《S T R A N G E R》Part 3
Advertisement
baekhyun စာသင္ခန္းထဲတြင္ ထိုင္ေနေသာ္လဲ
စိတ္ႏွင့္လူႏွင့္မကပ္။
မေန႔ညက ျဖစ္ခဲ့ေသာ ကိစၥအား
ျပန္စဥ္းစားေလ ေဒါသထြက္ေလႏွင့္
စိတ္ထဲမွာ တႏုတ္ႏုတ္ ျဖစ္ေနသည္။
ဘာမဟုတ္ေသာ သီခ်င္းတစ္ပုဒ္အား နားေထာင္မိလိုက္ရံုႏွင့္ ေဆာက္တည္ရာမရသည္ထိ
ေသြးပ်က္ထိတ္လန္႔သြားမိေသာ
ကိုယ့္ကိုကိုယ္လဲ မေက်နပ္ႏိုင္။
*ဘာေၾကာင့္ အဲ့လူရဲ႕ အသံကိုၾကားထဲက
စိတ္ေတြ ဂဏွာမၿငိမ္ ျဖစ္သြားရတာလဲ?
*အဲ့လူက ငါ့နာမည္ကို ဘယ္လိုလုပ္သိေနရတာလဲ?
*အဲ့လူက ဘာသေဘာနဲ႔ ငါ့ကို ဒီ video ပို႔ရတာလဲ?
ေမးခြန္းမ်ား အထပ္ထပ္ေမးေနမိေသာ္လည္း
အေျဖကား ဗလာနတၱိ။
baekhyun စိတ္ပ်က္စြာ သက္ျပင္းခ်မိသည္။
အမွန္ဆို baekhyun ဒီလိုေတြ စိတ္ညစ္မခံခ်င္လြန္းလို႔ လူေတြနဲ႕ကင္းေအာင္ တတ္ႏိုင္မွ် ေဝးေဝးမွာေနခဲ့သည္ ။ သို႔ေသာ္ ျပသနာမ်ားက baekhyun ဘက္မွ စတင္ခဲ့ျခင္းမရွိပါပဲ baekhyun ဆီသို႔သာ တိုက္႐ိုက္ဦးတည္၍ လာတတ္သည္။
အခုလဲ ထိုသူက မည့္သည့္အခ်ိန္ကအၿငိဳးမ်ားျဖင့္ baekhyun အား မည္သို႔မည္ဖံု စိတ္ဒုကၡေပးမည္မွန္းမသိ။ မတတ္သာသည့္ အဆံုး baekhyun အားလံုးကို အရွံဳးေပးကာ ေလာကႀကီးမွ အၿပီးပိုင္ ထြက္ခြာသြားခ်င္ေတာ့သည္။
baekhyun စိတ္ဓါတ္က်စြာ ပတ္ဝန္းက်င္အား
သတိလက္လြတ္ေနမိလိုက္သည္။
ထိုစဥ္ ႐ုတ္တရက္ ခံစားမိလိုက္တာက
မိမိထိုင္ေနေသာ ခံုအား တစ္စံုတစ္ေယာက္က
အေနာက္ဘက္မွ ကန္ေနသည္ဟူေသာ အသိ။
အတန္းထဲတြင္ အၿမဲစာလုပ္ကာ
ေအးေဆးေနတတ္ေသာ baekhyun အား
ရန္စ၍ ေလွာင္ေျပာင္အႏိုင္က်င့္ေနၾကျဖစ္သည့္
Jeon shin တို႔ အဖြ႕ဲပဲ ျဖစ္မည္ဆိုတာကို
baekhyun လွည့္မၾကည္ပဲ အတပ္သိသည္။
ဘာျပသနာမွ မတတ္လိုသျဖင့္
baekhyun မသိခ်င္ေယာင္ေဆာင္ကာ
စာဆက္လုပ္ေနလိုက္သည္။
သို႔ေသာ္ ခံုအား ကန္ေနသည္က ရပ္မသြား
ပို၍ပင္ အားျပင္းလာသေယာင္။
baekhyun စိတ္ပ်က္မိေသာ္လဲ ယခုခ်ိန္ ထေပါက္ကြဲလွ်င္ ရန္ျဖစ္ျပသနာတတ္ကာ ႏွစ္ေယာက္လံုး ရံုးခန္းေရာက္လိမ့္မည္။ ေနာက္ဆံုးတြင္ေတာ့ baekhyun အတြက္ ျပစ္ဒဏ္အေနနဲ႔ baekhyun အမုန္းဆံုးျဖစ္ေသာ အေမ့ရဲ႕ အထင္ေသးသည့္အၾကည့္ျဖင့္ၾကည့္ျခင္းကိုသာ ခံရမည္ျဖစ္သည္။
ထို႔ေၾကာင့္ baekhyun တတ္ႏိုင္သမွ် ေဒါသမ်ားအား မ်ိဳခ်ကာ အံကိုႀကိတ္၍ လက္သီးမ်ားကိုသာ တင္းတင္း စုပ္ထားမိသည္။
ဒီေလာက္ ကန္ေနသည္ကိုေတာင္
နည္းနည္းမွ အဖတ္လုပ္ကာ
baekhyun လွည့္ၾကည့္မလာသျဖင့္
အေနာက္မွကန္ေနသူ Jeon shin လဲ
အေတာ္ေဒါသထြက္ေနၿပီျဖစ္သည္။
ကန္ေန သည့္အရွိန္မွာ အလြန္ျပင္းလာသျဖင့္
တဒုန္းဒုန္းျမည္ကာ တစ္တန္းလံုးရွိလူမ်ားပါ
လွည့္ၾကည့္ကုန္ၿပီျဖစ္သည္။
ရွက္စိတ္၊ ေဒါသထြက္စိတ္၊ ေပါက္ကြဲပစ္ခ်င္သည့္စိတ္မ်ားကို အတင္းထိန္းခ်ဳပ္ထားရသျဖင့္ baekhyun မ်က္ႏွာမ်ားနီရဲလာသည္။
မုန္းသည္။ အားလံုးကိုမုန္းသည္။
-တခုခုျဖစ္တိုင္း အက်ိဳးေၾကာင္းဘယ္ေတာ့မွမေမးပဲ ဦးစြာအျပစ္တင္တတ္ေသာ အေမ့ကိုမုန္းသည္။
-ဘယ္ေလာက္ႀကိဳးစားႀကိဳးစား အေကာင္းမျမင္ပဲ
ခိုင္းစရာရွိမွသာ ေပၚလာတတ္ေသာ
အေဖ့ကိုလဲမုန္းသည္။
-baekhyun ကိုဆို အႏိုင္က်င့္ ရန္စကာ ေလွာင္ေျပာင္တတ္သည့္ လူေတြကိုလဲ မုန္းသည္။
-ဘယ္သူ႔ကိုမွ ေကာင္းက်ိဳးမေပးပဲ တျခားလူေတြအတြက္ လူပိုတစ္ေယာက္အျဖစ္ အရွံဳးသမားတစ္ေယာက္အျဖစ္ ေမြးဖြားခ့ဲေသာ မိမိကိုယ္ကိုလဲ မုန္းသည္။
ေနာက္ဆံုး အေနျဖင့္ အားျပင္းျပင္းႏွင့္ ကန္လိုက္ေသာ ကန္ခ်က္တစ္ခ်က္။
baekhyun ကိုယ္ေလး ထိုင္ေနရာမွပင္ ေျမႇာက္သြားကာ အေရွ႕ စားပြဲခံုႏွင့္သြားေဆာင့္မိသည္ထိ အရွိန္ျပင္းလြန္းသည္။
"ဝုန္းး!!"
