《S T R A N G E R》Part 21
Advertisement
သူ စိတ်ကို အတည်ငြိမ်ဆုံးထားကာ သက်ပြင်းချလိုက်သည်
ထို့နောက် တည်ငြိမ်စွာ ဖြင့်..
" သူ ဘယ်ဘက်ကို ထွက်သွားတာလဲ "
" မ.. မသိပါဘူး Doctor.. ကျွန်တော်.. ဟို ကျွန်တော်တို့ သူ ဆေးရုံထဲက ပြေးထွက်သွားတာပဲ မြင်လိုက်.."
" ကောင်းပြီ.. ရတယ် ဆေးရုံက security တွေကို အကူညီတောင်း ပြီး ဆေးရုံ အနီးတဝိုက်မှာ လိုက်ရှာကြ..
သူ ကားလည်း မပါသွားဘူးဆိုတော့
သိပ်ဝေးဝေးတော့ ပြေးနိုင်မှာမဟုတ်ဘူး "
တည်ငြိမ်စွာဖြင့် အဆုံးသတ်သွားသော
သူ့စကားသံနောက် တဖက်မှ "ဟုတ်ကဲ့" မြည်သော
စကားတို့ ပြောဆိုပြီးနောက် ဖုန်း ချသွားလေသည်
သူ စဉ်းစားခန်းဝင်မိပါ၏..။
သူအခုချိန် တောင်စဉ်ရေမရ ဟိုပြေး ဒီပြေး လိုက်ရှာနေသည်ထပ်စာလျှင်Chanyeol သွားနိုင်မည့် နေရာကို သေချာ စဉ်းစားပြီးမှ လိုက်တာကမှ ပို၍ အဓိပ္ပါယ်ရှိလိမ့်မည်..။
ဒါဆို အခုလို Chanyeol သတိရချင်းချင်း
အချုပ်နှောင်မှ လွတ်သည်နှင့် ချက်ချင်း..
သူ ဘယ်သို့ သွားနိုင်ချေရှိသနည်း..။
အဖြေက သိပ်တော့မခက်ခဲလှပါ..။
100% က Baekhyun ဆိုသို့ပင်ဖြစ်ပေလိမ့်မည်..။
ခပ်စစ အတွေးနှင့်အတူ သူ အိတ်ကပ်ထဲက ဖုန်းကို ချက်ချင်းထုတ်၍ Baekhyun ထံ ဆက်သွယ် လိုက်၏
သို့သော် ကံမကောင်းသွာပင်..
Baekhyun ရဲ့ဖုန်းက စက်ပိတ်ထားခဲ့သည်။
ပုံမှန်ဆို Baekhyun က ဖုန်းဆက်ပိတ်ထားတတ်တဲ့ သူမျိုးမှ မဟုတ်တာ.. သူ ဘာလို့ ဖုန်းပိတ်ထားရတာလဲ..။
ကော်ဖီ ဆိုင်ထဲက Baekhyun ထွက်ခွာ သွားခဲ့သည်ကလဲ နာရီဝက်ကျော်မျှလောက် ရှိချေပြီ..။
ဒါဆို အခု Baekhyun ဘယ်ကို သွားမည်လဲ
နားထဲတွင် ချက်ချင်းပြန်ကြားလာသည့် Baekhyun ရဲ့ စကားသံများက "ကျွန်တော် အမေခိုင်းထားတာ လေး
ရှိသေးလို့ ပြန်လိုက်ပါဦးမည် " တဲ့..
ဒါဆို သေချာပေါက် Baekhyun အိမ်ကို
တန်းပြန်လိမ့်မည်မဟုတ်..။
သူ့အမေခိုင်းထားတာကို ဝင်လုပ်ချေလိမ့်မည်။
အခု Sehun သိဖို့ လိုနေတာက
"Baekhyun ကို သူ့ အမေ ဘာခိုင်းခဲ့သည်လဲ" ဆိုတာပင်..
Baekhyun ဖုန်းက ဆက်သွယ်လို့ မရဘူးဆိုတော့
သူ့အမေကို ဆက်သွယ်ပြီး မေးမြန်းမှသာ ရမည် ။
Baekhyun အမေရဲ့ ဖုန်းနံပါတ်ကိုလဲ သူမသိ..၊
ဖုန်းနံပါတ်မပြောနဲ့ တခါမှတောင် မမြင်ဖူးတာ
သူ မည်သို့ ဆက်သွယ်ရအံ့နည်း..?
ဖြတ်ခနဲ ခေါင်းထဲဝင်လာခဲ့သူက kim kai..
ဟုတ်တယ်.. Kai က Baekhyun တို့ကျောင်းရဲ့ အကြီးကဲ ပိုင်းမှာ ပါနေတော့ Baekhyun ရဲ့ အုပ်ထိန်းသူ ဖုန်းနံပါတ်ကို စုံစမ်းဖို့ လွယ်ကူလိမ့်မည်..
ထို့နောက် တွင်တော့ သူသည် တုံ့ဆိုင်းခြင်းမရှိပဲ
Kai ထံသို့ ဖုန်းဆက် လိုက်တော့သည်..။
...
ဘယ်နည်းနဲ့မဆို Baekhyun က ခင်ဗျားလက်ထဲ
ရောက်ရမယ့်လူဆိုပင်ပေမယ့်
အခုလို ချက်ချင်းကြီးကတော့
မြန်လွန်းတယ် မထင်ဘူးလား hyung..
Hyung အဲ့လို အလျင်လိုနေမယ် ဆိုရင်တော့
ကျွန်တော့ Baekhyun ကို Hyung လက်ထဲ
ထည့်ဖို့ ပြန်စဉ်းစားရလိမ့်မယ်..။
......
