《S T R A N G E R》Part 16
Advertisement
စလိုက်ကြတော့မလား "
သတိရတချက် မရ တချက်..
လက်ထောက်ဆရာဝန်က
-
တိုး၍ .....
တိုး၍ .....
-
စက္ကန့်သံ တစ်ခုထဲသာ....။
" Chanyeol.. သား Appa ကို
ယူပြီးပြန်လာခဲ့မယ်"
" ဒီမှာ ရပြီ Appa "
သို့သော်..
" ကျေးဇူးပဲ သား "
Appa သည် သူ့ဘဝအတွက်
Advertisement
ကြည့်ကောင်းနေသည်။
အင်္ကျီ ပြင်ပေးထားပါလား "
သူ့ အသက်တလျှောက်
" Nae Appa "
......
လူကြီးတစ်ယောက်..။
ဝါကျင့်ကျင့် သွားတွေ..
ကြောင် ကြည့်နေမိသည်..။
" Omma.. အထဲမှာ ရှိတယ်
သူ ဘာမှ ဝင်မပြောခဲ့...
" မင်းတို့ရဲ့ အဖေလေ
ဆေးရုံတင်ထားရတယ်..
သမီးကို နေရာပြောပါ"
တုန်ရီနေသော Noona က
သူ့လက်ကို ဆွဲရင်း
ရုတ်တရပ် Noona ရဲ့ လက်တဖက်အား
မော့ကြည့်လိုက်မိသည်
Advertisement
သိသာလွန်းလှသည်။
သူ လုံးဝ မကြိုက်ပါ..
တည်ငြိမ်သော အသံဖြင့်
.....
တချက်ချက်မြည်နေသော နာရီစက္ကန့်သံက
မှောင်နေသော ဆေးရုံခန်းလေးရဲ့
တိတ်ဆိတ်မှု့ကို ဖြိုခွင်းနေသည်။
အခန်းအလယ်တည့်တည့်တွင်
ချိတ်ဆွဲထားသည့် အဖြူရောင်
မီးသီးလေးက ဆေးရုံခန်းလေးအား
မှိန်ဖျော့စွာ အလင်းပေးနေသည်။
"Doctor Oh.. ကျွန်တော်တို့
စလိုက်ကြတော့မလား "
လက်ထောက် ဆရာဝန်၏ ခွင့်တောင်းသံကို
Sehun လက်ခံသည့် အနေဖြင့်
ခေါင်းညိတ်ပြလိုက်သည်
ဖြူစွတ်စွတ် ဆေးရုံ ကုတင်ပေါ်တွင်
လဲလျောင်းနေသော Chanyeol သည်
သတိရတချက် မရ တချက်..
မေ့ဆေးပြယ်ပြီဖြစ်တာကြောင့်
မျက်စိများ ပွင့်နေပြီဖြစ်သော်လည်း
ပြင်းလွန်းတဲ့ မေ့ဆေးရှိန်ကြောင့်
ဦးနှောက်က ကောင်းစွာ အလုပ်မလုပ်သေး..
ဒီလို အချိန်က အိပ် ငွေ့ချရန်
အသင့်တော်ဆုံးအချိန်ဖြစ်သည်..။
Chanyeol လဲလျောင်းနေသော
ကုတင်ရဲ့ နံဘေး စားပွဲခုံလေးပေါ်တွင်
စက္ကန့်သံ အတိုင်း တချပ်ချပ်မြည်စေသည့်
ကိရိယာလေး တစ်ခုကိုတင်ကာ
လက်ထောက်ဆရာဝန်က
အိပ်ငွေ့ချခြင်း ကုထုံးကို စတင်လိုက်တော့သည်။
ပုံမှန် ရှူသွင်းနေသော Chanyeol ရဲ့
အသက်ရှူသံများနှင့်အတူ
အခန်းတစ်ခန်းလုံးက ငြိမ်သက်လျက်..
