《S T R A N G E R》Part 7
Advertisement
မဲမှောင်နေသော သံတိုင်များကြား
အခန်းကျဉ်းလေးတွင် Baekhyun ခန္ဓာကိုယ်လေး ကျုံ့ပြီးထိုင်နေမိသည်။
ပါးပြင်ပေါ်မှ တလှိမ့်လှိမ့် စီးကျလာသောမျက်ရည်များကို ဖယ်ရှားပစ်ဖို့ရာ စိတ်ကူးမရှိ။
သွေးများ စွန်းပေနေသော လက်အား Baekhyun
စိုက်ကြည့်နေမိသည်။
အဆုံးသတ်သွားပြီ...
ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်ကြီးရဲ့ အဆုံးသတ်မှာ
ငြင်းပယ်လို့ မရတဲ့ အဖြေက လူသတ်တရာခံတဲ့..
သူ ဘာများ ပြောခွင့်ရှိဦးမှာလဲ။
သူ ဘာများ ငြင်းပယ်ခွင့်ရှိဦးမှာတဲ့လဲ...
တိုက်ဆိုင်လွန်းသော အခြေနေမျိုးတွင်
သူ့ဘက်က လက်ဆုပ်လက်ကိုင်ပြ၍
ငြင်းပယ်နိုင်စရာ ဘာတစ်ခုမှမရှိခဲ့။
ဆိုးရွားလွန်းသည်။
တသတ်လုံး အခက်ခဲတွေကြားက ပင်ပန်းခံပြီး ရုန်းထွက်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးရလဒ်က
ထောင်ထဲမှာ အချိန်ကုန်သွားရမည်တဲ့..
စို့နစ်လာသော ရင်ဘတ်ထဲက နာကျင်မှု့က
သူ့ကို အသက်ရှူမဝဖြစ်စေသည်။
မတရားလိုက်တာ..
နာနာကျည်းကျည်းအော်ဟစ်ပစ်လိုက်ချင်ပင်မဲ့
တိတ်တဆိတ် ငိုကြွေးခွင့်တောင် မပေးတဲ့ လောကကြီးတွင် သူ ဘာကျိန်စာတွေများ တိုက် မိခဲ့လို့လဲ..
တစ်စစ တိုးဝင်လာသော အားငယ်မှု့တွေက
အသားထဲစိုက်ဝင်နေသော အပ်တစ်ချောင်းသဖွယ်
လက်လွှတ်ပေးလိုက်တော့မည်။
သူ့အတွက် ဆိုပြီး ဦးတည်လာတဲ့ ကံဆိုးမှု့တွေ ကို အထူးတလည်လဲ မငြင်းပယ်ချင်တော့...
အရှုံးကို လက်ခံပေးလိုက်တော့မည်..
ဝဋ်ကြွေးများရှိရင် ဒီဘဝများတင် ကြေပါစေတော့...
.....
........
Kai ဇောနဲ့ အသည်းသန် လာခဲ့သဖြင့်
သိပ်မကြာခင်မှာ Baekhyun ရှိရာ
စခန်းသို့ ရောက်လာခဲ့သည်။
Kai ရဲ့ အဖေ က ရဲအရာရှိများနဲ့ သိကျွမ်းသဖြင့်
Baekhyun ကို ရှာဖို့က ထင်သလောက်မခက်ခဲ။
Baekhyun ကို အကျဉ်းချထားရာအခန်းသို့
ရဲများညွှန်သည့် အတိုင်း Kai ဝင်လာခဲ့သည်။
အခန်းများမှာ မှောင်မဲနေပြီး အချုပ်ခန်းများထဲမှ
အကျဉ်းသားများက အော်တဲ့လူကအော်
ငိုတဲ့လူက ငိုနှင့် ပွက်လောရိုက်နေသည်။
Kai အခန်းပေါင်းများစွာကို ဖြတ်ကျော်ပြီး
Baekhyun ရှိမည်ဟု ထင်ရသော
ထောင့်ကျ၍ တိတ်ဆိတ်နေသော
အခန်းတစ်ခု ရှေ့ရောက်တွင်
ခြေလှမ်းများရပ်တန့်လိုက်သည်။
သံတိုင်များဖြင့်ကာစီးထားသော မှောင်မဲနေသည့်
အခန်း၏ ထောင့် တစ်နေရာ ကြမ်းပြင်တွင်
ကျုံ့ကျုံ့လေး ထိုင်နေသူ Baekhyun..