နှင်းထူထပ်သော နိုဝင်ဘာလ..။
ကားလမ်းတလျှောက်၏ ဘေးပတ်ဝန်းကျင်သည်
အဖြူရောင် နှင်းများဖြင့် ပကတိဖမ်းလွှမ်းလျက်..။
ထူထပ်လှသော မြူဆိုင်းများကြောင့် ကားရှေ့ မလှမ်းမကမ်းကိုပင် မြင်ရန် ခက်ခဲ့သည့် အခြေနေ ။ ကားခေါင်းမှာ တပ်ဆင်ထားသည့် နှင်းခွဲမီးရောင်က အလင်းမဲ့ လမ်းမ သို့ ခပ်မှိန်မှိန် အလင်းပြနေချေသည်..။
ကားတွင်း ဖွင့်ထားသည့် air-con က စိမ့်လျက် ။
ဘေးမှန်တချို့ကို အအေးငွေ့ရိုက်နေ၏
Radio မှ ခပ်တိုးတိုး ပြန့်လွှင့်နေသည့် opera သီချင်းသံက သူ့ ရဲ့ စိတ်ကို ပို၍ အထီးကျန်စေသည် ။
သူ သက်ပြင်းကို လေးလံစွာ ချမိ၏
အခုဆို သူ ကော်ဖီဆိုင်က ထွက်လာခဲ့သည်မှာ နှစ်နာရီ ဝန်းကျင်လောက်ပင် ရှိပြီဖြစ်သည်။ သူ့ စိတ်အခြေနေအရ အိမ်လည်း မပြန်ချင် ။ အိမ်ပြန်သည်နှင့် ဖြစ်လာမည့် ပြသနာများကို ရင်ဆိုင်ဖို့ အင်အားမရှိသေးတာဆိုလျှင် ပိုမှန်ပေမည်။
သူ ကျကွဲသွားသော ဖုန်းကို ဒီတိုင်း ပစ်ထားရင်း ခြေဦးတည့်ရာ မောင်းနှင် ခဲ့သည်မှာ မြို့ပြင် သို့ပင် ရောက်ချေလုပြီ ။
Advertisement
လူနေအိမ် နည်းပါးပြီး အပင်တချို့ဖြင့် မည်းမှောင်နေသည့် အားလျော်စွာ လမ်းမီးတိုင်ဟူ၍ လည်းမရှိပါချေ။
မြို့ပြတွင် မီးရောင်များဖြင့် စည်ကားနေသည့်တိုင်
ဒီနေရာတွင်မည်ကား တစ်နာရီ ကြာလို့ပင် ကားတစ်စီး မဖြတ်။ အခုနေ သူ့ကား ပျက်ခဲ့သည် ရှိလျှင်တောင် အကူညီ ရရန် ခက်ခဲနိုင်မည့်အခြေနေ..ကားအသွားလာ အလွန် ပြတ်သော နေရာမျိုး ။ အတိကျ ပြောရရင် တစ်ယောက်ထဲ သွားလာရန်ကား အန္တရာယ်ရှိနိုင်မည့် နေရာမျိုးပင်..
သို့ သော် လည်း သူ ဒီလို ဒေသမျိုးကို သူနှစ်သက်ပါ၏
ဒီနေရာက တိတ်ဆိတ် ငြိမ်သက်သော်လည်း
သူ့ကို စိတ်အနှောင့်ယှက် ပေးနိုင်မည့်သူ ၊
သူ့ကို အမှိုက်သဖွယ် ဆက်ဆံမည့်သူကား မရှိပါချေ ။
ဤ သည်ကား သူအနှစ်သက်ဆုံးအချက်
ထို့အပြင် ဒီနေရာတွင် သူ နှစ်သက်သလို အော် ချင်အော် ၊ ငိုချင်ငို ၊ ရီချင် ရီ.. သူစိတ်ရှိတိုင်း ပြုမူ သည့်တိုင် သူ့ကို လက်ညိုးထိုးလှောင်ပြောင်မည့်သူကား အလျင်းမရှိပါ ။
သူ့ ခံစားချက်များ၏ လွှတ်ပေါက်သဖွယ် ရှိနေပါ၏
ဒါကြောင့်လည်း သူ တစ်ယောက်ထဲ မြို့ပြင်သို့
အရဲစွန့်စွာ ထွက်ခဲ့မိခြင်း ဖြစ်သည်။
တရိပ်ရိပ် ဖြင့် ဖြတ်ကျော်လာသော မိုင်တိုင်များအရ သူသည် မြို့ပြနှင့်ပင် အတော်အလှမ်းဝေးသော နေရာတခုသို့ပင် ရောက်လုနေပြီဆိုတာကို သူသတိထားမိပါ၏
ဆီးနှင်းများ ဖုံးလွှမ်းနေသော ကတ္တရာလမ်းမှပြင်သည် မောင်းနှင်ရန် ခက်ခဲလှ၏ ။ ကားဘီးချော် မသွားစေရန် အတော် ဂရုစိုက်မောင်းနေရသဖြင့် သူ စိတ်ထင်သလို အရှိန်တင်လို့ မဖြစ်ပေ..။
အချိန်တခုထိ ငိုထားရသော မျက်ဝန်းအိမ်တို့က မှောင်မှောင်မဲမဲလမ်းကို အာရုံစိုက် မောင်းနှင်လာခဲ့ရသည်မို့ ကြိမ်းစပ်၍ နေချေပြီ.. သို့တိုင် သူ အိမ်မပြန်ချင်မိသေး ။
အိမ် တွင် ရင်ဆိုင်မည့် အခြေနေက အခု မျက်စိကိုက်တာထပ်ပင် အဆတစ်ရာမက ပိုပင်ပန်းမည်ဆိုတာကို သိနှင့်နေတာကြောင့် သူ လမ်းဘေး တစ်နေရာသို့ ခဏ ရပ်နားရန်သာ ဆုံးဖြတ်လိုက်ရသည်။