ပက်လက်အနေထားဖြင့် တစ်ကိုယ်လုံး ချုပ်နှောင်ထားခြင်းခံရသော Chanyeol ရဲ့ မျက်စိ ရှေ့တည့်တည့်သို့
ချိန်သီးလေး တစ်ခုအား Sehun ချိတ်ဆွဲလိုက်သည်။
ခပ်ဖြေးဖြေးအရှိန်ဖြင့် လှုပ်ရှားနေသော
ချိန်သီးလေးအား Chanyeol ရဲ့ စိတ်အာရုံ
ကပ်တွယ်လာစေရန် Sehun က
ဘေးမှ တိုးတိတ်စွာ အသိပေးနေသည်။
Chanyeol ရဲ့ ဝေဝါးနေသည့် အသိစိတ်တို့က
ဘယ်ညာ လှုပ်ရှားနေသော ချိန်သီးလေး ထံမှ တဆင့်
မျက်နှာကြက်ပေါ်မှ မြင်နေရသော
အဖြူရောင်မီးသီးလေးရဲ့ အလင်းရောင်ထံသို့
ဖြေးညှင်းစွာ ကူးပြောင်းသွားချေသည်..။
မီးသီးလေးရဲ့ အလင်းရောင် မှေးမှိန်သွားသည်နှင့်
ဘေးမှကြားနေရသော Sehun ရဲ့ စကားသံတို့ကလည်း
-
တိုး၍ .....
တိုး၍ .....
-
ပျောက်ကွယ်သွားလေတော့သည်။
မှောင်မဲသွားသော စိတ်အာရုံထဲတွင်
Chanyeol စွဲမြဲစွာ ကြားနေရသည်က
စားပွဲခုံပေါ်က ကိရိယာလေး၏
စက္ကန့်သံ တစ်ခုထဲသာ....။
Flash back of Chanyeol's old memories
မျက်လုံးထဲသို့ အလင်းရောင် ဖျော့ဖျော့တို့
တိုးဝင်လာသည်နှင့် Chanyeol
မျက်စိများဖွင့်လိုက်မိသည်။
အစိမ်းရောင် မြက်ခင်းပြင်နှင့်
အဖြူရောင် ဆေးသုတ်ထားသည့်
ခမ်းနားနေသော ပျဉ်ထောင်အိမ်ကြီးတစ်လုံး..၊၊
" Chanyeol.. သား Appa ကို
အိမ်ထဲမှာ တူ သွားယူပေး "
" ဟုတ်ကဲ့ Appa.. သားခုချက်ချင်း
ယူပြီးပြန်လာခဲ့မယ်"
မျှော် လင့်သော အချိန်တွင် ခိုင်း လာသော Appa ကြောင့် Chanyeol ခုန်ပေါက်ကာ အိမ်ထဲသို့ ပစ္စည်းပြေးယူမိသည်။
Chanyeol သဘောကျ တဲ့ ဒန်းလေး ကျိုးသွားသဖြင့်
Appa က ကိုယ်တိုင် ပြင်ပေးနေခြင်းဖြစ်သည်။
သူ ဘေးက ကူညီပေးချင်သော်လည်း
ဘာမှမလုပ်တတ်တာကြောင့်
ဘေးကသာ မတ်တပ်ရပ်နေရသည့် အဖြစ်..။
ဒါကို သဘောပေါက်သော Appa က သူ စိတ်ချမ်းသာစေရန် ခိုင်းလိုက်ခြင်းဖြစ်သည်။
" ဒီမှာ ရပြီ Appa "
တူလေး ကိုင်ကာ ပြေးလာသော Chanyeol သည်
ထိုအချိန်က အသက် ၁၂ နှစ် လူပျိုပေါက်အရွယ် ဖြစ်သည်
သို့သော်..
