《Let Me Start Again [Completed]》LMSA 8
Advertisement
ကျောင်း canteen၀ယ်...
'အထန်'
'ချီးကို အထန်ပါ့လား ခွေးကောင်။ ငါ့ကိုအဲ့လိုမခေါ်နဲ့လို့ပြောနေတယ်နော်'
'အေးပါကွာ မင်းကလဲ မကြိုက်ရင်မခေါ်တော့ပါဘူး။တကယ်ပါပဲ ခန့်ခန့်ကတော့ ခက်ခက်လေးတစ်ယောက်ထဲဖြစ်နေမှာစိုးလို့လည်း ထမင်းတူတူလာစားပေးရသေးတယ်။ ခက်ခက်က ခန့်ခန့်ကိုအရမ်းအနိုင်ကျင့်တာပဲ' မင်းခန့်က ခပ်နွဲ့နွဲ့လေးပြောလိုက်တော့ ဟို ၂ယောက် ထရယ်လေသည်။ ထိုအခါမှ ဘေးမှာလူတွေရှိသေးမှန်း မင်းခန့်သတိရသွားကာ
(သေစမ်း ငါအခု ခက်တို့ကျောင်းရောက်နေတာကိုမေ့သွားတာပဲ။ ခါတိုင်းလို ခက်နဲ့ ၂ယောက်ထဲရှိတယ်ထင်ပြီး ပေါနေတာ။ အား... ၀ိုင်းကြည့်ကုန်ပြီ ရှက်လိုက်တာ တကယ်ပါပဲ*) တွေးရင်းတွေးရင်းရှက်လာကာ သူ့ကိုကြည့်ပြီးရယ်နေသော ဂနိုင့်ကို
'ဟေ့ကောင် မင်းကဘာရယ်တာလဲ ပွဲဖြစ်ချင်လို့လား ပြော?'
'ဟ ခများကရယ်စရာပြောမှတော့ မရယ်လို့ ဧယဥ်ကျူးပြီးငိုပြရမှာလား'
'အောင်မာ မင်းလိုမလောက်လေးမလောက်စားကောင်ကများ ငါ့ကိုခများလေးဘာလေးနဲ့'
'ကဲပါမင်းခန့်ရာ မင်းကလည်းစိတ်လျှော့စမ်းပါ'
'ဟုတ်ပါတယ် ဒီကအကိုလဲစိတ်လျှော့ အနိုင် နင်လည်းမရယ်နဲ့တော့' ဟု သက်နွယ်ပါ၀င်ပြောတော့ ဂနိုင်က ဟွန့်ဆိုပြီး ထမင်းသွားမှာလေသည်။ ဂနိုင်ထွက်သွားမှ
' ပြီးတော့လေ အကိုမှားနေတာတစ်ခုရှိတယ်' ဟု သက်နွယ်မရဲတရဲနဲ့ပြောတော့
'ဟမ် ငါ့ကိုမင်းခန့်လို့ခေါ်လည်းရပါတယ် ဒါနဲ့ ငါကဘာမှားတာလဲ'
'အနိုင်က အကောင်မဟုတ်ဘူးအကို အဲ မင်းခန့်ရဲ့
သူကအမ'
'ဟင်'
'ဟုတ်တယ် မင်းခန့်ရ ငါလဲ ကျောင်းစစတက်ချင်းတုန်းက သူ့ကိုယောကျာ်းလေးပဲထင်နေတာ နောက် သူနဲ့ခင်သွားမှ tomမှန်းသိတာ'
'နေပါအုံး မင်းကဘယ်လိုလုပ် tomမှန်းသိသွားရတာလဲ'
