《S T R A N G E R》Part 19
Advertisement
၁၀ မိနစ်ဆိုတဲ့ အချိန်တခုကို ဖြတ်ကျော်ခဲ့လေပြီ
လက်များကလည်း ချည်ထားတဲ့ကြိုးများကြား သိသိသာသာ ရုန်းကန်လာသည်
သေချာတာက..
သူ ခေါင်းမာနေတာ..
ရောက်လာတာမလား
မတတ်နိုင်တဲ့အဆုံး..
" ဟုတ်ကဲ့ Doctor "
သူ့အတွေးထဲမှာ သူ့မိဘနဲ့ သူ့အမ ဆုံးရှူံးထားတယ်ဆိုတာကို သူလုံးဝ ငြင်းဆန်နေတယ်..
Advertisement
ပဲ့တင်ထပ်သွား၏
ပိုအားပြင်းသည်..။
တောက်တောက်ကျချေပီ
Sehun.. တုန်လှုပ်သွား၏
*Byun baekhyun တဲ့..
Baekhyun ရှိနေတာပဲ..
Baekhyun ပဲ..။
" Byun baekhyun.. "
ပြုံးနေသည်..။
အမှတ်တရ သေးသေးလေးက အစ
ဟုတ်တယ်
" Doctor oh sehun ကတော့..
Advertisement
ထို့နောက်..
သူထွက်လာခဲ့လိုက်သည်
...
တရွေ့ရွေ့သွားနေတဲ့ စက္ကန့်လက်တံလေးတွေက
၁၀ မိ်နစ်ဆိုတဲ့ အချိန်တခုကို ဖြတ်ကျော်ခဲ့လေပြီ
အဖြူရောင် အခင်း ပေါ်မှာ ငြိမ်သက်နေတဲ့ Chanyeol သည် အသိစိတ် တခုကြောင့် မျက်စိများမပွင့်သော်လည်း ခပ်ဖြည်းဖြည်း လှုပ်ရှား၍ လာလေသည်။
ဘေးမှာ ရှိနေတဲ့ Sehun က
အခြေနေကို စောင့်ကြည့်နေ၏
ကုတင်လက်ကိုင်မှာ ကြိုးဖြင့် ချည်ထားခြင်းခံရတဲ့
Chanyeol လက်တွေက လက်သီးများ ဆုပ်ထားသည်
ဆေးရုံကုတင်ပေါ်တွင် ပက်လက်အနေထားဖြင့်
လဲလျောင်းနေသော Chanyeol သည်
တစ်စုံတခုကို ပူဆွေးနေသည့်ဟန်
မျက်ရည်များ အဆက်မပြတ်ကျနေသည်
ပြီးတော့ နာကျင်နေသည့် ပုံပေါ်၏
သူ့ အတိတ်က ပုံရိပ်တချို့တို့က
သူ့ကို ပင်ပန်းစေ ပုံရသည်
တရဆက် စီးဆင်းနေတဲ့ သူ့မျက်ရည်များက
ဖြူစွတ်နေတဲ့ ခေါင်းအုံးပေါ်တွင် ရွှဲအိုင်နေချေပြီ..
စက္ကန့်ပိုင်းတချို့ ကြာလာတာနဲ့အမျှ
သူ့ မျက်နှာသည် ဝမ်းနည်း သည့် ပုံစံမှ
မတူညီတဲ့ အနေထားတခုသို့
တဖြေးဖြေးပြောင်းလာသည်
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင်
သူသည် လွန်ခဲ့တဲ့ မိနစ်ပိုင်းက ကဲ့သို့
မျက်ရည်များ ကျမလာတော့..။
မှိတ်ထားတဲ့ မျက်လုံးများက ငြိမ်သက်သွား၏
အံတင်းတင်း ကြိတ်ထားတဲ့ သူ့မျက်နှာသည်
တစုံတခုကို မကျေနပ်သည့်ပုံ ပေါ်နေသည်
တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေနဲ့အတူ
မျက်မှောင်များ ကြုတ်လာသည်
လက်များကလညး် ချည်ထားတဲ့ကြိုးများကြား သိသိသာသာ ရုန်းကန်လာသည်
သေချာတာက..