လမ်းမ နံဘေးတွင် မဲမှောင်နေသော သစ်တော များ အုံမှိုင်းလျက်ရှိသည် ။ နား ထဲမှ ကြားနေရသော radio သံ ပျပျက လိုင်း မမိတာကြောင့် ပြတ်တိပြတ်တောင်းနှင့် သေချာမကြားရတော့ချေ ။ သူ လမ်းဘေးသို့ ကား ထိုးရပ် လိုက်ပြီးနောက် တဂျီးဂျီးမြည်နေသော radio သံက ဥသုဉ် ပြတ်တောက်သွားလေ၏ ။
ရုတ်ချည်း ငြိမ်သက်သွားသော ပတ်ဝန်းကျင်တွင် တိတ်ဆိတ်ခြင်းနှင့် မှောင်မိုက်ခြင်းတို့ကသာ အစဉ်ကြီးစိုး လျက်။
အုံဆိုင်းနေသော သစ်ပင်များကြား အရှေ့မျက်စိစိုးစင်းမျှ သာ အလင်းပေးနေသော ကားမီးရောင် တခုသာ ရှိချေ၏
နားထဲမှာ တိုးဝင်နေသည့် လေတိုက်ခတ်သံများက အလုံပိတ်ထားသော သူ့ကားမှန်များသို့ တိုးဝှေ့နေသယောင် ။
သူ သက်ပြင်းကို ဖြေးညှင်းစွာချလျက် တိတ်ဆိတ်မှု့ကြားတွင် သူ့စိတ်အစုံကို ခတ္တအနားပေးလိုက်သည်။
ပူပင်ခြင်း ၊ မောဟိုက်ခြင်း ၊ ငိုကြွေးခြင်း တို့၏ အခြားတဖက်တွင် သူ ငြိမ်သက်စွာ မျက်လွှာများ ပိတ်ထားမိ၏
ပကတိ ဖုံးလွှမ်းသွားသော သူ့စိတ်အာရုံထဲတွင်
သူသည် တိတ်ဆိတ်စွာဖြင့် အနားယူနေမိသည်
အမှောင် ထု ၊ အမှောင် ထု ၊ အမှောင် ထု...။
မီးခိုးငွေ့များ ဝေနေသော စိတ်အာရုံ၏ မှောင်မိုက်ခြင်း ။
သူ အေးစက်စွာဖြင့် တိုးဝင်လာမိသည်
အရာအားလုံး၏ တခြားတဖက်တွင် သူမေ့ပျောက်ထားခဲ့မိတဲ့ အတိတ်ပုံရိပ်များ..။ အခိုးငွေ့များနှင့် အတူ တစွန်းတစ ပေါ်လာသည့် ယောကျာ်း တစ်ယောက်ရဲ့ ရီသံ တချို့..
တည်ငြိမ်ခြင်း လေးနက်ခြင်းတို့ရဲ့ အနက်အဓိပ္ပါယ်..။
အသံ လာရာ သို့ သူ ရှာကြည့်မိသည်။
ဘေး ပတ်ပတ်လည်မှ ထွက်ပေါ်နေသော
ကလေးမြူသံလို စကားသံချိုများ..။
အေးစက်သည့်ကြားမှ ချိုမြိန်သည်
သူ့ ဘဝတွင် ထိုမျှလောက် သာယာနာပျော်ဖွယ်
အသံမျိုး ကြားခဲ့ဖူးသည်တဲ့လား..
" Chanyeol.. "
သူ့ အမည်နာမ တစ်ခုက ထိုသူ၏ အသံနှင့် တွဲဖက်လိုက်သည့် အခါ သူ့ အသွေးသားများထဲထိ တုန်ရီသွားစေသည်။
" cha..yuu "
" cha.. yuu မဟုတ်ဘူးလေကွာ.. hahaaaha.."
သူ ပြုံးမိပါ၏..။ သို့ တိုင် သူ့ပါးပြင်ထပ်
မျက်ရည်တို့ ခစားနေလေသည်။
သူ မှတ်မိချင်မိသည်။
သူ့ကို အသံနဲ့တင် ပြုံးသည်ထိ ဖန်တီးနိုင်သည့်လူကို အပြင်မှာမတွေ့ရသည့်တိုင် အတွေးထဲတွင်တော့ မြင်ဖူးချင်ပါသည် ။ သူ မှတ်မိချင်ပါသည်။
သူ့ရဲ့ ပြင်းထန်လှတဲ့ ဖျားနာမှု့ကြောင့်
ငယ်ရွယ်စဉ်က အဖြစ်ပျက် အားလုံးကို
မေ့ပျောက်ခဲ့ရသည်။
ပျက်စီးသွားသော သူ့မျက်ဉာဏ်များထဲတွင်
ထို အသံပိုင်ရှင်နှင့် ပက်သက်ခဲ့သည့် အတိတ်များ
ရောနှော ပါသွားခဲ့ရသည်
နောက်ဆုံး သူ့ မှတ်ဉာဏ်ထဲတွင် စွဲမြဲစွာ ကြွင်းကျန်ခဲ့သည်က ထိုလူရဲ့ စကားသံ အချို့မျှသာ..။
ရုတ်တရက်...
မြည်သံ စုံလင်စွာဖြင့် ထွက်ပေါ်လာသော radio သံက သူ့ မျက်စိအစုံကို ပွင့်သွားစေသည်။
လိုင်းမမိတမိ ဖြစ်နေသည့် ရေဒီယိုက
အခုမှ လိုင်းပြန်မိသွားခြင်းဖြစ်လိမ့်မည်။
သူ ပါးပြင်က စိုနင့်နေသော မျက်ရည်အချို့ကို ခပ်ဖွဖွသုတ်ရင်း ဆူညံနေသော radio ကို ပိတ်လိုက်ရသည်။
ပြန်လည်ငြိမ်သက်သွားတော့မှ သူ သက်ပြင်းချလိုက်မိ၏
သူ ဒီနားမှာ ကားရပ်ထားမိတာလည်း အတော်ကြာလုပြီ။
အိမ်ပြန်သင့်ပြီထင်သည်။
ထိုစဉ်..
