《Let Me Start Again [Completed]》LMSA 3
Advertisement
Unicode
'သားပြန်လာပြီလား'
'ခများအပူမပါဘူး ကျေးဇူးပြုပြီး ကျနော်နဲ့မဆုံအောင်နေပေးပါလား ခများကိုမြင်ရရင် ဒေါသကအလိုလိုထွက်လာလို့' စစ်ရဲ့အပြောကြောင့် ဦးစစ်သော်မျက်နှာပျက်သွားသော်လဲ ချက်ချင်းပြန်ပြုံးလိုက်ကာ
'သားက papaကို အခုထိခွင့်မလွှတ်နိုင်သေးတာလား'
'ဘာ papaလဲ ခများကိုလက်မခံနိုင်ပါဘူးလို့ပြောထားတယ်လေ' ပြောရင်းနဲ့ စစ် ဒေါသတွေထွက်လာသည်။ အခုလေးတင် ခက်နဲ့မင်းခန့်ကို ၂ယောက်ထဲတွေ့လာခဲ့လို့စိတ်ကတိုနေပါတယ်ဆို
(ငါဘာဖြစ်နေတာပါလိမ့် အရင်ကလဲ အဲ့၂ကောင် ၂ယောက်ထဲတွေ့တာတွေလဲရှိတာပဲကို အခုမှဘာလို့စိတ်တွေတိုနေတာလဲ? အာ...ငါ့ကိုပလစ်ထားလို့ဒေါသထွက်နေတာ ဟုတ်တယ်*)
'အဲ့ဒါဘာဖြစ်နေကြတာလဲ' ဦးမင်းထက်၏အသံကြားမှ စစ်လဲ သတိပြန်၀င်လာသည်။
'ဘာမှမဖြစ်ပါဘူးအကိုရာ'
'ဘာကိုဘာမှမဖြစ်ရမှာလဲ စစ် မင်းကို မင်းအဖွားမသေခင်ကအကြောင်းစုံအကုန်ရှင်းပြပြီးတောင်းပန်ခဲ့တာပဲ မင်းpapaကိုအခုထိမုန်းနေတုန်းလား မင်းpapaမှားတာတစ်ခုမှမရှိတာကိုလေ'
'ဘာကိုမမှားရမှာလဲ ငယ်ငယ်ကတည်းက အမေမရှိပဲ အဖေ ၂ယောက်ပဲရှိတဲ့ကျနော့ကို ဝိုင်းလှောင်ခံရတာကရော ဘာမှမဟုတ်ဘူးလား'
'အဲ့ဒါဆို မင်းpapaကရော? မင်းကိုလွယ်ထားကတည်းက ယောကျာ်းကိုယ်၀န်ဆောင်ဆိုပြီး ဝိုင်းရှုံ့ချခံနေရတဲ့ကြားထဲက မင်းကိုမွေးပေးခဲ့တာလေ အဲ့ဒါတောင်မင်းကအခုထိအသိမှတ်မပြုနိုင်သေးဘူးလား'ပြောရင်းနဲ့ ဦးမင်းထက်ဒေါသတွေထွက်လာသည်။
'ဘယ်သူကဇွတ်အတင်းတွေမွေးခိုင်းနေလို့လဲ အခုလိုမွေးပေးလဲ ကျနော်က ကျေးဇူးတင်မနေဘူး အဲ့ဒီအစား မမွေးခဲ့ရင်တောင် ကောင်းအုံးမယ်'
'မင်း...မင်း ပြောလေကဲလေပါလား မိဘကိုမိဘမှန်းမသိတဲ့ကောင်' ပြောရင်းနဲ့ ဦးမင်းထက်ရဲ့လက်သီးတစ်ချက်က စစ်ပါးပေါ်ရောက်သွားလေသည်။
'အကို... အကို မလုပ်ပါနဲ့တော့အကိုရယ် သား..သားလဲသွားတော့နော်'
'အဟက် အဲ့ဒါကြောင့်မလို့ gayတွေကိုမုန်းတာ Daddyနဲ့ကျနော်ပြသနာတက်တိုင်း ခများကြောင့်ပဲ
ခများကိုတစ်သက်လုံးခွင့်မလွှတ်ဘူး' ပြောရင်းနဲ့ အပြင်ကိုပြန်ထွက်လာလေသည်။
'အကိုရာ ကျနော့ကြောင့် သားနဲ့ထပ်ပြီး စကားမများပါနဲ့တော့ သူလဲဘယ်လိုလုပ်ပြီး လက်ခံနိုင်အုံးမှာလဲ'
