《Let Me Start Again [Completed]》LMSA 21
Advertisement
အခန်းထဲက lockချထားတာမို့ ပါလာတဲ့သော့အပိုနဲ့ ဖွင့်လိုက်တော့ မြင်လိုက်ကြရသည်က.....
ခက်ကိုပွေ့ဖက်ထားပြီး အိပ်ပျော်နေသော စစ်။
၂ယောက်လုံး အပေါ်ပိုင်းဗလာကျင်းနေကြကာ စောင်အပါးလေးတစ်ထည်ကိုသာ ခါးထိလွှမ်းခြုံထားသည်။
သူတို့ ၂ယောက်ကိုမြင်လိုက်ကြတဲ့ သူတွေမှာတော့ ပြောစရာစကားလုံးများပျောက်ဆုံးနေကြလေသည်။
အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်နေသောအခန်းငယ်လေးထဲတွင် ပထမဆုံးသတိ၀င်လာပြီး တိတ်ဆိတ်မှုကိုဖြိုခွင်းခဲ့သူကတော့ စစ်ရဲ့ Daddy ဦးမင်းထက်။
'ဒါ..ဒါက ဘယ်လိုဖြစ်နေကြတာလဲ? စစ်..
မင်းစစ်မောင် အခုချက်ချင်းထစမ်း' ပါးစပ်ကသာအော်နှိုးနေရတာ ကိုယ်တိုင်ကတော့ စစ်တို့နားထိသွားမနှိုးရဲပေ။ ဟန်နီနိုင်မှာလဲ မြင်မြင်ချင်းရှော့ခ်ရသွားသည်။ ( ဒါဘယ်လိုအခြေအနေကြီးလဲ။ အခု ခက်က ကိုကိုနဲ့...။ ဆိုတော့လည်း Plan Bစရတာပေါ့။ သူတို့ ၂ယောက်နိုးလာရင် ငါက သူတော်ကောင်းယောင်ဆောင်ပြီး စစ်ကိုခွင့်လွှတ်ကြောင်းပြောမယ်။
တဆက်တည်း ခက်ထန်ကစစ်အပေါ်မှာခံစားချက်တွေရှိတာကိုပါပြောလိုက်မယ်ဆိုရင်...gayမုန်းတဲ့ မင်းစစ်မောင်တစ်ယောက် ဘယ်လိုနေမလဲ?*)
'ဒါက ဘယ်လိုဖြစ်နေကြတာလဲ!!!' အော်သံကြားရာကိုကြည့်မိကြတော့ ခက်ရဲ့မိဘတွေဖြစ်တဲ့ ဦးဥက္ကာနဲ့ ဒေါ်သဇင်ခက်။ သူတို့နောက်မှာတော့ ဦးဇွဲနိုင်။ ဒီအချိန်ဆိုရင် ဟန်နီနိုင်က စစ်ကိုအမိဖမ်းထားပြီးလောက်ပြီလို့ အပိုင်တွက်ထားကာ M.T နဲ့ Zwe company ၂ခု ပူးပေါင်းကြောင်းကိုပါ တစ်ခါထဲကြေငြာလိုက်မယ်ဟုသောအတွေးဖြင့်
ပြိုင်ဖက်ဖြစ်သူ ဦးဥက္ကာတို့ကို ဖုန်းဆက်ခေါ်လိုက်တဲ့ ဦးဇွဲနိုင်ဟာ မိမိရှေ့က မြင်ကွင်းကြောင့် ကြက်သေသေသွားသည်။ သူဦးဥက္ကာတို့ကို ခေါ်လိုက်တာက
သူတို့ကျရှုံးခန်းကိုကြည့်ချင်လို့။ သို့ပေမယ့်
မြင်လိုက်ရတဲ့မြင်ကွင်းက သူမျှော်လင့်ထားသလိုဖြစ်မလာခဲ့ပေ။
ဒေါ်သဇင်ခက်မှာတော့ မိမိရှေ့ကမြင်ကွင်းကြောင့် မူးလဲတော့မလိုဖြစ်သွားသဖြင့် ဦးဥက္ကာကထိန်းပေးထားရသည်။
နားထဲမှာဆူဆူညံညံအသံတွေကြားနေရသဖြင့်
စစ်တစ်ယောက် မျက်လုံးကိုဖွင့်ကြည့်မိလေသည်။ တစ်ဆက်ထဲ ခံစားလိုက်ရတာက ရင်ခွင်ထဲရှိ အိစက်နေတဲ့တစ်စုံတစ်ခု။ စစ်သေချာကြည့်မိတော့ သူ့ရင်ခွင်ထဲကသူဟာတခြားသူမဟုတ်။ ခက်ဖြစ်နေလေသည်။ ထိတ်လန့်စွာနဲ့ပဲ ဘေးပတ်လည်ကလူများကိုကြည့်မိတော့ ဦးမင်းထက်ကပင်
'စစ် အင်္ကျီတွေ၀တ်ပြီး အပြင်ထွက်လာခဲ့။ ငါတို့အပြင်ကစောင့်နေမယ်။ မင်းနဲ့ရှင်းစရာတွေရှိနေသေးတယ်' ဟုဆိုကာ အပြင်ထွက်သွားလေသည်။ ကျန်သူများမှာလဲ အလျှိုလျှိုထွက်သွားကြရာ အခန်းထဲမှာ ခက်နဲ့သူ ၂ယောက်သာကျန်ခဲ့လေသည်။
'ခက်..ခက်ထန်..ထစမ်း အခုချက်ချင်းထ!! ' အကုန်လုံးထွက်သွားမှ ခက်ကိုဇွတ်အတင်းနှိုးလေသည်။ ထိုအခါမှ ခက်လည်း မျက်စိဖွင့်ကြည့်လိုက်တော့ သူ့ကို စားမတတ်ဝါးမတတ်ကြည့်နေတဲ့ စစ်။ အခုမှသတိရသည် စောစောက သူနဲ့စစ်....။
'စ..စစ်.. '
'အေး ငါ.. မင်းကအရမ်းရွံဖို့ကောင်းတာပဲ။ တောက်..gayတွေကိုမုန်းနေတဲ့ငါက ယောကျာ်းလေးတစ်ယောက်နဲ့အတူအိပ်မိရတယ်လို့။ အခုငါတို့ပုံစံတွေကို ဟန်နီမြင်သွားပြီ။ မင်းဘယ်လိုရှင်းပြမှာလဲ ပြော! ဟန်နီငါ့ကိုမုန်းသွားရင် ဘယ်လိုလုပ်မှာလဲ ? ဟမ်? ငါမေးနေတယ် ဖြေလေ!!'
