《S T R A N G E R》Part 20
Advertisement
" Doctor ရောက်ပြီလား "
မေးလေ အားမနာနဲ့ "
" အင်း.. "
သူ တကယ် သိချင်ပုံရသည်။
ထိုကောင်လေးကိုယ်တိုင်ရော သိပါလျော့သလား..။
ဒုက္ခတွေများလိုက်တာ
Advertisement
" ငါ တောင်း ပန်ပါတယ် "
.....
.........
အနည်းငယ်တုန်ရီနေ၏
သူ ထိတ်လန့်မိပါသည်။
သူ ဘာလုပ်သင့်သနည်း..။
ရဲ သွားတိုင်ရမည်လော..။
ဒုက္ခမပေးချင်ပါ..။
သူ အားနာလွန်းလှပြီ..။
သေချာ ပေါက် ရှူံးနိမ့်ရတော့မည် ။
ရုတ်တရက် တုန်ခါလာသည့်
ဖုန်းဆက်သူက သူ၏ မွေးမိခင် ပင်ဖြစ်သည်
" hello.. "
"နင် ဖုန်းကိုင်တာ ဘာကိစ္စ အဲ့လောက်ကြာနေတာလဲ
နင် ငါ့ဖုန်းမှန်းသိလို့ မကိုင်တာမလား.."
"မဟုတ်ဘူး.. ကျွန်တော်.."
"နင့် စောက်အချိုးတွေကို ငါမသိဘူးများထင်နေလို့လား
နင်အခု ဘယ်မှာလဲ.. ငါ့နင့်ကို
ခိုင်းထားတဲ့ ကိစ္စ လုပ်ပြီးပြီလား "
သူ စကားသံ တစ်ချို့ စွံအမိ၏
ခဏအကြာတွင် တိုးညှင်းစွာဖြင့် ဆို၏
" ကျွန်တော် အခု.. သွားမလို့ ပါ "
" နင့် ကို ပြောလိုက်ရင် အဲ့ဒီအတိုင်းကြီးပဲ
ဘယ်နေရာမှ သုံးစားမရဘူး..အခုချက်ခြင်းသွား
ပြီးရင် ငါ့ကို ချက်ချင်းဖုန်းပြန်ဆက်.. ဒါပဲ "
ပြင်းထန်လှသော စကားသံများရဲ့ အဆုံးသတ်
တဖက်က ဖုန်းချသံကို ကျယ်လောင်စွာ ကြားလိုက်ရသည်
သူ လက်ထဲက တင်းကြပ်စွာ ကိုင်ထားမိတဲ့ဖုန်းကို ပါးပြင်က မခွာမိသေး..။ သူ ကြောင်အ နေမိသည်
*နင့်စောက်ချိုးကို မသိဘူးထင်နေလား တဲ့
နှုတ်ထွက်လိုက်တဲ့ စကားသံက သူ့ပါးကို
အရှိန်ပြင်းစွာနဲ့ ရိုက်ခတ်ချလိုက်သလိုပင်..။
သူ ထိုစကားများကို နေ့စဉ်နေ့တိုင်း ကြားနေခဲ့ရသည့်တိုင်
အသားမကျစွာ နာကျင်ရသည်။
မိဘ ဆီက သား တစ်ယောက်အနေနဲ့.. မဟုတ်ဘူး
လူတစ်ယောက် အနေနဲ့တောင် အသိမှတ်ပြုခြင်း မခံရတဲ့ အဖြစ်က ဘယ်လောက်တောင် ဆိုးရွားလိုက်ပါသလဲ..
