- Poetry (17/05/22)#1- Rhyming (18/05/22)#1- Rhyme (18/05/22)#2- PoetryCollection (18/05/22)#2- ThoughtsAndFeelings (18/05/22)#3- Joyful (18/05/22)#5- Poems (18/05/22)#13- Thoughtful (26/05/22)
8 95 - In Serial14 Chapters
showbiz // phan
the one where the owner of a fashion boutique falls for a struggling actor with a notorious side job.// completed 10|03|17// hughest ranking; #1 in #phanfiction// tw; none
8 193