စစ်အော်လိုက်တော့ ခက် ချက်ချင်းပင် မျက်ရည်ဝဲတက်လာကာ
'ငါ..ငါ တမင်လုပ်တာမဟုတ်ပါဘူး စစ်ရာ။ အခု.. အခုကိစ္စက..'
'တော်တော့! မင်းဘာမှဆက်မပြောနဲ့! အာ.. ငါမေ့နေတာ မင်းကယောကျာ်းလေးပဲ ကိုယ်၀န်မရနိုင်ဘူးလေ။ အဲ့ဒီတော့ ငါလဲမင်းကိုတာ၀န်ယူစရာမလိုဘူး။
အဟားးး အခုမှသတိရတာပဲ။ အ၀တ်တွေ၀တ်ပြီး ဆင်းလာခဲ့။' ဟုဆိုကာ စစ်လဲ အင်္ကျီတွေပြန်၀တ်လိုက်ပြီး အောက်ကိုဆင်းသွားလေသည်။ ကျန်ခဲ့တဲ့ခက်မှာတော့ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုဖြစ်နေတာမို့ စစ်လို အမြန်မလုပ်နိုင်။ အင်္ကျီကို ဖြေးဖြေးချင်း၀တ်နေရလေသည်။ ထို့နောက်မှာတော့ အောက်ကိုဆင်းသွားရသည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း တစ်ခါနာကျင်ရသည်။ အောက်သို့ရောက်တော့
မေမေတို့ကို မတွေ့ရတော့ပေ။ စစ်ရဲ့ မိဘဟုထင်ရသော ဦးလေး ၂ယောက်နှင့် ဟန်နီနိုင့်ကိုသာတွေ့ရသည်။ မင်းခန့်ကလဲ ဘယ်အချိန်ကတည်းကပြန်သွားမှန်းမသိတော့။ ခက် ဆင်းလာတာကိုတွေ့တာနဲ့ စစ်က ပြေးပြီးထိုးလေသည်။
'ခွေးကောင်..ရွံစရာကောင်းတဲ့ကောင်..မင်းကြောင့် မင်းကြောင့် ငါဟန်နီနဲ့မယူရတော့ဘူး မင်းသိလား ဟမ်' ပြောရင်းနဲ့ထပ်ထိုးမယ်လုပ်တဲ့စစ်ကို
ဦးမင်းထက်ကဆွဲထားရသည်။ ခက်မှာတော့ နဂိုကရှိနေတဲ့ အနာတွေအပြင် အထိုးခံရတာကြောင့်ရော၊ မြေပြင်ပေါ်ကိုအရှိန်နဲ့ကျသွားတာပါ ပေါင်းပြီး ပြန်မထနိုင်တော့ပေ။ ဦးစစ်သော်လာထူမှ ထနိုင်လေသည်။ ဦးမင်းထက်ကတော့
'စစ်..ဒီကိစ္စမှာ မင်းလဲမှားတာပဲ။ ဘာလို့ခက်ကိုပဲအပြစ်ပြောနေရတာလဲ? ပြီးတော့ နောက်တစ်ပတ်ထဲမှာပဲ မင်းတို့ကို လက်ထပ်ပေးမယ်။ သမီး ဟန်နီနိုင်ကိုတော့ ဦးလေးတို့ကပဲကြားထဲက တောင်းပန်ပါတယ်။ ကိစ္စတွေက ဒီလိုတွေဖြစ်သွားတော့ သမီးကလဲ စစ်ကိုလက်လွှတ်ပေးပါ ' ဟုပြောလေသည်။
'ရပါတယ်ဦးရယ် သမီးခွင့်လွှတ်ပါတယ်။ ခက်နဲ့ဆိုရင် ကိုကို့ကိုစိတ်ချပြီးသားပါ။ ခက်ကလဲကိုကို့ကို ချစ်နေတာဆိုတော့လေ အဟင်း ' ဟန်နီ့ရဲ့အပြောကြောင့် စစ်ပိုပြီးဒေါသထွက်သွားကာ ဦးမင်းထက်ဆွဲထားတာကို အတင်းရုန်းလိုက်ပြီး ခက်ကို ထပ်ထိုးလေသည်။
'မင်းကြောင့်..မင်းကြောင့်..ငါ့ချစ်သူနဲ့ကွဲတာကို ဘာ..မင်းကငါ့ကိုချစ်တယ်ဟုတ်လား? ရွံစရာကောင်းတဲ့ကောင်၊ အရှက်မရှိတဲ့ကောင်။ daddyတို့ကိုတစ်ခါတည်းပြောထားလိုက်မယ် ကျနော်
ဒီကောင့်ကိုမယူနိုင်ဘူး' ထိုအခါ ဦးမင်းထက်က
'မင်းမယူလို့မရဘူးစစ်၊ ခက်မှာမွေးကတည်းက သားအိမ်ပါလာတာ၊ သူ့မှာ ကိုယ်၀န်ရသွားနိုင်တယ်။မင်းသူ့ကိုတာ၀န်ယူပေးရမယ်။ ပြီးတော့ ငါစောစောကပဲ ဒေါ်သဇင်ခက်တို့ကို ကတိပေးပြီးသွားပြီ။
မင်းတို့ ၂ယောက်ကိုလက်ထပ်ပေးပါ့မယ်ဆိုပြီးတော့' ဦးမင်းထက်အပြောကြောင့် စစ်ခဏလေးသတိလွတ်သွားသော်လည်း ချက်ချင်းပင်
'အဟက် ယောကျာ်းလေးတစ်ယောက်ဖြစ်နေပြီး သားအိမ်ပါတယ်တဲ့လား? နိမ့်ကျလိုက်တဲ့ကောင်၊
ဒီလိုကောင်ကိုကျနော်ကဘာလို့ယူရမှာလဲ? ယောကျာ်းဖြစ်နေပြီး မိန်းကလေးတစ်ယောက်လိုဖြစ်နေတဲ့ကောင်ကို တသက်လုံးယူမှာမဟုတ်ဘူး'
'ဟာ ဒီကောင်က ပြောလေကဲလေပါလား'
ဦးမင်းထက် စိတ်တိုတိုနှင့် စစ်ကိုထိုးမယ်ပြင်တော့ ဦးစစ်သော်ကပဲ ၀င်ဆွဲရပြန်သည်။
'ထိုးလေ..ထိုးလိုက်စမ်းပါ။ ဒီလိုကောင်ကို မယူရရင်ပြီးတာပဲ။ ပြီးတော့ ဒီကောင်ကသားအိမ်ပါလာတယ်ပဲထားအုံး တစ်ကြိမ်လေးအတူနေမိရုံနဲ့ ကလေးရနိုင်လို့လား? တကယ်သာအဲ့လိုဆိုရင်တော့ ခက်ထန် မင်းကတော်တော်အညှာလွယ်တဲ့ကောင်ပဲ အဟက် '
Advertisement
'ခွပ်' အသံနှင့်အတူ စစ်ရဲ့မျက်နှာလည်ထွက်သွားသည်။ ဘယ်သူထိုးတာလဲဟုကြည့်လိုက်တော့
ဦးမင်းထက်သူ့ကို ထိုးဖို့ရွယ်တာကို ဆွဲထားတဲ့
ဦးစစ်သော်ဖြစ်နေသည်။
'မင်း ဘာလို့မိုက်ရိုင်းနေရတာလဲ မင်းစစ်မောင်။ မင်းကိုငါ ၀မ်းအနာခံပြီးမွေးထားတာ အခုလိုမျိုး သူများသားသမီးကို တာ၀န်မယူပဲ ရိုင်းစိုင်းနေဖို့မဟုတ်ဘူးကွ'
ပြောလဲပြော ထပ်ထိုးမည်ပြင်နေတဲ့ ဦးစစ်သော်ကို ပြန်ထိန်းနေရတဲ့သူက ဦးမင်းထက်။ စစ်ကတော့ လှောင်ရယ်လိုက်ပြီး
'အဟက် ဘယ်သူကမွေးခိုင်းထားလို့လဲ?
