《S T R A N G E R》Part 8
Advertisement
"Jeon Shin ကိုသတ်တဲ့ တရားခံက..."
ပျံလွှင့်လာသော Baekhyun ၏ အသံတိုးတိုးက ခန်းမ အတွင်းတွင် ပဲတင်ထပ်လျက်...
လူများအားလုံးကလည်း Baekhyun ရဲ့ အဖြေကို
စိတ်ဝင်တစား နားထောင်နေကြသည်။
တားမရသော အခြေနေကြောင့် Kai နှင့် အတူ
Baekhyun ရှေ့နေလဲ မျက်နှာအတော်ပျက်လျက်ရှိသည်။
တရားခံကိုယ်တိုင်က ဝန်ခံလိုက်ရင် ဘေးလူတွေ ဘယ်လိုမှ ကယ်နိုင်တော့မည်မဟုတ်..
ဆုံးဖြတ်ချက်ချပြီးသော ကိစ္စတစ်ခုကို
အပြီးသတ်ရန် Baekhyun လေကို
လုံလောက်အောင်ရှူရင်း အားတင်းလိုက်သည်။
"တရားခံက... ကျွန်... တော်....."
ဝုန်းးး!!!!
Baekhyun စကားမဆုံးခင် ဆွဲဖွင့်လိုက်သော
တံခါးသံက ခန်းမ တစ်ခုလုံး မြည်ဟီးသွားသည်။
လူများအားလုံးရဲ့ အာရုံကလဲ
တံခါးဆွဲဖွင့်လိုက်သော သူထံတွင်သာ...
"တရားခံက ကျုပ်ပါ"
ကြားလိုက်ရသော စကားသံကြောင့် Baekhyun
ကိုယ်တိုင်ပင် အသံပိုင်ရှင်ထံသို့ လှည့်ကြည့်လိုက်မိသည်။
အရပ်ရှည်ရှည် နှင့် လူတစ်ဦး..
တူတစ်ချောင်းကို လက်တွင် မြဲမြံစွာ ကိုင်ထားပြီး
အခင်းဖြစ်တဲ့ ညက Baekhyun တွေ့ခဲ့သည့် လူဝတ်ဆင်ခဲ့သော အင်္ကျီကို တူညီစွာဝတ်ထားသည်။
"တရားရုံးကို ဒီလို ဝင်ချင်းတိုင်းဝင်လို့ရမလား..
မင်းမှာ သတ်ပါတယ်ဆိုတဲ့ သက်သေ ပါလို့လား"
တရားသူကြီး၏ ကျယ်လောင်သော စကားသံအဆုံး
ထိုလူက အသံ ကျယ်ကျယ်နဲ့ အော်ရီသည်။
"ဒီမှာ သက်သေ.. ဒီတူနဲ့ အဲ့နေ့ညက အဲ့ကောင်ကို ထုသတ်ခဲ့တာ .. ပြီးတော့ ဒီမှာ အဲ့နေ့ညက ပျောက်နေတဲ့ Cctv မှတ်တမ်း..."
တူကို မြှောက်ပြပြီးနောက် အိတ်ထဲက တိပ်ခွေတစ်ချပ်ကို တရားသူကြီး ရှေ့သို့ ထိုသူက ပစ်ချပေးလိုက်သည်။
တရားခံအမှန်ပေါ်လာတာကြောင့် Kai ရဲ့မျက်နှာ ပြုံးရွှင်နေသော်လည်း မပြုံးနိုင်သေးသူက
Baekhyun ပင်...
အံ့သြနေသော မျက်ဝန်းများနှင့်အတူ
တရားခံဖြစ်ကြောင်း ဝန်ခံနေသော
ထိုလူအား Baekhyun ငေးကြည့်နေမိသည်။
ဒီ..ဒီ အသံ..
