《Let Me Start Again [Completed]》LMSA 6
Advertisement
'ငါ toilet သွားလိုက်အုံးမယ်' ဟုပြောကာ စစ် ထွက်လာခဲ့သည်။ မင်းခန့်ကလည်း
' ငါလဲ toiletလိုက်သွားလိုက်အုံးမယ် ခက်မင်းတစ်ယောက်ထဲအဆင်ပြေမလား ငါဗိုက်နာလာလို့'
'ဘာမပြေစရာရှိလဲ ကိုမင်းခန့်ရဲ့ ဟန်နီတစ်ယောက်လုံးရှိနေသေးတာပဲကို'
(နင်ရှိနေလို့ကို ငါ့သူငယ်ချင်းကိုစိတ်မချတာ*) စိတ်ထဲမှာသာ ပြောဖြစ်ပြီး အပြင်မှာတော့
'အာ ဟုတ်သားပဲ ကျနော်က ဟန်နီရှိနေတာကိုမေ့သွားတာ ဒါဆို ကျနော့်သူငယ်ချင်းကိုခဏထားခဲ့မယ်နော်' အိမ်သာလေးခဏသွားတက်မှာကို ၁နှစ်လောက်ခရီးထွက်ရမယ့်အဖေက သူ့သားကို အိမ်အကူနဲ့ထားခဲ့ရမှာစိတ်မချတဲ့ပုံစံမျိုးလာလုပ်နေတဲ့ မင်းခန့်ကို ဟန်နီသိပ်စိတ်မရှည်ချင်တော့။
'သွားမှာသာသွားစမ်းပါ ကျွန်မက ရှင့်သူငယ်ချင်းကို ကိုက်စားမှာကျနေတာပဲ'
'သွားပါ မင်းခန့်ရာ'
'အေးပါ ဒါဆိုသွားပီနော်'
တကယ်တမ်းလဲ ခက်နဲ့ဟန်နီကိုထားခဲ့ရမှာစိတ်မချနိုင်ပါ။ ဟိုမြွေခွေးမက ကိုယ့်သူငယ်ချင်း ဖြူလုံးလေးကို ဘာလုပ်မယ်မှန်းမှမသိတာ။ ဟုတ်တယ် သူငယ်ချင်း... ခက်က စစ်ကိုချစ်နေမှန်းသိကတည်းက သူ့ဘက်က ခက်ကိုသူငယ်ချင်းထက်မပိုတော့။ စစ်ထက်ပိုပြီးဂရုစိုက်ပေးနေတာကချွင်းချက်။ အဲ့ဒါကလဲ ခက်ဆိုတာက သူနဲ့အိမ်ချင်းလဲနီးသလို ငယ်ငယ်လေးကတည်းက ကစားဖော်ကစားဖက်တွေ။ ခက်ရဲ့မေမေကိုယ်တိုင်ကလည်း ခက် ၁၃နှစ်မှာဆေးရုံတက်ရပြီးကတည်းက သူနဲ့စစ်ကလွဲပြီးတခြားသူတွေနဲ့မပေါင်းခိုင်းတော့ဘူးလေ။ ဘာလို့လဲတော့မသိ။ စစ်နဲ့က ၆တန်းလောက်မှ စစ်သူတို့ကျောင်းကိုပြောင်းလာလို့ခင်သွားတာ။ စစ်ကတော့ အဲ့ကတည်းက gayကိုမုန်းတယ်ကြည့်ပြောနေတာပဲ အကြောင်းရင်းလဲမသိရဘူး။ သူတို့ ၂ယောက်ကအဲ့လိုလျှို့၀ှက်ချက်ကိုယ်စီနဲ့။ ခက်အတွက်တော့ရင်လေးတယ်။ တွေးရင်းတွေးရင်းနဲ့ toiletကိုကျော်သွားသော မင်းခန့်ပါလေ။
'ဟ toiletတောင်ကျော်သွားတာပဲ ဗိုက်နာပါတယ်ဆိုနေမှ'
အပြင်မှာကျန်နေခဲ့သော ၂ယောက်မှာတော့...
'ခက် ခက်ရဲ့အတွေးကိုပြန်မပြင်တော့ဘူးလား'
'ဘာကိုလဲ'
'ဟန်နီ့ကိုပြန်မချစ်နိုင်ပါဘူးဆိုတာလေ သေချာပြီလား'
'မင်းနဲ့သေမင်း ၂ခုထဲကတစ်ခုရွေးရမယ်ဆိုရင်တောင် သေဖို့ကိုပဲငါရွေးမယ် မင်းကိုတော့ဘယ်တော့မှမရွေးဘူး'
'ဟန်နီက အချစ်ကြီးသလို အမုန်းလဲကြီးတယ်နော် ခက်'
'မင်းကအရမ်းရွံဖို့ကောင်းတာပဲဟန်နီ ရည်းစားရှိနေရဲ့သားနဲ့ ကိုယ့်ရည်းစားရဲ့သူငယ်ချင်းကိုပါ လိုက်မြှူဆွယ်နေတာ တော်တော်မျက်နှာပြောင်တိုက်ပြီးအရှက်မရှိတာပဲ'
'ရွံတယ် အဟက် မုန်းရောမမုန်းဘူးလား'
'မုန်းတာပေါ့ ပြောစရာလိုသေးလို့လား'
'ဒါပေါ့ မုန်းရမှာပေါ့ ဘာလို့မုန်းသင့်လဲဆိုတာရောပြောပြရမလား'
'မင်းဘာကိုပြောချင်တာလဲ'
'အဟက် ဘာလို့မုန်းသင့်လဲဆိုတော့ နင်က စစ်ကိုကြိုက်နေလို့' ဟန်နီ့စကားကြောင့် ခက်လန့်သွားသည်။
'မင်းဘာတွေပြောနေတာလဲ ရူးနေလား'
'ငါကမရူးပါဘူး ဒီလောက်သိသာနေတာပဲကို ငါတို့ ၂ယောက်ကိုတွဲတွေ့ရင် နင့်မျက်နှာတွေပျက်နေတာ ငါမသိဘူးများထင်နေလား'
အဲ့လောက်သိသာသွားတာလား။ ဒါတောင် သူတို့ကိုတွဲတွေ့တာ ၂ခါပဲရှိသေးတာလေ။ ဟန်နီတောင်သတိထားမိမှတော့ စစ်ကရော? စစ်သာသိသွားရင် ငါ့ကိုဘာများပြောမလဲ? မုန်းသွားမှာလား? ခက်အတွေးတွေကိုသိနေတဲ့ဟန်နီက
'စစ်ကနင်မျက်နှာပျက်နေတာဘယ်သတိထားမိမှာလဲ
ငါနဲ့ရှိနေတိုင်း သူကငါ့တစ်မျက်နှာကိုတစ်ရွာထင်နေရှာတာလေ နင့်ကိုဂရုစိုက်မိမယ်ထင်လို့လား?'