ကျနော်ကတော့ ဒီလိုအောက်တန်းကျတဲ့ကောင်ကို မယူနိုင်ဘူး။ ' ဟုပြောလေတော့ ဦးမင်းထက်က
'အေး မင်းမယူဘူးဆိုရင်တော့ မင်းကို ခက်ကိုယ်စားငါတို့တရားစွဲရလိမ့်မယ်။ ပြီးတော့ မင်းကိုလဲ သားအဖြစ်ကစွန့်လွှတ်မယ်။ နောက်ဆုံး မင်းသိပ်ချစ်ရပါတယ်ဆိုတဲ့ ဟန်နီနိုင်ရဲ့အဖေကို ထောင်ထဲပို့ဖို့အထိ ငါစဥ်းစားထားပြီးသား။ ဟန်နီနိုင်ရဲ့အဖေက ဘယ်အလုပ်တွေလုပ်နေလဲ မင်းသိပါတယ်။ သူ့အဖေသာထောင်ထဲရောက်သွားရင် ဟန်နီနိုင်တစ်ယောက်ထဲ ဘယ်လိုကျန်ခဲ့မလဲ? ငါအစကတော့ သူတို့ကိစ္စတွေမှာ ၀င်မပါတော့ဘူးလုပ်ထားတာ။ အခုမင်းက ခက်နဲ့လက်ထပ်မယ့်ကိစ္စကိုငြင်းမယ်ဆိုရင်တော့ မင်းကြိုက်တာရွေးလိုက်'
'ခက်ထန် သား ရရဲ့လား? သားရဲ့မိဘတွေကို ခွင့်တောင်းပြီးသွားပြီ။ ဒီနေ့ကစပြီး သားက ဦးတို့အိမ်မှာပဲလိုက်နေရတော့မှာ'
ဦးစစ်သော်က ဆိုလေသည်။ စစ်မှာလည်း သူ့အဖေကိုမနိုင်မှန်းသိသဖြင့်
'ကောင်းပြီလေ။ ဒါဆိုရင် daddyတို့ပြောတာကိုလက်ခံမယ်။ အဲ့ဒီအစား ဟန်နီ့ကိုမှဲ့တစ်ပေါက်တောင်မစွန်းပါစေနဲ့။ ပြီးတော့ daddyတို့အရင်
ပြန်နှင့်လိုက်။ ကျနော်ဟန်နီနဲ့ပြောစရာရှိသေးတယ်'
စစ်အပြောကြောင့် ဦးမင်းထက်က ရှေ့ကထွက်သွားပြီး ဦးစစ်သော်ကခက်ကိုတွဲကာ နောက်ကလိုက်လေသည်။ အကုန်ထွက်သွားတော့မှ ဟန်နီ့ဘက်ကိုလှည့်လိုက်ကာ
'ဟန်နီ..ကိုကိုတောင်းပန်ပါတယ်ကွာ။ ကိုကိုလေ
ဟန်နီ့ကို သစ္စာဖောက်တာမဟုတ်ရပါဘူး။ ဒါတွေက...' စစ်ဆက်ပြောမည်ပြုတော့ ဟန်နီက စစ်ရဲ့ပါးစပ်ကို လက်နဲ့ကာလိုက်ပြီး
'မပြောပါနဲ့တော့ကိုကိုရယ်။ ဟန်နီကလေ ကိုကို့ကို
ခွင့်လွှတ်ပေးပြီးသားပါ။ ပြီးတော့ ခက်ကလည်း
ကိုကို့ကိုချစ်နေတာဆိုတော့ ဟန်နီစိတ်ချပါတယ်'
'ခက်ထန်က ကိုယ့်ကိုချစ်နေတယ်ဆိုတာ ဟန်နီကဘယ်လိုလုပ်သိတာလဲ?'
'တကယ်တော့ ကိုကိုနဲ့ဟန်နီရည်းစားဖြစ်ကတည်းက ခက်ကဟန်နီ့ကို၀န်ခံထားတာ။ သူ
ကိုကို့ကိုချစ်နေတဲ့အကြောင်း၊ ဟန်နီ့ကိုလက်လျှော့ပေးပါဆိုတဲ့အကြောင်းတွေပေါ့'
'တကယ်လား?'
