《First Frost (Myanmar Translation)》Extra 1
Advertisement
အားလပ်ရက်ရှည်ကြီးမပြီးဆုံးခင် စုဟောက်အန်းက ဦးဆောင်၍ အထက်တန်းသူငယ်ချင်းများ ပြန်လည်တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။
ဖိတ်ကြားထားသည့်လူအများစုမှာ သူတို့၏ အထက်တန်း တတိယနှစ်မှ အတန်းဖော်များဖြစ်ပြီး ဝိန်းရိဖန်က အထက်တန်း ဒုတိယနှစ်အစောပိုင်း၌ ကျောင်းပြောင်းသွားသည့်သူဖြစ်သဖြင့် သူတို့အုပ်စုထဲမပါပေ။ သို့သော်လည်း စုဟောက်အန်းက သူမကိုပါ ဖိတ်ထားသည့်အပြင် စန်းရန်ရော ကျုံးစစ်ချောင်ကပါ အတူတူသွားကြရန် ပြောဆိုလာခဲ့သည်။
ဝိန်းရိဖန် ချက်ချင်းလက်ခံလိုက်သော်ငြား အလုပ်ကိစ္စများက အစဥ်အမြဲများနေခဲ့ရာ တွေ့ဆုံပွဲချိန်းထားသည့်ရက်ကို သတိတရဖြစ်မနေဘဲ မေ့သွားခဲ့သည်။ ထိုနေ့က တိုက်တိုက်ဆိုင်ဆိုင် သူမ၏ပိတ်ရက်လည်းဖြစ်နေသောကြောင့် ဝိန်းရိဖန်က အိပ်ရာထဲ၌ ဖုန်းကစားနေရင်း မသိလိုက်ဘာသာ အိပ်ပျော်သွားခဲ့၏။
အိပ်မှုန်စုံမွှားအခြေအနေကြားတွင် စန်းရန်က အိပ်ရာပေါ်မှထသွားပြီး အဝတ်အစားလဲနေသည့်အသံများကိုကြားလိုက်ရသည်။
မိနစ်အနည်းငယ်ကြာပြီးသည့်အခါ စန်းရန်က သူမအား လှမ်းခေါ်လာ၏။
"ဝိန်းရွှမ်းကျန့်..အိပ်ရာထတော့"
ဝိန်းရိဖန် အထိုက်အလျောက်သာအသံပြုလိုက်၏။
"အင်း"
ထပ်၍ မိနစ်အနည်းငယ်ကြာသွားပြီးသည့်အခါ စန်းရန်က လှမ်းကြည့်လာ၍
"အခု မထရင် နောက်ကျတော့မှာနော်"
ဝိန်းရိဖန်က ထိုအခါတွင်မှ ခြုံစောင်ကိုလှပ်ပြီး အိပ်ချင်နေဆဲဖြစ်သော ခပ်မှေးမှေးမျက်လုံးများကိုဖွင့်ကာ ရီဝေဝေဖြင့်တွေးကြည့်လိုက်၏။ တုံ့ပြန်ဖို့ရာ အချိန်သိပ်မယူပါသော်ငြား နှောင့်ယှက်ခံရခြင်းကြောင့် အသံစတို့မှာတော့ အလိုမကျချေ။
"ငါ ဒီနေ့ ပိတ်ရက်ရတယ်လေ"
စန်းရန် ;
"တွေ့ဆုံပွဲ"
ဝိန်းရိဖန် အမှတ်ရသွားခဲ့ပုံရကာ အချိန်ကိုတစ်ချက်လှမ်းကြည့်ပြီး ထထိုင်လိုက်သည်။ အချိန်မဆွဲတော့ဘဲ ရေချိုးခန်းထဲသို့ ဝင်လာခဲ့လိုက်၏။
ဝိန်းရိဖန် ပြန်ထွက်လာသည့်အချိန်တွင် စန်းရန်က ပြင်ဆင်နှင့်ပြီးဖြစ်ကာ အိပ်ခန်းထဲရှိ ဆိုဖာပေါ်တွင်ထိုင်ပြီး ဖုန်းကစားနေ၏။ သူမ အဝတ်အစားများကို အလျင်းသင့်သလို မွှေကြည့်ရင်း စန်းရန်နှင့်လည်း စကားဆိုလိုက်သည်။
"ငါ မသွားလို့မရဘူးလား"
စန်းရန် မျက်လုံးပင့်ကြည့်လာ၍
"ဘာလို့လဲ"
"အိပ်ချင်လို့"
စန်းရန်က လက်ကိုင်ဖုန်းကို ဘေးချထားလိုက်ပြီး ဆိုဖာအနောက်သို့မှီထိုင်လိုက်၏။
"ဘာလို့များ ဒီလောက်တောင် အိပ်နိုင်ရတာလဲ..မသိရင် ကိုယ်ကပဲ မင်းကို အနိုင်ကျင့်နှိပ်စက်ထားသလိုလိုနဲ့"
ဝိန်းရိဖန်က အနားသို့လျှောက်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်၌ လှဲလိုက်ကာ အင်္ကျီတစ်ဝက်နီးပါးကို အပေါ်ပင့်ထားရင်း အတွင်းဝတ်အင်္ကျီ၏အနောက်ဘက်ကို လှမ်းကိုင်နေ၏။ သူမ၏ပုံစံက အိပ်ချင်နေဆဲဖြစ်ပြီး ဤစကားတစ်ခွန်းကိုလည်းထောက်ခံသည့်သဘောဖြင့် ခေါင်းငြိမ့်ပြသည်။
"နင် ငါ့ကို မအိပ်ခိုင်းဘူးလေ"
"မင်း ကျိုးသင့်ကြောင်းသင့်လေးလည်း ပြောပါဦး..ကိုယ် ဘယ်မှာ မင်းကို မအိပ်ခိုင်းလို့လဲ"
စန်းရန်က သူမ၏အင်္ကျီကိုဆွဲချပေးလိုက်၍
"မင်းဘက်ကစပြီး ကိုယ့်ကို ညလုံးပေါက်နေအောင်လုပ်လို့..နားလည်လား?"
"...."