baekhyun ခံုအား ကန္ခံရၿပီး စကၠန္႔ပိုင္းအတြင္း ၾကားလိုက္ရေသာ အသံတစ္ခု။
baekhyun ေနာက္လွည့္ၾကည့္လိုက္ေတာ့ beakhyun ခံုအား ကန္ေနခဲ့ေသာ Jeon shin သည္
ၾကမ္းျပင္တြင္ ေခြေခြေလး လဲေနသည္။
လဲက်ေနေသာ Jeon shin အား အရွိန္ျဖင့္ ထပ္ကန္ေနေသာ ေျခေထာက္ပိုင္ရွင္ကို baekhyun ေမာ့ၾကည့္လိုက္ေတာ့ အျခားသူေတာ့မဟုတ္..
ဟိုတေန႔က အခန္းထဲတြင္ေတြ႕ခဲ့ေသာ kim kai..
.....
.........
Jeon shin baekhyun ၏ခံုကို စတင္၍ ကန္ေနထဲက Kai ထိုင္ၾကည့္ေနျခင္းျဖစ္သည္။
အမွန္ဆို အစထဲက ဝင္ထားရင္ ရေသာ္လဲ
သူမ်ားကိစၥတြင္ ဝင္မပါခ်င္သည္က တစ္ေၾကာင္း၊ baekhyun မည္သို႔ တုန္႔ျပန္မည္ကို
ေစာင့္ၾကည့္ခ်င္ေသးသည္ကတစ္ေၾကာင္းမို႔
ဘာမွ မေျပာပဲ ထိုင္ၾကည့္ေနလိုက္ျခင္းျဖစ္သည္။
အေတာ္ၾကာသည္ထိ baekhyun ဆိုသည့္ေကာင္ေလးက မတံုျပန္ပဲ ၿငိမ္ခံေနသည္။
အံ့ကိုတင္းတင္းႀကိတ္ကာ လက္သီးမ်ားကို က်စ္က်စ္ပါေအာင္ ဆုပ္ထားသည္ကိုၾကည့္ျခင္းျဖင့္ baekhyun အေတာ္ေဒါသထြက္ေနသည္ကို
အေနာက္ကၾကည့္ေနေသာ kai ရိပ္မိသည္။
အေနာက္ကေကာင္ တင္းလဲ တင္းခ်င္စရာပင္။baekhyun ဆိုသည့္ အႏွီေကာင္ေလးက
ကမာ႓ႀကီးပ်က္သြားရင္ေတာင္ ထိုင္ေနရာမွ
တစ္စက္မလႈပ္မည့္ဟန္
အေနာက္က ကန္ေနသူအား အဖတ္လုပ္ကာ တစ္ခ်က္ပင္ ျပန္လွည့္မၾကည့္
ေဘးကလူေတြက လဲ ကန္ေနေသာသူအား
တားျခင္းမရွိ ဝိုင္း၍သာ ၾကည့္ေနၾကသည္။
ဒီတိုင္းဆို ဒီကိစၥက kai ဝင္ပါမွပဲ ၿပီးေတာ့မည္ထင္။
ေျပာ၍မွ မဆံုး Jeon shin က baekhyun ထိုင္ေနေသာ ခံုကို အားျဖင့္ကန္လိုက္သည္မွာ baekhyun ပင္ ေရွ႕သို႔သြားကပ္သည္အထိ။
မတတ္ႏိုင္ေတာ့ သူမ်ားကိစၥဝင္ပါသည္က kai ရဲ႕ style မဟုတ္ေသာ္လဲ ဒီလို အႏိုင္က်င့္ေနသည္ကိုေတာ့ စိတ္သေဘာမေနာေကာင္းေသာ
ကၽြန္ေတာ္ kai မွ လက္ပိုက္ၾကည့္မေနႏိုင္ပါေလ။
ဒါေၾကာင့္ Jeon shin အနားသို႔သြားကာ ဘာမွမေျပာပဲ ထိုင္ေနေသာ Jeon shin အား ထိုင္ခံုမွ ျပဳတ္က်သည္အထိ အားျဖင့္ ေဆာင့္ကန္ခ်လိုက္သည္။ကန္ခ်က္က အားပါသြားသည္ထင္ Jeon shin မွာ အသံပင္မထြက္ေတာ့။
Advertisement
စိတ္မေကာင္းစြာႏွင့္ ၾကမ္းျပင္ေပၚတြင္
ေခြးက်က်ေနေသာ jeon shin အား
ထပ္မံ၍ ေလးခ်က္ေလာက္ ဆင့္ကန္ ေပးလိုက္သည္။ Jeon shin ေဘးက သူမ်ားကေတာ့ မေက်နပ္သည့္ဟန္ မီးဝင္းဝင္းေတာက္ေနေသာ မ်က္လံုးမ်ားျဖင့္ kai အား ေမာ့ၾကည့္ေနၾကသည္။
သို႔ေသာ္ ဘာမွေတာ့ မေျပာရဲ
မေျပာရဲဆို ဒီေက်ာင္း founder မွာ
Kai ဖခင္၏ လက္ေအာက္ခံျဖစ္ၿပီး
Kai သည္လည္း အင္အားႀကီးမားေသာ
စီးပြားေရးလုပ္ငန္းစုတစ္ခု၏ တစ္ဦးတည္းေသာ
အေမြခံသား ျဖစ္သည္။
kai အားရေအာင္ ကန္ၿပီးေတာ့မွ အခန္းျပင္သို႔ထြက္လာခဲ့လိုက္သည္။
ေနာက္မွ သတိရကာ အခန္းဆီသို႔ ျပန္ေျပးၿပီးေနာက္
ျမင္လိုက္ရသည့္ ျမင္ကြင္းက