ရှည်လျားသော အရပ်မောင်းနှင့်
သန်မာသော ခန္ဓာကိုယ်ကြောင့်
သာမန်ကလေးများနှင့် မတူပေ..။
" ကျေးဇူးပဲ သား "
နွေးထွေးစွာ ပြုံးပြသော Appa ကို
သူ သွားများ ပေါ်သည်ထိ ပြုံးပြမိသည်။
သူ Appa ကို အရမ်းအားကျသည်။
အရာရာကို ဆုံးဖြတ်တွေးတော ကာ
အကောင်းဆုံးကိုသာ ဖန်တီးပေးတတ်သော
Appa သည် သူ့ဘဝအတွက်
လူစွမ်းကောင်း ပင်ဖြစ်သည်။
စကားနည်းပြီး ကြိုးစားတတ်သော Appa က
အရာရာတွင် ရိုးသား စွာ စဉ်းစားတွေးခေါ်သလို
သူ့ကိုလည်း အမြဲ ဘဝကို ရိုးသားစွာ
ဖြတ်သန်းဖို့ သင်ပေးလေ့ရှိသည်။
အတွေးအမြင်များကို ဖြန့်ကျက်ထားသော
APpa က တော်ယုံ ဒေါသမထွက်တဲ့သည့်သူမျိုး..
Chanyeol ဘဝ အတွက် ယုံကြည်အားကိုး ရ ဆုံး
ဟု ဆိုလျှင်လည်းမမှားပေ..။
သူ့ဘဝ မှာ Appa မှ လွဲ၍ ယုံကြည်ရမည့်သူ မရှိသလို
သိပ်ကို လေးစားအားကျရမည့်သူသည်လည်း Appa တစ်ယောက်ထဲသာဖြစ်သည်။
" အကို.. ရုံး ချုပ်က စာရောက်တယ်အကို..
မနက်ဖြန် ညနေ လူကြီး ဧည့်ခံပွဲ ရှိတယ်တဲ့
အဲ့တာ အကို့ကို လာခဲ့ပေးပါတဲ့.."
Omma ရဲ့ စကားသံကြောင့် သူရော
Appa ပါ လှည့်ကြည့်လိုက်မိသည်။
အဖြူရောင် ချည်ထည်လေးကို ဝတ်ဆင်ကာ
ဆံပင်ကို ခပ်လျော့လျော့ ချည်ထားသော
Omma သည် ပြင်ဆင်ထားခြင်း မရှိပေမယ့်
ကြည့်ကောင်းနေသည်။
အသန့်ပြန့်ကြိုက်လွန်းတဲ့ Omma ရဲ့ အကျင့်ကြောင့်
အနားကပ်တိုင်း မွှေးအနံ့လေးက ခပ်သင်းသင်းရယ်..
" ကောင်းပြီလေ.. ဒါဆို မနက်ဖြန် ကိုယ်ဝတ်ဖို့အတွက်
အကျႌ ပြင်ပေးထားပါလား "
" ဟုတ်ကဲ့အကို.. ကျွန်မ ပြင်ထားလိုက်ပါမယ်
ဒန်းပြင်ပြီးရင် အိမ်ထဲဝင်ခဲ့ကြဦးနော်..
အထဲမှာ သမီး Yoora က အကိုနဲ့ သား
စားဖို့ ပန်းသီးခွဲထားတယ် လာစားလိုက်ဦး "
ကိုယ့် အမျိုးသားဆိုပေမယ့် Appa ကို
"အကို" ဟုသာ ခေါ်တတ်သော Omma ရဲ့
အကျင့်က ချစ်ဖို့ကောင်းလွန်းစွာ..
Appa က ခပ်ပြုံးပြုံးဖြင့်..
