《S T R A N G E R》Part 10
Advertisement
"ဖြစ်ပါ့ မလား Appa ရဲ့.. ကျွန်တော်တို့ ကျောင်းနဲ့
ကျန်းမာရေး ဟောပြောပွဲနဲ့ ဘာမှမဆိုင်တာ စိတ်ကျန်းမာရေးအကြောင်းဟောပြောရအောင် ကျောင်းသားတွေက ရူးနေတာလဲမဟုတ်.....
မဖြစ်ပါဘူးဗျာ"
"မင်း တော်တော် စကားများပါလား Kai
ဟောပြောမယ့် ဆရာဝန်က ငါ့ မိတ်ဆွေရဲ့သား
သူက အခုမှ ဟောင်ကောင်က ပြန်လာတာ
သူ ငါတို့ကျောင်းကို လာဖို့ ငါဘယ်လောက်တောင် ပင့်ထားရတယ်မှတ်လဲ မင်းကို ရှင်းပြရတာ တကယ်မောတယ် ငါပြောသလိုသာ လုပ်စမ်းကွာ လျှာမရှည်နဲ့"
Appa ရဲ့ စကားကြောင့် Kai မျက်နှာ မဲ့ရွဲ့သွားသည်။
အဲ့ဆရာဝန် ဘယ်သူမို့လို့ Appa က
အဲ့လောက်တောင်ဖြစ်နေတာလဲ
"ရတယ်လေ.. လုပ်ချင်တာလုပ် ကျွန်တော်ကတော့ သူ့ဟော ပြောပွဲ မတတ်နိုင်ဘူး ဒါပဲ"
"Kai မင်း မဂျစ်စမ်းနဲ့ကွာ.. မင်း ကလေးလဲ မဟုတ်တော့ဘူး အခုလာမယ့် ဆရာဝန်ဆို မင်းထပ် အသက်နည်းနည်းပဲကြီးတယ် ဒါပေမယ့် သူ့ အဖေ သူ့ကိုအရမ်းအားကိုးနေရပြီ.. မင်းကတော့ အခုချိန်ထိ အဖေကို ဂျစ်တိုက်လို့ကောင်းတုန်းလား.. ရှက်တတ်စမ်းပါကွာ မင်း ငယ်တော့တဲ့ အရွယ်လဲမဟုတ်တော့ဘူး"
"ဟာာ.. ကျွန်တော် က သူများသားသမီးတွေလို အိမ်မှာ ထိုင်နေပြီး မိဘလုပ်စာထိုင်စားနေလို့လားပြော.. ကျွန်တော်လဲ စီးပွားရေးနယ်ပယ်မှာ အောင်မြင်တာပဲ အဖေတို့က ကိုရီးယားစာကို လေ့လာစေချင်တယ်ဆိုလို့ ဒီနိုင်ငံမှာ Uni ပြန်တတ်နေတာ..
အခု ကျောင်းထွက်ပြီး တရုတ်ကိုပြန်ပြီး အလုပ်ပြန်လုပ်လို့ ရတယ် ပေါက်လား"
မျက်ခုံးတစ်ချက်ပင့်ကာ ပြုံးစစ ဖြင့်ပြောနေသော
Kai သည် အဖေနဲ့ ပြောနေတဲ့ ပုံစံမဟုတ်ပဲ
သူငယ်ချင်းနှင့် စနောက်နေသည့်ပုံစံဖြစ်နေသည်။
အဖေသည်လည်း ကိုယ့်သားကိုယ် တစက်ကလေးမှ မနိုင်သဖြင့် ခေါင်းခါ၍သာ သက်ပြင်းချလိုက်ရသည်။
ဆက်ပြောလည်း ကျွဲပါးဆောင်းတီးပဲဖြစ်မှာမို့...
"အေး.. အေး မင်းမှန်တယ်.. အခုလောလောဆယ်တော့ မင်းပါးစပ် ခဏလေး ပိတ်ထားဦး..
Doctor လာရင် မင်းအသံဆိုးကြီးကြားပြီး
လန့်ပြေးနေဦးမယ်"
"ဒါဆို ကျွန်တော်ပြန်တော့မယ်.. Appa ဟာ appa ပဲ ဆက်ဧည့်ခံထားလိုက်တော့.."
