《S T R A N G E R》Part 6
Advertisement
ချောက်!!
"ဟုတ်ကဲ့"
ထံပေးလာခဲ့သည်။
"ဟုတ်ပါတယ် "
သွားခဲ့ပါတယ်"
တိုးညှင်းလျက်ရှိသည်။ စစ်ဆေးရေးမှူးက မျက်လုံးကို စုံအောင် မကြည့်ပဲ ခေါင်းငုံထားသော Baekhyun အား မသိမသာ အကဲခတ်ရင်း
"......"
-
-
-
မြင်တွေ့နေရသည်။
"လူတစ်ယောက် ??
"ပြီးတော့..?"
Advertisement
"မျက်နှာကို မှတ်မိလား"
-
-
-
"......"
သွေးစို့လာသည်အထိ။
ဟင့်အင်း..သူတို့ ယုံမှဖြစ်မယ်
ကျွန်တော် ထောင်ထဲမဝင်ချင်သေးဘူး
ကျွန်တော် ငယ်ငယ်လေးပဲရှိသေးတာ
ထောင်ထဲ မဝင်ပါရစေနဲ့
တခြားအပြစ်ပေးပါ ထောင်ထဲတော့ မဝင်ပါရစေနဲ့
အဲ့ မှောင်မဲနေတဲ့ အကျဉ်းခန်းတွေကို
ကျ...ကျွန်တော် ကြောက်လို့ပါ
အမေ... ကျွန်တော့ကို ဒီကနေ ခေါ်ထုတ်သွားပေးပါ သူ..သူတို့ ကျွန်တော့ကို ထောင်ချတော့မယ်ထင်တယ် ကျွန်တော် ကြောက်တယ်
စူးအောင့် လာသော ရင်ဘတ်က နာကျင်မှု့ကြောင့် Baekhyun မျက်လုံးများ ဝေဝါးသည်ထိ မျက်ရည်များ ဝဲတတ်လာသည်။
ခေါင်းငုံ့ကာ အသံမထွက် ပဲ ရှိုက်ကာရှိုက်ကာ ငိုကြွေးနေသော Baekhyun ကို ကြည့်ရင်း စစ်ဆေးရေးမှူး ခေါင်းမော့ကာ သက်ပြင်း နောက်တစ်ကြိမ်ချလိုက်ရသည်။
-
-
-
"ဟူးး.. မတတ်နိုင်ဘူး Baekhyun ရိုးရိုးမေးလို့ ဝန်မခံမှတော့ ငါတို့ မင်းကို ရိုက် စစ် ဖို့ပဲ ရှိတော့တာပေါ့... "
........
............
Baekhyun စစ်ဆေးခံပြီးနောက် အခန်းထဲမှ ထွက်လာစဉ် ရဲသားတစ်ဦးနှင့် စကားပြောနေသော အမေဖြစ်သူ Kim Nana အားတွေ့လိုက်ရသည်။
ကြည့်ရတာ Baekhyun ကို ရှာနေပုံပင်။
*အမေ...
အဝေးက လှမ်းကြည့်လိုက်ရုံဖြင့် အမေ့ပုံရိပ်က
Baekhyun ရင်ထဲသို့ နွေးသွားစေသည်။
လာမရှာလောက်ဘူးဟု ထင်ထားသော အမေက
မိမိကို စိုးရိမ်တကြီးနဲ့ ရဲစခန်းထိတောင်လာတယ်
ဟူသော အတွေးကြောင့် Baekhyun တုန်ယင်နေသည့်ကြားက ပြုံးမိပါသေးသည်။
နွေးထွေးတယ်။ လုံခြုံတယ်။
အမေသာ Baekhyun အနားမှာ အားပေးနေမယ်ဆိုရင် ကြောက်စရာကောင်းတဲ့ အမှောင်ခန်းထဲမှာတောင်
Advertisement
Baekhyun တစ်ယောက်ထဲနေရဲသည်။
*ကျေးဇူးတင်ပါတယ်..