'နင်လျှောက်မပြောနဲ့ ငါနဲ့စစ်ကသူငယ်ချင်းတွေ'
'သူငယ်ချင်း အဟက် ဘယ်သူငယ်ချင်းက အဲ့လိုမျိုး အရိပ်တကြည့်ကြည့်နဲ့ကြည့်နေလို့လဲ'
'မဟုတ်ဘူး!!!' ခက်သည်းမခံနိုင်စွာအော်မိလေသည်။
'ဘာဖြစ်နေကြတာလဲ ခက် မင်းကဘာလို့ဟန်နီ့ကိုအော်တာလဲ'
'ငါ.. ငါ'
'ဟန်နီက ခက်ကိုစလိုက်မိလို့ဖြစ်သွားတာပါကိုကိုရယ် ဟန်နီ့အမှားပါ။ ခက် ဟန်နီတောင်းပန်ပါတယ်နော် ခက်မကြိုက်ရင်နောက်တစ်ခါမစတော့ပါဘူး။ ဟန်နီက ခက်ကိုတကယ်ခင်မိလို့စလိုက်တာပါ' မျက်နှာငယ်လေးနဲ့တောင်းပန်နေသောဟန်နီ့ကို ခက်ငေးသာကြည့်နေမိတော့သည်။ စစ်ကတော့ အကြောင်းရင်းကိုသေချာမသိပဲ
'ဟန်နီ့အမှားမဟုတ်ပါဘူးကွာ။ ခက် မင်းကလဲ ဟန်နီကခင်လို့စတာကို ဘာလို့အဲ့လောက်အဖြစ်သည်းနေရတာလဲ။ ငါ့ကိုခင်သလို ဟန်နီ့ကိုရော မခင်နိုင်ဘူးလား။' ခက်မဖြေနိုင်ခင်မှာပဲ မင်းခန့်ရောက်လာကာ
'ဘာတွေဖြစ်နေကြတာတုန်း'
'ဘာမှမဟုတ်ပါဘူး ကဲပါကိုကိုရယ် ဟန်နီ့ကြောင့် ကိုကိုတို့တွေ အချင်းမများကြပါနဲ့' ဟန်နီ့အပြောကိုကြားလိုက်တဲ့မင်းခန့်ကတော့
(ဒီငမြွေထိုးမ ဘာတွေမွှေပြန်ပြီလဲ အိမ်သာလေးခဏသွားတက်တာကို ပြန်ရောက်တော့ ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့*)
'အေးလေ စစ် မင်းကလဲ ဘာမဟုတ်တဲ့လူတစ်ယောက်ကြောင့် သူငယ်ချင်းအချင်းချင်းပြသနာအတက်ခံတော့မလို့လား' မင်းခန့်စကားကိုကြားရတဲ့ဟန်နီကတော့ အသားတွေတဆက်ဆက်တုန်လာတဲ့အထိဒေါသထွက်လာသည်။
(ဘာမဟုတ်တဲ့လူ ငါ့ကိုလေ ဒီတစ်မိုးအောက်က ဟန်နီနိုင်ကို ဘာမဟုတ်တဲ့လူတဲ့လား ဒီကောင်ကတော့*) ဟန်နီ့စိတ်ထဲမှာတော့ မင်းခန့်ကိုအမှုန့်ကြိတ်ပြီး အရည်ဖျော်ပြီးပြီဖြစ်သော်လည်း ပါးစပ်ကထွက်လာတာတော့
'အဟင်း ဟုတ်တာပေါ့ ဟန်နီ့ကြောင့်နဲ့တော့စကားမများကြပါနဲ့။ သြော် ဒါနဲ့ ကိုကို့ကိုမေးစရာရှိတယ်'
'မေးလေဟန်နီရဲ့' ဆိုတော့ ခက်ကိုတည့်တည့်ကြည့်ကာ
'တကယ်လို့များ ကိုကို့ကို ယောကျာ်းလေးတစ်ယောက်ကကြိုက်ခဲ့မယ်ဆိုရင်....'
