《First Frost (Myanmar Translation)》Extra
Advertisement
နေ့တစ်နေ့၏မနက်ခင်းမိုးသောက်မလင်းမီတွင် စန်းရန်က ရုတ်တရက်အိပ်ရာနိုးလာပြီး သူ့ဘေးနားမှနေရာအား အလိုလိုလှမ်းဖက်လိုက်လျှင် နေရာမှာ ဗလာချည်းသက်သက်။ သူ မျက်မှောင်ကျုံ့လိုက်ပြီး သူ့ဘေးနားမှနေရာလွတ်အား လှမ်းကြည့်လိုက်ရာ ဝိန်းရိဖန်၏ကိုယ်ငွေ့နွေးနွေးက အိပ်ရာထက်၌ ကျန်ရှိနေဆဲ။
သူ ရုတ်ချည်းနိုးကြားလာပြီး အိပ်ခန်းတံခါးကို တစ်ချက်လှမ်းကြည့်လိုက်သည်။ တံခါးပိတ်ထားပြီး အခန်းတွင်း၌လည်းမှောင်မဲနေကာ တစ်စုံတစ်ယောက်ရှိနေသည့်အရိပ်အခြေမျိုးမဟုတ်။ မတ်တပ်ထရပ်လိုက်လျှင် ကြမ်းပြင်ပေါ်ရှိ ဝိန်းရိဖန်၏အိမ်နေရင်းဖိနပ်ပါးအား ချက်ချင်းတွေ့လိုက်ပြန်ကာ အခြေအနေကို နားလည်ပြီး အခန်းထဲမှထွက်လာခဲ့သည်။ ဧည့်ခန်းထဲသို့ ရောက်လာသည်နှင့် ထိုင်နေကျနေရာတွင်ထိုင်ပြီး နံရံကပ်နာရီအား စိုက်ကြည့်နေသည့်ဝိန်းရိဖန်ကို တွေ့လိုက်ရတော့၏။
နှစ်ယောက်သား လက်ထပ်ပြီးကတည်းက ဝိန်းရိဖန်၏အိပ်နေရင်းလမ်းထလျှောက်တတ်သည့်အကြိမ်ရေမှာ သိသိသာသာလျော့သွားပြီး ဤရောဂါပြန်မထသည်မှာလည်း အတော်ကြာခဲ့ပြီ။ တစ်ခါတစ်ရံ လမ်းထလျှောက်လျှင်လည်း စန်းရန်က အချိန်မီသိသွားခဲ့သည်ချည်းသာ။
စန်းရန်က အနားသို့ လျှောက်လာပြီး ဝိန်းရိဖန်၏ရှေ့၌ ဝင်ထိုင်လိုက်သည်။ သူမအား တစ်ခဏကြာကြာငေးကြည့်နေပြီးမှ နှုတ်ခမ်းကိုလှစ်ခနဲပြုံးရင်း ဝိန်းရိဖန် စိုက်ကြည့်နေသည့် နံရံကပ်နာရီရှိရာအတိုင်း လိုက်ကြည့်လိုက်၏။
အချိန်မှာ မနက်ခင်း သုံးနာရီတိတိ။ သူ တစ်ဖက်သို့ပြန်အလှည့်တွင် ဝိန်းရိဖန်၏မျက်တောင်များ လှုပ်ခနဲဖြစ်သွားသည်ကိုတွေ့လိုက်ပြီး ထိုမျက်ဝန်းများက တဖြည်းဖြည်းအောက်သို့နိမ့်ဆင်းလာကာ သူ့မျက်နှာတည့်တည့်ကျရောက်လာခဲ့သည်။ သိပ်မကြာလိုက်ခင်ပင် ဝိန်းရိဖန် မတ်တပ်ထရပ်ဖို့ရာ ပြင်တော့၏။ သူမ၏ဗလာကျင်းနေသည့်ခြေထောက်နှစ်ဖက် ကြမ်းပြင်ပေါ်သို့ အသံတိတ်ကျလာပြီး ခြေလှမ်းမလှမ်းလိုက်ခင် စန်းရန်က သူမအား ကောက်ပွေ့လိုက်တော့သည်။
သူမ၏အရှေ့တွင်ရှိနေသည့် ဖြစ်တည်မှုကို သတိထားလာမိခြင်းကြောင့်လည်းဖြစ်နိုင်သလို လှုပ်လှုပ်ရှားရှားဖြစ်သွားခြင်းကြောင့် နိုးသွားခြင်းလားမသိ ၊ ဝိန်းရိဖန်က အသိစိတ်ကပ်သွားပုံရကာ ခန္ဓာကိုယ်ကလည်းပျော့ပျောင်းလာပြီး သူ့လည်တိုင်အား သိုင်းဖက်လာခဲ့သည်။
"ဘာဖြစ်နေတာလဲ"
စန်းရန်က အသံတိုးတိုးလေးဖြင့် ချော့မော့လိုက်၏။
"မနက်ခင်း သုံးနာရီထိုးပြီ"
နောက်တစ်စက္ကန့်တွင် စန်းရန်က တိုးတိုးဖျဖျလေးထပ်ပေါင်း၍ စကားဆိုလိုက်သည်။
"အိပ်ရတော့မယ့်အချိန်"
-------
(Zawgyi)
ေန႕တစ္ေန႕၏မနက္ခင္းမိုးေသာက္မလင္းမီတြင္ စန္းရန္က ႐ုတ္တရက္အိပ္ရာနိုးလာၿပီး သူ႕ေဘးနားမွေနရာအား အလိုလိုလွမ္းဖက္လိုက္လွ်င္ ေနရာမွာ ဗလာခ်ည္းသက္သက္။ သူ မ်က္ေမွာင္က်ဳံ႕လိုက္ၿပီး သူ႕ေဘးနားမွေနရာလြတ္အား လွမ္းၾကည့္လိုက္ရာ ဝိန္းရိဖန္၏ကိုယ္ေငြ႕ႏြေးႏြေးက အိပ္ရာထက္၌ က်န္ရွိေနဆဲ။
သူ ႐ုတ္ခ်ည္းနိုးၾကားလာၿပီး အိပ္ခန္းတံခါးကို တစ္ခ်က္လွမ္းၾကည့္လိုက္သည္။ တံခါးပိတ္ထားၿပီး အခန္းတြင္း၌လည္းေမွာင္မဲေနကာ တစ္စုံတစ္ေယာက္ရွိေနသည့္အရိပ္အေျခမ်ိဳးမဟုတ္။ မတ္တပ္ထရပ္လိုက္လွ်င္ ၾကမ္းျပင္ေပၚရွိ ဝိန္းရိဖန္၏အိမ္ေနရင္းဖိနပ္ပါးအား ခ်က္ခ်င္းေတြ႕လိုက္ျပန္ကာ အေျခအေနကို နားလည္ၿပီး အခန္းထဲမွထြက္လာခဲ့သည္။ ဧည့္ခန္းထဲသို႔ ေရာက္လာသည္ႏွင့္ ထိုင္ေနက်ေနရာတြင္ထိုင္ၿပီး နံရံကပ္နာရီအား စိုက္ၾကည့္ေနသည့္ဝိန္းရိဖန္ကို ေတြ႕လိုက္ရေတာ့၏။