'ကိုကိုမယုံဘူးမလား။ ကိုကိုမယုံရင် ဟန်နီသက်သေပြမယ်' ဟုဆိုကာ ဖုန်းထဲမှာအသံသွင်းထားတာကို
ဖွင့်ပြလေသည်။
📱မင်းထင်နေသလို ငါကစစ်ကိုကြိုက်နေတာမဟုတ်ဘူး။ ချစ်လာခဲ့တာ။ ဒါကလည်း အခုမှမဟုတ်ဘူး ၈တန်း ၉တန်းကတည်းကချစ်လာခဲ့ရတာ'📱
[ဒါလေးက ရှေ့အခန်းတွေမှာပါပါတယ်နော်။ ခက်က ဟန်နီနိုင့်ကိုပြောပြတာကို ဟန်နီနိုင်က အသံသွင်းထားတာပါ]
နားထောင်ပြီးသွားတော့ စစ် မေးကြောတွေထောင်လာတဲ့အထိအံကြိတ်မိလေသည်။
'တောက်...မိန်းမလိုမိန်းမရနဲ့ကောင် ရွံဖို့ကောင်းလိုက်တာ တောက် '
'စိတ်မဆိုးပါနဲ့တော့ကိုကိုရယ်။ ခက်ကကိုကို့ကိုချစ်လွန်းလို့ ဆေးခတ်ပြီးအရယူလိုက်တာနေမှာပါ။
ပြီးတော့လေ ဟန်နီက အခုကိုကို့ရဲ့ တရား၀င်ဇနီး
မဖြစ်နိုင်တော့ပေမယ့် ကိုကိုသာကြည်ဖြူမယ်ဆိုရင် ဒုတိယနေရာလေးတော့ လိုချင်တယ် ' ဟန်နီနိုင်ရဲ့
ငိုသံစွက်နေတဲ့ အသံကိုကြားရတော့
စစ်တစ်ယောက်အသဲမမာနိုင်။
'ကိုကိုက ခွင့်ပြုပြီးသားပါ။ တကယ်ဆို ဟန်နီကတောင် နစ်နာအုံးမှာ'
'ကိစ္စမရှိဘူး ကိုကို့ကိုချစ်နေတာမို့'
'ကျေးဇူးတင်ပါတယ်ဟန်နီရယ်။ ဟန်နီစိတ်ချပါ ကိုကို ခက်ထန်နဲ့လက်ထပ်ရပေမယ့် သူနဲ့အတူမနေဘူး၊ ဟန်နီ့အနားမှာပဲနေမှာ'
'ဟုတ်ကဲ့ကိုကို' ဟန်နီနိုင်ပြောနေတုန်းမှာပဲ ဦးဇွဲနိုင်ရောက်ချလာပြီး
'သမီး daddyပြောစရာရှိတယ်' ဟုဆိုကာ ဟန်နီနိုင့်ကိုဆွဲခေါ်သွားလေတော့သည်။ စစ်လည်း အိမ်ကိုပြန်လာခဲ့သည်။ လမ်းတစ်လျှောက်မှာတော့
'ခက်ထန် အဟက် ငါ့ကိုချစ်တယ်တဲ့လား? ကောင်းပြီလေ ငါ့ကိုချစ်တဲ့အတွက် ခံစားဖို့သာပြင်ထားလိုက်တော့' ဟု ကြိမ်းဝါးလာခဲ့လေသည်။
Hotelမှာတော့...
'ကဲ ဘယ်လိုလဲ ပြောတော့ မင်းစစ်မောင်ကိုအပိုင်ဖမ်းမှာဆို။ အခန်းထဲရောက်တော့ ပြောထားတာနဲ့တခြားဆီပါလားဟန်နီနိုင်? ငါ့ companyက ဘယ်လိုလုပ်ရတော့မလဲ ဟမ်? '
'ဟန်နီလဲ သေချာပေါက်အောင်မြင်ပြီထင်နေတာပေါ့။ ခက်ထန်ဆိုတဲ့ကောင်က ယောကျာ်းလေးတန်မဲ့သားအိမ်ပါနေပြီး မင်းစစ်မောင်ကိုတာ၀န်ယူခိုင်း
လိမ့်မယ်လို့မှမထင်ခဲ့တာ၊ ဒါပေမယ့် daddy
စိတ်မပူပါနဲ့ မင်းစစ်မောင်က ခက်ထန်ကိုမချစ်ဘူး၊ ဟန်နီ့ကိုပဲချစ်တာ၊ ပြီးတော့ အခုချိန် သူက ဟန်နီ့
အပေါ်အပြစ်လုပ်ထားသလိုခံစားနေရတော့ ဟန်နီတောင်းဆိုသမျှလိုက်လျောပေးမှာပါ အဟင်း'
'အိုခေလေ သမီးဇာတ်ကိုသမီးနိုင်ရင်ပြီးတာပဲ။ daddyအတွက်ကတော့ companyမဆုံးရှုံးရဖို့ကအဓိကပဲ။ ဒါနဲ့ ဆေးကိစ္စကသမီးလက်ချက်မှန်းသိကြလား?'
'မသိပါဘူး၊ မင်းစစ်မောင်က မွှန်နေတာလေ၊ ဟန်နီဘာပြောပြောယုံတဲ့ ငတုံးကောင်၊ အဲ့ဒါကြောင့်
ဟန်နီက ခက်ထန်လက်ချက်လို့ပြောလိုက်တော့
သူယုံသွားတယ်။ ခက်ထန်ကိုမင်းစစ်မောင်
ဘယ်လိုတွေနှိပ်စက်မလဲ စိတ်၀င်စားစရာကောင်းလိုက်တာ အဟင်းး' သားအဖနှစ်ယောက်ကတော့ အကုန်လုံးကိုလှောင်ရယ်နေလေသည်။
To be continued.....
[A/N... မနက်ဖြန်တစ်ရက်တော့ updateနားပါမယ်ရှင်။ ဖတ်ပေးကြတဲ့သူတွေအကုန်လုံးကို ကျေးဇူးတင်လျှက်ပါရှင့်။ 愛你愛你 💚💚💚]
Zawgyi
အခန္းထဲက lockခ်ထားတာမို႔ ပါလာတဲ့ေသာ့အပိုနဲ႔ ဖြင့္လိုက္ေတာ့ ျမင္လိုက္ၾကရသည္က.....
ခက္ကိုေပြ႕ဖက္ထားၿပီး အိပ္ေပ်ာ္ေနေသာ စစ္။
၂ေယာက္လုံး အေပၚပိုင္းဗလာက်င္းေနၾကကာ ေစာင္အပါးေလးတစ္ထည္ကိုသာ ခါးထိလႊမ္းၿခဳံထားသည္။
သူတို႔ ၂ေယာက္ကိုျမင္လိုက္ၾကတဲ့ သူေတြမွာေတာ့ ေျပာစရာစကားလုံးမ်ားေပ်ာက္ဆုံးေနၾကေလသည္။
အပ္က်သံပင္ၾကားရေလာက္ေအာင္ တိတ္ဆိတ္ေနေသာအခန္းငယ္ေလးထဲတြင္ ပထမဆုံးသတိ၀င္လာၿပီး တိတ္ဆိတ္မႈကိုၿဖိဳခြင္းခဲ့သူကေတာ့ စစ္ရဲ႕ Daddy ဦးမင္းထက္။
'ဒါ..ဒါက ဘယ္လိုျဖစ္ေနၾကတာလဲ? စစ္..