စက္ကန့်ပိုင်းကြာသွားပြီးသည့်အခါ။
စန်းရန်က ဝိန်းရိဖန်၏မျက်ဝန်းများကို စိုက်ကြည့်ရင်း လက်ချောင်းများက သူမ၏ကျောပြင်ဘက်သို့ရောက်လာ၏။
"အပြင်က သွားမှာလား မသွားတော့ဘူးလား..ကိုယ့်ပေါ်ကနေ မဆင်းဘဲနဲ့ အဲ့ဒီချိတ်တွေကို လောင်ဇစ်က ဘယ်လိုလုပ်ပြီး ချိတ်ပေးလို့လဲ"
ဝိန်းရိဖန်လည်း သူ့ကိုကြည့်နေရင်း 'အို့' ဟု အသံတစ်ချက်ပြုကာ အနောက်ဘက်သို့လှည့်ပေးလိုက်၍
"ငါမှ ချိတ်လို့မရသေးတာ"
"...."
"နင် ငါ့ကို ချိတ်ပေး"
"...."
အဝတ်အစားလဲပြီးနောက်တွင် ဝိန်းရိဖန်က မှန်တင်ခုံရှေ့၌ထိုင်ပြီး မိတ်ကပ်လိမ်းနေလိုက်၏။ စန်းရန်က နဂိုနေရာ၌သာထိုင်နေဆဲဖြစ်ပြီး သူမအား လှမ်းကြည့်နေရင်း
"မင်းရဲ့ အိပ်ရာနိုးနိုးချင်းဒေါသထွက်တတ်တဲ့အကျင့်ကို ဘယ်ချိန်မှ ပြင်ပေးမှာလဲ"
ဝိန်းရိဖန်က အနောက်လှည့်ကြည့်လာ၏။
"အမ်?"
"အိပ်ရေးဝဝ မအိပ်ရတာနဲ့ဘဲ မျက်နှာပေးက လူကို မမှတ်မိတာလိုလို မသိတော့တာလိုလိုလုပ်တာတွေ"
စန်းရန်က အထက်စီးဆန်ဆန်ဖြင့်လှမ်းကြည့်နေပြီး စုတ်တစ်ချက်ကို အသာအယာသပ်ကာ အနည်းငယ်မကျေမနပ်ဖြစ်ရသည့်ပုံစံဖြင့်
"ကိုယ့်မှာ မင်းကို အိပ်ရာနှိုးရတဲ့အချိန်တိုင်း စကားကို သုံးခွန်းပြည့်အောင်တောင် အသံထွက်မရဲဘူး"
"ဒါဆိုလည်း နင်.."
ဝိန်းရိဖန် ဘယ်လိုပင်တွေးကြည့်ပါစေ စန်းရန် မလုပ်ရဲသည်မှာ မဖြစ်နိုင်။
"ငါ့ကို အိပ်ရာလာမနှိုးနဲ့တော့လေ"
"...."
စနောက်ကျီစယ်နေခြင်းကြောင့် ဝိန်းရိဖန်လည်း တော်တော်လေးစိတ်ကြည်လာရ၏။ ထို့ကြောင့် စန်းရန်နှင့် ငြင်းခုံဖို့ရာ ဆုံးဖြတ်လိုက်၍
"ပြီးတော့ နင်လည်း အိပ်ရာနှိုးခံရတဲ့ချိန်မှာ ဒေါသထွက်တာပဲ..ပုံမှန်အချိန်မှာဆိုရင်လည်း စိတ်ကမရှည်ဘူး"
စန်းရန်က မသိမသာမျက်မှောင်ကျုံ့လိုက်သည်။
"အဲ့ဒါကြောင့်မလို့ ငါတို့နှစ်ယောက် အချင်းချင်း လိုက်လျောညီထွေနေလိုက်ရအောင်..ဟုတ်ပြီလား"
"...."
စန်းရန် ရေးရေးလေးပြုံးလိုက်ပြီး သူ့အား အိပ်ရာလာနှိုးပေးသည့်အခါတိုင်းတွင် ကလိမ်ကကျစ်ကျလွန်းသော ထိုမျက်နှာလေးအားမြင်ယောင်ကြည့်ရင်း ထပ်၍ မငြင်းခုံလိုတော့၏။
"အင်း"
--------
တွေ့ဆုံပွဲအတွက် ချိန်းထားသည့်နေရာမှာ စားသောက်ဆိုင်တစ်ဆိုင်။
နှစ်ယောက်သားက ဓါတ်လှေကားထဲ ဝင်လာပြီးနောက် တတိယအလွှာကို နှိပ်လိုက်၏။ ဝိန်းရိဖန်က စန်းရန်အား အမှုမဲ့အမှတ်မဲ့လှမ်းကြည့်လိုက်လျှင် သူသည်လည်း အိပ်ချင်နေသေးသည့်ပုံစံမျိုးဖြစ်ကာ လေးလေးပင်ပင် မျက်ခွံ ၊ ခပ်တင်းတင်း နှုတ်ခမ်းပါးတို့အပြင် မိုင်ပေါင်းများစွာအဝေးမှပင် ခံစားမိစေနိုင်သော သူ့မာန်မာနအငွေ့အသက်များကိုလည်း ထုတ်လွှတ်ထားသေးသည်။
သူမ၏အကြည့်များကို အာရုံခံမိသည့်သူက ပြန်လည် လှမ်းကြည့်လာ၍
"ဘာလဲ?"
ဝိန်းရိဖန်က သိမ်သိမ်မွေ့မွေ့လေးပြုံးပြလိုက်ရင်း
"နင် အရမ်းချောနေလို့"
"အို့..ဒါပေမယ့် Cctv တွေရှိနေတယ်"
အသံတစ်ချက်အထွက်တွင်တော့ စန်းရန်မှာ နတ်ဘုရားတို့နေထိုင်ရာမှ တိရိစ္ဆာန်ကမ္ဘာထဲ ဆွဲချခံရသည်နှင့်ပင် တူသွားခဲ့တော့၏။
"အိမ်ရောက်မှ ဆက်ပြော"
"...."
ဒါက ဘာဆက်ပြောစရာအကြောင်း ရှိလို့လဲ?
ဒါက! ဘာကို! ဆက်ပြီးပြောပေးရဦးမှာလဲ! ! !
