《S T R A N G E R》Part 4
Advertisement
Jeon Shin အကန္ခံရၿပီး သတိလစ္သြားသျဖင့္
ေက်ာင္းေဆးခန္းသို႔ ပို႔ထားျခင္းခံရသည္။
တစ္နာရီေလာက္အၾကာတြင္ Jeon shin သတိျပန္ရလာသည္။
"ေဟ့ေကာင္ သတိရလာၿပီလား ငါမင္းအတြက္ ဆရာမကို ခြင့္တိုင္ထားေပးတယ္ ဆရာမက ေနာက္ေန႔ ေဆးစာယူခဲ့လို႔ေျပာတယ္"
"ေအာ္ ေအးေအး ဒါနဲ႔ ေဆးစာက ဘယ္မွာယူရမွာလဲ"
"ေဆးစာက ဒီေက်ာင္းေဆးခန္းမွာပဲ ထုတ္ရမွာ
ဒါမဲ့အခုေတာ့ ဆရာဝန္က အျပင္ထြက္သြားတယ္
ေျပာတယ္"
"အဲ့တာဆိုလဲ ငါ ဆရာဝန္ျပန္အလာပဲ တစ္ခါထဲထိုင္ေစာင့္ၿပီးမွ ျပန္ေတာ့မယ္ကြာ"
"ေအး ငါကေတာ့ ျပန္ေတာ့မယ္ သြားၿပီ"
"ေအး"
Wang ထြက္သြားၿပီးေနာက္ Jeon Shin ေခါင္းက မသက္သာေသးတာေၾကာင့္ ျပန္လွဲေနလိုက္သည္။
ေဆးခန္းတြင္ Jeon shin ဆရာဝန္အား ထိုင္ေစာင့္ေနသည္မွာ ည ၇နာရီထိုးၿပီျဖစ္သည္။သို႔ေသာ္ ဆရာဝန္ကား ေပၚမလာေသး။
ေဆးခန္းထဲရွိ သန္႔ရွင္းေရးမ်ား နပ္စ္မမ်ား အားလံုး အလွ်ိဳလွ်ိဳျဖင့္ ျပန္သြားၾကေသာ္လည္း Jeon shin ကေတာ့ ဆရာဝန္ႏွင့္ ေတြ႕မွျဖစ္မွာ ျဖစ္သျဖင့္ ဆက္၍ထိုင္ေစာင့္ေနခဲ့သည္။
ေက်ာင္းထဲရွိ ေက်ာင္းသား တစ္ေယာက္စ ႏွစ္ေယာက္စႏွင့္ ေနပင္ဝင္ေနၿပ္ီျဖစ္သည္။
ထိုစဥ္ ဖုန္းတစ္ call ဝင္လာခဲ့သည္။
"Hello"
"Hello.. Jeon Shin လားမသိဘူး"
"ဟုတ္တယ္ Jeon shinပါ အခုေျပာတာ ဘယ္သူလဲ"
"ေအာ္ Jeon shin ssi ကၽြန္ေတာ္ ေက်ာင္းေဆးခန္းမွာ တာဝန္က်တဲ့ ဆရာဝန္ပါ။
ကၽြန္ေတာ္ ဒီေန႔ အေရးႀကီးကိစၥေလးေပၚလာလို႔ ေက်ာင္းကို ျပန္မလာျဖစ္ေတာ့ဘူးခင္ဗ်
အဲ့တာ Jeon shin ssi အတြက္ ေဆးစာက
ေက်ာင္းေဆာင္ ေအာက္ဆံုးထပ္ရဲ႕
ညာဘက္ေထာင့္ဆံုး lab ခန္းထဲမွာ ရွိတယ္ဗ်
သြားယူလိုက္ပါလား"
"အဲ့မွာ ရွိတယ္ဆိုလဲ ေစာေစာထဲက ေျပာေပါ့ဗ်ာ
ဒီမွာ ခင္ဗ်ားလာမယ္ဆိုလို႔ ထိုင္ေစာင့္ေနတာ ႏွစ္နာရီေလာက္ရွိေနၿပီဗ် !!"
"ဟုတ္ကဲ့ ကၽြန္ေတာ္ ေတာင္းပန္..."
"တူ..တူ..တူ......"
Jeon shin ဟိုဘက္က ေျပာတာဆက္နားမေထာင္ပဲ ဖုန္းခ်ပစ္လိုက္သည္။
"စိတ္မၾကည္ရတဲ့ၾကားထဲ ဒီဆရာဝန္က
ေစာက္ခ်ိဴးကိုမေျပဘူး"
Jeon shin ဖုန္းထဲမွ ဆရာဝန္ဆိုသူအား ပစ္ပစ္နစ္နစ္ႀကိမ္ဆဲေနသည္။ ေနာက္တြင္ေတာ့ ေဘးတြင္ခ်ထားေသာ ေက်ာပိုးအိတ္ကို လြယ္ကာ ေအာက္ထပ္သို႔ဆင္းလာခဲ့သည္
Jeon Shin ေျခသံသည္ ေဒါသေၾကာင့္ ပံုမွန္ထပ္ပို၍က်ယ္ေလာင္ေနသည္။
ေကာ္ရဒါတစ္ေလွ်ာက္ မီးေခ်ာင္းမ်ား ဖြင့္ထားေသာေၾကာင့္လင္းထိန္ေနေသာ္လည္း
လူမေျပာႏွင့္ တိရစာၧန္တစ္ေကာင္ပင္မရွိသျဖင့္
ပတ္ဝန္းက်င္တခုလံုး Jeon shin ေျခသံတစ္ခုသာ
ပဲ့တင္ထပ္ေနသည္။
လမ္းေလွ်ာက္ရင္းဝင္လာေသာ အေတြးတစ္ခုေၾကာင့္ Jeon shin လွမ္းေနေသာ ေျခလွမ္းမ်ား ရပ္တန္႔သြားသည္။
*ေနပါဦး ဒီဆရာဝန္က ငါ့ဖုန္းနံပါတ္ကို ဘယ္လိုလုပ္သိသြားရတာလဲ။
ေနာက္ထပ္ေခါင္းပူသြားေစေသာ အေတြးတစ္ခုက
*ေက်ာင္းေဆးခန္းမွာ ဆရာဝန္ေတြက
ဂ်ဴတီခ်ိန္းရလို႔လား?