kai ဆံပင္မ်ားပင္ေထာင္သြားေစသည္။
ထင္ထားသည့္အတိုင္းပင္ baekhyun ဆိုသည့္ေကာင္ေလးက Jeon သူငယ္ခ်င္းမ်ားအား မေၾကာက္မရြံ
အူေၾကာင္ေၾကာင္ျဖင့္ မတ္တပ္ရပ္ၾကည့္ေနသည္။
Jeon shin သူငယ္ခ်င္းမ်ားကလဲ baekhyun အား
အစိမ္းလိုက္ဝါးစားေတာ့မည့္ မ်က္လံုးမ်ားျဖင့္
ျပန္ၾကည့္ရင္း ႏွစ္ဦးႏွစ္ဖက္
အၾကည့္ခ်င္းဖလွယ္ေနၾကသည္မွာ ၾကက္သီးဖြယ္။
အခုခ်ိန္ Jeon shin ၏ သူငယ္ခ်င္းတစ္ေယာက္ေယာက္ကသာ သူတို႔သူငယ္ခ်င္းအစား baekhyun ကိုမေက်နပ္ပဲ တခုခုထလုပ္ပါက လူအံုေနေသာ အခန္းထဲတြင္ ေျပးေပါက္မရွိ တစစီျဖစ္ေတာ့မည့္ baekyyun ဘဝအား ႀကိဳေတြးမိ၍ kai ေခါင္းပင္ႀကိမ္းရသည္။
"ကၽြတ္.. kim kai ေရ ကိုယ္စတဲ့ ဇာတ္လမ္း ဆံုးေအာင္သာ က ေပေတာ့ဟ"
Kai ရွံဳ႕မဲ့ကာ ညီးညဴၿပီးေနာက္ အခန္းထဲသို႔ ျပန္ဝင္ကာ ေတာင့္ေတာင့္ႀကီးရပ္ၾကည့္ေနေသာ
ေတမိမင္းသား အေမာင္ baekhyun အား
ဂုတ္မွဆြဲကာ အျပင္သို႔ ေခၚထုတ္လာရသည္။
မေခၚ၍လည္းမျဖစ္ေတာ့ ဒီတိုင္းၾကာၾကာဆက္ထားရင္ Jeon shin သူငယ္ခ်င္းမ်ားလက္ခ်က္ျဖင့္ baekhyun အမႈန္႔ ျဖစ္သြားေတာ့မည္ေလ။
........
............
Kai baekhyun အား ဂုတ္မွဆြဲလာၿပီးေနာက္ တစ္ေနရာအေရာက္တြင္ ထိုေကာင္ေလးအား လႊတ္ေပးလိုက္သည္။
အေနာက္ကိုလွမ္းၾကည့္ၿပီး ဘယ္သူမွပါမလာတာေသခ်ာမွ မိမိမ်က္စိေရွ႕မွ ပုပုလံုးလံုးေလးႏွင့္ ေခါင္းငံု႕ထားေသာ ေကာင္ေလးအား..
"ေနပါဦး မင္းက အဲ့နားမွာ မတ္တပ္သြားရပ္ေနရေအာင္ မင္းကိုယ္မင္း ပါဝါရိန္းဂ်ားမ်ားထင္ေနလား။ ဟိုေကာင္ေတြက ငါ့ကို မႏိုင္တိုင္း ကုလားမႏိုင္ ရခိုင္မဲၿပီး မင္းကို တခုခု ထလုပ္ရင္ ဘယ္လိုလုပ္မလဲ "
kai ထံမွ အားမလိုအားမရ ျဖင့္ ဆူေနေသာ္လဲ baekhyun ဆိုသည့္ ေကာင္ေလးထံမွ ဘာသံမွထြက္မလာခဲ့။ kai စိတ္မရွည္စြာျဖင့္
"ေဟ့ေကာင္ ငါေျပာေနတာ မၾကားဘူးလား ငုတ္တုတ္ ေသေနတာလား"
baekhyun ရဲ႕ ပခံုးအား တစ္ခ်က္လႈပ္ၿပီးေျပာလိုက္ေတာ့
"ေတာင္းပန္ပါတယ္"
kai အခုမွပင္ ပို၍ တင္းလာသည္။
သူ႔ကို အႏိုင္က်င့္ေနသည္ကို ကယ္ေပးခဲ့သည္မွာ ေက်းဇူးတင္ခံခ်င္၍ လုပ္ခဲ့တာ မဟုတ္ေသာ္လဲ
ယခုလို မထံုတပ္ေတးျဖင့္ စကားႏွစ္လံုးကြဲေအာင္
မေျပာပဲ ေခါင္းသာ စြတ္ငံု႕ထားေသာ
အေရွ႕က ေခြးေပါက္အား
ထိပ္ေတြသာပိတ္ေခါက္ပစ္ခ်င္လာသည္။
"မရဘူး!!"
Kai မ်က္စိမွိတ္ကာ ေအာ္လိုက္ျခင္းျဖစ္သည္။
Kai ေအာ္လိုက္မွ baekhyun အလန္႔တျခားေမာ့ၾကည့္လာၿပီး..
"ဟမ္ ဘာ.. ဘာကိုမရတာလဲ"
ေမာ့ၾကည့္လာေသာ ေခြးေပါက္အား
Kai မ်က္ႏွာကိုတည္ကာ ဆရာႀကီးဂိုက္ ဖမ္း၍
"မင္း ဒီတိုင္းေတာင္းပန္႐ုံနဲ႔ခြင့္လႊတ္ေပးစရာလား မရဘူး ခြင့္မလႊတ္ေပးႏိုင္ဘူးကြာ"
"အမ္ ဒါ.. ဒါဆို ကၽြန္ေတာ္ ဘာျပန္လုပ္ေပးရမလဲ"
"ဘာ ျပန္လုပ္ ေပးရမလဲဆိုေတာ့.. မင္း မင္းး ငါ့ကို..."