Advertisement
ဝိန်းရိဖန်အတွက်တော့ ဤကဲ့သို့သော လူအမျိုးအစားအား တစ်ခါမှမတွေ့ခဲ့ချေ။ သူမက မျက်နှာထားလည်း တည်တည် ၊ စကားကိုလည်း ခပ်တည်တည်ဖြင့် ဆိုလိုက်၏။
"ဒါဆို နင်က တော်တော်လေး သတ္တိနည်းတဲ့သဘောပေါ့နော်"
စန်းရန်ဘက်မှ နောက်တစ်ကြိမ် စကားမဆိုခင် ဓါတ်လှေကားက တတိယအလွှာသို့ရောက်လာခဲ့သည်။ ဝိန်းရိဖန်က သူ့ကို ဆွဲခေါ်လာခဲ့ပြီး ဤအခြေအနေကိုအခွင့်ကောင်းယူကာ စကားလမ်းကြောင်းလွဲလိုက်သည်။
"စုဟောက်အန်း ပြောထားတဲ့အခန်းနံပါတ်က ဘယ်လောက်လဲ"
စန်းရန်မှာ ပျင်းပျင်းရိရိဖြင့် အဓိပ္ပါယ်ပါပါစကားဆိုလာခဲ့သည်။
"သတ္တိရှိပေးရမလား"
"...."
နောက်တစ်စက္ကန့်။
လူသွားလူလာများရှိနေသည့်ကော်ရစ်တာထက်တွင် စန်းရန်က ဝိန်းရိဖန်၏ခေါင်းအနောက်ဘက်ကို ရုတ်တရက်ထိန်းကိုင်လိုက်ပြီး သူရှိရာအရပ်သို့ တိုးခေါ်လာခဲ့ကာ သူ့ခေါင်းကိုငုံ့ ၊ သူမ၏နှုတ်ခမ်းကို ကိုက်ပြီး သူ့လျှာဖျားကို အတွင်းထဲတိုးဝင်ပစ်ကာ ဖွဖွလေးစုပ်ယူလိုက်၏။
ဖြစ်စဥ်တစ်ခုလုံးမှာ သုံးစက္ကန့်ခန့်မျှပင် ကြာလိုက်သည်။
ဝိန်းရိဖန်က နေရာ၌သာ ကြောင်အမ်း၍ရပ်နေလေပြီး ယခုလိုအပြုအမူမျိုးရှိလာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပါပေ။
စန်းရန် နောက်တစ်လှမ်းဆုတ်လိုက်ပြီး သူ့နှုတ်ခမ်းပေါ် ပေလာခဲ့သည့်နှုတ်ခမ်းနီအား လျှက်လိုက်၍ မျက်ခုံးများကလည်း မထီမဲ့မြင်ပြုပြနေသလို ပရောပရည်လုပ်နေသည့်အသွင်ဖြင့်
"ဝိန်းရွှမ်းကျန့်..ကိုယ့် ဒီအသက်အရွယ်ရောက်တဲ့အချိန်ထိ ကိုယ့်ကို စိန်လာခေါ်ဖူးတဲ့သူတိုင်း ဘယ်သူကမှ ကိုယ့်ကို အနိုင်မယူနိုင်ဘူး"
"...."
"မင်း လိုချင်တယ်ဆိုရင်တော့ ကိုယ် မင်းကို သေချာပေါက်ပေးမှာလေ..ဘယ်လိုလဲ.."
စန်းရန်က လက်ဆန့်ထုတ်လာပြီး သူမ၏နှုတ်ခမ်းထောင့်စွန်းကို အသာအယာပွတ်သပ်လာကာ စကားသံက တစ်ချက်မှလျော့မသွားဘဲ
"လာဦးမှာလား?"
စန်းရန်၏အရှက်မရှိမှုများအား ဝိန်းရိဖန် အမှန်တကယ် လက်မြှောက်ရပြီပင်။
ဤကာလများထဲတွင် ဝိန်းရိဖန် နားလည်သွားခဲ့ရသည့်တစ်ခုမှာ စန်းရန်က မလုပ်ရဲသည့်အရာဟူ၍မရှိ။
သူမအား အလျော့ပေးချင်သည့်အတွက်ကြောင့်ဖြင့် ဟိုယခင်ကလုပ်ရပ်တိုင်းဟာ မလုပ်ရဲချင်ယောင်ဆောင်ထားခြင်းသာ။
နှစ်ယောက်သားက သီးသန့်အခန်းထဲဝင်လာသည့်အခါ လူတော်တော်များများ ပြည့်လို့နေပြီ။ စားပွဲဝိုင်းကြီးနှစ်ဝိုင်းက ဘယ်တစ်ဖက် ညာတစ်ဖက်ရှိနေပြီး ကျုံးစစ်ချောင်၏ဘေးခုံ နှစ်နေရာမှာ အလွတ်ရှိနေဆဲဖြစ်ကာ သူတို့အတွက် နေရာယူထားပေးပုံရသည်။
နှုတ်ဆက်စကားဆိုပြီးနောက် ဝိန်းရိဖန်က အခန်းတွင်းဝေ့ကြည့်လိုက်ရာ ရောက်နေကြသည့်လူအများစုမှာ သူမ သိနေပြီးသားလူများ ဖြစ်သည်။ တစ်ချို့မှာ သိပ်မကြာသေးခင်က ကျောင်းအထိမ်းအမှတ်ပွဲတွင် တွေ့ခဲ့သူများဖြစ်ပြီး အနည်းစုကိုတော့ လူနှင့်နာမည်ချင်း မတွဲမိတော့၏။
လူတစ်အုပ်ကြီးမှာ စားသောက်ရင်း စကားစမြည်ဆိုနေကြပြီး စားသောက်ပြီးသွားသည့်အခါတွင်လည်း အမြန်ထပြန်ဖို့ရာ လောမနေကြဘဲ သီးသန့်အခန်းထဲ၌သာ ကစားပွဲများကစားနေကြ၏။ လူအရေအတွက်အများကြီးရှိသည့်အတွက် စုဟောက်အန်းက 'ဘယ်သူက ဝံပုလွေလဲ' ဆိုသည့်ကစားနည်းကို ကစားရန်အကြုံပြုကာ စားပွဲဝိုင်းကို နှစ်ဘက်ခွဲလိုက်၏။
( ဘယ်သူက ဝံပုလွေလဲ - လူ နဲ့ ဝံပုလွေ ခွဲထားတဲ့ကဒ်တွေ ဝေပြီး ဝံပုလွေကဒ်ရထားတဲ့သူကို လိုက်ရှာတာပါ ၊ ဝံပုလွေကဒ်ရထားတဲ့သူကလည်း သူ မဟုတ်ကြောင်း ငြင်းရမှာ )