သူ အတိတ်ဆိုးတွေကို လက်ခံချင်ပုံမရ
" Doctor.. လူနာရဲ့ တုန့်ပြန်တဲ့ ပုံစံက ပုံမှန်မဟုတ်ဘူး..သူ အတိတ်တွေကို လက်မခံချင်တဲ့ပုံပဲ "
လေသံ ခပ်တိုးတိုးဖြင့် အသိပေးနေတဲ့ လက်ထောက်ကို Sehun ခေါင်းတချက်ညိမ့်ပြလိုက်သည်
သိသိသာသာ ပြောင်းလဲလာတဲ့ Chanyeol
ပုံစံကို Sehun ဘာမှမပြောပဲ စိုက်ကြည့်နေ၏
ဖြစ်သင့်တာတခုခုကို လုပ်ရန် သူ စဉ်းစားနေပုံရသည်
" doctor.. လူနာက အရမ်းရုန်းလာပြီ..။
သူ စိတ်ဓါတ်ပြင်းထန်ပုံရတယ် သူ့ခေါင်းထဲမှာ ပေါ်လာတဲ့ အတိတ်တွေကို သူ ခါးခါးသီးသီးကို ငြင်းဆန်နေတယ်..Doctor ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ "
အခြေနေက တော်တော်ဆိုးလာသည်
မျက်မှောင်ကြုံ့ကာ ရုန်းနေသော Chanyeol က
ခန္ဓာကိုယ်များပါ ရုန်းကန်စ ပြုလာပြီ..။
ဒီလိုဆို သူတို့ ထိန်းချုပ်ဖို့ အရမ်းခက်တယ်..
အဖြစ်မှန်တွေကို Chanyeol လက်မခံပဲ ငြင်းဆန်လေ
သူ့ အတိတ်တွေက သူ့ကို ပိုတိုက်ခိုက်လေ..
သူ ပိုပင်ပန်းလေ ဖြစ်မှာ..။
အခုဆို ကြိုးချည်ထားတဲ့ Chanyeol လက်တွေက
ရုန်းကန်မှု့ကြောင့် သွေး ပင် စို့လာချေပြီ..။
သူ အတိတ်တွေကို လက်မခံခြင်းက
သူ့စိတ်တွေကို အမှောင်ချပစ်နေတာ..
သူ ခေါင်းမာနေတာ..
ဒီတိုင်းဆို စိတ်ပိုင်းဆိုင်ရာ ပိုပင်ပန်းရလိမ့်မယ်..၊
ထိန်းချုပ်ထားပါများရင် အဲ့အတိတ်ဆိုးတွေက
Chanyeol ကို သွက်သွက်ခါအောင် ရူးသွားစေလိမ့်ယ်
အိပ်ငွေ့ချတာကို ရပ်လိုက်လို့လဲ မဖြစ်..
ဒီအချိန် အိပ်ငွေ့ချတာကို ရပ်ပစ်လိုက်ရင်
Chanyeol အရှေ့က ပင်ပန်းခဲ့သမျှတွေ အရာမထင်ပဲ
သတိရလာတဲ့အခါ သူ့ခေါင်းထဲ မှတ်မိစ ပြုနေတဲ့
အတိတ်ဆိုးတွေကြောင့် နှစ်ဆ ပိုဆိုးလာတော့မှာ..
ဒါဆို... သူ ဘာ လုပ် သင့် သလဲ..?
သူ တကယ်ကို အကြပ်ရိုက်ချေပြီ..။
စက္ကန့်ပိုင်းအတွင်း သူချရမည့် ဆုံးဖြတ်ချက်က
Chanyeol ရဲ့ ဘဝနှင့်ပင် သက်ဆိုင်နေသည်
ရွေးရမည့် နှစ်လမ်းလုံးက တစ်ခုမှ မကောင်း..။
လက်ထောက်ဆရာဝန်က လည်း တခါမှ မကြုံဖူးတဲ့ လူနာအခြေနေကြောင့် ပြုးပြာနေချေပြီ..။
ပုံမှန်အားဖြင့် အိပ်ငွေ့ချခံရတဲ့ လူနာတွေက
မျက်ရည်ကျ ယုံလောက်ပဲဖြစ်တာ..
အခု Chanyeol က ရုန်းကန်သည့်
အခြေနေကို အချိန်ခဏတွင်းကို
ရောက်လာတာမလား
ဒါဟာ ကောင်းတဲ့လက္ခဏာတော့မဟုတ်
Sehun အတွေးတချို့ကြောင့် ချွေး ပြန်လာသည်
မတတ်နိုင်တဲ့အဆုံး..