တခါခါ အသက်ရှူဖို့ကို ပင် ခက်ခဲသွားစေတဲ့ထိ
ရိုက်နှက်ချက်တွေက ပြင်းထန်နေတတ်ပါ၏
မျက်လုံးထဲက မြင်ကွင်းအချို့တို့ ဝေဝါးခဲ့ရကုန်သည်
နာကျင်ရပါသည်။
ကြောက်လန့်စရာတွေ နဲ့ ကြုံနေရသည့်တိုင်
သူ့ဘက်မှာ ရပ်တည်ပေးမယ့် လူရင်း ဟူ၍ မရှိ။
Advertisement
သူ့ကို ပြောစရာမလိုပဲ အပြည့်ဝ ကာကွယ်ပေးနိုင်မည့် လူ ဟူ၍မရှိ..။ တစိမ်းဆိုလျှင် ဝေးဆွ.. မိဘ ကိုယ်တိုင်ကပင် သူ့အပေါ် ကာကွယ် ပေးရန် စိတ်ကူးမရှိခဲ့ချေ..။
အချိန်ပေါင်းများစွာ ငိုကြွေးနေရင်တောင်
အဆင်ပြေလားဟူ၍ စကားတခွန်း သူ မကြားခဲ့ရ
လှမ်းထူပေးမယ့် လက်တစ်စုံ..
နွေးထွေးစွာ ထွေးပွေးပေးနိုင်မည့် ရင်ခွင်တစ်စုံ.. ဆိုသည်က သူ့ဘဝအတွက်တော့ စိတ်ကူးယဉ်သက်သက်များသာ
လက်တွေ့တွင် သူတယောက်ထဲသာ ငိုကြွေးရင်း သူ တယောက်ထဲသာ ပြုံးနိုင်အောင် ကြိုးစားခဲ့ရသည်
အခု ချိန် လူသတ်သမားက သတ်၍ သူသေရမည်ဆိုရင်တောင် အရေးတယူ ဝမ်းနည်းပူဆွေးပေးမည့်သူကား
ရှိရောရှိပါ့မလားဟု သံသယဝင်မိပါသည်
ဒီလိုဆို သူ့ အသက်ရှင်မှု့က အဓိပ္ပါယ်ရော ရှိပါရဲ့လား..?
စကားသံ အချို့တို့ ဆိတ်သုဉ်းနေသည့်
ကားလေးထဲတွင် သူ့ရှိုက်သံတို့ကသာ
ပဲတင်ထပ်နေရသည်။
သူက ဒီလောက ကြီးထဲမှာ တကယ်ရော
ဘောင်ဝင် နေရဲ့လား..။
အထပ်ထပ် ရိုက်ခတ်လာတဲ့ ဝေဒနာတွေက သူ့ခေါင်းများကို ဒုတ်တချောင်းနဲ့ အကြိမ်ကြိမ် ထုနေသလိုပင်..။
သူ ဆံပင်များကို လက်ဖြင့် ဆွဲဆောင့်ရင်း
မျက်စိများ စုံမှိတ်ထားမိသည်
သူဟာ အသုံးမဝင်တဲ့ လူတယောက်..။
ဘောင် မဝင်တဲ့ လူတယောက်..။
လောကကြီးမှာ ရှိနေလည်း ဘာမှ
မထူးတော့မယ့် လူတစ်ယောက်...