လူသတ်မှု့နဲ့ သံသယထားခံရသူ ဖြစ်တာကြောင့်
Baekhyun ကို အခြားအကျဉ်းသားများနှင့်
ရောမထားပဲ တစ်ယောက်ထဲခွဲထားပုံရသည်။
အကျဉ်းသားဝတ်စုံကို ဝတ်ဆင်ကာ ဒူးလေးများပိုက်၍ မျက်နှာဝှက်ထားသော ကောင်လေးသည်
ဒီပတ်ဝန်းကျင်နှင့် မရင်းနှီးတာကြောင့်
အသားလေးများ တစက်စက်တုန်ကာ
ကြောက်နေပုံရသည်။
ကျွီ!!
Kai တံခါးဖွင့်ကာ ကြမ်းပြင်တွင် ထိုင်နေသော
Baekhyun နားသို့ ကပ်သွားမိသည်။
Baekhyun က တော့ သိပုံမရ
Kai အနားကပ် သွားမှ Baekhyun မျက်နှာအား
အမှောင်ထဲတွင် သဲကွဲစွာမြင်ရသည်။
ဒူးနှစ်ဘက်ကိုပိုက်ကာ လက်ပေါ်တွင် ခေါင်းတင်၍
စောင်းစောင်းလေး အိပ်ပျော်နေသော Baekhyun
မျက်နှာတွင် မျက်ရည်စီးကြောင်းများပေပွကာ နှာခေါင်းလေးရဲနေသည်မှာ အပြင်းထန်ငိုထားပုံရသည်။
မျက်တောင်စိပ်များကြားတွင် မျက်ရည်ဥလေးများ
ဝဲခိုနေပြီး အသက်ပုံမှန် ရှူသွင်းကာ အိပ်ပျော်နေသော Baekhyun အား Kai မနှိုးမိ..
မင်း ဘယ်လောက် ပင်ပန်းနေလဲဆိုတာ
ငါမသိပေမယ့် မင်းရဲ့ ဒီလိုပုံစံလေးကို မြင်ရတာ
ငါတကယ် စိတ်မကောင်းဘူး Baekhyun
ငါမင်းကို သူငယ်ချင်းတစ်ယောက် အနေနဲ့
ငါတတ်နိုင်တဲ့ ဘက်က အကောင်းဆုံးကူညီပေးချင်တယ်.....
Baekhyun ဘေးနားတွင် Kai ထိုင်နေရင်း
သိပ်မကြာခင် ထိုကောင်လေးက မျက်မှောင်များ ကျုံ့ကာ ရုန်းကန်ရင်း ဆက်ခနဲ လန့်နိုးလာသည်။
ကြည့်ရတာ အတိတ်ဆိုးတွေက Baekhyun ကို
အိမ်မက်ထဲက နှောင့်ယှက်နေပြန်ပြီထင်ပါရဲ့..
"Kai"
"အင်း.. Baekhyun နိုးပြီလား"
မယုံနိုင်သည့် မျက်လုံးလေးများနှင့် နာမည်ခေါ်ကာ
ပြူးကြည့် နေသော Baekhyun...
ယူလာသော ပေါင်မုန့်ကို လက်ထဲထည့်ပေးလိုက်တော့
နားမလည်သည့်ဟန် မော့ကြည့်နေသည်။
"မင်း မနေ့ညထဲက ဘာမှမစားရသေးဘူးမလား
ဗိုက်ဆာနေမှာပေါ့ ရော့ ဒါစား.."
"မင်း ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"
မျက်လုံးများချက်ချင်းအရောင်ပြောင်းကာ
မျက်နှာက မျက်ရည်များကို တစ်ဖက်သို့
လှည့်သုတ်ရင်း ပြောလာသော ကောင်လေးသည်
သူ၏ မျက်ရည်များကို Kai အား
မမြင်စေချင်သည့် ပုံပေါ်သည်
"ငါ မင်းသတင်းကြားလို့ လိုက်လာခဲ့တာ..
သေတဲ့လူက Jeon shin ဆိုတော့ ဟိုနေ့က မင်းခုံကို ခြေထောက်နဲ့ ကန်ခဲ့တဲ့ တစ်ယောက်မှတ်မလား"
"အင်း ဟုတ်တယ်"
ခပ်ပြုံးပြုံးမျက်နှာဘေးဖြင့် ပေါင်မုန့်ထုတ်ကို
ဖောက်ကာ Baekhyun ပြောလာခဲ့သည်။
တိတ်ဆိတ်သော အခန်းငယ်လေးတွင်
Kai ဆက်ပြောစရာစကားမရှိ နှုတ်ဆိတ်နေမိသည်
သူဒီအချိန်မှာ ဘယ်လိုစကားမျိုးကိုပြောရင်
Baekhyun ကို စိတ်သက်သာစေမှာလဲ..
