《First Frost (Myanmar Translation)》Extra
Advertisement
နောက်တစ်နှစ်၏ ဆောင်းဦးရာသီပွဲတော်နေ့တွင် လေးယောက်သားက စန်းမိသားစုအိမ်သို့ ပြန်လာပြီး ပွဲတော်ကျင်းပကြသည်။
ညစာမစားရသေးခင် ဝိန်းရိဖန်က ဌာနမှဖုန်းဝင်လာပြီးအခေါ်ရှိသောကြောင့် ထွက်လာခဲ့လိုက်ရပြီး ညဆယ်နာရီထိုးသည်အထိ ပြန်မရောက်လာခဲ့ပေ။ လူကြီးများက စောစောအနားယူတတ်ကြသဖြင့် စန်းရုံနှင့်လီဖင်းက ရေချိုးပြီးအိပ်ရာဝင်နှင့်နေပြီ။
ကျန်နေခဲ့သည့် သုံးယောက်မှာ ဘာမှလည်းလုပ်စရာမရှိသဖြင့် 'အိမ်ရှင်နေရာလု'သည့်ကစားနည်းအား စ၍ကစားကြတော့သည်။ အပျော်သဘောကစားခြင်းဖြစ်သည့်အတွက် သတ်မှတ်ထားသည့် လောင်းကြေးမှာမမြင့်ဘဲ တစ်ပွဲလျှင် ယွမ် ၁ကျပ်ကြေးသာဖြစ်ပြီး ကဒ်၏အပွင့်ချင်းတူလျှင် နှစ်ဆကြေးဖြင့် အခြားစည်းကမ်းချက်များမပါပေ။
စန်းကျီ၏နဂိုမူလအစီအစဥ်မှာ စန်းရန်အား 'အိမ်ပိုင်ရှင်'နေရာတွင် ပုံသေထားပြီး သူမက သွမ့်ကျားရွှီနှင့်ပူးပေါင်းကာ အိမ်ပိုင်ရှင်အား တစ်စက်ကလေးမှအလျော့မပေးဘဲ အနိုင်ယူမည်ပင်။ သို့သော် သူမ ရထားသည့်ကဒ်များဟာလည်း အခြေအနေကောင်းပါသည့်တိုင် ပွဲတိုင်းလိုလို အိမ်ပိုင်ရှင်၏ အိမ်ဖွင့်ခြင်းကိုလည်း ခံနေရသည်။
စန်းကျီက ယခုလိုကစားနည်းမျိုးများကို ကစားလေ့မရှိသောကြောင့် လက်ရည်ကသိပ်မကောင်း။ သုံးလေးပွဲဆက်တိုက် အနှီယောက်ျားအိုကြီးနှစ်ယောက်၏ မညှာမတာအနိုင်ယူခြင်းကို ခံလာရသည့်အခါတွင်တော့ စန်းကျီ၏ဒေါသများက တရိပ်ရိပ်နှင့် ထိုးတက်လာပါတော့သည်။ ရှေ့ဆက်ကစားကြသည့်ပွဲတိုင်းလိုလိုတွင် စန်းကျီက မည်သည့်ကဒ်မျိုးရလာပါစေ အိမ်ပိုင်ရှင် လုပ်ပစ်သည်ချည်း။
သူမဟာ ခင်ပွန်းကိုစွန့်ပစ် ၊ အစ်ကိုအား ပစ်ပျယ်လိုက်ပြီး ထိုလူနှစ်ယောက်အား ရန်ကြွေးများစွာရှိသည့်ရန်သူလို လုံးဝသတ်မှတ်ပစ်လိုက်တော့သည်။
နောက်ထပ်တစ်ပွဲစတင်သည့်အချိန်တွင် စန်းကျီက ကဒ်တစ်ကဒ်ကို ဆွဲထုတ်ပြီး အခေါ်အဝေါ်ပါပြောင်းပစ်လိုက်၏။ စန်းကျီက ဝိန်းရိဖန် အရင်ကခေါ်လေ့ရှိသည့်စကားကို နောက်ကာ သည်းကြီးမည်းကြီးအော်လိုက်၏။
"ငါ့အစ်မယောက်ျား..နင့်အလှည့်ပဲ"
( T/N ; စန်းကျီက ဝိန်းရိဖန်ကို သူ့အစ်မအရင်းနေရာထားပြီး စန်းရန်ကိုကျတော့ သူ့အစ်မနဲ့ယူတဲ့ ယောက်ျားအဖြစ် သတ်မှတ်တာပါ)
စန်းရန်က စိတ်ထဲမထည့်သည့်အပြင် မျက်လုံးတစ်ချက်ပင့်ကြည့်၍
"ဘာထုတ်လိုက်တာလဲ"
စန်းကျီ ;
"သုံး"
"အို့.."
စန်းရန်က လက်ကိုမြှောက်လာပြီး လေးကဒ်တိတိ အေးအေးလူလူပစ်ထုတ်လာ၏။
"နှစ်ဆ"
"....."
စန်းကျီ၏မျက်လုံးများက မယုံကြည်နိုင်သလိုဖြစ်နေပြီး သုံးစက္ကန့်နီးပါးကြောင်အပြီးသွားမှ အလောတလျင်ဖြင့်
"နံပါတ်'သုံး' နောက်တစ်ကဒ် ထုတ်တယ်ကွာ"
စန်းရန်က ပျင်းတိပျင်းရွဲဖြင့်
"အင်း..ငါသိသားပဲ"
သွမ့်ကျားရွှီက အသံထွက်အောင်ရယ်လိုက်မိတော့၏။ ထိုရယ်သံမှာ မီးလောင်ရာလေပင့်လိုက်သည့်အလား စန်းကျီက ပို၍ပင် ဒေါသထွက်လာ၍
"ကောကောက ဘာရယ်တာလဲ..မြန်မြန်သာ ကဒ်ထုတ်!"
သွမ့်ကျားရွှီက မျက်ဝန်းများကွေးနေအောင် ပြုံးလိုက်ပြီး စန်းကျီ၏ခေါင်းအား အသာအယာပွတ်လိုက်၏။
"ကျော်တယ်"
စန်းကျီက လက်ထဲကိုင်ထားသည့် 'ဘုရင်ကဒ်' ကို ငုံ့ကြည့်ပြီး အရင်ဆုံးသည်းခံထားလိုက်သည်။
"ကျော်တယ်"
စန်းရန်က ထိုင်ခုံနောက်သို့မှီထိုင်လိုက်ပြီး တစ်ခဏတာ အကဲခတ်ကြည့်လိုက်၏။
စန်းကျီ ;
"မြန်မြန်လုပ်"
စန်းရန်က ပေါ့ပေါ့ပါးပါးဖြင့်
"ဒါဆို နံပါတ်'လေး' "
"...."