သူသည် မျက်စိရှေ့က ဖုန်းကို အဝေးတနေရာကို
မုန်းတီးစွာ ပစ်ပေါက်မိ၏
နှလုံးအိမ်တစ်ခုလုံး စို့နစ်လာသည့် အလျှောက်
သူ အသက်ရှူရန် ခက်ခဲ့လာခဲ့ပြီ..။
သူက ဒီလောကကြီးမှာ ဘာမှအကျိုးမပြုတဲ့ အမှိုက်တခု
သူက ဘေးလူတွေကို စိတ်အနှောင့်ယှက်သာ
ဖြစ်စေနိုင်မယ့် မီးခိုးမှိုင်း..။
နာကျင်စွာ ဖြင့် စီးကျလာသည့် မျက်ရည်များက
သူ့ ပါးပြင်တလျှောက် အကျည်းတန်စေသည်
မျက်ရည်တွေကို မုန်းသည်
အဓိပ္ပါယ်မရှိ ကျကျလာတတ်တဲ့ မျက်ရည်တွေနဲ့ သူ အဖော်ပြုနေခဲ့ရတဲ့ အချိန်တွေက အရမ်းကို ကြာနေပြီ..။
သူ့ကို မလိုချင်တဲ့ လူတွေအတွက် သူ ပေးဆပ်ခဲ့ရတဲ့ မျက်ရည်တွေက အရမ်းကိုများနေပြီ..။
မလိုဘူး..။ မလိုအပ်ဘူးး..။
သူ ငိုနေလည်း ဘယ်သူကမှ လှည့်ကြည့်ခဲ့တာမဟုတ်တာ
သူ အသက်ရှင်လို့လဲ လူတယောက်ဖြစ် အရေးတယူ ဆက်ဆံခံ ခဲ့ရတာမှမဟုတ်တာ..။
ငိုနေဖို့ မလိုအပ်တော့ဘူး..။
မျက်ရည်တွေ ကျနေဖို့လဲ မလိုအပ်တော့ဘူး..။
သူ ကြိုးစားပြီး ပြုံးနေဖို့လဲ မလိုအပ်တော့ဘူး..။
ဒီလိုဆို.. သူ ဒီလောကကြီးမှာ
အသက်ရှင် ရပ်တည်နေဖို့ရော
အမှန်တကယ် လိုအပ်သေးရဲ့လား..?
...
..
လူ သတ်သမား လက်ထဲက လွတ်မြောက်ဖို့
အကောင်းဆုံးနည်းလမ်းက ကိုယ့်ဟာကိုယ်
အရင်ဦးအောင် သတ်သေ ရတာ ပဲ မဟုတ်လား...
....
အဆက်မပြတ် တုန်ခါလာသော ဖုန်းကြောင့်
ဆိုင်ထဲတွင် ရပ်နေရင်းမှ oh sehun
သတိဝင်လာခဲ့သည်
" hello.. လက်ထောက် kim ပြော.."
" d..doctor ကျွန်တော်တို့
ဒုက္ခတော့ရောက်ပြီထင်တယ်"
တုန်ရီနေသော လက်ထောက် ဆရာဝန်ရဲ့ အသံက
ဖုန်းထဲမှ ကြား တချက် မကြားမတချက်..
Oh sehun အေး စက်စွာ ဆို၏
" ဘာကို ဆိုလိုချင်တာလဲ "
လေ လှိုင်းကြားမှ ဖြတ်သန်းလာတဲ့
စကားသံ အချို့က သူ့ နားစည်သို့
တိုးညှင်းစွာ ရိုက်ခတ်သွားသည်..။
ထိုနည်းတူ သူသည်လည်း ဦးခေါင်းတည့်တည့်သို့ မိုးကြိုးပစ်ချ ခံရသည့် လူတစ်ယောက်နှယ် အသက်ရှူဖို့ပင် မေ့လျော့သွားခဲ့ရသည်..။
လက်ထောက် ဆရာဝန်ပြောခဲ့သည့် စကားက..
လူနာ Chanyeol ကြိုးတွေ ချည်ထားတဲ့
ကြားက မရမက ရုန်းပြီး လွတ်မြောက်
ထွက်ပြေးသွားခဲ့သည်။ တဲ့..
...
.....
ကော်ဖီဆိုင်လေး၏ ထောင့်စွန်း အမှောင်ကျတဲ့ နေရာတွင် တစ်ယောက်ထဲထိုင်နေသူ Baekhyun..
ခန္ဓာကိုယ် အနည်းငယ်ကျုံ့ထားပြီး လက်သီးကို ခပ်ဖွဖွ ဆုပ်ထားသည့် ဟန်အရ တစ်ခုခုကို စိုးရိမ်နေပုံရသည်
Baekhyun ထိုင်နေတဲ့ နားကို လျှောက်သွားမိတော့
ချက်ခြင်း မတ်တပ်ရပ်ကာ သူ့အား နှုတ်ဆက်လေသည်
" Doctor ရောက်ပြီလား "
"အင်း Baekhyun စောင့်ရတာ ကြာသွားပြီလား "
သူ့အပြောကို Baekhyun ခေါင်းလေးကို
ခပ်ဖြေးဖြေးခါပြရင်း ငြင်းလေသည်။
ရောက်တာ မကြာသေးဘူးဆိုသည့်သဘော..