'မင်းသားဘက်ကပဲကာပြောပေးမနေနဲ့အသော် အခုပဲသူ့အသက် ၁၆နှစ်ကျော်နေပြီ သူစဥ်းစားတတ်နေပြီလေ အမေမသေခင်တုန်းကလဲ သူ့ကိုအကုန်ရှင်းပြပြီးသွားပြီ အဲ့ဒါတောင်မင်းကိုလက်ခံသေးလို့လား မင်းအစားငါရင်နာတယ်ကွ သိရဲ့လား'
'နောက်ကျရင်တော့ သူနားလည်လာမှာအကိုရယ်'
'နောက်ကျရင် အဲ့နောက်ဆိုတာဘယ်တော့လဲ ငယ်ငယ်တုန်းကတော့ အမေတို့သွေးခွဲထားလို့။ ဒါပင်မယ့်မနှစ်တုန်းက အမေမဆုံးခင်သူ့ကိုရှင်းပြခဲ့တယ်လေ။ ၁၀နှစ်...သူမင်းကိုအသိမှတ်မပြုတာ၁၀နှစ်ရှိပြီကွ မင်းသိရဲ့လား'
'အကိုရာ' ဦးစစ်သော်ဘာမှဆက်မပြောဖြစ်တော့ပေ။
'ခက်....ခက်ရေ'
'သြော် သားလေးပါလား'
'ဟုတ် အန်တီ.. ခက်ရှိလားဗျ'
'ရှိတယ်သား လာလေ အထဲ၀င်'
(ရှိမှာပေါ့ ခုနလေးကတင် မင်းခန့်နဲ့စကားပြောနေတာပဲကို*)
'ဟင် စစ် ဘာလာလုပ်တာလဲ'
'ဟ မင်းစကားကြီးကလဲ ငါလာလည်တာကိုလက်မခံချင်တဲ့အသံနဲ့'
'အေးပါ ငါမှားပါတယ် ကဲ ကိုကိုစစ်ရေ ခက်ခက်လေးတို့အိမ်ကိုဘာများလုပ်စရာရှိလို့ပါလဲခမျာ' ခက်ရဲ့ ရွဲ့တဲ့တဲ့စကားကို စစ်ရယ်လိုက်ကာ
'ငါမင်းကိုပြောစရာရှိတယ်ခက်'
'အင်း လာလေ အိမ်ရှေ့ပန်းခြံထဲသွားရအောင်'
'ကဲပြော ဘာဖြစ်လာတာလဲ မင်းမျက်နှာလဲမကောင်းပါလား'
'ငါအိမ်နဲ့ပြသနာတက်လာတာ'
'မင်းအမေနဲ့လား?' ခက်ကမေးတော့ စစ်ရဲ့မျက်နှာတည်သွားကာ
'ငါ့မှာအမေမရှိဘူးခက်'
'ဟင်'
'ဟုတ်တယ် ငါ့မှာအမေ မရှိဘူး အဲ့ဒီအစားအဖေ ၂ယောက်ပဲရှိတာ'
'ငါတို့ကိုဘာလို့မပြောတာလဲ မင်းသာဒီနေ့ဖွင့်မပြောရင် ငါလဲသိမှာမဟုတ်ဘူး'
'ငါရှက်လို့ ငါငယ်ငယ်တုန်းက အဖေ ၂ယောက်ရှိလို့ဆိုပြီးငါ့ကိုဘယ်သူမှအပေါင်းသင်းမလုပ်ကြဘူး အဲ့ဒါကြောင့် မင်းတို့ကိုအဲ့ဒီမကြောင်းတွေပြောလိုက်ရင် မင်းတို့လဲ ငါ့ကိုအပေါင်းသင်းမလုပ်တော့မှာကြောက်လို့ ငါမပြောခဲ့တာ ခက်'
'ဒါဆို အခုချိန်ထိ မင်းအိမ်ကိုအလည်မခေါ်တာလဲ အဲ့ဒါကြောင့်ပေါ့ ဟုတ်လား စစ်'
'အင်း ဟုတ်တယ်'
'ငါ့ကိုအကြောင်းစုံရှင်းပြပါအုံး စစ်ရာ'
'ငါ့ Daddy ကိုတော့ မင်းမြင်ဖူးတယ်မလား'
'အေးလေ'
ငါက ငါ့ Daddyနဲ့ သူ့ယောကျာ်းနဲ့ကမွေးလာတာ'
'မင်းအဖေလို့ပြောလဲရပါတယ် ဘယ့်နှယ်မင်း daddyနဲ့ သူ့ယောကျာ်းတုန်း'
'ထားပါတော့ ငါ့ကို အဲ့papaဆိုတဲ့တစ်ယောက်ကသူကိုယ်တိုင် ကိုယ်၀န်ဆောင်ပြီးမွေးခဲ့တာတဲ့ ဒါပင်မယ့်ငါ၁နှစ်ကျော်လောက်မှာ သူက ငါ့daddyရဲ့အမေ ငါ့အဖွားကြောင့်နိုင်ငံခြားကိုထွက်သွားတယ်လေ'
