《S T R A N G E R》Part 17
Advertisement
အပေါ်ထပ် သို့
သူ ပြေးတက် သွားမိ၏..။
Omma..
ဟိုလူ.. ဟိုလူ က Omma ကို..
ထင်တဲ့အတိုင်းပင်..
" Chanyeol "
များက ခပ်လွှလွှရယ်..။
သူ့ ကမ္ဘာကြီး တခုလုံး ငြိမ်သက်သွားသလို
သူ ရပ်တန့်နေမိ၏..။
ဒါ ဘာတွေလဲ..
ဆွဲဖြုတ်ဖျက်ဆီးမိ၏
မဟုတ်ဘူး..
ဒီ အခင်း..
ဒီ လိုက်ကာ..
ဒီ ကုတင်..
နောက်ပြီး ဒီ အခန်း..
Noona ငိုနေရှာသည်..။
ပို၍ ပင် နာကျင်လာရသည်..။
မာကျောပြဖို့ လိုတယ်..
သူ သည်လဲ အောက်ထပ်တွင်
တိုက် ဖွင့်နေမိသည်..။
Advertisement
တင်းကြပ်လာရသည်..။
Noona ရဲ့ ငိုသံတွေက
ရုတ်တရက်
သူ တံခါးကို အဆက်မပြတ်
ပူလောင်နေသည့်သူ့ကို
" သား.."
ဝတ်ဆင်ထားသော Appa..
ဝတ်ဆင်ထားသော အဖြူရောင် အင်္ကျီပေါ်တွင်
ကျန်ခဲ့သည်
ဘယ်သူက ပြောပြခဲ့တာလဲ
ငြိမ်သက်နေမိ၏..
ဘယ်သူက အသိပေးခဲ့တာလဲ"
သူတို့နှစ်ယောက်ကြား
အေးစက်သွားစေပြန်တယ်..
အရာအားလုံးက ဗလာနတ္တိ..။
သူ နာကျင်မိလာသည်..
ဆိုတဲ့ အတွေးက အထပ်ထပ်..။
သူ့ ယုံကြည်မှု့တွေကအားလုံးက
"Appa တောင်းပန်ပါတယ် " ဆိုတဲ့
စကားတခွန်းအောက်မှာ
အစရှာမရတဲ့ထိ မှေးမှိန်ပျောက်ကွယ်သွားရတယ်
သေချာ တာက သူ နာကျင်ရ၏
ပါးပြင်ပေါ်သို့ စီးကျလာတဲ့ မျက်ရည်ပူများနှင့်အတူ
Advertisement
စက္ကန့်ပိုင်းအတွင်း သူ့ အသံများ တိမ်ကောသွားခဲ့သည်
သူ မေးစရာ မေးခွန်းများမရှိတော့..။
မျက်နှာချင်းဆိုင်ဖို့ သတ္တိအားနည်းနေသည့်
Appa အတွက် သူကပဲ အလိုက်သိစွာ
အကြည့်လွှဲပေးလိုက်မိသည်..။
ဒါက သူ့အတွက်တော့..
ပထမဆုံး အကြိမ် ဖခင် အပေါ်
စိတ်နာ မိခြင်း ဖြစ်ပေလိမ့်မည်..။
" Appa.. သော့ ရပြီ "
ပြေးတတ်လာသော Noona နှင့်အတူ
သူမ လက်ထဲက ရွှေရောင် သော့လေးက
တလက်လက်.
တံခါးဖွင့်ခါနီး Noona က
အားယူသည့်ဟန် သူ့ကို လှည့်ကြည့်လာ၏
တံခါးဖွင့်ရသည့် အလုပ်လေးကိုတောင်
သူမ ချွေးပြန်သည်ထိ ကြိုးစားနေရ၏
တဆက်ဆက်တုန်နေသော လက်များအရ
သူမလည်း တစုံတခုကို ကြောက်ရွံနေပုံပေါ်သည်
သိပ်မကြာခင်မှာပဲ..