သူ သဘောကျ စွာ ပြုံးရင်း..
" မေးစရာရှိတယ်ဆို Baekhyun.. ဘာမေးချင်လို့လဲ "
ဆိတ်သုဉ်းသွားသော စကားသံ အချို့တွင်
လက်သီးစုပ်ထားသော Baekhyun လက်တို့
ပို၍ တင်းကြပ်သွားလေသည်။
ပြောင်းလဲ သွားသော Baekhyun ရဲ့ အမူရာကို Sehun သတိထားမိ၏ ။ မေးသင့် မမေးသင့် တွေဝေနေဟန် ရသော Baekhyun အား..
" ဘာမေးချင်တာလဲ.. Baekhyun
မေးလေ အားမနာနဲ့ "
တုန်ခါနေသော လေသံကို တတ်နိုင်သမျှ ထိန်းရင်း ဖြေးညှင်းစွာဖြင့် Baekhyun ဆိုလာသည်
" Doctor အဲ့လူကို သိနေတယ်မှတ်လား "
မရှင်းလင်းသော စကားကြောင့် Sehun မော့ကြည့်မိတော့
Baekhyun က ထပ်ဆင့် ပြောလာသည်
" Kang Yuri ကို အန္တရာယ်ပေးခဲ့တဲ့သူ..
Doctor အစော ထဲက သိနေခဲ့တယ်မှတ်လား "
အမှန်တရားတခုကို မကွယ်ဝှက်ချင်တာကြောင့်
Sehun တိုးတိတ်စွာ အဖြေပေးလိုက်သည်
" အင်း.. "
လှုပ်ရှားသွားသော မျက်ဝန်းအိမ်နှင့်အတူ
Baekhyun ထပ်မေးပြန်သည်
" အဲ့လူက ဘယ်သူလဲ.. ဘာရည်ရွယ်ချက်နဲ့ ကျွန်တော့ကို ပါ stalker တယောက်လို အနောက်က လိုက်ပြီး ခြောက်လှန့်နေရလဲဆိုတာ Doctor သိတယ်မလားဟင်..
သူ့.. သူ့အကြောင်းကို ကျွန်တော့ကို ပြောပြပေးပါလား "
ပကတိ ဖြူစင်စွာ မေးနေသော Baekhyun ကို
Sehun သနားစဖွယ် ငေးကြည့်မိ၏..
သူ တကယ် သိချင်ပုံရသည်။
" ငါ မပြောလဲ.. မင်း သိပ်မကြာခင် သိရတော့မှာပါ
သိပ်မကြာခင် သူ မင်းရှေ့ကို တနည်းမဟုတ် တစ်နည်းနဲ့ ပေါ်လာလိမ့်မယ်.. "
Sehun စကားသံအဆုံးမှာ Baekhyun ခန္ဓာကိုယ်သည် လိပ်ပြာလွင့်မတတ်ပင် တုန်လှုပ်သွားချေသည်
" အခုချိန်တော့ သူ ဘယ်သူလဲ..