ကျွန်တော့ဆီကို လာပေးတဲ့အတွက်
ရဲသားတစ်ဦးက ကျွန်တော့ ဘက်ကို လက်ညှိုးထိုးပြလိုက်တာကြောင့် အမေက ကျွန်တော့ကို ကိုမြင်သွားသည်ထင်သည်။
ကျွန်တော့ဆီသို့ ဦးတည်၍ လျင်မြန်သော ခြေလှမ်းများဖြင့် ခပ်သွက်သွက် လမ်းလျှောက်လာသည်
*သားကို စိတ်ပူလို့ လိုက်လာတာလို့ ပြောမှာလား
arrnyi.. သားကို အမေယုံတယ်ပြောမှာလား
ဒါမှမဟုတ် သားကို ဒီနေရာက အမေခေါ်ထုတ်သွားမယ် စိတ်မပူနဲ့လို့ ပြောမှာလား
ဘာပဲ ဖြစ်ဖြစ် လာပေးတယ်ဆိုရုံနှင့်တင်
လုံလောက်နေပါပြီ
အဝေးမှ လမ်းလျှောက်လာသော အမေ့ကို ကြည့်ရင်း baekhyun ကိုယ့်အတွေးနဲ့ကိုယ် ပြုံးနေမိသည်။
ထိုစဉ်
ဖြောင်း!!
Baekhyun မျက်နှာပေါ်သို့ ခပ်ပြင်းပြင်း ကျရောက်လာသော လက်ဝါးတစ်ချက်။
အရှိန်ဖြင့် လွှဲရိုက်လိုက်တာကြောင့် baekhyun
ပါးပြင်တခုလုံးကို ကျိန်းစက်သွားရသည်။
"အမေ.."
Baekhyun ဘာမှမပြောနိုင်ပဲ
ရိုက်ခံလိုက်ရသောပါးတစ်ဖက်ကိုသာကိုင်၍
အမေဖြစ်သူအား ငေးကြည့်နေမိသည်။
"နင်ငါ့ကို အမေလို့ ခေါ်စရာမလိုဘူး
Byun baekhyun"
Baekhyun အား
ဒေါသမျက်လုံးများဖြင့် ကြည့်ရင်း ဟိန်းထွက်နေအောင် အော်လိုက်သော အသံကြောင့် ရဲစခန်း တစ်ခုလုံးရှိ လူများ အားလုံး လှည့်ကြည့်လာကြသည်။
"နင်ကလေ မွေးထဲက ဘာကောင်းကျိုးမှ မပေးတဲ့အကောင်။ နင့်ကိုမွေးမိလို့ ငါတို့ လင်မယား တစ်ဘဝလုံး စိတ်ချမ်းချမ်းသာသာ မနေခဲ့ရတာ
နင့်လိုအကောင်ကို မွေးမိလို့ဟဲ့..
အခုလဲ နင်က လူသတ်ပြန်ပြီဟုတ်လား
နင့်ကြောင့် ငါတို့ လူကြားထဲမှာ
ဘယ်လိုမျက်နှာပြရမလဲ
နင်တော်တော်ဂြိုလ်မွှေပါလား Byunbaekhyun
အေး.. အခု နင့်ထိုက်နဲ့ နင့်ကံပဲ နင့်ဟာနင် ထောင်ကျကျ မကျကျ ငါနဲ့မဆိုင်ဘူး ငါတို့လင်မယားနဲ့ လာမပက်သက်နဲ့ ကြားလား!!
မိဘ မျက်နှာ အိုးမဲသုတ်တဲ့အကောင် "
"....."
Baekhyun အခုချိန်ထိ စွံအ နေဆဲဖြစ်သည်။
ရင်ထဲက မယုံကြည်နိုင်စွာ အဆမတန် ထိုးအောင့်လာသော ဝမ်းနည်းမှု့ကြောင့် မြင်ကွင်းများ
ဝေဝါးကုန်သည်။
စကားလေးတစ်ခွန်းထဲပါ..