'တော်စမ်း ဟန်နီ!!!' စကားတောင်ဆုံးအောင်မပြောလိုက်ရ စစ်ရဲ့ဖြတ်အော်ခြင်းကိုခံလိုက်ရသည်။
'မင်းဆက်မပြောနဲ့တော့ ငါ့ကိုဘာလို့ယောကျာ်းလေးတစ်ယောက်ကလာကြိုက်ရမှာလဲ။ အေး တကယ်လို့ ရှိခဲ့ရင်လဲ ငါ့အမုန်းဆုံးစာရင်းထဲ၀င်သွားမှာပဲ ငါကgayတွေကိုအရမ်းမုန်းတာ။ ငါ့ကိုအဲ့လိုလာကြိုက်တဲ့တစ်ယောက်ကိုလဲ တစ်သက်လုံးခွင့်လွှတ်မှာမဟုတ်ဘူး' စစ်တစ်ယောက်ကတော့ ဒေါသတွေပေါက်ကွဲနေလေသည်။ မင်းခန့်ခက်ကိုကြည့်လိုက်တော့ ပေါင်ပေါ်တင်ထားတဲ့လက် ၂ဖက်လုံး တုန်ရီနေသဖြင့် ခက်ရဲ့လက်တွေကို ကိုင်ပေးထားကာ
(အဲ့မြွေခွေးမ ဘယ်တုန်းကသိသွားရတာလဲ*)
'စစ် မင်းကလည်း စိတ်ထိန်းစမ်း။ မင်းကိုဘယ်ယောကျာ်းလေးကလာကြိုက်မှာလဲ။ ဟန်နီ မင်းကလဲ စစ်gayတွေကိုမုန်းတာသိရဲ့သားနဲ့ဘာလို့အဲ့လိုမေးရတာလဲ။ မင်းအဲ့လိုမေးလိုက်ရင် စစ်ဒေါသထွက်မယ်ဆိုတာမသိဘူးလား မင်းမှာဦးနှောက်မရှိဘူးလား
ဟမ်' မင်းခန့် ဟန်နီ့ကိုကြည့်ကာပြောလေသည်။ ထိုအခါမှ
'ဟန်နီမှားပါတယ်ကိုကိုရယ် ဟန်နီနောက်တစ်ခါမမေးတော့ဘူးနော်'
(အေး နောက်တစ်ခါထပ်မေးရင်လဲ ငါနင့်ကိုဒီထက်ပိုပြီးပြောအုံးမှာမြွေခွေးမရဲ့။ မိန်းကလေးဖြစ်နေလို့စကားနဲ့ပဲပြီးသွားတာ ယောကျာ်းလေးဆိုရင် ထိုးမုန့်တွေ လမုန့်တွေ အပြတ်ကျွေးပြီးနေပြီ။ ငါ့ဖြူလုံးလေးကို အလကားသက်သက်စိတ်ညစ်အောင်လုပ်တာ မိစ္ဆာမ*)
'အင်းပါ နောက်တစ်ခါအဲ့လိုမမေးနဲ့ ကိုကိုမကြိုက်ဘူး'
'ကဲ မင်းတို့ rs ၂ကောင်ရဲ့ အရည်မရအဖတ်မရစကားတွေကိုနားထောင်ရမှာလား ၀က်သားပေါင်းစားရမှာလား?'
'မင်းကလည်း'
'မင်းကလည်းမနေနဲ့။ မင်းတို့လည်းပြောစရာရှိတာဆက်ပြောကြ ငါတို့ ၂ယောက်ကတော့ရုပ်ရှင်သွားကြည့်လိုက်အုံးမယ်။ လာ သွားမယ် ခက်'
'နေအုံး နေအုံး မင်းတို့ကအခု ၂ယောက်ထဲကြည့်ကြမလို့လား'
'မင်းမျက်လုံးထဲမှာဘယ်နှယောက်မြင်နေလို့လဲ'
'ခွေးကောင်မင်းခန့် ငါအကောင်းမေးနေတာ'
'ဟုတ်တယ် နှစ်ယောက်ထဲကြည့်မလို့'
'ငါရောလိုက်မယ်လေ' စစ်အပြောကြောင့် ခက်အံ့သြသွားကာ
'မင်းကဘာလိုက်လုပ်မလို့လဲ မင်းကြည့်ပြီးသွားပြီမဟုတ်ဘူးလား'
'ပြန်ကြည့်မလို့လေ ၂ထပ်ရှိတော့မှတ်မိတာပေါ့' စစ်အပြောကြောင့် ဟန်နီကတော့ မျက်နှာပျက်နေပြီ။
Advertisement
(အံမယ် ငမြွေထိုးမမျက်ခွက်ကြီးကလဲ တစ်ယောက်ထဲကွက်ပြီးမိုးချုပ်နေတာကျလို့ မည်းမှောင်သွားတာပဲ ခွီးးး*) မင်းခန့်ကတော့ ဟန်နီမျက်နှာပျက်သွားတာကိုကြည့်ပြီးတော်တော်ပျော်နေပြီ။
'ကိုကို ဒါဆို ဟန်နီကရော?'