'ဘာလို့လဲ မင်းအဖွားကသဘောမတူဘူးလား'
'အင်း ဟုတ်တယ် ဖွားဖွားကသဘောမတူဘူး ယောကျာ်းလေးအချင်းချင်းမလို့လေ ပြီးတော့ အဲ့papaဆိုတဲ့လူကမိဘမဲ့ဆိုတော့ပိုဆိုးတာပေါ့'
'ဟင်'
'ဟုတ်တယ် သူကမိဘမဲ့ ပြီးတော့ daddyနဲ့သူစတွေ့တုန်းက သူကအလုပ်တစ်ဖက်နဲ့ဆေးကျောင်းတက်နေတာ daddyနဲ့တွေ့တော့သူတို့ရည်းစားဖြစ်သွားတယ်ပေါ့ကွာ။ ဖွားဖွားကတော့သဘောမတူဘူး။ သူကdaddyကို ခြူစားတယ်ပဲမှတ်နေတာ။ daddyကလဲ သူဆေးကျောင်းတက်တာကိုထောက်ပံ့ပေးနေတာကိုး။ သူနဲ့ပတ်သက်ပြီးဖွားဖွားနဲ့daddy ခဏခဏစကားများရလွန်းလို့ ဖွားဖွားကသူ့ကိုအရမ်းမုန်းနေတာလေ ပြီးတော့ဖွားဖွားတို့အသိုင်းအဝိုင်းမှာယောကျာ်းချင်းကြိုက်တာမရှိဘူးလေ daddyကသူနဲ့လက်ထပ်တော့ daddyလုပ်ရပ်က ဖွားဖွားကိုအရှက်ခွဲသလိုဖြစ်သွားတာပေါ့'
'အေးလေ အရင်တုန်းကလူတွေက အဲ့လိုတွေမှလက်မခံကြတာ ဒါပင်မယ့်သူတို့က တကယ်ချစ်ကြတာပဲမလား?'
'အင်း သူဘွဲ့ရတော့ daddyနဲ့လက်ထပ်တယ်လေ ဖွားဖွားကသဘောမတူဘူး daddyကတစ်ဦးတည်းသောသားဆိုတော့ သူနဲ့ယူရင်မျိုးဆက်ပြတ်မှာပေါ့လို့ပြောတော့ သူက သားအိမ်ထည့်ပြီးငါ့ကိုလွယ်ခဲ့တာ'
'မင်းpapaတော်တော်ဒုက္ခခံခဲ့ရမှာပဲ မိန်းမတွေတောင် ကိုယ်၀န်ဆောင်ရင်အရမ်းခက်ခဲတာ မင်းpapaကယောကျာ်းလေးဆိုတော့ပိုဆိုးမှာပေါ့'
'နေစမ်းပါအုံး မင်းကသူ့ဘက်ကလား?' စစ်ကမကျေမနပ်မေးတော့
'အဲ အဲ့လိုလဲမဟုတ်ဘူးလေ ဆက်ပြော ဆက်ပြော အဟီး'
'အဲ့ဒါနဲ့ငါ့ကိုမွေးတာပေါ့ ဒါပင်မယ့်ဖွားဖွားက ဆရာ၀န်ဖြစ်ရုံနဲ့မကျေနပ်သေးဘူးတဲ့ PhDရအောင်လုပ်မှလက်ခံပေးမယ်ဆိုလို့ ငါ၁နှစ်သားအရွယ်မှာ ငါ့ကိုထားခဲ့ပြီး USAမှာ PhDသွားတက်တာ။ Daddyကလဲသူ့အလုပ်နဲ့သူဆိုတော့ငါ့ကိုဂရုမစိုက်နိုင်ဘူးလေ အဲ့တော့ငါကဖွားဖွားနဲ့ပဲအနေများတာပေါ့'
'မင်းဖွားဖွားကမင်းကိုတော့လက်ခံပေးလို့တော်သေးတယ်'
'အင်းဟုတ်တယ် ငါ့ကိုတော့လက်ခံပေးတယ် ငါ၁နှစ်သားတည်းကဖွားဖွားနဲ့အတူနေခဲ့ရတာလေ ငါ၅နှစ်ရောက်တော့ မူကြိုတက်ရရော အဲ့မှာပြသနာစတာ မိဘနေရာမှာ ငါကအဖေ၂ယောက်ဖြစ်နေတာလေ တခြားကျောင်းသားမိဘတွေကလဲသူတို့သားတွေကိုငါနဲ့မပေါင်းခိုင်းဘူး gayတွေကမွေးတာ gayပဲဖြစ်မှာဆိုပြီးတော့လေ။ ငါဖွားဖွားကိုအဲ့အကြောင်းတွေပြန်ပြောပြတော့ ဖွားဖွားက ငါ့မှာအမေရှိတယ် ဒါပင်မယ့်daddyကသူ့ကိုယူမှာမလို့ငါ့အမေနဲ့ကွာရှင်းလိုက်ရတာဆိုပြီးငါ့ကိုညာပြောတယ်။ ငါကလည်းငါ့ကိုဝိုင်းပြီးကြဥ်ခံရတာသူ့ကြောင့်ဆိုပြီးမုန်းနေခဲ့တာ။ သူပြန်ရောက်တော့လဲငါသူ့ကိုအဖေလို့မခေါ်ဘူး ငါ့စိတ်ထဲမှာငါ့အဖေနဲ့အမေကွာရှင်းရတာသူ့ကြောင့်ဆိုပြီးစွဲနေတာလေ'