စန်းကျီ ထပ်၍သည်းညည်းခံထားသေးသည်။
သွမ့်ကျားရွှီ ကဒ်မထုတ်လိုက်သည့်ကိစ္စမှာ စန်းကျီအတွက် ဤကစားကွက်က အနည်းငယ်ထူးဆန်းသလိုဖြစ်နေမိသည့်တိုင် သိချင်စိတ်ကို တစ်ခဏထိန်းချုပ်ထားလိုက်၏။ နှစ်ယောက်စလုံးက 'ကျော်'သွားသည့်အတွက် သူမ တွေဝေသွားပြန်ပြီး ဤကစားကွက်က ကဒ်မထုတ်လျှင်လည်း မဟုတ်ပြန်သလို ထိုယောက်ျားနှစ်ယောက်ထံ၌ ထည့်ရမည့်ကဒ်မျိုးမရှိသလား ဟူ၍လည်း သံသယဝင်မိသည်။
ထို့ကြောင့် စန်းကျီက စွန့်စားကြည့်သည့်အနေဖြင့် နံပါတ် 'ငါး' ကို ထုတ်လိုက်သည်။
စန်းရန်က 'ကျော်'သွား၏။
စန်းကျီလည်း သက်ပြင်းတစ်ချက်ချမိလိုက်၏။
သွမ့်ကျားရွှီမှာတော့ ကဒ်ကိုလှမ်းကြည့်ရင်း ဖြည်းဖြည်းချင်းဖြင့်
" နံပါတ် 'ခြောက်' လေးကဒ်"
"...."
စန်းကျီက သွမ့်ကျားရွှီအား လှမ်းကြည့်လိုက်မိပြီး ထိုနှစ်ယောက်၏ကစားကွက်များကို လုံးဝနားမလည်နိုင်တော့ပေ။
ဤအခိုက်အတန့်တွင် စန်းကျီ ခံစားမိလိုက်ရသည့်တစ်ခုတည်းသောအရာမှာ သူမက အလယ်တန်း ဒုတိယနှစ်သို့ပြန်ရောက်သွားသည့်ခံစားချက် ၊ လှောင်ခံနေရသည့်ခံစားချက်ပင်။ ဤလူနှစ်ယောက် ပူးပေါင်းပြီး သူမအား အနိုင်ကျင့်သည့်ကိစ္စကို ပြန်တွေးကြည့်မိလိုက်သည်နှင့် ဒေါသက တဟုန်းဟုန်းပြန်ထလာကာ နောက်ထပ်သည်းညည်းမခံနိုင်တော့ဘဲ လက်ထဲမှ 'ဘုရင်ကဒ်'အား ထုတ်ပစ်လိုက်တော့သည်။
နှစ်ယောက်က ထပ်၍'ကျော်'သွား၏။ စန်းကျီက လက်ထဲမှ ကဒ်ကလေးထုတ်လိုက်သောကြောင့် အတော်ကြာအောင် ပြန်ရုန်းကန်လိုက်ရပြီးမှ ကဒ်တစ်ခုထပ်၍ ထုတ်နိုင်လိုက်သည်။ ရလဒ်မှာမူ စန်းရန်က ထိုကဒ်ကို လက်ဆင့်ကမ်းရသွားခြင်းပင်။
သူ့လက်ထဲတွင် တစ်ကဒ်သာကျန်လေပြီး မထီမဲ့ပြင်ပြုသည့်အမူအရာမျိုးဖြင့်
"ရှောင်ကွေ..ဖဲကစားတဲ့ဝိုင်းမှာ ဘယ်လိုလူမျိုးတွေက မခံထိမခံသာ အဖြစ်တတ်ဆုံးမှန်းသိလား"
စန်းကျီ ; "?"
"မင်းလိုမျိုး...."
စန်းရန်က စားပွဲခုံအား နှစ်ချက်ခေါက်လိုက်ပြီး ရှားပါးလှသည့် စိတ်ရှည်လက်ရှည်အမူအရာဖြင့်
"တုံးလွန်းတဲ့လူတွေပဲ"
"...."
စန်းကျီ၏ဒေါသက ငယ်ထိပ်ထိတက်လာလေပြီး ထိန်းသိမ်း၍လည်းမရနိုင်တော့ကာ မတ်တပ်ထရပ်လိုက်ရင်း စန်းရန်နှင့်တစ်ပွဲတစ်လမ်းနွှဲရန် ပြင်လိုက်သည့်အခိုက်တွင် သွမ့်ကျားရွှီက စန်းရန် ထုတ်ထားသည့်ကဒ်ကို လက်ဆင့်ကမ်း ယူသွားခဲ့သည်။
စန်းရန်၏လက်ထဲကျန်သည်မှာ ကဒ်တစ်ကဒ်တည်း ၊ စန်းကျီ၏နှုတ်ခမ်းပါးက လှစ်ခနဲပြုံးသွားခဲ့ကာ သွမ့်ကျားရွှီက လက်ဆင့်ကမ်းယူသွားသည့်ကဒ်နှင့်ပေါင်းပြီး ကဒ်တစ်စုံပြန်ချပေးလာခဲ့သည်။
"...."
စန်းရန်က တစ်ဖက်သို့လှည့်ပြီး သွမ့်ကျားရွှီအား မမှင်မသွေစိုက်ကြည့်ပေးလိုက်သည်။
နောက်ဆုံး၌ အနိုင်ရသွားသူမှာ စန်းကျီ။
စန်းရန်က နောက်ဆုံးကျန်ခဲ့သည့်တစ်ကဒ်အား စားပွဲခုံပေါ်ပစ်ချပြီး ခနဲ့တဲ့တဲ့ရယ်လိုက်တော့သည်။
"မင်းတို့နှစ်ယောက် တတ်လည်းတတ်နိုင်တယ်..နောက်ဆို ငါ့ကို ဖဲကစားဖို့လာမခေါ်နဲ့"
စန်းကျီ၏စိတ်အခြေအနေက ထိုအခါတွင်မှ ပြန်ကောင်းမွန်သွားသော်ငြား သွမ့်ကျားရွှီကိုယ်စား ဒေါသထွက်ပေးလိုက်သေး၏။
"ဘယ်သူကရော ကိုကိုနဲ့ကစားချင်နေလို့လဲ!..ကိုကိုကဖြင့် နိုင်ရင်ပြီးရောလျှောက်ကစားနေတာကို!"