Jeon shin စဥ္းစားရင္းျဖင့္ ဆင္းလာခဲ့သည္မွာ
ေအာက္ဆံုးထပ္သို႔ေရာက္ခဲ့ၿပီျဖစ္သည္။
Jeon shin ကိုယ့္အေတြးနဲကိုယ္ ဆင္းလာခဲ့သျဖင့္ အေနာက္မွ တစ္စံုတစ္ေယာက္ ေျဖညႇင္းစြာကပ္လိုက္ေနသည္ကို သတိမထားမိခဲ့။
"Duu duuu duu"
တိတ္ေနေသာ ေက်ာင္းေဆာင္ႀကီးတြင္ ႐ုတ္တရက္ ထျမည္လာေသာ ဖုန္းသံ ေၾကာင့္ Jeon shin လန္႔သြားသည္။
"ဟာ အေရးထဲ ဒီဖုန္းက တမ်ိဳး"
Jeon shin ဖုန္းကိုဖြင့္ၾကည့္ၿပီးေနာက္
"ေအး ေဟ့ေကာင္ Wang ေျပာ "
"......"
"ေအး သိတယ္ ငါလဲ အဲ့ kai ဆိုတဲ့ေကာင္ကို နည္းနည္းေလးမွ အခဲမေက်ဘူး ဒါေပမဲ့ အဲ့ေကာင္အေဖ က နည္းနည္း အေကာင္ႀကီးတယ္ကြ အဲ့ေကာင္ကိုသြားထိရင္ ငါတို႔ ျပသနာတတ္မွာ"
"......."
Jeon Shin ဖုန္းေျပာရင္း လမ္းေလွ်ာက္လာသည္မွာ Lab ခန္းထဲသို႔ ေရာက္ေနၿပီျဖစ္သည္။
"baekhyun လား အဲ့ေကာင္ ဒီေန႔ ကံေကာင္းသြားတာပါကြာ ေနာက္တခါက် ငါ့လက္ထဲက မလြတ္ပါဘူး ငါအခုသိပ္ေနမေကာင္းေသးလို႔ ငါေနျပန္ေကာင္းမွ အဲ့ေကာင္ကို မွတ္ေလာက္သားေလာက္ေအာင္ ပညာေပးျပမယ္ မင္းတို႔ၾကည့္ေန.."
"......"
"ေအး ေအး ေဟ့ေကာင္ အဲ့တာဆို ဒါပဲ ငါဖုန္းခ်လိုက္ေတာ့မယ္ ငါ အိမ္ျပန္မေရာက္ေသးလို႔ ျပန္ေရာက္မွ ဆက္လိုက္မယ္"
"...."
ဖုန္းခ်သြားမွ Jeon shin ဆရာဝန္ေျပာေသာ ေဆးစာကို Lab ခန္း အႏွံ႕လိုက္ရွာေနရသည္။
"အဲ့ဆရာဝန္အ႐ူးကလဲ ထားစရာေနရာေတာ္ေတာ္ ရွားေနလားမသိဘူး ေဆးစာရြက္ကိုမွ lab ခန္းထဲမွ လာထားရတယ္လို႔ အူေၾကာင္ေၾကာင္နဲ႔"
Jeon Shin အိမ္ျပန္ခ်င္ေနၿပီ ျဖစ္သျဖင့္ ေဆးစာကိုသာ အသည္းသန္ လိုက္ရွာေနမိသည္။
ဤနည္းျဖင့္ Jeon shin တစ္ေယာက္ Park chanyeol ၏ သတ္ကြင္းထဲလွလွႀကီးဝင္လာမိေလေတာ့သည္။
-
-
-
-
-
-
"ရွပ္ ရွပ္ ရွပ္!! "
Jeon Shin စာရြက္ရွာေနစဥ္ အေနာက္ဘက္မွ ၾကားလိုက္ရေသာ ေျခသံတစ္ခု..
ေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ ဘယ္သူမွမရွိ
*ဒီခ်ိန္ႀကီး ဘယ္သူလဲဟ ေက်ာင္းေစာင့္ေတြဘာေတြမ်ားလား
Jeon Shin ေဆးစာသာ ျပန္လွည့္၍ ရွာေနစဥ္
ထပ္မံၾကားရေသာ ေျခသံသဲ့သဲ့...
"ရွပ္ ရွပ္ ရွပ္!! "
Advertisement
ဒီ တစ္ႀကိမ္ေတာ့ Jeon shin ေခါင္းေထာင္သြားသည္
စာရြက္ကို ဆက္မရွာေတာ့ပဲ ေကာ္ရဒါသို႔ ထြက္ၾကည့္ရန္ တံခါးကို ဆြဲဖြင့္လိုက္ေတာ့..
"ဂေလာက္ ဂေလာက္"
*ဟမ္ တံခါးက ဘာလို႔ဖြင့္လို႔မရေတာ့ရတာလဲ
ငါဝင္လာတုန္းက အေကာင္းႀကီးကပါ အျပင္က တစ္ေယာက္ေယာက္မ်ား ပိတ္သြားတာလားမသိဘူူး
"ဒုန္း ဒုန္း ဒုန္း!!
အျပင္မွာ ဘယ္သူရွိလဲ !!"
Jeon shin တံခါးကို ထုကာ အျပင္ကလူအား ေအာ္ေခၚေနသည္။ သို႔ေသာ္ ဘာတံု႕ျပန္သံမွ မၾကားရ
"အျပင္ က ဘယ္သူလဲလို႔ ဒီထဲမွာ လူရွိတယ္ ဘာလို႔ တံခါးပိတ္သြားရတာလဲ !! "
Jeon Shin စိတ္တိုကာ တံခါးကိုအားနဲ႔ ထုပစ္ေနသည္။ ထိုစဥ္ .......