'ဟန်နီလဲလိုက်ကြည့်လေ'
'မလိုက်တော့ပါဘူးကိုကိုရယ် ဟန်နီရှိနေရင် ကိုကိုတို့သူငယ်ချင်းတွေဘယ်လိုလုပ် လွတ်လပ်တော့မှာလဲ'
'အေးလေး စစ်ရာ မင်းကလဲ သူများမလိုက်ချင်တာကို ဇွတ်အတင်းတွေခေါ်မနေစမ်းပါနဲ့။ သူမလိုက်ချင်ဘူးလို့ပြောနေတယ်မလား။ ထားခဲ့လိုက်လေ ပြီးတော့သူပြောသလိုပဲ သူရှိနေရင် ငါတို့သုံးယောက်ဘယ်လိုလုပ်စကားကိုလွတ်လွတ်လပ်လပ်ပြောလို့ရတော့မှာလဲ။ တချို့အကြောင်းတွေက ယောကျာ်းလေးသီးသန့်ပြောမှရတာတွေရှိတယ်လေကွာ'
'အင်းပါ ဒါဆိုလည်း ကိုကိုတို့နဲ့အတူ ရုပ်ရှင်ရုံပေါက်ထိလိုက်ခဲ့လေ။ အဲ့ရောက်မှဟန်နီ့အိမ်ကိုဖုန်းဆက်ပြီးလာကြိုခိုင်းလိုက်တော့။'
'ဟုတ်' မကျေမနပ်နဲ့ပြောလေသည်။ သူ့ကိုတူတူထပ်ကြည့်ဖို့ခေါ်မယ်ပဲထင်နေတာ။ ဟန်နီ့ရဲ့ မှန်းချက်နဲ့နှမ်းထွက်မကိုက်သောမျက်နှာကြီးကိုမြင်ရတဲ့မင်းခန့်စိတ်ထဲမှာတော့
(မူချင်အုံးလေ အိုက်တင်ခံလိုက်စမ်းပါအုံး။ အခုတော့ အမကျန်ကြီးဖြစ်သွားပြီမလား အားရလိုက်တာ အဟေးဟေးး*) မင်းခန့် ရယ်ချင်ပက်ကျိမျက်နှာနဲ့
'လာ သွားရအောင်လေ လက်မှတ်၀ယ်ရအုံးမှာ'
'အေးအေး လာ ခက်။ ဟန်နီလဲလာခဲ့လေ သွားရအောင်' ဟုဆိုကာ ၄ယောက်သား (အဲ..အဲ.. ဟိုတစ်ကောင်က အမူလွန်ပြီးပြန်ရမှာဆိုတော့ ၃ယောက်သားပေါ့)ရုပ်ရှင်ရုံဘက်သို့ထွက်လာခဲ့ကြသည်။
ထုံးစံအတိုင်း ဟန်နီအဆောင်ပြန်၀င်ရတော့ စစ်နဲ့အဆက်သွယ်ပြတ်သွားပြန်သည်။ ခက်ကတော့ practicalလုပ်ရင်းနဲ့ခင်သွားတဲ့ သူငယ်ချင်းအသစ် ၂ယောက်ထပ်ရတယ် မိန်းကလေး ၂ယောက်ပေါ့။
စစ်ကလည်း နေ့တိုင်း ကျောင်းကိုထမင်းတူတူလာစားပေးတယ်လေ။ စစ်ရဲ့အလေးပေးမှုတွေအောက်မှာ ခက် အရမ်းပျော်ခဲ့ပါတယ်။ သူ့အပျော်တွေက သိပ်တော့ကြာကြာမခံလိုက်ပါ နောက်နှစ်လလောက်နေရင် ဟန်နီ ၁၀တန်းဖြေပြီးတော့မှာလေ။
To be continued.....
Zawgyi
'ငါ toilet သြားလိုက္အုံးမယ္' ဟုေျပာကာ စစ္ ထြက္လာခဲ့သည္။ မင္းခန္႔ကလည္း
' ငါလဲ toiletလိုက္သြားလိုက္အုံးမယ္ ခက္မင္းတစ္ေယာက္ထဲအဆင္ေျပမလား ငါဗိုက္နာလာလို႔'
'ဘာမေျပစရာရွိလဲ ကိုမင္းခန္႔ရဲ႕ ဟန္နီတစ္ေယာက္လုံးရွိေနေသးတာပဲကို'
(နင္ရွိေနလို႔ကို ငါ့သူငယ္ခ်င္းကိုစိတ္မခ်တာ*) စိတ္ထဲမွာသာ ေျပာျဖစ္ၿပီး အျပင္မွာေတာ့
'အာ ဟုတ္သားပဲ က်ေနာ္က ဟန္နီရွိေနတာကိုေမ့သြားတာ ဒါဆို က်ေနာ့္သူငယ္ခ်င္းကိုခဏထားခဲ့မယ္ေနာ္' အိမ္သာေလးခဏသြားတက္မွာကို ၁ႏွစ္ေလာက္ခရီးထြက္ရမယ့္အေဖက သူ႔သားကို အိမ္အကူနဲ႔ထားခဲ့ရမွာစိတ္မခ်တဲ့ပုံစံမ်ိဳးလာလုပ္ေနတဲ့ မင္းခန္႔ကို ဟန္နီသိပ္စိတ္မရွည္ခ်င္ေတာ့။
'သြားမွာသာသြားစမ္းပါ ကြၽန္မက ရွင့္သူငယ္ခ်င္းကို ကိုက္စားမွာက်ေနတာပဲ'
