《Let Me Start Again [Completed]》LMSA 10
Advertisement
UMTMရဲ့ ၀င်ပေါက်ရှေ့တွင် ဆိုင်ကယ်တစ်စီးနဲ့ကောင်လေးတစ်ယောက် ၀င်ရမလို လှည့်ပဲပြန်သွားရမလိုနှင့် ချီတုံချတုံဖြစ်နေသည်။ ထိုသူကတော့ ဆေးကျောင်းသားလေး မင်းခန့်သာ။
'ငါ၀င်သွားရင်ကောင်းမလား? ခက်ကတော့သူ့ကိုထိန်းပေးထားမယ်ပြောတာပဲ။ ငါ့ကိုမြင်တာနဲ့ပြေးလာပြီးဆွဲထိုးရင်ရော? ဟာာ မသိတော့ဘူးကွာ ဘာပဲဖြစ်ဖြစ် ၀င်မှာပဲ။ ခက်ကိုအရင်ဖုန်းဆက်ထားရမယ်' ၀င်မယ်ဟုဆုံးဖြတ်ချက်ချပြီးတော့ ခက်ဆီကိုဖုန်းခေါ်လေသည်။
'Hello မင်းခန့်ပြောလေ'
'အေးခက် ငါမင်းတို့ကျောင်းပေါက်၀ရောက်နေပြီ။'
'ရောက်နေတာများ၀င်ခဲ့တာမဟုတ်ဘူး မင်းကလည်း'
'ငါမ၀င်ရဲလို့ပေါ့ဟ မင်းဂနိုင့်ကိုသေချာထိန်းပေးထားနော် ငါ့ကိုတွေ့တာနဲ့လာမထိုးနိုင်အောင်လို့'
'အေးပါ ၀င်ခဲ့၀င်ခဲ့ ငါတို့ကအခု canteenမှာပဲရှိသေးတယ်'
'ဟင် ခဏနေရင်စာသင်တော့မှာကို'
'မင်းကလည်း ဒီနေ့က ဂနိုင့်မွေးနေ့လေ အဲ့တော့ ဒီနေ့ကျောင်းလစ်ကြမလို့ ဟီးဟီး'
'ငါလဲလိုက်မယ်ကွာ ငါအခုcanteenကိုလာနေပြီ'
မင်းခန့်ပြောရင်းနဲ့ဆိုင်ကယ်ကို canteenဘက်ထိမောင်းလာခဲ့သည်။ လမ်းတစ်လျှောက်မှာတော့ စစလာချင်းကလို သူ့ကိုမျောက်ကြည့်သလို ၀ိုင်းမကြည့်ကြတော့ပေ။ စစချင်း သူခက်နဲ့အတူထမင်းစားပေးဖို့ဆိုပြီးရောက်လာတုန်းက သူ့အားအထူးအဆန်းသတ္တဝါလို၀ိုင်းကြည့်ကြတယ်လေ။ဟုတ်ပါတယ်။ ယောကျာ်းလေးဆိုလို့ လက်ချိုးရေလို့ရတဲ့ ဒီကျောင်းမှာတော့ တခြားကျောင်းကယောကျာ်းလေးတွေလာရင် အပြင်ကလူမှန်းအရမ်းသိသာတယ်လေ။
ခက်တောင်မှ အဲ့ဒီလူနည်းစုထဲမှာ Princeရလိုက်သေးတယ်။ ဒါပေမယ့် ခက်ကတော့ ရထိုက်ပါတယ် သူကချစ်ဖို့ကောင်းတာကိုး။
[ A/N...အခင်တို့ခေတ်မှာတော့ ယောကျာ်းလေးဦးရေများလာပါပြီနော်။ 2012လောက်တုန်းကတော့ အခင်တို့ကျောင်းမှာ ယောကျာ်းလေးဆိုတာ တကယ့်ရှားပါးရတနာလိုပါပဲ ]
အတွေးပေါင်းများစွာနဲ့မင်းခန့်တစ်ယောက် ခက်တို့ရှိရာဝိုင်းဘက်ကိုရောက်လာတော့သည်။
'ခက် မင်းတို့ကျောင်းကကောင်မလေးတွေက ငါ့ကို
၀ိုင်းမကြည့်ကြတော့ပါလားဟ'မင်းခန့်ကမေးတော့
'ဘာလဲ မင်းကအကြည့်ခံချင်တာလား' ဂနိုင်က၀င်ပြောလေသည်။
'တာဇံလေးက ငါ့ကိုစိတ်ဆိုးနေတုန်းပဲလား? မင်းကလည်း ငါတောင်းပန်ပါတယ်ကွာ နော်'
'အဟမ်း မင်းဘက်ကတောင်းပန်မှတော့ ငါလည်းခွေးလွှတ်ပေးရတော့မှာပေါ့'
'ခွင့်လွှတ်တယ်လုပ်ပါဟ ဒါနဲ့ခက်ကပြောတယ် ဒီနေ့ကမင်းမွေးနေ့ဆို ဟုတ်လား'
'ဟုတ်တယ် ငါ့မွေးနေ့မလို့ ပြသနာမဖြစ်ချင်လို့မင်းကိုခွင့်လွှတ်ပေးလိုက်တာနော်'
'ကျေးဇူးကြီးမားလှပါပေတယ်' ဟု မင်းခန့်ကပြောတော့ ဂနိုင်ကရယ်လေသည်။ ထို့နောက်မှာတော့ ခက်က
'ဂနိုင် ဒီနေ့ကအတန်းမတက်ဘူးဆိုတော့ ငါတို့ဘယ်သွားကြမလဲ'
'သွားတာတော့ဟုတ်ပါပြီ ဆိုင်ကယ်မှမလောက်တာဟ။ သက်နွယ်ကလည်း ferryနဲ့လိုက်တာ မင်းကလည်း အိမ်ကလိုက်ပို့တာဆိုတော့ ငါပဲဆိုင်ကယ်ပါမှာလေ။ ၃ယောက်စီးမလို့လား?' ဂနိုင်ကမေးလေသည်။ သက်နွယ်က