"ဝုန္းး!! "
တစ္စံုတစ္ခု ျပဳတ္က်သံႏွင့္ အတူ ေက်ာင္းေဆာင္တစ္ခုလံုး ေမွာင္မဲသြားသည္။
Jeon Shin အနည္းငယ္ေတာ့ ေက်ာခ်မ္းသြားသည္။
မီးလင္းေနသျဖင့္ မသိသာေသာ္လဲ ယခုလို
ေမွာင္မဲေနေသာ ေက်ာင္းႀကီးထဲတြင္ မိမိတစ္ေယာက္ထဲ ဟူေသာ အသိက ေသြးပ်က္ေစလာသည္။
ပို၍ဆိုးသည္မွာ တစ္စံုတစ္ေယာက္က
အခန္းတံခါးအား ေသာ့ခတ္သြားျခင္းပင္။
Jeon Shin တံခါးတြင္ေက်ာကပ္ကာ အခန္းဘက္သို႔ လွည့္ထားမိသည္။ ေမွာင္ မဲေနေသာ အခန္းအတြင္းတြင္ ဓာတုပစၥည္းမ်ား၏ အနံ႕က စူးရွေနသည္။
"ရွပ္ ရွပ္ ရွပ္!! "
*က်စ္ ထပ္ၾကားရျပန္ၿပီ ဒီေျခသံေတြ
ဒီတခါ ၾကားရသည္က ခုနက ကဲ့သို႔
အေဝးမွ ၾကားရေသာ ေျခသံမ်ိဳးမဟုတ္ပဲ
နီးနီးကပ္ကပ္မွ ၾကားေနရျခင္းျဖစ္သည္။
ေသခ်ာေအာင္ ေျပာရလွ်င္
ယခု ေမွာင္မဲေသာ Lab ခန္း ေလးထဲတြင္
Jeon shin အျပင္ အျခား တစ္စံုတစ္ေယာက္ပါ ရွိေနသည္ ဆိုသည့္သေဘာ..
"ဘယ္.. ဘယ္သူလဲ"
Jeon Shin ေၾကာက္ရြံမႈ႕ေၾကာင့္ စကားမ်ားပင္ ထစ္ေနသည္။
Jeon shin ေမးလိုက္ၿပီး သိပ္မၾကာမီ
ျမင္လိုက္ရသည္က အေမွာင္ထဲမွ ဝိုးတိုးဝါးတားျဖင့္ ထြက္ေပၚလာေသာ လူရိပ္တစ္ခု...
ထိုအေမွာင္ထဲမွ လူသည္ လက္ထဲတြင္ သံ႐ိုက္တူသ႑ာန္ အရာတစ္ခုအား ကိုင္ေဆာင္ထားသည္။
"ခင္.. ခင္ဗ်ား ဘယ္သူလဲလို႔ေမးေနတယ္ေနာ္"
အေမွာင္ထဲမွ ထိုသူသည္ Jeon Shin ဆီသို႔ တစ္လွမ္းခ်င္း ေျဖးညႇငး္စြာ ခ်ဥ္းကပ္လာသည္။
Jeon Shin တုန္ရီစြာျဖင့္ ေနာက္ကို ဆုတ္မိသည္။
ယခု Jeon Shin သည္ ေျပးစရာမရွိ ပိတ္မိေနသည္။
စတီးျဖင့္ ျပဳလုပ္ထားေသာ သံ႐ိုက္တူသည္ အေမွာင္ထဲတြင္ တလက္လက္ ေတာက္ေနသည္။
တူကိုကိုင္ၿပီး တစ္လွမ္းခ်င္းတိုးလာေသာ ထိုသူအားၾကည့္ရင္း Jeon shin ေသြးပ်က္လာသည္။
လြတ္ရာလြတ္ေၾကာင္း အေနာက္မွ တံခါးအား
ထုကာ ေအာ္ဟစ္ အကူညီေတာင္းေနမိသည္။
သို႔ေသာ္ Park chanyeol ၏ အကြက္ကြက္က်က်
စီစဥ္ထားေသာ သတ္ကြင္းထဲတြင္
သားေကာင္ ျဖစ္သူ Jeon shin အား
ကူညီႏိုင္မည့္သူမွာ တစ္ဦးမရွိ။
"ခင္ဗ်ားနဲ႔ ကၽြန္ေတာ့္မွာ ဘာ..ဘာရန္ၿငိဳးရွိလို႔ ဒီလိုေတြလုပ္ေနရတာလဲ"
တရိပ္ရိပ္ျဖင့္ နီးကပ္လာေသာ ထိုသူအား Jeon shin ေၾကာက္ဒူးတုန္ကာ ေမးေနမိသည္။
" BAEKHYUN ..... ကိုထိတာ... မင္းရဲ႕.... အႀကီးမားဆံုး အျပစ္ပဲ...!! "
ထိုသူထံမွ စကားသံအခ်ိဳ႕ တစ္လံုးခ်င္း ျပတ္သားစြာ ထြက္လာသည္။
"ဘ..ဘာ ေတြေျပာေနတာလဲ က်..ကၽြန္ေတာ္ဘာမွမသိဘူး အေရွ႕တိုးမလာနဲ႔ေနာ္!! "
Jeon shin ေျခေထာက္မ်ားမခိုင္ေတာ့သျဖင့္ ၾကမ္းျပင္တြင္ ထိုင္ခ်ကာ တံခါးဆီသို႔ အတင္းတိုးကပ္ကာ ေနမိသည္။
သို႔ေသာ္ ထိုသူ၏ ေျခလွမ္းမ်ားက မရပ္တန္႔သြား..
"အေရွ႕တိုးမလာနဲ႔လို႔ ေျပာေနတယ္ေနာ္ ထြက္သြားး!!
ထြက္သြားး မလာနဲ႔ သြားး!!! "
Jeon Shin အသံကုန္ျခစ္ေအာ္၍ ႐ုန္းကန္ေနမိသည္။
သူမေသခ်င္ေသး ။
ဘယ္သူမွန္းမသိေသာလူတစ္ေယာက္ရဲ႕လက္ထဲမွာ ဒီပံုစံနဲ႔ေတာ့ Jeon shin မေသခ်င္ေသး။
တတ္ႏိုင္သမွ် ေနာက္ဆံုးအခ်ိန္ထိေတာ့ အသက္ရွင္ဖို႔႐ုန္းကန္ခ်င္ေသးသည္။
ထိုသူက ခဏၾကာသည္အထိ Jeon Shin အားစိုက္ၾကည့္ေနၿပီးမွ ေနာက္ဆံုး အေနျဖင့္ ထြက္လာေသာ စကားတစ္ခြန္း..
"အရမ္းကို ေနာက္က်သြားၿပီ...."
Jeon shin အလန္႔တၾကား ေမာ့ၾကည့္လိုက္မိေတာ့..