'သြားပါ မင္းခန္႔ရာ'
'ေအးပါ ဒါဆိုသြားပီေနာ္'
တကယ္တမ္းလဲ ခက္နဲ႔ဟန္နီကိုထားခဲ့ရမွာစိတ္မခ်ႏိုင္ပါ။ ဟိုေႁမြေခြးမက ကိုယ့္သူငယ္ခ်င္း ျဖဴလုံးေလးကို ဘာလုပ္မယ္မွန္းမွမသိတာ။ ဟုတ္တယ္ သူငယ္ခ်င္း... ခက္က စစ္ကိုခ်စ္ေနမွန္းသိကတည္းက သူ႔ဘက္က ခက္ကိုသူငယ္ခ်င္းထက္မပိုေတာ့။ စစ္ထက္ပိုၿပီးဂ႐ုစိုက္ေပးေနတာကခြၽင္းခ်က္။ အဲ့ဒါကလဲ ခက္ဆိုတာက သူနဲ႔အိမ္ခ်င္းလဲနီးသလို ငယ္ငယ္ေလးကတည္းက ကစားေဖာ္ကစားဖက္ေတြ။ ခက္ရဲ႕ေမေမကိုယ္တိုင္ကလည္း ခက္ ၁၃ႏွစ္မွာေဆး႐ုံတက္ရၿပီးကတည္းက သူနဲ႔စစ္ကလြဲၿပီးတျခားသူေတြနဲ႔မေပါင္းခိုင္းေတာ့ဘူးေလ။ ဘာလို႔လဲေတာ့မသိ။ စစ္နဲ႔က ၆တန္းေလာက္မွ စစ္သူတို႔ေက်ာင္းကိုေျပာင္းလာလို႔ခင္သြားတာ။ စစ္ကေတာ့ အဲ့ကတည္းက gayကိုမုန္းတယ္ၾကည့္ေျပာေနတာပဲ အေၾကာင္းရင္းလဲမသိရဘူး။ သူတို႔ ၂ေယာက္ကအဲ့လိုလွ်ိဳ႕၀ွက္ခ်က္ကိုယ္စီနဲ႔။ ခက္အတြက္ေတာ့ရင္ေလးတယ္။ ေတြးရင္းေတြးရင္းနဲ႔ toiletကိုေက်ာ္သြားေသာ မင္းခန္႔ပါေလ။
'ဟ toiletေတာင္ေက်ာ္သြားတာပဲ ဗိုက္နာပါတယ္ဆိုေနမွ'
အျပင္မွာက်န္ေနခဲ့ေသာ ၂ေယာက္မွာေတာ့...
'ခက္ ခက္ရဲ႕အေတြးကိုျပန္မျပင္ေတာ့ဘူးလား'
'ဘာကိုလဲ'
'ဟန္နီ႔ကိုျပန္မခ်စ္ႏိုင္ပါဘူးဆိုတာေလ ေသခ်ာၿပီလား'
'မင္းနဲ႔ေသမင္း ၂ခုထဲကတစ္ခုေ႐ြးရမယ္ဆိုရင္ေတာင္ ေသဖို႔ကိုပဲငါေ႐ြးမယ္ မင္းကိုေတာ့ဘယ္ေတာ့မွမေ႐ြးဘူး'
'ဟန္နီက အခ်စ္ႀကီးသလို အမုန္းလဲႀကီးတယ္ေနာ္ ခက္'
'မင္းကအရမ္း႐ြံဖို႔ေကာင္းတာပဲဟန္နီ ရည္းစားရွိေနရဲ႕သားနဲ႔ ကိုယ့္ရည္းစားရဲ႕သူငယ္ခ်င္းကိုပါ လိုက္ျမႇဴဆြယ္ေနတာ ေတာ္ေတာ္မ်က္ႏွာေျပာင္တိုက္ၿပီးအရွက္မရွိတာပဲ'
'႐ြံတယ္ အဟက္ မုန္းေရာမမုန္းဘူးလား'
'မုန္းတာေပါ့ ေျပာစရာလိုေသးလို႔လား'
'ဒါေပါ့ မုန္းရမွာေပါ့ ဘာလို႔မုန္းသင့္လဲဆိုတာေရာေျပာျပရမလား'
'မင္းဘာကိုေျပာခ်င္တာလဲ'
'အဟက္ ဘာလို႔မုန္းသင့္လဲဆိုေတာ့ နင္က စစ္ကိုႀကိဳက္ေနလို႔' ဟန္နီ႔စကားေၾကာင့္ ခက္လန္႔သြားသည္။
'မင္းဘာေတြေျပာေနတာလဲ ႐ူးေနလား'
'ငါကမ႐ူးပါဘူး ဒီေလာက္သိသာေနတာပဲကို ငါတို႔ ၂ေယာက္ကိုတြဲေတြ႕ရင္ နင့္မ်က္ႏွာေတြပ်က္ေနတာ ငါမသိဘူးမ်ားထင္ေနလား'
အဲ့ေလာက္သိသာသြားတာလား။ ဒါေတာင္ သူတို႔ကိုတြဲေတြ႕တာ ၂ခါပဲရွိေသးတာေလ။ ဟန္နီေတာင္သတိထားမိမွေတာ့ စစ္ကေရာ? စစ္သာသိသြားရင္ ငါ့ကိုဘာမ်ားေျပာမလဲ? မုန္းသြားမွာလား? ခက္အေတြးေတြကိုသိေနတဲ့ဟန္နီက
'စစ္ကနင္မ်က္ႏွာပ်က္ေနတာဘယ္သတိထားမိမွာလဲ
ငါနဲ႔ရွိေနတိုင္း သူကငါ့တစ္မ်က္ႏွာကိုတစ္႐ြာထင္ေနရွာတာေလ နင့္ကိုဂ႐ုစိုက္မိမယ္ထင္လို႔လား?'