Advertisement
စကားဆိုပြီးသော် စန်းကျီက စန်းရန်၏အရှေ့တွင်ချထားသည့် အကြွေများထဲမှ ယွမ် ၁၀တန်တစ်ရွက်ကို လှမ်းယူလိုက်သည်။
"ကိုကို ညစ်မှာစိုးလို့ ဒါကို အရင်ယူထားလိုက်ပြီ"
စန်းရန် ခွန်းတုံ့ပြန်မည်အပြုတွင် လက်ကိုင်ဖုန်းမက်ဆေ့သံက မြည်လာခဲ့သည်။ သူ တစ်ချက်လှမ်းကြည့်ပြီး နှုတ်ခမ်းပါးကိုလည်း ကွေးလိုက်ကာ ရုတ်တရက်မတ်တပ်ထရပ်လိုက်၏။
စန်းကျီက ရုတ်တရက်အခြေအနေကြောင့် လန့်ဖြန့်သွားပြီး သွမ့်ကျားရွှီအနောက်သို့ ဝင်ပုန်းလိုက်၍
"ကိုကို ဘာလုပ်မလို့လဲ"
စန်းရန်က စကားတစ်ခွန်းမဆိုဘဲ တစ်ချက်သာလှမ်းကြည့်လိုက်၏။ အရှေ့သို့ ခြေနှစ်လှမ်း လှမ်းပြီးကာမှ တစ်စုံတစ်ရာကို ပြန်အမှတ်ရသွားသည့်အလား နောက်ပြန်လှည့်ပြီး စားပွဲပေါ်မှ အကြွေများယူကာ အိတ်ကပ်ထဲထည့်လိုက်သည်။
"...."
စန်းကျီမှာ မနေနိုင်အောင်ပင် စကားဆိုလိုက်တော့သည်။
"ဒီလောက်ပိုက်ဆံလေးလည်း လိုက်တွက်နေတာပဲလား"
စန်းရန်က စကားတစ်ခွန်းမှမပြောဘဲ တံခါးဝဆီသို့ ထွက်သွားခဲ့သောကြောင့် စန်းကျီ၏စိတ်ထဲ နားမလည်နိုင်ဖြစ်သွားသလို စန်းရန်က အခြားဘာအကြံအစည်များ ထုတ်လာဦးမည်ကိုလည်း မသိ။ စန်းကျီက ခေါင်းစောင်း၍လှမ်းကြည့်လိုက်ပြီး စန်းရန်နှင့်သူမကြားရှိ မောင်နှမဆက်ဆံရေးကိုလည်း မမေ့မလျော့ဖျက်လိုက်သေးသည်ပင်။
"ငါ့အစ်မယောက်ျား..ဘယ်သွားမလို့လဲ"
စန်းရန်က ဖိနပ်စီးနေပြီး တစ်ကိုယ်လုံးအနက်ရောင်များသာ ဝတ်ထားကာ အေးတိအေးစက်နှင့်ခက်ထန်သည့်ပုံစံ။ ထိုနှစ်ယောက်အား မမြင်ချင်ယောင်ဆောင်နေပြီး ဖိနပ်စင်ပေါ်မှ ကားသော့ကိုယူ ၊ လက်ထဲထည့်ကစားရင်း မျက်ခုံးကို အသာအယာပင့်ကာ မထီမဲ့မြင်ပြု၍
"မင်းအစ်မကို သွားကြိုမလို့လေ..ငါ့ညီမိန်းမ"
(T/N ; စန်းရန်ကလည်း သွမ့်ကျားရွှီက သူ့ညီအရင်း ၊ စန်းကျီက သူ့ညီကိုယူထားတဲ့မိန်းမ ဆိုပြီးခေါ်တာပါ
မောင်နှမနှစ်ယောက်ကတော့ လက်လန်တယ်)
ဌာနထဲမှ ထွက်လာသည်နှင့် ဝိန်းရိဖန်က စန်းရန်အား ရပ်နေကျနေရာတွင် လှမ်းတွေ့လိုက်ရသည်။
စန်းရန်က အနောက်ဘက်ရှိ လမ်းမီးတိုင်မှီ၍ရပ်နေပြီး ခေါင်းကိုမသိမသာလေးအောက်စိုက်ထားသဖြင့် သူ့မျက်နှာပေါ်တွင် အရိပ်တစ်ချို့ကျနေကာ အချိန်ဘယ်လောက်ကြာကြာရပ်စောင့်နေခဲ့မှန်းတော့ မခန့်မှန်းနိုင်ပေ။ သူမ လှမ်းမခေါ်လိုက်ရခင်ပင် စန်းရန်က ခေါင်းမော့လာသဖြင့် သူမရှိနေသည့်နေရာအား တစ်ချက်တည်းလှမ်းမြင်သွားခဲ့သည်။
ဝိန်းရိဖန် သူ့အရှေ့နားထိလျှောက်သွားလိုက်လျှင် စန်းရန်က ခန္ဓာကိုယ်အား ခပ်မတ်မတ်ပြန်ရပ်လိုက်ပြီး ဝိန်းရိဖန်၏လက်ကို လှမ်းကိုင်လာခဲ့သည်။ ဝိန်းရိဖန်က သူ့လက်အား ပြန်ထွေးဆုတ်လိုက်ပြီး ခေါင်းသဲ့သဲ့စောင်းကာ စန်းရန်၏အမူအရာကိုအကဲခတ်ပြီး ပြုံးပြလိုက်သည်။
"နင့်ကိုကြည့်ရတာ ဘာလို့အရမ်းစိတ်ဆိုးနေတဲ့ပုံစံမျိုးကြီးပေါက်နေတာလဲ"
စန်းရန်က မျက်မှောင်ကျုံ့လိုက်လျှင် ဝိန်းရိဖန်က သူ့မျက်နှာအား ဆွဲယူ၍ကြည့်လိုက်သည်။
"...."