"Jeon Shin ကို မင်းသတ်တာမလားလို့
မမေးတော့ဘူးလား Kai"
လက်ထဲက ပေါင်မုန့်ကို ကိုက်ရင်း
ခပ်အေးအေးပုံစံဖြင့်ပြောလာခဲ့သော
Baekhyun ပုံစံသည် ခံစားချက်မဲ့လွန်းသည်။
Advertisement
"ငါက ဘာလို့ မေးရမှာလဲ မင်းမသတ်ဘူးဆိုတာ
ငါသိနေတာပဲ"
Kai အား ခပ်စွေစွေကြည့်လာသော Baekhyun ၏ မျက်လုံးများတွင် အံ့သြခြင်း အရိပ်ယောင်မပြ
"ဝမ်းနဲ့လွယ်ပြီး မွေးခဲ့တဲ့ ငါ့အမေ ကိုယ်တိုင်ကတောင် ငါ့ကို မယုံတာ မနေ့တနေ့က မှ တွေ့တဲ့ မင်းက ဘာတွေ လာယုံနေတာလဲ"
"Baekhyun !!"
ထောင်းခနဲ ထွက်လာသော ဒေါသကြောင့် Kai ရဲ့
အော်သံက ကျယ်လောင်သွားသည်။
Baekhyun က မထီမဲ့မမြင် ပြုံးရင်း..
"တော်စမ်းပါ Kai ရာ....
မင်းလည်း ငါ့ကို စွပ်စွဲချင်လို့ လာတာပဲမလား
ဘယ်သူကမှ မယုံကြည်တဲ့ ငါ့ရဲ့ ဇာတ်သိမ်းခန်း ကို
မြင်ပြီး လှောင်ပြောင်ချင်လို့ လာတာပဲ မလား "
ပါးစပ်ထဲက ပေါင်မုန့်ကို ဆက်ဝါးရင်း အပြုံးတစ်ခုဖြင့်
ပြောလာခဲ့သော Baekhyun...
အရင်က ပုံစံနဲ့ခြားနားစွာ ပြောင်းလဲနေသော Baekhyun ပုံစံကိုကြည့်ရင်း Kai အံ့သြမိသည်
အရင်က သိခဲ့ဖူးသော Baekhyun သည်
ဒီလိုပုံစံမျိုးမှမဟုတ်တာ..
ဘယ်အရာတွေကများ Baekhyun ကို ဒီလောက် အေးစက်သွားစေရတာလဲ..
"တခြားလူတွေ ယုံတာမယုံတာမသိဘူး
ငါကတော့ယုံတယ်.. ငါမင်းကို ယုံတယ်ဆိုတာကလဲ လက်လွတ်စပယ် မျက်စိမှိတ်ယုံခဲ့တာမဟုတ်ဘူး
အကျိုးအကြောင်း ဆက်စပ်စဉ်းစားကြည့်ရင်း
မင်းသတ်တာ လုံးဝမဖြစ်နိုင်မှန်းသိလို့......
ငါ ဒီကိုလာခဲ့တာကလဲ ငါ့သူငယ်ချင်းတစ်ယောက်ကို
အပြစ်မရှိပဲ မဖြစ်သင့်တာ မဖြစ်ရအောင်လို့ ငါကူညီပေးချင်လို့.."
ပြန်ပြောခြင်းမရှိ လက်ထဲက ပေါင်မုန့်ကိုသာ စိုက်ကြည့်နေသော Baekhyun အား
"ငါ မင်းအတွက် လိုအပ်တာ တွေ အားလုံးလုပ်ပေးခဲ့တယ် နောက် တပတ်လောက်နေရင် မင်းကို သူတို့ တရားရုံးတင်ကြလိမ့်မယ် တရားရုံးကျရင် မင်းဘက်က လိုက်ပေးရမယ့် ရှေ့နေကိုလဲ ငါ အကောင်းဆုံး ရွေးပေးထားတယ်.. ဒီကြားထဲ မင်း ဒီ အချုပ်ထဲမှာ နေရတာ အဆင်ပြေအောင် ငါ ရဲတွေကို ပြောထားခဲ့တယ် သူတို့ စစ်တာဆေးတာတွေ ဘာမှ ထပ်လုပ်မှာမဟုတ်ဘူး.. အခု ငါလုပ်ပေးတာ အကုန်လုံးက မင်း နဲ့ ငါ ညနေစာ တစ်ခါစားဖူးတယ် မင်းကို ငါ့သူငယ်ချင်းတစ်ယောက်ဖြစ်သတ်မှတ်လို့ ငါကူညီပေးတာ ကျန်တာ ဘာမှမပါဘူး ဒါဆို ငါသွားပြီ"
စေတနာကို တန်ဖိုးထားမခံရခြင်းအတွက်
Kai ဘာမှ ထပ်မပြောလိုတော့
အရမ်းကို ကူညီချင်နေမိသော ကိုယ့်အပြစ်ဟုသာ
မှတ်ယူလိုက်သည်။
ဝယ်လာသော ပေါင်မုန့်များကို
Baekhyun အရှေ့ချ ပေးရင်း ထပြန်လာခဲ့သည်။
တတ်နိုင်တဲ့ ဘက်က အကုန်ကူညီပေးပြီးရင်
ငါ မင်းနဲ့ မပက်သက်တော့ဘူး baekhyun
မင်းက ငါ့စေတနာတွေနဲ့ မ ထိုက် တန် ဘူး...