"ဟာ ဟေ့ကောင် မပြန်နဲ့.. ပြန်လာထိုင်
Doctor အပြန် လိုက်ပို့ပေးမယ့်သူ မရှိဘူး
မင်းပြန်လိုက်ပို့ပေးရမှာ.."
"အဲ့ဆရာဝန်ကို သူ့ဟာသူပြန်ခိုင်းလိုက်ဗျာ..ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတယ်"
"ချိန်းထားလဲ နောက်မှသွား.. ငါ Doctor ကို ပြန်လိုက်ပို့ပေးမယ်လို့ ကတိပေးပြီးသား မင်းလိုက်ပို့ပေးမှကို ဖြစ်မှာ"
ကျစ်.....
Kai စိတ်ပေါက်ပေါက်ဖြင့် လွယ်အိတ်ကို ပစ်ချကာ ဖုန်းဆက်သုံးရင်း ဆရာဝန်ဆိုတဲ့ လူ အလာကိုသာ စောင့်နေလိုက်တော့သည်။
တံခါး ခေါက်သံနှင့်အတူ Appa ပြောသော ဆရာဝန်ဆိုသည့်လူက အခန်းထဲဝင်လာသည်။
ရှည်လျားသော အရပ်မောင်း..
ဖြူဝင်းသော အသားရည်နှင့်
ထောင့်ချိုးထားသော မျက်ခုံးများ..
ဟာာ.. ဒီလူ..
Kai လက်ငြိုးထိုးကာ မတ်တပ်ရပ်လိုက်မိသည်။
ဟိုနေ့က Kai ကားရှေ့မှာ ပိတ်ရပြီး
မတောင်းပန်ပဲ မက်ရိုင်းသွားသည့်လူ..
ဒီလူက အရမ်းတော်တဲ့ စိတ်ရောဂါဆရာဝန်တဲ့..
မဖြစ်နိုင်တာ.. ဒီလိုမျက်နှာထားနဲ့သာ ဆေးကုရင်
လူနာတွေ သူ့မျက်နှာကြည့်ပြီး
ရောဂါတတ်သေမယ့်အပေါက်..
"အော်... ဆရာလေး Oh sehun ရောက်ပြီလား
လာပါ ထိုင်ပါဦး"
Appa က ဧည့်ဝတ်ကျေစွာ ပျူပျူငှာငှာ ဧည့်ခံနေသော်လည်း Kai မျက်နှာက ရှုံ့မဲ့နေသည်။
တောက်!!
ဒီလူမှန်းသိရင် Appa ပြောတဲ့
ဟောပြောပွဲကိစ္စလွယ်လွယ်လက်မခံခဲ့ပါဘူး
Kai က သာ ကြည့်မရတာ
Sehun ကတော့ Kai ကိုရှိတယ်လို့ကို မထင်.. တချက်တောင် လှည့်ကြည့်ပြီး အဖက်မလုပ်
အကုသိုလ် အတုံးလိုက်စိုက်တယ်ဆိုတာ
ဒါမျိုးပဲနေမှာ..
ဆီပူထဲမှာ ထည့်ကြော်ခံရတာကမှ ငရဲမဟုတ်ဘူး တစက်မှသောက်ချိုးမပြေတဲ့ မျက်နှာကို
အန်ကြိတ်ပြီး ထိုင်ကြည့်နေရတာလဲငရဲပဲ
Appa နဲ့ အဲ့ အရှေ့က လူနဲ့ ပြောနေကြသော စကားများက လဲ ကြားတချက် မကြားတချက်..
Kai စိတ်တို့ကို အတတ်နိုင်ဆုံး စိတ်တို့ကို လျော့ချကာ မျက်စိ စုံမှိတ်ထားလိုက်ရသည်။
အဲ့ အချေမျက်နှာကို နောက်ငါးမိနစ်လောက်
ဆက်ကြည့်နေရရင် ဘာထ လုပ်မိမယ် မသိ။
သူတို့ စကားပြောတာကို ကြိတ်မှိတ်နားထောင်ပြီး နာရီဝက်လောက် ကြာပြီးနောက်..
"ကဲ အဲ့တာဆို အဆင်ပြေပြီနော် Doctor..
