《Let Me Start Again [Completed]》LMSA 16
Advertisement
'ဘာတွေများ လက်ဆောင်ပေးနေကြတာလဲ??'
အသံကြားရာလှည့်ကြည့်လိုက်တော့ စကပ်ဒူးဖုံးနှင့် အင်္ကျီလည်ဟိုက်ကိုတွဲ၀တ်၍ pencil heelကိုစီးကာ ကြွကြွရွရွလျှောက်လာသော ဟန်နီနိုင်။
'ဒီနေ့က ခက်ရဲ့မွေးနေ့လား? ကိုကိုက ဟန်နီ့ကိုတောင်ဘာမှမပြောဘူး။ သိရင်တော့ လက်ဆောင်ယူလာမှာပေါ့။ '
'ဟန်နီက ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ ?'စစ်ကမေးလေသည်။
'သူငယ်ချင်းတွေနဲ့လာရင်း ကိုကို့ကိုတွေ့လိုက်လို့လေ။ ခက်မွေးနေ့ဆိုတာ ကိုကိုက ဟန်နီ့ကိုတောင် အသိမပေးဘူးနော်'
'ကိုယ်လဲ စကားမဆက်ဖြစ်လို့ မပြောဖြစ်တာပါ။ လာထိုင်လေ ဟန်နီ'
'ဒါနဲ့ ဟန်နီနိုင့်အတွက် ဘာမှတောင်မကျန်တော့ဘူး
အားနာလိုက်တာ' ဟု ခက်ကပြောလေသည်။
'ရပါတယ် ကိစ္စမရှိပါဘူး။ ဟန်နီကအခုပဲပြန်တော့မှာ' ဟုဆိုသဖြင့် စစ်က
'ဒါဆို ကိုယ် ၀င်ပေါက်ထိလိုက်ပို့ပေးမယ်'
'ဟုတ်ကဲ့ကိုကို' ဟန်နီထွက်သွားခါနီး ခလုတ်တိုက်မိသလိုဖြစ်ကာ (တကယ်က သူ့ဘာသာ တမင်သက်သက်လုပ်တာ) စစ်ရဲ့နှုတ်ခမ်းကို နမ်းမိလေသည်။ စစ်ကလည်း ရုတ်တရက်ဖြစ်နေသဖြင့် ကြောင်နေကာ မရုန်းမိ။ မင်းခန့်ကတော့ မျက်တောင်မခပ်တန်းကြောင်ကြည့်နေတဲ့ခက်ရဲ့ မျက်စိကို လက်နဲ့ကွယ်ပေးထားလေတယ်။ နောက်ပိုင်းမှာတော့ စစ်လည်း ခက်တို့ရှိနေတာကိုပင်မေ့သွားကာ ဟန်နီ့အနမ်းတွေကို ပြန်လည်တုံ့ပြန်လေသည်။
သူတို့ ၂ယောက်ရဲ့ first kissမလား။ ဆိုင်ကိုရောက်လာတဲ့သူတွေကလည်း ၀ိုင်းကြည့်လို့။
၅မိနစ်လောက်ကြာတော့ မင်းခန့်သည်းမခံနိုင်စွာပင်
'မင်းတို့ကလည်း လူရှေ့သူရှေ့လေးတော့ ရှောင်ကြအုံးမှပေါ့။ အရှက်မရှိလိုက်ကြတာ' ဟုဒေါသသံဖြင့်အော်လေသည်။ ထိုအခါမှ လူရှိသေးမှန်းသတိရကာ နှစ်ယောက်သား နှုတ်ခမ်းချင်းခွာလိုက်လေသည်။ ဟန်နီနိုင်ကတော့ ခက်ရဲ့ရှေ့မှာစစ်ကိုနမ်းလိုက်ရသလို ခက်ရဲ့ထိန်းမရအောင်ပျက်ယွင်းနေတဲ့မျက်နှာအား မြင်လိုက်ရသဖြင့် ဂုဏ်ယူမဆုံး။
(တွေ့လားခက်ထန်။ နင်သိပ်ချစ်ပါတယ်ဆိုတဲ့ စစ်က ငါနဲ့ဆိုရင် နင်ရှိနေတာကိုတောင် မေ့သွားတတ်တာ။*) အပြင်မှာတော့