ဘာကြောင့်ဒီလိုလုပ်နေရလဲဆိုတာ ငါ ပြောပြလို့ မဖြစ်တဲ့အတွက် တောင်းပန်ပါတယ်.. "
ဖြူရော် နေသော မျက်နှာဖြင့် Sehun အား မော့မကြည့်ပဲ ခေါင်းတွင်တွင် ခါ ပြန်သည်
"ရ.. ရတယ် ကိစ္စမရှိဘူး ကျွန်တော် က မေးကြည့်တာပါ
Doctor ဖြေလို့ အဆင်မပြေရင် မဖြေပါနဲ့..ရပါတယ် "
အသံများ တုန်ရီနေတာကို တတ်နိုင်သမျှ ထိန်းရင်း
ကိစ္စမရှိကြောင်းကို အပြုံးတခုနှင့် တုန့်ပြန်လေသည်။
သို့တိုင် Baekhyun ရဲ့ မျက်ဝန်းတို့မှာ ထိတ်လန့်ခြင်းတို့က ရောင်ပြန်ဟပ်နေ၏
အပြုံးတို့က သိပ်ကို မပီပြင်ဖြစ်နေသည်ကို
ထိိုကောင်လေးကိုယ်တိုင်ရော သိပါလျော့သလား..။
Sehun မျက်စိရှေ့က Baekhyun ကိုကြည့်ရင်း
စိတ်မောစွာ ပင် သက်ပြင်းချမိ၏
ဒုက္ခတွေများလိုက်တာ
စိတ်ရှိတိုင်းသာဆို Sehun ထိုကောင်လေးကို အဖြစ်မှန် ပြောပြရင်း chanyeol မမြင်အောင် ဖွက်ထားပေးချင်သည်။ chanyeol ကြောင့် ထိခိိုက်နစ်နာမှု့၊ ကြောက်လန့်မှု့များ ထို ကောင်လေးအပေါ် ထက်မဖြစ်စေချင်တော့သည်က သူ့ စိတ်ရင်းအမှန်.. သို့သော်လည်း သူ့ အနေနဲ့ အစ်ကိုဖြစ်သူ chanyeol ဘက်ကို လဲ ကြည့်ရသေးသည်။
အခုချိန်မှာ ထိုကောင်လေးက chanyeol အတွက် တခုတည်းသော အသက်ဆက်ဆေး..။
ထိုကောင်လေး ပျောက်သွားသည်နှင့် အဆိုးရွားစိုး ထိခိုက်နစ်နာရမည့်သူက chanyeol ပင် ။ အရင်ထပ်ကို ထိန်းမနိုင်အောင် ရူးနှမ်းသွားတော့မည့် chanyeol အဖြစ်ကိုလည်း သူ မျက်ကွယ်ပြုလို့မဖြစ်..
အစထဲက စိတ်ဒဏ်ရာ ရှိပြီးဖြစ်တဲ့ လူတစ်ယောက်ရဲ့ တစ်ခုထဲသော မျှော်လင့်ချက် ကို သူ ရိုက်မချိုးပစ်ရက် ။
Chanyeol က လည်း ဒီလို အဖြစ်မျိုး လုံးဝ အဖြစ်ခံမှာ မဟုတ်ဘူးဆိုတာ သူသိသည်
ထိုကောင်လေး chanyeol ဘေးမှာ ရှိနေမှကိုဖြစ်မှာ
Chanyeol ထိုကောင်လေးကို ဒုက္ခတွေ ထပ်ပေးမှာကို
သိနေရက်နဲ့ အတ္တကြီးစွာ ဖုံးကွယ်ထားရလိမ့်မည်။
ထိုကောင်လေးကို chanyeol အန္တရာယ်တစ်စုံတခုမပေးသ၍ သူဘေးကနေ ဝင်မတားပဲ ရှိနေရလိမ့်မည်။
အဘယ်အကြောင်းနဲ့ပဲဖြစ်ဖြစ် သူ chanyeol ဘက်က
ရပ်တည်ပေးရပေလိမ့်မည် .....
ငြိမ်သက်စွာဖြင့် ငေးရှူ့နေမိသည့် သူ့ကို
Baekhyun က သတိပေးသံ ပြုလာသည်
" Doctor ဒါဆိုကျွန်တော့ကို ပြန်ခွင့်ပြုပါဦး
ကျွန်တော် အမေ ခိုင်းထားတာလေး ရှိသေးလို့ "
အရိုသေပေး နှုတ်ဆက်ပြီးနောက်
ကျောခိုင်းထွက်သွားရန် ပြင်နေသည့်
ခန္ဓာကိုယ် အသေးလေးကို သူ လှမ်းတားလိုက်မိသည် ။
မတတ်နိုင်.. သူ့ အကိုကြောင့် သိပ်မကြာခင်
အဓိက နစ်နာရတော့မည့် ဒီကောင်လေးကို
သူ အနည်းဆုံးတော့ နစ်နာမှု့များ လျော့ပေါ့အောင်
ကြိုတင် သတိပေးချင်မိသေးသည်ကိုးး..