ဤကစားနည်းအား ဝိန်းရိဖန်ရော စန်းရန်ပါ ကျွမ်းကျွမ်းကျင်ကျင်ကစားတတ်သည်ပင်။
သို့သော် ကျွမ်းကျင်ပုံ ကျွမ်းကျင်နည်းမှာတော့ မတူချေ။
တစ်ယောက်မှာ စိတ်ခံစားချက်အတက်အကျများကို ဖော်ပြခြင်းမရှိ ၊ အမြဲတစေ အေးအေးဆေးဆေးနေတတ်သည့်အမူအရာကြောင့် 'သူမ'၏စကားများဟာ အမှန် ဟုတ်မဟုတ် ကြည့်ရုံဖြင့် ဝေခွဲမရ ;
အခြားတစ်ယောက်မှာ ပေါ့တိပေါ့ပျက် ပျင်းတိပျင်းရွဲဖြင့် ကစားပွဲ၏အခြေအနေကို အဆုံးအစွန်ထိ ခွဲခြမ်းစိတ်ဖြာနိုင်သည့်အပြင် 'သူ' ပြောသမျှစကားလုံးက ကျိုးသင့်ကြောင်းသင့်ရှိလှသည်ဟု ခံစားမိသွားစေသည်အထိ တစ်ဖက်လူအား အယုံသွင်းနိုင်ကာ ကစားသမားအားလုံးကို အခြားသူပေါ်အာရုံရောက်သွားအောင် ပြုလုပ်နိုင်ခြင်းပင်။
နောက်ပိုင်းတွင် ဝိန်းရိဖန် နှင့် စန်းရန်မှာ အချင်းချင်းကူညီ၍မရအောင် ခွဲထုတ်ခံလိုက်ရ၏။ အားလုံးက သူတို့နှစ်ဦးကို ကစားပွဲအစတည်းက ဖော်ထုတ်လိုက်နိုင်ခြင်းကြောင့် ပြစ်ဒဏ်ကိုလည်း သူတို့နှစ်ယောက်အား ပိုပိုသာသာလေး ပေးနေတော့၏။
ကစားပွဲ၏အပြစ်ဒဏ်မှာ အရင်အတိုင်း အမှန်တိုင်းပြောခြင်း နှင့် လက်တွေ့လုပ်ရဲခြင်း။
ကစားပွဲ တစ်ပတ် ပြီးဆုံးသွားသည့်အခါ 'တိုင်းသူပြည်သား'ကဒ်ပိုင်ရှင်များက အနိုင်ရသွားပြီး ဝိန်းရိဖန်ရော စန်းရန်ကပါ 'သမန်းဝံပုလွေ' ကဒ်ပိုင်ရှင်များဖြစ်နေ၍ အပြစ်ဒဏ်ခံရ၏။
ဝိန်းရိဖန်က 'လက်တွေ့လုပ်ရဲခြင်း' ကို ရွေးလိုက်ပြီး စန်းရန်က 'အမှန်တိုင်းပြောခြင်း' ကို ရွေးလိုက်၏။
ရှန့်လန်က စန်းရန်ကို လှမ်းကြည့်လာ၍
"မင်းရဲ့ အချစ်ဦးက ဘယ်သူလဲ"
အခြားသူများ၏အမြင်တွင်တော့ ဤမေးခွန်းက အဓိပ္ပါယ်မရှိလွန်းသည်ဟု ထင်မြင်ကြပြီး မကျေနပ်သံများ ထွက်လာကြသည်။ စန်းရန်က မေးဖျားကို မသိမသာလေးပင့်လိုက်ကာ ဝိန်းရိဖန် ရှိသည့်ဘက်သို့ လှည့်ကြည့်ပြီး ပြောင်တင်းတင်းသာဖြေ၏။
"ဝိန်းရိဖန်"
"...."
အခြားတစ်ဖက်တွင်ထိုင်နေသည့် အရက်ရေချိန်နည်းသည့် အမူးသမားလေး စုဟောက်အန်းက မျက်နှာနီနီဖြင့် မတ်တပ်ထရပ်ပြီး
"ဝိန်းရိဖန်..မင်းရဲ့ အချစ်ဦးကို ဖုန်းခေါ်ပြ"
စားပွဲဝိုင်းရှိလူများအားလုံး တိတ်ဆိတ်သွားခဲ့ကာ ရှန့်လန်က အဘယ်ကြောင့် ထိုမေးခွန်းကိုမေးရခြင်းအား နားလည်သွားခဲ့ကြသည်။
စန်းရန်အား စိတ်မကြည်မသာဖြစ်သွားအောင် လုပ်လိုသည့်ရည်ရွယ်ချက်မှာ သိသိသာသာ။
စန်းရန်က စုဟောက်အန်းကိုလှမ်းကြည့်ပြီး နှုတ်ခမ်းပါးကလည်း တဖြည်းဖြည်းနှင့်ခပ်တန်းတန်းဖြစ်သွားခဲ့သည်။
"သောက်ရမ်းတွေ အဓိပ္ပါယ်ရှိနေတယ်ပေါ့?"
ဝိန်းရိဖန်က စန်းရန် ဟန်ဆောင်ပြီးလုပ်ပြနေသည့်အမူအရာကိုကြည့်ရင်း နှစ်စက္ကန့်မျှကြာပြီးသည့်အခါ သူ့သရုပ်ဆောင်ကွက်များအတိုင်း အလိုက်သင့်ပူးပေါင်းလိုက်၏။
"ငါ့အချစ်ဦးက အခုတလောလေးတင် စေ့စပ်ထားတာ..ဒီလောက်နောက်ကျတဲ့အချိန်မှာ ဖုန်းဆက်လိုက်ရင် သူ့ကိုအနှောင့်အယှက်ပေးသလိုဖြစ်နေမှာစိုးတယ်"
စန်းရန်၏အမူအရာကို ကြည့်နေရသည့် စုဟောက်အန်းမှာ အနည်းငယ်သတ္တိကြောင်လာမိ၍
"အင်းပါ..ဒါဆိုလည်း မဆက်နဲ့တော့..မင်း သူ့ရဲ့ပုံစံကိုပဲ တစ်ချက်ပြောပြ"
Advertisement
"ဟုတ်ပြီ"
ဝိန်းရိဖန်က စန်းရန်ဘက်သို့လှည့်ကာ သူ့မျက်နှာအသွင်အပြင်ကို စိုက်ကြည့်ပြီး ဖြေးဖြေးချင်းသရုပ်ဖော်ပေးလိုက်၏။
"အနက်ရောင်ဆံပင်တို ၊ မျက်ခုံးထူထူ ၊ မျက်လုံးတွေက အနက်ရောင် ၊ မျက်ရစ်နှစ်ထပ် ၊ နှာတံမြင့်မြင့် ၊ နှုတ်ခမ်းပါးပါး.."