'မင်းကိုသူတို့ရှင်းမပြဘူးလား'
'ရှင်းပြလဲငါမယုံဘူးလေ ယောကျာ်းလေးတစ်ယောက်ကဘယ်လိုလုပ်ကိုယ်၀န်ဆောင်နိုင်မှာလဲ။ သူတို့ငါ့ကိုညာပြောတယ်ပဲထင်တာပေါ့ ငါ့ဖွားဖွားပြောတာအမှန်ပဲထင်နေတာ'
'ဒါဆို သူမင်းကိုမွေးခဲ့တာတကယ်မှန်းဘယ်တုန်းကသိတာလဲ'
'မနှစ်ကမှသိတာ ငါ့ဖွားဖွားမဆုံးခင်ငါ့ကိုအကုန်ပြောပြခဲ့တာ ငါ့မှာတကယ်တော့အမေမရှိဘူး အဖေ၂ယောက်ပဲရှိကြောင်း အဖေနဲ့အမေကွာရှင်းတယ်ဆိုတာဖွားဖွားညာပြောခဲ့ကြောင်းအကုန်ပေါ့'
'ဒါဆို မင်းpapaကိုခွင့်လွှတ်သင့်ပြီလေ မင်းလဲအကြောင်းစုံသိနေပြီပဲကို'
'ဟင့်အင်း ငါသူ့ကိုအရင်ကလောက်မမုန်းတော့ပင်မယ့် ခွင့်မလွှတ်နိုင်သေးဘူး။ ငါငယ်ငယ်ကတည်းကအပေါင်းသင်းမရှိတာသူ့ကြောင့်လေ။ သူများတွေမိစုံဖစုံနဲ့ပျော်နေတဲ့အချိန်မှာ ငါကတော့ အဖေ၂ယောက်ရှိတာကိုပြောရမှာရှက်နေခဲ့တာ။ အဲ့ဒါကြောင့်ငါဆုံးဖြတ်လိုက်တယ် ငါ့သားသမီးတွေကိုငါ့လိုအဖေ၂ယောက်မဖြစ်စေရဘူး မိစုံဖစုံပဲဖြစ်စေရမယ်လို့။ ပြီးတော့ ငါ့daddyကိုမမုန်းပင်မယ့် gayတွေကိုတော့ အရမ်းမုန်းတယ်' စစ်ရဲ့စကားကြောင့် ခက်လက်ဖျားတွေအေးစက်လာကာ(ငါကတော့gayမဟုတ်ပါဘူးစစ်ရာ မင်းတစ်ယောက်ကိုပဲချစ်တာပါ ယောကျာ်းတိုင်းကိုမကြိုက်ပါဘူး*) အပြင်မှာတော့
Advertisement
'ဒါ..ဒါဆို မင်းgayတွေကိုအရမ်းမုန်းတယ်လို့ခဏခဏပြောနေတာအဲ့ဒါကြောင့်လား'
'အင်း'
'ဒါပင်မယ့် မင်းpapaကိုတော့ခွင့်လွှတ်သင့်ပါတယ် သူလဲဒုက္ခခံလာရတာပဲလေ'
'ငါကြိုးစားနေပါတယ်'
'ဘာကြိုးစားတာလဲ မင်းdaddyနဲ့ခဏတိုင်းစကားများပြီးတော့လား'
'မင်း... တော်ပီ မင်းနဲ့ဆက်မပြောတော့ဘူး ပြန်တော့မယ်'
'အေးပါ သတိထားပြန်အုံး မင်းpapaကိုလဲကောင်းကောင်းမွန်မွန်ပြန်ပြောကြားလား'
'ငါသိပါတယ် မင်းဆရာမလုပ်ပါနဲ့'