အေမွာင္ထဲတြင္ ထိုသူ၏မ်က္လံုးမ်ား စူးရဲေနၿပီး
နႈတ္ခမ္းမ်ားက စိတၱဇဆန္စြာ ျပံဳးေနသည္။
ဤသည္ကိုၾကည့္ျခင္းျဖင့္ Jeon Shin မိမိဘဝ၏ ေနာက္ဆံုး အခ်ိန္ကို ေရာက္ၿပီဆိုတာ သိလိုက္ရသည္။
ေနာက္တြင္ေတာ့ ထိုလူရဲ႕ တူကိုင္ထားေသာ
လက္တစ္ဖက္က ေျမႇာက္တတ္လာၿပီး
တူ၏ ဦးတည္ရာကေတာ့
Jeon Shin ရဲ႕ ဦးေခါင္းတည့္တည့္စီသို႔............
ေက်ာင္းသားအခ်င္းခ်င္း အႏိုင္က်င့္မိရံုနဲ႔ ႀကီးမားတဲ့ ျပစ္ဒဏ္ကို ခံယူဖို႔ မထိုက္တန္ေပမယ့္ Baekhyun ကိုမွ အႏိုင္က်င့္မိတဲ့ မင္းက ေသရမယ့္ကံပါလာလို႔ပဲ
.....
..........
...............
"Baekhyunn!!"
Baekhyun ေက်ာင္းအေပါက္ဝမွ ကားမွတ္တိုင္သိုျ အိမ္ျပန္ရန္ လမ္းေလွ်ာက္လာစဥ္ ေနာက္မွ အသံၿပဲနဲ႔ ေအာ္ေခၚသံ ၾကားတာေၾကာင့္ လွည့္ၾကည့္လိုက္သည္။
အသံသာ ၾကားေသာ္လဲ ေခၚသူကားမေတြ႕။
ဒါေၾကာင့္ လမ္းဆက္ေလွ်ာက္စဥ္ ထပ္မံၾကားလိုက္ရေသာ ေခၚသံ
"ငါ ေခၚေနတာ ဒီဘက္မွာ လွည့္ၾကည့္ဦး"
Baekhyun ေနာက္တႀကိမ္ ထပ္လွည့္ၾကည့္လိုက္မွ ေခၚသူအားေတြ႕ရပါေတာ့သည္။
ကားေပၚမွ ေခါင္းတျခမ္းထုတ္ကာ platform မွာ လမ္းေလွ်ာက္ေနေသာ baekhyun အား လက္ျပေနသူ Kim kai
Advertisement
"မင္းကို ေခၚရတာ လည္ေခ်ာင္းေတာင္ကြဲထြက္ေတာ့မယ္ လွည့္ေတာင္မၾကည့္ဘူး မင္းနားမေကာင္းေတာ့ဘူးလား Baekhyun"
ေတြ႕ေတြ႕ခ်င္း ေဆာက္ႏွင့္ ထြင္းဆိုသည့္သေဘာ
ရန္စကား ေျပာေနေသာ Kai ေၾကာင့္ Baekhyun မ်က္ေစာင္းမသိသာ ထိုးလိုက္ကာ
"ဘာကိစၥရွိလိို႔လဲ"
"ဟင္ မင္းဟာကလဲ ကိစၥမရွိရင္ေတာင္ မေခၚရေတာ့မယ့္ပံုစံနဲ႔"
Kai စကားေၾကာင့္ Baekhyun ျပံဳးလိုက္မိသည္။
"မဟုတ္ဘူးေလ ငါက.."
"မဟုတ္ဘူး ဟုတ္တယ္ လုပ္မေနနဲ႔..
မင္းငါ့ကို မုန္႔ေကၽြး ရမယ့္ အေႂကြးရွိတယ္ေလ
ေမ့ခ်င္ေယာင္ေဆာင္ေနတာလား"
Kai က Baekhyun ေရွ႕ မတ္တပ္ရပ္ကာ လက္ပိုက္ၿပီး ေမးေနသည္။
"ေန႔လည္ကမွ ေကၽြးမယ္ေျပာထားတာေလ အခုက ခ်က္ခ်င္းႀကီး.. ၿပီးေတာ့ အခုက ေက်ာင္းဆင္းခ်ိန္ ညေန ငါးနာရီေတာင္ ထိုးေနၿပီေလ"
"တစ္ေယာက္ထဲသြားစားရမွာ ပ်င္းလို႔ လိုက္ခဲ့စမ္းပါကြာ ငါ မင္းကို အျပန္လိုက္ပို႔ပါ့မယ္ လာစမ္းပါ"
ေျပာေျပာ ဆိုဆို ႏွင့္ Baekhyun ဂုတ္ေပၚလက္ သိုင္းဖက္ကာ ကားထဲ အတင္းတြန္းတင္ကာ ေခၚေနေသာ Kai ေၾကာင့္ Baekhyun အူေၾကာင္ေၾကာင္ႏွင့္ ပါသြားရေတာ့သည္။
-
-
-
Baekhyun တစ္ေယာက္ Kai ေခၚရာ စားေသာက္ဆိုင္တခုသို႔ လိုက္ပါလာရသည္။
စားေသာက္ဆိုင္မွာ အေရွ႕တိုင္း ဂ်ပန္စားေသာက္ဆိုင္ပံုစံမ်ိဳးျဖစ္တာေၾကာင့္ ကုလားထိုင္ မရွိပဲ စားပြဲေသးေသးေလးေတြနဲ႔ ေအာက္တြင္ ခင္းက်င္းထားသည္။ ဂ်ပန္႐ိုးရာဓေလ့ အျပင္ဆင္ေလးမ်ားႏွင့္
တစ္ဝိုင္းနဲ႔တစ္ဝိုင္း လိုက္ကာမ်ားႏွင့္ ကန္႔ထားတဲ့ပံုစံေၾကာင့္ လူတအားမ႐ွဳပ္ပဲ တိတ္ဆိတ္ေနသည္။
ဆိုင္က ေက်ာင္းႏွင့္ သိပ္မေဝးဟု ဆိုႏိုင္ေသာ္လဲ
ေက်ာင္းႏွင့္ အိမ္ကလြဲရင္ တျခားသြားေလ့ မရွိေသာ Baekhyun ကေတာ့ တခါမွမေရာက္ဖူး။
ထူးဆန္းေသာ ေနရာသစ္ေၾကာင့္
baekhyun မ်က္စိ ကလယ္ကလယ္ႏွင့္
ဟိုၾကည့္ဒီၾကည့္ လိုက္ၾကည့္ေနမိသည္။
"Baekhyun ဒီမွာလာထိုင္"
Kai ပခံုးမွ ဆြဲေခၚမႈ႕ေၾကာင့္ Baekhyun ထိုင္စရာ တစ္ေနရာ ရသြားသည္။ Baekhyun မ်က္ႏွာခ်င္းဆိုင္တြင္ Kai က ဝင္ထိုင္သည္။
"ဘာစားမွာလဲ baekhyun"
"မသိဘူးေလ"
"ေအးေကာင္းသားပဲ"
စ လာပါၿပီ Kai ရဲ႕ အရြဲ႕စကား။
Baekhyun က အူေၾကာင္ေၾကာင္နဲ႔ ဟိုၾကည့္ဒီၾကည့္ ေငးေနျပန္တာေၾကာင့္
"Baekhyun ေရ မင္းဒီေန႔ လိုက္ေငးေတာ့မွာလား
ဘာမွမစားေတာ့ဘူးလား"
"စား..စားမယ္ေလ"
ခါးေလး မတ္ကာ စားမယ္ဟု ေျပာေနေသာ Baekhyun ပံုစံသည္ အဆူခံလိုက္ရသည့္
ကေလးက မိဘေရွ႕ အေနထိုင္ဆင္ျခင္ေနသည့္ပံုစံ
Kai ေခါင္းကို တစ္ခ်က္ခါကာ Baekhyun ေရွ႕ Menu စာအုပ္ခ်ေပးလိုက္ၿပီး
"အဲ့မွာ မင္းစားမယ့္ဟာကိုပဲေျပာ ငါသြားမွာေပးမယ္"
"ဒီဟာ.."