'ဒါနဲ့ခက် နင့်အိမ်ကနင့်ကိုဘာလို့အခုထိလိုက်ပို့နေသေးတာလဲဟင် ငါ့ကိုဆိုရင်အိမ်က မနှစ်ကတည်းက ferryနဲ့ပဲလိုက်ခိုင်းကြတာ'
'ဘယ်တူမလဲဟ နင်က ကျားကျားယားယားမိန်းမသားလေ။ ငါတို့ခက်ခက်လေးက နွဲ့နွဲ့နှောင်းနှောင်းယောကျာ်းကောင်းမလို့ပေါ့' မင်းခန့်က၀င်ပြောပေးတော့ ခက်ကကျေးဇူးတင်စကားတစ်ခွန်းပဲပြောလိုက်သည်။
'ခွေးကောင်'
'ခက် မင်းကငါ့ကိုဆဲတယ်ပေါ့ ဟုတ်လား'မင်းခန့်နဲ့ ခက်တို့ရဲ့ အကြည့်ချင်းစစ်ခင်းနေကြတာကို ဂနိုင်မနေနိုင်စွာ
'ကဲ တော်ကြပါတော့ဟ မင်းတို့လုပ်တာနဲ့ ဘယ်မှရောက်ဖြစ်မှာမဟုတ်တော့ဘူး။ ငါမေးတာဖြေကြအုံး ဘယ်လိုသွားကြမှာလဲ'
'မင်းခန့်မှာလည်းဆိုင်ကယ်ပါတယ်မလား' သက်နွယ်ကမေးလေသည်။
'အင်း ပါတယ်လေ'
'အဲ့ဒါဆိုအဆင်ပြေသားပဲ ဆိုင်ကယ်နှစ်စီးဖြစ်သွားပြီလေအနိုင်ရဲ့'
'မင်းကရောလိုက်မလို့လား'
'လိုက်မှာပေါ့ ဘာလဲ တာတာဇံဇံလေးက ခန့်ခန့်ကိုမခေါ်ချင်ဘူးလား' မင်းခန့်စူပုပ်ပုပ်မျက်နှာလေးနဲ့မေးတော့ ဂနိုင်တခွီးခွီးရယ်ကာ
'ခွီးးးး မင်းရဲ့ ၀က်ဖင်ကြီးလိုဆူနေတဲ့နှုတ်သီးကြီးကိုပြန်သိမ်းထားလိုက်စမ်းပါ တကယ်ပါပဲ ခွီးး။ ခေါ်မယ်ခေါ်မယ် ဟားဟား'
'ကဲ ဂနိုင်တော်တော့ ဆိုင်ကယ်လည်းအဆင်ပြေသွားပြီဆိုတော့ ငါတို့ဘယ်လိုစီးကြမလဲ သက်နွယ်ကဂနိုင့်နောက်ကထိုင်လိုက်မှာလား မင်းခန့်နောက်ကထိုင်လိုက်မှာလား?' ခက်ကမေးသည်။ သက်နွယ်ကတော့
'ငါကဘယ်သူ့နောက်ကလိုက်လိုက်ရတယ်'
'ဒါဆို ခက် မင်းကငါ့နောက်ကထိုင်လိုက် သက်နွယ်ကတော့ ဂနိုင့်နောက်ကထိုင်လိုက်လိမ့်မယ် ဂနိုင်ရောရတယ်မလား'
'အင်းငါလည်းရတယ် ဒါဖြင့်သွားရအောင်လေ'
'ဟဲ့ဟဲ့နေကြပါအုံး ဘယ်သွားကြမှာလဲအခုက''သက်နွယ်ကမေးတော့ ဂနိုင်က
'ဘုရားအရင်သွားမယ်လေ ပြီးမှ hotpotသွားစားကြရင်ရော'
'အင်း ဒါလည်းအဆင်ပြေတာပဲ ငါကြိုက်တယ် ငါကြိုက်တယ်'
'အစားနဲ့ပတ်သက်ရင် နင်မကြိုက်တာရှိလို့လား ၀က်နွယ်ရဲ့'
'ဂနိုင်စုတ် ဒီနေ့ကနင့်မွေးနေ့မလို့ငါဘာမှမပြောသေးဘူး' ဟုပြောကာ လက်သီးထောင်ပြတော့ ဂနိုင်ကလျှာထုတ်ပြောင်ပြလေသည်။ ထို့နောက်မှာတော့ မင်းခန့်နဲ့ခက်ကတစ်စီး ဂနိုင်နဲ့သက်နွယ်ကတစ်စီး စီးကာ ကုသိုလ်တော်ဘုရားသို့ထွက်လာကြလေသည်။ ဘုရားရောက်သော် ဂနိုင်ကကြာပန်း၀ယ်ကာလှူသည်။ သက်နွယ်တို့ကတော့မိန်းကလေးပီပီ
ဦးငါးကြိမ်ပဲချကာ ဓါတ်ပုံသွားရိုက်လေရဲ့။ ဦးသုံးကြိမ်ပဲချရတာမဟုတ်ဘူးလားလို့ခက်ကမေးတော့
ဘုရား တရား သံဃာ မိဘ ဆရာ ဆိုပြီးအနန္တော အနန္တငါးပါးရှိလို့ ငါးကြိမ်ချတာတဲ့။ ပြီးတာနဲ့ဓါတ်ပုံသွားရိုက်တာပဲ။ ခက်ကမှ ဩကာသလေးဘာလေးဆိုလိုက်သေးတယ်။ မင်းခန့်ပြောသလိုပဲ ကိုယ်ကနွဲ့နွဲ့နှောင်းနှောင်းယောကျာ်းကောင်းဆိုတော့ ဗိုင်းကောင်းကျောက်ဖိဖြစ်နေရမယ်လေ။ အဲ့ဒီနောက်မှာတော့ သူငယ်ချင်းတစ်စု hotpotဆိုင်ကိုချီတက်လာကြတယ်။ မင်းခန့်နဲ့ဂနိုင်ကဆိုင်ကယ်ရပ်မယ့်နေရာရှာနေတဲ့အချိန် ခက်တို့ကနေရာဦးရအောင်လို့