" ထခိုင်းလိုက်တော့.. အိပ်ငွေ့ချထားတာကို
နှိုးထ ခိုင်းလိုက်တော့..။ "
" ဟုတ်ကဲ့ Doctor "
မလုပ်လို့ မဖြစ်တော့ ကြာရင် Chanyeol အာရုံကို ထိန်းချုပ်ထားတဲ့ စက္ကန့်သံက Chanyeol ရဲ့ ငြင်းဆန်မှု့ကြောင့် လမ်းစ ပျောက်သွားလိမ့်မယ်..
လမ်းစ ပျောက်သွားတာနဲ့ chanyeol အတွက်
နိုးထ ဖို့ပါ ခက်ခဲ သွားလိမ့်မယ်..၊
လေသံ ကို တည်ငြိမ်အောင် ထား၍ နိုးထခိုင်းနေသော
လက်ထောက်ရဲ့ အသံသည် Chanyeol အပေါ်သက်ရောက်ပုံ မပေါ်..
ရုန်းကန်ခြင်းက ပိုလို့ပင်ဆိုးရွားလာသည်
လက်အပြင် ခြေထောက်များကပါ ရုန်းလာလေပြီ
Sehun လက်ထောက်ကို ဖယ်ခိုင်းကာ
ဘေးက စက္ကန့်သံပေး ကိရိယာကို ကိုင်၍
သူကိုယ်တိုင် ထိန်းချုပ်ဖို့ ကြိုးစားကြည့်သည်
Chanyeol ရဲ့ ခံယူချက်တွေက
သိပ်ကို အားပြင်းလွန်းတယ်
သူ့အတွေးထဲမှာ သူ့မိဘနဲ့ သူ့အမ ဆုံးရှံူးထားတယ်ဆိုတာကို သူလုံးဝ ငြင်းဆန်နေတယ်..
တည်ငြိမ်ပြတ်သားသော လေသံဖြင့်
Sehun သူ့ကို နိုးထရန် အမိန့်ပေးနေသည်
လေသံလေး တချို့က ဆေးရုံခန်းတွင်း
ပဲ့တင်ထပ်သွား၏
ရင်ဘတ် နိမ့်ချည် မြင့်ချည်ဖြင့် အသက်ကို ခပ်ပြင်းပြင်း ရှူနေတဲ့ Chanyeol သည် ငြိမ်သက်သွား၏
သို့သော် စက္ကန့်ပိုင်းလောက်မျှသာ..
ခဏလေးအတွင်းမှာ နောက်တကြိမ် ပြန်စလေပြီ..။
ဒီတကြိမ် ရုန်းကန်မှု့က ပထမ
အကြိမ်ထပ်ပင် ပိုဆိုးသည်။
ပိုအားပြင်းသည်..။
ဖြူဖွေးနေတဲ့ လက်ကောက်ဝတ်မှာ
တင်းကြပ်တဲ့ ကြိုးကြောင့် သွေးပင်
တောက်တောက်ကျချေပီ
Sehun.. တုန်လှုပ်သွား၏
Chanyeol က အမိန့်ကိုတောင် မနာခံတော့ဘူးပဲ..။
ဒါဟာ ကောင်းတဲ့ လက္ခဏာမဟုတ်
အိပ်ငွေ့ချခံထားရဲ့ လူနာတစ်ယောက်အတွက် မှောင်မဲနေသော စိတ်အာရုံတွင် ဘေးက ဆရာဝန်ရဲ့ အသိပေးသံကသာ အလင်းရောင်ဖြစ်သည်။
အတွေးတွေထဲမှာ လမ်းစ မပျောက်ဖို့
ဆရာဝန်ရဲ့ စကားသံကသာ အဓိကဖြစ်သည်
ဘေးက ဆရာဝန်က အခြေနေကြည့်၍
နှိုးထ ခိုင်းလျှင်ချက်ခြင်းနိုးထရသည်
ဒီထပ်ဆိုးလာတဲ့ အတိတ်တွေရဲ့ ဝါးမျိုခြင်းကို
မခံရဖို့ သေချာပေါက် ဆရာဝန်ရဲ့ အမိန့်ကို နာခံရသည်
ဒါပေမယ့်.. Chanyeol က ခေါင်းမာလွန်း၏
အလင်းရောင်ပြနိုင်မည့် အသံကို ကြားနေရက်နဲ့
မျက်စိမှိတ်ကာ သူသွားချင်တဲ့နေရာကိုသွားနေ၏
ပြန်မှတ်မိလာတဲ့ အတိတ်တွေကို လက်မခံပဲ
သူ ဖြစ်ချင်တဲ့ အတိတ်ကို သူ့ အတွေးထဲမှာ
သူ့ဟာသူ မရရအောင် ပုံဖော်နေ၏
ဒီတိုင်း ဆက်ထားလို့ လုံးဝမဖြစ်တော့..