Baekhyun menu မွ အဆင္ေျပမယ္ထင္တာ တခုဟာ လက္ညႇိဳးထိုးျပလိုက္ေတာ့
Kai က ေကာင္တာသို႔သြားကာ မွာေနသည္။
ထိုစဥ္ Kai ထားခဲ့ေသာ ဖုန္းက ထျမည္လာသည္။
Baekhyun contact name ကို လွမ္းၾကည့္လိုက္ေတာ့ "Expire No4" တဲ့..
သိပ္ၾကာခင္ Kai ျပန္လာသည္။
"ဖုန္းလာေနတယ္ ခုနက"
Kai ဖုန္းကို ဖြင့္ၾကည့္ၿပီးေနာက္
"ေအာ္ ထားလိုက္"
"မင္းဖုန္းျပန္မဆက္ဘူးလား"
"ထားလိုက္ပါ ငါ့ အ႐ွဳပ္ထုပ္ေပါင္းမ်ားစြာထဲက တစ္ေယာက္ ျပန္မဆက္လဲရတယ္။ ၿပီးေတာ့ ငါ့နာမည္ "မင္း" မဟုတ္ဘူး Kim Jongin ဒါမဲ့ Kai လို႔ပဲေခၚ"
တီရွပ္ ခဲေရာင္ကို ဂ်င္းေဘာင္းဘီႏွင့္ လိုက္ဖက္စြာ ဝတ္ဆင္ထားၿပီး လက္က ခံုကို တေတာက္ေတာက္ေခါက္ကာ Baekhyun ကို ေျပာေနေသာ Kai ၏ ပံုစံက လြတ္လပ္ ေပါ့ပါးၿပီး လူငယ္ဆန္သည္။
ဂ်စ္ကန္ကန္ျဖင့္ ဘာကိုမွ အေလးမထားသည့္ပံု..
"ဒါ နဲ႔ ငါ့ကို အျပန္လိုက္မပို႔ေပးနဲ႔ေတာ့Kai"
"အယ္ ဘာလို႔လဲ"
"ငါ ေက်ာင္းမ်ာ မနက္ျဖန္ ထပ္ရမယ့္ project စာရြက္ေတြက်န္ခဲ့လို႔ ျပန္သြားယူမလို႔"
"ဒီအခ်ိန္ႀကီးလား ညေန ေျခာက္နာရီပဲေက်ာ္ေနၿပီ ငါတို႔စားၿပီးရင္ ၇ နာရီေက်ာ္သြားေလာက္ၿပီ ေက်ာင္းထဲမွာ ဘယ္သူမွ ရွိေတာ့မွာ မဟုတ္ဘူး"
"မနက္ျဖန္ ထပ္ရမွာဆိုေတာ့
ဒီေန႔ည အၿပီးလုပ္မွရမွာမို႔လို႔"
"ေအး ေအး သေဘာ လုပ္ခ်င္တာသာလုပ္"
Baekhyun တို႔စားေသာက္ၿပီးး ဆိုင္က ထြက္ေတာ့ ည ၇ နာရီပင္ ခြဲေနၿပီ ျဖစ္သည္။
"Baekhyun မင္းကိုယ့္ဟာကိုယ္ တစ္ေယာက္ထဲျပန္လို႔ အဆင္ေျပတာ ေသခ်ာတယ္ေနာ္ "
" အင္း ေသခ်ာတယ္"
"အဲ့တာဆိုလဲ ၿပီးေရာ ငါသြားၿပီ"
ေမာင္းထြက္သြားေသာ Kai ရဲ႕ကားအား Baekhyun ေငးၾကည့္ရင္း က်န္ရစ္ခဲ့သည္။
ထိုေန႔ညေနက အျဖစ္ဆိုးေတြနဲ႔ ၾကံဳရမယ္ ဆိုတာသာ Kai ႀကိဳသိခဲ့ရင္ Baekhyun ကို တစ္ေယာက္ထဲ ခ်န္ထားခဲ့မည္မဟုတ္.....