Kai လှည့်ထွက်လာပြီး တံခါးအဝနားသို့ အရောက်..
"ကျေးဇူးတင်ပါတယ်...
ပေါင်မုန့်အတွက် ပြီးတော့
-
-
ငါ့ကို ယုံ ပေး တဲ့ အ တွက်...."
Kai ခြေလှမ်းများကို ရပ်တန့်ပြီး Baekhyun ကို
လှည့်ကြည့်လိုက်တော့ ခုနက အေးစက်နေသော
ပုံစံနှင့် ခြားနားစွာ မျက်ရည်ဝဲနေသည်။
မော့ကြည့်နေသော မျက်ဝန်းများထဲမှ
မျက်ရည်များ၏ အဓိပ္ပါယ်ကို Kai နားမလည်..
မင်း ရဲ့ ပုံ စံ အမှန်က ဘာလဲ Baekhyun..
.....
.........
Jun 5 , 2016
At Seoul Court...
နာရီစင်မှ တစ်ချက်ချက်မြည်နေသော စက္ကန့်လက်တံလေးနှင့် အတူ တရားရုံး ခန်းမတစ်ခုလုံး ငြိမ်သက်နေကြသည်။
အနည်းငယ်မြင့်သော စင်ပေါ်တွင် Baekhyun ထိုင်နေပြီး ဘေးတွင် baekhyun ဘက်မှ လိုက်ပေးမည့် အစိုးရ ရှေ့နေတစ်ဦးထိုင်နေသည်။
Baekhyun တို့နှစ်ဦးရှေ့ မျက်နှာချင်းဆိုင်တွင်
အမဲရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော
တရားလိုဘက်မှရှေ့နေဖြစ်သူ
စစ်ဆေးရေးမှူး Zhang Giwon ထိုင်နေသည်။
ခန်းမ ထဲတွင် Baekhyun တို့အပြင် အခြား သတင်းထောက်များနှင့် ရဲများက ပွဲကြည့်ပရိတ်သတ်ဟန်
ခုံများဖြင့် ထိုင်ကာ မှတ်တမ်းယူနေကြသည်။
တချို့ကလဲ စူးစမ်းလိုသဖြင့် ဝင်ထိုင်နေကြသူများလဲပါသည်။ ထိုလူများထဲမှ ရှေ့ဆုံးတန်းတွင် Kai ထိုင်နေသည်။ မျက်ဝန်းများက စိတ်ပူနေသည့်ဟန် Baekhyun ကို လှမ်းကြည့်နေသည်။
Baekhyun ကတော့ အကျဉ်းသားဝတ်စုံကို ဝတ်ဆင်ထားပြီး မည်သူ့ကိုမှ မျက်နှာမပြချင်တာကြောင့် ခေါင်းကိုသာ တွင်တွင်ငုံ့ထားသည်။
"တရားသူကြီး ကြွလာပါပြီ အားလုံးပဲ
မတ်တပ်ရပ်ပေးကြပါ!!"
အသံနှင့်အတူ အားလုံးက မတ်တပ်ရပ်ကာ ဦးညွှတ်ကြပြီးသည့်နောက်တွင် အမဲရောင်ဝတ်စုံများကို ဝတ်ဆင်ထားပြီး အသက် ၅၀ ဝန်းကျင် ရှိဟန်တူသော လူသုံးဦးက အခန်းထဲဝင်လာကာ Baekhyun တို့ခုံနှင့် စစ်ဆေးရေးမှူးတို့ ခုံ၏ အလည် ခုံတန်းအရှည်တွင် အစီရီ နေရာယူကြသည်။
Advertisement
နေရာယူပြီး သိပ်မကြာမီ အားလုံး ပုံမှန်အနေထား ပြန် ထိုင်ကြသည်။
နာရီစင်က ညွှန်ပြထားသည်က မနက်၁၀ နာရီ တိတိ
"ကဲ အမှု့ စလို့ရပါပြီ"
တရားသူကြီးမင်းတစ်ဦး၏ စကားသံကြားသည်နှင့်
Baekhyun တို့ အရှေ့တွင်ရှိသော စစ်ဆေးရေးမှူးက မတ်တပ်ရပ်လာသည်။
ထို့နောက်တွင် တရားသူကြီးမင်းတို့အား ဦးတစ်ချက်ညွှန့်ကာ...