တစ်ခုခုလုပ်မှကို ရချေတော့မည်
ရုတ်တရက် တုန်ခါလာသော ဖုန်းကြောင့်
Sehun အတွေးစများ ပြတ်တောက်သွားသည်..
ဖုန်းရဲ့ screen တည့်တည့် မှာ ပေါ်လာတဲ့ နာမည်က
*Byun baekhyun တဲ့..
ဖျက်ခနဲ ဝင်လာတဲ့ အသိကြောင့်
Sehun မျက်လုံးများ အရောင်လဲ့သွားသည်..
Baekhyun ရှိနေတာပဲ..
ဟုတ်တယ် Baekhyun ရှိတာပဲ..။
Chanyeol ကို အတိတ်ဆိုးတွေကြားထဲက
ဆွဲထုတ်ဖို့ အလင်းရောင်အဖြစ်
Baekhyun ကို အသုံးချလို့ ရတာပဲ...
ဆိုးရွားတဲ့ အဖြစ်ပျက်တွေ အပြီး
Chanyeol နောက်ဆုံးအနေနဲ့
တမ်းတမ်းစွဲဖြစ်ခဲ့တာက
Baekhyun ပဲ..။
ဒီနေရာမှာ ထိန်းချုပ်ဖို့ Baekhyun ကသာ
အကောင်းဆုံးနည်းလမ်းဖြစ်ပေလိမ့်မည်
ဆက်နဲ ဝင်လာတဲ့အတွေးနဲ့အတူ
လက်ထဲက စက္ကန့်သံပေးတဲ့ ကိရိယာကို
နောက်တကြိမ် ဖမ်းဆုပ်လိုက်သည်
ထို့နောက်.. Chanyeol ရဲ့ နားနားသို့ ကပ်ကာ
ချိန်သီးလေးကို ပြန်လည် စတင်စေလိုက်သည်
" Byun baekhyun.. "
" ခင်ဗျား မှတ်မိလား Byun baekhyun ကို.. "
ရုန်းကန်နေတဲ့ Chanyeol သည်
အသံကြားတာနှင့် ယုတ်ချည်း ငြိမ်သက်သွား၏
အကြံအောင်မြင်သွားတာကြောင့်
Sehun ခပ်ပါးပါးပြုံးကာ..
" ခင်ဗျား အရမ်းသဘော ကျတဲ့ အရုပ်လေးလေ
ခင်ဗျား သဘောကျလွန်းလို့ သူ့နာမည်ကို စာရွက် ပေါ်မှာတောင် အထပ်ထပ် ရေးဖူးတယ်လေ မှတ်မိလာား.."
ခပ်အေးအေး လေသံ တချို့ကြောင့်
တွန့်ချိုးထားတဲ့ Chanyeol မျက်ခုံးတွေက
သိသိသာသာ ပြေလျော့သွားခဲ့တယ်..
" Byun baekhyun က ခင်ဗျား ရဲ့ အရာအားလုံးပဲ
အခု ခင်ဗျား သူ့မျက်နှာ ကို အတွေးထဲမှာ
ပုံဖော်ကြည့်စမ်း...ခင်ဗျား မြင်ဖူးတဲ့ သူ့အပြုံးလေးတွေ သူ့အသံလေးတွေကို ပုံဖော်ကြည့်.."
Sehun ပြောသည့်အတိုင်း Chanyeol နာခံပုံရ၏
မျက်စိများကို မှိတ်ရင်း ခပ်ဖြေးဖြေးပြုံးနေသည်
"Ok.. ခင်ဗျား သူ နဲ့ စတွ့ခဲ့တဲ့ နေ့လေးကို မှတ်မိလား.."