Baekhyun မှတ်မိသလောက် အဲ့နေ့ညက
တွေ့ခဲ့တဲ့သူရဲ့ အသံက ဒီလိုမဟုတ်ပါ
အသားညိုညို၊ ဆံပင် ဖွာလန်၍ နှုတ်ခမ်းမွှေး ဗလပွနှင့် ထိုသူသည် အခင်းဖြစ်တဲ့ညက Baekhyun တွေ့ခဲ့သော သူ မဖြစ်နိုင်ပါ
အမှောင်ထဲမှာ မို့ မျက်နှာသေချာ မသဲကွဲသော်လည်း
ထိုသူ၏ အသံနှင့် မျက်နှာ အချိုးစားကို အနည်းကျဉ်းတော့ မှတ်မိသည်။
အင်္ကျီဆင်တူစွာ ဝတ်ဆင်ထားသော်လည်း
သေချာသည်က တရားသူကြီးရှေ့တည့်တည့်တွင် မတ်တပ်ရပ်၍ တရားခံဖြစ်ကြောင်းဝန်ခံနေသူသည် အခင်းဖြစ်တဲ့ညက Baekhyun တွေ့ခဲ့သော
သူ လုံးဝမဟုတ်..
ဒါ..ဒါဆို ဒီလူက ဘယ်ကရောက်လာတာလဲ.. ဘာလို့ လူသတ်တရားခံက သူပါလို့ လာဝန်ခံရတာလဲ... ??
"တရားသူကြီးမင်း ဒီအမှု့ကိုနောက်တကြိမ်ထပ်
စစ်ဆေးဖို့ လိုနေပါပြီ ဒီအတိုင်းဆို တရားခံဖြစ်
စွဲချက်တင်ခံရတဲ့ Baekhyun က အပစ်မရှိဘူးဆိုတဲ့သဘောပေါ့"
Baekhyun ရှေ့နေ ရဲ့ စကားသံကြောင့် ပွဲကြည့် ပရိတ်သတ်နှင့် သတင်းထောက်များ ကျွတ်ကျွတ်ညံသွားသည်။
"ဒါ ဆို Baekhyun က မတရားစွပ်စွဲခံရတာပေါ့
ခင်ဗျားတို့ ဘယ်လို အလုပ်လုပ်နေတာလဲ"
"ဒီတိုင်းတော့ ယုံလို့ ဘယ်ရမလဲပြန်စစ်ဆေးရမှာပေါ့"
"စစ်ဆေးရေးမှူးက ဘယ်လိုစစ်ထားတာလဲ အသုံးမကျလိုက်တာ.."
"ကောင်လေးက ငယ်ငယ်လေးနဲ့ ကြားထဲက
ထောင်ကျတော့မလို့ သူတို့ လုပ်တာနဲ့ "
အောက်က လူအပေါင်း၏ သို့လော သို့လောနှင့်
ထင်မြင်ချက်ပေးသံများ ဆူညံကုန်သည်။
စစ်ဆေးရေးမှူးလည်း မျက်နှာ အတော်ပျက်လျက်..
"အားလုံး ခဏလောက်ငြိမ်ပေးပါ"
တရားသူကြီးမင်း၏ အသံအဆုံးတွင် ခန်းမထဲရှိ လူများအားလုံး ပြန်လည်ငြိမ်သက်သွားသည်။
"ကျွန်တော်တို့ အခု ဒီအမှု့ကို နောက်တကြိမ်ပြန်စစ်ဆေးပါမယ်။ ဒီအမှု့အတွက် သက်သေဖြစ်တဲ့ သံရိုက်တူကို စစ်ဆေးရုံကို ပို့ပြီး တူပေါ်က သွေးတွေက Jeon Shin ရဲ့ သွေးဟုတ်မဟုတ် စစ်ဆေးပါ။
ပြီးရင် တူပေါ်က လက်ဗွေကလဲ ဒီလူ့လက်ဗွေလားဆိုတာစစ်ဆေးပါ။ တူကိုစစ်ဆေးနေတုန်း ကျွန်တော်တို့က ဒီလူပေးတဲ့ တိပ်ခွေကို ဖွင့်ပြီး သူပြောတဲ့တိုင်း ဟုတ်မဟုတ် စစ်ဆေးပါမယ် ကဲ.. အခု ဒီ တိပ်ခွေကို Projector မှာ ဖွင့်လိုက်ပါ အားလုံးမြင်ရအောင်"
တရားသူကြီးက ဘေးတွင် ရှိသော ရဲများထံတွင် တူကိုအပ်၍ စစ်ဆေးစေပြီး တိတ်ခွေကို ပိတ်ကားပေါ် လူအများရှေ့တွင် ဖွင့်ချရန် အမိန့်ပေးလိုက်သည်။
Kai အပါအဝင် လူအားလုံးကလည်း ဘာဆက်ဖြစ်မလဲ သိချင်စိတ်နှင့် ငြိမ်သက်စွာ စိတ်ဝင်တစား
စောင့်ကြည့်နေကြသည်။
Baekhyun မြင်နေရသော မြင်ကွင်းက
စိတ်မချမ်းသာဖွယ်..