ခပ်တိုးတိုးမြည်သံနှင့်အတူ
ပွင့်သွားပြီဖြစ်တဲ့ တံခါးငယ်လေး..။
စိုးရိမ်ခြင်း များစွာနှင့်အတူ
အထဲမှာ ရှိနေသည့် Omma ကို
သူ ကြည့်လိုက်မိသည်...။
အလင်းရောင် မရှိသော အခန်းလေးထဲတွင်
အဖြူရောင်ကြွေပြားများခင်းထားသည်။
ထိုအခန်း လေးရဲ့ ထောင့် တစ်နေရာမှာ
Omma က ငြိမ်ငြိမ်လေး ထိုင်နေလေသည်..။
ဝတ်ဆင်ထားသော အဖြူရောင် ဂါဝန်အရှည်သည်လဲ
သွေးများ ပေကျံကာ ညစ်ပတ်နေလေသည်..။
စိုးရိမ် တကြီး ခေါ်သံနှင့်အတူ Appa က
သူမ အနားသို့ ပြေးသွားခဲ့သည်။
ပျော့ခွေနေသော Omma ရဲ့ ခန္ဓာကိုယ်ကို
Appa ခပ်ဖွဖွဆွဲယူရင်း....
ရင်ခွင်ထဲထည့်၍ တဆာဆာ ခေါ်နေပေမယ့်
Omma က တုန့်ပြန်ခြင်း တခုမရှိ
ငြိမ်သက်စွာနဲ့ပင်
Appa ရင်ခွင်ထဲတွင် လဲလျောင်းနေလေသည်။
ပြဲ နေသော အင်္ကျီ အပိုင်းစများနှင့်
ရှုပ်ထွေးနေသော ဆံပင်များကို Appa က
ခပ်ဖွဖွ သပ်ပေးလေသည်။
ထိုစဉ်.. သူ့ ခြေထောက်နားသို့ ကျလာသော
အဖြူရောင် အိပ်ဆေးများ..
ခြေထောက်နားက ဆေးလုံးလေးတွေရဲ့
လားရာ ကိုကြည့်မိတော့ Omma လက်ထဲက
အဖုံးပွင့်နေသည့် ဆေးဗူးထဲကပင်..
ဒ..ဒါ ဒါတွေက..?
ဉာဏ်မမှီ တော့သည့် အခိုက်တန့်တွင်
မျက်စိများပြာဝေ၍ လာခဲ့ရသည်
Noona ရဲ့ ငိုသံက ထပ်မံ၍ ပေါ်လာခဲ့ချေပြီ..။
မလှုပ်မယှက် ဖြင့် တောင့်နေပြီ ဖြစ်သော
Omma ရဲ့ ခန္ဓာကိုယ်ကို Appa က
ရင်ခွင်ထဲတွင် မြုပ်နေသည်ထိ ဖက်ထားသည်။
နောက်ဆုံးတော့ သူ သဘောပေါက်သွားခဲ့ပါပြီ..။
အရှက်ကြောက် ကြီးလွန်းတဲ့ Omma က
သူကြုံခဲ့ရတဲ့ အဖြစ်ဆိုးတွေကို လက်မခံနိုင်လို့
လောကကြီးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့သည်ဆိုတာ..။
နာကျင်စ ပြုနေသည့် နှလုံးသားက
အသက်ရှူဖို့ ခက်ခဲစွာ
ပို၍ ဆိုးရွားလာခဲ့သည်..။
သူ Appa ရင်ခွင်ထဲက သူမရဲ့ မျက်နှာကိုသာ
အံကြိတ်ရင်း ငေးကြည့်နေခဲ့သည်..။
ဖြူဖြူဖျော့ဖျော့ မျက်နှာလေးသည်
မာန်မာမရှိ အေးချမ်းလွန်းလှသည်။
သွေးမရှိတော့သည့် သူမရဲ့ နှုတ်ခမ်းပါးများက
ခြောက်သွေးလျက်..
မသေခင် နှိပ်စက် ရိုက်နှက်ခံထားရသေးပုံရသည်..
မျက်လုံးတဝိုက်.. လက်မောင်းနှင့်
တံတောင်ဆစ်တို့မှာ ညိုမဲစွဲ လျက်...