ဆိုင်ထဲကို၀င်လာခဲ့ကြသည်။ မနက်ခင်းတစ်ခင်းလုံး စိတ်ကြည်နေတဲ့ခက်တစ်ယောက် hotpotဆိုင်ရောက်မှ ချက်ချင်းဆိုသလိုပဲ စိတ်ညစ်သွားလေရဲ့။ အကြောင်းကတော့ သူတို့ထက်အရင် hotpotဆိုင်ရောက်နေတဲ့အတွဲကြောင့်။ တိတိကျကျပြောရရင် စစ်တို့အတွဲကြောင့်။
ဟန်နီကတော့ ခက်တို့ကိုမြင်မှ စစ်ရဲ့နားကိုပိုပြီးကပ်လိုက်ကာ အကင်ကင်ပြီးသားတွေကိုတစ်ခုပြီးတစ်ခု ခွံ့ကျွေးနေလေရဲ့။ စစ်ကတော့ ခက်တို့ကိုမမြင်။
ဟန်နီ့ကိုသာပြုံးကြည့်နေပြီး သူခွံ့ကျွေးသမျှအကင်တွေကိုစားနေလေရဲ့။ သက်နွယ်ကတော့ အလိုက်မသိစွာပဲ
'ခက် ဟိုတစ်ယောက်က နင့်သူငယ်ချင်းမလား။ သူ့ဘေးကသူ့ကောင်မလေးထင်တယ် နင်သွားနှုတ်မဆက်ဘူးလား?' သက်နွယ်ရဲ့အမေးကိုခက်ပြန်မဖြေနိုင်။ စစ်ကိုသာငေးကြည့်နေလေသည်။ ခက်ကြည့်နေတာကိုသိတဲ့ဟန်နီကလည်း အောင်နိုင်သူအပြုံးတစ်ခုချိတ်ဆွဲထားလေရဲ့။ ခက်ငေးကြည့်နေစဥ်မှာပင် မင်းခန့်တို့ ၂ယောက်၀င်လာကာ
'မင်းတို့ကလည်း နေရာဦးထားကြပါဆို။ ငါတို့ကနေရာရပြီတောင်မှတ်.....' မင်းခန့်ရဲ့စကားမဆုံးသေးခင်မှာပင် စစ်တို့ကိုမြင်သွားတော့ ခက်ဘာကြောင့်နေရာမှာတင်ရပ်နေလဲဆိုတာသဘောပေါက်သွားသည်။ ထို့နောက်ခက်အား
'ခက် အဆင်ပြေလား မင်းတကယ်လို့ သူတို့ကို
မကြည့်ချင်ဘူးဆိုရင် ငါတို့တခြားဆိုင်သွားရအောင်?' မင်းခန့်ရဲ့အပြောကို ခက်တစ်ယောက်ပဲနားလည်ကာ သက်နွယ်နှင့်ဂနိုင်ကကြောင်ကြည့်နေလေသည်။ ပြီးမှ ဂနိုင်က
'ဘာလို့တခြားဆိုင်ကိုပြောင်းမှာတုန်း ဟိုမှာ မင်းတို့ ၂ယောက်ရဲ့သူငယ်ချင်းလေ သွားနှုတ်မဆက်ကြဘူးလား'ဟုမေးတော့ မင်းခန့်ဘာမှပြန်မပြောတော့ပဲ ခက်ရဲ့လက်ကိုဆွဲကာထွက်လာလေသည်။နောက်မှဂနိုင်နဲ့သက်နွယ်လည်း သူတို့ကိုမှီအောင် ပြေးလိုက်ကြလေသည်။ မင်းခန့်တို့ထွက်သွားမှ စစ်လည်းအ၀င်ပေါက်ဘက်ကိုကြည့်မိကာ
'ဟင် ဟိုမှာထွက်သွားတာခက်တို့မဟုတ်ဘူးလား'
'ဘယ်ဖြစ်နိုင်မှာလဲကိုကိုရဲ့ ကိုကို့သူငယ်ချင်းက ဒီအချိန်သူတို့ကျောင်းမှာရှိနေမှာပေါ့ ကျောင်းဖွင့်နေတဲ့ဟာကို'
'အင်း ဟန်နီပြောတာလဲဟုတ်တာပဲ။ ဒီနေ့က
Advertisement
ကျောင်းဖွင့်ရက်ကြီးကို ကိုကိုအမြင်မှားသွားတာနေမှာ'ဟုပြောကာ အကင်ဆက်ကင်နေလေသည်။
ဟန်နီ့စိတ်ထဲမှာတော့
( အဟက် အမြင်မှားတာမဟုတ်ဘူး မင်းစစ်မောင်ရဲ့ ခက်တို့ကတကယ်လာသွားတာ။ ငါတို့ကိုမြင်ပြီးတော့ ဖြစ်ပျက်သွားတဲ့ခက်ရဲ့မျက်နှာကို နင့်ကိုမြင်စေချင်လိုက်တာ။ ခက်ရေ အဟက် ဒီပွဲမှာတော့ နင်ရှုံးပြီထင်တာပဲ နင်ကငါ့ကိုမရွေးပဲ gayတွေကိုမုန်းပါတယ်လို့တကြော်ကြော်အော်နေတဲ့လူကိုမှသွားချစ်တာကိုး ခံပေါ့။ ငါနင့်ကိုမရသလို ဘယ်သူမှလည်းနင့်ကိုမရစေရဘူး။ အထူးသဖြင့် နင်အရမ်းချစ်ပါတယ်ဆိုတဲ့ မင်းစစ်မောင်ကလည်း နင့်ကိုမုန်းနေစေရမယ် စောင့်ကြည့်နေလိုက်*)
အပြင်မှာတော့..