နောက်ကြည့်မှန်ကို အမှတ်မထင် သူ ကြည့်လိုက်မိ၏
သူ့ကားနှင့် မလှမ်းမကမ်းလောက်မှာ
ရပ်နေသည့် အမဲရောင် ကားတစ်စီး..။
အနည်းငယ် မြင့်သည့် အနေထားရှိပြီး
ကားရဲ့ ခန့်ညားမှု့က ကြည့်လိုက်သည်နှင့် ထိုက်ထိုက်တန်တန်ဈေးပေး ရကြောင်း သိသာလှသည်။
သို့ဆိုလျှင် ထိုကဲ့သို့ တန်ဖိုးမြင့်မှန်းသိသာလှသည့် ကားမျိုးက ဘာလို့ ဒီလို ညအချိန်မျိုးမှာ လမ်းမဘေးတွင် ရပ်ထားရသနည်း ။ သူ့ သတိထားမိသလောက် သူ့ကားရပ်တုန်းက ထိုကားရှိမနေခဲ့ပါ..။ ဒီကားက ဘယ်တုန်းက ရောက်နေခဲ့သည်လဲ..။
မှောင်မဲနေသော ကားထံသို့ သူထပ်မံ၍ အာရုံစိုက်ကြည့်မိတော့ သူ ထူးဆန်းတာ တခုကို တွေ့လိုက်ရသည်
Advertisement
ထို ကား ထဲက တွင် လူမရှိနေခြင်း.. ။
သူ ထိတ်ခနဲဖြစ်သွားသော ရင်အစုံနှင့်အတူ
သူ ခေါင်းထဲသို့ အတွေးများက တန်းစီ၍ ဝင်လာချေပြီ
ထိုကားပိုင်ရှင်က ဘယ်ရောက်သွားရသည်လဲ?
ဒီလောက်လူနေအိမ်ရှားပါးတဲ့ အဝေးပြေးလမ်းမ ပေါ်တွင် ထိုသူ ဝင်ရောက်ခိုနားရာ နေရာဟူ၍လည်း မရှိနိုင်..။
ပုံမှန် လူတစ်ယောက်သည်လဲ ဒီလို ညအချိန်မတော် လူပြတ်သည့်နေရာတွက် ဆင်း၍ အပေါ့ပါးသွားမည် မဟုတ်။
ဒါဆို ကားပေါ်က လူ ဘယ်ရောက်သွားသည်လဲ..?
ခံစားမိလာတဲ့ အန္တရာယ်အငွေ့သက် တချို့ကြောင့်
သူ ဆက်မတွေးပဲ မောင်းထွက်ရန်သာ ပြင်လိုက်သည်
တစစ ပို၍ အုပ်ဆိုင်းလာသော မြူများကြာင့် သူသည် ကားရှေ့ မီးရောင် တပြ ကိုသာ မြင်နိုင်တော့ပြီး ။ ဘေး ဝန်းကျင်သည်ကား ပကတိ အမှောင်ထုသာ ကြီးစိုးလျက်
သူ အသက်ကို ခပ် ဝဝ ရှူရှိုက်လိုက်ရင်းး
တုန်ရီနေသော လက် အစုံဖြင့် ကားစက်နှိုးလိုက်သည်။
ထိုစဉ်..
သူ့ ကားမီးရောင် တည့်တည့်သို့ ဝင်လာသော လူတစ်ဦး..။
မှိုင်ပြပြ မီးရောင် အောက်တွင် ထိုသူက သူ့ကားရှေ့သို့ ဖြေးညှင်စွာ ချည်းကပ်လာလေသည်။
သစ်တောများ၏ အမှောင်ထုကြားမှ ဖြတ်သန်းလာသည့် လေအားတချို့နှင့်အတူ သူ့ ခန္ဓာကိုယ် တစ်ခုလုံး အေးစက်သွားချေပြီ ။ လှုပ်ရှားနေသော သူ့မျက်ဝန်းများက ကားရှေ့မှ သူထံသို့ ခြောက်ခြားစွာ ကြည့်နေမိ၏
အင်္ကျီအရှည် အမဲရောင် long coat နှင့် လည်သာ လက်အိတ်အမဲများကို ဝတ်ဆင်ထားသူ ။ ပွယောင်းနေသော ဆံပင်နက်များကြားတွင် ငွေမှင်ရောင် ဆံပင်များက စိတ္တဇ ဆန်စွာ ရောယှက်နေလျက် ။ ထိုသူက ကားထဲက Baekhyun ထံသို့ နီရဲနေသော မျက်ဝန်းအစုံဖြင့် စိုက်ကြည့်နေသည်
တချိန်ထဲမှာပင် သူ အတွေးထဲ ကြောက်လန့်ဖွယ် အတိတ်များက အလျင်းနှင်၍ ဝင်ရောက်လာချေသည်။
ထို ခန္ဓာကိုယ်.. အရပ်မောင်းနှင့် ထို အကြည့်များ..