မင္းစစ္ေမာင္ အခုခ်က္ခ်င္းထစမ္း' ပါးစပ္ကသာေအာ္ႏႈိးေနရတာ ကိုယ္တိုင္ကေတာ့ စစ္တို႔နားထိသြားမႏႈိးရဲေပ။ ဟန္နီႏိုင္မွာလဲ ျမင္ျမင္ခ်င္းေရွာ့ခ္ရသြားသည္။ ( ဒါဘယ္လိုအေျခအေနႀကီးလဲ။ အခု ခက္က ကိုကိုနဲ႔...။ ဆိုေတာ့လည္း Plan Bစရတာေပါ့။ သူတို႔ ၂ေယာက္ႏိုးလာရင္ ငါက သူေတာ္ေကာင္းေယာင္ေဆာင္ၿပီး စစ္ကိုခြင့္လႊတ္ေၾကာင္းေျပာမယ္။
Advertisement
တဆက္တည္း ခက္ထန္ကစစ္အေပၚမွာခံစားခ်က္ေတြရွိတာကိုပါေျပာလိုက္မယ္ဆိုရင္...gayမုန္းတဲ့ မင္းစစ္ေမာင္တစ္ေယာက္ ဘယ္လိုေနမလဲ?*)
'ဒါက ဘယ္လိုျဖစ္ေနၾကတာလဲ!!!' ေအာ္သံၾကားရာကိုၾကည့္မိၾကေတာ့ ခက္ရဲ႕မိဘေတြျဖစ္တဲ့ ဦးဥကၠာနဲ႔ ေဒၚသဇင္ခက္။ သူတို႔ေနာက္မွာေတာ့ ဦးဇြဲႏိုင္။ ဒီအခ်ိန္ဆိုရင္ ဟန္နီႏိုင္က စစ္ကိုအမိဖမ္းထားၿပီးေလာက္ၿပီလို႔ အပိုင္တြက္ထားကာ M.T နဲ႔ Zwe company ၂ခု ပူးေပါင္းေၾကာင္းကိုပါ တစ္ခါထဲေၾကျငာလိုက္မယ္ဟုေသာအေတြးျဖင့္
ၿပိဳင္ဖက္ျဖစ္သူ ဦးဥကၠာတို႔ကို ဖုန္းဆက္ေခၚလိုက္တဲ့ ဦးဇြဲႏိုင္ဟာ မိမိေရွ႕က ျမင္ကြင္းေၾကာင့္ ၾကက္ေသေသသြားသည္။ သူဦးဥကၠာတို႔ကို ေခၚလိုက္တာက
သူတို႔က်ရႈံးခန္းကိုၾကည့္ခ်င္လို႔။ သို႔ေပမယ့္
ျမင္လိုက္ရတဲ့ျမင္ကြင္းက သူေမွ်ာ္လင့္ထားသလိုျဖစ္မလာခဲ့ေပ။
ေဒၚသဇင္ခက္မွာေတာ့ မိမိေရွ႕ကျမင္ကြင္းေၾကာင့္ မူးလဲေတာ့မလိုျဖစ္သြားသျဖင့္ ဦးဥကၠာကထိန္းေပးထားရသည္။
နားထဲမွာဆူဆူညံညံအသံေတြၾကားေနရသျဖင့္
စစ္တစ္ေယာက္ မ်က္လုံးကိုဖြင့္ၾကည့္မိေလသည္။ တစ္ဆက္ထဲ ခံစားလိုက္ရတာက ရင္ခြင္ထဲရွိ အိစက္ေနတဲ့တစ္စုံတစ္ခု။ စစ္ေသခ်ာၾကည့္မိေတာ့ သူ႔ရင္ခြင္ထဲကသူဟာတျခားသူမဟုတ္။ ခက္ျဖစ္ေနေလသည္။ ထိတ္လန္႔စြာနဲ႔ပဲ ေဘးပတ္လည္ကလူမ်ားကိုၾကည့္မိေတာ့ ဦးမင္းထက္ကပင္
'စစ္ အက်ႌေတြ၀တ္ၿပီး အျပင္ထြက္လာခဲ့။ ငါတို႔အျပင္ကေစာင့္ေနမယ္။ မင္းနဲ႔ရွင္းစရာေတြရွိေနေသးတယ္' ဟုဆိုကာ အျပင္ထြက္သြားေလသည္။ က်န္သူမ်ားမွာလဲ အလွ်ိဳလွ်ိဳထြက္သြားၾကရာ အခန္းထဲမွာ ခက္နဲ႔သူ ၂ေယာက္သာက်န္ခဲ့ေလသည္။
'ခက္..ခက္ထန္..ထစမ္း အခုခ်က္ခ်င္းထ!! ' အကုန္လုံးထြက္သြားမွ ခက္ကိုဇြတ္အတင္းႏႈိးေလသည္။ ထိုအခါမွ ခက္လည္း မ်က္စိဖြင့္ၾကည့္လိုက္ေတာ့ သူ႔ကို စားမတတ္ဝါးမတတ္ၾကည့္ေနတဲ့ စစ္။ အခုမွသတိရသည္ ေစာေစာက သူနဲ႔စစ္....။
'စ..စစ္.. '
'ေအး ငါ.. မင္းကအရမ္း႐ြံဖို႔ေကာင္းတာပဲ။ ေတာက္..gayေတြကိုမုန္းေနတဲ့ငါက ေယာက်ာ္းေလးတစ္ေယာက္နဲ႔အတူအိပ္မိရတယ္လို႔။ အခုငါတို႔ပုံစံေတြကို ဟန္နီျမင္သြားၿပီ။ မင္းဘယ္လိုရွင္းျပမွာလဲ ေျပာ! ဟန္နီငါ့ကိုမုန္းသြားရင္ ဘယ္လိုလုပ္မွာလဲ ? ဟမ္? ငါေမးေနတယ္ ေျဖေလ!!'
စစ္ေအာ္လိုက္ေတာ့ ခက္ ခ်က္ခ်င္းပင္ မ်က္ရည္ဝဲတက္လာကာ
'ငါ..ငါ တမင္လုပ္တာမဟုတ္ပါဘူး စစ္ရာ။ အခု.. အခုကိစၥက..'