ဒါဦးလေးရဲ့သားပါ သူလည်း ဒီကျောင်းတတ်နေတာ
ဦးလေးက ဒီအတောတွင်း oversea ရောက်နေမှာမို့
ဟောပြောပွဲအတွက် လိုအပ်တာရှိရင် သူ့ကိုပြောလို့ရပါတယ်"
"ကောင်းပါပြီ ဦးလေး ဒါဆို
ကျွန်တော့ကို ပြန်ခွင့်ပြုပါဦး"
"အေးအေး.. Doctor ကို
အိမ် သေချာပြန်လိုက်ပို့လိုက်ဦးနော် Kai"
သိပါတယ်..အိမ်ကို မပို့ပဲ လမ်းမှာတင်
Advertisement
ရိုက်သတ်ထားလိုက်ရ မကောင်းရှိတော့မယ်..
"အင်းပါ.. ဒါဆိုသွားပြီနော် Appa"
"အေး အေး"
ထွက်သွားသော Kai အနောက်ကို Sehun
လိုက်လာ ခဲ့သည်။
"သူငယ်ချင်းတစ်ယောက်လည်း ပါမယ်
အဲ့တာ မင်း အဆင်ပြေလား"
အပြင်ရောက်တော့ လှည့်မကြည့်ပဲ
မေးလိုက်သော Kai အမေးကို
Sehun က ခေါင်းတချက်ညိတ်ပြကာ
အဖြေပေးလိုက်သည်။
"အဆင်ပြေတယ်ဆိုလည်း ပြီးတာပဲ"
စကား အဆုံးတွင် ထွက်သွားပြီဖြစ်သော ကျောပြင်..
ထင်တာထပ် Kai ဘက်ကတင်းမာနေတာကြောင့်
Oh sehun သက်ပြင်းချလိုက်မိသည်။
အဲ့လောက်တောင် ငါ့ကို အမြင်ကတ်နေတာလား..
.....
.........
"Baekhyunn!!"
အာ.. ကြားရပြန်ပြီ ဒီအသံပြဲကြီး..
ကျောင်းမှာ Baekhyun ကို ဒီလောက်ပြဲလန်နေအောင် ခေါ်မယ့်သူဆိုလို့ Kai က လွဲပြီး အခြားသူ မရှိတာသိနေတာကြောင့် ကားမှတ်တိုင်မှာ ရပ်စောင့်နေရင်း အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။
Baekhyun ရပ်နေသည့်နေရာသို့ အားကြိုးမာန်တတ် လက်ပြရင်း အော်ခေါ်နေသော Kai နှင့်...
သူ့ဘေးကနေ Baekhyun ကို မျက်ခုံးနှစ်ဖက် တွန်းချိုးရင်း စိုက်ကြည့်နေသော Oh sehun...
အလိုမကျဖွယ် အကြည့်များကြောင့် Baekhyun
ထိုလူကို ပြန်ကြည့်လိုက်မိသည်။
ခန့်ညားသော သွင်ပြင်နှင့် ထိုလူကို Baekhyun ကျောင်းမှာ တခါမှမမြင်ဖူးပါ.. ဒီလူ့ကြည့်ရတာလဲ ကျောင်းသား ဟုတ်ပုံမရ
Kai ရဲ့ မိတ်ဆွေတွေ ဘာတွေ များလား..
"Baekhyun မင်းကို ခေါ်နေတာကို
ဘာကြောင်ကြည့်နေတာလဲ"
ပခုံးကို ရိုက်ရင်းပြောလာသော Kai ကြောင့်..
"မဟုတ်ပါဘူး ဟိုလူ ငါ့ကိုကြည့်နေတဲ့ပုံစံကြီးက
တမျိုးကြီးဖြစ်နေလို့"
Baekhyun မေးငေါ့ပြသည့် နေရာကို Kai
လှည့်ကြည့်လိုက်ပြီးနောက်..