မှားစရာမရှိပါ.. အခုကားရှေ့က လူသည်
Jeon Shin သေဆုံးပြီးနောက်ပိုင်း မှ စ၍
ဇာတ်တိုက် သူ့နောက်သို့ လိုက်ကာ
ထိတ်လန့်စေခဲ့သည့် လူသတ်သမားပင်..။
သိပ်မကြာခင် ခေါင်းအနည်းငယ် ငိုက်စိုက်ထားသော ရာမှ ပြောင်းလဲလာသော ထိုလူရဲ့ အမူရာကြောင့် Baekhyun ခန္ဓာကိုယ်အတွင်းရှိ ထောင်သောင်းမက လိပ်ပြာများ လွင့်စင်ကုန်ကြသည့်နှယ် ဖြူရော်သွားသည်။
အပြုံး.. ပျော်ရွှင်မှု့မဲ့ နေသည့်အပြုံး .. ။
ခံစားချက် ဆိတ်သုဉ်းစွာ နီရဲနေသော မျက်ဝန်းအစုံဖြင့်
သေသပ်သော နှုတ်ခမ်းအစုံကို ပုံစံပျက်သည်အထိ
ထိတ်လန့်ဖွယ် ထိုသူပြုံးနေသည်။
ထိုနောက် ထိုသူ Baekhyun ထံသို့ ချည်းကပ်လာသည်
တုန့် ခနဲ ဖြစ်သွားသော သူ့ခန္ဓာကိုယ်သည် တစုံတခု၏ အချက်ပေးခြင်း ခံလိုက်ရသူနှယ် သွေးကြောများတလျှောက် ထုံကျင် အေးစက်လာသည်။
ကြောက်လန့်မှု့အစုံကြောင့် တဒုန်းဒုန်း ခုန်နေသည့် သူ့ နှလုံးခုန်သံသည် မိုးထိ ပင် ညံ နေသယောင် ။
သူ အားတင်ကာ ထိုလူ ထံမှ အကြည့်လွှဲပြီး ဒီနေရာမှ ထွက်ပြေးရန်ကြိုးမိသည်။ တဆက်ဆက်တုန်ရီ နေသည့် လက်အစုံက ကား သော့ လှည့်ရန်ပင် ခက်ခဲသည့် အနေထား။ ကြိုးစားမှု့ ဧကန်ကြောင့် စက္ကန့်မျှ အကြာတွင် သူမျှော်လင့်ထားသလို ကား စက်နှိုး၍ ရသွားချေပြီ။
သူ သိပ် တွေဝေနေခြင်း မရှိပါပဲ ထိုနေရာကနေ လီဗာ တဆုံးနင်း၍ မောင်းထွက်လာခဲ့မိသည်။ ပြာဝေနေပြီဖြစ်သော မျက်လုံးများကြောင့် ကားရှေ့က ထိုလူကို တိုက်မိသွားလား ဆိုတာလဲ သူမသိ ။ သူ သိသည်က သူ ထိုလူ့လက် ထဲက လွတ်မြောက်ချင် ယုံသာ.. သူ ထိုလူ့လက်ထဲတွင် ရက်စက်စွာ အသတ်မခံချင်မိယုံသာ။
အမဲရောင် ကတ္တရာလမ်းမသည် ဖုံးလွှမ်းနေသော နှင်းများကြောင့် slip ဖြစ်နေသည်။ သို့တိုင် သူ ကားကို အရှိန်မလျော့ရဲ
အနောက်က မြင်နေရသော ကားမီးရောင်အရ ထိုလူသတ်သမားက သူ့နောက်က လိုက်လာသည်မှာ အသေချာပင် ။
သူ ဒီအချိန်တွင် အရှိန်လျော့လိုက်လို့ လုံးဝမဖြစ် ။
လျော့လိုက်သည်နှင့် ထို လူသတ်သမားက
သူ့ကို ချက်ချင်း မိသွားပေလိမ့်မည် ။
*တီ!!!!! မြည် သော ဟွန်းသံကျယ် နှင့်အတူ သူ့ဘေးက ကုန်တင်ကားကြီးတစ်စီးက အရှိန်ဖြင့် ဖြတ်ကျော်သွားသည် ။ ထိတ်လန့်နေသော စိတ်အစဉ်နှင့်အတူ များလွန်းသော အရှိန်ကြောင့် သူ့ကားသည် ရမ်းခါ နေသည်။
စီယာတိုင်သို့ တင်းကြပ်စွာ စုပ်ကိုင်ထားမိသည့် လက်အစုံသည် နီရဲ လို့ နေချေပြီ ။ အဆမတန် တိုးပွားနေသော ကြောက်စိတ်က ကားကို အရှိန်ပိုတင် ရန်သာ တွန်းအားပေးနေသည်။ ကွေ့ များတွင် သူ့ကားသည် တဖက်လမ်းသို့ ချော်ထွက်သွားသည့်တိုင် အရှိန်ပြင်း၏
သို့မည် အနောက်က လိုက်နေသော ကားသည်လည်း သူ့နည်းတူ အရှိန်ဟုန် ဖြင့်ထပ်ကြပ်မကွာ လိုက်နေသည်
သို့ပေမယ့် သူ့ကားကဲ့သို့ ရုပ်ပျက်ဆင်းပျက်မဖြစ် ။
တန်းတူ အရှိန်များကြသည့်တိုင် အနောက်ကားသည် စိတ်အေးစွာနှင့် ကားကို ကောင်းစွာ ထိန်းချုပ်နိုင်သည့်ပုံ ရသည်
ဤနည်းဖြင့် သူတို့ ကားနှစ်စီး အပြင်းနှင် ခဲ့ကြသည်မှာ နာရီဝက်ခန့် လောက်ပင်ရှိပြီဖြစ်သည်။ အနောက်က ကားသည်လည်း ဇွဲမလျော့သလို သူသည်လဲ ကားကို မရပ်ရဲ ။
တချိန်ထဲမှာပင် မြည်လာသော အချက်ပြမီးက
သူ့ ရင်ကို မီးမြိုက်လိုက်သလိုပင်..။
သူ့ ကား သိပ် မကြာခင် ဆီကုန်တော့မည် ။
သူ အတွေးများ ဗျာများလာရ၏ ။ သူ အခုရပ်လိုက်သည်နှင့် ထိုသူက သူ့ကို Jeon Shin ကဲ့သို့ ပင် ရက်စက်စွာ သတ်ပေတော့မည် ။ အနီးဆုံး လူများသည့် နေရာတခုသို့ အကူညီ ဝန်တောင်းရန် ကြိုးစားသော်လည်း သူကိုယ်တိုင်ပင် ခြေဦးတည့်ရာ မောင်းခဲ့သည့် အလျောက် ဘယ်ရောက်လို့ ရောက်နေပြီမှန်းမသိ တော့ ။ ဖြူလျော်လာသည့် သူ့ မျက်နှာနှင့် အတူ အေးစိမ့်နေသော ရာသီဥတုတွင် ချွေးစေးပြန်ရချေပြီ
သူ မည်သို့ လုပ်ရမည်နည်း ။
ထိုလူသတ်သမားကို သူ ပြန်ခုခံ၍ သတ်ဖြတ်လျှင်ရော ?