မျက်နှာ တခြမ်းကလည်း ရိုက်ခံထားရတာကြောင့်
ယောင်ကိုင်းနေသေးသည်။
ဒီ ခန္ဓာကိုယ်လေးက မသေခင်တုန်းက
ဘယ်လောက်တောင် ဒုက္ခတွေ ခံခဲ့ရရှာမလဲ..
Appa မှာတော့ ချစ်လွန်းလို့ မထိရက်မကိုင်ရက်ဖြင့်
တယုတယ ထားခဲ့တဲ့ ဒီ ခန္ဓာကိုယ်လေး..
ဒီလို ဒဏ်ရာ တွေနဲ့ ပြန်တွေ့ရတော့
Appa ဘယ်လောက်တောင် နာကျင်နေလိုက်မလဲ..
ထို အတွေးမျိုးဝင်မိတော့ ဘယ်ဘက်ရင်အုံ
ဆစ်ခနဲ စူးအောင့်လာချေသည်..။
အနည်းငယ် ပွနေသော ဆံပင်များကို
Appa က ခပ်ဖွဖွသပ်ပေးတော့
သူမရဲ့ ခေါင်းက Appa ပခုံးပေါ်သို့
ပြုတ်ကျလာခဲ့သည်
သူမရဲ့ လက်ဖြူဖြူလေးကို Appa
တင်းကြပ်အောင် ဆုပ်ကိုင်ထားလေသည်
ဆေးပုလင်းကို တင်းကြပ်စွာ
ဆုပ်ကိုင်ထားတဲ့ သူမရဲ့ လက်တွေလဲ
အားပျော့သွားခဲ့လေပြီ..။
မငြိုးသော ပန်းလေး သဖွယ်
Appa ရဲ့ ရင်ခွင်ထဲတွင်
သူမ စိတ်ချစွာဖြင့် အနားယူသွားခဲ့ချေပြီ..။
ငြိမ်သက်သွားသောသူမခန္ဓာကိုယ်လေးနဲ့အတူ
သူ့ကမ္ဘာလည်းတိတ်တဆိတ်ပျက်သွန်းခဲ့ရလေသည်
ဟောင်းလောင်းပွင့်နေသော အိမ်တံခါးနှင့်အတူ
မူမမှန်သော အိမ်အခြေနေကြောင့်
အပျက်စီးများဖြင့် ရှုပ်ပွနေတဲ့
အပေါ်ထပ် သို့
သူ ပြေးတက် သွားမိ၏..။
ကွဲကြေနေသော ဖန်ကွဲစ များက
သူ့ အတွေးများကို ရောက်ယှက်ခက်သွားစေသည်..
Omma..
တစ်အိမ်လုံး တွင် Omma ကိုရှာလို့မတွေ့..။
သူဆေးရုံကို ထွက်သွားတုန်းက အခန်းထဲမှာ
အိပ်ရင်း ကျန်ခဲ့တဲ့ Omma က
ဘယ်ကို ရောက်သွားရတာလဲ..။
သူ နှလုံးအိမ်များ လှုပ်ရှားသွားလေသည်
ဟိုလူ.. ဟိုလူ က Omma ကို..
ဖျတ်ခနဲ ဝင်လာတဲ့ အတွေးတခုနဲ့ အတူ
သူ လက်သီးကို ကျစ်နေအောင် ဆုတ်ထားမိ၏
ဒါ.. ဒီလူ သက်သက် ယုတ်မာတာ..
ဆေးရုံအနှံ့ Appa ကို ရှာပေမယ့်
အရိပ်ယောင်တောင် မတွေ့ရထဲက
တခုခုမှားနေပြီ ဆိုတာ သူရိပ်မိခဲ့တာ..။
ခံစားမိသော မကောင်းတဲ့ အငွေ့သက်ကြောင့်
သူ အိမ်ကို ချက်ချင်း ပြန်ပြေးလာခဲ့တာ..
ထင်တဲ့အတိုင်းပင်..
ဟို လူယုတ်မာက သူတို့ မောင်နှမရဲ့
ယုံကြည်မှု့ကို ကောင်းစွာ အသုံးချသွားလေပြီ
ပူရှိန်းတတ်နေတဲ့ အပူငွေ့ကို
ကိုယ်တိုင်က ပြန်ခံစားမိနေသည်..