Jeon Shin အကန်ခံရပြီး သတိလစ်သွားသဖြင့်
ကျောင်းဆေးခန်းသို့ ပို့ထားခြင်းခံရသည်။
တစ်နာရီလောက်အကြာတွင် Jeon shin သတိပြန်ရလာသည်။
"ဟေ့ကောင် သတိရလာပြီလား ငါမင်းအတွက် ဆရာမကို ခွင့်တိုင်ထားပေးတယ် ဆရာမက နောက်နေ့ ဆေးစာယူခဲ့လို့ပြောတယ်"
"အော် အေးအေး ဒါနဲ့ ဆေးစာက ဘယ်မှာယူရမှာလဲ"
"ဆေးစာက ဒီကျောင်းဆေးခန်းမှာပဲ ထုတ်ရမှာ
ဒါမဲ့အခုတော့ ဆရာဝန်က အပြင်ထွက်သွားတယ်
ပြောတယ်"
"အဲ့တာဆိုလဲ ငါ ဆရာဝန်ပြန်အလာပဲ တစ်ခါထဲထိုင်စောင့်ပြီးမှ ပြန်တော့မယ်ကွာ"
"အေး ငါကတော့ ပြန်တော့မယ် သွားပြီ"
"အေး"
Wang ထွက်သွားပြီးနောက် Jeon Shin ခေါင်းက မသက်သာသေးတာကြောင့် ပြန်လှဲနေလိုက်သည်။
ဆေးခန်းတွင် Jeon shin ဆရာဝန်အား ထိုင်စောင့်နေသည်မှာ ည ရနာရီထိုးပြီဖြစ်သည်။သို့သော် ဆရာဝန်ကား ပေါ်မလာသေး။
ဆေးခန်းထဲရှိ သန့်ရှင်းရေးများ နပ်စ်မများ အားလုံး အလျှိုလျှိုဖြင့် ပြန်သွားကြသော်လည်း Jeon shin ကတော့ ဆရာဝန်နှင့် တွေ့မှဖြစ်မှာ ဖြစ်သဖြင့် ဆက်၍ထိုင်စောင့်နေခဲ့သည်။
ကျောင်းထဲရှိ ကျောင်းသား တစ်ယောက်စ နှစ်ယောက်စနှင့် နေပင်ဝင်နေပြ်ီဖြစ်သည်။
ထိုစဉ် ဖုန်းတစ် call ဝင်လာခဲ့သည်။
"Hello"
"Hello.. Jeon Shin လားမသိဘူး"
"ဟုတ်တယ် Jeon shinပါ အခုပြောတာ ဘယ်သူလဲ"
"အော် Jeon shin ssi ကျွန်တော် ကျောင်းဆေးခန်းမှာ တာဝန်ကျတဲ့ ဆရာဝန်ပါ။
ကျွန်တော် ဒီနေ့ အရေးကြီးကိစ္စလေးပေါ်လာလို့ ကျောင်းကို ပြန်မလာဖြစ်တော့ဘူးခင်ဗျ
အဲ့တာ Jeon shin ssi အတွက် ဆေးစာက
ကျောင်းဆောင် အောက်ဆုံးထပ်ရဲ့
ညာဘက်ထောင့်ဆုံး lab ခန်းထဲမှာ ရှိတယ်ဗျ
သွားယူလိုက်ပါလား"
"အဲ့မှာ ရှိတယ်ဆိုလဲ စောစောထဲက ပြောပေါ့ဗျာ
ဒီမှာ ခင်ဗျားလာမယ်ဆိုလို့ ထိုင်စောင့်နေတာ နှစ်နာရီလောက်ရှိနေပြီဗျ !!"
"ဟုတ်ကဲ့ ကျွန်တော် တောင်းပန်..."
"တူ..တူ..တူ......"
Jeon shin ဟိုဘက်က ပြောတာဆက်နားမထောင်ပဲ ဖုန်းချပစ်လိုက်သည်။
"စိတ်မကြည်ရတဲ့ကြားထဲ ဒီဆရာဝန်က
စောက်ချိူးကိုမပြေဘူး"
Jeon shin ဖုန်းထဲမှ ဆရာဝန်ဆိုသူအား ပစ်ပစ်နစ်နစ်ကြိမ်ဆဲနေသည်။ နောက်တွင်တော့ ဘေးတွင်ချထားသော ကျောပိုးအိတ်ကို လွယ်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်
Jeon Shin ခြေသံသည် ဒေါသကြောင့် ပုံမှန်ထပ်ပို၍ကျယ်လောင်နေသည်။
ကော်ရဒါတစ်လျှောက် မီးချောင်းများ ဖွင့်ထားသောကြောင့်လင်းထိန်နေသော်လည်း
လူမပြောနှင့် တိရစ္ဆာန်တစ်ကောင်ပင်မရှိသဖြင့်
ပတ်ဝန်းကျင်တခုလုံး Jeon shin ခြေသံတစ်ခုသာ
ပဲ့တင်ထပ်နေသည်။
လမ်းလျှောက်ရင်းဝင်လာသော အတွေးတစ်ခုကြောင့် Jeon shin လှမ်းနေသော ခြေလှမ်းများ ရပ်တန့်သွားသည်။
*နေပါဦး ဒီဆရာဝန်က ငါ့ဖုန်းနံပါတ်ကို ဘယ်လိုလုပ်သိသွားရတာလဲ။
နောက်ထပ်ခေါင်းပူသွားစေသော အတွေးတစ်ခုက
*ကျောင်းဆေးခန်းမှာ ဆရာဝန်တွေက
ဂျူတီချိန်းရလို့လား?
Jeon shin စဉ်းစားရင်းဖြင့် ဆင်းလာခဲ့သည်မှာ
အောက်ဆုံးထပ်သို့ရောက်ခဲ့ပြီဖြစ်သည်။
Jeon shin ကိုယ့်အတွေးနဲကိုယ် ဆင်းလာခဲ့သဖြင့် အနောက်မှ တစ်စုံတစ်ယောက် ဖြေညှင်းစွာကပ်လိုက်နေသည်ကို သတိမထားမိခဲ့။
"Duu duuu duu"
တိတ်နေသော ကျောင်းဆောင်ကြီးတွင် ရုတ်တရက် ထမြည်လာသော ဖုန်းသံ ကြောင့် Jeon shin လန့်သွားသည်။
"ဟာ အရေးထဲ ဒီဖုန်းက တမျိုး"
Jeon shin ဖုန်းကိုဖွင့်ကြည့်ပြီးနောက်
"အေး ဟေ့ကောင် Wang ပြော "
"......"
"အေး သိတယ် ငါလဲ အဲ့ kai ဆိုတဲ့ကောင်ကို နည်းနည်းလေးမှ အခဲမကျေဘူး ဒါပေမဲ့ အဲ့ကောင်အဖေ က နည်းနည်း အကောင်ကြီးတယ်ကွ အဲ့ကောင်ကိုသွားထိရင် ငါတို့ ပြသနာတတ်မှာ"
"......."