'သက်နွယ်ကြောင့်လေ သက်နွယ်ရယ် ဂနိုင်ရယ် နောက်ထပ် စိုးစံနိုင်ဆိုတဲ့ Mandalay Universityက သူငယ်ချင်းတစ်ယောက်ရှိသေးတယ်တဲ့။ သူတို့သုံးယောက်ကလည်း မင်းနဲ့ငါ့လိုပဲ ငယ်ငယ်လေးကတည်းကပေါင်းလာကြတာလေ။ ပြီးတော့ ဂနိုင်ကတစ်ဦးတည်းသောသမီး။ ဂနိုင်တို့မောင်နှမ၀မ်းကွဲတွေထဲမှာဆိုရင် မိန်းကလေးဆိုလို့ သူတစ်ယောက်ပဲပါတာလေ။ အဲ့တော့ သူက ငယ်ငယ်လေးကတည်းက အကိုတွေဦးလေးတွေနဲ့ပဲနေရတာများတော့ ယောကျာ်းစိတ်ပေါက်နေတာ ပြောရမယ်ဆိုရင်တော့ tomboyပေါ့ကွာ'
'သြော် မသိပါဘူး ငါကယောကျာ်းလေးထင်နေတာ'
'မဟုတ်ပါဘူးမင်းခန့်ရယ် သူ့နာမည်အရင်းက
မေနိုင်။ ဒါကို မေနိုင်ဆိုတာက မိန်းမနာမည်ကြီးမလို့မကြိုက်ဘူးဆိုပြီးတော့ သူ့ကိုယ်သူ ဂနိုင်လို့ပဲပေးထားတာ။ သက်နွယ်တို့ကတော့ အနိုင်လို့ပဲခေါ်တယ်။'
'ဘာတွေပြောနေကြတာတုန်း အာလူးပဲဖုတ်မနေနဲ့ ထမင်းသွားမှာကြလေ ဒီမှာက လူကျနေတော့ ကိုယ်တိုင်သွားမှာမှရတာ'
'ငါသွားမှာပေးမယ်လေ ခက်နဲ့ သက်နွယ် ဘာစားမှာလဲ'
'ရပါတယ်ကြိုက်တာမှာခဲ့ လက်ဖက်ထမင်းမဟုတ်ရင်ပြီးတာပဲ ငါဗိုက်အောင့်နေလို့ သက်နွယ် နင်ကရော'
'ငါလဲနင်စားတာပဲလိုက်စားမယ်'
'အင်းအင်း ငါအဆင်ပြေတာမှာခဲ့မယ်။ ဟိုတာဇံကောင်ကရော ဘာထပ်မှာအုံးမလဲ'
'ဘာရီး.. ခများကျနော့်ကိုဘယ်လိုခေါ်လိုက်တယ်'
'တာဇံလို့ခေါ်တာလေ မကြားဘူးလား'
'နေပါအုံး ကျုပ်နာမည်က ဂနိုင်လေ'
'အေးလေ မင်း stageကျောင်းတုန်းက ခက်ဆစ်တွေထဲမှာမသင်ရဘူးလား။ ဂနိုင်=တောလေ။ တောဆိုတော့ တောတွင်းသားဖြစ်တဲ့ တာဇံတွေရှိတာပေါ့ အဲ့တော့ မင်းကိုငါက တာဇံလို့ခေါ်မယ်' မင်းခန့်ပြောပြီးထမင်းသွားမှာတော့
'ဂါးးးး ဒီကောင်' ဂနိုင် မင်းခန့်အားလိုက်ထိုးမယ်လုပ်သဖြင့် ခက်ရော သက်နွယ်ပါ ဆွဲထားရလေသည်။
'စိတ်လျှော့ပါ အနိုင်ရယ် နင်ကလည်း အဟီး'