Kai ဖင္ကုတ္ ေခါင္းကုတ္ျဖင့္ အခုမွတိုင္ပတ္ေတာ့သည္။ အမွန္ေတာ့ မိမိအားေခ်ေနေသာ ေခြးစုတ္ကို အနည္းငယ္ၿဖဲရန္ ႐ုပ္တည္ျဖင့္
ခြင့္မလႊတ္ေၾကာင္း ေျပာလိုက္ေသာ္လည္း
အခုလို ဘာျပန္လုပ္ေပးရမလဲလို႔ ေမးေတာ့
ဘာျပန္ေျပာရမွန္းမသိ။
အေရွ႕တြင္ မ်က္လံုးမ်ားကက်ီးကန္းေတာင္းေမွာက္ျဖင့္
ေတာင္ၾကည့္ေျမာက္ၾကည့္လုပ္ေနေသာ kai အား baekhyun ေၾကာင္ၾကည့္ေနမိသည္။
"အာ သိၿပီ။ မုန္႔.. မုန္႔ မင္းငါ့ကို မုန္႔ျပန္ဝယ္ေကၽြးရမယ္ အဲ့တာမွ ခြင့္လႊတ္မယ္"
"ဟမ္.. "
"တဟမ္ ထဲ ဟမ္ မေနနဲ႔ မင္း ငါ့ကိုေက်းဇူးဆပ္တဲ့အေနနဲ႔ မုန္႔ျပန္ဝယ္ေကၽြးရမယ္ နားလည္လား"
Kai မ်က္ခံုးတစ္ခ်က္ ပင့္ကာ အေရွ႕က ေခြးေပါက္အား ၾသဇာသီး ေကၽြးလိုက္ေတာ့..
"ေအာ္.. ေအး ေအးးပါ"
"အဲ့တာဆို ငါသြားမယ္"
ေျပာခ်င္ရာေျပာၿပီ ေကာ့ေတာ့ေကာ့ေတာ့ျဖင့္ ထြက္သြားေသာ kai ၏ေက်ာျပင္ကိုၾကည့္ကာ baekhyun တစ္ခ်က္ျပံဳးမိသည္။
သူစိတ္တိုလည္း တိုခ်င္စရာပင္
ကၽြန္ေတာ္ ကိုယ္တိုင္ကလဲ အူေၾကာင္ေၾကာင္ျဖင့္
အဲ့ေနရာမွာ ရပ္ေနမိသည္ကိုး။
အမွန္က ကၽြန္ေတာ္ အံ့ၾသသြားျခင္းပါ
Kai ကၽြန္ေတာ့ဘက္က ဝင္ကူေပးသြားျခင္းသည္
ကၽြန္ေတာ့ဘဝတြင္ လူသားတစ္ေယာက္က ကၽြန္ေတာ့ဘက္က ပထမဆံုးရပ္တည္ေပးခဲ့ျခင္းျဖစ္သည္။
ဒါေၾကာင့္ ခ်က္ခ်င္းမယံုၾကည္ႏိုင္ေသးပဲ ကၽြန္ေတာ္ ထိုေနရာတြင္ စြန္႔အကာ ရပ္ေနမိျခင္းျဖစ္သည္။
အကယ္၍ Kai သာ ကၽြန္ေတာ့ဘက္က ဝင္မကူေပးခဲ့ပါက အခုခ်ိန္တြင္ ကၽြန္ေတာ္ေရာ Jeon shin ပါ
ရံုးခန္းေရာက္ေလာက္ၿပီျဖစ္သည္။
ထို႔ေၾကာင့္ Kai အားေက်းဇူးတင္စကားေျပာရန္
ႀကိဳးစားေသာ္လဲ ဘယ္က စေျပာရမွန္းမသိသျဖင့္ kai ေျပာသမွ်ကိုသာ ေခါင္းငံု႕၍နားေထာင္ေနခဲ့သည္။
ဒါကို ဘာထျဖစ္မွန္းမသိ ႐ုတ္တရက္ႀကီး
Advertisement
စိတ္ဆိုးကာ မုန္႔ဝယ္ေကၽြးခိုင္းေသာ kai ေၾကာင့္
ကၽြန္ေတာ္ စိတ္ထဲမွ ႀကိတ္ျပံဳးမိသည္။
ဒီေကာင္ေလးသည္ အေကာင္ႀကီးသေလာက္
ကေလးဆန္ၿပီး စိတ္ထားျဖဴစင္ေသာ သူမ်ိဳးပင္။
ငါ့အ႐ွဳပ္ထဲ မင္းကိုအေႏွာင့္ယွက္ျဖစ္ေစတဲ့အတြက္ ေတာင္းပန္ပါတယ္ ၿပီးေတာ့ ေက်းဇူးလဲတင္တယ္
ငါ့ဘက္က ရပ္တည္ေပးခဲ့တဲ့အတြက္..
.....
..........
တကၠသိုလ္ေက်ာင္းဝန္း အတြင္း မည္သူတစ္ဦးတစ္ေယာက္မွ် မရွိသလို ေလးထပ္ေက်ာင္းေဆာင္ႀကီးမွာ လည္း လူသြားလာ မရွိသျဖင့္
တိတ္ဆိတ္ေျခာက္ကပ္ေနသည္။
ေက်ာင္းေဆာင္ႀကီး အေနာက္ဘက္ရွိ
ေဘာလံုးကြင္းသည္လည္း
အစိမ္းေရာင္ျခံဳပုတ္မ်ားျဖင့္ ျပည့္ႏွက္ေနၿပီး
ဓါတ္တိုင္ မ်ားမွ ေပးေသာ အလင္းသည္လည္း က်ယ္ဝန္းေသာ ေဘာလံုးကြင္းႀကီးအား
ျပည့္ဝေသာ အလင္းဓါတ္ကို မေပးစြမ္းႏိုင္။
ရာသီဥတုမွာ မႈန္မႈိင္းမႈိင္းျဖင့္
မၾကာခဏ တိုက္ခတ္လာေသာ ေလေအးမ်ားေၾကာင့္ သစ္ပင္ျခံဳပုတ္မ်ားမွာ တရွပ္ရွပ္ျဖင့္ လႈပ္ရွားေနသည္။
ညဘက္ျဖစ္သျဖင့္ ျခံဳမ်ားၾကားမွ အေကာင္ပေလာင္ေလးမ်ား၏ တကြ်ိကြ်ိ ေအာ္ျမည္သံမ်ားကသာ ပတ္ဝန္းက်င္တစ္ခုလံုး ပဲ့တင္ထပ္ေနသည္။