စန်းရန်၏မျက်နှာက ဝိန်းရိဖန်၏လက်ထဲရောက်လာပါသော်ငြား အမူအရာမဲ့နေသည့်မျက်နှာထားမျိုးသာ ဖြစ်နေဆဲ။
"ဘာလုပ်နေတာလဲ"
ဝိန်းရိဖန်က မျက်တောင်တစ်ချက်ခတ်လိုက်ပြီး လက်ကိုလည်းလွှတ်ပေးလိုက်သည်။
"စိတ်ဆိုးသလိုကြီးဖြစ်နေတုန်းပဲ"
"စိတ်ဆိုးနေမှန်းသိတာတောင် ကိုယ့်မျက်နှာကို လာညှစ်ရဲသေးတာလား"
စန်းရန်က အေးတိအေးစက်လုပ်နေပါသော်ငြား ဝိန်းရိဖန်နှင့်တော့ ပြိုင်မငြင်းချေ။ သူမ၏လက်ထဲမှအိတ်ကို လှမ်းယူပြီး လက်ချင်းတွဲကာ အရှေ့ဘက်သို့လျှောက်ရင်း
"ဗိုက်ဆာလား"
"နည်းနည်း"
ဝိန်းရိဖန်က အလှမ်းမဝေးတော့သည့်တစ်နေရာမှာ ဆိုင်သေးသေးလေးအား လက်ညှိုးထိုးပြ၍
"သစ်သီးပန်ကိတ်စားချင်တယ်"
ဤစကားကိုကြားလျှင် စန်းရန်က ထိုနေရာတစ်ချက်လှမ်းကြည့်လိုက်၏။ သူ့အိတ်ကပ်ထဲမှ တစ်ကျပ်တန် ခြောက်ရွက်အားထုတ်လာပြီး ဝိန်းရိဖန်၏လက်ထဲသို့ထည့်ပေးလိုက်၏။
"သွားဝယ်"
ဝိန်းရိဖန်၏ပထမဆုံးတုံ့ပြန်မှုမှာ အဘယ်ကြောင့် အကြွေတွေအများကြီးရှိနေသည့်အကြောင်း မေးမြန်းလိုခြင်း။ သို့သော် ပါးစပ်ဖျားမှပြောထွက်သွားသည့်စကားမှာ
"နှစ်ကျပ်လိုနေသေးတယ်"
နှစ်စက္ကန့်နီးနီးငြိမ်သွားခဲ့ကြသည်။
"ဒီနေ့ည 'အိမ်ရှင်နေရာလု'ကြေးကစားရင်း နိုင်လာတာ..ဒါအကုန်ပဲ"
စန်းရန်မှာ ဒေါသထွက်ထွက်ဖြင့်ရယ်လိုက်ပြီး ဝိန်းရိဖန်၏ပါးကိုဆွဲညှစ်လိုက်တော့၏။
"ကိုယ့်အစား နှစ်ကျပ် ခဏစိုက်ထားပေး..ပြန်ရောက်ရင် ပြန်ပေးမယ်"
ဝိန်းရိဖန် ;
"နင်တို့ ဒီနေ့ည 'အိမ်ရှင်နေရာလု'တမ်း ကစားသေးတာလား"
စန်းရန် ;
"အင်း"
"နင် နိုင်လာတာမဟုတ်ဘူးလား..ဘာလို့ သိပ်မပျော်တဲ့ပုံစံမျိုးပေါက်နေတာလဲ"
"အဲ့လောက်တောင် သိသာနေတာလား"
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြ၍
"အရမ်းသိသာတယ်"
"အို့..."
ဝိန်းရိဖန်၏တလေးတနက်ဖြစ်နေသည့်အမူအရာကိုကြည့်ပြီး စန်းရန်၏မျက်ခုံးများက သိသိသာသာပင့်မြှောက်သွား၍
"ဘာမှမဟုတ်ပါဘူး..ဒီအတိုင်း ကိုယ့်ကို ဝိုင်းပြီးညစ်ကြလို့..ခဏနေ ပြန်ရောက်ရင် ကိုယ့်အတွက် တရားမျှတမှုကိုပြန်ရှာပေးနော်"
ဝိန်းရိဖန် : "အာ?"
"နားမလည်လို့လား?"
စန်းရန်က ဆက်၍
"ဒီနေ့ည အခြေအနေက အဲ့လိုမျိုးမယုံကြည်ချင်စရာကောင်းတဲ့အခြေအနေမျိုးဖြစ်သွားတာပဲ"
ဝိန်းရိဖန်က သူပြောပြသမျှကို နားထောင်ရင်း
"အင်း"
"မင်းအတွက် နားထောင်နေရတာက သရဲတစ်ကောင်က နံရံကိုဝင်ဆောင့်သလိုမျိုး ဖြစ်နေနိုင်လောက်ပေမယ့် အခြေအနေကတော့ အဲ့လိုပဲ..ကိုယ် 'အိမ်ရှင်'နေရာကို ရသွားရင်တောင်..."
ဤအထိစကားဆိုလာပြီး စန်းရန်က တစ်ချက်မျှရပ်သွားကာ အနည်းငယ်မကျေနပ်သည့်ဟန်ဖြင့်
"ကိုယ့်မှာ အသင်းဖော်မှ မရှိဘဲလေ..."
"...."
ဝိန်းရိဖန်က အစမှအဆုံး နားထောင်ပေးပြီးသည့်အခါတွင်တော့ အသံထွက်အောင်ရယ်လိုက်မိတော့သည်။
စန်းရန်က ဝိန်းရိဖန်က ဆတ်ခနဲလှမ်းကြည့်လာသဖြင့် ဝိန်းရိဖန်ခမျာ ရယ်ချင်စိတ်ကိုအောင့်အည်းလိုက်ရပြီး လည်ချောင်းရှင်း၍ ချော့မော့ရတော့၏။
"ဘာမှမဖြစ်ပါဘူး..နောက်တစ်ခါကျရင် ငါ ရှိတဲ့အချိန်ကျမှ ထပ်ပြီးကစား..ငါ နင့်ရဲ့အသင်းဖော်လုပ်ပေးမယ်"
"ပြီးတာပဲ..ဒါပေမယ့် မင်းရဲ့ကဒ်ကစားတဲ့စကေးနဲ့...."
စန်းရန်က ခပ်တိုးတိုးလေးရယ်လိုက်ရင်း
"ကိုယ့်ကိုတော့ သရဲကို နံရံနဲ့ဝင်တိုက်ခိုင်းသလိုမျိုး ရောင်းမစားပစ်လောက်ပါဘူးနော်"
နှစ်ယောက်သားက အရှေ့သို့ဆက်၍ လျှောက်လာခဲ့ကြသည်။ စန်းရန်က သစ်သီးပန်ကိတ်ကိုဝယ်ပြီး ဆိုင်ပိုင်ရှင်အား ပိုက်ဆံပေးချေနေရင်း မျက်ဝန်းထောင့်မှတဆင့်လည်း ဝိန်းရိဖန်က ခေါင်းငုံ့၍ဖုန်းကြည့်နေကြောင်း လှမ်းမြင်လိုက်ကာ သူ တစ်ဖက်သို့လှည့်ကြည့်လာခဲ့သည်။
"ဘာတွေကြည့်နေတာလဲ"
ဝိန်းရိဖန်က လုံးဝအာရုံစိုက်ထားခြင်းကြောင့်လားမသိ ၊ ဘာမှပြန်မဖြေ။ သူမ၏အလုပ်ကိစ္စကြောင့်ဖြစ်မည်ဟုသာ ထင်လိုက်ပြီး စန်းရန်ကလည်း ထပ်မမေးဖြစ်။ ဆိုင်ပိုင်ရှင်ထံမှ သစ်သီးပန်ကိတ်ကိုလှမ်းယူပြီး ဝိန်းရိဖန်အား ထပ်၍ခေါ်မည်အပြုတွင် သူမက ဖုန်းကိုသာ အာရုံစိုက်နေဆဲဖြစ်သောကြောင့် စန်းရန်လည်း လိုက်၍ငုံ့ကြည့်လိုက်ရာ ဖုန်းမျက်နှာပြင်ထက်မှ စာလုံးများမှာ
Advertisement
----'အိမ်ပိုင်ရှင်နေရာလု'တမ်းကစားရာ၌ သေချာပေါက်နိုင်မည့်လျှို့ဝှက်ချက်
"...."