ဤနည်း က မဖြစ်နိုင်ချေ ။ သူ့ကို သတ်ဖို့ ကြံရွယ်ထားသော ထိုလူ့ထံတွင် သေချာပေါက် လူသတ်လက်နက် ပါပေလိမ့်မည် ။ သူ ယှဉ်တိုက်၍ နိုင်နိုင်ချေမရှိ ကိုယ့်သေတွင်းကိုယ်တူးမိသလို ဖြစ်နေလိမ့်မည် ။
သူ တယောက်ယောက်ကိုဖုန်းဆက်၍ လာခေါ်ခိုင်းရင်ရော?
ဒါလည်းမဖြစ်နိုင်ပါ ။ ထို အကူညီရောက်တဲ့ချိန်ထိ သူ ထိုလူသတ်သမားကို မည်သို့ ခုခံထားရမည်နည်း။
ပူ ထူလာသော စိတ်အစဉ်ကြောင့် သူ ငိုချင်လာသည်
မည်သည့် နည်းလမ်းက ထိုလူသတ်သမားလက်ထဲက သူ့ကို လွှတ်မြောက်စေမည်နည်း..။
ထပ်မံ၍ မြည်လာပြီ ဖြစ်သော အချက်ပြမီးကြောင့် သူ ပို၍ ပင်စိတ်ဓါတ်ကျလာရသည်။
ဒီ အတိုင်းဆို ကားသည် သိပ်ကြာကြာ
မောင်းနှင်လို့ရတော့မည်မဟုတ်..
ပူ တက်လာသော သူ့ပါးပြင်ကြောင့်
သူ မျက်ရည်ကျနေမိမှန်းခံစားမိ၏ ။
ဒီ အခြေနေ ဆိုးကြီးထဲက
သူ အဘယ်သို့ ရုန်းထွက်ရအံ့နည်း။
နာနာကျင်ကျင် ငိုမိတော့ သူ့ အသက်ရှူသံတို့ ပြင်းထန်လာရပြန်သည် ။ စို့နစ်စွာ သူ မျက်ရည်တို့ကို အကြမ်းပတမ်း ပွတ်သက် နေမိ၏ ။
လွန်ခဲ့သော နာရီပိုင်းလောက်က သူသည် ကိုယ့်ဟာကိုယ် သတ်သေမည်ဟု စဉ်းစားထားသော်လည်း တကယ်တမ်း သေရမည် ဆိုတော့ သူ သတ္တိမရှိ ။ ကြောက်ရွံ့နေမိ၏
အုံခဲနေသာ ခေါင်းကို လက်ဖြင့် ခပ်ပြင်းပြင်းထုနေမိ၏
သူ ဘယ်လို ရုန်းထွက်ရမလဲ ။ သူ အသက်ရှင်ဖို့ ဘယ်နည်းလမ်းကို သုံးရမလဲ ။ သူဘယ်သူ့ကို အကူညီတောင်းရမလဲ ။
လက်မခံချင်သည့် အရာတခုက သူ့ကို
အကြိမ်ကြိမ်ရိုက်နှက်နေသည်။
သူ အသက်ရှင်ဖို့ နည်းလမ်းဆိုတာ မရှိနိုင်ပါချေ..။
ငြိမ်သက်သွားသော အခြေနေတွင် သူ အမူရာ များ ဗလာနတ္တိ။ သူ ငိုကြွေးနေမိ၏
အခုချိန် အသက်ရှင်လျက် အိမ်ပြန်ရောက်လဲ
သူ မရင်ဆိုင်ချင်တဲ့ အပြစ်တင် ပြောဆိုမှု့များကို
ခါးစည်း ခံရဦးမည့်နောက်...
သူ အဘယ်အတွက်များ အသက်ရှင် ချင်နေရသေးသနည်း ?
သူ ဘယ်အတွက်ကြောင့် လွတ်မြောက်ရန်
ရုန်းကန်နေရဦးမည်နည်း ?
အသားမနာသည့်တိုင် အသည်းနာအောင် စကားလုံးတွေနဲ့ တိုက်ခတ်လာသည်ကို ရိုကျိုးစွာ ခေါင်းငုံ့ပြီး နားထောင်ရဦးမှာထပ် စာလျှင် အခု သေလမ်းကို ရွေးလိုက်တာကမှ ပို ၍ သက်သာ ဦးမယ် မဟုတ်လား ။
သူ ပို၍ ပျော်ရွှင်ရဦးမယ်မဟုတ်လား။
ကြိမ်ဖန်များစွာ နာကျင်ခဲ့ရသည့် နှလုံးသားက လွတ်လမ်းကို တွေ့လိုက်ရသည့်နောက် သူ ကျေနပ်စွာ ပြုံးလိုက်မိ၏
ဟုတ်တယ်.. ဒီနည်းလမ်းက သူ ရင်ဆိုင်နေရတဲ့ ပြသနာ တွေကိုဖြေရှင်းပေးမယ့် တခုတည်းသော နည်းပဲ
ထုံကျင်နေသည့် လက်ဖျားများနှင့်အတူ
ပင်ပန်းနေပြီဖြစ်တဲ့ စိတ်ကို လျော့ချလိုက်သည်
အရှိန်မြင့်နေတဲ့ကားလေးက ခပ်ဖြည်းဖြည်း အရှိန်လျော့ကျသွားလေပြ်ီ ။ နောက်က လိုက်လာသည့် ကား သည် အရှိန်လျော့ကျသွားတာကို သတိပြုမိဟန် သူ့ ကားဘေးမှ ဖြေးညှင်းစွာ ကျော်တတ်ပြီးနောက် သူ့ကားရှေ့သို့ ပိတ်ရပ် လေ၏
ကားအမဲပေါ်မှ သူ့ကားထံ လှမ်းကြည့်နေသည့် ထိုလူအား Baekhyun နင့်နဲစွာ ငေးကြည့်နေမိသည် ။ ထိုသူကတော့ သူ ဘာဆက်လုပ်မလဲ သိချင်နေသည့်ဟန် ကားပေါ်မှ ကြည့်နေသည် ။
သက်ပြင်း အထပ်ထပ်ချပြီးသည့်နောက် သူ ကားပေါ်က လူကို ရဲတင်းစွာ ခပ်ရွဲ့ရွဲ့ ပြုံးပြလိုက်သည် ။
ကျွန်တော့ ဘဝတခုလုံး ခင်ဗျားကို ကြောက်လာခဲ့တာ ။
သူ ခပ်တိုးတိုး ရေရွတ်မိ၏
ကျွန်တော် တချိန်လုံး ခင်ဗျားကို မော်တောင်
မကြည့်ရဲတဲ့ထိ ခင်ဗျား ကြောက်လာခဲ့တာ
ခင်ဗျားကို သေအောင် ကြောက်ရွံနေခဲ့တာ
သူ့အသံတချို့ တုန်ရီနေ၏
အ..အခု ကျွန်တော် ခင်ဗျားကို မကြောက်တော့ဘူး
ကျွန်တော် ခင်ဗျားကို ဂရုမစိုက်တော့ဘူး
အခု က..ကျွန်တော် ...