မင်းခန့် ခက်ရဲ့လက်ကိုဆွဲကာထွက်လာလေသည်။ ဂနိုင်နဲ့သက်နွယ်က နောက်ကနေအပြေးလိုက်လာကြပြီး
'ဘာတွေဖြစ်ကြတာလဲငါတို့ကိုလည်းရှင်းပြကြပါအုံး' သက်နွယ်ကမေးတော့
'ခက် ငါသူတို့ကိုပြောပြလိုက်ရမလား'
'အင်း ပြောလိုက်ပါ သူတို့ကလည်း ငါ့သူငယ်ချင်းတွေပဲ သိထားသင့်တာပေါ့'
'ဘာကိုသိထားသင့်တာလဲ ဘာကိုပြောမှာလဲ'
လဲပေါင်းများစွာနဲ့ဂနိုင့်ရဲ့အမေးကို မင်းခန့်က
'ဒီလိုကွ... ခက်ကစစ်ကို............'
စသဖြင့်အစချီကာ ၁၀တန်းစာမေးပွဲဖြေပြီးချိန်မှအစ ဟန်နီကခက်ကိုဘယ်လိုသဘောထားတာအဆုံး အကုန်ဖောက်သည်ချလေသည်။ အကြောင်းစုံကိုသိသွားတဲ့အခါ ခက်က
'ဘယ်လိုလဲ နင်တို့ကရော ငါ့ကိုယောကျာ်းချင်းကြိုက်တဲ့သူဆိုပြီးမုန်းသွားကြပြီလား' ခက်ရဲ့အမေးကိုသက်နွယ်က
'ဟယ် ခက်ရယ် ငါတို့ကနင့်ကိုဘာလို့မုန်းရမှာလဲ ပြီးတော့နင်ကယောကျာ်းတိုင်းကိုကြိုက်နေတာမှမဟုတ်တာကို။ နင်ဘာပဲဖြစ်နေနေ ငါတို့ကနင့်ဘက်ကပဲ'
'သက်နွယ်ပြောသလိုပဲ မင်းချစ်မိတဲ့သူက ယောကျာ်းတစ်ယောက်ဖြစ်နေတိုင်း မင်းကို gayလို့ပြောလို့မှ
မရတာ ငါတို့ကမင်းဘက်ကပဲ စိတ်မညစ်နဲ့ ဟန်နီ့
အကြောင်းကို စစ်သိအောင်တော့ဖွင့်ပြောရမယ်'
'ငါမင်းတို့ကိုကျေးဇူးတင်ပါတယ်ကွာ ငါတို့စိတ်ညစ်စရာတွေမပြောကြနဲ့တော့ ဒီနေ့ကဂနိုင့်မွေးနေ့ဆိုတော့ပျော်ပျော်ပဲနေကြမယ်လေ'ဟုခက်ကဆိုတော့ ဂနိုင်က
'အိုခေ အဲ့ဒါကောင်းတယ် လာ တခြားဆိုင်ကိုသွားကြရအောင်'ဟုဆိုကာ လေးယောက်သားထွက်လာကြလေတော့သည်။
To be continued.....
UMTMရဲ႕ ၀င္ေပါက္ေရွ႕တြင္ ဆိုင္ကယ္တစ္စီးနဲ႔ေကာင္ေလးတစ္ေယာက္ ၀င္ရမလို လွည့္ပဲျပန္သြားရမလိုႏွင့္ ခ်ီတုံခ်တုံျဖစ္ေနသည္။ ထိုသူကေတာ့ ေဆးေက်ာင္းသားေလး မင္းခန္႔သာ။
'ငါ၀င္သြားရင္ေကာင္းမလား? ခက္ကေတာ့သူ႔ကိုထိန္းေပးထားမယ္ေျပာတာပဲ။ ငါ့ကိုျမင္တာနဲ႔ေျပးလာၿပီးဆြဲထိုးရင္ေရာ? ဟာာ မသိေတာ့ဘူးကြာ ဘာပဲျဖစ္ျဖစ္ ၀င္မွာပဲ။ ခက္ကိုအရင္ဖုန္းဆက္ထားရမယ္' ၀င္မယ္ဟုဆုံးျဖတ္ခ်က္ခ်ၿပီးေတာ့ ခက္ဆီကိုဖုန္းေခၚေလသည္။
'Hello မင္းခန္႔ေျပာေလ'
'ေအးခက္ ငါမင္းတို႔ေက်ာင္းေပါက္၀ေရာက္ေနၿပီ။'
'ေရာက္ေနတာမ်ား၀င္ခဲ့တာမဟုတ္ဘူး မင္းကလည္း'
'ငါမ၀င္ရဲလို႔ေပါ့ဟ မင္းဂႏိုင့္ကိုေသခ်ာထိန္းေပးထားေနာ္ ငါ့ကိုေတြ႕တာနဲ႔လာမထိုးႏိုင္ေအာင္လို႔'
'ေအးပါ ၀င္ခဲ့၀င္ခဲ့ ငါတို႔ကအခု canteenမွာပဲရွိေသးတယ္'
'ဟင္ ခဏေနရင္စာသင္ေတာ့မွာကို'
'မင္းကလည္း ဒီေန႔က ဂႏိုင့္ေမြးေန႔ေလ အဲ့ေတာ့ ဒီေန႔ေက်ာင္းလစ္ၾကမလို႔ ဟီးဟီး'