စုဟောက်အန်းက စိတ်ဝင်တစားဖြင့် နားထောင်နေခဲ့ကာ ဝိန်းရိဖန် ဆက်၍
"ပြုံးလိုက်ရင် ညာဘက်နှုတ်ခမ်းစွန်းမှာ ပါးချိုင့်လေးရှိတယ်"
ကျန်နေသည့်သူများမှာ ပုံဖော်ပြောပြနေသည့်လူကို ချက်ချင်းတန်းသိလိုက်ကြ၏။ စန်းရန်၏အေးအေးလူလူဖြစ်နေသည့်အမူအရာကို လှမ်းကြည့်လိုက်ကြရာ အတွေးများက ပို၍ပင် သေချာသွားခဲ့ရသည်။
"ဟုတ်လှချည်လား"
သို့သော် စုဟောက်အန်းမှာတော့ စန်းရန်ဟု လုံးဝ မထင်ပါချေ။
"ယောက်ျားရင့်မာကြီးတစ်ယောက်မှာ အဲ့လိုမိန်းမဆန်တဲ့ပါးချိုင့်ရှိနေတာမျိုးကို ဒီခွေး စန်းရန်ကလွဲရင် အခြားသူဆီမှာရှိတာ ငါ မမြင်ဖူးသေးဘူး"
"...."
တစ်ခဏကြာပြီးနောက် စုဟောက်အန်းမှာ တစ်စုံတစ်ရာကို သိရှိသွားရသည့်အလား ရုတ်တရက်အသံတိတ်သွားခဲ့တော့သည်။ စကားလမ်းကြောင်းက ဤနေရာ၌ရပ်သွားခဲ့ကာ ကစားပွဲကိုနောက်တစ်ကြိမ်ထပ်စပြီး ပတ်ဝန်းကျင်တစ်ခွင်က ပြန်စည်ကားခဲ့၏။
ဤကစားပွဲပြီးသွားသည့်အခါ ယောက်ျားလေးတစ်ယောက်က 'လက်တွေ့လုပ်ရဲခြင်း'ကိုရွေးလိုက်သဖြင့် ပြစ်ဒဏ်အဖြစ် အပြင်ဘက်ရှိ မိန်းကလေးတစ်ယောက်၏ Wechat အကောင့်တောင်းယူရမည်ဖြစ်ကာ လူအများစုက နောက်မှလိုက်ကြည့်ကြ၏။
ပုံမှန်အချိန်ဆိုလျှင် ယခုလိုစည်စည်ကားကားအခြေအနေမျိုးတွင် ထိပ်ဆုံးမှတက်ကြွလေ့ရှိသည့် စုဟောက်အန်းသည် လက်ရှိအချိန်၌ အရက်ကိုသာ ငြိမ်၍သောက်နေလေ၏။ ရုတ်တရက်ဆိုသလို စန်းရန်၏ဘေးနား၌ မတ်တပ်လာရပ်ပြီး
"ငါ့ကောင်ကြီး"
စန်းရန်က မော့ကြည့်လိုက်၍
"ဘာလဲ"
စုဟောက်အန်းက စိုက်ကြည့်နေလေပြီး
"ငါ မင်းအတွက် ဝမ်းနည်းတယ်ကွာ"
စန်းရန် ; "?"
စန်းရန်၏ဘေးတွင်ထိုင်နေသည့် ဝိန်းရိဖန်မှာ စုဟောက်အန်း၏ ရုတ်တရက်အပြုအမူကြီးကြောင့် အနည်းငယ်ကြောင်အမ်းသွားခဲ့ရ၏။
"ငါ..."
စုဟောက်အန်းက အရက်နံ့များ မွှန်ထူနေပြီး စကားပြောသံမှာလည်း ပြတ်တောင်းပြတ်တောင်းဖြစ်နေရင်း
"..စနောက်မိတာတွေအားလုံးက ငါ့အမှားတွေပါ"
အခြားတစ်ဖက် စားပွဲဝိုင်းမှ လူများကလည်း လှမ်းကြည့်လာကြသည်။
ယောက်ျားရင့်မာကြီးတစ်ယောက် သူ့အရှေ့တွင် လာငိုပြနေသည်အား မြင်နေရသည့် စန်းရန်မှာ ကြောင်တောင်တောင်ပင်ဖြစ်သွားရ၍
"မင်း ဘာဖြစ်နေတာလဲ"
"မင်း စေ့တောင်စေ့စပ်သွားပြီ..မင်း နေ့နေ့ညည တောင့်တမက်မောနေတဲ့နတ်သမီးလေးနဲ့ မင်္ဂလာဆောင်ဖို့အတွက်လည်း လွယ်ကူခဲ့တာမဟုတ်ဘူး..အားလုံး ငါ့အမှားတွေပါ!..ဒီနေ့မှာတော့ အမှန်တရားတစ်ခုကို မင်း သိသွားအောင် လုပ်ပေးမှဖြစ်တော့မယ်!"
စုဟောက်အန်း၏အသံမှာ တစ်ဖက်လူ မကြားမည်စိုးရိမ်၍လားမသိ ၊ အကျယ်ကြီးကို ဟိန်းထွက်နေလေပြီး
"လက်စသတ်တော့ မင်းက အစားထိုးခံတစ်ယောက်သာသာ ပါပဲ!"
"...."
"ပါးချိုင့်ကို အစားထိုးခံထားရတာ!"
"...."