အမေ ကျွန်တော့ကို ယုံကြည်တယ်ဆိုတဲ့
စကားတစ်ခွန်းထဲပါ
အမေ့ဆီကသာ အဲ့စကားပြောခဲ့မယ်ဆိုရင်
ကျွန်တော်ထောင်ထဲကို ပြုံးပြုံးကြီး ဝင်ရဲပါတယ်
အခုတော့ ဘာလို့....
လှည့်ထွက်သွားသော အမေ့ရဲ့ ကျောပြင်ကို
Baekhyun မျက်စိတဆုံး ငေးကြည့်နေမိသည်။
ဘာကို မျှော်လင့် နေတာလဲ Baekhyun
မင်းလို အရှုံးသမားတစ်ယောက်က ဘယ်သူ့ဆီက ဘာကို မျှော်လင့်နေသေးတာတုန်း
အကြိမ်ပေါင်းများစွာ မျှော်လင့်ချက်တွေ ရိုက်ချခံခဲ့ရဖူးတာတောင် အမှတ်မရှိ မျှော်လင့်မိတဲ့ မင်းက တကယ်ပဲ ဦးနှောက်တွေ ထုံထိုင်းကုန်ပြီလား
စူးအောင့်နေသော နာကျင်မှု့ကြောင့်
Baekhyun ရင်ဘတ်တစ်ခုလုံး ထုံကျင်လာသည်အထိ
စခန်း တစ်ခုလုံးရှိ ဝိုင်းကြည့်နေသူများ၏ မျက်လုံးများကို မသိကျိုးကျွန်ပြုကာ အရှေ့ကရဲ ဦးဆောင်ရာနောင်သာ baekhyun ကျောက်ရုပ်သဖွယ် လိုက်ပါသွားလိုက်သည်။
ဒီနေ့တော့ အာမခံ မရှိတဲ့ Baekhyun အတွက်
အိပ်စရာက အချုပ်ခန်းမှ လွဲ၍ အခြားမရှိ။
......
.........
ပျံ့လွင့်နေသော နေရောင်ခြည်နှင့် အတူ မနက်ခင်းက ပုံမှန်မဟုတ် တိတ်ဆိတ်နေသည်။
စာသင်ခန်းတွင်း ထိုင်သူမရှိ လွတ်နေသော Baekhyun ၏ စားပွဲခုံအား ငေးကြည့်ရင်း
Kai ရဲ့ စိတ်အာရုံက အရှေ့တွင် စာသင်နေသော
ဆရာမ ထံတွင်မရှိ...
Baekhyun ကို လူသတ်မှု့နဲ့ ရဲတွေ ဖမ်းသွားပြီတဲ့..
ကျောင်းကို ရောက်ရောက်ချင်း
ကြားလိုက်ရသည့် သတင်းက
Kai ၏ စိတ်အစဉ်ကို ရှုပ်ထွေးသွားစေသည်
အကြောင်းအရာများကို ဆက်စပ်ပြီး
Kai စဉ်းစားနေမိသည်။
ဖြစ်တဲ့ အချိန်က .... နေ့
Baekhyun နဲ့ Kai ညနေ စာသွားစားတဲ့နေ့ဖြစ်သည်
အခင်းဖြစ်ချိန်က ည၈ နာရီဆိုတော့ Kai နဲ့ ညနေစာစားပြီး အပြန်မှာ ဖြစ်တာပေါ့..
ထိုနေ့က Baekhyun ပုံစံကြည့်ရတာ Jeon Shin အကြောင်းကို စိတ်ထဲရှိပုံပင်မပေါ်..
ဒီကိစ္စဘယ်လိုဖြစ်ရတာလဲ..
ရှုပ်ထွေးနေသော အတွေးများနှင့် အတူ Kai
လက်ထဲက ဘောပင်အား ခုံနှင့် တစ်တောက်တောက် ခေါက်နေမိသည်။
မဖြစ်နိုင်တာ..