'အားနာလိုက်တာ။ ဒါကဟန်နီနဲ့ ကိုကိုရဲ့ first kissဆိုတော့ ရင်တွေခုန်ပြီး လူတွေရှိနေတာကိုတောင်မေ့သွားတယ်'
'မိန်းကလေးဖြစ်ပြီး အရှက်မရှိလိုက်တာ လူမြင်ကွင်းကြီးကို' မင်းခန့်ကပြောလေတော့
'မင်းခန့် မင်းဟန်နီ့ကိုအဲ့ဒီလောက်ထိပြောနေစရာမလိုဘူး။ ဒါက သေချာလုပ်တာမှမဟုတ်ပဲ။ မတော်တဆဖြစ်သွားတာလေ။ မင်းတို့ဟန်နီ့ကိုအမြင်မကြည်မှန်းသိပေမယ့် ဒီလောက်ထိပြောစရာလိုလို့လား? ဟန်နီကငါ့ချစ်သူဆိုတာလည်း မေ့မထားနဲ့အုံး။ နောက်တစ်ခါ သူ့ကိုပြောရင် သူငယ်ချင်းဆိုပြီးညှာနေမှာမဟုတ်ဘူး။ အားနည်းတဲ့ မိန်းကလေးတစ်ယောက်ကို အရှက်မရှိတာတွေဘာတွေပြောထွက်တဲ့ မင်းကိုလည်း ငါ့သူငယ်ချင်းလို့ပြောရမှာ ငါရှက်တယ်။ လာ ဟန်နီ သွားမယ်' ဟုဆိုကာ ဟန်နီ့လက်ကိုဆွဲပြီးထွက်သွားလေသည်။ ကျန်ခဲ့တဲ့သူတွေမှာတော့
'တောက် တွေ့လားခက် မင်းသိပ်ချစ်ရပါတယ်ဆိုတဲ့ကောင်က မွှန်နေပြီးတော့ ငယ်ငယ်ကတည်းကပေါင်းလာတဲ့ငါတို့ကိုပြောဆိုသွားတာ။ဟမ် မင်းဘာလို့အဲ့လိုကောင်ကိုဆက်ချစ်နေအုံးမှာလဲ? သူ့ကိုဆက်ချစ်ရင် မင်းပဲခံစားရမယ်ဆိုတာမသိဘူးလား? ငယ်သူငယ်ချင်းနဲ့ ရည်းစားဆိုရင် ရည်းစားကိုပဲရွေးတဲ့အကောင်ကို မင်းမလို့....' မင်းခန့်ဆက်မပြောနိုင်တော့ပါ။ သူဆက်ပြောရင် ဒီထက်ဆိုးတာတွေပါးစပ်ကထွက်လာတော့မှာမလို့ ခက်ပဲခံစားရမယ်လေ။ ဟို
၂ယောက်ကထွက်သွားပြီကိုး။ သက်နွယ်နဲ့ ဂနိုင်ကတော့
'မင်းခန့် စိတ်လျှော့ကွာ။ ခက်ကလည်း မင်းခန့်ကိုစိတ်မဆိုးနဲ့နော် သူကမင်းကိုစိတ်ပူလို့ပြောတာ။ ပြီးတော့ အခုသူက သွေးပူနေတုန်းမလို့ပါ '
'ဟုတ်တယ်။ ခက် နင်လည်း စိတ်မကောင်းမဖြစ်နဲ့တော့နော်။ ဟန်နီနိုင့်အကြောင်းကို စစ်မကြာခင်သိလောက်မှာပါဟာ' ဂနိုင်နဲ့သက်နွယ်တို့က ၀င်ပြီးဖြန်ဖြေလေသည်။
'ငါ ဘာမှမဖြစ်ပါဘူး ငါအဆင်ပြေပါတယ်ဟာ။ မင်းခန့် မင်းလည်းငါ့ကိုစိတ်မဆိုးနဲ့နော်။ စစ်တို့ကိုလည်းစိတ်မဆိုးနဲ့'
'ဟ ငါမင်းကိုစိတ်မဆိုးပဲနေလို့ရတယ်။ မင်းစစ်မောင်ကိုတော့မဟုတ်ဘူး။ ဟန်နီနိုင်က သူ့ရှေ့မှာသာ ဘာမှမသိတဲ့ ဖြူစင်တဲ့သူလို ဟန်ဆောင်နေတာ။ ဒီကောင်ကဘာမှမရိပ်မိဘူးလား? ဘာမဟုတ်တဲ့မိန်းမတစ်ယောက်အတွက် သူငယ်ချင်း