'နင္ေလွ်ာက္မေျပာနဲ႔ ငါနဲ႔စစ္ကသူငယ္ခ်င္းေတြ'
'သူငယ္ခ်င္း အဟက္ ဘယ္သူငယ္ခ်င္းက အဲ့လိုမ်ိဳး အရိပ္တၾကည့္ၾကည့္နဲ႔ၾကည့္ေနလို႔လဲ'
'မဟုတ္ဘူး!!!' ခက္သည္းမခံႏိုင္စြာေအာ္မိေလသည္။
'ဘာျဖစ္ေနၾကတာလဲ ခက္ မင္းကဘာလို႔ဟန္နီ႔ကိုေအာ္တာလဲ'
'ငါ.. ငါ'
'ဟန္နီက ခက္ကိုစလိုက္မိလို႔ျဖစ္သြားတာပါကိုကိုရယ္ ဟန္နီ႔အမွားပါ။ ခက္ ဟန္နီေတာင္းပန္ပါတယ္ေနာ္ ခက္မႀကိဳက္ရင္ေနာက္တစ္ခါမစေတာ့ပါဘူး။ ဟန္နီက ခက္ကိုတကယ္ခင္မိလို႔စလိုက္တာပါ' မ်က္ႏွာငယ္ေလးနဲ႔ေတာင္းပန္ေနေသာဟန္နီ႔ကို ခက္ေငးသာၾကည့္ေနမိေတာ့သည္။ စစ္ကေတာ့ အေၾကာင္းရင္းကိုေသခ်ာမသိပဲ
'ဟန္နီ႔အမွားမဟုတ္ပါဘူးကြာ။ ခက္ မင္းကလဲ ဟန္နီကခင္လို႔စတာကို ဘာလို႔အဲ့ေလာက္အျဖစ္သည္းေနရတာလဲ။ ငါ့ကိုခင္သလို ဟန္နီ႔ကိုေရာ မခင္ႏိုင္ဘူးလား။' ခက္မေျဖႏိုင္ခင္မွာပဲ မင္းခန္႔ေရာက္လာကာ
'ဘာေတြျဖစ္ေနၾကတာတုန္း'
'ဘာမွမဟုတ္ပါဘူး ကဲပါကိုကိုရယ္ ဟန္နီ႔ေၾကာင့္ ကိုကိုတို႔ေတြ အခ်င္းမမ်ားၾကပါနဲ႔' ဟန္နီ႔အေျပာကိုၾကားလိုက္တဲ့မင္းခန္႔ကေတာ့
(ဒီငေႁမြထိုးမ ဘာေတြေမႊျပန္ၿပီလဲ အိမ္သာေလးခဏသြားတက္တာကို ျပန္ေရာက္ေတာ့ ျပသနာေပါင္းေသာင္းေျခာက္ေထာင္နဲ႔*)
'ေအးေလ စစ္ မင္းကလဲ ဘာမဟုတ္တဲ့လူတစ္ေယာက္ေၾကာင့္ သူငယ္ခ်င္းအခ်င္းခ်င္းျပသနာအတက္ခံေတာ့မလို႔လား' မင္းခန္႔စကားကိုၾကားရတဲ့ဟန္နီကေတာ့ အသားေတြတဆက္ဆက္တုန္လာတဲ့အထိေဒါသထြက္လာသည္။
(ဘာမဟုတ္တဲ့လူ ငါ့ကိုေလ ဒီတစ္မိုးေအာက္က ဟန္နီႏိုင္ကို ဘာမဟုတ္တဲ့လူတဲ့လား ဒီေကာင္ကေတာ့*) ဟန္နီ႔စိတ္ထဲမွာေတာ့ မင္းခန္႔ကိုအမႈန္႔ႀကိတ္ၿပီး အရည္ေဖ်ာ္ၿပီးၿပီျဖစ္ေသာ္လည္း ပါးစပ္ကထြက္လာတာေတာ့
'အဟင္း ဟုတ္တာေပါ့ ဟန္နီ႔ေၾကာင့္နဲ႔ေတာ့စကားမမ်ားၾကပါနဲ႔။ ေၾသာ္ ဒါနဲ႔ ကိုကို႔ကိုေမးစရာရွိတယ္'
'ေမးေလဟန္နီရဲ႕' ဆိုေတာ့ ခက္ကိုတည့္တည့္ၾကည့္ကာ
'တကယ္လို႔မ်ား ကိုကို႔ကို ေယာက်ာ္းေလးတစ္ေယာက္ကႀကိဳက္ခဲ့မယ္ဆိုရင္....'