Omma ကို ပြန်ရှာတွေ့မှ ဖြစ်မယ်.. ဆိုတဲ့ အသိက
သူ့ ခေါင်းကို အဆက်မပြတ် ရိုက်ခတ်နေသည်
" Chanyeol "
ခေါ်သံကြောင့် ဆက်ခနဲ သူ လှည့်ကြည့်မိ၏
မျက်ရည်ဝဲနေသော Noona က
အခန်း တစ်ခုကို ညွှန်ပြနေတယ်..။
လျင်မြန်စွာ အခန်းထဲသို့ သူ သွားမိတော့..
အခန်းထဲမှာ အဖြူရောင် လိုက်ကာ
များက ခပ်လွှလွှရယ်..။
ခေါင်းရင်းက ကွဲနေသော ပန်းအိုး နှင့်အတူ..
အခန်း အနှံ့မှာ ပြန့်ကြဲနေတဲ့ အဝတ်များ
သူ့ လက်ဖျားများ အေးစက်သွားခဲ့သည်။
ခဲရောင် အဖျော့ကို ခင်းထားသော
နှစ်ယောက်အိပ် ကုတင်ပေါ်တွင်
ကြီးမားတဲ့ သွေးကွက်ကြီးက ထင်ထင်ရှားရှား..။
သူ့ ကမာ႓ကြီး တခုလုံး ငြိမ်သက်သွားသလို
သူ ရပ်တန့်နေမိ၏..။
ဒါ ဘာတွေလဲ..
ကုတင် ခေါင်းရင်းက လက်သည်း ခြစ်ရာတွေ..
ကုတင်ဘေးမှာ ကျနေတဲ့ သွေးစတွေ..
သူသည် အဖြေမှန်ကို သိရက်နဲ့ ဇွတ်ငြင်းနေမိ၏
ဆယ်ကျော်သက် ယောကျာ်းလေးတယောက်အတွက်
ဒါဟာ ဘယ်လို အခြေနေလဲဆိုတာ
မြင်တာနဲ့ သူ သဘောပေါက်သည်..။
သို့ပေမယ့်.. လက်ခံနိုင်ဖို့ ခက်ခဲလွန်းသည်။
တုံးအလွန်းခဲ့တဲ့ ကိုယ့်အဖြစ်ကိုယ် တွေးမိတော့
တင်းကြပ်လာသော ရင်ဘတ်ကြောင့်
မြင်နေရတဲ့ အိပ်ယာခင်းများကို
ဆွဲဖြုတ်ဖျက်ဆီးမိ၏
မဟုတ်ဘူး..
မင်း မြင်နေတာတွေက အမှန်တွေ မဟုတ်ဘူး Chanyeol..
သူ မျက်လုံးများ ပြာလာသည်
အသက်ရှူသံများ ပြင်းလာသည်
သူ ယူကြုံးမရစွာ မျက်ရည်ကျမိ၏
အမှန်တရားတွေကို ငြင်းဆန်ဖို့
သူ သက်မဲ ဝတ္တုတွေပေါ်မှာ အပြစ်ပုံချမိ၏
ဒီ အခင်း..
ဒီ လိုက်ကာ..
ဒီ ကုတင်..
နောက်ပြီး ဒီ အခန်း..
Appa နဲ့ Omma တို့ရဲ့ အခန်းမို့
သူ အရင်က နှစ်သက်ခဲ့ပေမယ့် ခုချိန်မှာ
အရာအားလုံးကို ပျက်စီး မီးရှို့ပစ်ချင်စိတ်သာရှိသည်
ဒါတွေ အားလုံးက ပျက်စီး
ပျောက်ကွယ်သွားမှကို ဖြစ်မည်
မြင်မြင်သမျှ ကို ဖျက်စီးပစ်နေတဲ့
သူ့ကို Noona က အတင်းတားနေသည်
အသံ တချက် မထွက်ပဲ သူ့ကို ဖက်ရင်း
Noona ငိုနေရှာသည်..။
"Omma ကို အရင်ရှာရအောင်လား မောင်လေးရယ်..