Jeon Shin ဖုန်းပြောရင်း လမ်းလျှောက်လာသည်မှာ Lab ခန်းထဲသို့ ရောက်နေပြီဖြစ်သည်။
"baekhyun လား အဲ့ကောင် ဒီနေ့ ကံကောင်းသွားတာပါကွာ နောက်တခါကျ ငါ့လက်ထဲက မလွတ်ပါဘူး ငါအခုသိပ်နေမကောင်းသေးလို့ ငါနေပြန်ကောင်းမှ အဲ့ကောင်ကို မှတ်လောက်သားလောက်အောင် ပညာပေးပြမယ် မင်းတို့ကြည့်နေ.."
"......"
"အေး အေး ဟေ့ကောင် အဲ့တာဆို ဒါပဲ ငါဖုန်းချလိုက်တော့မယ် ငါ အိမ်ပြန်မရောက်သေးလို့ ပြန်ရောက်မှ ဆက်လိုက်မယ်"
"...."
ဖုန်းချသွားမှ Jeon shin ဆရာဝန်ပြောသော ဆေးစာကို Lab ခန်း အနှံ့လိုက်ရှာနေရသည်။
"အဲ့ဆရာဝန်အရူးကလဲ ထားစရာနေရာတော်တော် ရှားနေလားမသိဘူး ဆေးစာရွက်ကိုမှ lab ခန်းထဲမှ လာထားရတယ်လို့ အူကြောင်ကြောင်နဲ့"
Jeon Shin အိမ်ပြန်ချင်နေပြီ ဖြစ်သဖြင့် ဆေးစာကိုသာ အသည်းသန် လိုက်ရှာနေမိသည်။
ဤနည်းဖြင့် Jeon shin တစ်ယောက် Park chanyeol ၏ သတ်ကွင်းထဲလှလှကြီးဝင်လာမိလေတော့သည်။
-
-
-
-
-
-
"ရှပ် ရှပ် ရှပ်!! "
Jeon Shin စာရွက်ရှာနေစဉ် အနောက်ဘက်မှ ကြားလိုက်ရသော ခြေသံတစ်ခု..
နောက်ကိုလှည့်ကြည့်လိုက်တော့ ဘယ်သူမှမရှိ
*ဒီချိန်ကြီး ဘယ်သူလဲဟ ကျောင်းစောင့်တွေဘာတွေများလား
Jeon Shin ဆေးစာသာ ပြန်လှည့်၍ ရှာနေစဉ်
ထပ်မံကြားရသော ခြေသံသဲ့သဲ့...
"ရှပ် ရှပ် ရှပ်!! "
ဒီ တစ်ကြိမ်တော့ Jeon shin ခေါင်းထောင်သွားသည်
စာရွက်ကို ဆက်မရှာတော့ပဲ ကော်ရဒါသို့ ထွက်ကြည့်ရန် တံခါးကို ဆွဲဖွင့်လိုက်တော့..
"ဂလောက် ဂလောက်"
*ဟမ် တံခါးက ဘာလို့ဖွင့်လို့မရတော့ရတာလဲ
ငါဝင်လာတုန်းက အကောင်းကြီးကပါ အပြင်က တစ်ယောက်ယောက်များ ပိတ်သွားတာလားမသိဘူူး
"ဒုန်း ဒုန်း ဒုန်း!!
အပြင်မှာ ဘယ်သူရှိလဲ !!"
Jeon shin တံခါးကို ထုကာ အပြင်ကလူအား အော်ခေါ်နေသည်။ သို့သော် ဘာတုံ့ပြန်သံမှ မကြားရ
"အပြင် က ဘယ်သူလဲလို့ ဒီထဲမှာ လူရှိတယ် ဘာလို့ တံခါးပိတ်သွားရတာလဲ !! "
Jeon Shin စိတ်တိုကာ တံခါးကိုအားနဲ့ ထုပစ်နေသည်။ ထိုစဉ် .......
"ဝုန်းး!! "
တစ်စုံတစ်ခု ပြုတ်ကျသံနှင့် အတူ ကျောင်းဆောင်တစ်ခုလုံး မှောင်မဲသွားသည်။
Jeon Shin အနည်းငယ်တော့ ကျောချမ်းသွားသည်။
မီးလင်းနေသဖြင့် မသိသာသော်လဲ ယခုလို
မှောင်မဲနေသော ကျောင်းကြီးထဲတွင် မိမိတစ်ယောက်ထဲ ဟူသော အသိက သွေးပျက်စေလာသည်။
ပို၍ဆိုးသည်မှာ တစ်စုံတစ်ယောက်က
အခန်းတံခါးအား သော့ခတ်သွားခြင်းပင်။
Jeon Shin တံခါးတွင်ကျောကပ်ကာ အခန်းဘက်သို့ လှည့်ထားမိသည်။ မှောင် မဲနေသော အခန်းအတွင်းတွင် ဓာတုပစ္စည်းများ၏ အနံ့က စူးရှနေသည်။
"ရှပ် ရှပ် ရှပ်!! "
*ကျစ် ထပ်ကြားရပြန်ပြီ ဒီခြေသံတွေ
ဒီတခါ ကြားရသည်က ခုနက ကဲ့သို့
အဝေးမှ ကြားရသော ခြေသံမျိုးမဟုတ်ပဲ
နီးနီးကပ်ကပ်မှ ကြားနေရခြင်းဖြစ်သည်။
သေချာအောင် ပြောရလျှင်
ယခု မှောင်မဲသော Lab ခန်း လေးထဲတွင်
Jeon shin အပြင် အခြား တစ်စုံတစ်ယောက်ပါ ရှိနေသည် ဆိုသည့်သဘော..
"ဘယ်.. ဘယ်သူလဲ"
Jeon Shin ကြောက်ရွံမှု့ကြောင့် စကားများပင် ထစ်နေသည်။
Jeon shin မေးလိုက်ပြီး သိပ်မကြာမီ
မြင်လိုက်ရသည်က အမှောင်ထဲမှ ဝိုးတိုးဝါးတားဖြင့် ထွက်ပေါ်လာသော လူရိပ်တစ်ခု...