သံယောစဥ်ကို သူ့ဘက်က စဖြတ်တာလေ။ တောက်..တော်ပြီ ဆက်ပြောရင် စိတ်ကထပ်တိုရအုံးမယ်။ ပြန်ကြရအောင်။ မင်းဘယ်သွားချင်သေးလဲ ခက်'
'ငါဘယ်မှမသွားချင်တော့ပါဘူး။ ပြန်ကြရအောင်လေ'
(မနက်ကပျော်နေရကတည်းက ငါငိုရတော့မယ်ဆိုတာထင်နေသားပဲ။ မင်းကသတိတရနဲ့မွေးနေ့ကိတ်လုပ်ပေးလို့ ငါပျော်ရသလို။ မင်းပေးတဲ့မွေးနေ့လက်ဆောင်ကြောင့်လဲ ငါငိုနေရပါပြီစစ်။ မွေးနေ့လက်ဆောင်? အဟက် ဟုတ်တာပေါ့။ ငါ့ရှေ့မှာ ဟန်နီနိုင်နဲ့မင်း နမ်းနေတာက မင်းငါ့ကိုပေးတဲ့ မွေးနေ့လက်ဆောင်ဖြစ်သွားတာပေါ့။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့
၁၈နှစ်ပြည့်မွေးနေ့မှာ မင်းပေးတဲ့ မွေးနေ့လက်ဆောင်ကိုတော့ ငါတသက်လုံးမေ့မှာမဟုတ်တော့ဘူး*) အပြန်အိမ်လိုက်ပို့မယ်ဆိုတဲ့ စစ်ကလည်း
မင်းခန့်နဲ့ပြသနာတက်ပြီး အရင်ပြန်သွားသဖြင့် ခက်ကို မင်ခန့်ကသာ အိမ်ကို၀င်ပို့ပေးရသည်။ အိမ်ရောက်တော့
'ခက် စိတ်ညစ်စရာတွေတွေးမနေနဲ့။ ငိုမနေနဲ့အုံး။ အိပ်ရေး၀အောင်အိပ်။ သူမရှိလည်း မင်းဘေးမှာငါတို့ရှိသေးတယ်ဆိုတာ သိထားပေး။ ကြားလား'
'အင်းပါ မင်းလဲအရမ်းကြီးစိတ်တိုမနေနဲ့အုံး။ ငါအထဲ၀င်တော့မယ်နော်'
'အင်း ငါပြန်ပြီနော်' မင်းခန့်ပြန်သွားတာနဲ့ ခက်အိမ်ထဲကို၀င်လာခဲ့တော့ ဖေဖေ့ကိုတွေ့ရလေသည်။
'ဖေဖေ အစောကြီးပြန်ရောက်နေပါလား?'
'ဟုတ်တယ်သား ဖေဖေဒီနေ့ဆရာ၀န်နဲ့ဆွေးနွေးလာခဲ့တာ။ နောက်လထဲကျရင် BKKကိုသွားပြီးခွဲစိတ်မယ်'
'ဖေဖေ သား စာမေးပွဲပြီးမှခွဲစိတ်လို့မရဘူးလားဟင်? နောက်လထဲခွဲစိတ်လိုက်ရင် ကျောင်းနားရတော့မှာ။ သားတစ်နှစ်မနားချင်ဘူး။ သက်နွယ်တို့ အနိုင်တို့နဲ့တူတူဘွဲ့ယူချင်တယ်'
'သားက စာမေးပွဲပြီးတဲ့အထိနေနိုင်လို့လား? သားအဆင်ပြေမယ်ထင်ရင်လုပ်လေ။ ဖေဖေအတင်းမတိုက်တွန်းပါဘူး။ သားစိတ်ချမ်းသာဖို့ကအရေးကြီးတယ်'
'ဟုတ်ကဲ့ သားအဆင်ပြေပါတယ်ဖေဖေရဲ့။ မဟုတ်လည်း လွန်ခဲ့တဲ့ ၅နှစ်လုံးလုံး ဒီလိုပဲနေလာခဲ့တာ လပိုင်းလေးထပ်နေလိုက်ရုံနဲ့ဘာမှဖြစ်မသွားပါဘူး။ ဒါဆို ၁၀လပိုင်းမှခွဲစိတ်လိုက်မယ်နော်'
'အင်းပါ ၁၀လပိုင်း သားစာမေးပွဲပြီးရင်တော့ သေချာပေါက်ခွဲစိတ်ရမယ်။ ဖေဖေဆရာ၀န်ကို ပြန်ပြောလိုက်အုံးမယ်။ သားနားတော့နော်'
'ဟုတ်ကဲ့ဖေဖေ'