'ငါလဲလိုက္မယ္ကြာ ငါအခုcanteenကိုလာေနၿပီ'
မင္းခန္႔ေျပာရင္းနဲ႔ဆိုင္ကယ္ကို canteenဘက္ထိေမာင္းလာခဲ့သည္။ လမ္းတစ္ေလွ်ာက္မွာေတာ့ စစလာခ်င္းကလို သူ႔ကိုေမ်ာက္ၾကည့္သလို ၀ိုင္းမၾကည့္ၾကေတာ့ေပ။ စစခ်င္း သူခက္နဲ႔အတူထမင္းစားေပးဖို႔ဆိုၿပီးေရာက္လာတုန္းက သူ႔အားအထူးအဆန္းသတၱဝါလို၀ိုင္းၾကည့္ၾကတယ္ေလ။ဟုတ္ပါတယ္။ ေယာက်ာ္းေလးဆိုလို႔ လက္ခ်ိဳးေရလို႔ရတဲ့ ဒီေက်ာင္းမွာေတာ့ တျခားေက်ာင္းကေယာက်ာ္းေလးေတြလာရင္ အျပင္ကလူမွန္းအရမ္းသိသာတယ္ေလ။
ခက္ေတာင္မွ အဲ့ဒီလူနည္းစုထဲမွာ Princeရလိုက္ေသးတယ္။ ဒါေပမယ့္ ခက္ကေတာ့ ရထိုက္ပါတယ္ သူကခ်စ္ဖို႔ေကာင္းတာကိုး။
[ A/N...အခင္တို႔ေခတ္မွာေတာ့ ေယာက်ာ္းေလးဦးေရမ်ားလာပါၿပီေနာ္။ 2012ေလာက္တုန္းကေတာ့ အခင္တို႔ေက်ာင္းမွာ ေယာက်ာ္းေလးဆိုတာ တကယ့္ရွားပါးရတနာလိုပါပဲ ]
အေတြးေပါင္းမ်ားစြာနဲ႔မင္းခန္႔တစ္ေယာက္ ခက္တို႔ရွိရာဝိုင္းဘက္ကိုေရာက္လာေတာ့သည္။
'ခက္ မင္းတို႔ေက်ာင္းကေကာင္မေလးေတြက ငါ့ကို
၀ိုင္းမၾကည့္ၾကေတာ့ပါလားဟ'မင္းခန္႔ကေမးေတာ့
'ဘာလဲ မင္းကအၾကည့္ခံခ်င္တာလား' ဂႏိုင္က၀င္ေျပာေလသည္။
'တာဇံေလးက ငါ့ကိုစိတ္ဆိုးေနတုန္းပဲလား? မင္းကလည္း ငါေတာင္းပန္ပါတယ္ကြာ ေနာ္'
'အဟမ္း မင္းဘက္ကေတာင္းပန္မွေတာ့ ငါလည္းေခြးလႊတ္ေပးရေတာ့မွာေပါ့'
'ခြင့္လႊတ္တယ္လုပ္ပါဟ ဒါနဲ႔ခက္ကေျပာတယ္ ဒီေန႔ကမင္းေမြးေန႔ဆို ဟုတ္လား'
'ဟုတ္တယ္ ငါ့ေမြးေန႔မလို႔ ျပသနာမျဖစ္ခ်င္လို႔မင္းကိုခြင့္လႊတ္ေပးလိုက္တာေနာ္'
'ေက်းဇူးႀကီးမားလွပါေပတယ္' ဟု မင္းခန္႔ကေျပာေတာ့ ဂႏိုင္ကရယ္ေလသည္။ ထို႔ေနာက္မွာေတာ့ ခက္က
'ဂႏိုင္ ဒီေန႔ကအတန္းမတက္ဘူးဆိုေတာ့ ငါတို႔ဘယ္သြားၾကမလဲ'
'သြားတာေတာ့ဟုတ္ပါၿပီ ဆိုင္ကယ္မွမေလာက္တာဟ။ သက္ႏြယ္ကလည္း ferryနဲ႔လိုက္တာ မင္းကလည္း အိမ္ကလိုက္ပို႔တာဆိုေတာ့ ငါပဲဆိုင္ကယ္ပါမွာေလ။ ၃ေယာက္စီးမလို႔လား?' ဂႏိုင္ကေမးေလသည္။ သက္ႏြယ္က
'ဒါနဲ႔ခက္ နင့္အိမ္ကနင့္ကိုဘာလို႔အခုထိလိုက္ပို႔ေနေသးတာလဲဟင္ ငါ့ကိုဆိုရင္အိမ္က မႏွစ္ကတည္းက ferryနဲ႔ပဲလိုက္ခိုင္းၾကတာ'
'ဘယ္တူမလဲဟ နင္က က်ားက်ားယားယားမိန္းမသားေလ။ ငါတို႔ခက္ခက္ေလးက ႏြဲ႕ႏြဲ႕ေႏွာင္းေႏွာင္းေယာက်ာ္းေကာင္းမလို႔ေပါ့' မင္းခန္႔က၀င္ေျပာေပးေတာ့ ခက္ကေက်းဇူးတင္စကားတစ္ခြန္းပဲေျပာလိုက္သည္။
'ေခြးေကာင္'
'ခက္ မင္းကငါ့ကိုဆဲတယ္ေပါ့ ဟုတ္လား'မင္းခန္႔နဲ႔ ခက္တို႔ရဲ႕ အၾကည့္ခ်င္းစစ္ခင္းေနၾကတာကို ဂႏိုင္မေနႏိုင္စြာ
'ကဲ ေတာ္ၾကပါေတာ့ဟ မင္းတို႔လုပ္တာနဲ႔ ဘယ္မွေရာက္ျဖစ္မွာမဟုတ္ေတာ့ဘူး။ ငါေမးတာေျဖၾကအုံး ဘယ္လိုသြားၾကမွာလဲ'