ဘေးစားပွဲမှလူများမှာ အခြေအနေကို နားမလည်ဘဲ 'အစားထိုးခံ' ဆိုသည့်စကားလုံးကိုသာ ကြားလိုက်ကြရ၏။ ထို့အပြင် စန်းရန်က ဝိန်းရိဖန်အား ခက်ခက်ခဲခဲလိုက်ပိုးပမ်းခဲ့သည့်တိုင် မရလိုက်သည့်ကိစ္စကိုလည်း သိထားကြသဖြင့် ထိုလူတစ်စုမှာ စန်းရန်အား ကရုဏာသက်သလို လှမ်းကြည့်လာကြတော့သည်။
စန်းရန် နဖူးကြောများပင်တွန့်သွားရပြီး မျက်နှာပြောင်နှင့် စိုက်ကြည့်နေလိုက်၏။
သည်အချိန်တွင် စုဟောက်အန်းက ဝိန်းရိဖန်ဘက်သို့ လှည့်လိုက်ကာ အမေအိုကြီးတစ်ယောက်လိုလိုဖြင့်
"ဝိန်းရိဖန်..စန်းရန်ရဲ့ ဒီအကျင့်ကြီးကို သာမန်လူတွေ ခံနိုင်ရည်မရှိဘူးဆိုတာကို ငါလည်း နားလည်တယ်..."
ဝိန်းရိဖန်က ဂရုတစိုက်ဖြင့်ပင် နားထောင်နေလျက်။
"ရုပ်ရည်ကတော့ကွာ..အရမ်းအမိုက်စားလို့ ပြောလို့မရပေမယ့်လည်း.."
စုဟောက်အန်းက ဆက်၍
"အသက်ရှည်စေမယ့်ပါးချိုင့်တစ်ခုကြောင့်မလို့ မင်းကြိုက်မိသွားတယ်ဆိုရင်တောင်..ဒါပေမယ့်ကွာ..မင်း သူ့ကို ဒီလိုမျိုး အစားထိုး......."
စန်းရန် ဆက်နားမထောင်နိုင်တော့ပေ။ မတ်တပ်ထရပ်လိုက်ပြီး စုဟောက်အန်းအား ဆွဲကိုင်ကာ ဝိန်းရိဖန်ကိုကြည့်ရင်းစကားဆိုလိုက်၏။
"ဒီကောင် အမူးပြေသွားအောင် ကိုယ် သွားလုပ်ပေးလိုက်ဦးမယ်"
ထို့နောက် စုဟောက်အန်းအား ဆွဲရမ်း၍ခေါ်သွားလေကာ စုတ်တစ်ချက်သပ်လိုက်၏။
"သွားမယ်..သောက်ရှက်ကွဲအောင် မလုပ်စမ်းနဲ့"
ထိုနှစ်ဦးထွက်သွားပြီးသည့်အခါ သီးသန့်အခန်းမှာ အတော်ပင်တိတ်ဆိတ်သွားခဲ့ရတော့သည်။
ဝိန်းရိဖန်က တွေးတွေးဆဆလေးဖြစ်သွားရင်း အခြားသူများအား မေးကြည့်လိုက်၏။
"ငါ ခုဏတုန်းကပြောတဲ့ အချစ်ဦးဆိုတဲ့တစ်ယောက်က စန်းရန်ဆိုတာကို နင်တို့ ခန့်မှန်းနိုင်ကြတယ်မလား"
မိန်းကလေးတစ်ဦးက ပြန်ဖြေလာသည်။
"ခန့်မှန်းနိုင်တယ်"
အခြားသူများကလည်း သူတို့ ခန့်မှန်းမိကြောင်း အသီးသီးပြောပြလာကြသည်။
ထိုအခါတွင်မှ ဝိန်းရိဖန် သက်ပြင်းချလိုက်နိုင်၏။ အခြားစားပွဲဝိုင်းမှသူများက အခြေအနေကို လှမ်းအကဲခတ်နေကြဆဲဖြစ်သောကြောင့် ဝိန်းရိဖန်က ပြုံးရင်း စကားထပ်ဆိုလိုက်၏။
"အဲ့လိုဆိုရင် ပြီးတာပါပဲ..အရင်တုန်းက ငါ စန်းရန်ကို အကြာကြီးလိုက်ခဲ့ရတာလေ..ပြောပြဖို့က ခက်နေခဲ့လို့..စန်းရန်ကလည်း ငါ့ကို မျက်နှာသာပေးချင်တော့ သူ့သူငယ်ချင်းတွေကို ဒီအကြောင်းမပြောပြထားဘူး ထင်တယ်"
အခြားသူက တဟားဟားရယ်ကြရင်း စကားခေါင်းစဥ်က သည်အတိုင်းလေးသာ ကျော်ချသွားခဲ့၏။
တစ်ခဏကြာသွားသည့်နောက်တွင် ရှန့်လန်က တစ်ဖက်လှည့်ပြီး ရယ်ချင်သလိုလိုဖြစ်နေသည့်ဟန်ဖြင့် ဝိန်းရိဖန်အား စကားဆိုလာခဲ့၏။
"မင်းကသာ စန်းရန်ကို မျက်နှာသာပေးနေတာပါ..စုဟောက်အန်းဆီကနေ ငါ အကုန်ကြားထားပြီးပြီ..စန်းရန်က ရောက်လေရာအရပ်မှာ မင်း သူ့ကို လိုက်ပိုးပမ်းတဲ့အကြောင်းလေကျယ်ထားပြီးပြီ..တစ်ယောက်မှ မယုံဘူး"
"...."
အခြားတစ်ဖက်တွင်။
စုဟောက်အန်းတစ်ယောက် စန်းရန်၏အတင်းအကြပ်ဖိ၍ မျက်နှာသစ်ပေးနေခြင်းကိုခံရကာ အသည်းအသန်ရုန်းကန်လိုက်ရပြီးနောက်တွင် အသိစိတ်တို့က တမုတ်ချည်းပြန်ကပ်သွားတော့သည်။
"ငါ-ူး..မင်း အသေသတ်နေတာလား!..ငါလည်း ဝိန်းရိဖန်ရဲ့လရောင်ဖြူလေးဆီမှာ ပါးချိုင့်ရှိနေလိမ့်မယ်လို့မှ မသိတာ!"
"...."