ခက်ပြောပြီး သူ့အခန်းရှိရာ အပေါ်ထပ်သို့တက်လာခဲ့သည်။ အခန်းထဲရောက်တော့ သန့်ရှင်းရေးလုပ်ပေးနေတဲ့မေမေ။ မေမေ့ကိုမြင်တော့ ခုနကအဖြစ်အပျက်တွေပြန်မြင်လာကာ
'မေမေ...' ဟုခေါ်ပြီး ဒေါ်သဇင်ခက်ရဲ့ရင်ခွင်ထဲတိုးဝှေ့နေလေသည်။
'အမလေး မေမေ့သားလေး ဘာတွေများစိတ်မကောင်းဖြစ်လာတာလဲ? မွေးနေ့ကြီးမှာ စိတ်ချမ်းချမ်းသာသာပဲနေရမယ်လေ။ ခဏနေရင် မေမေတို့မိသားစုသုံးယောက် ညစာသွားစားကြမယ်။'
'ဟုတ်ကဲ့မေမေ။ သားလေ ၁၀လပိုင်းမှခွဲစိတ်မယ်နော်'
'သားသဘောပါ။ သားဖေဖေကလည်းလက်ခံတယ်ဆိုရင် မေမေဘာမှမပြောပါဘူး။'
Advertisement
'ဟုတ် ဖေဖေကလည်းလက်ခံတယ်။ သားကျောင်းမနားချင်လို့ပါ'
'ဟုတ်ပါပြီ။ တစ်ခုတော့ရှိတယ် စာမေးပွဲပြီးရင်တော့ ဘာအကြောင်းပဲရှိရှိ သေချာပေါက်ခွဲစိတ်ရမယ်။
အဲ့ဒီအချိန်ကျရင်တော့ မငြင်းရဘူး'
'ဟုတ်ကဲ့ သားခွဲစိတ်မှာပါ။ သားလည်း ယောကျာ်းလေးတန်မဲ့ ဒီလိုဘ၀ကြီးနဲ့ တသက်လုံးနေမသွားချင်ပါဘူး'
'သားလေးနားလည်ရင်ပြီးတာပါပဲ။ နားချင်ရင်နားတော့လေသား'
'ဟုတ်ကဲမေမေ'
ဒေါ်သဇင်ခက်အခန်းထဲကထွက်သွားတော့ ခက်အိပ်ရာပေါ်လှဲချလိုက်ကာ မျက်နှာကြက်ကိုကြည့်မိလေသည်။ မျက်လုံးထဲပြန်ပေါ်လာတာက အိမ်ပြန်ခါနီးတုန်းကမြင်ကွင်း။
'ဟင့်အင်း ထွက်သွားစမ်း။ အဲ့ဒါတွေမမြင်ချင်ဘူး။ သွား ငါ့အတွေးတွေထဲကထွက်သွား!!'
ခက်ရှိုက်ကြီးတငင်ငိုမိလေသည်။ နားထဲမှာပြန်ကြားယောင်လာတာက ဟန်နီနိုင်ပြောခဲ့တဲ့ first kissဆိုတာပင်။ ဟန်နီနိုင်နဲ့ပတ်သက်ရင် ဘာလို့ကောင်းတာတစ်ခုမှမရှိရတာလဲ။
ခက်မွေးနေ့ကအစပြုကာ စစ်နဲ့ခက်တို့အဆက်သွယ်ပြတ်သွားကြတာ ၃လလောက်ပင်ရှိနေပြီ။ ခက်တို့လည်း နောက်လဆိုရင် final examဖြေရတော့မယ်။ ခက်ကတော့ စိတ်လှုပ်ရှားနေသည်။ စာမေးပွဲကြောင့်ရော ခွဲစိတ်မှာကြောင့်ရော။ စစ်ကိုသတိရမိပေမယ့် ဖုန်းမဆက်ရဲ။ viber groupမှာလည်း မင်းခန့်က စစ်ကို removeလုပ်မည်ပြောရာ ခက်ကဒီတိုင်းလေးထားပေးပါဆို၍ စစ်မပါတဲ့နောက်ထပ် groupတစ်ခုဖွဲ့ထားလေသည်။ ပြောစရာရှိရင် groupအသစ်မှာပြောကြတာပေါ့။ စစ်ကိုယ်တိုင်ကလည်း စိမ်းကားနေသည်လားမသိ။ ခက်တို့ကိုလည်းအဆက်အသွယ်မလုပ်။ သို့နှင့် စာမေးပွဲပြီးသည်အထိ စစ်ဘက်ကခက်ကိုအဆက်သွယ်မလုပ်။ စာမေးပွဲဖြေပြီး တစ်ပတ်နေတော့ ခက် BKKကိုသွားရန်ပြင်ဆင်လေသည်။ သူ့ဘ၀အလွှဲအပြောင်းဖြစ်တော့မယ်လေ။ ခွဲစိတ်ပြီးရင် သူလဲ သာမန်ဘ၀ကိုရပြီ။ အ၀တ်တွေထည့်နေတုန်းမှာပဲ ဖုန်းသံမြည်လာ၍ ခေါ်တဲ့သူကိုကြည့်လိုက်တော့ စစ်။ သူ့မွေးနေ့ပြီးသွားကတည်းက ဒါပထမဦးဆုံးစစ်နဲ့အဆက်သွယ်ရခြင်း။
'Hello စစ်'
'ခက် ခဏလောက်အချိန်ပေးနိုင်မလား?' ပြောလာတဲ့ စစ်ရဲ့အသံတွေက ကွဲအက်နေသည်။ စစ်ဘာဖြစ်နေတာလဲ?
'အင်း နည်းနည်းတော့ရပါတယ်။ ညနေ၄နာရီကျရင်တော့သွားစရာရှိသေးတယ်'
'ငါ့ဆီခဏလောက်လာခဲ့ပေးလို့ရမလားဟင်' ဒါက စစ်ဘက်က သူ့ကိုပထမဦးဆုံးတောင်းဆိုခြင်း။ ခါတိုင်းဆို အမိန့်တွေပဲပေးနေတတ်တဲ့စစ်က ဘာတွေများဖြစ်နေပါလိမ့်။
'အင်း လာခဲ့မယ်လေ။ ဘယ်နေရာလဲ' သူကိုယ်တိုင်ကလည်း စစ်ကို နှုတ်ဆက်သွားချင်သည်မို့။ BKKမှာခွဲစိတ်ပြီးတာနဲ့ စိတ်ချရအောင်ဆိုပြီး ၂လလောက်နေရအုံးမယ်လေ။ ဒီမှာနေလဲမတွေ့ရဘူးဆိုပေမယ့် အနည်းဆုံးတော့ တစ်မြေထဲမှာရှိနေတယ်ဆိုတဲ့အသိလေးကြောင့် စိတ်သက်သာရာရတယ်မလား။ သို့ပေမယ့် ခက်ဘက်ကခံစားချက်တွေကို စစ်သိအောင်ဘယ်တော့မှထုတ်ပြောမှာမဟုတ်ပေ။ စစ်က ဟန်နီ့ကိုဘယ်လောက်ချစ်လဲဆိုတာ သူ့မွေးနေ့ကဖြစ်သွားတာက သက်သေပဲလေ။
'ငါအခု ....မှာ'
'အင်း ငါလာခဲ့မယ်' ဟုဆိုပြီး ဖုန်းချလိုက်ကာ အောက်ကိုဆင်းလာတော့ မေမေ့ကိုတွေ့ရလေသည်။
'သား ဘယ်သွားမလို့လဲ?'
'စစ်ဆီကိုခဏသွားအုံးမယ်မေမေ'
'ညနေကျရင် လေဆိပ်သွားရတော့မှာလေ'
'ဟုတ် သားအချိန်မှီပြန်လာမှာပါမေမေ။ ဆိုင်ကယ်ယူသွားမယ်နော်။ ခဏလေးပဲ' ဟုဆိုကာ
မေမေ့အပြောကိုပင် မစောင့်နိုင်တော့ပဲ ဆိုင်ကယ်မောင်းပြီးထွက်လာလေသည်။ ခက်ကဆိုင်ကယ်မောင်းတတ်သော်လည်း မိဘတွေကစိတ်မချဟုဆိုကာ ယခုချိန်ထိ ကျောင်းကိုကားနဲ့လိုက်ပို့နေတုန်း။
ဆိုင်ကယ်မောင်းနေရင်း အတွေးတွေက စစ်ဆီမှာသာ။ တော်သေးသည် လမ်းကလူနည်းနည်းရှင်းနေလို့။ ခါတိုင်းဆိုရင် အမြဲတမ်းလေသံမာမာနဲ့သာစကားပြောတတ်တဲ့စစ်က အခုတော့ အသံကကွဲအက်လို့။ ငိုနေတာများလား။ ဘာတွေများဖြစ်နေတာလဲစစ်ရာ။
စစ်ပြောတဲ့နေရာရောက်တော့ တွေ့လိုက်ရသည်က....