Noona တို့ Omma ကို အရင်ရှာရအောင်လေ နော် "
ငိုသံ ဖြင့် ပြောလာသော Noona ပုံစံကြောင့်
သူ့ ရင်ဘတ်တခုလုံး မီးမြိုက်ခံထားရသလို
ပို၍ ပင် နာကျင်လာရသည်..။
သူ ဘာကြောင့် မတားဆီနိုင်လိုက်ရတာလဲ..
ဆိုတဲ့ မေးခွန်းကို သာ အထပ်ထပ်ပြန်မေးနေမိသည်
သူသည် အလိမ်ခံရခြင်းအတွက် ခံရခက်စွာ
အံတင်းတင်းကြိတ်ထားမိသည်
နာကျင်နေရင်တောင် Noona ရှေ့မှာတော့
မာကျောပြဖို့ လိုတယ်..
ငို နေသော Noona ရဲ့ မျက်ဝန်းတွေ ကို
စိုက်ကြည့်ရင်း သူ အားပေးမိ၏
" အင်း ကျွန်တော်တို့ Omma ကို ရှာရအောင်နော် Noona"
မျက်ရည်များကို ဖယ်ပစ်ရင်း
Noona ခေါင်းညိမ့်ပြလေသည်
ထိုနောက်တွင် Noona က အပေါ်ထပ်တွင်
ရှိသမျှ အခန်းကုန် လိုက်ဖွင့်ရှာလေ၏
သူ သည်လဲ အောက်ထပ်တွင်
ရှာရန် ဆုံးဖြတ်လိုက်သည်
သူ အောက်ထပ်မှာ ရှာနေတုန်း
အပေါ်ထပ်မှ Noona ရဲ့ အော်သံကြောင့်
သူ အပေါ်ထပ်သို့ အပြေးသွားမိ၏
"Omma တံခါးဖွင့်ပေးပါ Omma "
အပေါ်ထပ်ရောက်တော့ Noona က
စတိုခန်း တခုရှေ့တွင် ငိုလေသည်
အနားရောက်လာတဲ့ သူ့ကို မြင်တော့..
"Chanyeol.. Omma အထဲမှာ ရှိနေတယ်..
အခန်းရှေ့မှာ သွေးစက်တွေတွေ့တယ်..
သူ အခန်းထဲမှာ ရှိရက်နဲ့ တံခါးမဖွင့်ပေးဘူး..
အထဲမှာ တခုခုဖြစ်နေလို့လား မသိဘူး..
တံခါးဖွင့်ပေးပါ Omma.. သမီးတို့ကို တံခါးဖွင့်ပေးပါ.."
သူ့ကို ရှင်းပြရင်း အခန်းတံခါးကို
အဆက်မပြတ် ထုနေသည့် Noona ..
သူသည် လည်း ခန္ဓာကိုယ်ကို သုံး၍
ထိုတံခါးကို ပွင့်သွားစေရန် အားကုန်
တိုက် ဖွင့်နေမိသည်..။
သို့သော်.. ခိုင်ခံ့လွန်းတဲ့ ကျွန်းတံခါးက
နည်းနည်းလေးမှ ကို မလှုပ်..။
"Noona.. ဒီအခန်းကို ဖွင့်လို့ရတဲ့ သော့မရှိဘူးလား"
သူ အတွေးဝင်တော့ Noona က ခေါင်းခါပြ၏
"တစ်အိမ်လုံးက သော့မှန်သမျှက Appa ဆီမှာပဲ ရှိတာ..Noona လက်ထဲက သော့က
ပင်မ တံခါးနဲ့ ခြံတံခါးပဲ ဖွင့်လို့ရတာ.."
ဘာမှ မတတ်နိုင်တဲ့အဆုံး..