"May လ ၃၀ ရက်နေ့ ည ရှစ်နာရီ .... ကျောင်းမှာ လူသတ်မှု့တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဆေးစစ်ချက်တွေအရ သေဆုံးသူ Jeon shin ရဲ့ ဦးခေါင်းနဲ့ ခြေထောက်တွေမှာ ၂ လက်မ ပတ်လည်ရှိတဲ့ သံရိုက်တူနဲ့ အချက်ပေါင်းများစွာ ရိုက်နှက်ခံထားရပါတယ်။
ဒီလူသတ်မှု့အတွက် အဓိကသံသယရှိသူ Byun baekhyun ကို ကျွန်တော်တို့ စစ်ဆေးမှု့တွေပြုလုပ်တော့ စွပ်စွဲခံရသူ Byun baekhyun ဘက်က
သူသတ်တာမဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် ရှာဖွေတွေ့ရှိချက်တွေအရ အလောင်းမှာ Byun baekhyun ရဲ့ လက်ဗွေရှာတွေ့ခဲ့ပြီး Baekhyun ရဲ့ခန္ဓာကိုယ်မှာလဲ Jeonshin ရဲ့ သွေးတွေ ပေကျံနေတာကို မြင်တွေ့ခဲ့ရပါတယ်။
ဒီ့အပြင် အခြား မျက်မြင်သက်သေတွေရဲ ထွက်ဆိုချက်အရ baekhyun နဲ့ သေဆုံးသူ Jeon shin တို့က အခင်းမဖြစ်ပွားခင် နေ့လည် ၂ နာရီလောက်က အတန်းထဲမှာ ရန်ဖြစ်ခဲ့ကြတယ်လို့ကြားသိရပါတယ်။
ကျွန်တော်တို့ သုံးသပ်ရမယ်ဆိုရင် တရားခံ Byun baekhyun ဟာ သေဆုံးသူ Jeon shin ကို နေ့လည်က ဖြစ်ပွားခဲ့တဲ့ ရန်ပွဲကြောင့် မကျေနပ်ပဲ လက်စားချေသတ်ဖြတ်ခဲ့တယ်လို့ပဲမြင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ တရားလိုဘက်မှ အဓိကသံသယရှိသူ Byun baekhyun ကို လူသတ်မှု့နဲ့ တရားစတင် စွဲဆိုပါတယ်"
တရားလိုဘက်မှ အမှု့စင်ကာ တရားစွဲဆိုသည့် အပေါ် Kai အနည်းငယ်တော့ မျက်ခုံးလှုပ်မိသည်။
အမှန်ဆို ဒီအမှု့က အမှု့ကျွမ်းကျင်သော ရှေ့နေများပင် လွတ်အောင် စွမ်းဆောင်ရန်မှာ အလွန်ခက်ခဲသော အမှု့မျိုးပင်။
ယခုလို သာမန် အစိုးရ ရှေ့နေမျိုးနှင့်သာ ဆိုရင်တော့
100 မှာ 70% လောက်က ရှုံးဖို့သေချာနေသည်။
ကျွမ်းကျင်တဲ့ရှေ့နေ ငှားပေးမည်ပြောတာကိုလဲ လက်မခံပဲ ခေါင်းမာခဲ့သော Baekhyun ကိုသာ
Kai လှမ်းကြည့်ရင်း သက်ပြင်းချနေရသည်။
"ဒါဆို တရားခံဘက်က ရှေ့နေ ပြောပါ"
တရားသူကြီးမင်းစကားသံအဆုံး Baekhyun ဘက်က ရှေ့နေ မတ်တပ်ရပ်ကာ ဦးညွှန့်ပြီးနောက်
"Jeon Shin သေဆုံးအမှု့ က Baekhyun တရားခံပါလို့ စွပ်စွဲတာကို ကျွန်တော့ဘက်ကငြင်းပယ်ပါတယ်။
Baekhyun နဲ့ Jeon shin က အခင်းမဖြစ်ပွားခင် နေ့လည်က ပြသနာ အနည်းငယ်ရှိခဲ့တယ်ဆိုတာမှန်ပေမယ့် Jeon shin ကိုသတ်သူက Baekhyun ပါလို့ ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ Jeon shin မှာ Baekhyun အပြင် တခြား ပြသနာတတ်ခဲ့ဖူးတဲ့ လူများလဲ ရှိတယ်လို့ အသိသက်သေတချို့ကထွက်ဆိုထားပါတယ်။ အဲ့နေ့ညက လူသတ်သမားက Baekhyun မဟုတ်ပဲ တခြား Jeon shin နဲ့ ရန်ငြိုးရှိခဲ့ဖူးသော သူများထဲမှ တစ်ဦးလဲဖြစ်နိုင်ပါတယ်။ ပြီးတော့ ခန္ဓာကိုယ်မှာ သွေးတွေပေနေတယ် ဆိုတဲ ကိစ္စကလဲ Baekhyun က စာရွက်ယူရန် လာရင်း