-----------
(Zawgyi)
ေနာက္တစ္ႏွစ္၏ ေဆာင္းဦးရာသီပြဲေတာ္ေန႕တြင္ ေလးေယာက္သားက စန္းမိသားစုအိမ္သို႔ ျပန္လာၿပီး ပြဲေတာ္က်င္းပၾကသည္။
ညစာမစားရေသးခင္ ဝိန္းရိဖန္က ဌာနမွဖုန္းဝင္လာၿပီးအေခၚရွိေသာေၾကာင့္ ထြက္လာခဲ့လိုက္ရၿပီး ညဆယ္နာရီထိုးသည္အထိ ျပန္မေရာက္လာခဲ့ေပ။ လူႀကီးမ်ားက ေစာေစာအနားယူတတ္ၾကသျဖင့္ စန္း႐ုံႏွင့္လီဖင္းက ေရခ်ိဳးၿပီးအိပ္ရာဝင္ႏွင့္ေနၿပီ။
က်န္ေနခဲ့သည့္ သုံးေယာက္မွာ ဘာမွလည္းလုပ္စရာမရွိသျဖင့္ 'အိမ္ရွင္ေနရာလု'သည့္ကစားနည္းအား စ၍ကစားၾကေတာ့သည္။ အေပ်ာ္သေဘာကစားျခင္းျဖစ္သည့္အတြက္ သတ္မွတ္ထားသည့္ ေလာင္းေၾကးမွာမျမင့္ဘဲ တစ္ပြဲလွ်င္ ယြမ္ ၁က်ပ္ေၾကးသာျဖစ္ၿပီး ကဒ္၏အပြင့္ခ်င္းတူလွ်င္ ႏွစ္ဆေၾကးျဖင့္ အျခားစည္းကမ္းခ်က္မ်ားမပါေပ။
စန္းက်ီ၏နဂိုမူလအစီအစဥ္မွာ စန္းရန္အား 'အိမ္ပိုင္ရွင္'ေနရာတြင္ ပုံေသထားၿပီး သူမက သြမ့္က်ား႐ႊီႏွင့္ပူးေပါင္းကာ အိမ္ပိုင္ရွင္အား တစ္စက္ကေလးမွအေလ်ာ့မေပးဘဲ အနိုင္ယူမည္ပင္။ သို႔ေသာ္ သူမ ရထားသည့္ကဒ္မ်ားဟာလည္း အေျခအေနေကာင္းပါသည့္တိုင္ ပြဲတိုင္းလိုလို အိမ္ပိုင္ရွင္၏ အိမ္ဖြင့္ျခင္းကိုလည္း ခံေနရသည္။
စန္းက်ီက ယခုလိုကစားနည္းမ်ိဳးမ်ားကို ကစားေလ့မရွိေသာေၾကာင့္ လက္ရည္ကသိပ္မေကာင္း။ သုံးေလးပြဲဆက္တိုက္ အႏွီေယာက္်ားအိုႀကီးႏွစ္ေယာက္၏ မညွာမတာအနိုင္ယူျခင္းကို ခံလာရသည့္အခါတြင္ေတာ့ စန္းက်ီ၏ေဒါသမ်ားက တရိပ္ရိပ္ႏွင့္ ထိုးတက္လာပါေတာ့သည္။ ေရွ႕ဆက္ကစားၾကသည့္ပြဲတိုင္းလိုလိုတြင္ စန္းက်ီက မည္သည့္ကဒ္မ်ိဳးရလာပါေစ အိမ္ပိုင္ရွင္ လုပ္ပစ္သည္ခ်ည္း။
သူမဟာ ခင္ပြန္းကိုစြန့္ပစ္ ၊ အစ္ကိုအား ပစ္ပ်ယ္လိုက္ၿပီး ထိုလူႏွစ္ေယာက္အား ရန္ေႂကြးမ်ားစြာရွိသည့္ရန္သူလို လုံးဝသတ္မွတ္ပစ္လိုက္ေတာ့သည္။
ေနာက္ထပ္တစ္ပြဲစတင္သည့္အခ်ိန္တြင္ စန္းက်ီက ကဒ္တစ္ကဒ္ကို ဆြဲထုတ္ၿပီး အေခၚအေဝၚပါေျပာင္းပစ္လိုက္၏။ စန္းက်ီက ဝိန္းရိဖန္ အရင္ကေခၚေလ့ရွိသည့္စကားကို ေနာက္ကာ သည္းႀကီးမည္းႀကီးေအာ္လိုက္၏။
"ငါ့အစ္မေယာက္်ား..နင့္အလွည့္ပဲ"
( T/N ; စန္းက်ီက ဝိန္းရိဖန္ကို သူ႕အစ္မအရင္းေနရာထားၿပီး စန္းရန္ကိုက်ေတာ့ သူ႕အစ္မနဲ႕ယူတဲ့ ေယာက္်ားအျဖစ္ သတ္မွတ္တာပါ)
စန္းရန္က စိတ္ထဲမထည့္သည့္အျပင္ မ်က္လုံးတစ္ခ်က္ပင့္ၾကည့္၍
"ဘာထုတ္လိုက္တာလဲ"
စန္းက်ီ ;
"သုံး"
"အို႔.."
စန္းရန္က လက္ကိုျမႇောက္လာၿပီး ေလးကဒ္တိတိ ေအးေအးလူလူပစ္ထုတ္လာ၏။
"ႏွစ္ဆ"
"....."
စန္းက်ီ၏မ်က္လုံးမ်ားက မယုံၾကည္နိုင္သလိုျဖစ္ေနၿပီး သုံးစကၠန့္နီးပါးေၾကာင္အၿပီးသြားမွ အေလာတလ်င္ျဖင့္
"နံပါတ္'သုံး' ေနာက္တစ္ကဒ္ ထုတ္တယ္ကြာ"
စန္းရန္က ပ်င္းတိပ်င္း႐ြဲျဖင့္
"အင္း..ငါသိသားပဲ"
သြမ့္က်ား႐ႊီက အသံထြက္ေအာင္ရယ္လိုက္မိေတာ့၏။ ထိုရယ္သံမွာ မီးေလာင္ရာေလပင့္လိုက္သည့္အလား စန္းက်ီက ပို၍ပင္ ေဒါသထြက္လာ၍
"ေကာေကာက ဘာရယ္တာလဲ..ျမန္ျမန္သာ ကဒ္ထုတ္!"