ခင်တာသိပ်မကြာသေးပေမယ့် Kai ထိုကောင်လေးအကြောင်းကို ကောင်းကောင်းသိသည်။
စကားနည်းပြီး အနေအေးသော ကောင်လေးသည် Jeon Shin အပေါ် အငြိုးတေးထားတယ်ဆိုတာ မဖြစ်နိုင်ပါ။ ရက်ရက်စက်စက် သတ်တယ်ဆိုတာ ပိုလို့တောင် မဖြစ်နိုင်.. တစ်ခုခု တိုက်ဆိုင်သွားမှာပဲ နေမှာ..
ဒါဆို Baekhyun က မတရားစွပ်စွဲခံခဲ့ရတာလား....
ဝုန်းခနဲ မတ်တပ်ရပ်ကာ အခန်းပြင် ထွက်သွားသော
Kai ကြောင့် ကျောင်းသား အားလုံး လှည့်ကြည့်လာကြသည်။
Kai ရဲ့ ခြေလှမ်းများဦးတည်ရာက
Baekhyun ဆီသို့......
Jun 1,2016
At Gangnam Station...
အနည်းငယ်မှောင်နေသော အခန်းလေးထဲရှိ
လေးထောင့်ကျသော စာပွဲခုံရှေ့တွင် Baekhyun ထိုင်နေသည်။
အခန်းအလယ်တွင် တွဲလောင်းချထားသော အဖြူရောင် မီးသီးက စားပွဲနားတစ်ဝိုက်သာ
အလင်းပေးနိုင်ပြီး အခန်းတွင်း ကျန်နေရာများမှာ အမှောင်ကျနေသည်။
အခန်းထောင့်မှ မှတ်တမ်းတင်နေသောCctv ကင်မရာနှင့်အတူ ဘေးတွင်ရှိသော မှန်အကြီးကြီးတစ်ချပ်မှ Baekhyun ကိုယ့်ပုံကိုယ်ပြန်မြင်နေရသည်။
အခန်းထဲတွင် Baekhyun တစ်ယောက်သာ ရှိတာကြောင့် တိတ်ဆိတ်နေသည်။
ချောက်!!
တံခါးဖွင့်သံနှင့်အတူ လူတစ်ဦးက အခန်းထဲသို့ ဝင်လာသည်။
ထိုသူကတော့ စစ်ဆေးရေးမှူး Zhang Giwon ပင်
"Jeon Shin သေဆုံးမှု့ အတွက် သံသယရှိသူ Baekhyun ကို စတင်စစ်ဆေးပါမယ်"
စစ်ဆေးရေးမှူးဆိုသူက အခန်းထောင့် က Cctv အား တချက် မော့ကြည့်၍ ပြောပြီးနောက်
"Baekhyun ssi ကို မေးခွန်းတချို့ကို မေးပါမယ်
Baekhyun ssi ဘက်က မေးသမျှအားလုံးကို အမှန်တိုင်း ဖြေပေးစေချင်ပါတယ်.."
"ဟုတ်ကဲ့"
မော့မကြည့်ပဲ အဖြေပေးလာသော Baekhyun ပုံစံသည် အေးစက်နေသယောင်ရှိသော်လည်း
အနည်းငယ် တုန်ရီနေသော လက်ဖျားများနှင့်
ဖြူစွတ်နေသော နှုတ်ခမ်းများသည်
Baekhyun ၏ ကြောက်ရွံနေသော
စိတ်အစဉ်ကို ပုံဖော်နေသည်။
ထို့နောက်တွင်တော့ စစ်ဆေးရေးမှူးဆိုသူက Baekhyun မျက်နှာချင်းဆိုင်ရှိ
ထိုင်ခုံကို ဆွဲယူထိုင်လိုက်သည်။
ထို့နောက် ဖိုင်တစ်ခုကို Baekhyun
ထံပေးလာခဲ့သည်။
"ဒါက Baekhyun ssi အခန်းထဲက ကျောင်းသားအချို့ရဲ့ ထွက်ဆိုချက်ပါ ။ သူတို့တွေပြောပုံအရ Baekhyun ssi နဲ့ သေဆုံးသူ Jeon shin က