သူ ဒေါသ နှင့်အတူ တံခါးကို ထုပစ်နေမိ၏
Appa ဘယ်မှာလဲဗျာ.. အမြန် ပြန်လာပါတော့..။
သူ့ ရင်ဘတ် တခုလုံး ဆွဲစုတ်ခံထားရသလို
တင်းကြပ်လာရသည်..။
အထဲမှာ ရှိနေတဲ့ Omma ကို အချိန်မှီ ကယ်ဖို့လိုမှန်း
သူ သေချာပေါက်သိနေရက်နှင့်
တံခါးပိတ်ထားတာကြောင့်
သူ ကယ်လို့ မရဖြစ်နေသည်..။
အချိန် နောက်ကျ သွားရင် ဆိုသည့်
အဖြစ်ကို သူ တွေးရင်း ရင်ပူလာရသည်..။
"Omma.. ကျေးဇူးပြုပြီး သမီးတို့ကို တံခါးလေးတော့ ဖွင့်ပေးပါ Omma ရယ် သမီး စိတ်ပူလို့ပါ.. တံခါးလေးတော့ ဖွင့်ပေးပါ တောင်းပန်ပါတယ်.."
ဘာမှ လုပ်မရတဲ့ အဆုံး တံခါးရှေ့မှာ
ကျုံ့ကျုံ့လေး ထိုင်ရင်း တောင်းဆိုနေတဲ့
Noona ရဲ့ ငိုသံတွေက
သူ့အတွက် ဆိုးဝါးလွန်း၏..
တခါမှ မမက်ခဲ့ဖူးသော အိမ်မက်ဆိုးတခုလို
သူ့ အာရုံ အနှံပြားကို ခြောက်လန့်နေတယ်..
နောက် ဖြစ်လာမယ့် ကိစ္စကို စဉ်းစားမိတော့
သူသည် အသက်ရှူဖို့ပင် ခဲယဉ်းလာသလို..။
ရုတ်တရက်
စိတ်ထဲပေါ်ရာ လုပ်မိတဲ့ အလုပ်က
ဘေးက ခုံတခုကို ဆွဲယူရင်း..
အခန်း တံခါးကို ဖျက်စီးခြင်းသာ..။
မဖြစ်နိုင်မှန်းသိသော်လည်း
သူ အသိစိတ်ကို ထိန်းချုပ်၍မရ..။
သူ့ရင်ဘတ် တခုလုံး ပူလောင်နေရသည်
Noona တားနေသည့်ကြားမှ
သူ တံခါးကို အဆက်မပြတ်
မရပ်မနား ဖျက်စီးနေမိတယ်..။
ပူလောင်နေသည့်သူ့ကို
ဒေါသတို့က အမှောင်ဖုံးလေပြီ။
" သား.."
ပြာဝေနေတဲ့ မျက်လုံးတို့က အလင်းရောင်မဲ့ချိန်
ကြားလိုက်ရတဲ့ အသံကြောင့် သူ လှည့်ကြည့်မိသည်
Omma သေချာပြင်ပေးလိုက်သော
အဖြူရောင် အနောက်တိုင်းဝတ်စုံကို
အဆင်ပြေသလို နက်ခ်တိုင်ဖြုတ်၍
ဝတ်ဆင်ထားသော Appa..
အိမ်က ထွက်သွားတုန်းကလို သန့်ပြန်မနေပဲ..
အနည်းငယ် ပင်ပန်းနေသည့်ပုံ ပေါ်သည်
ခုံကို ကိုင်လျက်နှင့် ရုန်းရင်းဆံခတ် ဖြစ်နေသည့်
သူတို့ မောင်နှမ နှစ်ယောက်ကြား
ရေဖြင့် လောင်းချခံရသော မီးတောက်လေးသဖွယ်
Appa ရဲ့ အသံက ငြိမ်သက်သွားစေခဲ့သည်..။
" မင်းတို့ Omma ရော.. သားတို့ "
မောဟိုက်နေပုံရသော Appa..
ဝတ်ဆင်ထားသော အဖြူရောင် အကျႌပေါ်တွင်
မိုးရေ စက်တချို့က လည်း စိုရွှဲလျက်..။
မိုးရေထဲမှာ ထီးမပါပဲ ပြေးလာခဲ့ပုံရသည်။
" Omma.. ဒီ အခန်းထဲမှာ ရှိနေတယ် Appa
အထဲမှာ တခုခုဖြစ်နေလားမသိဘူး..
သမီးတို့ကို တံခါးမဖွင့်ပေးဘူး."