အံု႕မႈိင္းေနေသာ ပတ္ဝန္းက်င္၊ ေမွာင္မဲေနေသာ ျခံဳပုတ္မ်ားႏွင့္ တိတ္ဆိတ္ေနေသာ ေက်ာင္းေဆာင္ႀကီးသည္ ျမင္သူအဖို႔ ေက်ာခ်မ္းေစႏိုင္စြမ္းရွိသည္။
"ဒုန္းး "
"ဒုန္းး"
"ဒုန္းး"
တိတ္ဆိတ္ေနေသာ ေက်ာင္းေဆာင္ႀကီးတြင္ တစ္စံုတစ္ခုျဖင့္ တိုက္မိသည့္ဟန္ စည္းခ်က္ညီစြာျဖင့္ တစ္ခ်က္ၿပီး တစ္ခ်က္ ထြက္ေပၚလာေသာ အသံမ်ား။
မီးအလင္းေရာင္မရွိသည့္အျပင္ လမင္းသည္
တိမ္မ်ားၾကား ေပ်ာက္ကြယ္ေနၿပီး
ပတ္ဝန္းက်င္တစ္ခုလံုး ေမွာင္ပိတ္ေနျခင္းေၾကာင့္
ေက်ာင္းေဆာင္ႀကီး၏ ေလွကားမ်ားအား
တစ္ထစ္ၿပီးတစ္ထစ္ ျဖည့္ညႇင္းစြာ တတ္လာေသာ
ထိုသူ၏မ်က္ႏွာကို ေသခ်ာစြာ မျမင္ႏိုင္။
သို႔ေသာ္ ေသခ်ာသည္က ထိုသူသည္ တစ္စံုတစ္ခုအား တစ္ရြတ္တိုက္ဆြဲ၍ ေလွကားေပၚသို႔
တတ္လာျခင္းျဖစ္သည္။
တဒုန္းဒုန္း အသံျမည္ေနရျခင္းမွာလဲ ထိုသူဆြဲလာေသာ အရာက ေလွကားျဖင့္႐ိုက္မိၿပီး အသံထြက္ေပၚေနျခင္းျဖစ္သည္။
ေက်ာင္းေဆာင္ႀကီး၏ ဒုတိယထပ္သို႔ ေရာက္ေသာအခါ ထိုသူက အေပၚသို႔ ဆက္တတ္ျခင္းမရွိေတာ့ဘဲ အခန္းတစ္ခုသို႔ ဦးတည္၍ ေကာ္ရဒါ တစ္ေလွ်ာက္ ေလွ်ာက္လွမ္းလာခဲ့သည္။
ထိုအခန္းကေတာ့ အျခားအခန္းမဟုတ္
baekhyun တို႔ စာသင္သည့္အခန္းပင္။
အခန္းထဲေရာက္ေသာ္ ထိုသူက ဆြဲလာေသာ
အရာအား baekhyun ထိုင္ေနၾကျဖစ္သည့္
ေရွ႕ဆံုးခံုေပၚသို႔ တင္လိုက္သည္။
ေမွာင္မဲေနေသာ စာသင္ခန္းထဲတြင္ ေကာ္ရဒါဘက္မွ တိုးဝင္လာေသာ လေရာင္ျပျပေလးက အခန္းထဲသို႔ တိုးဝင္ေနသည္။
အခုမွ ထိုသူဆြဲလာေသာ အရာအား ေသခ်ာရွင္းလင္းစြာ ျမင္ရေတာ့သည္။
သို႔ေသာ္ ထိတ္လန္႔စရာေကာင္းသည္က
ထိုသူဆြဲလာေသာ အရာသည္
အရာဝတၱဳတစ္ခုမဟုတ္ဘဲ
ထိုသူ၏
သားေကာင္အျဖစ္သတ္မွတ္ျခင္းခံထားရေသာ
ေသြးသံရဲရဲျဖင့္ သတိလစ္ေနေသာ Jeon Shin...
[ မင္း နာက်င္ထိတ္လန္႔ ေနတဲ့ပံုစံကို တစိမ့္စိမ့္ထိုင္ၾကည့္ေနရတာက ငါႏွစ္သက္ အရာတစ္ခုဆိုေပမယ့္
ငါသိပ္ႀကိဳက္တဲ့ အ႐ုပ္ကေလး တစ္ျခားတစ္ေယာက္
လက္ထဲမွာ ေဆာ့ကစားခံေနရမယ္ဆိုိုရင္ေတာ့
အဲ့အျခားတစ္ေယာက္ အတြက္ ငါက ဆိုးရြားတဲ့ေသမင္း အျဖစ္ရပ္တည္ေနမွာပါ Byun baekhyun..]
>>>>>>>>>>>>>
AN - ေနာက္ပိုင္းမွာ Jeon shin က ဘယ္လိုလုပ္ Park Chanyeol လက္ခ်က္ မိ သြားလဲဆိုတာ ျပန္ရွင္းေပးပါ့မယ္ ❤️
baekhyun စာသင်ခန်းထဲတွင် ထိုင်နေသော်လဲ
စိတ်နှင့်လူနှင့်မကပ်။
မနေ့ညက ဖြစ်ခဲ့သော ကိစ္စအား
ပြန်စဉ်းစားလေ ဒေါသထွက်လေနှင့်
စိတ်ထဲမှာ တနုတ်နုတ် ဖြစ်နေသည်။
ဘာမဟုတ်သော သီချင်းတစ်ပုဒ်အား နားထောင်မိလိုက်ရုံနှင့် ဆောက်တည်ရာမရသည်ထိ
သွေးပျက်ထိတ်လန့်သွားမိသော
ကိုယ့်ကိုကိုယ်လဲ မကျေနပ်နိုင်။
*ဘာကြောင့် အဲ့လူရဲ့ အသံကိုကြားထဲက
စိတ်တွေ ဂဏှာမငြိမ် ဖြစ်သွားရတာလဲ?
*အဲ့လူက ငါ့နာမည်ကို ဘယ်လိုလုပ်သိနေရတာလဲ?
*အဲ့လူက ဘာသဘောနဲ့ ငါ့ကို ဒီ video ပို့ရတာလဲ?