သူ့အမေးကို Chanyeol ပြန်မဖြေသော်လည်း
မျက်စိများမှိတ်လျက် ငြိမ်သက်နေသည်
ဒါဟာ သူ မှတ်မိတယ်ဆိုတဲ့သဘော..။
" မှတ်မိရင် ခင်ဗျားအခု အတွေးထဲမှာ ပြန်ပေါ်နေတဲ့
အတိတ်ဆိုးတွေကို ထားခဲ့ပြီး
သူနဲ့ရှိခဲ့တဲ့ အမှတ်တရတွေဆီကို ပြန်သွားရအောင်"
စကား ပြောနေတဲ့ တလျှောက်လုံး Chanyeol နူးညံစွာ
ပြုံးနေသည်..။
နှုတ်ခမ်း ကွေးယုံမျှ ပြုံးသော Chanyeol အမူယာက
သူ နှစ်သက်တဲ့ အရာတခုကို ပြန်ပိုင်ဆိုင်နေသည့်ပုံစံ
Baekhyun နဲ့ သူနဲ့ကြားမှာ အရမ်းကောင်းတဲ့
အမှတ်တရ တွေ ရှိခဲ့ပုံရသည်
ဒါကြောင့် Chanyeol ခုချိန်ထိ
ထိုကောင်လေးကို မမေ့တာ
အရာအားလုံးကို မမှတ်မိတော့ပေမယ့်
Chanyeol က ထိုကောင်လေးကိုတော့
သေချာပေါက် မှတ်မိနေသေးတယ်..။
ထိုကောင်လေးနဲ့ ပက်သတ်တဲ့
အမှတ်တရ သေးသေးလေးက အစ
Chanyeol ရဲ့ခေါင်းထဲမှာ ရှိနေသေးတယ်
ဒီအချက်က Chanyeol ကို အမှောင်ထဲကနေ ထွက်ဖို့
ကူညီလမ်းပြပေးနိုင်လိမ့်မယ်
ဒီအချက်က Chanyeol ကို လူကောင်းတယောက် ပြန်ဖြစ်လာအောင် ဆောင်ရွက်ပေးနိုင်လိမ့်မယ်
ဟုတ်တယ်
Baekhyun က Chanyeol ရဲ့ စိတ် ဝေဒနာတွေကို ကုသပေးနိုင်မယ့် အကောင်းဆုံး ကုထုံးပဲ..
Chanyeol အခြေနေငြိမ်သက်သွားတာ
သေချာတော့မှ ဘေးမှာ ရပ်ကြည့်နေတဲ့
လက်ထောက်ဆရာဝန်က လက်ပြင်းချလေသည်
" Doctor oh sehun ကတော့..
စိတ်ရောဂါ ကုတဲ့နေရာမှာ တကယ်ကို အံ့မခန်းပဲ "
လက်ခုပ်သံ မကျယ်အောင် ခပ်ဖွဖွတီးရင်း
ဂုဏ်ပြုနေတဲ့ လက်ထောက်ကို သူ့ အကျင့်တိုင်း
ရုပ်တည်နဲ့ ခေါင်း တချက်သာ ငြိမ့်ပြလိုက်သည်..။
ခဏနေရင် Chanyeol ကို အိပ်ငွေ့ချခြင်းမှ နိုးထ စေရန် မှာရင်း သူ အခန်းပြင်သို့ ထွက်လာခဲ့လိုက်သည်
Baekhyun သူ့ဆီကို msg ပို့ထားသည်လေ..။
ပုံမှန်ဆို ကုထုံး အဆုံးသတ်မှ ဆေးရုံခန်းထဲက ထွက်တတ်သော Sehun သည် ခုနကလေးတင်မှ msg တစောင်ဖြင့် ကူညီထားသော Baekhyun ကို ခပ်ကြာကြာ လျစ်လျှူ မရှု့ထားချင်တာကြောင့် အပြင်သို့ ထွက်ခဲ့ခြင်းဖြစ်သည်
Baekhyun ဆီသို့ ဖုန်းပြန်ခေါ်ကာ..
"Baekhyun.. msg ပို့ထားတာတွေ့လို့ ဘာကိစ္စရှိလို့လဲ "
" Doctor အချိန် ခဏလောက် ရမလားမသိဘူး..
ကျွန်တော် မေးစရာလေးရှိလို့ပါ.."
ဖုန်းထဲက ထွက်လာတဲ့ အသံသေးသေးကြောင့်
သူ့စိတ်ထဲ ဘဝင်မကျဖြစ်သွားသည်
Baekhyun က သူ့ကို ဘာများ မေးချင်နေပါသနည်း..?