အခင်းမဖြစ်ပွားခင် နေ့လည် ၂နာရီလောက်က အခန်းထဲမှာ အငြင်းပွားရန်ဖြစ်ခဲ့ကြသေးတယ်ဆိုတာ ဟုတ်ပါသလား"
"ဟုတ်ပါတယ် "
"Ok ဒါဆို အဲ့နေ့က ကျောင်းကအပြန် Baekhyun ssi ဘယ်သွားခဲ့လဲ"
"ကျောင်းက သူငယ်ချင်းတစ်ယောက်က
ညနေစာစားဖို့ ခေါ်လို့ စားသောက်ဆိုင်တစ်ခုကို
သွားခဲ့ပါတယ်"
Baekhyun အသံက အေးစက်၍ အဖျားသတ်က
တိုးညှင်းလျက်ရှိသည်။ စစ်ဆေးရေးမှူးက မျက်လုံးကို စုံအောင် မကြည့်ပဲ ခေါင်းငုုံထားသော Baekhyun အား မသိမသာ အကဲခတ်ရင်း
"ဒါဆို Baekhyun ssi က ညနေစာစားပြီးတော့ အိမ်ကို တန်းမပြန်ပဲ ဘာလို့ကျောင်းကိုလာရတာလဲ"
"Project စာရွက်တချို့ ကျောင်းမှာကျန်နေခဲ့လို့ပါ"
Baekhyun ၏ စကားအဆုံး စစ်ဆေးရေးမှူးဆို သူက ဆက်မမေးတော့ ခုံနားတွင် လမ်းလျှောက်ကာ
baekhyun အဖြေကို စဉ်းစားနေပုံရသည်။
"ည၈နာရီ ဘယ်သူမှမရှိတော့တဲ့ အချိန်မျိုးမှာ
မှောင်မဲနေတဲ့ ကျောင်းကြီးထဲကို
စာရွက်လေးကျန်ခဲ့ရုံနဲ့ တစ်ခေါက်ပြန်လာတယ်ပေါ့ ဟုတ်လား Baekhyun ssi"
"......"
လေသံအေးအေးဖြင့် ပြုံးစစ ပြောနေသော ထိုသူ့ပုံစံသည် Baekhyun ပြောသောစကားများကို
လိမ်နေသည်ဟုထင်ပုံရသည်။
လက်မများဖြင့် လက်သည်းထိပ်များကို ကုတ်ဖဲ့ရင်း
လှုပ်ရှားနေသော စိတ်အစဉ်ကို တည်ငြိမ်အောင်
Baekhyun ကြိုးစားနေသည်။
ဘာမှတော့ အဖြေပြန်မပေးမိ။
"ဟုတ်ပါပြီ ဒါဆိုနောက်တစ်ခုထပ်မေးမယ်
ည ၈ နာရီ Baekhyun ssi အခန်းထဲရောက်တော့
သွေးအိုင်ထဲမှာသေနေတဲ့ Jeonshin ကိုတွေ့ခဲ့တယ်လို့ပြောတယ်နော် ဒါဆို အလောင်းတစ်လောင်းကို တွေ့တွေ့ချင်း ဘာလို့ သက်ဆိုင်ရာကို အကြောင်းမကြားခဲ့ရတာလဲ??"
"ကျ..ကျွန်တော် တွေ့ကာစက အရမ်းထိတ်လန့်ပြီး အခန်းထဲက ထွက်ပြေးခဲ့မိလို့ပါ ပြီးတော့ ဖုန်းကလဲ အလောင်းနားမှာကျန်ခဲ့တယ်ဆိုတော့ ပြန်သွားယူဖို့ မဖြစ်နိုင်တော့လို့ပါ.."
Jeon Shin သေဆုံးနေသည့် ပုံစံကို မျက်လုံးထဲ ပြန်မြင်မိသည်နှင့် သွေးပျက်စေတာကြောင့် Baekhyun စကားများ ထစ်နေသည်။
" Ok.. ငြင်းဆိုချက် ခိုင်လုံပါတယ်
ဒါဆို နောက်တခုမေးမယ်.. လူသေကို တွေ့လို့ထိတ်လန့်ပြီး ပြေးတာ ဘာလို့ ကျောင်းအပြင်ထိ မပြေးပဲ လှေကားအောက် ထောင့်နေရာမျိုးမှာ ပုန်းနေခဲ့ရတာလဲ "
"ကျွန်တော် ပုန်းနေတာမဟုတ်ဘူး ကျွန်တော့်ကို..."