'ဘာအဟီးလဲ သက်နွယ် နင်ကငါ့ကိုလှောင်တာလား။ ငါနင့်ကို မိန်းကလေးမလို့အလျှော့ပေးထားတာနော်'
(သူကကျ မိန်းကလေးမဟုတ်တာကျလို့*) သက်နွယ်စိတ်ထဲမှာပဲပြောနေကာ အပြင်မှာတော့ထုတ်မပြောရဲ။
'မဟုတ်ပါဘူးဟာ ငါကလေ နင့်ကိုနိုင်တဲ့သူတွေ့လို့ ရယ်မိတာပါ။ ခါတိုင်းဆို ငါတို့၃ယောက်မှာ နင်ကစကားအတတ်ဆုံးလေ။ အခုတော့ မင်းခန့်က နင့်ထက်စကားပိုတတ်ပြီး နင့်ကိုဖဲ့သွားလို့ရယ်မိတာ ခွီးး'
'သက်နွယ် နင်နော်'
'ကဲကဲ တော်ပီ သက်နွယ်တော်တော့။ တာဇံ အဲ ဂနိုင်မင်းလည်းတော်တော့။ မင်းခန့်ပြန်ရောက်လာမှ ငါမင်းတို့ကိုသေချာမိတ်ဆက်ပေးမယ်' ဟုဆိုတော့ သက်နွယ်က
'အေးပါ ဒါနဲ့ ခက် မင်းခန့်ကမှခင်ဖို့ကောင်းသေးတယ်နော်။ ဟို စစ်ဆိုတဲ့တစ်ယောက်ကဆို ကျောင်းစဖွင့်ကတည်းက သုံးလလုံးလုံး ကျောင်းကိုလာပြီးထမင်းစားတာတောင် ငါတို့ကိုစကားတစ်ခွန်းမပြောဘူး ရန်သူကြီးလိုပဲကြည့်နေတာ။ မင်းခန့်ကမှ ဒီနေ့မှစတွေ့ဖူးပင်မယ့် ဖော်ဖော်ရွေရွေရှိသေးတယ်'
'စစ်ကအဲ့လိုပဲနေတတ်တာမလို့ပါဟာ'
'နင်ကလဲနော် အဲ့တစ်ယောက်ဆိုရင်ကို မကောင်းပြောမခံဘူး'
'အဲ့လိုမဟုတ်ပါဘူး ငါကနင်တို့အထင်လွဲမှာစိုးလို့ရှင်းပြတာပါ'
'ဘာတွေရှင်းပြနေတာလဲ'
'ဘာရှင်းပြပြပေါ့ ခများနဲ့ဆိုင်လား'
'ဟ မင်းကဘလိုင်းကြီးပါလား'
'ဘာလဲ မကျေနပ်ဘူးလား လာလေ တစ်ပွဲတစ်လမ်းပေါ့'
'အနိုင် တော်တော့လို့ ဘာလို့ရန်သွားစနေရတာလဲ နင်ကမင်းခန့်ကိုမလို့အဲ့လိုလုပ်တာလား'
'ဘာ'
'ဟုတ်တယ်လေ နင်ကမင်းခန့်ကိုမလို့အဲ့လိုပြောရဲတာလေ ဟိုအရင်ကလာတဲ့တစ်ယောက်ကိုဆိုရင် သူ့နားရောက်ရင် အသက်တောင်ရှူရဲလို့လား'
'နင်နော် အသက်မရှူရဲတာ ငါတစ်ယောက်ထဲမဟုတ်ဘူးလေ နင်လည်းပါတာပဲကို'
'ဘာလို့လဲ သက်နွယ်တို့ကို စစ်နဲ့ပါခင်မယ်မှတ်နေတာ'
'အမလေး မခင်ရဲပါဘူးမင်းခန့်ရေ။ ဟိုက ဂျိုနဲ့ပဲလိုက်ထိုးနေတာ'
'ဟင် ဂျိုနဲ့လိုက်ထိုးတယ်?'