'ေတာ္ေတာ့! မင္းဘာမွဆက္မေျပာနဲ႔! အာ.. ငါေမ့ေနတာ မင္းကေယာက်ာ္းေလးပဲ ကိုယ္၀န္မရႏိုင္ဘူးေလ။ အဲ့ဒီေတာ့ ငါလဲမင္းကိုတာ၀န္ယူစရာမလိုဘူး။
အဟားးး အခုမွသတိရတာပဲ။ အ၀တ္ေတြ၀တ္ၿပီး ဆင္းလာခဲ့။' ဟုဆိုကာ စစ္လဲ အက်ႌေတြျပန္၀တ္လိုက္ၿပီး ေအာက္ကိုဆင္းသြားေလသည္။ က်န္ခဲ့တဲ့ခက္မွာေတာ့ တစ္ကိုယ္လုံးကိုင္႐ိုက္ထားသလိုျဖစ္ေနတာမို႔ စစ္လို အျမန္မလုပ္ႏိုင္။ အက်ႌကို ေျဖးေျဖးခ်င္း၀တ္ေနရေလသည္။ ထို႔ေနာက္မွာေတာ့ ေအာက္ကိုဆင္းသြားရသည္။ ေျခတစ္လွမ္း လွမ္းလိုက္တိုင္း တစ္ခါနာက်င္ရသည္။ ေအာက္သို႔ေရာက္ေတာ့
ေမေမတို႔ကို မေတြ႕ရေတာ့ေပ။ စစ္ရဲ႕ မိဘဟုထင္ရေသာ ဦးေလး ၂ေယာက္ႏွင့္ ဟန္နီႏိုင့္ကိုသာေတြ႕ရသည္။ မင္းခန္႔ကလဲ ဘယ္အခ်ိန္ကတည္းကျပန္သြားမွန္းမသိေတာ့။ ခက္ ဆင္းလာတာကိုေတြ႕တာနဲ႔ စစ္က ေျပးၿပီးထိုးေလသည္။
'ေခြးေကာင္..႐ြံစရာေကာင္းတဲ့ေကာင္..မင္းေၾကာင့္ မင္းေၾကာင့္ ငါဟန္နီနဲ႔မယူရေတာ့ဘူး မင္းသိလား ဟမ္' ေျပာရင္းနဲ႔ထပ္ထိုးမယ္လုပ္တဲ့စစ္ကို
ဦးမင္းထက္ကဆြဲထားရသည္။ ခက္မွာေတာ့ နဂိုကရွိေနတဲ့ အနာေတြအျပင္ အထိုးခံရတာေၾကာင့္ေရာ၊ ေျမျပင္ေပၚကိုအရွိန္နဲ႔က်သြားတာပါ ေပါင္းၿပီး ျပန္မထႏိုင္ေတာ့ေပ။ ဦးစစ္ေသာ္လာထူမွ ထႏိုင္ေလသည္။ ဦးမင္းထက္ကေတာ့
'စစ္..ဒီကိစၥမွာ မင္းလဲမွားတာပဲ။ ဘာလို႔ခက္ကိုပဲအျပစ္ေျပာေနရတာလဲ? ၿပီးေတာ့ ေနာက္တစ္ပတ္ထဲမွာပဲ မင္းတို႔ကို လက္ထပ္ေပးမယ္။ သမီး ဟန္နီႏိုင္ကိုေတာ့ ဦးေလးတို႔ကပဲၾကားထဲက ေတာင္းပန္ပါတယ္။ ကိစၥေတြက ဒီလိုေတြျဖစ္သြားေတာ့ သမီးကလဲ စစ္ကိုလက္လႊတ္ေပးပါ ' ဟုေျပာေလသည္။
'ရပါတယ္ဦးရယ္ သမီးခြင့္လႊတ္ပါတယ္။ ခက္နဲ႔ဆိုရင္ ကိုကို႔ကိုစိတ္ခ်ၿပီးသားပါ။ ခက္ကလဲကိုကို႔ကို ခ်စ္ေနတာဆိုေတာ့ေလ အဟင္း ' ဟန္နီ႔ရဲ႕အေျပာေၾကာင့္ စစ္ပိုၿပီးေဒါသထြက္သြားကာ ဦးမင္းထက္ဆြဲထားတာကို အတင္း႐ုန္းလိုက္ၿပီး ခက္ကို ထပ္ထိုးေလသည္။
'မင္းေၾကာင့္..မင္းေၾကာင့္..ငါ့ခ်စ္သူနဲ႔ကြဲတာကို ဘာ..မင္းကငါ့ကိုခ်စ္တယ္ဟုတ္လား? ႐ြံစရာေကာင္းတဲ့ေကာင္၊ အရွက္မရွိတဲ့ေကာင္။ daddyတို႔ကိုတစ္ခါတည္းေျပာထားလိုက္မယ္ က်ေနာ္
ဒီေကာင့္ကိုမယူႏိုင္ဘူး' ထိုအခါ ဦးမင္းထက္က
'မင္းမယူလို႔မရဘူးစစ္၊ ခက္မွာေမြးကတည္းက သားအိမ္ပါလာတာ၊ သူ႔မွာ ကိုယ္၀န္ရသြားႏိုင္တယ္။မင္းသူ႔ကိုတာ၀န္ယူေပးရမယ္။ ၿပီးေတာ့ ငါေစာေစာကပဲ ေဒၚသဇင္ခက္တို႔ကို ကတိေပးၿပီးသြားၿပီ။
မင္းတို႔ ၂ေယာက္ကိုလက္ထပ္ေပးပါ့မယ္ဆိုၿပီးေတာ့' ဦးမင္းထက္အေျပာေၾကာင့္ စစ္ခဏေလးသတိလြတ္သြားေသာ္လည္း ခ်က္ခ်င္းပင္
'အဟက္ ေယာက်ာ္းေလးတစ္ေယာက္ျဖစ္ေနၿပီး သားအိမ္ပါတယ္တဲ့လား? နိမ့္က်လိုက္တဲ့ေကာင္၊
ဒီလိုေကာင္ကိုက်ေနာ္ကဘာလို႔ယူရမွာလဲ? ေယာက်ာ္းျဖစ္ေနၿပီး မိန္းကေလးတစ္ေယာက္လိုျဖစ္ေနတဲ့ေကာင္ကို တသက္လုံးယူမွာမဟုတ္ဘူး'
'ဟာ ဒီေကာင္က ေျပာေလကဲေလပါလား'
ဦးမင္းထက္ စိတ္တိုတိုႏွင့္ စစ္ကိုထိုးမယ္ျပင္ေတာ့ ဦးစစ္ေသာ္ကပဲ ၀င္ဆြဲရျပန္သည္။
'ထိုးေလ..ထိုးလိုက္စမ္းပါ။ ဒီလိုေကာင္ကို မယူရရင္ၿပီးတာပဲ။ ၿပီးေတာ့ ဒီေကာင္ကသားအိမ္ပါလာတယ္ပဲထားအုံး တစ္ႀကိမ္ေလးအတူေနမိ႐ုံနဲ႔ ကေလးရႏိုင္လို႔လား? တကယ္သာအဲ့လိုဆိုရင္ေတာ့ ခက္ထန္ မင္းကေတာ္ေတာ္အညႇာလြယ္တဲ့ေကာင္ပဲ အဟက္ '
'ခြပ္' အသံႏွင့္အတူ စစ္ရဲ႕မ်က္ႏွာလည္ထြက္သြားသည္။ ဘယ္သူထိုးတာလဲဟုၾကည့္လိုက္ေတာ့
ဦးမင္းထက္သူ႔ကို ထိုးဖို႔႐ြယ္တာကို ဆြဲထားတဲ့
ဦးစစ္ေသာ္ျဖစ္ေနသည္။
'မင္း ဘာလို႔မိုက္႐ိုင္းေနရတာလဲ မင္းစစ္ေမာင္။ မင္းကိုငါ ၀မ္းအနာခံၿပီးေမြးထားတာ အခုလိုမ်ိဳး သူမ်ားသားသမီးကို တာ၀န္မယူပဲ ႐ိုင္းစိုင္းေနဖို႔မဟုတ္ဘူးကြ'
ေျပာလဲေျပာ ထပ္ထိုးမည္ျပင္ေနတဲ့ ဦးစစ္ေသာ္ကို ျပန္ထိန္းေနရတဲ့သူက ဦးမင္းထက္။ စစ္ကေတာ့ ေလွာင္ရယ္လိုက္ၿပီး
'အဟက္ ဘယ္သူကေမြးခိုင္းထားလို႔လဲ?