ရုတ်တရပ် ပြောနေသည်များ ရပ်တန့်ကာ
တွေဝေနေသော Baekhyun ကို စစ်ဆေးရေးမှူးက
" ဆက်ပြောပါ Baekhyun ssi "
-
-
-
ကျွန်တော် ပြောပြလိုက်သင့်လား??
ပြောပြလိုက်ရင် အဲ့နေ့က တွေ့ခဲ့တဲ့လူက
ကျွန်တော့ကို မကျေနပ်ပဲ Jeon Shin ကိုသတ်ခဲ့သလိုမျိုး လာသတ်ရင်ရော??
ဟင့်အင်း.. မဖြစ်လောက်ပါဘူးး
အခုရောက်နေတာက ရဲစခန်းပဲဟာ
လုံ..လုံခြုံလောက်မှာပါ
"ကျွန်တော့ကို လူတစ်ယောက်က
အဲ့နေရာကို ဆွဲခေါ်ခဲ့လို့ပါ.."
ခေါင်းမော့ကြည့်ရင်း ပြောလာသော Baekhyun ၏ မျက်ဝန်းများထဲတွင် စစ်ဆေးရေးမှူးအား
လူသတ်သမား လက်ထဲက ကယ်တင်ပေးရန်
အကူညီတောင်းနေသည့် အရိပ်မွတ်များ
မြင်တွေ့နေရသည်။
"လူတစ်ယောက် ??
အဲ့လူရဲ့ပုံစံကိုပြောပြပေးလို့ရမလား"
"သူ့ပုံစံက ဟို..ဟို အရပ်ရှည်တယ် အမဲရောင် Long coat ကို ဝတ်ထားတယ် ပြီးတော့.."
"ပြီးတော့..?"
Baekhyun မျက်လုံးမှိတ်ရင်း ထိုသူရဲ့ပုံကို ပြန် မြင်ယောင် ကြည့်မိသည်။
အဲ့နေ့က မှောင်မဲနေတာကြောင့် ထိုသူ့မျက်မှာကိုသေချာ မမှတ်မိသော်လဲ ခေါင်းထဲတွင် ခပ်ရေးရေးပေါ်လာသော ထိုသူ၏ ပုံရိပ်က သွေးပျက်ဖွယ်...
"ပြီး..ပြီးတော့ လက်ထဲမှာ သံရိုက်တူတစ်ချောင်းကိုကိုင်ထားတယ်.. အဲ့ တူက သွေး..သွေးတွေ စီးကျနေတယ်။"
Baekhyun ရဲ့ စကားကို စုံထောက်က Note ဖြင့် လိုက်မှတ်နေပြီးနောက်
"မျက်နှာကို မှတ်မိလား"
"ဟင့်အင်း.. မမှတ်မိပါဘူး"
"ဒါဆို လူသတ်သမားလို့ ထင်ရတဲ့ အမဲရောင်ကုတ် ဝတ်ထားတဲ့အဲ့လူက Baekhyun ssi ကို အဲ့နေရာကိုဆွဲခေါ်ပြီး အန္တရာယ် ပေးတာမျိုး ခြိမ်းခြောက်တာမျိုး ပြုလုပ်ခဲ့လား"
-
-
-
[ တော်တော့ Baekhyun မင်းကိုငါ ဘာမှ ထပ်မလုပ်မိခင် ဒီတိုင်းလေး ငြိမ်ငြိမ်နေပေးတာကောင်းမယ်ထင်တယ် ]
နားထဲမှာ ပြန်ကြားယောင်လာမိသည်က ထိုသူရဲ့အသံ...