Projector တွင် ပေါ်နေသော Cctv မှတ်တမ်းအရ
လူတစ်ဦးသည် Jeon Shin ၏ ဦးခေါင်း အား
Leb ခန်းထဲတွင် တူနှင့် ကြေမွသည်အထိ
Advertisement
ရိုက်နှက်နေသည်။
Cctv မှ တစ်ဆင့်မြင်နေရသော ထိုသူ၏ ပုံရိပ်သည်
ထင်ရှားပြတ်သားနေသော်လည်း အမှောင်ထဲတွင် ဖြစ်တာကြောင့် မျက်နှာကိုတော့ ပြတ်သားစွာမမြင်ရ..
အစက ရုန်းကုန်နေသော်လည်း ခေါင်းကို အရိုက်ခံရပြီးနောက် မလှုပ်တော့သော Jeon shin အား ထိုလူက အပေါ်ထပ် စာသင်ခန်းထဲသို့ ဆွဲတင်သွားကာ Jeon shin ၏ ခြေထောက်များကို ထပ်မံ၍ အကြိမ်ပေါင်းမရေတွက်နိုင်တဲ့အထိ သွေးအေးစွာ စိတ်ကြိုက် ရိုက်နှက်နေသည်။
မြင်မကောင်းအောင် ပန်းထွက်လာသော
သွေးများက ချင်းချင်းနီလျက်။
မှောင်မဲနေသော ညအချိန်မျိုးမှာတောင် စားပွဲခုံများတွင် မြင်နေရသော သွေးများက သွေးပျက်ဖွယ်။
အချက်ပေါင်းများစွာ ရိုက်နှက်ပြီးသည့် အဆုံးတွင်
ထိုလူက ကျေနပ်သွားသည့်ဟန် အခန်းပြင်သို့
တည်ငြိမ်စွာ ပြန်ထွက်သွားသည်။
လူသတ်သမားက သွေးအေးသလောက်
ရက်စက်သည့်သူမျိုးပင်..
သိပ်မကြာခင် ကျောင်းထဲသို့ Baekhyun ရောက်လာကာ Baekhyun ကြုံခဲ့သည့်အတိုင်း Cctv မှတ်တမ်းက ထပ်တူညီစွာဖော်ပြပြီးသည့်နောက် အမှောင်ကျကာ အဆုံးသတ်သွားသည်။
သို့သော်.. ထူးဆန်းတာတခုက..
လှေကားနားတွင် Baekhyun နှင့် ထိုလူသတ်သမား တွေ့သည့်အခန်းသည် မှတ်တမ်းထဲတွင်
ပါမလာခဲ့ခြင်းပင်...
ဒါဆို ဒီအပိုင်းကို လူသတ်သမားက
တမင်သက်သက်ဖြတ်ခဲ့တာလား..
Baekhyun တွေဝေစွာ တရားခံဆိုသည့်လူကို လှမ်းကြည့်လိုက်မိပြန်သည်။
ထို အခိုက်တန့်...
စက္ကန့်ပိုင်းလောက်ပင် မရှိသော အချိန်လေးတွင်
Baekhyun ကျောမလုံသောခံစားချက်နှင့်အတူ
အကြောင့်မဲ့ ကြက်သီး ဖြန်းခနဲ ထသွားသည်။
ဟင်.. ဒ..ဒီ ခံစားချက်...