ႏွစ္ေယာက္သား လက္ထပ္ၿပီးကတည္းက ဝိန္းရိဖန္၏အိပ္ေနရင္းလမ္းထေလွ်ာက္တတ္သည့္အႀကိမ္ေရမွာ သိသိသာသာေလ်ာ့သြားၿပီး ဤေရာဂါျပန္မထသည္မွာလည္း အေတာ္ၾကာခဲ့ၿပီ။ တစ္ခါတစ္ရံ လမ္းထေလွ်ာက္လွ်င္လည္း စန္းရန္က အခ်ိန္မီသိသြားခဲ့သည္ခ်ည္းသာ။
စန္းရန္က အနားသို႔ ေလွ်ာက္လာၿပီး ဝိန္းရိဖန္၏ေရွ႕၌ ဝင္ထိုင္လိုက္သည္။ သူမအား တစ္ခဏၾကာၾကာေငးၾကည့္ေနၿပီးမွ ႏႈတ္ခမ္းကိုလွစ္ခနဲၿပဳံးရင္း ဝိန္းရိဖန္ စိုက္ၾကည့္ေနသည့္ နံရံကပ္နာရီရွိရာအတိုင္း လိုက္ၾကည့္လိုက္၏။
အခ်ိန္မွာ မနက္ခင္း သုံးနာရီတိတိ။ သူ တစ္ဖက္သို႔ျပန္အလွည့္တြင္ ဝိန္းရိဖန္၏မ်က္ေတာင္မ်ား လႈပ္ခနဲျဖစ္သြားသည္ကိုေတြ႕လိုက္ၿပီး ထိုမ်က္ဝန္းမ်ားက တျဖည္းျဖည္းေအာက္သို႔နိမ့္ဆင္းလာကာ သူ႕မ်က္ႏွာတည့္တည့္က်ေရာက္လာခဲ့သည္။ သိပ္မၾကာလိုက္ခင္ပင္ ဝိန္းရိဖန္ မတ္တပ္ထရပ္ဖို႔ရာ ျပင္ေတာ့၏။ သူမ၏ဗလာက်င္းေနသည့္ေျခေထာက္ႏွစ္ဖက္ ၾကမ္းျပင္ေပၚသို႔ အသံတိတ္က်လာၿပီး ေျခလွမ္းမလွမ္းလိုက္ခင္ စန္းရန္က သူမအား ေကာက္ေပြ႕လိုက္ေတာ့သည္။
သူမ၏အေရွ႕တြင္ရွိေနသည့္ ျဖစ္တည္မႈကို သတိထားလာမိျခင္းေၾကာင့္လည္းျဖစ္နိုင္သလို လႈပ္လႈပ္ရွားရွားျဖစ္သြားျခင္းေၾကာင့္ နိုးသြားျခင္းလားမသိ ၊ ဝိန္းရိဖန္က အသိစိတ္ကပ္သြားပုံရကာ ခႏၶာကိုယ္ကလည္းေပ်ာ့ေပ်ာင္းလာၿပီး သူ႕လည္တိုင္အား သိုင္းဖက္လာခဲ့သည္။
"ဘာျဖစ္ေနတာလဲ"
စန္းရန္က အသံတိုးတိုးေလးျဖင့္ ေခ်ာ့ေမာ့လိုက္၏။
"မနက္ခင္း သုံးနာရီထိုးၿပီ"
ေနာက္တစ္စကၠန့္တြင္ စန္းရန္က တိုးတိုးဖ်ဖ်ေလးထပ္ေပါင္း၍ စကားဆိုလိုက္သည္။
"အိပ္ရေတာ့မယ့္အခ်ိန္"
-------
Advertisement
- In Serial1438 Chapters
The Problem with Marrying Rich: Out of the Way, Ex
Married rich for three years with no child born. Just when she was finally cured of infertility and ready to give him a child, he brought home his pregnant mistress in high profile.
8 2150 - In Serial35 Chapters
Fight for me (Completed)
Amy Green knew she was too good for Ethan Harris. She knew falling in love with a hot millionaire like him was stupid. She knew Ethan falling for her was crazy. She knew marrying him was insane. Yet she shut her brain and followed her heart until he realized she was not enough.It's been three years since she stopped following her heart and listened to her instincts. Her instincts say she should not agree to meet her ex-husband. Her instincts say she should not agree to pretend that they are back together. Her instincts say she should stop following her heart and start listening to it because she was only setting herself up for another heartbreak. If only her heart could stop beating for him. If only her heart could stop wanting him. If only her heart could stop wanting him to fight for her.Please fight for me, Ethan. At least onesTrigger Warning: Violence, Rape, self harm
8 521 - In Serial15 Chapters
Childhood Dreaming