စန်းရန် လက်လွှတ်ပေးလိုက်ပြီး တစ်ချို့သောစကားများကို မပြောချင်တော့သဖြင့်
"မင်း တစ်နေရာရာမှာများ သောက်ပြဿနာရှိနေတာလား"
စုဟောက်အန်း ; "?"
သို့သော်ငြား လရောင်ဖြူလေးဆိုသည့် စကားလုံးကိုတော့ စန်းရန် အတော်လေး သဘောတွေ့သွားခဲ့ကာ ခပ်ရေးရေးလေးပြုံးလိုက်ပြီး မျက်လုံးရှေ့ရှိ ငပိန်းကောင်နှင့်ပြိုင်၍ ငြင်းခုံမနေတော့ပေ။
"မသောက်နိုင်ဘူးဆိုရင် မသောက်ဘဲနေ..အချိန်ပြည့် ဦးနှောက်မပါတဲ့ကောင်လိုလို မလုပ်စမ်းနဲ့"
စုဟောက်အန်းက လက်ဆေးကန်ပေါ် လက်ထောက်ရင်း ပါးစပ်ထဲမှရေများကို ထွေးထုတ်ပစ်လိုက်၍
"လောင်ဇစ်ရဲ့ရေချိန်က ကောင်းပါတယ်ကွ"
စန်းရန်က အိတ်ကပ်ထဲမှ စီးကရက်ဘူးထုတ်လိုက်၏။
"မင်း ဘာဖြစ်လို့ ဒီကိစ္စကိုထုတ်မပြောရတာလဲကွာ..သည်းညည်းခံထားမနေနဲ့လေ..မင်း ငါ့ရှေ့မှာ ဘာကိုမှ ဟန်ဆောင်ထားစရာမလိုဘူး"
စုဟောက်အန်းက သက်ပြင်းချကာ စန်းရန်၏ပုခုံးကို ပုတ်ရင်း
"ထပ်ပြီး သေသေချာချာစဥ်းစားကြည့်လိုက်ကွာ..တစ်သက်လုံးကြီးတော့ ဒီလိုမျိုးအစားထိုးခံအဖြစ်နဲ့ နေသွားလို့မဖြစ်ဘူး"
စန်းရန်က အေးတိအေးစက်စကားဆိုလိုက်၏။
"အဲ့ဒီလရောင်ဖြူလေးက 'ငါ' ဖြစ်နေမယ်လို့ မင်း မတွေးကြည့်မိဘူးလား?"
စုဟောက်အန်းက ပုခုံးကိုထပ်ပုတ်ပေးလာခဲ့၍
"အိပ်မက်မက်မနေပါနဲ့တော့"
"...."
နှစ်ယောက်သားက ကော်ရစ်တာအဆုံးထိလျှောက်လာကြပြီး ပြတင်းပေါက်နားတွင် စီးကရက်သောက်နေလိုက်ကြသည်။
စုဟောက်အန်းက မီးခြစ်ကိုယူပြီး မီးညှိလိုက်ရင်း အခြေအနေကို ဖြည်းဖြည်းချင်းသဘောပေါက်လာမိတော့၏။
"ဝိန်းရိဖန်ပြောတဲ့အချစ်ဦးက တကယ်ပဲ မင်း လား?"
စန်းရန်က မျက်ခုံးပင့်ပြပြီး စကားတစ်ခွန်းမဆို ၊ သို့သော်ငြား အမူအရာနှင့်ပင် သိသာနေလေပြီ။
"ငါတော့ လက်မြှောက်တယ်"
စန်းရန်၏မထီမဲ့မြင်ပြုပြနေသည့်အမူအရာကိုကြည့်ပြီး စုဟောက်အန်းသည် အခုလေးတင်ရှိနေသေးသော ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်များအား ခွေးကျွေးပစ်လိုက်ပြီပင်။
"မင်း ငါ့ကို အမှန်တိုင်းပြောစမ်း..မင်းတို့နှစ်ယောက် ဒီနှစ်တွေထဲမှာ တစ်ချိန်လုံး ခိုးတွဲလာခဲ့ကြတာမလား"
"...."
စုဟောက်အန်းက ခနဲ့တဲ့တဲ့ရယ်လိုက်၍
"သောက်ဆရာကြီးနိုင်ချက်!..ဒါနဲ့များ လောင်ဇစ်က မင်း နဲ့ ဝိန်းရိဖန် အိမ်ခန်းအတူနေရအောင်လုပ်ပေးတုန်းက မင်းကများ ငါ့ကိုဒေါသထွက်ပြသွားသေးတယ်"
"ငါဆိုတဲ့ လူက.."
စန်းရန်က စီးကရက်ကို နှုတ်ခမ်းဖြင့်ကိုက်ထားသောကြောင့် စကားသံတို့မှာ မရေရာမသေချာ။
"ဒီလို မဆင်မခြင်နဲ့ရမ်းကားတဲ့အကွက်မျိုးတွေကို မျက်လုံးထဲမထည့်ဘူး"
"...."
"ဒါပေမယ့် မင်းကတောင် ငါ့မိန်းမလေးကို တံခါးဝရှေ့ထိ ပို့လာပေးနေပြီဆိုမှတော့.."
စန်းရန်က စီးကရက်ငွေ့များကိုမှုတ်ထုတ်လိုက်ကာ စီးကရက်ငွေ့များကြားမှအမူအရာဟာတော့ အနည်းငယ်ဝေဝါးသွားပြီး လိုရာဆွဲတွေး၍စကားဆိုလာခဲ့၏။
"ဒါပေါ့..ငါ့မှာလည်း ငြင်းပစ်စရာအကြောင်းအရင်းမရှိဘူးလေ"
စုဟောက်အန်း အမှန်တကယ်ကို ဤအရှက်မရှိပြောရဲနေသည့်ကောင်၏မျက်နှာအား ပြေးဆောင့်ပစ်ချင်သော်ငြား 'မိန်းမလေး' ဆိုသည့်စကားလုံးကြောင့် အနည်းငယ်ဝမ်းနည်းအားငယ်သွားခဲ့ရသည်။
"အေ့..ဖက်တီးက မင်္ဂလာဆောင်သွားပြီ..မင်းကတော့ အနည်းဆုံး ဆယ်နှစ်လောက် ထပ်စောင့်ဦးမယ်လို့ထင်နေတာ..အခုတော့ မင်းပါ မင်္ဂလာဆောင်တော့မှာလား"
စုဟောက်အန်းက တွေးလေလေ ဝမ်းနည်းလာရလေလေ
"သွမ့်ကျားရွှီတောင်မှ မင်းညီမနဲ့"
"...."