" Appa ကားထဲမှာ သော့ဗူးရှိတယ်.. အဲ့ထဲက ရွှေရောင် လက်ကိုင်နဲ့ သော့ကို ယူခဲ့သမီး.."
Appa.. ရဲ့ စကားသံ အဆုံး Noona က
အောက်ထပ်ကို ပြေးဆင်းသွား၏..။
တိတ်ဆိတ်သွားသော အခြေနေတွင်
အပေါ်ထပ်၌ Appa နှင့် သူ နှစ်ယောက်သာ
ကျန်ခဲ့သည်
ပတ်ဝန်းကျင်သည် ချမ်းစိမ့်သည်ထပ်
အေးစက်သည့် အနေထားသို့ ရောက်နေသလို..
တကယ်ဆို Appa က တခုခုကို မေးသင့်တယ်မဟုတ်လား
အခုမှ ရောက်လာတဲ့ Appa က
ဘယ်သူ့ဆီက သတင်းကြားလို့
သူတို့ဖြစ်နေတဲ့ ကိစ္စတွေကို ကြိုသိနေရတာလဲ..
အခုဖြစ်နေတဲ့ ကိစ္စတွေကို Appa ကို
ဘယ်သူက ပြောပြခဲ့တာလဲ
သူသည် အခုမှ ပေါ်လာ သော Appa ကို
စကား တခွန်းမှ မပြောသည်ထိ
ငြိမ်သက်နေမိ၏..
" သား Appa ကို မေးစရာရှိနေလား.."
သူ့ကို နားလည်လွန်းတဲ့ Appa က
သူ့ စိတ်ကို သဘောပေါက်စွာ မေးလာခဲ့သည်
"သား Appa ကို တခုခုမေးချင်နေမှန်း Appa သိတယ်..
မေးပါ.. Appa ဖြေခွင့်ရှိတုန်း အကုန်ဖြေပေးမယ်"
*ဖြေခွင့်ရှိတုန်း ဆိုသော စကားက
သူ့ အတွေးများကို နစ်မွန်းသွားစေခဲ့သည်..။
သူ့အား ငေးကြည့်နေသည့်
Appa မျက်ဝန်းများက အရောင်မှိန်းလွန်းခဲ့သည်
" ဒီမှာ ဖြစ်နေတဲ့ ကိစ္စတွေကို Appa ဆီ
ဘယ်သူက အသိပေးခဲ့တာလဲ"
ပြတ်တောက်သွားတဲ့ စကားသံက
သူတို့နှစ်ယောက်ကြား
အေးစက်သွားစေပြန်တယ်..
သူ့အားကြည့်နေတဲ့ Appa မျက်လုံးတွေက
မသိမသာ ငိုက်စိုက်ကျသွားခဲ့တယ်..။
"Appa.. အဲ့လူနဲ့ အစော ထဲက သိနေခဲ့တာလား "
အရာအားလုံးက ဗလာနတ္တိ..။
မေးခွန်းတွေ ထပ်ခဲ့ပေမယ့် ဖြေဆိုမယ့်သူက
အင်အားချိနဲ့စွာ တိတ်ဆိတ်နေခဲ့သည်..
သူ နှုတ်ခမ်းများ အေးစက်လို့ လာခဲ့၏
လက်ခံထားရတဲ့ အမှန်တရားတခုကို
သူ နာကျင်မိလာသည်..
*သူ သိပ်ကို ယုံကြည်တဲ့ Appa က
Advertisement
- In Serial324 Chapters
Re: Level 100 Farmer
When Li’s level 100 game character is transported to a fantasy world, he realizes he is unstoppable.But…all he wants to do is be a farmer? Watch as Li tries to maintain his peaceful daily life in a chaotic world full of magic and knights.===Foreword===Slow Pace: This novel does have a slow pace with things building up piece by piece over time. However, this also means that the further you read, the more connections will begin linking up and the more the story will start building up.OP MC: The MC in this novel is extremely powerful from the very beginning. If this appeals to you, then check this novel out.Crafting/Farming Warning: This is a warning to say that if you are looking for a novel that focuses entirely on a crafting system or farming, then I have to say that this novel does eventually move on from the whole farming premise, getting much larger in scope overall.===Doever Writing Quality Guarantee===I can give a solid guarantee that the writing quality of this novel is of the highest tier on this website. Even though I would like to go through many of the initial chapters for a proofread, I still believe the writing quality is top notch for this website.There will be very few mistakes, and the few that do slip by me will not affect readability at all. Now, you may not agree with how the novel develops, but I can at the least guarantee that you will have no trouble actually reading what happensOf course, I am not perfect, so please feel free to point out mistakes and problems and I will be more than happy to fix them!But most importantly, whether you have criticisms or enjoy the book, thanks for reading!