အမှောင်ထဲမှာ အလောင်းကို မမြင်ပဲ ချော်လဲရာကနေသွေးတွေပေကျံခဲ့ရတာပါ။ လက်ဗွေကလဲ Baekhyun ဘက်က မထင်မှတ်ပဲ အလောင်းကို ထိမိရာကနေ လက်ဗွေကျန်ခဲ့တယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ဒီအမှု့ Baekhyun အတွက် အချိန်မှား နေရာမှားသွားမိရာကနေ လူသတ်ခံထားရတာနဲ့ တိုက်ဆိုင်ပြီး စွပ်စွဲခံခဲ့ရတယ်လို့ပဲမြင်ပါတယ်။"
Baekhyun ရှေ့နေ စကားဆုံးဆုံးခြင်း
စစ်ဆေးရေးမှူးက မတ်တပ်ထရပ်ကာ
"Jeon shin ကို Baekhyun အပြင် အခြားလူတစ်ယောက်က သတ်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး
ဘာလို့ဆို အဲ့နေ့က အခင်းဖြစ်ဖြစ်ပြီးချင်း ကျောင်းရဲ့ ပေတစ်ရာပတ်လည်ကို ရဲတွေ ရှာဖွေမှု့ကို ပြုလုပ်ခဲ့ပါတယ်။ ဒါမယ့် ကျောင်း ပတ်ဝန်းကျင်မှာ Jeon shin ကို သေစေနိုင်မည့်သူက Baekhyun ကလွဲပြီး ဘယ်သူမှ ရှိမနေခဲ့ပါဘူး။"
စစ်ဆေးရေးမှူးစကားကြောင့် Baekhyun ရှေ့နေ မျက်နှာ တစ်ချက်ပျက်သွားသည်ကို Kai မြင်လိုက်သည်။ ဒီပုံစံအတိုင်းဆို ဒီအမှု့နိုင်ပါ့မလား...
"Baekhyun ပြောဆိုချက်အရ အဲ့နေ့ ညနေက Baekhyun က သူသူငယ်ချင်းတစ်ဦးနဲ့ ညနေစာသွားစားခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် Baekhyun သာ အမှန်တကယ် လူသတ်တရားခံဆို လူသတ်မယ့် ညနေမှာ သာမန်သူတစ်ယောက်လိုသူငယ်ချင်းနဲ့ အေးအေးဆေးဆေး ညနေစာသွားစားနေပါ့မလား လူသတ်ဖို့အတွက် အားလုံးကြိုပြီး စီစဉ်နေမှာပေါ့"
"ဒါဆို Jeon shin သေဆုံးတဲ့နေရာကလဲ ဘာလို့ Baekhyun ရဲ့ စားပွဲခုံနားမှာဖြစ်နေရတာပါလဲ။
ဒီလောက်ကျယ်ဝန်းတဲ့ အခန်း ခုံတွေအများကြီးထဲမှာမှ ဘာလို့ တိုက်ဆိုင်စွာ Baekhyun ရဲ့ စားပွဲခုံနားမှာ ဖြစ်နေရတာလဲ"
ထပ်မံ မေးလိုက်သော စစ်ဆေးရေးမှူးကြောင့် Baekhyun ရှေ့နေ နှုတ်ဆိတ်သွားသည်။
ဒီမေးခွန်းကြီးက တကယ်ကို အကြပ်ရိုက်စေမည့်မေးခွန်းကြီး.. အမှန်တကယ်ပင် Kai ကိုယ်တိုင်က
Baekhyun မသတ်ပါဘူးဟု မျက်စိမှိတ်ယုံထားသော်လဲ ဒီသွေးစက်တွေက ဘာကြောင့် Baekhyun ခုံပေါ်ရောက်နေရတာလဲဆိုတာ Kai မသိပါ။
မျက်ဝန်းသေများဖြင့် ခေါင်းငုံ့ထားသော Baekhyun အား အားပေးသည့်သဘောဖြင့် Kai ခေါင်းတစ်ချက်
ငြိမ့်ပြလိုက်တော့
Baekhyun ဘက်မှ တုန့်ပြန်လိုက်သည့်
မျက်ဝန်းများက ဖျော့တော့စွာ...