အေးစက်သွားသော လက်ဖျားများနှင့် အတူ
Baekhyun သဘောပေါက်လိုက်သည်က..
သူ အခု ဒီနေရောကိုရောက်နေတယ်..
ဟုတ်တယ်.. သူ...
Jeon Shin သေတဲ့ညက လှေကားနားမှာ
တွေ့ခဲ့တဲ့သူ ဒီနေရာကိုရောက်နေတယ်..
ပြီးတော့ သ..သူ ကျွန်တော့ကို စိုက်ကြည့်နေတယ်!!
လျင်မြန်စွာ Baekhyun စင်အောက်သို့
လှည့်ကြည့်မိလိုက်သည်။
ထင်ထားသည့်အတွေးနှင့် ထပ်တူစွာ..
ထိုင်နေသောလူများ ကြား
ထောင့်တနေရာတွင် ထိုသူ ရှိနေခဲ့သည်..
နီညှိုရောင် ခပ်ပွပွ Hoodie နှင့်
ခပ်အေးအေးမျက်နှာထား
ထိုင်ခုံကို နောက်ကျောမှီထိုင်ကာ
နှုတ်ခမ်းကွေးယုံမှ ပြုံးနေသော
ထိုသူ့ပုံစံသည် သူနှင့်မဆိုင်သော
ကိစ္စတခုကို ဘေးလူတယောက်အနေနှင့်
ထိုင်ကြည့်နေသည့်အလား..
အေးစက်နေသော မျက်ဝန်းများရဲ့ဦးတည်ရာကလည်း Baekhyun ဆိုသည့် ကောင်လေး တယောက်ထဲတွင်သာ စူးနစ်စွာကျရောက်လျက်ရှိသည်။
စိုက်ကြည့်နေသော မျက်ဝန်းနက်တို့ကြောင့်
Baekhyun တုန်လှုပ်စွာ အကြည့်လွှဲလိုက်မိသည်။
ကျောရိုးတလျောက် စိမ့်တက်လာသော ကြောက်ရွံ့များက ထိုနေ့ညကို ပြန်အမှတ်ရစေသည်။
ထိုကြောက်ရွံ့မှု့နှင့်အတူ ဇဝေဇဝါဖြစ်နေသော Baekhyun ၏ အတွေးများက အဖြေမှန်ကို ရရှိသွားသည်။
သေချာသည်...
ထိုနေ့ညက ကျောင်းဆောင်ထဲမှာ
Baekhyun တွေ့ခဲ့သည့်လူ...
Jeon Shin ကို သတ်ခဲ့သည့် တရားခံသည်
ယခု လူအများရှေ့မှာ တရားခံအဖြစ်
လာဝန်ခံသော လူ မဟုတ်ပဲ
လူတွေနဲ့ ရောယှက်ကာ
ထောင့်စွန်းနားမှာ အေးစက်စွာထိုင်နေသော
ကြောက်စရာကောင်းတဲ့ လူပဲ ဖြစ်သည် ဆိုတာ..
........
ကျွန်တော့ ဘဝ အတွက် ကြောက်ရွံ့မှု့ ဆိုတဲ့ အရာက ခင်ဗျားရဲ့ အသက်မဲ့တဲ့ အပြုံးနဲ့ အေးစက်စက်
အကြည့်တွေကြားမှာ ဖြစ်တည်တယ်...
__________💔__________
မှောင်မဲနေသော မြေအောက်ခန်းတစ်ခန်း။
ည အချိန်၏ တိုက်ခတ်နေသော လေအေးများက
မြေအောက်ထပ်တခုလုံးကို အေးစက်နေစေသည်
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကြောင့်
မြင်ကွင်းအားလုံးက မှုန်ဝါးဝါးဖြစ်နေသည်။
ည၏ ပိန်းပိတ်မှောင်နက်နေသော အမှောင်ထုကြောင့် အိမ်ကြီးတစ်ခုလုံး အသက်မဲ့နေသည့်အလား
သာမန်မြေအောက်ခန်းတစ်ခုဖြစ်သော်လည်း
ခမ်းနာမှု့က ကြက်သီးထဖွယ်..