အသံကို ကြားယောင်မိသည်နှင့်ပင် Baekhyun ခန္ဓာကိုယ် အေးခဲသွားစေနိုင်သည်။
ထိုနေ့ညက တွေ့ခဲ့သော သြရှရှနှင့် ပြတ်သားသော အသံပိုင်ရှင်သည် ကျွန်တော့အား ထိလန့်ခဲ့စေသည်က လွဲ၍ ထိခိုက်အောင် အန္တရာယ်ပေးခြင်းမျိုး ဘာတစ်ခုမှ မလုပ်ခဲ့..
ဒါ..ဒါဆို နမ်းခဲ့တာကရော..?
Baekhyun မေးခွန်းကို ပြန် မဖြေပဲ ငြိမ်နေတာကြောင့် စစ်ဆေးရေးမှူးက
"Baekhyun ssi မေးတာကိုကြားလား..
အဲ့နေ့က လူသတ်သမားက Baekhyun ssi ကို
အသက်အန္တရာယ်ပေးတာမျိုး လုပ်ခဲ့သေးလားလို့"
"ဘ..ဘာ တစ်ခုမှ မလုပ်ခဲ့ပါဘူး"
တုန်ရီနေသော အသံလေးဖြင့် ခေါင်းငုံ့ကာ ဖြေလာသော Baekhyun ကြောင့် စစ်ဆေးရေးမှူး စိတ်ပျက်ကာ သက်ပြင်းချလိုက်သည်။
စစ်ဆေးရေးမှူးလက်ထဲမှ လွှတ်ချလိုက်သော
ဘောပင်နှင့် စားပွဲခုံ ရိုက်ခတ်မိ၍ ထွက်ပေါ်လာသော အသံသည် တိတ်ဆိတ်နေသော အခန်းထဲတွင်
ကျယ်လောင်စွာ မြည်ဟီးလျက်...
"လူသတ်သမားက မျက်မြင်သက်သေတစ်ယောက်ကို သတ်ပစ်လို့ရတဲ့ အခြေနေမှာ မသတ်ပဲ ဒီတိုင်းထားပစ်ခဲ့တယ်ဆိုတာ ဖြစ်နိုင်ရဲ့ Baekhyun ssi.."
Baekhyun အရှေ့စားပွဲခုံပေါ်သို့ လက်ထောက်ရင်း
ခါးကိုင်းကာ စစ်ဆေးရေးမှူးက မေးလာခဲ့သည်။
"......"
Baekhyun နှုတ်ဆိတ်ကာ ခေါင်းကို ပို၍ ငုံ့ထားမိသည်။ ဒီအချိန်မှာ Baekhyun ဘက်က မသတ်ပါဘူးဆိုတာ ကို သက်သေပြနိုင်ရန် ဘာအထောက်ထားမှမရှိ။
"ငါ မေးနေတယ်လေ baekhyun.. မင်း ကို အဲ့လူက မသတ်ပဲ ဒီတိုင်းခဲ့တာ ဖြစ်နိုင်လို့လားလို့!! "
အသံခပ်မာမာဖြင့် အော်ပြောနေသော စစ်ဆေးရေးမှူး
"အဲ့..အဲ့လူက တကယ်ရှိနေခဲ့တာပါ ကျွန်တော် မလိမ်ပါဘူး သူ..သူ ကျွန်တော့ကို.."
"မင်း လိမ်ဆင် တွေကို တော်တော့ Baekhyun!!
မင်းပေါက်ပန်းလေးဆယ် ယုတ္တိမရှိတာတွေပြောတိုင်း ငါတို့က ယုံမယ်များထင်နေတာလား.. အခင်းဖြစ်တဲ့ ညထဲက ငါတိုု့ ကျောင်း တစ်ကျောင်းလုံးကို စစ်ဆေးပြီးပြီ။ ကျောင်းထဲမှာ မင်းနဲ့ Jeon Shin ကလွဲပြ်ီး ဘယ်သူမှ မရှိဘူး။
မင်း အမှန်တိုင်းဝန်ခံစမ်း Baekhyun..