'မင္းခန္႔မွာလည္းဆိုင္ကယ္ပါတယ္မလား' သက္ႏြယ္ကေမးေလသည္။
'အင္း ပါတယ္ေလ'
'အဲ့ဒါဆိုအဆင္ေျပသားပဲ ဆိုင္ကယ္ႏွစ္စီးျဖစ္သြားၿပီေလအႏိုင္ရဲ႕'
'မင္းကေရာလိုက္မလို႔လား'
'လိုက္မွာေပါ့ ဘာလဲ တာတာဇံဇံေလးက ခန္႔ခန္႔ကိုမေခၚခ်င္ဘူးလား' မင္းခန္႔စူပုပ္ပုပ္မ်က္ႏွာေလးနဲ႔ေမးေတာ့ ဂႏိုင္တခြီးခြီးရယ္ကာ
'ခြီးးးး မင္းရဲ႕ ၀က္ဖင္ႀကီးလိုဆူေနတဲ့ႏႈတ္သီးႀကီးကိုျပန္သိမ္းထားလိုက္စမ္းပါ တကယ္ပါပဲ ခြီးး။ ေခၚမယ္ေခၚမယ္ ဟားဟား'
'ကဲ ဂႏိုင္ေတာ္ေတာ့ ဆိုင္ကယ္လည္းအဆင္ေျပသြားၿပီဆိုေတာ့ ငါတို႔ဘယ္လိုစီးၾကမလဲ သက္ႏြယ္ကဂႏိုင့္ေနာက္ကထိုင္လိုက္မွာလား မင္းခန္႔ေနာက္ကထိုင္လိုက္မွာလား?' ခက္ကေမးသည္။ သက္ႏြယ္ကေတာ့
'ငါကဘယ္သူ႔ေနာက္ကလိုက္လိုက္ရတယ္'
'ဒါဆို ခက္ မင္းကငါ့ေနာက္ကထိုင္လိုက္ သက္ႏြယ္ကေတာ့ ဂႏိုင့္ေနာက္ကထိုင္လိုက္လိမ့္မယ္ ဂႏိုင္ေရာရတယ္မလား'
'အင္းငါလည္းရတယ္ ဒါျဖင့္သြားရေအာင္ေလ'
'ဟဲ့ဟဲ့ေနၾကပါအုံး ဘယ္သြားၾကမွာလဲအခုက''သက္ႏြယ္ကေမးေတာ့ ဂႏိုင္က
'ဘုရားအရင္သြားမယ္ေလ ၿပီးမွ hotpotသြားစားၾကရင္ေရာ'
'အင္း ဒါလည္းအဆင္ေျပတာပဲ ငါႀကိဳက္တယ္ ငါႀကိဳက္တယ္'
'အစားနဲ႔ပတ္သက္ရင္ နင္မႀကိဳက္တာရွိလို႔လား ၀က္ႏြယ္ရဲ႕'
'ဂႏိုင္စုတ္ ဒီေန႔ကနင့္ေမြးေန႔မလို႔ငါဘာမွမေျပာေသးဘူး' ဟုေျပာကာ လက္သီးေထာင္ျပေတာ့ ဂႏိုင္ကလွ်ာထုတ္ေျပာင္ျပေလသည္။ ထို႔ေနာက္မွာေတာ့ မင္းခန္႔နဲ႔ခက္ကတစ္စီး ဂႏိုင္နဲ႔သက္ႏြယ္ကတစ္စီး စီးကာ ကုသိုလ္ေတာ္ဘုရားသို႔ထြက္လာၾကေလသည္။ ဘုရားေရာက္ေသာ္ ဂႏိုင္ကၾကာပန္း၀ယ္ကာလႉသည္။ သက္ႏြယ္တို႔ကေတာ့မိန္းကေလးပီပီ
ဦးငါးႀကိမ္ပဲခ်ကာ ဓါတ္ပုံသြား႐ိုက္ေလရဲ႕။ ဦးသုံးႀကိမ္ပဲခ်ရတာမဟုတ္ဘူးလားလို႔ခက္ကေမးေတာ့
ဘုရား တရား သံဃာ မိဘ ဆရာ ဆိုၿပီးအနေႏၲာ အနႏၲငါးပါးရွိလို႔ ငါးႀကိမ္ခ်တာတဲ့။ ၿပီးတာနဲ႔ဓါတ္ပုံသြား႐ိုက္တာပဲ။ ခက္ကမွ ဩကာသေလးဘာေလးဆိုလိုက္ေသးတယ္။ မင္းခန္႔ေျပာသလိုပဲ ကိုယ္ကႏြဲ႕ႏြဲ႕ေႏွာင္းေႏွာင္းေယာက်ာ္းေကာင္းဆိုေတာ့ ဗိုင္းေကာင္းေက်ာက္ဖိျဖစ္ေနရမယ္ေလ။ အဲ့ဒီေနာက္မွာေတာ့ သူငယ္ခ်င္းတစ္စု hotpotဆိုင္ကိုခ်ီတက္လာၾကတယ္။ မင္းခန္႔နဲ႔ဂႏိုင္ကဆိုင္ကယ္ရပ္မယ့္ေနရာရွာေနတဲ့အခ်ိန္ ခက္တို႔ကေနရာဦးရေအာင္လို႔
ဆိုင္ထဲကို၀င္လာခဲ့ၾကသည္။ မနက္ခင္းတစ္ခင္းလုံး စိတ္ၾကည္ေနတဲ့ခက္တစ္ေယာက္ hotpotဆိုင္ေရာက္မွ ခ်က္ခ်င္းဆိုသလိုပဲ စိတ္ညစ္သြားေလရဲ႕။ အေၾကာင္းကေတာ့ သူတို႔ထက္အရင္ hotpotဆိုင္ေရာက္ေနတဲ့အတြဲေၾကာင့္။ တိတိက်က်ေျပာရရင္ စစ္တို႔အတြဲေၾကာင့္။
