《First Frost (Myanmar Translation)》Special Chapter
Advertisement
(T/N ; ဒီ chapter လေးက 'ကျူးယိ'လောင်ရှစ် Weibo ပေါ်မှာ တင်ပေးခဲ့တဲ့ စာပိုဒ်လေးပါ ၊ နောက်တော့ 偷偷藏不住 - Hidden Love Novel ရဲ့ Side Extra အဖြစ် ထည့်ပေးလိုက်ပါတယ် ၊ Hidden Love ရဲ့ Extra ဆိုပေမယ့် 難喝 - Frist Frost အကြောင်းကို ရေးထားတာမလို့ ကိုယ် ဘာသာပြန် လိုက်ရခြင်းပါ )
--------
ဘာဆိုဘာမှနားမလည်သေးသော စန်းကျီလေး / ဖြောင့်တန်းလွန်းသည့်အမျိုးသား စန်းရန်၏ အသုံးမဝင်လှသောနည်းလမ်းများထဲကတစ်ခု / စန်းမိသားစုမှ မောင်နှမနှစ်ယောက်၏ မျိုးရိုးဗီဇအရပေါ်လာသော ဥာဏ်နီဥာဏ်နက်များ
--《 Hidden love 》 နှင့် 《 First Frost 》 တို့ပူးပေါင်းထားသည့် ပြဇာတ်ငယ်။
ရက်သတ္တပတ်၏ပိတ်ရက်တစ်ခုတွင် စန်းရန်သည် မိဘနှစ်ပါး၏အတင်းကာရောပြောဆိုနေမှုကြောင့် စန်းကျီကို ခေါ်ပြီး အပြင်ထွက်လည်ပတ်ပေးရသည်။
ဤကဲ့သို့သောကိစ္စမျိုးများဖြစ်လာသည့် ပုံမှန်အချိန်တိုင်းတွင် သူ သေချာပေါက် စန်းကျီအား ခွေးတစ်ကောင်လိုဆွဲခေါ်၍ ပတ်ဝန်းကျင်တစ်ပတ် လမ်းပတ်လျှောက်ပေးကာ ချိုချဥ်နည်းနည်းပါးပါးဝယ်ကျွေးပြီး အိမ်ပြန်ခေါ်လာသည်ပင်။ သို့သော် သည်တစ်ကြိမ်တွင်တော့ သူ တစ်စုံတစ်ယောက်အား မထင်မှတ်ထားစွာဖြင့် တွေ့လိုက်ရသည်။
ကောင်မလေးက ဆံပင်အားလုံးကို သိမ်း၍စည်းနှောင်ထားရာ ချောမွေ့နေသည့်နဖူးပြင် ၊ နူးညံ့သိမ့်မွေ့သည့်အမူအရာနှင့် ကြည်လင်လွန်းသည့်မျက်နှာလေးက လှစ်ဟနေသည်။ ရိုးရိုးတီရှပ်တစ်ထည်နှင့် ဂျင်းဘောင်းဘီကိုဝတ်ပြီး စာအုပ်ဆိုင်၏အပြင်ဘက်၌ မတ်တပ်ရပ်နေကာ အပြင်ဘက်တွင်ဖြန့်ခင်းထားသောစာအုပ်များအား ငုံ့ကြည့်နေ၏။
အလွန်ကိုမှ ငြိမ်သက်နေပါသည့်တိုင် မျက်စိအာရုံဖမ်းစားနိုင်လွန်းအောင်လည်း ထင်ပေါ်နေလေသည်။
သုံးစက္ကန့်နီးပါး ငေးကြည့်နေပြီးနောက်တွင် စန်းရန်က တွေးတွေးဆဆဖြစ်လာရင်း အရုပ်ဖြင့်ကစားနေသည့် စန်းကျီအား လှမ်းကြည့်လိုက်သည်။ သူ ခါးကိုကိုင်းချလိုက်ကာ ညင်သာသည့်အသံမျိုးဖြစ်အောင် အတင်းလုပ်ပြောလိုက်၍
"ကျီကျီ"
"?"
စန်းကျီအတွက် ဤအမည်နာမ ခေါ်ဆိုခံရခြင်းမှာ သတိပေးခေါင်းလောင်းသံမြည်သည်နှင့် အတူတူပင်။ စန်းကျီ ချက်ချင်းခေါင်းမော့ကြည့်လိုက်ပြီး သတိကြီးကြီးထား၍
"ကိုကို..ညီမလေးမှာ ပိုက်ဆံမရှိဘူး"
"...."