To be continued.....
Advertisement
'ဟုတ်ကဲ့ဖေဖေ'
'ဟုတ်ကဲမေမေ'
'Hello စစ်'
'ငါအခု ....မှာ'
'သား ဘယ်သွားမလို့လဲ?'
To be continued.....
Advertisement
- In Serial12 Chapters
Gamer wars
[participant in the Royal Road Writathon challenge] Andy has little to live for and even less fucks to give. When at the end of his rope, a stranger offers him a deal to enter a competition with life and deaths stakes in a series of games against other gamers, he doesn't hesitate to accept. After all the prize for winning is enough to turn everything around for him.Authors note - WARNING, spoilers ahead: The first game played is a hardcore engineering focused space survival. So stay away, if that's not your sort of thing.
8 219 - In Serial15 Chapters
The B-Team
Temp. Synopsis: Our world is not as it seems. There is war that goes on in the shadows affecting what normal people see and experience in minor ways. To those who participate in this war, life is struggle for their ideals, survival and to blend in. Especially to blend in. Now the balance of the struggle has begun tipping and those minor changes? Not so minor anymore so....... Follow the tale of THE mythical rag-tag team as they start out and slowly change the world with one whacked-out mission after another. --------------------------------- First attempt at this, may not be able to update as often as liked or at all. Please be ruthless with criticisms as I may not even pay attention. Warning: Content may contain swearing and gore ----------------- Update: 1st april '17: work is getting me down but i got a bit more in stockpile but its a very bad stockpile so im constantly polishing and releasing only when I think I can't polish anymore. PLEASE comment and rate for my motivation to increase.
8 207 - In Serial15 Chapters
Shard
Wherever you go, whether it be be a bustling metropolis or wild and untamed lands, sentients of every race and creed have some sort of belief in the supernatural. Every culture has stories of mighty beings, incomprehensible in both nature and noticeably, malice. Though many once wished for these stories to be true, they eventually lost much of the significance they once held; yet, the people who told the tales in the first place left them there as lessons. Vital lessons, and more importantly, warnings. Because even though humanity and it's allies had taken to the heavens and prospered like never before, their actions had caused sleeping dragons to stir. Across the universe, a bitter war between mortal and spiritual forces is being waged. Humanity now faces extinction, and if we don't play our cards right, extinction is all but certain. But even though their adversaries have veritable gods among them, humanity still has a few tricks up it's sleeve...
8 176 - In Serial17 Chapters
Maxing Out From the Start!
Okuma Sho is a NEET who spends all of his time playing an MMORPG, Adventurous. At the ripe age of 21, he locks himself in his bedroom of his parent's house with no job, girlfriend, or life. One day, however, his mother had enough and kicked him out. With no other choice, he slowly makes his way to town when he collapses. He starts coming up with a scheme to take revenge, but he suddenly dies from a crash-landing plane as his plan comes together. He is then met with a God-like voice who decides his fate- a second chance in a whole new world! How will Sho use this second chance? Will he stop his NEET life or finally work like the typical person? Or... something else?
8 194 - In Serial7 Chapters
Passion Forged in Hell
Koala knew the evils of the world, she had endured the worst it had to offer; she didn't think it would get worse, but fate proved her wrong - the love of her life, her partner in crime, had been brutally beaten at the Reverie - then sold into slavery by the Celestial Dragons. Now, Koala must overcome her trauma if she wants to get Sabo out before it's too late.*Basically, it's my theory for what happened at the Reverie, since Oda is intent on keeping us in suspense.Disclaimer: Not mine, I do not own One Piece.
8 178 - In Serial7 Chapters
Animatronics Have Feelings Too!
Ever wonder what it would be like to know what the animatronics think?They have feelings too!©randomFNAFfandom Copyright 2017Based off of the characters of Scott Cawthon Five Nights at Freddy'sWe do not own Five Nights at Freddy's, Five Nights at Freddy's 2, Five Nights at Freddy's 3, Five Nights at Freddy's Four, or Five Nights at Freddy's: Sister Location.
8 103