" သားနဲ့ ကိုယ် ဒီဒန်းလေး ပြင်တာ
လက်စ သက်ပြီးရင် လာခဲ့မယ် "
အထဲသို့ ဝင်သွားပြီဖြစ်တဲ့ Omma ကိုကြည့်တဲ့
Appa ရဲ့ မျက်လုံးတွေက သိပ်ကို
ကြည်နူးဖို့ကောင်းသည်
ချစ်ခြင်းမေတ္တာ ဆိုသည့်အရာကို
သူ့ရင်ဘတ်မှ ခပ်နွေးနွေးခံစားလိုက်ရသည်။
မိဘနှစ်ပါးကို သူ ပီတိဖြစ်စွာ
ပြုံးရင်း ငေးကြည့်နေမိတော့သည်။
ပေါင်းသင်းလာခဲ့သည့် နှစ်ပေါင်းများစွာ
သူ့ အသက်တလျှောက်
တစ်ခါမှ ရန်ဖြစ်ခြင်း မရှိခဲ့သည့် မိဘနှစ်ပါး..။
Appa ကလည်း Omma အပေါ် ကြင်နာသလို
Omma ကလည်း Appa အပေါ် လေးစားသည်။
သူတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို
ဘေးက ကြည့်ရသည့် Chanyeol တို့မောင်နှမ ပင်
နက်ရှိုင်းစွာ ခံစားလို့ရသည်။
"သား ဝင် ရအောင်လေ.. သားရဲ့ ဒန်း ပြန်ကောင်းသွားပြီနော် Appa ပြင်ပေး ပြီးသွားပြီ "
" Nae Appa "
ခေါင်းပေါ်သို့ ခပ်ဖွဖွ ရောက်လာသော
သန်မာသည့် Appa ရဲ့ လက်ချောင်းများက
သူ့ဘဝ ကလည်း နွေးထွေးတာထပ်ပင်
လုံခြုံ လို့ နေခဲ့တော့သည်။
......
" သားနဲ့ သမီး .. မင်းတို့ Omma ရော..? "
Chanyeol တို့ မောင်နှမ နှစ်ယောက်
ခြံထဲမှာ ထိုင်နေစဉ် ဝင်လာသော
လူကြီးတစ်ယောက်..။
အသားညိုပြီး ထွားကြိုင်းသော ခန္ဓာကိုယ်..
ပါးသိုင်းမွှေးခပ်ပါးပါးနှင့်အတူ
ထိုလူ ရီတဲ့အခါပေါ်လာတဲ့
ဝါကျင့်ကျင့် သွားတွေ..
တစ်ခါမှ မမြင်ဖူးသော ထိုလူကို
Chanyeol တို့မောင်နှမ နှစ်ယောက်
ကြောင် ကြည့်နေမိသည်..။
" Omma.. အထဲမှာ ရှိတယ်
ဘာကိစ္စရှိလို့လဲ မသိဘူး "
Noona ပြောနေတာကြောင့်
သူ ဘာမှ ဝင်မပြောခဲ့...
ထို လူစိမ်းကိုသာ အကဲခတ်နေမိသည်။
" မင်းတို့ရဲ့ အဖေလေ
လူကြီးတွေကို ဧည့်ခံရင်းနဲ့ မူးလဲလို့
ဆေးရုံတင်ထားရတယ်..
အဲ့တာ ဦးက သမီးတို့ကို အသိလာပေးတာ"
ထိတ်လန့်သွားသော Noona က ခုန်ပေါ်က
ဆက်ခနဲ မတ်တပ် ထရပ်လေသည်။
" Appa သက်သာရဲ့လား.. အခု ဘယ်လိုနေသေးလဲ
သူ ဘယ်မှာလဲ သမီးသွားတွေ့ဖို့လိုတယ်
သမီးကို နေရာပြောပါ"
အသံတွေပင် တုန်နေသော Noona သည်
Appa အတွက် အတော်ပင် စိတ်ပူနေပုံရသည်။
" ..... ဆေးရုံမှာ အခန်းနံပါတ်တော့ ဦးလည်း သေချာမသိဘူး ကောင်တာမှာ မေးလိုက်ရင်ရတယ်
သူတို့ပြောပြလိမ့်မယ်.."
" ဟုတ် သမီးတို့ အခုသွားလိုက်မယ် "
တုန်ရီနေသော Noona က
သူ့လက်ကို ဆွဲရင်း
ဆေးရုံသို့ သွားဖို့ပြင်နေသည်။
" Noona.. ကျွန်တော်တို့ Omma ကို
အသိပေးဖို့ လိုမယ်ထင်တယ်"
သူ အသိပေးလိုက်မှ သတိဝင်သော Noona..
နေမကောင်းသဖြင့် ဆေးသောက်ပြီး
အိပ်ပျော်နေသော Omma ကို အသိပေးရန်
အိမ်ထဲသို့ ပြေးဝင်လေသည်။
ရုုတ်တရပ် Noona ရဲ့ လက်တဖက်အား
ကြမ်းတမ်းစွာ လှမ်းဆွဲလိုက်သည့် ထိုလူ..
Chanyeol အလိုမကျစွာ ထိုလူအား
မော့ကြည့်လိုက်မိသည်
" နေ..နေ ပါဦး သမီးရဲ့.. သမီးအမေက နေမကောင်းဘူးမလား.. ဦးပဲ အသိပေးလိုက်မယ်.. သမီးတို့နှစ်ယောက်ပဲ သွားနှင့် သမီးတို့ အဖေက သမီးတို့ကို ဆေးရုံမှာ မျှော်နေပြီ"
ဘာလိုပဲဖြစ်ဖြစ် Omma ကိုတော့
အသိပေးသင့်တယ်မဟုတ်လား..
တွေဝေနေသော Noona ပုံစံက
တခုခုကို စဉ်းစားနေပုံရသည်။
နှလုံးရောဂါ အခံရှိတဲ့ Omma ကို ဒီသတင်း ရုတ်တရပ် သွားပြောလိုက်ရင် နှလုံးရောဂါ ဖောက်လာနိုင်ချေရှိတယ်..
Omma တစ်ခုခုဖြစ်ရင် ပြသနာက ပိုရှုပ်ချေမည်
Appa ဆီက လည်း မသွားလို့ မဖြစ်..
Chanyeol မပါပဲ သူ တစ်ယောက်ထဲလည်း
ထိုဆေးရုံသို့ တခါမှမရောက်ဖူးသဖြင့် မသွားတတ်..
" ဦးလေး သမီးကို Appa ဆီ လိုက်ပို့ပေးပါလား..
Chanyeol နင်က Omma ကို စောင့်ရင်းနေခဲ့ချေ.."
ဉာဏ် ကောင်းလွန်းသော Noona ကြောင့်
ထိုလူရဲ့ မျက်နှာ ပျက်ယွန်းသွားသည်မှာ
သိသာလွန်းလှသည်။
" သမီး ဦးက ဆေးရုံ တခေါက်ပြန်မလိုက်တော့ဘူးလေ
ခုလေးတင် ပြန်လာတာဆိုတော့..
ပြီးတော့ သမီးတို့ Appa ကလည်း သူ့သားနဲ့သမီးကိုပဲ
တွေ့ချင်မှာ..ဦးကိုတွေ့ချင်မှာမဟုတ်ဘူးလေ.."
ထိုလူရဲ့ စကားက Noona ကို
နောက်တကြိမ်တွေဝေသွားစေပြန်သည်။
သူ လုံးဝ မကြိုက်ပါ..
စ လာထဲက ထူးဆန်းနေသော ဒီလူကြီးရဲ့ ပုံစံက Chanyeol ရဲ့ စိတ်ကို တမျိုးဖြစ်နေစေသည်။
" ဒါ ဆို သမီးတို့ နှစ်ယောက် သွားလိုက်မယ်.."
" Omma နိုးလာရင် အကျိုးကြောင်းကို
သေချာ ပြောပြပေးပါ.. Appa အတွက်လည်း
စိတ်မပူဖို့လည်း သေချာပြောပေးပါ ဦးလေး "
တည်ငြိမ်သော အသံဖြင့်
ဆုံးဖြတ်ချက်ချကာ ပြောဆိုလိုက်သော
Noona ကြောင့် သူ ဘာမှဝင်မပြောဖြစ်တော့..