နှုတ် ခမ်းဝ က စကားသံအချို့က ပိတ်ဆို့ခြင်းခံထားရသည့်နှယ်.. ထေ့ငေါ့ စွာ အစီငေါမတည့် ။သူ့ စိတ် အစဉ်တွင် ကိန်းအောင်းနေသေးသည့် ကြောက်စိတ်အနည်းငယ်က သူ့ကို ပိတ်ပင်တားစီးနေသေးသည်။
နာကျင်စွာဖြင့် ကျလာသည့် မျက်ရည်တွေကို သူ ခါးခါးသီးသီး ဖယ်သုတ်ပစ်လိုက်ရင်း တုန်ရီနေသည့် နှုတ်ခါးပါးများဖြင့် သူ မာန်တင်းလိုက်သည် ။ လှိုက်ခနဲ တတ်လာသည့် အလိုမကျမှု့ တစုံတစ်ရာကို သူ့ ကို နာကျင်ရာမှ ဒေါသများသို့ ပြောင်းပစ်ရန် တွန်းအားပေးနသည် ။
ဂျောင် ပိတ်ရိုက်ခံရသည့် ခွေးသည်လဲ ပြန်ကိုက်တတ်သလို
ဖိနှိပ်ခြင်း ခံရပါများသည့် သူ့
စိတ်အစုံသည်လည်း အစိုးမရတော့..
ဟုန်းဟုန်း ထ နေသည့် ဒေါသ အရှိန်နှင့်အတူ
သူ့ မျက်ဝန်းများသည် မီးဟုန်းဟုန်းတောက်မတတ်
သူ မျက်ရည်များဖြင့် နာကျင်စွာ အော်ပြောမိသည် ။
" ငါ မင်း ကို လုံးဝ မကြောက် ဘူးးး !!!! "
ခြိမ့်သည်းသွားသော မိုးခြိမ့်သံနှင့် အတူ သူ့ အော်မြည်သံက လည်း ပဲ့တင်ထပ်မတတ် ။ တပြိုင်နက် လှုပ်ရှားမိတဲ့ သူ့ခြေထောက်အစုံက ကားကို အရှိန်ပြင်းစွာ မောင်းထွက် စေသည်
ဝုန်းခနဲ အရှိန်ဖြင့် ဆောင့်ထွက်လာသော ကားငယ် ကို chanyeol မလှုပ်မယှက်ဖြင့် ကြည့်နေ၏
ခပ်လှမ်းလှမ်း က ကားငယ်က သူ့ထံ ဦးတည် လာနေသည်ကို သိရက်နှင့်ပင်.. သူ ထွက်မပြေး ။
သူ အေးစက်စွာဖြင့်သာ ပြုံးနေလေသည် ။
ကောင်းတယ် Baekhyun..
မင်း လုပ်သမျှ ထဲမှာ ဒီ ရွေးချယ်မှု့က
မင်းအတွက် အမှန်ကန်ဆုံးပဲ...
...
ကျယ်လောင် သော မြည်သံ တခုက
ကောင်းကင်ယံသို့ ခြိမ့်သဲ သွားစေသည်
တချိန်ထဲမှာပင် အမဲရောင် ကားနက် သည် အတိုက်ခံ ရသည့် အရှိန်ဖြင့် အဝေးသို့ လွင့်စင်သွားသလို..
ပြေးတိုက်ခဲ့သည့် ကားငယ်လေးသည်လဲ
မီးခိုး အလှိုင်လှိုင် ထကာ ပျက်စီး သွားရချေပြီ ။
ကားနှစ်စီးထဲက သူတို့ အဖို့ မြူနှင်းများကြား
လူသူမရှိသည့် လမ်းမ ပေါ်တွင်
ကယ်မည့်သူ ကင်းမဲ့စွာ အသက်ရှင်ဖို့အခွင့်လမ်းမှာ
မရှိသလောက်ကို ရှားပါးလို့နေပေလိမ့်မည် ။
.......
စကားသံကို ကြားသည်နှင့် Sehun
မတ်တပ် ထရပ်လိုက်မိသည်။
" လူနာတစ်ယောက်လုံး ထွက်ပြေးတာတောင်
မင်းတို့ သူ့ကို မတားဘူးလား.. မင်းတို့ ဘာလုပ်နေကြလဲ
ဘာလို့ ထွက်သွားခွင့်ပြုရတာလဲ "
Sehun ရဲ့ အော်သံက ကျယ်လောင်သွားသည်
ကော်ဖီ ဆိုင်ထဲက လူအချို့က သူ့ကို လှည့်ကြည့်လာကြသည့်တိုင် သူ ဂရုမစိုက်နိုင်သေး..။
သူ့ရင်ထဲမှာ အပူမီးမြိုက်နေချေပြီ
တဖက်မှ လက်ထောက်ဆရာဝန်သည်လဲ
စကားပင် နှစ်လုံးကွဲအောင် မပြောသည့် ဆရာဖြစ်သူက ဒေါသတကြီး အော်ငေါက်နေပြီမို့ ကြောက်ရွံနေပြီဖြစ်သည်
" က..ကျွန်တော်တို့ တားတယ် Doctor..