အခန်းတွင်းပြင်ဆင်များကလဲ
တိတ်ဆိတ်ကာ အထီးကျန်နေသည်။
အခန်းသို့သွားသည့် ကျဉ်းမြောင်းသော
လျောက်လမ်းနှင့် အခန်းတွင်းရှိ
ပရိဘောဂများမှာလဲ ပြုပြင်မွမ်းမံမည့်သူမရှိတာကြောင့် အနည်းငယ် ဟောင်းနေပုံရှိသည်
အခန်းတွင်းတွင် အပြင်ဘက်အလင်းရောင်မရှိပဲ အလုံပိတ်အခန်းမျိုးဖြစ်သဖြင့်
အသက်ရှူရန်ပင်ခက်ခဲလှသည်။
အခန်းလယ်ရှိ ခမ်းနားစွာတည်ရှိနေသော
မီးပန်းဆွဲကြီး၏ မှိုင်ပြပြ အလင်းရောင်က
တစ်ခန်းလုံးကို ခပ်ဖျော့ဖျော့အလင်းပေးနေသည်
တရှပ်ရှပ်ပြေးလွှားနေသော
တွင်းအောင်းသတ္တဝါများ၏ အသံမှာ ခြောက်ခြားဖွယ်။
လကွယ်ညတွင် မြေအောက်ခန်းအတွင်းရှိ
အအေးငွေ့များက ဝိဉာဉ်ဆန်ဆန်
တရွေ့ရွေ့လှုပ်ရှားနေကြသည်။
ရှည်လျားသော မြေအောက်လှေကားများကိုဖြတ်၍ မှောင်မဲကျဉ်းမြောင်းသော လမ်းများ၏ အဆုံးသတ် ထို ခြောက်ခြားဖွယ် ခမ်းနားနေသော အခန်းကြီးသည် သာမန်လူတစ်ယောက်အဖို့ စိတ်ကူးနှင့်ပင်
ထိတ်လန့်စေနိုင်မှာအမှန်ပင်။
သို့သော် သာမန်လူများ စိတ်ကူးနှင့်ပင် မတွေးမိသောအရာများက ထို မြေအောက်ခန်းထဲတွင် ထူးဆန်းစွာရှိနေသည်
ထိုအရာက ... Byun baekhyun ဆိုသော ကောင်လေး၏ လှုပ်ရှားမှု့ကို အသေးစိတ်ရိုက်ကူးထားသော များပြားလှသည့် ဓါတ်ပုံများပင်...
-
-
-
ရှပ် ရှပ် ရှပ်!!
အမှောင်ထဲတွင် ဝိုးတိုးဝါးတားဖြင့် ထွက်ပေါ်လာသော ခြေသံသဲ့သဲ့။
အမှောင်ထဲရှိ အရိပ်တစ်ခုက မြေအောက်ခန်းထဲသို့ လမ်းလျှောက်လာသည်ထင်သည်။
အမည်းရောင် Long coat ကို ဝတ်ဆင်ထားသော
Advertisement
ထိုသူ၏ ခြေသံသည် တိတ်ဆိတ်နေသော ညအချိန်တွင် အိမ်မက်ဆိုးသဖွယ်
ထိုသူက ကွေ့ဝိုက်နေသော မြေအောက် လှေကားများကို အဆင့်ဆင့်ဖြတ်ကျော်လာပြီးနောက်
လျို့ဝှက်ခန်းတံခါးအား တွန်းဖွင့်လိုက်သည်။
အခန်းထောင့်တွင် ကျွန်းဖြင့်ပြုလုပ်ထားသာ
စားပွဲခုံကြီးတစ်ခုက ခန့်ညားစွာ တည်ရှိနေပြီး
နီညိုရောင် ကော်ဇောပေါ်သို့ လျှောက်လှမ်းလာသော ထိုသူ့ပုံစံက အေးစက်မှု့အသွင်ဆောင်နေသည်။
မျက်နှာကို တည်ထားပြီး စူးရှနေသောမျက်လုံးများသည် တခုခုကို အာရုံစိုက်နေပုံရသည်။
အခန်းတွင်းနံရံများတွင် ပြည့်နှက်နေသော Baekhyun ဓါတ်ပုံများကို ကြည့်ခြင်းဖြင့်
ထိုသူ၏ Baekhyun အပေါ် ရူးသွတ်ခြင်း
အတိမ်အနက်ကို ခန့်မှန်းနိုင်သည်။
ရှည်လျားလှသော ကော်ဇော်အနီကြီး၏အဆုံးသတ် တစ်နေရာ အရောက်တွင် ထိုသူ၏ ခြေလှမ်းများရပ်တန့်သွားသည်။
ဝုန်း!!