သြမ့္က်ား႐ႊီက မ်က္ဝန္းမ်ားေကြးေနေအာင္ ၿပဳံးလိုက္ၿပီး စန္းက်ီ၏ေခါင္းအား အသာအယာပြတ္လိုက္၏။
"ေက်ာ္တယ္"
စန္းက်ီက လက္ထဲကိုင္ထားသည့္ 'ဘုရင္ကဒ္' ကို ငုံ႕ၾကည့္ၿပီး အရင္ဆုံးသည္းခံထားလိုက္သည္။
"ေက်ာ္တယ္"
စန္းရန္က ထိုင္ခုံေနာက္သို႔မွီထိုင္လိုက္ၿပီး တစ္ခဏတာ အကဲခတ္ၾကည့္လိုက္၏။
စန္းက်ီ ;
"ျမန္ျမန္လုပ္"
စန္းရန္က ေပါ့ေပါ့ပါးပါးျဖင့္
"ဒါဆို နံပါတ္'ေလး' "
"...."
စန္းက်ီ ထပ္၍သည္းညည္းခံထားေသးသည္။
သြမ့္က်ား႐ႊီ ကဒ္မထုတ္လိုက္သည့္ကိစၥမွာ စန္းက်ီအတြက္ ဤကစားကြက္က အနည္းငယ္ထူးဆန္းသလိုျဖစ္ေနမိသည့္တိုင္ သိခ်င္စိတ္ကို တစ္ခဏထိန္းခ်ဳပ္ထားလိုက္၏။ ႏွစ္ေယာက္စလုံးက 'ေက်ာ္'သြားသည့္အတြက္ သူမ ေတြေဝသြားျပန္ၿပီး ဤကစားကြက္က ကဒ္မထုတ္လွ်င္လည္း မဟုတ္ျပန္သလို ထိုေယာက္်ားႏွစ္ေယာက္ထံ၌ ထည့္ရမည့္ကဒ္မ်ိဳးမရွိသလား ဟူ၍လည္း သံသယဝင္မိသည္။
ထို႔ေၾကာင့္ စန္းက်ီက စြန့္စားၾကည့္သည့္အေနျဖင့္ နံပါတ္ 'ငါး' ကို ထုတ္လိုက္သည္။
စန္းရန္က 'ေက်ာ္'သြား၏။
စန္းက်ီလည္း သက္ျပင္းတစ္ခ်က္ခ်မိလိုက္၏။
သြမ့္က်ား႐ႊီမွာေတာ့ ကဒ္ကိုလွမ္းၾကည့္ရင္း ျဖည္းျဖည္းခ်င္းျဖင့္
" နံပါတ္ 'ေျခာက္' ေလးကဒ္"
"...."
စန္းက်ီက သြမ့္က်ား႐ႊီအား လွမ္းၾကည့္လိုက္မိၿပီး ထိုႏွစ္ေယာက္၏ကစားကြက္မ်ားကို လုံးဝနားမလည္နိုင္ေတာ့ေပ။
ဤအခိုက္အတန့္တြင္ စန္းက်ီ ခံစားမိလိုက္ရသည့္တစ္ခုတည္းေသာအရာမွာ သူမက အလယ္တန္း ဒုတိယႏွစ္သို႔ျပန္ေရာက္သြားသည့္ခံစားခ်က္ ၊ ေလွာင္ခံေနရသည့္ခံစားခ်က္ပင္။ ဤလူႏွစ္ေယာက္ ပူးေပါင္းၿပီး သူမအား အနိုင္က်င့္သည့္ကိစၥကို ျပန္ေတြးၾကည့္မိလိုက္သည္ႏွင့္ ေဒါသက တဟုန္းဟုန္းျပန္ထလာကာ ေနာက္ထပ္သည္းညည္းမခံနိုင္ေတာ့ဘဲ လက္ထဲမွ 'ဘုရင္ကဒ္'အား ထုတ္ပစ္လိုက္ေတာ့သည္။
ႏွစ္ေယာက္က ထပ္၍'ေက်ာ္'သြား၏။ စန္းက်ီက လက္ထဲမွ ကဒ္ကေလးထုတ္လိုက္ေသာေၾကာင့္ အေတာ္ၾကာေအာင္ ျပန္႐ုန္းကန္လိုက္ရၿပီးမွ ကဒ္တစ္ခုထပ္၍ ထုတ္နိုင္လိုက္သည္။ ရလဒ္မွာမူ စန္းရန္က ထိုကဒ္ကို လက္ဆင့္ကမ္းရသြားျခင္းပင္။
သူ႕လက္ထဲတြင္ တစ္ကဒ္သာက်န္ေလၿပီး မထီမဲ့ျပင္ျပဳသည့္အမူအရာမ်ိဳးျဖင့္
"ေရွာင္ေကြ..ဖဲကစားတဲ့ဝိုင္းမွာ ဘယ္လိုလူမ်ိဳးေတြက မခံထိမခံသာ အျဖစ္တတ္ဆုံးမွန္းသိလား"
စန္းက်ီ ; "?"
"မင္းလိုမ်ိဳး...."
စန္းရန္က စားပြဲခုံအား ႏွစ္ခ်က္ေခါက္လိုက္ၿပီး ရွားပါးလွသည့္ စိတ္ရွည္လက္ရွည္အမူအရာျဖင့္
"တုံးလြန္းတဲ့လူေတြပဲ"
"...."
စန္းက်ီ၏ေဒါသက ငယ္ထိပ္ထိတက္လာေလၿပီး ထိန္းသိမ္း၍လည္းမရနိုင္ေတာ့ကာ မတ္တပ္ထရပ္လိုက္ရင္း စန္းရန္ႏွင့္တစ္ပြဲတစ္လမ္းႏႊဲရန္ ျပင္လိုက္သည့္အခိုက္တြင္ သြမ့္က်ား႐ႊီက စန္းရန္ ထုတ္ထားသည့္ကဒ္ကို လက္ဆင့္ကမ္း ယူသြားခဲ့သည္။
စန္းရန္၏လက္ထဲက်န္သည္မွာ ကဒ္တစ္ကဒ္တည္း ၊ စန္းက်ီ၏ႏႈတ္ခမ္းပါးက လွစ္ခနဲၿပဳံးသြားခဲ့ကာ သြမ့္က်ား႐ႊီက လက္ဆင့္ကမ္းယူသြားသည့္ကဒ္ႏွင့္ေပါင္းၿပီး ကဒ္တစ္စုံျပန္ခ်ေပးလာခဲ့သည္။
"...."