က်ေနာ္ကေတာ့ ဒီလိုေအာက္တန္းက်တဲ့ေကာင္ကို မယူႏိုင္ဘူး။ ' ဟုေျပာေလေတာ့ ဦးမင္းထက္က
'ေအး မင္းမယူဘူးဆိုရင္ေတာ့ မင္းကို ခက္ကိုယ္စားငါတို႔တရားစြဲရလိမ့္မယ္။ ၿပီးေတာ့ မင္းကိုလဲ သားအျဖစ္ကစြန္႔လႊတ္မယ္။ ေနာက္ဆုံး မင္းသိပ္ခ်စ္ရပါတယ္ဆိုတဲ့ ဟန္နီႏိုင္ရဲ႕အေဖကို ေထာင္ထဲပို႔ဖို႔အထိ ငါစဥ္းစားထားၿပီးသား။ ဟန္နီႏိုင္ရဲ႕အေဖက ဘယ္အလုပ္ေတြလုပ္ေနလဲ မင္းသိပါတယ္။ သူ႔အေဖသာေထာင္ထဲေရာက္သြားရင္ ဟန္နီႏိုင္တစ္ေယာက္ထဲ ဘယ္လိုက်န္ခဲ့မလဲ? ငါအစကေတာ့ သူတို႔ကိစၥေတြမွာ ၀င္မပါေတာ့ဘူးလုပ္ထားတာ။ အခုမင္းက ခက္နဲ႔လက္ထပ္မယ့္ကိစၥကိုျငင္းမယ္ဆိုရင္ေတာ့ မင္းႀကိဳက္တာေ႐ြးလိုက္'
'ခက္ထန္ သား ရရဲ႕လား? သားရဲ႕မိဘေတြကို ခြင့္ေတာင္းၿပီးသြားၿပီ။ ဒီေန႔ကစၿပီး သားက ဦးတို႔အိမ္မွာပဲလိုက္ေနရေတာ့မွာ'
ဦးစစ္ေသာ္က ဆိုေလသည္။ စစ္မွာလည္း သူ႔အေဖကိုမႏိုင္မွန္းသိသျဖင့္
'ေကာင္းၿပီေလ။ ဒါဆိုရင္ daddyတို႔ေျပာတာကိုလက္ခံမယ္။ အဲ့ဒီအစား ဟန္နီ႔ကိုမွဲ႔တစ္ေပါက္ေတာင္မစြန္းပါေစနဲ႔။ ၿပီးေတာ့ daddyတို႔အရင္
ျပန္ႏွင့္လိုက္။ က်ေနာ္ဟန္နီနဲ႔ေျပာစရာရွိေသးတယ္'
စစ္အေျပာေၾကာင့္ ဦးမင္းထက္က ေရွ႕ကထြက္သြားၿပီး ဦးစစ္ေသာ္ကခက္ကိုတြဲကာ ေနာက္ကလိုက္ေလသည္။ အကုန္ထြက္သြားေတာ့မွ ဟန္နီ႔ဘက္ကိုလွည့္လိုက္ကာ
'ဟန္နီ..ကိုကိုေတာင္းပန္ပါတယ္ကြာ။ ကိုကိုေလ
ဟန္နီ႔ကို သစၥာေဖာက္တာမဟုတ္ရပါဘူး။ ဒါေတြက...' စစ္ဆက္ေျပာမည္ျပဳေတာ့ ဟန္နီက စစ္ရဲ႕ပါးစပ္ကို လက္နဲ႔ကာလိုက္ၿပီး
'မေျပာပါနဲ႔ေတာ့ကိုကိုရယ္။ ဟန္နီကေလ ကိုကို႔ကို
ခြင့္လႊတ္ေပးၿပီးသားပါ။ ၿပီးေတာ့ ခက္ကလည္း
ကိုကို႔ကိုခ်စ္ေနတာဆိုေတာ့ ဟန္နီစိတ္ခ်ပါတယ္'
'ခက္ထန္က ကိုယ့္ကိုခ်စ္ေနတယ္ဆိုတာ ဟန္နီကဘယ္လိုလုပ္သိတာလဲ?'
'တကယ္ေတာ့ ကိုကိုနဲ႔ဟန္နီရည္းစားျဖစ္ကတည္းက ခက္ကဟန္နီ႔ကို၀န္ခံထားတာ။ သူ
ကိုကို႔ကိုခ်စ္ေနတဲ့အေၾကာင္း၊ ဟန္နီ႔ကိုလက္ေလွ်ာ့ေပးပါဆိုတဲ့အေၾကာင္းေတြေပါ့'
'တကယ္လား?'