ဟန္နီကေတာ့ ခက္တို႔ကိုျမင္မွ စစ္ရဲ႕နားကိုပိုၿပီးကပ္လိုက္ကာ အကင္ကင္ၿပီးသားေတြကိုတစ္ခုၿပီးတစ္ခု ခြံ႕ေကြၽးေနေလရဲ႕။ စစ္ကေတာ့ ခက္တို႔ကိုမျမင္။
ဟန္နီ႔ကိုသာၿပဳံးၾကည့္ေနၿပီး သူခြံ႕ေကြၽးသမွ်အကင္ေတြကိုစားေနေလရဲ႕။ သက္ႏြယ္ကေတာ့ အလိုက္မသိစြာပဲ
'ခက္ ဟိုတစ္ေယာက္က နင့္သူငယ္ခ်င္းမလား။ သူ႔ေဘးကသူ႔ေကာင္မေလးထင္တယ္ နင္သြားႏႈတ္မဆက္ဘူးလား?' သက္ႏြယ္ရဲ႕အေမးကိုခက္ျပန္မေျဖႏိုင္။ စစ္ကိုသာေငးၾကည့္ေနေလသည္။ ခက္ၾကည့္ေနတာကိုသိတဲ့ဟန္နီကလည္း ေအာင္ႏိုင္သူအၿပဳံးတစ္ခုခ်ိတ္ဆြဲထားေလရဲ႕။ ခက္ေငးၾကည့္ေနစဥ္မွာပင္ မင္းခန္႔တို႔ ၂ေယာက္၀င္လာကာ
'မင္းတို႔ကလည္း ေနရာဦးထားၾကပါဆို။ ငါတို႔ကေနရာရၿပီေတာင္မွတ္.....' မင္းခန္႔ရဲ႕စကားမဆုံးေသးခင္မွာပင္ စစ္တို႔ကိုျမင္သြားေတာ့ ခက္ဘာေၾကာင့္ေနရာမွာတင္ရပ္ေနလဲဆိုတာသေဘာေပါက္သြားသည္။ ထို႔ေနာက္ခက္အား
'ခက္ အဆင္ေျပလား မင္းတကယ္လို႔ သူတို႔ကို
မၾကည့္ခ်င္ဘူးဆိုရင္ ငါတို႔တျခားဆိုင္သြားရေအာင္?' မင္းခန္႔ရဲ႕အေျပာကို ခက္တစ္ေယာက္ပဲနားလည္ကာ သက္ႏြယ္ႏွင့္ဂႏိုင္ကေၾကာင္ၾကည့္ေနေလသည္။ ၿပီးမွ ဂႏိုင္က
'ဘာလို႔တျခားဆိုင္ကိုေျပာင္းမွာတုန္း ဟိုမွာ မင္းတို႔ ၂ေယာက္ရဲ႕သူငယ္ခ်င္းေလ သြားႏႈတ္မဆက္ၾကဘူးလား'ဟုေမးေတာ့ မင္းခန္႔ဘာမွျပန္မေျပာေတာ့ပဲ ခက္ရဲ႕လက္ကိုဆြဲကာထြက္လာေလသည္။ေနာက္မွဂႏိုင္နဲ႔သက္ႏြယ္လည္း သူတို႔ကိုမွီေအာင္ ေျပးလိုက္ၾကေလသည္။ မင္းခန္႔တို႔ထြက္သြားမွ စစ္လည္းအ၀င္ေပါက္ဘက္ကိုၾကည့္မိကာ
'ဟင္ ဟိုမွာထြက္သြားတာခက္တို႔မဟုတ္ဘူးလား'
'ဘယ္ျဖစ္ႏိုင္မွာလဲကိုကိုရဲ႕ ကိုကို႔သူငယ္ခ်င္းက ဒီအခ်ိန္သူတို႔ေက်ာင္းမွာရွိေနမွာေပါ့ ေက်ာင္းဖြင့္ေနတဲ့ဟာကို'
'အင္း ဟန္နီေျပာတာလဲဟုတ္တာပဲ။ ဒီေန႔က
ေက်ာင္းဖြင့္ရက္ႀကီးကို ကိုကိုအျမင္မွားသြားတာေနမွာ'ဟုေျပာကာ အကင္ဆက္ကင္ေနေလသည္။
ဟန္နီ႔စိတ္ထဲမွာေတာ့
( အဟက္ အျမင္မွားတာမဟုတ္ဘူး မင္းစစ္ေမာင္ရဲ႕ ခက္တို႔ကတကယ္လာသြားတာ။ ငါတို႔ကိုျမင္ၿပီးေတာ့ ျဖစ္ပ်က္သြားတဲ့ခက္ရဲ႕မ်က္ႏွာကို နင့္ကိုျမင္ေစခ်င္လိုက္တာ။ ခက္ေရ အဟက္ ဒီပြဲမွာေတာ့ နင္ရႈံးၿပီထင္တာပဲ နင္ကငါ့ကိုမေ႐ြးပဲ gayေတြကိုမုန္းပါတယ္လို႔တေၾကာ္ေၾကာ္ေအာ္ေနတဲ့လူကိုမွသြားခ်စ္တာကိုး ခံေပါ့။ ငါနင့္ကိုမရသလို ဘယ္သူမွလည္းနင့္ကိုမရေစရဘူး။ အထူးသျဖင့္ နင္အရမ္းခ်စ္ပါတယ္ဆိုတဲ့ မင္းစစ္ေမာင္ကလည္း နင့္ကိုမုန္းေနေစရမယ္ ေစာင့္ၾကည့္ေနလိုက္*)
အျပင္မွာေတာ့..