စန္းရန္က တစ္ဖက္သို႔လွည့္ၿပီး သြမ့္က်ား႐ႊီအား မမွင္မေသြစိုက္ၾကည့္ေပးလိုက္သည္။
ေနာက္ဆုံး၌ အနိုင္ရသြားသူမွာ စန္းက်ီ။
စန္းရန္က ေနာက္ဆုံးက်န္ခဲ့သည့္တစ္ကဒ္အား စားပြဲခုံေပၚပစ္ခ်ၿပီး ခနဲ႕တဲ့တဲ့ရယ္လိုက္ေတာ့သည္။
"မင္းတို႔ႏွစ္ေယာက္ တတ္လည္းတတ္နိုင္တယ္..ေနာက္ဆို ငါ့ကို ဖဲကစားဖို႔လာမေခၚနဲ႕"
စန္းက်ီ၏စိတ္အေျခအေနက ထိုအခါတြင္မွ ျပန္ေကာင္းမြန္သြားေသာ္ျငား သြမ့္က်ား႐ႊီကိုယ္စား ေဒါသထြက္ေပးလိုက္ေသး၏။
"ဘယ္သူကေရာ ကိုကိုနဲ႕ကစားခ်င္ေနလို႔လဲ!..ကိုကိုကျဖင့္ နိုင္ရင္ၿပီးေရာေလွ်ာက္ကစားေနတာကို!"
စကားဆိုၿပီးေသာ္ စန္းက်ီက စန္းရန္၏အေရွ႕တြင္ခ်ထားသည့္ အေႂကြမ်ားထဲမွ ယြမ္ ၁၀တန္တစ္႐ြက္ကို လွမ္းယူလိုက္သည္။
"ကိုကို ညစ္မွာစိုးလို႔ ဒါကို အရင္ယူထားလိုက္ၿပီ"
စန္းရန္ ခြန္းတုံ႕ျပန္မည္အျပဳတြင္ လက္ကိုင္ဖုန္းမက္ေဆ့သံက ျမည္လာခဲ့သည္။ သူ တစ္ခ်က္လွမ္းၾကည့္ၿပီး ႏႈတ္ခမ္းပါးကိုလည္း ေကြးလိုက္ကာ ႐ုတ္တရက္မတ္တပ္ထရပ္လိုက္၏။
စန္းက်ီက ႐ုတ္တရက္အေျခအေနေၾကာင့္ လန့္ျဖန့္သြားၿပီး သြမ့္က်ား႐ႊီအေနာက္သို႔ ဝင္ပုန္းလိုက္၍
"ကိုကို ဘာလုပ္မလို႔လဲ"
စန္းရန္က စကားတစ္ခြန္းမဆိုဘဲ တစ္ခ်က္သာလွမ္းၾကည့္လိုက္၏။ အေရွ႕သို႔ ေျခႏွစ္လွမ္း လွမ္းၿပီးကာမွ တစ္စုံတစ္ရာကို ျပန္အမွတ္ရသြားသည့္အလား ေနာက္ျပန္လွည့္ၿပီး စားပြဲေပၚမွ အေႂကြမ်ားယူကာ အိတ္ကပ္ထဲထည့္လိုက္သည္။
"...."
စန္းက်ီမွာ မေနနိုင္ေအာင္ပင္ စကားဆိုလိုက္ေတာ့သည္။
"ဒီေလာက္ပိုက္ဆံေလးလည္း လိုက္တြက္ေနတာပဲလား"
စန္းရန္က စကားတစ္ခြန္းမွမေျပာဘဲ တံခါးဝဆီသို႔ ထြက္သြားခဲ့ေသာေၾကာင့္ စန္းက်ီ၏စိတ္ထဲ နားမလည္နိုင္ျဖစ္သြားသလို စန္းရန္က အျခားဘာအႀကံအစည္မ်ား ထုတ္လာဦးမည္ကိုလည္း မသိ။ စန္းက်ီက ေခါင္းေစာင္း၍လွမ္းၾကည့္လိုက္ၿပီး စန္းရန္ႏွင့္သူမၾကားရွိ ေမာင္ႏွမဆက္ဆံေရးကိုလည္း မေမ့မေလ်ာ့ဖ်က္လိုက္ေသးသည္ပင္။
"ငါ့အစ္မေယာက္်ား..ဘယ္သြားမလို႔လဲ"
စန္းရန္က ဖိနပ္စီးေနၿပီး တစ္ကိုယ္လုံးအနက္ေရာင္မ်ားသာ ဝတ္ထားကာ ေအးတိေအးစက္ႏွင့္ခက္ထန္သည့္ပုံစံ။ ထိုႏွစ္ေယာက္အား မျမင္ခ်င္ေယာင္ေဆာင္ေနၿပီး ဖိနပ္စင္ေပၚမွ ကားေသာ့ကိုယူ ၊ လက္ထဲထည့္ကစားရင္း မ်က္ခုံးကို အသာအယာပင့္ကာ မထီမဲ့ျမင္ျပဳ၍
"မင္းအစ္မကို သြားႀကိဳမလို႔ေလ..ငါ့ညီမိန္းမ"
(T/N ; စန္းရန္ကလည္း သြမ့္က်ား႐ႊီက သူ႕ညီအရင္း ၊ စန္းက်ီက သူ႕ညီကိုယူထားတဲ့မိန္းမ ဆိုၿပီးေခၚတာပါ
ေမာင္ႏွမႏွစ္ေယာက္ကေတာ့ လက္လန္တယ္)
ဌာနထဲမွ ထြက္လာသည္ႏွင့္ ဝိန္းရိဖန္က စန္းရန္အား ရပ္ေနက်ေနရာတြင္ လွမ္းေတြ႕လိုက္ရသည္။
စန္းရန္က အေနာက္ဘက္ရွိ လမ္းမီးတိုင္မွီ၍ရပ္ေနၿပီး ေခါင္းကိုမသိမသာေလးေအာက္စိုက္ထားသျဖင့္ သူ႕မ်က္ႏွာေပၚတြင္ အရိပ္တစ္ခ်ိဳ႕က်ေနကာ အခ်ိန္ဘယ္ေလာက္ၾကာၾကာရပ္ေစာင့္ေနခဲ့မွန္းေတာ့ မခန့္မွန္းနိုင္ေပ။ သူမ လွမ္းမေခၚလိုက္ရခင္ပင္ စန္းရန္က ေခါင္းေမာ့လာသျဖင့္ သူမရွိေနသည့္ေနရာအား တစ္ခ်က္တည္းလွမ္းျမင္သြားခဲ့သည္။
ဝိန္းရိဖန္ သူ႕အေရွ႕နားထိေလွ်ာက္သြားလိုက္လွ်င္ စန္းရန္က ခႏၶာကိုယ္အား ခပ္မတ္မတ္ျပန္ရပ္လိုက္ၿပီး ဝိန္းရိဖန္၏လက္ကို လွမ္းကိုင္လာခဲ့သည္။ ဝိန္းရိဖန္က သူ႕လက္အား ျပန္ေထြးဆုတ္လိုက္ၿပီး ေခါင္းသဲ့သဲ့ေစာင္းကာ စန္းရန္၏အမူအရာကိုအကဲခတ္ၿပီး ၿပဳံးျပလိုက္သည္။
"နင့္ကိုၾကည့္ရတာ ဘာလို႔အရမ္းစိတ္ဆိုးေနတဲ့ပုံစံမ်ိဳးႀကီးေပါက္ေနတာလဲ"
စန္းရန္က မ်က္ေမွာင္က်ဳံ႕လိုက္လွ်င္ ဝိန္းရိဖန္က သူ႕မ်က္ႏွာအား ဆြဲယူ၍ၾကည့္လိုက္သည္။
"...."