ထိုအမှောင်ထဲမှ လူသည် လက်ထဲတွင် သံရိုက်တူသဏ္ဍာန် အရာတစ်ခုအား ကိုင်ဆောင်ထားသည်။
"ခင်.. ခင်ဗျား ဘယ်သူလဲလို့မေးနေတယ်နော်"
အမှောင်ထဲမှ ထိုသူသည် Jeon Shin ဆီသို့ တစ်လှမ်းချင်း ဖြေးညှငး်စွာ ချဉ်းကပ်လာသည်။
Jeon Shin တုန်ရီစွာဖြင့် နောက်ကို ဆုတ်မိသည်။
ယခု Jeon Shin သည် ပြေးစရာမရှိ ပိတ်မိနေသည်။
စတီးဖြင့် ပြုလုပ်ထားသော သံရိုက်တူသည် အမှောင်ထဲတွင် တလက်လက် တောက်နေသည်။
တူကိုကိုင်ပြီး တစ်လှမ်းချင်းတိုးလာသော ထိုသူအားကြည့်ရင်း Jeon shin သွေးပျက်လာသည်။
လွတ်ရာလွတ်ကြောင်း အနောက်မှ တံခါးအား
ထုကာ အော်ဟစ် အကူညီတောင်းနေမိသည်။
သို့သော် Park chanyeol ၏ အကွက်ကွက်ကျကျ
စီစဉ်ထားသော သတ်ကွင်းထဲတွင်
သားကောင် ဖြစ်သူ Jeon shin အား
ကူညီနိုင်မည့်သူမှာ တစ်ဦးမရှိ။
"ခင်ဗျားနဲ့ ကျွန်တော့်မှာ ဘာ..ဘာရန်ငြိုးရှိလို့ ဒီလိုတွေလုပ်နေရတာလဲ"
တရိပ်ရိပ်ဖြင့် နီးကပ်လာသော ထိုသူအား Jeon shin ကြောက်ဒူးတုန်ကာ မေးနေမိသည်။
" BAEKHYUN ..... ကိုထိတာ... မင်းရဲ့.... အကြီးမားဆုံး အပြစ်ပဲ...!! "
ထိုသူထံမှ စကားသံအချို့ တစ်လုံးချင်း ပြတ်သားစွာ ထွက်လာသည်။
"ဘ..ဘာ တွေပြောနေတာလဲ ကျ..ကျွန်တော်ဘာမှမသိဘူး အရှေ့တိုးမလာနဲ့နော်!! "
Jeon shin ခြေထောက်များမခိုင်တော့သဖြင့် ကြမ်းပြင်တွင် ထိုင်ချကာ တံခါးဆီသို့ အတင်းတိုးကပ်ကာ နေမိသည်။
သို့သော် ထိုသူ၏ ခြေလှမ်းများက မရပ်တန့်သွား..
"အရှေ့တိုးမလာနဲ့လို့ ပြောနေတယ်နော် ထွက်သွားး!!
ထွက်သွားး မလာနဲ့ သွားး!!! "
Jeon Shin အသံကုန်ခြစ်အော်၍ ရုန်းကန်နေမိသည်။
သူမသေချင်သေး ။
ဘယ်သူမှန်းမသိသောလူတစ်ယောက်ရဲ့လက်ထဲမှာ ဒီပုံစံနဲ့တော့ Jeon shin မသေချင်သေး။
တတ်နိုင်သမျှ နောက်ဆုံးအချိန်ထိတော့ အသက်ရှင်ဖို့ရုန်းကန်ချင်သေးသည်။
ထိုသူက ခဏကြာသည်အထိ Jeon Shin အားစိုက်ကြည့်နေပြီးမှ နောက်ဆုံး အနေဖြင့် ထွက်လာသော စကားတစ်ခွန်း..
"အရမ်းကို နောက်ကျသွားပြီ...."
Jeon shin အလန့်တကြား မော့ကြည့်လိုက်မိတော့..
Advertisement
- In Serial8 Chapters
Rebirth of the Cultivator in the Apocalypse
Co-authoring this series with JL Huang! Link to his page here: https://www.royalroad.com/profile/145707 Wang Shen, after ten years of struggle in the apocalypse, has finally let the embers of his life die out. However, the heavens have granted him a second chance to make things right. This time, he’s ahead of the curve, having retained the knowledge of his previous life before it all ended. This time, he knows how to efficiently manifest his qi and to properly cultivate his body in order to surpass his previous restraints. Would he be able to transcend his limits and breakthrough this lifetime? Or would the world burn once more without change? Welcome to Rebirth of the Cultivator in the Apocalypse.
8 64 - In Serial10 Chapters
Chrono Born
Chrono, a boy who only knew life in a box finally emerges after one fateful encounter. Follow Chrono as he explores the seven skies and much more with friends and family along the way. (Release of chapters are volatile. Read at your own risk.) (Current release rate - Indefinite till further notice. More information can be found in the latest chapter post-author note )
8 146 - In Serial52 Chapters
Inks of Heart
Just some words woven into lines making the fabric of a poem; sometimes prose.#1 poetry#1 book of poems#3 prose#7 poem{ Copyright © 2021, Anna Woods}
8 77 - In Serial36 Chapters
Queer Tales From A Street Nominally Associated With Your Reality
The street is not from your world, and yet it's attached, clinging like a shadowy limpet to the edge of your London, your city skyline stabbing into it from above. Or well that's what we tell ourselves, no one who lives here really knows. We are after all just regular folk displaced from our original realities. Just a bunch of folks with queer tales from a street nominally associated with your reality. What to expect: - A series of interlinked short stories gradually unpacking the lives, complications and mysteries associated with those who live in the street - A weird pseudo-British setting where physics works inconsistently, and houses move position regularly - Stories filled with LGBTQ+ characters, and in particular ones on the trans/nonbinary spectrum - Potentially iffy grammar, I'm new to publishing my work online, so whilst I am checking things before posting it’s a near certainty that some things will slip through - A schedule of one chapter every two weeks.
8 172 - In Serial25 Chapters
Empire's Heir
For over a century, a war of succession has plagued the empire of Illyria. A war that has shed the blood of countless innocents. Stuck in the middle is an unlikely group: a human, tiefling, orc dwarf, and elf. All of who have one goal - to make it big in the world. Little do they know, they have all been brought together for something much bigger than what they would have bargained for.
8 182 - In Serial7 Chapters
Shadamy love story
Sonic tells Amy he's with Sally. When Amy hears Sonic is with Amy she starts changing but is it because of the heartbreak or could it be something else? Will they be able to get the old Amy Rose back or will it be too late? Find out in this story.
8 173