" Baekhyun.. ငါ ပြောမယ် သေချာနားထောင်နော်..
တကယ်လို့.. တကယ်လို့ ကွာ ဖြစ်ခဲ့သည်ရှိသော် မဖြစ်ခဲ့သည် ရှိသော်.. မင်း ဆင်ခြင်ရအောင်လို့..။
တကယ်လို့ သူ မင်းကို တခုခု.. အဲ့တာ ဘာလဲဆိုတာ ငါမသိဘူး ဒါပေမယ့် တခုခု မင်းသဘောမကျတာ တခုခု သူ လုပ်ခဲ့ရင်တောင် မင်း တတ်နိုင်သမျှ ငြိမ်ငြိမ်လေးပဲ နေပေးလိုက်ပါ ။ အဲ့တာက မင်းအတွက် အသက်သာဆုံးနည်းလမ်းဖြစ်လိမ့်မယ်.. သူ မင်းကို ထိတ်လန့်စေတာ မှန်ပေမယ့် ဘယ်နည်းနဲ့မှ ထိခိုက်နာကျင်အောင်လုပ်မှာမဟုတ်ဘူး.. ငါပြောတာကိုယုံ အဲ့တာကြောင့် သူမင်းကို တခုခုလုပ်ခဲ့ရင် ကလန်ကဆန်မလုပ်ပဲ သူ့စိတ်တိုင်းကျ နေပေးပါ ငါ တောင်းဆိုတာပါ "
သူ့ပြောစကားကို Baekhyun က နားမလည်နိုင်စွာ မော့ကြည့်နေသည်..။ ထို့နောက် ဆောက်တည်ရာမရ ထိတ်လန့်ခြင်းအချို့နဲ့အတူ ဆိုလာ၏
" အဲ့ တခုခုကို ကျွန်တော့ဘက်က
ရှောင်တိမ်းခွင့်တောင် မရှိဘူးလားဟင် "
ရုတ်ချည်း ငြိမ်သက်သွားသော လေထုတွင်
Sehun ဆို့နစ်သွားရသည်
မျက်ရည်များ ဝဲကာ မဖြစ်လာသေးသည့် အန္တရာယ်အတွက် ကြိုတင် ကြောက်လန့်နေပြီ ဖြစ်တဲ့ ထိုကောင်လေးကို သူ မည်သို့ မည်ဖုံ အားပေးရအံ့နည်း။
မျက်နှာချင်းမဆိုင်ဝံ့စွာ ခေါင်းငုံ့ထားရင်း
သူ ခပ် ဖြေးဖြေးဆိုမိသည်
" ငါ တောင်း ပန်ပါတယ် "
မော့ကြည့်နေသော ကူရာကယ်ရာ မဲ့နေသည့် ထို မျက်ဝန်းငယ်တို့ကို သူ နောက်တကြိမ် ထပ်မကြည့်ဝံ့တော့..။
ပထမဆုံးအကြိမ်အဖြစ် ထိုကောင်လေးရှေ့တွင်
သေးနှပ်သည်ဟူသော အသိဖြင့် သိမ်ငယ်မိ၏
မျက်လွှာတို့ကိုချကာ Baekhyun ပြုံးပြန်သည်
အပြုံးတွေက နူးညံ့နေသော်လည်း အားအင်နည်းပါးနေ၏
" Doctor တို့အမှားမှ မဟုတ်တာ..
ကျွန်တော့ ထိုက်နဲ့ ကျွန်တော့ ကံပဲ ရှိပါစေတော့ "
လက်ဖျားများ အေးစက်ကာ အစမတန် တုန်လှုပ်နေသည့် နှုတ်ခမ်းပါးများက အားယူ၍ ပြောနေရပုံပေါ်သည်
လေသံ တို့က ကြားဖို့ ခက်ခဲစွာပင် တိုးညှင်းလျက်..