သူက တားတဲ့လူ အကုန်လုံးကို ရန်မူခဲ့တာ
ကျွန်တော်တို့လည်း မေ့ဆေးပေးထားတယ်ဆိုတော့ ချက်ချင်းသတိမရလောက်ဘူး ဆိုပြီး ပေါ့လျော့ခဲ့မိတာ
သူ့ကို တားတဲ့ ဆရာဝန်တယောက်ကိုတောင် ဘေးမှာ ရှိတဲ့ အ..အပ် နဲ့ ထိုးစိုက်ပြီး သောင်းကျန်းတော့ ဘယ်သူမှ အနားမကပ်ရဲကြတော့ဘူး.. အဲ့ တာပြီးတော့ သူ ထွက်ပြေးသွားတာပဲ.. ကျွန်တော်တို့ နောက်ကလိုက်တော့ မမှီတော့ဘူး
သူ့ကို အရိပ်ယောင်တောင် ရှာမတွေ့တာဘူး..
အ..အဲ့တာနဲ့ ကျွန်တော် လည်း d..doctor ကို.. "
လက်ထောက် ရဲ့ ပြောဆိုပုံအရ သူတို့ အမှားလည်း
မဟုတ်တာမို့ Sehun မျက်ရိုးကိုသာ
ခက်ပြင်းပြင်းဖိထားလိုက်ရသည်။
သူကိုယ်တိုင်လဲ သိပါသည်..။
သူ့ လက်ထောက်တွေက ဒီလောက် ညံဖျင်းတဲ့ သူတွေတော့ မဟုတ်ဘူးဆိုတာ.. ဒီကိစ္စက လက်ထောက်တွေ ညံ့ဖျင်းလို့မဟုတ်ပဲ Chanyeol ကိုယ်တိုင်ကိုက ဆိုးသွမ်းလွန်း နေတာကြောင့်သာ ဖြစ်ပေလိမ့်မည်။
Advertisement
- In Serial12 Chapters
Born From Evil
Malum lost to his own power and died in despair. However, born from his death was a miracle
8 103 - In Serial8 Chapters
A Thief and a Prince (Inspired by Aladdin)
Nico is Prince of Atlantis. Percy is a lowly thief who is mourning the death of his mother. When Nico gets bored of the Palace life, what will happen when he meets Percy? Will Percy be enough to capture his attention. A Nicercy fic. Boyxboy. Don't like, don't read. Rating may change in upcoming chapters.NOTE: COVER NOT MINE, FOUND ON GOOGLE
8 149 - In Serial60 Chapters
Mayhem on Earth
Set in 2151, Drake is an average teen who daydreams a lot. One day, a meteorite crashes in the woods near his home, and then monstrous mutated animals come out and start eating people. With no clue as to what is happening, Drake and other survivors have to work together to survive and fight back against these enemies in this Apocalypse.Inspired by Attack on Titan, by Hajime Isayama. Original story and characters by Srikar D. Palmite.
8 125 - In Serial33 Chapters
Rooms of the Desolate
Rooms of the Desolate is a collection of short stories designed to guide the reader through the many rooms and mysteries of the bleak and greyscale labyrinth of the Desolate. The first entry, "The Forever Tower" follows an unnamed wanderer climbing an endless, colourless tower; the only world they have ever known. As they slowly ascend alongside the masses, they consider the nature of their world and look to the corridors as temptation beckons. The second entry, "Production Line", follows an engineer in a boundless factory, who encounters a product that does not wish to bow to the overseers and makes them question their belief in the truth and duties they were made to believe. Content guidelines: Current entries do not include explicit profanity, but future entries may do so, hence the presence of that tag. Some entries do include gore and violence, though not currently to particularly extreme degrees. The Desolate is exactly that: a desolate world; as such, it is bleak, downtrodden, and may deal with mental struggles. Cover art credit: Adam Borkowski on Pexels.
8 139 - In Serial32 Chapters
Star Wars IX- The Rise of Skywalker
"We've passed on all we know. A thousand generations live in you now, but this is your fight." A familiar voice, Luke's, whispers. Luke Skywalker stands net to R2-D2 the sky around him burns shades of orange, yellow and red and behind him a Jedi temple burns.Kylo feels his father's hand upon his face the watched as his father falls into the abyss."Your journey nears its end." A sinister voice now whispers, and a flash of blue light reveals a fleet of Imperial Star Destroyers filling the vastness of space as blue fire leaps between them.A powerful red laser of an unseen weapon obliterates the surface of a planet.Shrieks, whispers and screams and then the sound of a lightsaber igniting. A fiery red saber but behind that saber is Rey, her hand twitches and the saber becomes a double-pronged staff. A maniacal evil laugh cackles.Kylo woke with a start and sat upright on his bed.Written after the first trailer dropped and finished before the film was released. Contains references to previous films, novelisations and comics.I'm a Reylo shipper but there will be no major smut- one additional slightly adult chapter at the end of the book.#Bendemption#Reyloisendgame#1-starwarsfanfiction 25.12.19#1- Dyad 4.5.20 (May the 4th be with you)#1-Bendemption 4.4.20#17- Reylo 25.8.20#1-episode iv 30.11.20#2- reylofanficyion 6.1.22'This is legit my favourite reylo fan fiction OMG it's so in character and like literally perfect for episode 9 I'm dying this is amazing.''You definitely did justice to this story, so much warmth and hope at the end.''Why couldn't Rise of Skywalker be just THIS?? This story is miles better than what we got. This was wonderful and healed so many wounds inflicted by that movie. Thank you so much for sharing this. Your hard work is much appreciated!'Consider donating to Adam's charity Arts in the Armed Forces.https://www.gofundme.com/f/bensoloslegacy
8 129 - In Serial6 Chapters
It's Not Over
Matt and Jenna haven't been having a good relationship so far, with Matt touring so much and Jenna at home alone, she has no one since she was moved with Matt to London thinking it was going to be the best but turns out to be the worst. All matts lies start to pile onto him when he returns over the winter for three months off and she finds out his dirty little secrets.
8 159