အဖြေကိုကြားပြီးနောက်
ထိုလူကြီးက ဝမ်းသာ အားရ ပြုံးရင်းး..
" စိတ် ချပါ.. မင်းတို့ အမေကို ဦးလေး
သေချာ စောင့်ရှောက်ထားပါ့မယ်"
မှိုရသလို အပြုံးမျိုးနဲ့ ထိုလူကြီးရဲ့ ရီသံကို
သူ နည်းနည်းမှ မနှစ်မြို့ခဲ့ပါ..
မဖြစ်တဲ့ အခြေနေမို့သာ Omma ကို ထားခဲ့ရတယ်..
ထိုလူကြီးကို နည်းနည်းမှ စိတ်မချပါ..
Appa ကို သွားတွေ့ပြီးတာနဲ့
အိမ်ကို ချက်ချင်းပြန်လာမှကို ဖြစ်မည်..၊
.....
Advertisement
- In Serial21 Chapters
Rise of the Immortals
A broken man loses his last thread of faith in humanity in a world filled with bloodshed. As he breathes his last, he curses the living before he dies. And with this, the first Immortal was born. Author's Note; Cover art not owned by me, credit goes to whoever owns it! (Whenever I put it in) This is my first fiction-- feel free to criticize any flaws that you see in my work! I'll try to post whenever I can, which is relatively frequent. Enjoy!
8 279 - In Serial46 Chapters
All Yesterday's Parties
Socially anxious and incredibly depressed, Aster is a girl from the year 2066 who holds the dream of one day being a famous rock star. Except in her world, the only musicians are AI. What hope does Aster have of competing against these perfectly-programmed songwriters? The answer may lie in a journey to a VR simulation of the 1960s— and the highly illegal device that takes her there.
8 252 - In Serial6 Chapters
Wandering the Borderlands
They called me a murderer, I called them dead. Walking past their dead body stack of money-filled my pockets. Reborn I seek to roam this world. May it be for the worst or the best. Art isn't mine found it off google images. Overpowered protagonist.
8 149 - In Serial82 Chapters
Mind Linker
Demons are prowling the city floor, and Alexus had never believed that demons existed until now. Luckily, he was resurrected back from his heart attack in the hospital, bringing with him a unique ability. He can see energy as if it was the back of his hand and see beyond the thick veil of the paranormal. What's even crazier is that he is now called an Ouroboros, a being that is not entirely human anymore but something more. He fights to survive in a world where Demons possess the human body, and the demons attempt to kill every last Ouroboros they can find. Still, in a world where Ouroboros are just beginning to bloom, would he be able to make a future for himself or die like every other Ouroboros out there who couldn't make it to Seventh Sanctum. A place where either it's his salvation or his doom. A place where even more dark secrets lie. Is Ouroboros a hero or a villain? Or are they the bringer of destruction to the world?
8 193 - In Serial11 Chapters
The Earth after the Reset.
The one who can afford to board the Colony ships and go to space for interstellar travel already left the earth. The one who cannot afford it, are left behind to die with this world. The end of the world is near, but we stayed here to continue the research to preserve the remaining human life who is currently living with us inside the bunker located in the center of the Amazon Forest. Natural Disaster is continuously occurring such as a strong earthquake, The non-stopping rainfall, Tornados, even possibility of a tsunami. The earth's temperature reached the point that human can die because of the heat. We want to finish it before the world ends. The successful cold-sleep technology that can preserve human life even billions of years pass. We love this planet, our home, it's the one and only place for us and we want to see what will happen to this planet after everything calmed down.
8 633 - In Serial16 Chapters
BLIND LOVE ✔{Completed}
||❤COMPLETED❤||This is my first fic.I apologize in advance for any inaccuracies.✖This fic is written with only imagination✖[♥Taɛҡօօҡ Yօօռʍɨռ Naʍʝɨռ J-ɦօքɛ♥]~~~~~~~THANKS❤~~~~~~~
8 311