ထိုကောင်လေး ဆိုင်အပြင်သို့ ထွက်သွားခဲ့လေသည်
တောင်းပန်ပါတယ် Baekhyun..
ငါမင်းကို သူ့ လက်ထဲက ကယ်ဖို့
မဖြစ်နိုင်လောက်ဘူးထင်တယ်..
.....
.........
ဆိုင်ထဲက ထွက်လာပြီးနောက် ကားပေါ်တွင် Baekhyun ငြိမ်သက်စွာ ထိုင်နေမိသည်။
ကား စီယာတိုင်ပေါ်တင်ထားတဲ့ သူ့လက်တွေက
အနည်းငယ်တုန်ရီနေ၏
သူ ထိတ်လန့်မိပါသည်။
Doctor အရှေ့မှာသာ ဘာမှမဖြစ်သလို အဆင်ပြေကြောင်း ဟန်ဆောင် ပြောခဲ့ပေမယ့် အမှန်တကယ် တော့ သူ ဆောက်တည်ရာမရ သိတိုင် တုန်လှုပ်ခြောက်ခြားနေခဲ့ပါ၏
ဘယ်ကမှန်းမသိ ၊ ဘယ်သူမှန်းမသိ ၊ ဘာ ရည်ရွယ်ချက်ရှိမှန်းမသိ ရတဲ့ လူတစ်ယောက်ကို သူ တစ်ယောက်ထဲ အဘယ်နည်းနဲ့ ရင်တိုင်ရမည်နည်း..။
သူ ဘာလုပ်သင့်သနည်း..။
ရဲ သွားတိုင်ရမည်လော..။
မိဘ တွေကို ဖွင့်ပြောပြီး အကူညီတောင်းခံရမည်လော..။
ပေါပဲပဲ အတွေးတချို့ကြောင့် သူ ရီမိပြန်သည်။
မိဘ တွေကို ဖွင့်ပြောမယ်တဲ့..
ဖွင့်ပြောတော့ရော သူ့ မိဘတွေက
သူ့ကို ယုံပေးကြမည်တဲ့လား..?
ထိုင်နေရင်တောင် အပြစ်မြင်တတ်တဲ့ မိဘ တွေက ဒီကိစ္စမှာရော သူ့ ဘက်က ဝင်၍ ကာကွယ်ပေးမည်တဲ့လား..?
ရှိုက်ငင်လာသော စို့နစ်မှု့ကြောင့် ရီနေရင်းမှ
ပါးပြင်ထပ် မျက်ရည်များက စီးကျလာရပြန်၏
ဒါဆို သူ ဘယ်လို လုပ်ရမလဲ
တစ်ယောက်ထဲ ရင်ဆိုင်လျှင်ရော..?