"ကောင်းပြီလေ Baekhyun ကိုယ် အခုထွက်ခဲ့လိုက်မယ် *** ဆိုင် ကို လာခဲ့ပေးလို့ရလား "
ဖုန်းချသည်နှင့် ဆေးရုံခန်းထဲပြန်ဝင်ပြီး
ကျန်ခဲ့တဲ့ လက်ထောက်ကို Chanyeol အား ခဏစောင့်ကြည့်ထားပေးရန် မှာရသည်
ကုထုံးမှ နိုးထလာပြီဖြစ်သော်လဲ Chanyeol ရဲ့ စိတ်ကို ထပ်မံ၍ အနားယူဖို့ လိုတာကြောင့် အိပ်ဆေး ထပ်ပေးထားခြင်းဖြစ်သည်..
ထို့နောက်..
Baekhyun နဲ့ ချိန်းထားသည့်နေရာသို့
သူထွက်လာခဲ့လိုက်သည်
...
Advertisement
- In Serial59 Chapters
Missteps - Book One
Adventure. Coin. Danger. Treasure. Seven strangers join up for one job, and catch the adventuring bug. They get certified by the Sylph Heart Circle, they get a name, and then they're let loose on an unsuspecting world. Can they manage to stop getting in their own way long enough to actually do the job? Will their past be a hindrance or a help? In a world of magic, anything can happen. In a world of treasure, greed in inevitable. And in a world of conflict, death is unavoidable. Volume one of this fantasy campaign-style tale has our fledging heroes get their feet wet in a world inspired by class roleplaying adventures. Patreon: https://www.patreon.com/misstepsstory Discord: https://discord.gg/fQECFhBjV7Twitter: https://twitter.com/MisstepsStoryFacebook: https://www.facebook.com/misstepsstory Instagram: https://www.instagram.com/misstepsstory/
8 197 - In Serial12 Chapters
The Legends of Granis Book 1: The Evergreen Forest
Granis, a world full of mysteries and legends. A world where seven realms have been bound together and adventurers travel abound to find adenture, glory, riches, and many more. Of all the legends that tie this world together, there are two that are most prominant. The tale of seven fallen stars and a lost kingdom, these tales are as old as Granis itself and many write them off as children's stories. A foolish tale for foolish people. Though, of all the guilds that dot Granis and its kingdoms, there is one that holds these legends as true. The Blue Star Guild seeks the truth to these stories and refuse to let anyone dissuade them, for in the words of their master: "The most foolish of tales, make for the greatest of adventures" Image supplied by Shutterstock
8 188 - In Serial12 Chapters
Distortion: A NPC VS Reality
Shin is a young, freshly employed, cart driver on his first long haul journey. He has been tasked with giving some strange clients a ride around the kingdom. The passangers however keep talking about "realism" and "NPCS". They seem to be discussing a deal to purchase something called "stocks" with what Shin assumes is their currency "millions". no spoilers past that.
8 94 - In Serial6 Chapters
Re:Skyrim
In the world of Nirn, on one of the continents, Tamriel, at the northernmost province of the continent, Skyrim, there was peace. But storms are a brewing, with signs of war peaking and the people of Skyrim anxious, peace might not last for so long. With dragons coming back from the dead, vampires going out of their caves, assassins and thieves running wild, how can Skyrim have her peace when even her own children are bickering amongst themselves? But this is not a tale about Skyrim, this is a tale spun for something else. Something, not quite from Nirn, or even from this Kalpa. _____________________________ *All copyrights belong to Bethesda, I just want to add a little character of my own into the mix. *Title, synopsis, chapters, and cover picture are subjected to changes, at anytime *Like with the lore and the Elder Scrolls series, I don't own the picture, if the owner wants it taken down, please message me I take some lore, and then I twist it a bit, or I don't at all. I try to add the meanings to the strange words you find in this fiction at the end of the chapters. Thanks for reading.
8 201 - In Serial130 Chapters
Unipsi, lovely entity
Follow commander Scilla Lis in her discovery of the cryptic Esterians. Problems and oddities will soon become part of her every day life just as war and death had already done. "Such a strange life, uncertain and full of horrors, but she keeps on going. it's such a lovely entity" -Observer 5.511!.76! (if you read this, remember that you will have to tolerate my horrible english, it's not my first language)
8 148 - In Serial12 Chapters
Kenzie The Queen ♔ mackenzie ziegler
The 'stressful' Life Of Being The Queen.
8 67