မေးခွန်းများ အထပ်ထပ်မေးနေမိသော်လည်း
အဖြေကား ဗလာနတ္တိ။
baekhyun စိတ်ပျက်စွာ သက်ပြင်းချမိသည်။
အမှန်ဆို baekhyun ဒီလိုတွေ စိတ်ညစ်မခံချင်လွန်းလို့ လူတွေနဲ့ကင်းအောင် တတ်နိုင်မျှ ဝေးဝေးမှာနေခဲ့သည် ။ သို့သော် ပြသနာများက baekhyun ဘက်မှ စတင်ခဲ့ခြင်းမရှိပါပဲ baekhyun ဆီသို့သာ တိုက်ရိုက်ဦးတည်၍ လာတတ်သည်။
အခုလဲ ထိုသူက မည့်သည့်အချိန်ကအငြိုးများဖြင့် baekhyun အား မည်သို့မည်ဖုံ စိတ်ဒုက္ခပေးမည်မှန်းမသိ။ မတတ်သာသည့် အဆုံး baekhyun အားလုံးကို အရှုံးပေးကာ လောကကြီးမှ အပြီးပိုင် ထွက်ခွာသွားချင်တော့သည်။
baekhyun စိတ်ဓါတ်ကျစွာ ပတ်ဝန်းကျင်အား
သတိလက်လွတ်နေမိလိုက်သည်။
ထိုစဉ် ရုတ်တရက် ခံစားမိလိုက်တာက
မိမိထိုင်နေသော ခုံအား တစ်စုံတစ်ယောက်က
အနောက်ဘက်မှ ကန်နေသည်ဟူသော အသိ။
အတန်းထဲတွင် အမြဲစာလုပ်ကာ
အေးဆေးနေတတ်သော baekhyun အား
ရန်စ၍ လှောင်ပြောင်အနိုင်ကျင့်နေကြဖြစ်သည့်
Jeon shin တို့ အဖွဲ့ပဲ ဖြစ်မည်ဆိုတာကို
baekhyun လှည့်မကြည်ပဲ အတပ်သိသည်။
ဘာပြသနာမှ မတတ်လိုသဖြင့်
baekhyun မသိချင်ယောင်ဆောင်ကာ
စာဆက်လုပ်နေလိုက်သည်။
သို့သော် ခုံအား ကန်နေသည်က ရပ်မသွား
ပို၍ပင် အားပြင်းလာသယောင်။
baekhyun စိတ်ပျက်မိသော်လဲ ယခုချိန် ထပေါက်ကွဲလျှင် ရန်ဖြစ်ပြသနာတတ်ကာ နှစ်ယောက်လုံး ရုံးခန်းရောက်လိမ့်မည်။ နောက်ဆုံးတွင်တော့ baekhyun အတွက် ပြစ်ဒဏ်အနေနဲ့ baekhyun အမုန်းဆုံးဖြစ်သော အမေ့ရဲ့ အထင်သေးသည့်အကြည့်ဖြင့်ကြည့်ခြင်းကိုသာ ခံရမည်ဖြစ်သည်။
ထို့ကြောင့် baekhyun တတ်နိုင်သမျှ ဒေါသများအား မျိုချကာ အံကိုကြိတ်၍ လက်သီးများကိုသာ တင်းတင်း စုပ်ထားမိသည်။
ဒီလောက် ကန်နေသည်ကိုတောင်
နည်းနည်းမှ အဖတ်လုပ်ကာ
baekhyun လှည့်ကြည့်မလာသဖြင့်
အနောက်မှကန်နေသူ Jeon shin လဲ
အတော်ဒေါသထွက်နေပြီဖြစ်သည်။
ကန်နေ သည့်အရှိန်မှာ အလွန်ပြင်းလာသဖြင့်
တဒုန်းဒုန်းမြည်ကာ တစ်တန်းလုံးရှိလူများပါ
လှည့်ကြည့်ကုန်ပြီဖြစ်သည်။
ရှက်စိတ်၊ ဒေါသထွက်စိတ်၊ ပေါက်ကွဲပစ်ချင်သည့်စိတ်များကို အတင်းထိန်းချုပ်ထားရသဖြင့် baekhyun မျက်နှာများနီရဲလာသည်။
မုန်းသည်။ အားလုံးကိုမုန်းသည်။
-တခုခုဖြစ်တိုင်း အကျိုးကြောင်းဘယ်တော့မှမမေးပဲ ဦးစွာအပြစ်တင်တတ်သော အမေ့ကိုမုန်းသည်။
-ဘယ်လောက်ကြိုးစားကြိုးစား အကောင်းမမြင်ပဲ
ခိုင်းစရာရှိမှသာ ပေါ်လာတတ်သော
အဖေ့ကိုလဲမုန်းသည်။
-baekhyun ကိုဆို အနိုင်ကျင့် ရန်စကာ လှောင်ပြောင်တတ်သည့် လူတွေကိုလဲ မုန်းသည်။
-ဘယ်သူ့ကိုမှ ကောင်းကျိုးမပေးပဲ တခြားလူတွေအတွက် လူပိုတစ်ယောက်အဖြစ် အရှုံးသမားတစ်ယောက်အဖြစ် မွေးဖွားခဲ့သော မိမိကိုယ်ကိုလဲ မုန်းသည်။
နောက်ဆုံး အနေဖြင့် အားပြင်းပြင်းနှင့် ကန်လိုက်သော ကန်ချက်တစ်ချက်။
baekhyun ကိုယ်လေး ထိုင်နေရာမှပင် မြှောက်သွားကာ အရှေ့ စားပွဲခုံနှင့်သွားဆောင့်မိသည်ထိ အရှိန်ပြင်းလွန်းသည်။
"ဝုန်းး!!"
baekhyun ခုံအား ကန်ခံရပြီး စက္ကန့်ပိုင်းအတွင်း ကြားလိုက်ရသော အသံတစ်ခု။
baekhyun နောက်လှည့်ကြည့်လိုက်တော့ beakhyun ခုံအား ကန်နေခဲ့သော Jeon shin သည်
ကြမ်းပြင်တွင် ခွေခွေလေး လဲနေသည်။
လဲကျနေသော Jeon shin အား အရှိန်ဖြင့် ထပ်ကန်နေသော ခြေထောက်ပိုင်ရှင်ကို baekhyun မော့ကြည့်လိုက်တော့ အခြားသူတော့မဟုတ်..
ဟိုတနေ့က အခန်းထဲတွင်တွေ့ခဲ့သော kim kai..
.....
.........