အားငယ်မှု့ ၊ ပင်ပန်းနွမ်းနယ်မှု့ များသည် မျက်ဝန်းထဲတွင် အယောင်ဟပ်နေသည်။
စွန့်ပယ်ခံရခြင်းတွေအပေါ်
နေသားကျ နေပုံရသည့် Baekhyun..
ဘာတွေက ဘယ်လောက်ထပ်ပြီး ပင်ပန်းစေဦးမှာလဲ..
အရေးကြီးဆုံးအချိန်မျိုးတွင် အားပေမယ့် ဆွေမျိုးမပြောနှင့် မိဘများ၏ မျက်နှာကိုပင် မြင်တွေ့ခွင့်မရသော
သားသမီးတစ်ယောက်၏ ရင်ထဲတွင် ဘယ်လောက်တောင် အားငယ်ခြောက်ခြားနေမည်လဲ။
အဆင်ပြေသွားမှာပါဟူ၍ ပြုံးပြ အားပေးရုံမှအပ Kai ဘာမှမတတ်နိုင်ခဲ့။ မကြာခင်ရောက်လာတော့မယ့်
သူငယ်ချင်းတစ်ယောက်ရဲ့ ကျရှုံးခန်းကို သိသိရက်နဲ့
ကူညီနိုင်ခြင်းမရှိပဲ လက်ပိုက်ထိုင်ကြည့်နေတဲ့
ကိုယ့်ဟာကိုယ်လဲ စိတ်ပျက်မိတာအမှန်။
*မင်းကံကိုက ဆိုးလွန်းပါတယ် baekhyun ရာ
အသည်းသန်ငြင်းခုံနေကြသော ရှေ့နေများနှင့် မသက်ဆိုင်စွာ အဝေးသို့မျှော်ကြည့်နေသော
Baekhyun ကိုသာ Kai ငေးကြည့်နေမိသည်။
"ကဲ.. ဒါဆို တရားခံ Baekhyun ရဲ့ ထွက်ဆိုချက်ကို နားထောင်မယ် "
Baekhyun သက်ပြင်းချကာ ခပ်ဖွဖွ ပြုံးရင်း
မတ်တပ်ရက်လာသည်
"ဒီအမှု့မှာ တရားခံက Byun baekhyun ပါဆိုပြီး ခိုင်လုံနေပါပြီ.. ဒီတော့ byun baekhyun ဘက်က ဘာများ ငြင်းချင်သေးလဲ"
တရားသူကြီး၏ စကား အဆုံးမှာ Baekhyun က
Kai ဘက်လှည့်ကာ နှုတ်ခမ်းလှုပ်ရုံများပြုံးပြနေသည်
မျက်ဝန်းများက အသက်မဲ့လျက်...
မဟုတ်ဘူး.. Kai ဒီအပြုံးကို သဘောမကျဘူး..
သူသိနေသည်။ Baekhyun ရဲ့ ဒီအပြုံးကို သူ ခန့်မှန်းမိနေသည်။ Baekhyun အရွဲ့တိုက်တဲ့အခါ ပြုံးတတ်သည့် အပြုံးမျိုးး..
ဒါ..ဒါဆို Baekhyun က .....
Kai စိုးရိမ်ကြီးစွာ မတ်တပ် ထရပ်လိုက်သည်။
"မဖြစ်ဘူး Baekhyun!!"
Kai ရဲ့ ရေရွတ်သံက အနည်းငယ်ကျယ်လောင်သွားသော်လဲ Baekhyun က တော့ လျစ်လျှူရှု့လျက်
တရားသူကြီးဘက်သို့ မျက်နှာမူလိုက်သည်
မဖြစ်ဘူး Baekhyun.. ဒီအချိန်မှာ မင်း ငြင်းမှရမယ်
အရွဲ့တိုက်ပြီး ဝန်ခံလိုက်ရင်
မင်း ထောင်ကျသွားလိမ့်မယ်..
မဖြစ်ဘူး...
"Baekhyun ငါ မင်းကို မလုပ်နဲ့လို့ပြောနေတယ်!!"