"အော် အဲ့လူက ငါတို့ကျောင်းမှာ ဟောပြောမယ့် ဆရာဝန်.. Oh sehun တဲ့.. အဲ့လူကို စိတ်ထဲထားမနေနဲ့ ငါနဲ့ စတွေ့တုန်းကလဲ အဲ့အတိုင်းပဲ ရုပ်က ရိုက်ပေါက်.. အပြောဆိုကလဲ ဘုကလန့်နဲ့ အချိုးမပြေဘူး"
"အော်"
"အော် မနေနဲ့ အခု မင်း ငါနဲ့ အပြန်လိုက်ခဲ့"
"ဘာလို့လဲ ငါ အိမ်ပြန်မလို့လေ"
"အေး သိတယ်လေ ငါ့ကို ငါ့အဖေက အဲ့ဆရာဝန်ကို ပြန်လိုက်ပို့ခိုင်းထားတာ လမ်းမှာ သူနဲ့ငါ နှစ်ယောက်ထဲဖြစ်နေရင် နေရခက်လို့ အဲ့တာ မင်းပါ လိုက်ခဲ့..
အဲ့ဆရာဝန်ကို ပို့ပြီးရင် မင်းအိမ်ကို ဝင်ပို့ပေးမယ်"
"အော် အေးပါ ဒါဆိုလဲလိုက်ခဲ့မယ်"
"အင်း.. "
Baekhyun ကို ပခုံးကနေ ဆွဲဖက်ကာ ကားဆီခေါ်သွားသော Kai ကို Sehunn ကြည့်နေမိသည်..
Baekhyun....
Byun Baekhyun...
Kai ရဲ့ ပါးစပ်က အဲ့နာမည် ခေါ်သံကြားလိုက်ရတဲ့ အချိန်မှာ Sehun မယုံကြည်နိုင်စွာ ထို အဖြူရောင် ကောင်လေးကို ငေးစိုက်ကြည့်လိုက်မိသည်။
သူသိပ်မှတ်မိတာပေါ့..
BYUN BAEKHYUN ဆိုတဲ့ နာမည်ကို...
အဲ့အမည်က တစ်ခါ ကြားဖူးခဲ့ရုံနဲ့
ဘယ်တော့မှမမေ့တဲ့အထိ အမှတ်တရဆိုးအနေနဲ့ Sehun ခေါင်းထဲကို ဝင်လာခဲ့တာပဲဟာ..
Sehun သိပ်ကိုမှတ်မိတာပေါ့...
တိုက်ခတ်လာသော လေပြေအေးတခုနှင့်အတူ
Sehun ရဲ့ မှတ်ဉာဏ်တချို့က လွန်ခဲ့သော
ဆယ်နှစ်ခန့်လောက်က ပုံရိပ်များဆီသို့.....
________🦅🦅________
January 28 ,2006 (Wed)
အေးချမ်းပြီး စိမ်းဆိုနေသော ခြံဝန်းလေး..
တဖြူးဖြူးတိုက်ခတ်နေသော လေနုလေးများက
ခမ်းနားသော အိမ်ကြီးနဲ့ လိုက်ဖက်နေသည်။
ကားပေါ်မှ ဆင်း၍ လျှောက်လာခဲ့သော
မြေနီလမ်းတစ်လျှောက်တွင် ကြီးမားသော
သစ်ပင်ကြီးများက ခြံရံလျက်..
တချိန်က ကလေးရယ်သံ များဖြင့် သာယာနေခဲ့သော ခြံကြီးသည် ယခုချိန်တွင်မူ တိတ်ဆိတ်ခြင်းကသာ ကြီးစိုးလျက်..
ရောင်စုံပန်းများဖြင့် လှပနေသော ခြံကို Oh sehun မျက်စိတဆုံး ကြည့်ပြီး သက်ပြင်းခပ် ဖွဖွချမိသည်။
ခပ်လှမ်းလှမ်းက မြင်နေရတဲ့
ဘန်ကလို အသေးစားလေး..
သစ်ပင် ပင်စည်၏ အလည်ကနေ ဖြတ်၍
စားပွဲပုံသဏ္ဍာန် ပြုလုပ်ထားပြီး ကျွန်းခုံလေးများဖြင့်
အစိမ်းရောင် ခေါင်မိုးလေး မိုးကာ ထိုင်ချင်စဖွယ်ဖြစ်အောင်ဖန်တီးထားသည်။
အစိမ်းရောင် ဘန်ကလိုလေးကို ကြည့်ရင်း
အတိတ်က ပုံရိပ်တချို့ကို Sehun
ပြန်မြင်ယောင်လာမိသည်။
အသက်ရွယ်သိပ်မကွာပဲ ကစားအတူ စားအတူဖြင့် သိပ်ချစ်ခဲ့ကြတဲ့ ကလေးသုံးယောက်..