Jeon shin baekhyun ၏ခုံကို စတင်၍ ကန်နေထဲက Kai ထိုင်ကြည့်နေခြင်းဖြစ်သည်။
အမှန်ဆို အစထဲက ဝင်ထားရင် ရသော်လဲ
သူများကိစ္စတွင် ဝင်မပါချင်သည်က တစ်ကြောင်း၊ baekhyun မည်သို့ တုန့်ပြန်မည်ကို
စောင့်ကြည့်ချင်သေးသည်ကတစ်ကြောင်းမို့
ဘာမှ မပြောပဲ ထိုင်ကြည့်နေလိုက်ခြင်းဖြစ်သည်။
အတော်ကြာသည်ထိ baekhyun ဆိုသည့်ကောင်လေးက မတုံပြန်ပဲ ငြိမ်ခံနေသည်။
အံ့ကိုတင်းတင်းကြိတ်ကာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်ကိုကြည့်ခြင်းဖြင့် baekhyun အတော်ဒေါသထွက်နေသည်ကို
အနောက်ကကြည့်နေသော kai ရိပ်မိသည်။
အနောက်ကကောင် တင်းလဲ တင်းချင်စရာပင်။baekhyun ဆိုသည့် အနှီကောင်လေးက
ကမာ႓ကြီးပျက်သွားရင်တောင် ထိုင်နေရာမှ
တစ်စက်မလှုပ်မည့်ဟန်
အနောက်က ကန်နေသူအား အဖတ်လုပ်ကာ တစ်ချက်ပင် ပြန်လှည့်မကြည့်
ဘေးကလူတွေက လဲ ကန်နေသောသူအား
တားခြင်းမရှိ ဝိုင်း၍သာ ကြည့်နေကြသည်။
ဒီတိုင်းဆို ဒီကိစ္စက kai ဝင်ပါမှပဲ ပြီးတော့မည်ထင်။
ပြော၍မှ မဆုံး Jeon shin က baekhyun ထိုင်နေသော ခုံကို အားဖြင့်ကန်လိုက်သည်မှာ baekhyun ပင် ရှေ့သို့သွားကပ်သည်အထိ။
မတတ်နိုင်တော့ သူများကိစ္စဝင်ပါသည်က kai ရဲ့ style မဟုတ်သော်လဲ ဒီလို အနိုင်ကျင့်နေသည်ကိုတော့ စိတ်သဘောမနောကောင်းသော
ကျွန်တော် kai မှ လက်ပိုက်ကြည့်မနေနိုင်ပါလေ။
ဒါကြောင့် Jeon shin အနားသို့သွားကာ ဘာမှမပြောပဲ ထိုင်နေသော Jeon shin အား ထိုင်ခုံမှ ပြုတ်ကျသည်အထိ အားဖြင့် ဆောင့်ကန်ချလိုက်သည်။ကန်ချက်က အားပါသွားသည်ထင် Jeon shin မှာ အသံပင်မထွက်တော့။
စိတ်မကောင်းစွာနှင့် ကြမ်းပြင်ပေါ်တွင်
ခွေးကျကျနေသော jeon shin အား
ထပ်မံ၍ လေးချက်လောက် ဆင့်ကန် ပေးလိုက်သည်။ Jeon shin ဘေးက သူများကတော့ မကျေနပ်သည့်ဟန် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် kai အား မော့ကြည့်နေကြသည်။
သို့သော် ဘာမှတော့ မပြောရဲ
မပြောရဲဆို ဒီကျောင်း founder မှာ
Kai ဖခင်၏ လက်အောက်ခံဖြစ်ပြီး
Kai သည်လည်း အင်အားကြီးမားသော
စီးပွားရေးလုပ်ငန်းစုတစ်ခု၏ တစ်ဦးတည်းသော
အမွေခံသား ဖြစ်သည်။
kai အားရအောင် ကန်ပြီးတော့မှ အခန်းပြင်သို့ထွက်လာခဲ့လိုက်သည်။
နောက်မှ သတိရကာ အခန်းဆီသို့ ပြန်ပြေးပြီးနောက်
မြင်လိုက်ရသည့် မြင်ကွင်းက
kai ဆံပင်များပင်ထောင်သွားစေသည်။
ထင်ထားသည့်အတိုင်းပင် baekhyun ဆိုသည့်ကောင်လေးက Jeon သူငယ်ချင်းများအား မကြောက်မရွံ
အူကြောင်ကြောင်ဖြင့် မတ်တပ်ရပ်ကြည့်နေသည်။
Jeon shin သူငယ်ချင်းများကလဲ baekhyun အား
အစိမ်းလိုက်ဝါးစားတော့မည့် မျက်လုံးများဖြင့်
ပြန်ကြည့်ရင်း နှစ်ဦးနှစ်ဖက်
အကြည့်ချင်းဖလှယ်နေကြသည်မှာ ကြက်သီးဖွယ်။
အခုချိန် Jeon shin ၏ သူငယ်ချင်းတစ်ယောက်ယောက်ကသာ သူတို့သူငယ်ချင်းအစား baekhyun ကိုမကျေနပ်ပဲ တခုခုထလုပ်ပါက လူအုံနေသော အခန်းထဲတွင် ပြေးပေါက်မရှိ တစစီဖြစ်တော့မည့် baekyyun ဘဝအား ကြိုတွေးမိ၍ kai ခေါင်းပင်ကြိမ်းရသည်။
"ကျွတ်.. kim kai ရေ ကိုယ်စတဲ့ ဇာတ်လမ်း ဆုံးအောင်သာ က ပေတော့ဟ"
Kai ရှုံ့မဲ့ကာ ညီးညူပြီးနောက် အခန်းထဲသို့ ပြန်ဝင်ကာ တောင့်တောင့်ကြီးရပ်ကြည့်နေသော
တေမိမင်းသား အမောင် baekhyun အား
ဂုတ်မှဆွဲကာ အပြင်သို့ ခေါ်ထုတ်လာရသည်။
မခေါ်၍လည်းမဖြစ်တော့ ဒီတိုင်းကြာကြာဆက်ထားရင် Jeon shin သူငယ်ချင်းများလက်ချက်ဖြင့် baekhyun အမှုန့် ဖြစ်သွားတော့မည်လေ။
........
............
Kai baekhyun အား ဂုတ်မှဆွဲလာပြီးနောက် တစ်နေရာအရောက်တွင် ထိုကောင်လေးအား လွှတ်ပေးလိုက်သည်။
အနောက်ကိုလှမ်းကြည့်ပြီး ဘယ်သူမှပါမလာတာသေချာမှ မိမိမျက်စိရှေ့မှ ပုပုလုံးလုံးလေးနှင့် ခေါင်းငုံ့ထားသော ကောင်လေးအား..
"နေပါဦး မင်းက အဲ့နားမှာ မတ်တပ်သွားရပ်နေရအောင် မင်းကိုယ်မင်း ပါဝါရိန်းဂျားများထင်နေလား။ ဟိုကောင်တွေက ငါ့ကို မနိုင်တိုင်း ကုလားမနိုင် ရခိုင်မဲပြီး မင်းကို တခုခု ထလုပ်ရင် ဘယ်လိုလုပ်မလဲ "
kai ထံမှ အားမလိုအားမရ ဖြင့် ဆူနေသော်လဲ baekhyun ဆိုသည့် ကောင်လေးထံမှ ဘာသံမှထွက်မလာခဲ့။ kai စိတ်မရှည်စွာဖြင့်
"ဟေ့ကောင် ငါပြောနေတာ မကြားဘူးလား ငုတ်တုတ် သေနေတာလား"
baekhyun ရဲ့ ပခုံးအား တစ်ချက်လှုပ်ပြီးပြောလိုက်တော့
"တောင်းပန်ပါတယ်"
kai အခုမှပင် ပို၍ တင်းလာသည်။
သူ့ကို အနိုင်ကျင့်နေသည်ကို ကယ်ပေးခဲ့သည်မှာ ကျေးဇူးတင်ခံချင်၍ လုပ်ခဲ့တာ မဟုတ်သော်လဲ
ယခုလို မထုံတပ်တေးဖြင့် စကားနှစ်လုံးကွဲအောင်
မပြောပဲ ခေါင်းသာ စွတ်ငုံ့ထားသော
အရှေ့က ခွေးပေါက်အား
ထိပ်တွေသာပိတ်ခေါက်ပစ်ချင်လာသည်။
"မရဘူး!!"