'ခန့်ခန့်လေးကလည်း ပိန်းလိုက်တာ ဂျိုကြည့်ကြည့်တာကိုပြောတာလေ ခန့်ခန့်လေးရဲ့'
'သြော်.. ဘာ ငါ့ကိုများခန့်ခန့်လေးတဲ့ တာဇံကောင်'
'ဘာလဲ အဖျားစွပ်ခေါ်တာလေ'
'ခွီးး...ဟားဟားဟား' ခက် ထရယ်တော့ မင်းခန့်မကျေမနပ်ကြည့်ကာ
'မင်းကဘာရယ်တာလဲ'
'ခွိ.. မဟုတ်ပါဘူး မင်းလိုလူနောက်တစ်ယောက်တွေ့လို့ရယ်တာ မင်းတို့ ၂ယောက်ကို ပေါင်းပေးထားရမယ်။ ဗရုတ်သုတ်ခပြောတာနဲ့ သူများတွေကို မှိုချိုးမျှစ်ချိုးပြောတဲ့နေရာမှာ ဆရာကြီးတွေမလို့။ တကယ်ရှေ့သွားနောက်လိုက်ညီတယ် မင်းတို့က'
'ရူးနေလား' 'ရူးနေလား'
'အံမယ် မတိုင်ပင်ပဲ စကားတွေတောင်တူတူထွက်လာလို့ပါလား' သက်နွယ်ကပါ ၀င်စတော့
'သေလေ နင်ပဲယူလိုက် သက်နွယ်စုတ်'
'ခန့်ခန့်လေးက သက်နွယ်ကို ဘာလို့ယူရမှာလဲလို့ တာတာဇံဇံလေးကိုပဲယူမှာပေါ့'
Advertisement
'ခများ!!!!'
'ဟားဟား တော်ပီတော်ပီ ဆက်မစတော့ဘူး ထမင်းစားကြတော့။ ဒါနဲ့ခက် အရင်ကရော canteenက အဲ့လိုပဲတိုးမပေါက်ဘူးလား'
'ဟုတ်တယ် တိုးမပေါက်ဘူး ဒါတောင် ဒီနေ့ ငါတို့ရဲ့ senior MIT majorက 3rd yearနဲ့ finalတွေ postingဆင်းနေရလို့ ဒီလောက်ပဲတိုးရတာ'
'မင်းတို့ကရော မဆင်းရသေးဘူးလား'
'ငါတို့က Hospital visitတော့သွားပြီးပြီလေ။ postingက 3rd yearမှသွားရမှာလေ'
'ဘယ်တွေဆင်းရတာလဲ ဆေးရုံကြီးတို့
ကုတင်၃၀၀တို့ TBဆေးရုံတို့'
'သြော်'
'နောက်နှစ်တွေ ဆေးရုံကြီးဆင်းဖြစ်ရင် ငါတို့ကျောင်း canteenမှာပဲ ထမင်းတစ်ခါတည်းစားသွားတော့နော်'
'အေးပါ သြော် ငါမင်းတို့ကို သေချာမိတ်ဆက်ပေးမယ်။ သူက သက်နွယ် သူကဂနိုင်တဲ့ ငါနဲ့ နှစ်စ
ကတည်းကပေါင်းလာတာ။ ပြီးတော့ ငါတို့သုံးယောက်လုံးကလိုချင်တဲ့ majorလည်းတူကြတယ်လေ။ သက်နွယ်နဲ့ဂနိုင် ဒါကမင်းခန့်တဲ့ ဆေးကျောင်းက'
'သြော် ဆေးကျောင်းသားကြီးပေါ့'
'ဟုတ်တယ် ဆေးရုံကြီးဘက် postingဆင်းရရင် ငါတို့ကျောင်းဘက် လာလည်လေ'
'လည်မှာလည်မှာ ဒါနဲ့ မင်းခန့်တို့ကျောင်းမှာ အဆင်လေးတွေတော့များတယ်မလား'
'အများကြီးပဲရှိတယ်'
'ဟယ် ဒါဆို သက်နွယ်တို့ postingဆင်းရတဲ့နေ့တိုင်း လာမယ်နော်' သွားရည်တမြားမြားနဲ့သက်နွယ်ကိုကြည့်ရင်း ဂနိုင်ခေါင်းခါလိုက်ကာ