အသက်ကြီးလာရင် နာမည်ကြီးဆေးရုံမှာ ဆေးရုံအုပ်ဖြစ်အောင် ကြိုးစားမည် ဆိုသည့် Sehun..
နာမည်ကြီး Idol တယောက်အဖြစ် ကမ္ဘာပတ်ပြီး သီချင်းဆိုချင်သည် ဆိုသည့် Chanyeol နှင့်...
မောင်လေး တွေ ပျော်ရင်ပြီးရော ဆိုပြီး
Chanyeol နှင့် Sehun ပြောသမျှ ကို
ပြုံးပြီးနားထောင်ပေးခဲ့တဲ့ အမဖြစ်သူ
Park yoora..
အဲ့ဒီအချိန်တုန်းက ဖြူစင်သော ကလေးငယ်များသည် အိမ်မက် မျှော်လင့်ချက်များဖြင့် ကောင်းကင်ပေါ်သို့ ပေါ့ပါးစွာ ပျံသန်းရန် စိတ်လှုပ်ရှားစွာ တိုင်ပင်ခဲ့ကြဖူးသည်။
Advertisement
ခြံထဲမှာ ပြေးလွှားနေခဲ့သော ကလေးသုံးယောက်၏
ပုံရိပ်များသည် Sehun မျက်စိရှေ့တွင် အိမ်မက်ကဲ့သို့
တစစဖြင့် တိုး၍ ပျောက်ကွယ်သွားခဲ့ရသည်။
ဘာလို့လဲ...
ကျွန်တော် အဖေတာဝန်ကျတဲ့ဒေသသို့ လိုက်သွားခဲ့တဲ့ တစ်နှစ် ဆိုသော အချိန်ပိုင်းခြားလေး တစ်ခု အတွင်းမှာ အရာအားလုံးက ပြန်ပြင်လို့မရတော့တဲ့အထိ ဘာလို့ ပြောင်းလဲသွားရတာလဲ...
နယ်ဘက်ရောက်နေတုန်းကြားလိုက်ရသည့်
သတင်းက Sehun ကို တခဏမျှ အမှောင်ကမ္ဘာထဲသို့ ဆွဲခေါ်သွားနိုင်စွမ်းရှိသည်။
Park family accident တစ်ခုကြောင့် မိသားစုဝင် ၃ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး Park Chanyeol တစ်ယောက်ပဲ အသက်ရှင်လျက် ကျန်ခဲ့တယ်တဲ့..
(အဲ့တုန်းက လူကြီးတွေက အရမ်းငယ်လွန်းသော Oh sehun ကို မထိတ်လန့်စေချင်တာကြောင့် Car accident လို့သာ လိမ် ပြောပြီး ဆိုးရွားလွန်းတဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို ဖုံးကွယ်ခဲ့ကြတယ်)
ဒါဆို.. ကျွန်တော် သိပ်ချစ်ရတဲ့
ကျွန်တော့ အမ Park Yoora ကို ကျွန်တော် အသက်ရှင်လျက် နောက်တခါ ထပ်မတွေ့နိုင်တော့ဘူးပေါ့..
အသက်ရှင်လျက် ဝိဉာဉ်ထွက်သွားသလို ခံစားချက်..
ထိန်းချုပ်လို့ မရနိုင်တဲ့ အခြေနေမျိုးမှာ
အသက်ရှူဖို့အထိ မေ့လျော့နေခဲ့တယ်...
တရိပ်ရိပ်ဖြင့် ဝေဝါးလာသော မြင်ကွင်းများနှင့် အတူ
Sehun မျက်နှာထပ်တွင် စိုစွတ်သော အထိတွေ့ကိုခံစားမိလိုက်သည်။
ဒါဟာ.. ကျွန်တော်ဘဝမှာ ပထမဆုံးအကြိမ်
မျက်ရည်ကျဖူးခြင်းဖြစ်သည်။
မယုံကြည်နိုင်စွာ မျက်ရည်များကို လက်နှင့်ထိကြည့်မိလိုက်တော့ ရင်ဘတ်ထဲက နာကျင်မှု့ ဆစ်ခနဲ..