High School. A transition period from childhood to adulthood, and a place where love flourishes. Chris experiences this himself as he enters his second year of High School with his childhood friend Lilly and his best friend Adam. How will he react to his new environment as he joins the litterature club? Will he be able to confess his love for Lilly, or will he keep it all to himself in his novel?
8 96 - In Serial70 Chapters
Look Back at Me (Fleckney Fields Series, Book 1)
After ten years, Viola Holyoake returns to the peaceful picturesque village of Fleckney Fields, the home of the large family of her ex-husband, Rhys. Since their divorce, she's received her medical degree, got married, built her career, gone through a second, much less dramatic divorce - and now she's ready to enjoy the quiet countryside life and medical practice that she's always dreamt of. Thanks to the patronage of Nana Mable, the matriarch of the Holyoake family, Viola will now take the position of a partner in the local surgery, as well as a lodger of Dr. Fenton, the most prominent bachelor of the village. Will the village of Fleckney Woulds prove to be the just as homely and serene as she fondly remembers it? Will Viola overcome her unwillingness to open her heart to the possibly of a new romance - or an old one, perhaps?
8 128 - In Serial20 Chapters
Plyxmad Romantic Poems
"Love is ecstasy and torment- Freedom and slavery" "Yet a heart whose love is quite innocent"Meet 'ERONX OF LOVE', 'HOW THOU SHINE' and other fascinating POEMS. 'ERONX or IRONY(S) simply mean':: Contradictions !!!![NB] * Category: Poetry * Book title Plyxmad....{V 1}* Theme: Love & wits/epigrams * Setting: The Heart of lovers* Author's setting: Africa, Liberia * Author's mood: Sentimental * Edition:1st / final Edition* First update: 06/16/2022* Last update: 09/03/2022*Version: English version * Account; 1st wattpad Book*Status: Complete [A•R.•R]* Parts: 10,{5 poems} {14 wits}Hi dear; Thanks for adding my book to your reading list.Honestly this is my first project.Though I'm not a professional writer, but I can assure that you're going to marvel and be like - "WOW !! that's amazing........Please read each line explicitly, Observe punctuations as well.*I will be glad to view your COMMENTS. *Also ne'er forget to VOTE ....
8 212 - In Serial17 Chapters
Male OC/multiple personality Reader x Bully RWBY
This is gonna be different so bare with me.(Y/n) Hunter. A quiet boy who keeps to himself mostly. With No semblance or aura, he's pictured as the weakest hunter in Beacon and no one wants to befriend him. Well except for a few inner friends.
8 121