Kai မျက်စိမှိတ်ကာ အော်လိုက်ခြင်းဖြစ်သည်။
Kai အော်လိုက်မှ baekhyun အလန့်တခြားမော့ကြည့်လာပြီး..
"ဟမ် ဘာ.. ဘာကိုမရတာလဲ"
မော့ကြည့်လာသော ခွေးပေါက်အား
Kai မျက်နှာကိုတည်ကာ ဆရာကြီးဂိုက် ဖမ်း၍
"မင်း ဒီတိုင်းတောင်းပန်ရုံနဲ့ခွင့်လွှတ်ပေးစရာလား မရဘူး ခွင့်မလွှတ်ပေးနိုင်ဘူးကွာ"
"အမ် ဒါ.. ဒါဆို ကျွန်တော် ဘာပြန်လုပ်ပေးရမလဲ"
"ဘာ ပြန်လုပ် ပေးရမလဲဆိုတော့.. မင်း မင်းး ငါ့ကို..."
Kai ဖင်ကုတ် ခေါင်းကုတ်ဖြင့် အခုမှတိုင်ပတ်တော့သည်။ အမှန်တော့ မိမိအားချေနေသော ခွေးစုတ်ကို အနည်းငယ်ဖြဲရန် ရုပ်တည်ဖြင့်
ခွင့်မလွှတ်ကြောင်း ပြောလိုက်သော်လည်း
အခုလို ဘာပြန်လုပ်ပေးရမလဲလို့ မေးတော့
ဘာပြန်ပြောရမှန်းမသိ။
အရှေ့တွင် မျက်လုံးများကကျီးကန်းတောင်းမှောက်ဖြင့်
တောင်ကြည့်မြောက်ကြည့်လုပ်နေသော kai အား baekhyun ကြောင်ကြည့်နေမိသည်။
"အာ သိပြီ။ မုန့်.. မုန့် မင်းငါ့ကို မုန့်ပြန်ဝယ်ကျွေးရမယ် အဲ့တာမှ ခွင့်လွှတ်မယ်"
"ဟမ်.. "
"တဟမ် ထဲ ဟမ် မနေနဲ့ မင်း ငါ့ကိုကျေးဇူးဆပ်တဲ့အနေနဲ့ မုန့်ပြန်ဝယ်ကျွေးရမယ် နားလည်လား"
Advertisement
- In Serial34 Chapters
Old Riding Author Lunatic Asylum
Just off the A19, in the dark, incomprehensible lands known as Yorkshire, there lies a town. A town where shadow-silent alleys glint with the secret hunger of knives. Where blood soaks the chipboard window shutters of forsaken terraces stretching off into the night. Where the smog-choked air rattles with the depraved laughter echoing out from clubs that can only generously be described as post-apocalyptic. Well, that’s Middlesbrough. But down the A19 a bit (an impossibly long way down, actually) there lies another town: Raughnen, in the ancient, forgotten Old Riding. It is an equal match in muggery and thuggery alike. It also has magic spells and pointy wizard hats. And now, across the miles and across all sensibilities, a pretty nasty power (a magic one) calls out for its pretty nasty counterpart (a decidedly unmagic one): a proper sound Boro lad. Nothing good can come of it. This is a collection of one novella and four connected short stories: I. A Yorkshire Summoning II. Old Riding Day Trip (the novella) III. Heaven is a Parmo IV. Death on the 66 V. Death on the 257 In total, this comprises 34 chapters totalling around 35,000 words, so try not to worry. It will be over relatively quickly. There are three more short stories with more tenuous links to the core collection: Rush, Paper Round and Scenario 79: Sausage Fingers, all of which can be found in my collection Short Records of Misadventure. Reading these may allow you to make more sense of certain parts of the story, if any sense is to be made at all. NOTE: There are instances of prejudice and discrimination within these stories, including elements of sexism and ageism, which are purely the thoughts and actions of the characters involved and which certainly do not reflect my own views on these matters. ANOTHER NOTE; A WARNING, PERHAPS: This can get a bit weird. In less than 150 pages, we have four viewpoints, first and third person narratives, and a completely disjointed plot with lots of gaps, dead ends and no real resolution. Also ZERO lunatic asylums. It's all a bit odd. If that sort of thing isn't your cup of tea, which it most likely isn't, it might be best to move on now.
8 222 - In Serial28 Chapters
James of Galendar
The brain tumour was slowly killing him. For James, his only hope for survival lay beneath the surgeon’s knife. On the operating table, he counted down from ten and waited for what might be the end… When he awakes, he finds himself in another world poised on the brink of catastrophe. With the age of the magician long since dead, a supernatural force threatens to engulf the land and enslave its people. With the help of a local Lord’s feisty daughter, Leander, James must brave the forests of the Gelding in search of the only man who holds the key to their salvation. It is no longer only his life in the balance, but the fate of an entire world.
8 239 - In Serial32 Chapters
Call of Nightmares
Call of Nightmares is a story where the protagonists find themselves in a parallel dimension that mixes dread, horror and carnage. Aided by their newfound abilities, they must ask themselves how much they are willing to sacrifice to ensure their own survival when their very own existence creates more problems than it solves. Multiple updates every week.
8 319 - In Serial15 Chapters
I Reincarnated As A System?!
After a mix up in the reincarnation process, Jason Chard, a successful game developer ended up reincarnating in a world similar to the games he made, except this time he is not a character but the very system! And just like before he is stuck giving out quests and assisting the player.On his path to become the most powerful system and to fully regain his living body, Jason stands alone as the entire universe becomes his enemy!
8 275 - In Serial56 Chapters
Sweet Child of Chaos
"Loving the monsters always ends badly for the human. It's a rule"Kisa Petrova finds herself being tortured day after day for over 30 years, what happens after she meets a certain werecoyote that too doesn't know how to be human?Let's add a vampire to this equation, shall we? Let's see what happens when we have a bloodsucker in Teen Wolf.
8 193 - In Serial29 Chapters
Is This Love? ||Byler|| (Finished!)
Will Byers falls inlove with his bestfriend Mike Wheeler. The only problem is Mike is straight and has a girlfriend. Will has to hide his true self from the world out of fear of anyone finding out the truth. Things go downhill fast
8 208