စန်းရန်က ဒေါသထွက်ထွက်ဖြင့်ရယ်လိုက်ပြီး
"ဘယ်သူက မင်း ပိုက်ဆံကို လိုချင်နေလို့လဲ"
စန်းကျီက ဘာမှပြန်မပြောတော့ဘဲ အသံတိတ်ဖြင့်နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
"ကိုကို့ကို တစ်ခုကူညီပေး"
စန်းရန်က အညင်သာဆုံးစကားဆိုနေရင်း ဝိန်းရိဖန် ရှိသည့်အရပ်သို့ စိတ်ရှည်လက်ရှည်ဖြင့်လက်ညှိုးထိုးပြ၍
"ဟိုနားမှာရပ်နေတဲ့ မမကိုတွေ့တယ်မလား..အပြင်ဘက်မှာ စာအုပ်ဖတ်နေတဲ့တစ်ယောက်လေ"
စန်းကျီက လက်ညှိုးထိုးပြသည့်အတိုင်း လိုက်ကြည့်ပြီး 'အင်း' ဟု ပြန်ဖြေလာ၏။
စန်းရန်က ဆက်ပြီး
"ညီမလေးက အဲ့နားကိုသွားပြီး မမ ကိုပြောလိုက်..ညီမလေးရဲ့ကိုကို ကို ရှာမတွေ့တော့လို့ဆိုပြီး..."
သူ့စကားမဆုံးခင် စန်းကျီ၏မျက်နှာက တဖြည်းဖြည်းနှင့်နီရဲလာသည့်အပြင် အမူအရာကလည်း လန့်ပြီးရှက်သွေးဖြာသလိုမျိုး ဖြစ်လာသည်ကို စန်းရန် သတိထားမိသဖြင့်
"မင်းက ဘာလို့မျက်နှာတွေနီလာတာလဲ"
စန်းကျီက မျက်နှာကို ဖြတ်ခနဲအုပ်ပစ်လိုက်သော်ငြား လက်ချောင်းများကြားထဲမှ ဝိန်းရိဖန်ကို ခိုးကြည့်နေဆဲ။ မျက်ဝန်းဝိုင်းဝိုင်းလေးများက တလက်လက်တောက်ပလာကာ ကသိကအောက်နိုင်စွာဖြင့် စကားဆိုလာ၏။
"အဲ့မမက အရမ်းလှတာပဲ..ညီမလေး..ညီမလေး သွားရမှာရှက်တယ်"
"...."
စန်းရန် ;
"မင်းက ရှက်ရကောင်းမှန်းလည်း သိသေးတယ်ပေါ့"
စန်းကျီ မကြားချင်ယောင်ဆောင်ကာ ခပ်ရဲရဲမျက်နှာလေးဖြင့်
"ကိုကို..နောက်ကျရင် ညီမလေးလည်း အဲ့လောက်ထိလှတဲ့သူမျိုးကို ရှာမှာ"
"အသက်ကဖြင့်ငယ်ငယ်လေးရှိသေးတာကို ..."
သည်'ရှောင်ကွေ'၏အကူအညီကို လိုအပ်နေသေးသည့်အတွက် စန်းရန်က ကျန်နေသေးသည့် 'အိပ်မက်မက်' ဆိုသောစကားလုံးအား ပြန်မြိုချလိုက်ပြီး အလိုက်အထိုက်ဖြင့်ချော့မော့လာခဲ့သည်။
"ဒါပေါ့ ဒါပေါ့..မင်း ကြီးလာလို့ရှိရင်လည်း အဲ့လောက်ထိ လှတဲ့သူမျိုးကိုရှာ"
စန်းကျီက ထိုအခါတွင်မှစိတ်လျော့သွားပြီး စန်းရန်က ဆက်၍
"မင်း သူ့ကို သွားမေးကြည့်လိုက်..မမရဲ့ဖုန်းကို ခဏငှားပြီး ညီမလေးရဲ့ကိုကိုဆီ ဖုန်းဆက်လို့ရလားလို့..ကိစ္စအောင်မြင်လာရင် ကိုကို ရေခဲမုန့်ဝယ်ကျွေးမယ်"
"အို့"
စန်းကျီက အရိုးသားဆုံးဝန်ခံလာ၏။
"ဒါပေမယ့် ညီမလေးမှ ကိုကို့ဖုန်းနံပါတ်ကို မမှတ်မိတာ"
"မင်း အောက်ထပ်က မုန့်ဆိုင်ပိုင်ရှင်တွေရဲ့ ဖုန်းနံပါတ်အားလုံးကိုကျတော့ မှတ်မိပြီး ငါ့ဟာကျတော့ မမှတ်မိဘူး?"