ကျွန်တော်တောင် ဒီလောက် ခံစားခဲ့ရရင်
မိသားစုဝင် သုံးယောက်ကို ဆုံးရှုံးလိုက်ရတဲ့ Chanyeol hyung ဆိုရင်ရော..?
ဘယ်လောက်တောင် နာကျင်ခံစားနေရလိုက်မလဲ..
ဒီခြံ ဒီပတ်ဝန်းကျင်ကြီးမှာ သူတစ်ယောက်ထဲ
ကျန်ရစ်နေခဲ့ရတာ သူ ဘယ်လောက်တောင်
အထီးကျန် ငိုကြွေးနေလိုက်မလဲ...
ခွေးလေးသေတုန်းကတောင်
၂ရက်လောက် မရပ်မနား ငိုခဲ့တဲ့ hyung...
တခုခုဆို သူများထပ် ပိုကြောက်တတ်တဲ့ hyung...
အငယ်ဖြစ်သူ ကျွန်တော့ထပ်တောင်
အသည်းနုလို့ Noona ရဲ့ မကြာခဏ
စနောက်ခြင်းကို ခံရတတ်တဲ့ Hyung...
အခုလို အခြေနေဆိုးကြီးကို တယောက်ထဲ
ဘယ်လို ရင်ဆိုင်နေမလဲ...
ဦးနှောက်ထဲ ရောက်လာတဲ့ အတွေးတချို့ကြောင့်
ကျွန်တော် hyung ရှိရာ အိမ်ကြီးထဲသို့
စိုးရိမ်တကြီး ပြေးဝင်လာခဲ့မိသည်။
အိမ်ထဲဝင်ဝင်ချင်း ခံစားလိုက်ရသည်က
Sehun တခါမှ မခံစားခဲ့ဖူးသော မှောင်မဲပြီး
လူသူမရှိ ခြောက်ကပ်နေသည့် ကျောချမ်းဖွယ်
ပတ်ဝန်းကျင်တခု...
ယခင် Noona တို့ရှိစဉ်က သန့်ရှင်းကာ လင်းထိန်နေတတ်သော ဧည့်ခန်းကြီးသည် အရင်နဲ့ မတူ အောင် ဆွဲပိတ်ထားသော လိုက်ကာ အမဲများကြောင့်
မှောင်မဲကာ အထီးကျန်နေသည်။
ဘယ်သူက ဒီလိုက်ကာတွေကို ပိတ်ထားတာလဲ..
Chanyeol Hyung က အမှောင်ကြောက်တတ်တာ မသိကြဘူးလား..
Sehun ကိုယ်တိုင်သည်လဲ မှောင်မဲနေသော အိမ်ကြီးကြောင့် ကြောက်လန့်မှု့က တစိုးတစ...
ခပ်ဟဟ ဖြစ်နေသော အခန်းငယ်လေးထဲတွင် Chanyeol ရှိလို့ ရှိငြား ဖြင့် မှောင်မှောင်မဲမဲထဲသို့ Sehun တိုးဝင်လာလိုက်သည်။
တစ်ယောက်အိပ် ကုတင်နှင့် ဘေးတွင် ရှိသော
စားပွဲဖြူဖြူလေးသည် ရှင်းမည့်သူမရှိ စာရွက် အပိုင်းစများနှင့် ရှုပ်ပွလျက်...
ရေများစိုရွှဲကာ ပျက်စီးလုနီးပါး အရုပ်တစ်ရုပ်က
စားပွဲပေါ်တွင် အထီးကျန်စွာ တည်ရှိနေသည်။
Chanyeol ကတော့ အခန်းထဲတွင် ရှိမနေခဲ့..
ကြမ်းပြင်ပေါ်သို့ ကျနေသော စာရွက်များအပြင် ပုလင်းကွဲ အပိုင်းစများကပါ မြင်မကောင်းအောင် ရှုပ်ပွနေသည်မှာ အခန်းတခန်းလုံး ခြေချစရာနေရာပင်မရှိ
ဖုန်တစက်ရှိရင်တောင် မနေတတ်တဲ့ hyung က ဒီလိုရှုပ်ပွနေတဲ့ အခန်းထဲမှာ နေသည်တဲ့လား...?