(အဲ့သက်နွယ်တစ်ယောက်ဟာလေ တကယ်ပါပဲ အိန္ဒြေဆယ်မယ်ကိုမရှိဘူး။ postingက 3rd yearမှဆင်းရမှာကို။ အဆင်တွေအကြောင်းပြောနေရရင်ကို သွားရည်တမြားမြားနဲ့ ခွေးရူးကြီးကျလို့*)
'ရပါတယ် သက်နွယ်ရ လာခဲ့လေ။ အဲ့အခါကျရင် ငါဒကာခံပါ့မယ်။ 3rd yearရောက်မှမဟုတ်ပါဘူး အခုနှစ်တွေလည်း လာလည်လို့ရပါတယ်'
'အိုခေအိုခေ'
'ကဲ ဒီနေ့ပြောလို့ပြီးကြအုံးမှာလား စားစရာရှိတာမစားကြဘူး ကျောင်းပြန်တက်တော့မှာနော်'
'ဘာလဲအနိုင် နင်ကမနာလို သ၀န်တိုတာလား' ပြုံးစိစိနဲ့စနေတဲ့ သက်နွယ်ကို နားရင်းတွေတီးချင်လိုက်တာမှ လက်ကိုယားနေတာပဲ သူငယ်ချင်းလေးနာသွားမှာစိုးလို့သာ
'သေလိုက်' ခက်ကတော့ ပွဲကြည့်ပရိသတ်လုပ်နေရာက
'ကဲပါ သက်နွယ်လည်းမစနဲ့တော့။ မင်းခန့် ငါ့ကိုနောက်နေ့တွေရော လာကူစားပေးမှာလား'
'အင်း လာခဲ့မယ်လေ မင်းအမေကငါ့ကိုအပ်ထားတာ'
'မလာနဲ့တော့ရတယ် မင်းလည်း mainထဲကနေ ပုသိမ်ကြီးထိလာရတာဝေးတယ်။ ငါသက်နွယ်တို့နဲ့ပဲစားလိုက်တော့မယ်လေ'
'အေးပါ မင်းမလာစေချင်လည်း မလာတော့ပါဘူး အခုတော့ ထမင်းကိုအရင်ကုန်အောင်စား'
'အွန်း အွန်း'
ညနေရောက်သော်...
'သားငယ်လေးပြန်လာပြီလား'
'ဟုတ်မေမေ သားပြန်ရောက်ပြီ'
'သက်သာရဲ့လားသား ခဏနေရင် မေမေနွားနို့လာပို့ပေးမယ်'
'ဟုတ်ကဲ့ ဒါနဲ့မေမေ သားနက်ဖြန်ထမင်းမထုပ်တော့ဘူးနော်'
'ဘာလို့လဲသားရဲ့ '
'သားကျောင်းကသူငယ်ချင်းတွေနဲ့ပဲစားလိုက်တော့မယ် မင်းခန့်ကိုလဲအားနာတယ် သူကအဝေးကြီးကနေလာရတာ။ စစ်ကလည်း သူ့အလုပ်တွေနဲ့သူဆိုတော့ အားနာလို့'
'ဖြစ်ပါ့မလားသားရယ်'
'ဖြစ်ပါတယ်မေမေရာ ထမင်းလေးတူတူစားရုံနဲ့ ဘာမှဖြစ်မသွားပါဘူး'
'အေးပါ မေမေကစိတ်ပူလို့ပြောတာပါ ငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေမဟုတ်တော့ အဆင်မပြေမှာစိုးလို့'
'အဆင်ပြေပါတယ်မေမေရဲ့ သူတို့ ၂ယောက်က ခင်ဖို့ကောင်းပါတယ် သားကိုလည်း ဂရုစိုက်ပေးကြတယ်'
'သားအဆင်ပြေရင်ပြီးတာပါပဲ'
'ဟုတ် ဒါဆို သားရေသွားချိုးလိုက်အုံးမယ်နော် အခုလိုကြီးက ပူပူအိုက်အိုက်ကြီးနဲ့မနေတတ်လို့'
'အင်းအင်း မေမေနွားနို့ထည့်ပေးထားမယ်နော် ရေအကြာကြီးမချိုးနဲ့အုံး'
'ဟုတ်ကဲ့ပါ'
ခက်အခန်းထဲရောက်တော့ လွယ်အိတ်ချကာ ရေချိုးမယ်ပြင်လိုက်စဥ်ဖုန်း၀င်လာလေသည်။
To be continued.....