(ငါဘာဖြစ်နေပါလိမ့် ဘာလို့ခက်ကိုအမှန်တိုင်းဖွင့်ပြောနေတာလဲ ငါအဲ့ဒါကိုဘယ်သူ့ကိုမှမပြောဘူးလို့ဆုံးဖြတ်ထားတာလေ အာ...မသိဘူး ငါအရမ်းတွေစိတ်ရှုပ်နေလို့ရင်ဖွင့်မိသွားတာ ဟုတ်တယ် အဲ့လိုပဲဖြစ်မှာ အဲ့လိုရင်ဖွင့်လိုက်တော့လဲ ငါ့စိတ်တွေနည်းနည်းပေါ့သွားတယ်*)အပြင်မှာတော့သူ့ဘာသာမေး ပြီး သူ့ဘာသာဖြေနေတဲ့ကောင်လေးတစ်ယောက်ရှိနေလေရဲ့။
To be continued.....
A/N အခင်က အခုမှပထမဦးဆုံးရေးဖူးတာမလို့ အမှားလေးတွေများပါခဲ့ရင် ခွင့်လွှတ်ပေးကြဖို့ ကြိုပြီးတောင်းပန်ပါတယ်နော်။ တကယ်လို့ မကြိုက်တဲ့နေရာရှိခဲ့ရင်လဲ message boxမှာ လာပြောလို့ရပါတယ်ရှင့်။ တစ်ရက်ခြားကိုတစ်ပိုင်းပုံမှန် upပေးမယ်နော်။
愛你愛你💚💚
Zawgyi
'သားပြန်လာပြီလား'
'ခက်....ခက်ရေ'
'သြော် သားလေးပါလား'
'ရှိတယ်သား လာလေ အထဲဝင်'
'ဟင် စစ် ဘာလာလုပ်တာလဲ'
'ငါ့မှာအမေမရှိဘူးခက်'
'ဟင်'
'အင်း ဟုတ်တယ်'
'အေးလေ'
'ဟင်'
'အင်း'
'ငါကြိုးစားနေပါတယ်'
To be continued.....
愛你愛你💚💚
Advertisement
- In Serial11 Chapters
Healers Path
A horrific accident has left Jake Thorndon broken. An unorthodox treatment is prescribed - sending his mind into a virtual world while his body heals, and hopefully forcing his mind to rebuild the pathways through his brain. Can Jake prosper in the virtual world?Can he mend his broken body, and return to the real world? Cover art courtesy of WhatYouCallHome (http://whatyoucallhome.deviantart.com/art/On-the-Forest-Floor-246556591)
8 121 - In Serial25 Chapters
Working Behind the Scenes
Ever wonder, how do main characters keep finding these magical weapons and divine manuals? Where do they come from? Is there a mystical Easter Bunny going around hiding these things? How do so many coincidences happen? Because it's somebody's job. A young man has just crossed over, and after bargaining with the goddess of the world, has agreed to take on the job. perks, being alive. potential rewards, becoming a god. He has to keep under the radar, while putting the pieces where they need to be for good to triumph over evil. Slow start, long periods of getting set up at first.