စန်းကျီက အရုပ်ဖြင့်ဆက်ကစားနေရင်း
"ပြီးတော့ အဲ့မမဆီမှာ ဖုန်း ရှိချင်မှလည်း ရှိမှာလေ"
"မရှိဘူးလို့ပြောခဲ့ရင်..."
စန်းရန်က သက်ပြင်းတစ်ချက်ရှိုက်ကာ စိတ်ရှည်နိုင်စွမ်းမှာ ကုန်လုနီးနီး။
"မင်း သူ့ကိုပြောလိုက်..ညီမလေး တစ်ယောက်တည်းကြောက်လို့ ကိုကို့ ကိုရှာဖို့ မမပါ အဖော်လိုက်ခဲ့ပေးလို့..ကြားလား?"
စန်းကျီမှာ တုတ်တုတ်မျှမလှုပ်။
စန်းရန်က ဆက်ကာ
"ပြန်ရောက်ရင် ဆာကူရာမလေးရဲ့ DVD ခွေဝယ်ပေးမယ်..ပြီးတော့ တစ်လစာ ရေခဲမုန့်"
ထိုအခါတွင်မှ စန်းကျီက လှုပ်လှုပ်ရှားရှားဖြစ်လာပြီး မယုံသင်္ကာဖြင့်
"ကိုကို မညာဘူးမလား"
"မင်းကိုညာရင် မင်း ပြန်တိုင်ပြောမှာလေ..မဟုတ်လို့လား"
"ဟုတ်သားပဲ"
စန်းကျီက တစ်ခဏတွေးလိုက်ပြီးနောက် ထိုအရပ်ဘက်သို့ လက်ညှိုးထိုးပြ၏။
"ဒါဆို ညီမလေးသွားမယ်..ကိုကိုက ဒီသစ်ပင်ရဲ့အနောက်မှာရပ်နေ..မတွေ့သွားစေနဲ့နော်..ညီမလေး အဲ့မမကို ကိုကို့အတွက်ချက်ချင်းခေါ်လာပေးမယ်..ကိုကိုပြောထားတာတွေ ဝယ်ပေးဖို့ မမေ့နဲ့နော်"
Advertisement
"စိတ်ချ"
ထို့နောက် စန်းကျီက ဝိန်းရိဖန်ရှိသည့်ဘက်သို့ ခုန်ပေါက်၍ပြေးလာခဲ့သည်။ အခုလေးတင် စန်းရန် မှာထားသည့်စကားများကို တိတ်တိတ်လေးပြန်စဥ်းစားရင်း တစ်ဖက်ကလည်း ရွတ်ကြည့်နေ၏။
"မမ..ညီမလေးလေ ညီမလေးရဲ့ကိုကို ကို ရှာမတွေ့တော့လို့.."
သုံးကြိမ်သုံးခါတိတိရွတ်ပြီးသည့်အခါ ဝိန်းရိဖန်၏ရှေ့မှောက်ရောက်ချလာခဲ့သည်။
စန်းကျီက အော်ခေါ်လိုက်၏။
"မမ"
ဝိန်းရိဖန် ခေါင်းထောင်လာကာ ခန္ဓာကိုယ်ကိုကိုင်းလိုက်၍
"ဘာဖြစ်လို့လဲ"
"ညီမလေး ရှာမတွေ့တော့.."
ဝိန်းရိဖန်၏မျက်နှာအား အနီးကပ်တွေ့လိုက်ရသည့်အခါ စန်းကျီတစ်ယောက် ပြောရမည့်စကားလုံးများအား ရုတ်ချည်းမေ့သွားခဲ့ကာ ခေါင်းကုတ်လိုက်မိရင်း နောက်တစ်ကြိမ် ထပ်ခေါ်လာပြန်သည်။
"မမ"
"အမ်?"