မင္းခန္႔ ခက္ရဲ႕လက္ကိုဆြဲကာထြက္လာေလသည္။ ဂႏိုင္နဲ႔သက္ႏြယ္က ေနာက္ကေနအေျပးလိုက္လာၾကၿပီး
'ဘာေတြျဖစ္ၾကတာလဲငါတို႔ကိုလည္းရွင္းျပၾကပါအုံး' သက္ႏြယ္ကေမးေတာ့
'ခက္ ငါသူတို႔ကိုေျပာျပလိုက္ရမလား'
'အင္း ေျပာလိုက္ပါ သူတို႔ကလည္း ငါ့သူငယ္ခ်င္းေတြပဲ သိထားသင့္တာေပါ့'
'ဘာကိုသိထားသင့္တာလဲ ဘာကိုေျပာမွာလဲ'
လဲေပါင္းမ်ားစြာနဲ႔ဂႏိုင့္ရဲ႕အေမးကို မင္းခန္႔က
'ဒီလိုကြ... ခက္ကစစ္ကို............'
စသျဖင့္အစခ်ီကာ ၁၀တန္းစာေမးပြဲေျဖၿပီးခ်ိန္မွအစ ဟန္နီကခက္ကိုဘယ္လိုသေဘာထားတာအဆုံး အကုန္ေဖာက္သည္ခ်ေလသည္။ အေၾကာင္းစုံကိုသိသြားတဲ့အခါ ခက္က
'ဘယ္လိုလဲ နင္တို႔ကေရာ ငါ့ကိုေယာက်ာ္းခ်င္းႀကိဳက္တဲ့သူဆိုၿပီးမုန္းသြားၾကၿပီလား' ခက္ရဲ႕အေမးကိုသက္ႏြယ္က
'ဟယ္ ခက္ရယ္ ငါတို႔ကနင့္ကိုဘာလို႔မုန္းရမွာလဲ ၿပီးေတာ့နင္ကေယာက်ာ္းတိုင္းကိုႀကိဳက္ေနတာမွမဟုတ္တာကို။ နင္ဘာပဲျဖစ္ေနေန ငါတို႔ကနင့္ဘက္ကပဲ'
'သက္ႏြယ္ေျပာသလိုပဲ မင္းခ်စ္မိတဲ့သူက ေယာက်ာ္းတစ္ေယာက္ျဖစ္ေနတိုင္း မင္းကို gayလို႔ေျပာလို႔မွ
မရတာ ငါတို႔ကမင္းဘက္ကပဲ စိတ္မညစ္နဲ႔ ဟန္နီ႔
အေၾကာင္းကို စစ္သိေအာင္ေတာ့ဖြင့္ေျပာရမယ္'
'ငါမင္းတို႔ကိုေက်းဇူးတင္ပါတယ္ကြာ ငါတို႔စိတ္ညစ္စရာေတြမေျပာၾကနဲ႔ေတာ့ ဒီေန႔ကဂႏိုင့္ေမြးေန႔ဆိုေတာ့ေပ်ာ္ေပ်ာ္ပဲေနၾကမယ္ေလ'ဟုခက္ကဆိုေတာ့ ဂႏိုင္က
'အိုေခ အဲ့ဒါေကာင္းတယ္ လာ တျခားဆိုင္ကိုသြားၾကရေအာင္'ဟုဆိုကာ ေလးေယာက္သားထြက္လာၾကေလေတာ့သည္။
To be continued.....
Advertisement
- In Serial20 Chapters
Bride of the Dark Lord
She was destined to die for her people. He was born to end lives. With just a touch of his bare hands. ----------Xemein has known nothing but distress, for the last six years. And now, to end her anguish and that of her people, she was given the task to murder a man that had proven countless times, that he couldn't be killed easily. The Dark Lord. And so, she was wedded to him, with a mission. Kill the Dark Lord and your family and people will be safe forever. And now, she has been given to him in marriage. What will happen now that she's confined in his lair and completely unprotected against his charms? Will she fulfil her mission and save her people? Or will she choose winning the Dark Lord's heart over everyone she's ever known and loved?
8 129 - In Serial19 Chapters
Our Destiny ( Hyungkyun Fanfic )
'' DESTINY LEADS US TO SO MANY SURPRISES. OUR MEETING WAS ALSO DESTINIES DOING. ''I.M just wanted to live a normal collage life of a student. Until a turn of events led him to meet a mysterious guy named Hyungwon. The two meet, and experience great obstacles and adventure together, until... I.M started to grow feelings for Hyungwon.CONTAINS STRONG LANGUAGEHey everyone, Its my first time writing a monsta x fanfic. Hope you enjoy and have fun reading it.
8 112 - In Serial30 Chapters
HP The Birth Of Darkness
A man sentenced to one of the worst deaths, is swallowed by a black hole and is reborn in the world of Harry potter.amazed by magic he embarks on the path of learning to master magic, whatever the cost
8 334 - In Serial34 Chapters
The Port Coulee Files
Often heroes just want to live their life. Yet, life doesn't give you the choice of the troubles it brings. For those living in Port Coulee, a new trouble has come knocking. Missing people, rabid wildlife and strange happenings are the least of their new worries. Will the new heroes rise? Or will the town fade to legend, overrun by the coming tide?
8 138 - In Serial11 Chapters
R.Evolution- The Border Dispute
200 years in the future, the world is divided into two parts, those who are a part of the ANI and those who aren't. After the major world economies collapse, an economic factory takes charge and builds the world anew. People have moved into the ANI cities- populating them as they surpass the former glory of the 21st century. However, those who reject the continued expanse are at odds against them- and with shady political dealings, assassinations, and infiltrations behind the scenes- will they be crushed in the oncoming expanse? ---
8 145 - In Serial21 Chapters
Badass Luna
Elisabeth Walker, NYPD detective. Ryan Barnes, Alpha of the Red Steele Pack. Elisabeth never expected to run into a creature that was yet to be discovered when she took upon her case. Ryan never expected his mate to be a human. Much less a cop. A badass cop. A kickass cop and a feared Alpha.They say opposites attract. What about identicals?
8 223