8 2379 - In Serial7 Chapters
(un)Lucky
After dying on his hospital bed, Jack is surprised to once again regain consciousness. Turns out he’s in purgatory where he learns that God has been pretty into gaming lately… you already know where this is going, don’t you? Yeah, yeah, I know, another LitRPG story like many others. SO original… But why then do we keep reading them and looking for more? The answer, for me at least, is because they’re usually just plain fun. That’s all I hope my story can be: fun. No fixed releases for now, nor any future plans. I’m just trying to enjoy my time writing it. Btw, the cover is something random I did and has absolutely nothing to do with anything. Don’t ask me why.
8 124 - In Serial60 Chapters
Dream Theater
Long casted shadows danced in the background, as a man squibbled and jotted words on yellow papers. A mere novelty, remnant and ghost that was left to age away along with the forgotten theater, a man grasped for inspiration to salvage what was left of his soul. Abandoned in the squalid room, Pxan was left hauntedly in the furthest corners of insanity that bubbled in his mind. No one would listen to his plight, denouncing him and claiming his mind was not right. Even though the world left him with nothing, turning their backs to him, he knew the books would never betray him in the same fashion. Faceless pages and books yet to be read ogled puppy eyes, ready to be penned by the madman. “Pxan! Pxan! Over here! To me!” Clamored the unpublished manuscripts. Pxan’s fingers quivered nervously, thoughts of failure flooded his mind. Wanting to surrender to the pressure. “No!” He cried. “I’ve had enough of writing.” Books with eyes all stared at him, begging for the tales to be written. Their pleaful eyes were all that Pxan needed to be moved to writing again. The man sighed and raised his pen again, stroking the first letters of inspiration that bore fruit from his mind. A maddening tale of a policeman, cultists and a violent revenge… -Currently on Hiatus while writing the second volume.The first volume is up. I will take a few days to rewrite a few chapters. Afterwards, updates will proceed as usual.Current rewrite progress 17/59 chapters rewrited. This is my first real novel, any kind of criticism or feedback is appreciated. I am looking for an editor, if someone wants to help me avoid typos please contact me. The cover is a detail of Faust in His Study by Ary Scheffer, c. 1831, watercolor and gouache on paper.
8 171 - In Serial40 Chapters
Dungeon Incursions
For Lance, the Incursion of monsters and a magical Shop isn't as much of an apocalypse as an inconvenience. Together with the rest of his archery club, there's a whole new world order to navigate as humanity deals with portals to a new world spawning monsters and a magical shop that provides upgrades for those clearing the Incursions. Dungeon Incursions is a slow-moving apocalypse, where the system doesn't lead to societal collapse but changes in civilisation itself. Not solo OP MC but team-based dynamics.
8 149 - In Serial40 Chapters
22 Letters✓
🏆Featured ×3Going through editing.**22 letters. 24 days. 1 boy. What could possibly go wrong?*************When Leon James takes a bet to reveal his true feelings to his crush, he didn't expect a timeline to it. He also didn't expect that timeline to be in 24 days.Now with his shyness and mental health getting the best of him, he has to find a clever way to let his crush- or crushes- know how he truly feels.And what better way than writing letters to them?
8 275 - In Serial28 Chapters
Reid and the awkward girl | S.R.
Reid comes in to teach in Danny's college class. Danny, easily embarrassed and socially awkward, has a massive crush on the BAU agent. Student/teacher romanceI do not own the criminal minds characters. The pictures that I use are from Pinterest or the internet.#1 in criminalminds#2 in drreid#3 in aaronhotchner #1 in daviddrossi#1 in penelopegarcia#1 in EmilyPrentiss
8 64