ခြေထောက်နားသို့ ကျနေသော စာရွက်များထဲမှ တစ်ရွက်ကို Sehun ယူကြည့်မိလိုက်သည်။
မီးမဖွင့်ထားသော အခန်းငယ်လေးအတွင်းတွင်
လိုက်ကာကြားမှ တိုးဝင်နေသော
နေအလင်းရောက်က ခပ်ပြပြ...
ပထမ တစ်ရွက်..
နှစ်ရွက် ..
သုံးရွက်...
အရွက်ပေါင်းများစွာ..
စာရွက်များအားလုံးကို တစ်ရွက်မကျန် Sehun
လိုက်ဖတ်နေမိသည်။
အံ့သြမှု့ကြောင့် မျက်ဝန်းအိမ်က ဝိုင်းစက်လျက်..
စာရွက်များအားလုံးတွင် တူညီသော အရာတခု..
ထူးဆန်းစွာ ထိုအရာအား စာရွက်တိုင်းတွင် Chanyeol ထပ်ခါတလဲလဲ ရေးသားထားခဲ့သည်။
ထိုအရာက..
Sehun တခါမှ မကြားဖူးခဲ့သော..
Sehun တခါမှ မသိကျွမ်းခဲ့ဖူးသော..
Byun Baekhyun ဆိုတဲ့ အမည်တခုဖြစ်နေခဲ့သည်..
စွဲလန်းခြင်းဆိုတာမျိုးက သိပ်ကိုပူလောင်တယ်..
ဒါပေမယ့် ပိုင်ဆိုင်လိုခြင်းဆိုတဲ့အရာက
ပူလောင်မှု့ထပ် အဆင့်မြင့်တယ်..
သူ့ကို အဓိပ္ပါယ် ဖွင့်ကြတာက လောင်မြိုက်ခြင်း...တဲ့
ငါ့ကိုယ်ငါ လောင်မြိုက်ခံပြီးမှ မင်းကို ပိုင်ဆိုင်ရမယ်ဆိုရင် မင်းငါ့အတွက် မီးစလေး တစ်ခုပဲ ဖြစ်ပေးပါ...
ငါ့ကိုယ်ငါ ဓါတ်ဆီလောင်းပြီး မင်းဆီလာခဲ့မယ်...
Advertisement
- In Serial14 Chapters
Cores
Magic came to our planet, along with gates to another world. When creatures are found to have an organ known as a core, an extremely dense energy source, Lucas finds his chance to avoid the tedium of a desk job: monster hunting. All he has to do is not die.
8 462 - In Serial6 Chapters
The Seventh Hero
Basically, its my take on the plot of The Rising of The Shield Hero (Tate no Yūsha no Nariagari) and incorporating elements from other works of fiction.
8 183 - In Serial10 Chapters
EXO
After climbing the player ranks of Exultation Online, Arlyth finds herself in a graveyard. Dazed and unsure of what happened the day before, she finds out that she can't log out & that she's been reset to level 1 & her race has changed into a Sanguine Elf. All while her UI barely works, she finds that she has a voice implanted in her head, that's in control of her HUD and game controls. Unsure of what to make of her situation she tries to find some answers but is ultimately thwarted by the games AI Controller, unsure of its obsession with her Arlyth trudges on.
8 205 - In Serial9 Chapters
Path of the Shaman [HIATUS]
Talin Greymarch attends the prestigious Sovereign Guard Shaman Academy, the greatest institute of learning for shamanic cultivation in the kingdom of Ilios. As he struggles with his day to day school life and cultivation, little does Talin know that he has fallen into the middle of a conspiracy that threatens to shatter the world once again. A merger of the tropes and stylings of Eastern cultivation or Xianxia with Western Sword and sorcery fantasy stories, Path of the Shaman seeks to blur the line between the two. My goal is to establish a believable fantasy world, and I want to pace the story so that I can do that properly. If that sounds appealing to you please give this story a chance. Release schedule: My schedule will be a little inconsistent due to my job, but I aim to release about twice a week.
8 183 - In Serial10 Chapters
LIKE A LOVER
HONEY GAZES AND CHERRY RED LIPS© 2017
8 202 - In Serial12 Chapters
G Herbo Imagines
This is for anyone who loves/likes G Herbo. Most of the stories will probably in 3rd person because it's just easier. Yes, this is a Fluff. Also, in this book, "Herbert" will be used frequently in the book. It is G Herbo's real first name btw :)
8 132