"မမ ရေခဲမုန့်စားချင်လား?"
ဝိန်းရိဖန်က သေသေချာချာမကြားလိုက်သဖြင့်
"ဘာဖြစ်တယ်?"
စန်းကျီက ကိုယ်တိုင်ယူလာခဲ့သော အိတ်ကပ်ထဲမှ ယွမ် ၁၀ ကိုထုတ်ကာ အလွန်ကိုမှအားတက်တရောဖြင့် ဆိုလိုက်သည်။
"ညီမလေးက မမကို ရေခဲမုန့်ဝယ်ကျွေးချင်လို့"
သစ်ပင်အနောက်တွင်ရပ်ပြီး ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်းမြင်နေရသည့် စန်းရန် ;
"...."
(ပြီးဆုံး )
---------
(T/N ; Extra 4 ပိုင်း ကျန်ပါသေးတယ် )❤
(Zawgyi)
--------
"ကျီကျီ"
"?"
"...."
စန်းရန်က ဆက်ပြီး
"...."
စန်းရန် ;
"အို့"
စန်းရန်က ဆက်ကာ
"ကိုကို မညာဘူးမလား"
"ဟုတ်သားပဲ"
"စိတ်ချ"
"မမ"
"ဘာဖြစ်လို့လဲ"
"ညီမလေး ရှာမတွေ့တော့.."
"မမ"
"အမ်?"
"ဘာဖြစ်တယ်?"
"...."
(ပြီးဆုံး )
---------
Advertisement
- In Serial50 Chapters
His Fake fiancé
Now, I'm alone with the beast . He stares into my soul causing me to gulp. "You're going to do something for me."He rounds his desk, coming to a stop in front of me. His body towering over my seated self. I look forward facing his crotch, the bulge in his pants making itself known. I make eye contact with him, an evil smirk, he says one word, "suck."....Grayson Black is the definition of playboy. Unfortunately when owning a large and successful company, image matters especially when your only 27, so he decided to 'commit' himself to a relationship to prove that he's changed his ways. Except the woman he 'commits' himself to is his assistant. When feelings begin to grow on one end and there's a secret surprise on the way, what happens?#15 in romance 11/02/22#1 in employee 11/02/22#2 CEO 01/03/22#1 baby 09/03/22
8 650 - In Serial41 Chapters
Eris, the Alpha of silence.
Everyone knew of her, of her doings, knew of her supposed power yet no one believed , for them it was all a myth, another gruesome story, a legend... a prophecy.And she was there, to prove them all wrong when they were expecting it the least at that too.
8 254 - In Serial62 Chapters
OUR LOVE
It's Sierra's first day as a senior at Donvalley high. She wants her last year to be amazing and troublesome free. No fake friends. No trouble and certainly no boys. But what happens when the school player suddenly finds an interest in her?Read on to find out
8 107 - In Serial25 Chapters
A Curse of Sacrifices
*COMPLETED*Valdis has been haunted by a curse her whole life. On her wedding day her village is raided and she barely escapes. After weeks of wandering through the frozen forest, she stumbles upon a village willing to help her. The chieftain gives her a home, but there is a price to pay: she must marry a man who loves another woman in order to stop the village from being torn apart.#1 in Warrior - 23/03/20#1 in HistoricalFiction - 27/05/20#1 in Historical - 27/05/20#1 in Village - 27/06/20#1 in Maiden - 19/11/20#1 in Village - 14/02/21#1 in Village - 30/05/21
8 80 - In Serial39 Chapters
Innayatein- Magic Recreated √
YOU NEED TO FOLLOW ME FOR READING..AS SOME CHAPTERS ARE PRIVATE WHICH ARE VISIBLE TO THE FOLLOWERS ONLY..So ..here is the second season of your favorite story ..innayatein..Innayatein means gift of god..Two people who were living their fairy tale life..drifted apart by the game of cruel destiny..So what's written in their chapters of life..It will be worth reading..
8 108 - In Serial14 Chapters
I imprinted.............. On Alice Cullen??
The Cullen's leave, and Bella becomes a werecat a few weeks later. What happens when the Cullen's come back and Bella imprints on Alice?And what's going on with Jasper and Edward?The Twilight Saga is the property of Stephanie Meyer, I only take credit for my idea's.
8 93