ကျောင်း canteen၀ယ်...
'အထန်'
သူကအမ'
'ဟင်'
Advertisement
'သက်နွယ် နင်နော်'
'ဘာတွေရှင်းပြနေတာလဲ'
'ဘာ'
'မင်းကဘာရယ်တာလဲ'
'ရူးနေလား' 'ရူးနေလား'
'ခများ!!!!'
'သြော်'
'အများကြီးပဲရှိတယ်'
'အိုခေအိုခေ'
'အွန်း အွန်း'
ညနေရောက်သော်...
'ဘာလို့လဲသားရဲ့ '
'ဖြစ်ပါ့မလားသားရယ်'
'ဟုတ်ကဲ့ပါ'
To be continued.....
Advertisement
- In Serial8 Chapters
Legend of the Sixth Sage
The Five Elemental Sages are the most powerful humans who had ever lived. Reaching the absolute pinnacle of cultivation, each of the Sages embodied one of the Five Earthly Elements, and their teachings have guided cultivators for hundreds of years after their disappearance. When Nimrod Hunter, a mundane villager who'd only ever dreamed of becoming a Disciple of one of the paths of the Sages, ran away from a pack of wolves led by an essence enhanced Beast, he had no idea he'd be forced to find refuge in the long forgotten home of a Sage. One whose name had been struck from the legends, And who seemed to have no connection to the Five Element, and who had left tomes of lore the rest of the world had never even heard of. Cover image by Wyndagger
8 179 - In Serial50 Chapters
Revenge of Mages Book 1: The Staff of Runetizo
Mensal learns of his newfound abilities, bonds with a dragon, and finds a master of magic who was thought to be dead. He makes friends and enemies in the world of magic, and seeks to understand his powers further. Assassins come after him, after his power is exposed. What will he do in this new world that he's discovered? Cover art: Jamie Wang Edited version now out on amazon kindle: https://www.royalroad.com/amazon/B0B2NTRR9L
8 132 - In Serial6 Chapters
The Loser
Alex didn't know what to expect when he entered the glowinng red portal that mysteriously appeared inside the school he worked at, but he really should have known better. Litrpg
8 94 - In Serial6 Chapters
My Adorable Dryad
He was a genius who once lead the conquest to kill the Demon King, but now he is just a full time father of an adorable little dryad.
8 288 - In Serial9 Chapters
Choices of the Magicless Son
I had an ability that allowed me to watch everyone. I narrated everything I witnessed. To who? To whichever being that's listening to my thoughts right now. I have a gut feeling you're there. Erik Spearhand was born from one of the many concubines of the current human emperor. The boy was insignificant. He was the only one in the whole world who couldn't use magic. And yet, his choices impacted everyone. I had seen every sort. Powerful mages who could kill with a thought. Monster people who had their own history among human and beastman civilization. And even what I presume are time travelers. Those mess with my head. And still, the magicless son was the most formidable of them all. Of all of us.
8 155 - In Serial33 Chapters
Explosive Thoughts | Charles Xavier [1] ✔︎
"For the record, I like the bookworm better.""You'd be the first."[X-Men][Charles Xavier x OC][First Class - Days of Future Past]
8 95