"ငါကရော..ငါကျတော့ ထပ်ပြီး ထားခဲ့ခံရပြန်...."
တစ်ဝက်တစ်ပျက်ပြောပြီးပြီးချင်းတွင် စုဟောက်အန်းက ချက်ချင်း စကားပြောင်းဆိုလိုက်၏။
"ထပ်ပြီး လမ်းခွဲရပြန်ပြီ"
"ဒီတစ်ခေါက်ကရော ဘာအကြောင်းပြချက်နဲ့လဲ?"
"ငါ့ကို ကျပ်မပြည့်တဲ့ကောင်လို့ ထင်နေပြန်ပြီ မလား?..စိတ်ခံစားချက်ကို မသိတဲ့ကောင်?..အဲ့လိုသာဖြစ်နေရင် ငါ ကောင်မလေးတွေအများကြီး လိုက်နိုင်ခဲ့ပါ့မလား"
စန်းရန် ;
"မင်း အမြဲတမ်း ထားခံခဲ့နေရတာပဲလေ..မဟုတ်လို့လား"
စုဟောက်အန်းက ဖြတ်ခနဲစူးစိုက်ကြည့်လိုက်သော်ငြား စန်းရန်၏စကားလုံးများကြောင့် တကူးတကစိတ်သောက ရောက်မနေတော့ချေ။ မိနစ်ပြီးကြာသွားပြီးသည့်အခါတွင်တော့ စိတ်အခြေအနေလည်း သက်သာသွားပြီဖြစ်၏။
"ဟုတ်ပါတယ်လေ..ရွှိုက်ကောမှာ ဘာမှမရှိတော့ရင်တောင် နာမည်ကြီးနေဦးမှာပဲ"
"...."
တွေ့ဆုံပွဲအပြီး နှစ်ယောက်သား အိမ်ပြန်ရောက်ကြသည့်အချိန်။
စုဟောက်အန်း၏စကားတို့အပြင် သူ့ပါးချိုင့်သူ အမြဲတမ်းအမြင်ကတ်နေခဲ့သည့်စန်းရန် အကြောင်းကိုပါ တွေးမိပြီး ဝိန်းရိဖန်က တစ်စုံတစ်ရာအား တွေးဆမိကာ ပြုံး၍စကားဆိုလိုက်သည်။
"အားရန်"
ဧည့်ခန်းထဲရှိ လေအေးပေးစက်ကိုဖွင့်နေသည့် စန်းရန် ;
"အမ်?"
ဝိန်းရိဖန်က စန်းရန်၏နှုတ်ခမ်းထောင့်စွန်းကိုကြည့်လိုခြင်းအလို့ငှာ အနားကပ်သွားလိုက်၍
Advertisement
- In Serial75 Chapters
1984
What would you do if you woke up one day and you didn't know where you were? (Not the story by George Orwell)***WARNING***-foul language-sexual abuse-just abuse in general-pretty graphic scenes ((blood, gore, smut, that stuff))-bodily fluids are a thing and are gross to some
8 129 - In Serial26 Chapters
Unexpected | Baldi x Reader (Fluff/Lemon)
(WARNING: This story contains sexual themes, swearing, and some violence. Read at your own risk!!)You just moved from your old house to a new town. It's nothing like what you expected, but it somehow peaks even your wildest images of your new home. Especially your new school... The math teacher stands out, however. How far will it go?
8 134 - In Serial71 Chapters
The First Fae Mate
Visena Sage knows two things for sure. Her name, and that she's part Faery. After waking in an unfamiliar realm with no memories (or clothes), Visena is dragged by the scruff to the Earth realm by two insulting and unusual strangers. They seem eager to take her to their leader, an unidentified enemy with unknown motives. However, in a potentially wonderful twist of fate, she is immediately rescued by a small group who use gibberish words to address one another.Alpha? Beta? Mates?The apparent damsel searches for answers while familiarising herself with the group's deliciously scented, cautious leader: Gideon Steel. Gideon seems intrigued by her blunt, confident approach and keeps a watchful eye on her as she navigates his strange world. Both seek answers to the same questions while feeling an unnatural pull to each other.Who is she? (Who is he?) What happened to her family?And is she really the damsel in this story?Happy reading ;) [Mature content: language, humour, violence and sex. 17 and up] ...~~~~~~~~~~~~~~~~Top tags to date:#11 Vampire of 209k#12 in werewolf of 198k #38 in romance of 1.98 mil#1 in Witch of 80.5k#1 in fairies of 12.5k#1 strong female lead of 7.7k#1 in faeries of 4.86k#1 in fairfolk of 180
8 426 - In Serial18 Chapters
Linger
Whats worse than your worst nightmare coming true. Susan finds her self kidnapped and locked in the crazy yet strangely handsome psychopath house. But what may be is worse is the actual things that run in his mind. What will happen when she starts to fall for a killer. (currently editing)*Photo is not mine*
8 130 - In Serial34 Chapters
Blood Queen || COMPLETED
**Featured on Wattpad Werewolf profile. Female Alpha category**Hush now, lock your doors.When the lights go out Hear us roarAll through the nightOur enemies shocked with frightAs they hear the thunder that our flames ignite.~~~~I was purposely vague in the description lmao but yes this is a werewolf story and a pretty kickass one if I do say so myself. So if you like badass characters, intense fight scenes, and the odd steamy sex scenes then this is the book for you. Come on now, don't be shy. We won't bite... Much.
8 195 - In Serial60 Chapters
The Fragmented Luna
Rowen Whitley is your typical seventeen year old girl and, although she has a tragic past and a fragmented memory, the only thing she wants to do before graduating high school is make it through the year unnoticed. All those hopes of remaining unnoticed this year are tossed away in a single moment of rage when Rowen punches the most popular girl at school in the face. Now Rowen must change her plans for a peaceful year and accept that sometimes letting people in might not be a bad idea after all. After all there are other dark forces in this world, that are much scarier than a jealous bully, and they may very well be coming for her. Check out this exciting story, filled with twists at every corner, in The Fragmented Luna by Mariah Karris.#1 in Haunted#10 in JourneyCurrently reediting
8 258