ထို လူနဲ့ ယှဉ်ရင် သူက သိပ်ကို အားနည်းလွန်းပါသည်
Jeon shin သေသည့်ည ၊ သူထို လူနဲ့ ထိပ်တိုက်ဆုံခဲ့တဲ့ ညထဲက သူ့ အခြေနေကို သူသဘောပေါက်ပါ၏
ဒါကြောင့် သူ နည်းအမျိုးမျိုး ထိုလူ့ရန်က ကြိုကာ နိုင်ရန် ကြံစည်ခဲ့သော်လည်း အားလုံးက ထင်တာထပ်ပင် ပို၍ဆိုးရွားလာခဲ့ပြီ..။ မလိုအပ်တဲ့ လူတွေပါ ကြားထဲက ထိခိုက်ခဲ့ပြီးပြီ..။
ဒါကြောင့် သူ ဘေးလူဖြစ်တဲ့ Kai နဲ့ Sehun တို့ကိုလဲ
ဒုက္ခမပေးချင်ပါ..။
ထိုလူနှစ်ယောက်သည်လဲ သူ့ကို တတ်နိုင်တဲ့လမ်းက
အစွမ်းကုန် ကူညီပေးခဲ့ပြီးပြီ..။
သူ ထပ်ပြီး အကူညီ မတောင်းဝံ့တော့ပါ
သူ အားနာလွန်းလှပြီ..။
ဒ..ဒါဆို ဒီလူကို သူတစ်ယောက်ထဲ
ဘယ်လို ရင်ဆိုင်ရအံ့နည်း..။
အမေးများက ပဲ့တင်ထပ်ခဲ့သော်လည်း အဖြေကားမရှိ
သေချာနေသည်က သူ ဒီအရေးတွင် ရှုံးနိမ့်ရချေမည်။
ကယ်တင်မည့်သူ ၊ ကူညီမည့် သူ မရှိနိုင်တဲ့ အခြေနေတွင်
သူသည် သေချာပေါက် ထိုလူ့လက်ခုတ်ထဲက ရေ ဖြစ်ရတော့မည်။
သိပ်မကြာခင် အချိန်အတွင်း သူ ဒီလူ့ လက်ထဲတွင်
သေချာ ပေါက် ရှံူးနိမ့်ရတော့မည် ။
ရုုတ်တရက် တုန်ခါလာသည့်
ဖုန်းသံကြောင့် သူ ဖွင့်ကြည့်မိသည်။
Advertisement
- In Serial34 Chapters
First RE:Guards
Status: Never to return again in this form (But the characters shall appear in a rewrite) I used to be a fire fighter. The requirements were easy enough with today's technology. Machines did the heavy lifting. Artificial intelligences put together action plans with the greatest resolution possible. Most days were simple jobs, first aid on minor fires, cats stuck in pipes too fine for machines, or when alarms went off that normal security scans couldn't eliminate. Most of the time our only skill was being willing to go into dangerous areas and follow orders, only I died running into the latest in biological terror. A beast that spawned fire. I remember the pain, it overwhelmed everything. Now I've woken in a new sort of existence. One where the only creature to view is a little girl, and she needs my help. Isabella Brand. Izzy, my one light in world of darkness and pain. She has the makings of a mage in her world and I'm going to be her spirit animal.
8 212 - In Serial25 Chapters
Epoch of A.K. (DROPPED BUT BEING REVISED)
Hey all this version of the story is dropped after i grew sick and couldnt contiune with the writing. Don't worry i will be heavily revising and changing the story although the first volume will still follow the same plot line. I'm hoping to release the new and improved story by december if not the new year! the new title will be EPIC TALES VARIATION: AEGIS KAN
8 209 - In Serial12 Chapters
Mara the Undying
Mara is an ancient immortal living in the modern world just trying to do right by the humans she has fallen in love with over the millennia since she woke up in a hole in the ground with no memory of who she was or where she came from.
8 196 - In Serial6 Chapters
Misadventures Of Adventurers
A comedy with parallel universes. yeah that's kind it, I mean there is other stuff but I don't want to write it in the synopsis because it may spoil the story, yeah so I don't know what I should write here, I am just stalling here now. Did I reach 50 characters, no, okay?
8 72 - In Serial11 Chapters
Divine Quest
David woke after his last day to find 12 gods requesting they undo their mistake. Tasked with breaking seals on their power, He must find out where those old strengths lie and how to grant it back to their original owners, all while dealing with a land left on its own devices for too long.
8 117 - In Serial51 Chapters
Marvel memes
The BEST memes from all of the internet. Mainly avengers stuff.!!!! NONE OF THEESE MEMES ARE MINE UNLESS STATED!!!!! "I laughed way too hard" - Maltezers4321"sure did laugh" - TOMISANOBSCURAL"Haha" - TheHollyMsKeisha"lmao" - smallville19"😂😂😂" - tekkitmaster2320"Pure comedy gold"-A_Marvel_Fan Ranked number#47 in marvel cinematic universe#68 in avengers#79 In marvel#116 in memes#99 in Loki laufeyson#67 in Thor odinson#256 in loki#334 in thor#851 in funny#604 in spiderman #548 in Peter Parker
8 198