'ေတာ္စမ္း ဟန္နီ!!!' စကားေတာင္ဆုံးေအာင္မေျပာလိုက္ရ စစ္ရဲ႕ျဖတ္ေအာ္ျခင္းကိုခံလိုက္ရသည္။
'မင္းဆက္မေျပာနဲ႔ေတာ့ ငါ့ကိုဘာလို႔ေယာက်ာ္းေလးတစ္ေယာက္ကလာႀကိဳက္ရမွာလဲ။ ေအး တကယ္လို႔ ရွိခဲ့ရင္လဲ ငါ့အမုန္းဆုံးစာရင္းထဲ၀င္သြားမွာပဲ ငါကgayေတြကိုအရမ္းမုန္းတာ။ ငါ့ကိုအဲ့လိုလာႀကိဳက္တဲ့တစ္ေယာက္ကိုလဲ တစ္သက္လုံးခြင့္လႊတ္မွာမဟုတ္ဘူး' စစ္တစ္ေယာက္ကေတာ့ ေဒါသေတြေပါက္ကြဲေနေလသည္။ မင္းခန္႔ခက္ကိုၾကည့္လိုက္ေတာ့ ေပါင္ေပၚတင္ထားတဲ့လက္ ၂ဖက္လုံး တုန္ရီေနသျဖင့္ ခက္ရဲ႕လက္ေတြကို ကိုင္ေပးထားကာ
(အဲ့ေႁမြေခြးမ ဘယ္တုန္းကသိသြားရတာလဲ*)
'စစ္ မင္းကလည္း စိတ္ထိန္းစမ္း။ မင္းကိုဘယ္ေယာက်ာ္းေလးကလာႀကိဳက္မွာလဲ။ ဟန္နီ မင္းကလဲ စစ္gayေတြကိုမုန္းတာသိရဲ႕သားနဲ႔ဘာလို႔အဲ့လိုေမးရတာလဲ။ မင္းအဲ့လိုေမးလိုက္ရင္ စစ္ေဒါသထြက္မယ္ဆိုတာမသိဘူးလား မင္းမွာဦးေႏွာက္မရွိဘူးလား
ဟမ္' မင္းခန္႔ ဟန္နီ႔ကိုၾကည့္ကာေျပာေလသည္။ ထိုအခါမွ
'ဟန္နီမွားပါတယ္ကိုကိုရယ္ ဟန္နီေနာက္တစ္ခါမေမးေတာ့ဘူးေနာ္'
(ေအး ေနာက္တစ္ခါထပ္ေမးရင္လဲ ငါနင့္ကိုဒီထက္ပိုၿပီးေျပာအုံးမွာေႁမြေခြးမရဲ႕။ မိန္းကေလးျဖစ္ေနလို႔စကားနဲ႔ပဲၿပီးသြားတာ ေယာက်ာ္းေလးဆိုရင္ ထိုးမုန္႔ေတြ လမုန္႔ေတြ အျပတ္ေကြၽးၿပီးေနၿပီ။ ငါ့ျဖဴလုံးေလးကို အလကားသက္သက္စိတ္ညစ္ေအာင္လုပ္တာ မိစာၦမ*)
'အင္းပါ ေနာက္တစ္ခါအဲ့လိုမေမးနဲ႔ ကိုကိုမႀကိဳက္ဘူး'
'ကဲ မင္းတို႔ rs ၂ေကာင္ရဲ႕ အရည္မရအဖတ္မရစကားေတြကိုနားေထာင္ရမွာလား ၀က္သားေပါင္းစားရမွာလား?'
'မင္းကလည္း'
'မင္းကလည္းမေနနဲ႔။ မင္းတို႔လည္းေျပာစရာရွိတာဆက္ေျပာၾက ငါတို႔ ၂ေယာက္ကေတာ့႐ုပ္ရွင္သြားၾကည့္လိုက္အုံးမယ္။ လာ သြားမယ္ ခက္'
'ေနအုံး ေနအုံး မင္းတို႔ကအခု ၂ေယာက္ထဲၾကည့္ၾကမလို႔လား'
'မင္းမ်က္လုံးထဲမွာဘယ္ႏွေယာက္ျမင္ေနလို႔လဲ'
'ေခြးေကာင္မင္းခန္႔ ငါအေကာင္းေမးေနတာ'
'ဟုတ္တယ္ ႏွစ္ေယာက္ထဲၾကည့္မလို႔'
'ငါေရာလိုက္မယ္ေလ' စစ္အေျပာေၾကာင့္ ခက္အံ့ၾသသြားကာ
'မင္းကဘာလိုက္လုပ္မလို႔လဲ မင္းၾကည့္ၿပီးသြားၿပီမဟုတ္ဘူးလား'
'ျပန္ၾကည့္မလို႔ေလ ၂ထပ္ရွိေတာ့မွတ္မိတာေပါ့' စစ္အေျပာေၾကာင့္ ဟန္နီကေတာ့ မ်က္ႏွာပ်က္ေနၿပီ။
(အံမယ္ ငေႁမြထိုးမမ်က္ခြက္ႀကီးကလဲ တစ္ေယာက္ထဲကြက္ၿပီးမိုးခ်ဳပ္ေနတာက်လို႔ မည္းေမွာင္သြားတာပဲ ခြီးးး*) မင္းခန္႔ကေတာ့ ဟန္နီမ်က္ႏွာပ်က္သြားတာကိုၾကည့္ၿပီးေတာ္ေတာ္ေပ်ာ္ေနၿပီ။
'ကိုကို ဒါဆို ဟန္နီကေရာ?'