ဆွဲချခြင်းခံလိုက်ရသော ပိတ်စအဖြူကြီးသည်
လေထဲမှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ ဖြေးညှင်းစွာ သက်ဆင်းသွားသည်။
ပါးလှပ်လှသော အဖြူရောင် ပိတ်စကြီး၏ နောက်ကွယ်မှ ထွက်ပေါ်လာသော ပန်ချီကားတစ်ချပ်
မတ်တပ်ရပ်နေသော ထိုလူ၏ အရပ် နှစ်ပြန်စာလောက်မြင့်မားသော ပန်းချီကားကြီးထဲတွင် အသက်ဝင်စွာ ပြုံးနေသော ကောင်လေးတစ်ယောက်။
မျက်လုံးများပိတ်ကျသည်အထိပြုံးနေသော
ကောင်လေး၏ လှပသော ပုံရိပ်သည်
အသေးစိပ် စုတ်ချက်များဖြင့် သပ်ရပ်စွာ
ပုံဖော်ထားသော ပန်းချီကားထဲတွင်
လှပစွာ အသက်ဝင်နေသည်
ပန်ချီကားအား စူးရဲစွာ စိုက်ကြည့်နေသော
ထို သူ၏ မျက်လုံးများသည် အတ္တဆန်သော
အမှောင်ရိပ်များ ဖုံးလွှမ်းနေသည်။
မင်း သိပ်မကြာခင် ငါ့လက်ထဲကို
လာရတော့မယ် ကောင်လေး..
Duu Duuu Duuu!!
လက်ထဲက မြည်လာသော ဖုန်းသံကြောင့်
အပြုံးများ ရပ်ချည်းရပ်တန့်သွားကာ
Answer call ကိုနှိပ်လိုက်သည်..
"Hello Mr.Park "
ခိုင်းစေထားသော ကိစ္စကို အကြောင်းပြန်ခြင်း
ဖြစ်နိုင်တာကြောင့် Chanyeol ဘာမှမပြောပဲ
နားထောင်နေလိုက်သည်။
ပုံမှန်အားဖြင့် Chanyeol သည် တစုံတယောက်နှင့် ဆက်သွယ်စကားပြောရခြင်းကို နှစ်သက်သည့်
သူမျိုးမဟုတ်..
"ကျွန်တော် ကောင်လေး အစား ထောင်ထဲဝင်ဖို့ လူတစ်ယောက်ကို တရားခံအဖြစ် ဝန်ခံခိုင်းထားပါတယ်.. ဒါပေမယ့် စစ်ဆေးရေးမှူးက ကောင်လေးကို ပြန်စစ်မယ် ဆိုပြီး ခေါ်ထားလို့ နည်းနည်း အခက်ခဲရှိနေလို့ပါ "
"ဒါဆို မလွတ်နိုင်ဘူးလို့ ပြောချင်တာလား"
" မဟုတ်ပါဘူးခင်ဗျ... ကျွန်တော် မနက်ဖြန် ထပ်ပြီး ကြိုးစားပေးပါ့မယ် အခုက..."
"နောက် တစ်နာရီ အတွင်း ကောင်လေး
လွတ်တာ လိုချင်တယ်.. မဟုတ်ရင်..."