Kai ရဲ့ ကျယ်လောင်သော တားစီးသံကြောင့် တခြားလူတွေက ဝိုင်းကြည့်လာကြသော် လဲ Baekhyun က တစ်ချက်လှည့်ကြည့်မလာတော့..
တောင်းပန် ပါတယ် Kai..
ငါ မင်းစေတနာကို နားလည်ပါတယ်..
ဒါပေမယ့် ငါကြောင့် ဘယ်သူ့ကိုမှ ထပ် ဒုက္ခမရောက်စေချင်တော့ဘူး...
"Jeon Shin ကို သတ်တဲ့ တရားခံက......"
ပျံလွင့်လာသော Baekhyun ရဲ့ အသံတိုးတိုးက ခန်းမအတွင်း ပဲ့တင်ထပ်လျက်......
_________💔_________
အဖြစ်ပျက် အားလုံးကို ခန်းမရဲ့ ထောင့်စွန်းနားမှ ထိုင်၍ ကြည့်ကာ ပြုံးနေသော သူတစ်ယောက်..
ဖြူစင်လွန်းတယ် ကလေးလေး..
ဒါပေမယ့် မင်းရဲ့ ဖြူစင်မှု့တွေက
အသုံးမဝင်ဘူးဆိုတာ မင်းသိလာတဲ့ တစ်နေ့
မင်း ဒီလို ဖြူစင်ချင်တော့မှာ မဟုတ်ဘူး...
Advertisement
- In Serial333 Chapters
The Swordsman Called the Countless Swords Sorcerer
Sword Magic, where a sword is manipulated using magic to freely fly in the air, cutting down enemies. Ardis is a user of this new magic art that has never been seen before throughout the entirety of the history of magic. As a mercenary, he undertakes various requests in return for remuneration, including subjugations, escorts and investigations. On the way home from a survey request, he protects a pair of twin girls who survived their caravan being attacked by bandits, however in this world twins are considered “abominations”. Along with the twins and a girl who accompanies him as a follower, he holds back his anger at the world which looks coldly at the twin girls due to the goddess’ intervention. This is the story of such a swordsman called the countless swords sorcerer. Thank you for reading updated The Swordsman Called the Countless Swords Sorcerer novel @ReadWebNovels.net
8 415 - In Serial6 Chapters
Rebirth of the Heavenly General
The Great General of the Heavenly Army is betrayed by the very person he swore an oath to serve until death. Saving the Realm one last time by sacrificing his own life, a thing of the past gives him a second chance at life and start everything anew. .............
8 193 - In Serial6 Chapters
The Legend Of One Piece: A Journey Through Divided Seas
(This is a One Piece FanFiction)Decades have passed, since the last Pirate King, Luffy and the Straw Hats had disappeared. Much had changed, in fact, People have forgotten what is true freedom and much of true piracy has been lost. The seas have become far more divided than ever.. What is the world government up to now? A corruption over powers the Marine and who is this new pirate crew that are making a name for themselves?Will this new Pirate Crew shaken the freedom that had been long lost in deep slumber?Welcome to the story of Pirate Nortus D. Claudeus! A new era begins! (I don't own One Piece only the OC's I created & this story)
8 71 - In Serial21 Chapters
The Reincarnated Boy's Tears
If one knows only coldness and bitterness from those who should love them, can one blame them for how they turn out? If a boy who suffers from his parents, who cries out but is never helped, develops a cold heart of hatred, can one expect him to adhere to the morals of the people? And if a child like that is given power...can he be held responsible for how he reacts? After getting beaten and abused to death by his parents, a boy wakes up and finds himself reincarnated in another world. However, after getting his memories back at age six, he has still faced abuse and neglect as an orphan of the slums, eventually kidnapped and brought outside the city...when he wakes up, everyone is dead, and he is left alone. Will he be able to survive? Will his bitter and cold heart ever warm up? Or will he end up suffering? Or will a single spark of kindness be able to save him, a single light in the dark? Only time will tell. (Cover image found from Pintrest, could not find original creator listed or named)
8 197 - In Serial11 Chapters
Codex of Shadows
"All who dare block my path shall perish, all who dare chase me shall feel remorse. I am my own justice, my enemies, tremble, for i shall come for you." Comedy, tragedy, drama, for everyone their own, stay tuned to check out what new events might pop out for our imperfect MC!
8 132 - In Serial13 Chapters
Edward and His Bully Troubles
hi. i'm edward. i know, dorky name-but i like it. i have two older brothers that make my life hell. i endure wedgies, wet willies, swirlies, etc by not only them, but also my main bully at school: eli. read to find out how i live my life :)i'm trying to update as much as i can! please vote and share this story! thanks :)
8 170