8 153 - In Serial39 Chapters
The Empire of Dardano, Book 1: The Fallen Star
"The Fallen Star" is a fantasy epic set in a bronze-age, Mediterranean style world. Dardano - a vast empire slowly decaying under the weight of tradition and ceremony. The ruler of the empire has died, and now the royal children must step in to fill the vacuum. Prince Fornulus is the heir, but nobody expects great things from the dimwitted and brutish prince, and his siblings have their own plans, none of which involve Fornulus remaining in power. Young Prince Nikolonium wants to turn the empire onto the path of righteousness - but it will take all that he has to stand against his manipulative, ruthless, and occasionally downright sadistic siblings.
8 157 - In Serial8 Chapters
Tale of Kaerus - Dropped
Immortality ? War?If the world were just a game for the gods?And one man is reincanated for the fun of the folly?What would be of that man ?*----------------------------------------------------------*Hello hello, if u are reading my story, know that english is not my native idiom... this is my first fiction...My english is very very very poor...Then be patient and kind to me...This story is about reincarnation and war.War not only between kingdoms, not only between mens, not only between swords... but also between hearts, souls and ideologies.WARNING: GORE, SEX, RAPE AND ALL IRRATIONAL THINGS ARE POSSIBLE AND LIKELY TO HAPPEN... BECAUSE I'M THE AUTHOR AND GOD OF THIS STORY AND WANT WHAT GONE HAPPEN... or not - teheee...-Sorry, but i ended it :/
8 125 - In Serial7 Chapters
Transcend: Online
Eric Lamarque, a fairly average guy, as hard working as they come. He really doesn't have any complaints in life. His parents are cool, he's acing school, he has a beautiful girlfriend and he even has a cute little sister. But in just one day everything goes downhill. He got dumped by his girlfriend and bombed his exam. If that wasn't bad enough the local tough guy is now eyeing him. On the verge of a complete emotional breakdown, his sister, Jacquie, recommended that he try the game Transcend: Online to relieve his stress. With nothing to lose, he dove into the game. All he wants is a peaceful life inside the game, no stress inducing quests, no dragons to slay, no bandits to catch, and no villains to route. Will he get it?First timer here guys. Hope you like it! Feedbacks would greatly be appreciatedhttps://transcendonline.wordpress.com/
8 88 - In Serial50 Chapters
AGENT W | ✓
❝ A sniper doesn't always need a partner, they just need someone to give the signal. ❞Going solo gave you a lot to ponder on, especially given a mission that isolated you from your daily life of sniping up dozens of armed agents per hour.A change to braids and glasses wouldn't be too bad for one mission. Just follow the girl, keep an eye on the girl, and continue for two years. Simple.Throw in assassins? Simple. Throw in traitors? Simple. Throw in a baby? Simple. Throw in poison? Simple. Throw in intruders? Simple. Throw in love? E R R O R .Check twice before messing with the quiet and the nerds. Because the nerds will become future hackers, and the quiet will become undercover agents. ❝ Game over. ❞ _★ Previously Featured on Wattpad's Official ROMANCE Account | Dangerous Love ★ [ Highest Rank #1 in Action - 4:01:18 ] [ Highest Rank #1 in Action - 3:25:18 ] [ Highest Rank #1 in Action - 3:19:18 ] ♕ ♡ [ Highest Rank #1 in Action - 2:25:18 ] [ #3 in Action - 2:24:18 ] [ #4 in Action - 2:23:18 ] [ #5 in Action - 2:21:18 ] [ #6 in Action - 2:19:18 ] [ #7 in Action - 2:18:18 ] [ #8 in Action - 2:16:18 ] [ #9 in Action - 2:15:18 ] [ #11 in Action - 2:12:18 ] [ #12 in Action - 2:09:18 ] [ #13 in Action - 2:07:18 ] [ #24 in Action - 2:04:18 ] [ #25 in Action - 2:01:18 ] [ #39 in Action - 1:30:18 ] [ #47 in Action - 1:29:18 ] [ #56 in Action - 1:13:18 ] [ #119 in Action - 1:12:18 ] [ #148 in Action - 8:21:17 ] _ - Credits to @lilsahun for the wonderful cover - _ 07.01.17 - 06.18.18 // unedited version //
8 131