'ဟန္နီလဲလိုက္ၾကည့္ေလ'
'မလိုက္ေတာ့ပါဘူးကိုကိုရယ္ ဟန္နီရွိေနရင္ ကိုကိုတို႔သူငယ္ခ်င္းေတြဘယ္လိုလုပ္ လြတ္လပ္ေတာ့မွာလဲ'
'ေအးေလး စစ္ရာ မင္းကလဲ သူမ်ားမလိုက္ခ်င္တာကို ဇြတ္အတင္းေတြေခၚမေနစမ္းပါနဲ႔။ သူမလိုက္ခ်င္ဘူးလို႔ေျပာေနတယ္မလား။ ထားခဲ့လိုက္ေလ ၿပီးေတာ့သူေျပာသလိုပဲ သူရွိေနရင္ ငါတို႔သုံးေယာက္ဘယ္လိုလုပ္စကားကိုလြတ္လြတ္လပ္လပ္ေျပာလို႔ရေတာ့မွာလဲ။ တခ်ိဳ႕အေၾကာင္းေတြက ေယာက်ာ္းေလးသီးသန္႔ေျပာမွရတာေတြရွိတယ္ေလကြာ'
'အင္းပါ ဒါဆိုလည္း ကိုကိုတို႔နဲ႔အတူ ႐ုပ္ရွင္႐ုံေပါက္ထိလိုက္ခဲ့ေလ။ အဲ့ေရာက္မွဟန္နီ႔အိမ္ကိုဖုန္းဆက္ၿပီးလာႀကိဳခိုင္းလိုက္ေတာ့။'
'ဟုတ္' မေက်မနပ္နဲ႔ေျပာေလသည္။ သူ႔ကိုတူတူထပ္ၾကည့္ဖို႔ေခၚမယ္ပဲထင္ေနတာ။ ဟန္နီ႔ရဲ႕ မွန္းခ်က္နဲ႔ႏွမ္းထြက္မကိုက္ေသာမ်က္ႏွာႀကီးကိုျမင္ရတဲ့မင္းခန္႔စိတ္ထဲမွာေတာ့
(မူခ်င္အုံးေလ အိုက္တင္ခံလိုက္စမ္းပါအုံး။ အခုေတာ့ အမက်န္ႀကီးျဖစ္သြားၿပီမလား အားရလိုက္တာ အေဟးေဟးး*) မင္းခန္႔ ရယ္ခ်င္ပက္က်ိမ်က္ႏွာနဲ႔
'လာ သြားရေအာင္ေလ လက္မွတ္၀ယ္ရအုံးမွာ'
'ေအးေအး လာ ခက္။ ဟန္နီလဲလာခဲ့ေလ သြားရေအာင္' ဟုဆိုကာ ၄ေယာက္သား (အဲ..အဲ.. ဟိုတစ္ေကာင္က အမူလြန္ၿပီးျပန္ရမွာဆိုေတာ့ ၃ေယာက္သားေပါ့)႐ုပ္ရွင္႐ုံဘက္သို႔ထြက္လာခဲ့ၾကသည္။
ထုံးစံအတိုင္း ဟန္နီအေဆာင္ျပန္၀င္ရေတာ့ စစ္နဲ႔အဆက္သြယ္ျပတ္သြားျပန္သည္။ ခက္ကေတာ့ practicalလုပ္ရင္းနဲ႔ခင္သြားတဲ့ သူငယ္ခ်င္းအသစ္ ၂ေယာက္ထပ္ရတယ္ မိန္းကေလး ၂ေယာက္ေပါ့။
စစ္ကလည္း ေန႔တိုင္း ေက်ာင္းကိုထမင္းတူတူလာစားေပးတယ္ေလ။ စစ္ရဲ႕အေလးေပးမႈေတြေအာက္မွာ ခက္ အရမ္းေပ်ာ္ခဲ့ပါတယ္။ သူ႔အေပ်ာ္ေတြက သိပ္ေတာ့ၾကာၾကာမခံလိုက္ပါ ေနာက္ႏွစ္လေလာက္ေနရင္ ဟန္နီ ၁၀တန္းေျဖၿပီးေတာ့မွာေလ။
To be continued.....
Advertisement
- In Serial33 Chapters
The Sleeper
One day, Celeste Avon fell asleep. She woke up in a cave and everything around her changed. The people she was once close to became almost complete strangers and her home is gone. She must adjust to this new world and find her place in it if she is to move on with her life. But the various factions of the splintered kingdom and people with their own agendas aren't going to make it easy for her. All the while, there is a nagging question in the back of her mind; who put her to sleep and why?
8 178 - In Serial7 Chapters
The Great Voyage
In the future, humans strive to find the solution to the mysteries of the Universe. With the help of brilliant minds, they create a device that will enable them to finally obtain the answer to it all. But is it the one they're looking for?
8 96 - In Serial14 Chapters
VRMMO: Destiny Forged
Despite possessing unrivaled combat prowess and unparalleled instincts, he had always lived a restricted life, hidden away from the rest of the world.However, with the appearance of the VRMMORPG, Destiny Forged, he can finally show his existence to the world and rise above the elites and experts.Follow our protagonist as he grabs ahold of his own destiny and battle against fate. (Cover by: yaoyueyi) ____________________Tags:[MMORPG], [Virtual Reality], [Overpowered Protagonist], [Martial Arts], [Fantasy], [Romantic Subplot], [Action], [Level System], [Game Elements], [Sword Wielder], [Sword and Magic], [Gods], [Game Ranking System]____________________ Webnovel: https://www.webnovel.com/book/13142328105838605/Destiny-Forged ScribbleHub: https://www.scribblehub.com/series/15396/destiny-forged/
8 112 - In Serial45 Chapters
Love Among the Gifted
Pride & Prejudice & Superpowers! In this England the gifted have ruled since the Norman’s invaded. How will a series of unexpected attacks in Meryton shortly after the Assembly impact Elizabeth and Darcy? This is a different look at canon with the addition of powers, politics, adventure, and espionage. But the heart of our story is still the rough road to romance for our dear couple. The story is complete.
8 200 - In Serial6 Chapters
Warped Reality
Pete is your normal average dude. Family, fit, and a stable job. Not the most distinct of people. But thats about to change. Pete finds himself in a new world of possibilities. His ultimate goal, one thrust upon him, lies past a land full of danger. How he gets their and what will happen along the way may be up to the voices in his head.
8 171 - In Serial63 Chapters
True Essence
'The world we live in is a world of essences.Everything has an essence, animals, plants, elements, concepts.And only those who can understand them,can see the world as it really is.'Gen ended up losing his essence, and after trying everything and not being able to get it back, a man advises him to go to the Dahji Desert.After three years living there, Gen finally leaves towards a ruin that could be the solution he was looking for.Follow Gen on his journey in this world of essences, making friends, finding unimaginable places and dominating the essences.
8 139