Chanyeol ၏ အသံက အေးစက်စွာ
ခြောက်လှန့်မှု့ကို ပေးနေသည်။
"ကျွန်..ကျွန်တော် အခုပဲ လွတ်အောင်
လုပ်ပေးလိုက်ပါ့မယ် "
တဖက်က အသံတုန်တုန်ယင်ယင်ဖြင့်
ဖုန်းချသွားပြီးနောက် Chanyeol
ပန်းချီကားကို ပြန်ကြည့်လိုက်သည်
ကျောချမ်းစေလောက်သော လေအေးတစ်ချက်နှင့်
အတူ နှုတ်ခမ်းကွေးယုံမျှ ထပ်၍ ပြုံးလိုက်သည်။
ငါခံယူတဲ့ အချစ်က အဝေးကနေ ငေးကြည့်နေယုံနဲ့ အဆုံးသတ်သွားမှာမဟုတ်ဘူး Baekhyun
တနေ့.. မင်း ငါ့အနားကို လာရလိမ့်မယ်
မင်းဆန္ဒမပါခဲ့ရင်တောင်မှပေါ့...
Advertisement
- In Serial48 Chapters
The Sorcerer's Apprentice
A world where magic must be hidden from mankind is a world where mages have no reason to exist. Zara was one of them--a young woman forced to spend her days in confinement, to lessen the risks of outsiders discovering the truth. She was not human. She was, as they say, a living embodiment of a thousand year old curse upon the Kingdom and humanity as a whole. And the only way to handle a curse is to get rid of it--which is precisely what the Kingdom had been doing for centuries--eliminating any being that contained even an ounce of enchanted blood. Zara has lived most of her life with the threat of death hanging over her head, though it never averted her heightening curiosity about magic, nor the abilities innate within her. And when a powerful, enigmatic Sorcerer comes to her with a proposition, Zara finally sees her chance to embrace the curse she was born with. It was a chance laced with precarity and destruction, but a chance nonetheless...
8 134 - In Serial10 Chapters
Immortal Martial God
An ancient world, where people from countless cosmos emerge... A world, whose limits can't be perceived... A world, where countless gods and immortals roam freely in the sky... A world, where to be born is a fortune in itself... A world where countless mysteries are waiting to be unveiled... In this vast world, a boy wants to become a God but he has the lineage of Immortals. In this world where both Gods and immortals exist, only one can survive the coming tribulations, as it is known in the Vedas. Will he be able to defy the odds, and cultivate both the blood of an Immortal and the power of the Gods to become an Immortal Martial God? ................................................................................................................................................................... Author's Note:- Guys, the story will become good starting from 9th chapter. It's the turning point chapter
8 168 - In Serial8 Chapters
Amaryllis and Iris
A certain businesswoman was reborn into a world of battles, war, and child soldiers. Well, one thing's for sure, she certainly doesn't get any break. Also available in fanfiction, and ao3. This story was rewritten and major plot devices were changed. Release schedule: 3 chapters a week.
8 120 - In Serial48 Chapters
System Dilemma
Was life ever so simple ? Is anything free in this world ? Jason hated his monotonous life. Wake up, dismantle things, Go to sleep. Rinse and repeat. His starting cards weren't great to begin with, and he made some questionable decisions. The system he got was bugged too! It didn't interpret most of his orders correctly, but he got the [Shop] feature to compensate for the problem. He kept on grinding everyday, till he got an opporunity. A chance, to do everything again. --------- Author's note: -Chapters will be updated on a daily basis. I am also posting this on Scribblehub:https://www.scribblehub.com/series/523856/system-dilemma
8 529 - In Serial30 Chapters
Naruto: The Phoenix Wolf Jinchuriki
What happens when a bored god is displeased with Naruto after the Boruto series started. Why create a new bijuu and jinchuriki of course. Now how will the world handle the newest jinchuriki. Beware: I don't know everything in or about Naruto so some error will appear.
8 146 - In Serial17 Chapters
⛓ only a servant ⛓
یه پسر پولدار و یه پسر فقیر .ارباب یک خونه و خدمتکار یک خونه .عشقی بین دونفر ، از دو دنیا و مقام متفاوت . چه اتفاقی قراره برای این دو عاشق اتفاق بیوفته ؟؟؟؟ این عشق درسته ........ یا نه ؟؟؟؟ نویسنده : melina کاپل : kookv ژانر : رومنس ، انگست ، امپرگ
8 173