Jeon Shin ကို မင်းသတ်တာမလား"
စားပွဲခုံကို ဒုန်းခနဲ ထုကာ Baekhyun ကို လက်ညှိုးထိုး စွပ်စွဲနေသည်။
Baekhyun ပြောသမျှကိုလဲ မယုံသည့်အပြင်
လူကို တရားခံအဖြစ် ဝန်ခံခိုင်းနေသည်။
ဘာလုပ်ရမှန်းမသိ ကြောက်စိတ် ကြောင့်
Baekhyun ခန္တာကိုယ်က တစက်စက်တုန်ကာ
ကုတ်ဖဲ့နေမိသော လက်သည်း ထိပ်များက
သွေးစို့လာသည်အထိ။
"ဟင့်အင်း ကျွန်တော် မသတ်ဘူး
Jeon Shin ကို ကျွန်တော် မသတ်ဘူး"
" ဒီလောက် သက်သေတွေ ခိုင်လုံနေတာတောင်
မင်းက ငြင်းချင်နေသေးတာလား
အမှန်တိုင်း ဖြေစမ်း Baekhyun မင်းအခုချိန် အမှန်တိုင်းဖြေရင် မင်းသက်သာမယ်"
"တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ကျွန်တော်ပြောတာကိုယုံပါ.. ကျွန်တော် တကယ် မသတ်ပါဘူးး"
မဖြစ်နိုင်မှန်းသိပေမယ့် Baekhyun အသံများ တုန်ကာ မျက်ရည်များဖြင့်
ယုံကြည်ပေးရန် တောင်းဆိုမိသည်။
Advertisement
- In Serial7 Chapters
A Wrinkle in Reality
A young girl Moon, is on an adventure to find herself she has to fight stereotypes and save the universe from Murg the conquror Read to find out what Happens Next. DISCLAIMER This is my first story so plz overlook the gramatical mistakes (Sorry)
8 177 - In Serial15 Chapters
Path of heaven shattering
Cultivators all over the universe seek to reach the peak, afterall that was why most even cultivate. But does the path that they follow really lead to the peak? Is the peak to know everything and be the best under heaven? What is it to be a human, what is it to be a cultivator, what is it to be a celestial, follow Chen Qing Yan a girl who is innocent and pure to the bone as she journey through the universe to reach the peak, meeting many talented young masters and protagonists on the way. New Cover By: SnowyCo(purchased from her so now I have ownership over it ;))
8 202 - In Serial14 Chapters
Naruto - Gamer Tai
As a gamer, you can choose one path. Which one would our favorite blond Uzumaki choose? Taijutsu-Centered Naruto.
8 145 - In Serial25 Chapters
The times and struggle of a orc cook in the Demon Lord's army. (On Hiatus due to reasons seen in summary)
Title needed a change. So a full honest update to you all who are reading and following this story. I'm putting this story on a Hiatus not only because of I'm trying to improve my spelling and grammer (which is slow going) but also due to other reasons listed down below. 1) The story is getting a full re-write as these last months have given me time to see what I have already writen and what else I have planned is not gonna work no matter how much I've tried with what I call 'test chapters' to see how what works or not. 2) I don't really have the time to write, mainly thanks to life deciding to throw a bunch of stuff and leaving me exhausted both mentally and physically. And what little free time I have is barely enough for me to do anything that other than sleep or play a game for maybe 15 min. 3) I have a job and bills to pay. Some of which are overdue. It also dose not help that thanks to the new inflations in prices, I've been struggling to get things in order. So now you all know. Once things have calmed down and gotten somewhat in order again, I'll be posting the new first chapter as soon as I can along with a new summary for the story. Until then, I hope you all have a nice day and enjoy all the other stories you can find around this wonderful site.
8 154 - In Serial23 Chapters
Smutcember(bsd)
So smutcember, I'll do mostly characters who don't have much fanfics like Fyodor, sigma, Nikolai, Oda, Akutagawa, Gin, Ango and more
8 86 - In Serial8 Chapters
saiki k chatfic but it's canon and gay | published january 3rd, ENJOY !!
EVERYTHING IS SATIRE. I PROMISE.
8 112