စန္းရန္၏မ်က္ႏွာက ဝိန္းရိဖန္၏လက္ထဲေရာက္လာပါေသာ္ျငား အမူအရာမဲ့ေနသည့္မ်က္ႏွာထားမ်ိဳးသာ ျဖစ္ေနဆဲ။
"ဘာလုပ္ေနတာလဲ"
ဝိန္းရိဖန္က မ်က္ေတာင္တစ္ခ်က္ခတ္လိုက္ၿပီး လက္ကိုလည္းလႊတ္ေပးလိုက္သည္။
"စိတ္ဆိုးသလိုႀကီးျဖစ္ေနတုန္းပဲ"
"စိတ္ဆိုးေနမွန္းသိတာေတာင္ ကိုယ့္မ်က္ႏွာကို လာညွစ္ရဲေသးတာလား"
စန္းရန္က ေအးတိေအးစက္လုပ္ေနပါေသာ္ျငား ဝိန္းရိဖန္ႏွင့္ေတာ့ ၿပိဳင္မျငင္းေခ်။ သူမ၏လက္ထဲမွအိတ္ကို လွမ္းယူၿပီး လက္ခ်င္းတြဲကာ အေရွ႕ဘက္သို႔ေလွ်ာက္ရင္း
"ဗိုက္ဆာလား"
"နည္းနည္း"
ဝိန္းရိဖန္က အလွမ္းမေဝးေတာ့သည့္တစ္ေနရာမွာ ဆိုင္ေသးေသးေလးအား လက္ညွိုးထိုးျပ၍
"သစ္သီးပန္ကိတ္စားခ်င္တယ္"
ဤစကားကိုၾကားလွ်င္ စန္းရန္က ထိုေနရာတစ္ခ်က္လွမ္းၾကည့္လိုက္၏။ သူ႕အိတ္ကပ္ထဲမွ တစ္က်ပ္တန္ ေျခာက္႐ြက္အားထုတ္လာၿပီး ဝိန္းရိဖန္၏လက္ထဲသို႔ထည့္ေပးလိုက္၏။
"သြားဝယ္"
Advertisement
- In Serial41 Chapters
COMMAND
"Sit. Stand. Don't. Enough. Leave. Come." Are the only words in the dictionary of Rogue Slade, the billionaire with the power to strip you of your will. He was smoldering, hypnotic, and alluring. But he was also unpredictable. Voted in high school as most likely to turn into a psychopath or an ax murderer. Beth Wallace had only seen him on the television or on the front pages of a magazine, but it was enough that she hoped to never cross path with someone who irked her. Until her friend, Hanna turned up missing, and Rogue Slade barged into her life like a bulldozer, threatening her peace. Hanna was the sister to Rogue's friend, and the last thing her brother heard from her was that she was meeting with someone named Beth. Beth swore she didn't know anything about Hanna's disappearance, but Rogue was hellbent on making her talk, even if it meant kidnapping her to his home, where he will exercise his power and dominance to find out the truth.
8 253 - In Serial33 Chapters
Somebody To Love (#4)
Harper Collins was an orphan who spent the first seventeen years of her life in an orphanage. Life in an orphanage is not easy but she dealt with everything courageously. But an incident at the age of seventeen caused her to run away. Not wanting to look back at it ever.Time flew by, she was now working in a restaurant as a chef alongside her friend who owned the restaurant. Her boyfriend of two years, proposed her for marriage. She couldn't be anymore happy. Everything was perfect now.But that's what she thought.Her engagement broke off.Broken, she decided to forget about everything for just one night. And that's how she finds herself at a club where she bumps into her friend's brother-in-law.What harm could a one night stand do for a girl who's trying to forget everything?Untill, she finds herself pregnant with the hot, famous, billionaire, playboy, Gareth Wilbrose's child.*Sequel to my story 'Back To You' but can be read as a stand alone novel.*(In case you are wondering why the hell there's a hashtag next to the title, numbering it...go read my bio.)
8 96 - In Serial53 Chapters
ballet sod
pre warning this is horrible cringy stuff i wrote ages ago꒰Gina goes to see a ballet show꒱ ↳ but what happens when she recognises one of the dancers? ༄ book 1/2 . ˚◞♡..⃗. story and wardrobe ❀
8 150 - In Serial47 Chapters
Living With The Asshole
[Highest ranking : #6 in Humor]When Ashley's parents have to leave town for a few months,she is more than happy to stay with her best friend,Kayla.But after a bad fight with her,Ashley is forced to live with Amanda Woods,a friendly girl she barely even knows AND her blockhead of a brother who annoys her to no end.Will Ashley be able to get through three months of living with the asshole?
8 120 - In Serial35 Chapters
Short Circuit (Riders Of Tyr # 7- MC Romance)
Stig loved two things since he was a kid: his laptop and bikes. What started as curiosity, ended up being his life for both those things. When he left his family in Sweden on his Harley to travel the world, he never knew he would settle in California and become a Rider of Tyr. But he had been through some shit and he needed a haven. The Riders provided that and he offered his skills. His plan? Play games, smoke pot, do his job, have fun. And keep his secret.Nathan is a lone wolf and there are a million reasons how he ended up like that. In his line of work, being alone is better and he aims to be effective. But even lone wolves need to hunt with company sometimes. When his company is a tempting pierced hacker, Nathan has a plan: get the job done and leave. Both will find out that plans don't always work.
8 89 - In Serial30 Chapters
Alpha Heron
"My body and my wolf may want you but my brain and my heart don't." I said, proud of my words."They will."~•~•~•~•~•~Weird, clumsy, smartass and boycrazy. Those were some of the words you could describe Lily. Oh and miss "can't keep her mouth shut". Struggling with everything in life, Lily thought that once she finds her mate everything will be better. But when she finds her mate she didn't expect him to be the boy who broke her heart in highschool. Heron on the other hand had everything anybody could want money, cars, body like a god, girls etc. The only thing that was missing was his mate and with him growing older the pack wanted a Luna. So when he met his mate, he realised that his mate was the girl he once loved, but had to let her go.••••••••Highest ranking #1 in lover.#45 in Werewolves#12 Lily
8 195