'ကိုကိုမယုံဘူးမလား။ ကိုကိုမယုံရင္ ဟန္နီသက္ေသျပမယ္' ဟုဆိုကာ ဖုန္းထဲမွာအသံသြင္းထားတာကို
ဖြင့္ျပေလသည္။
📱မင္းထင္ေနသလို ငါကစစ္ကိုႀကိဳက္ေနတာမဟုတ္ဘူး။ ခ်စ္လာခဲ့တာ။ ဒါကလည္း အခုမွမဟုတ္ဘူး ၈တန္း ၉တန္းကတည္းကခ်စ္လာခဲ့ရတာ'📱
[ဒါေလးက ေရွ႕အခန္းေတြမွာပါပါတယ္ေနာ္။ ခက္က ဟန္နီႏိုင့္ကိုေျပာျပတာကို ဟန္နီႏိုင္က အသံသြင္းထားတာပါ]
နားေထာင္ၿပီးသြားေတာ့ စစ္ ေမးေၾကာေတြေထာင္လာတဲ့အထိအံႀကိတ္မိေလသည္။
'ေတာက္...မိန္းမလိုမိန္းမရနဲ႔ေကာင္ ႐ြံဖို႔ေကာင္းလိုက္တာ ေတာက္ '
'စိတ္မဆိုးပါနဲ႔ေတာ့ကိုကိုရယ္။ ခက္ကကိုကို႔ကိုခ်စ္လြန္းလို႔ ေဆးခတ္ၿပီးအရယူလိုက္တာေနမွာပါ။
ၿပီးေတာ့ေလ ဟန္နီက အခုကိုကို႔ရဲ႕ တရား၀င္ဇနီး
မျဖစ္ႏိုင္ေတာ့ေပမယ့္ ကိုကိုသာၾကည္ျဖဴမယ္ဆိုရင္ ဒုတိယေနရာေလးေတာ့ လိုခ်င္တယ္ ' ဟန္နီႏိုင္ရဲ႕
ငိုသံစြက္ေနတဲ့ အသံကိုၾကားရေတာ့
စစ္တစ္ေယာက္အသဲမမာႏိုင္။
'ကိုကိုက ခြင့္ျပဳၿပီးသားပါ။ တကယ္ဆို ဟန္နီကေတာင္ နစ္နာအုံးမွာ'
'ကိစၥမရွိဘူး ကိုကို႔ကိုခ်စ္ေနတာမို႔'
'ေက်းဇူးတင္ပါတယ္ဟန္နီရယ္။ ဟန္နီစိတ္ခ်ပါ ကိုကို ခက္ထန္နဲ႔လက္ထပ္ရေပမယ့္ သူနဲ႔အတူမေနဘူး၊ ဟန္နီ႔အနားမွာပဲေနမွာ'
'ဟုတ္ကဲ့ကိုကို' ဟန္နီႏိုင္ေျပာေနတုန္းမွာပဲ ဦးဇြဲႏိုင္ေရာက္ခ်လာၿပီး
'သမီး daddyေျပာစရာရွိတယ္' ဟုဆိုကာ ဟန္နီႏိုင့္ကိုဆြဲေခၚသြားေလေတာ့သည္။ စစ္လည္း အိမ္ကိုျပန္လာခဲ့သည္။ လမ္းတစ္ေလွ်ာက္မွာေတာ့
'ခက္ထန္ အဟက္ ငါ့ကိုခ်စ္တယ္တဲ့လား? ေကာင္းၿပီေလ ငါ့ကိုခ်စ္တဲ့အတြက္ ခံစားဖို႔သာျပင္ထားလိုက္ေတာ့' ဟု ႀကိမ္းဝါးလာခဲ့ေလသည္။
Hotelမွာေတာ့...
'ကဲ ဘယ္လိုလဲ ေျပာေတာ့ မင္းစစ္ေမာင္ကိုအပိုင္ဖမ္းမွာဆို။ အခန္းထဲေရာက္ေတာ့ ေျပာထားတာနဲ႔တျခားဆီပါလားဟန္နီႏိုင္? ငါ့ companyက ဘယ္လိုလုပ္ရေတာ့မလဲ ဟမ္? '
'ဟန္နီလဲ ေသခ်ာေပါက္ေအာင္ျမင္ၿပီထင္ေနတာေပါ့။ ခက္ထန္ဆိုတဲ့ေကာင္က ေယာက်ာ္းေလးတန္မဲ့သားအိမ္ပါေနၿပီး မင္းစစ္ေမာင္ကိုတာ၀န္ယူခိုင္း
လိမ့္မယ္လို႔မွမထင္ခဲ့တာ၊ ဒါေပမယ့္ daddy
စိတ္မပူပါနဲ႔ မင္းစစ္ေမာင္က ခက္ထန္ကိုမခ်စ္ဘူး၊ ဟန္နီ႔ကိုပဲခ်စ္တာ၊ ၿပီးေတာ့ အခုခ်ိန္ သူက ဟန္နီ႔
အေပၚအျပစ္လုပ္ထားသလိုခံစားေနရေတာ့ ဟန္နီေတာင္းဆိုသမွ်လိုက္ေလ်ာေပးမွာပါ အဟင္း'
'အိုေခေလ သမီးဇာတ္ကိုသမီးႏိုင္ရင္ၿပီးတာပဲ။ daddyအတြက္ကေတာ့ companyမဆုံးရႈံးရဖို႔ကအဓိကပဲ။ ဒါနဲ႔ ေဆးကိစၥကသမီးလက္ခ်က္မွန္းသိၾကလား?'
'မသိပါဘူး၊ မင္းစစ္ေမာင္က မႊန္ေနတာေလ၊ ဟန္နီဘာေျပာေျပာယုံတဲ့ ငတုံးေကာင္၊ အဲ့ဒါေၾကာင့္
ဟန္နီက ခက္ထန္လက္ခ်က္လို႔ေျပာလိုက္ေတာ့
သူယုံသြားတယ္။ ခက္ထန္ကိုမင္းစစ္ေမာင္
ဘယ္လိုေတြႏွိပ္စက္မလဲ စိတ္၀င္စားစရာေကာင္းလိုက္တာ အဟင္းး' သားအဖႏွစ္ေယာက္ကေတာ့ အကုန္လုံးကိုေလွာင္ရယ္ေနေလသည္။
To be continued.....
[A/N... မနက္ျဖန္တစ္ရက္ေတာ့ updateနားပါမယ္ရွင္။ ဖတ္ေပးၾကတဲ့သူေတြအကုန္လုံးကို ေက်းဇူးတင္လွ်က္ပါရွင့္။ 愛你愛你 💚💚💚]
Advertisement
- In Serial122 Chapters
The Other World Dining Hall (WN)
There is a certain restaurant in the first basement level of a multi-tenant building in one corner of a shopping street near the office district. The historical 70-year-old restaurant, marked by a sign with a picture of a cat, is called “Western Cuisine Nekoya.” This restaurant looks completely normal through the week, but on Saturdays, it opens in secret exclusively to some very unique guests. During these hours, doors in various areas of a parallel world open to allow customers of many different races and cultures into the restaurant. This “Restaurant to Another World” and its food hold an exotic charm to these highly diverse customers. This is a story of the heartwarming, once-in-a-lifetime encounters between our reality and another world, between the restaurant’s customers and its owner, and the food shared among them all.
8 836 - In Serial22 Chapters
Tales of Cultivation
The Wu Clan is under attack, their cultivators prepare for a last stand. But when Wu Jian’s father makes the ultimate sacrifice, they have a chance at something more, something greater than just being a small clan on the outskirts of the Qin Dynasty. Join Wu Jian as he manoeuvres through the muddy waters of clan politics, cultivates towards immortality, and shows the world that messing with the Wu Clan is a very, very bad idea.
8 157 - In Serial56 Chapters
The Pianist || MYG || ✔
World famous pianist Min Yoongis life fell to ruins after the death of his wife. .Despite his guilt, he couldn't keep away from the piano, but could not bare to touch it..This is the story of his journey on once again learning how to love.©chimchimicorn
8 499 - In Serial38 Chapters
Playing with the Dead: The Dark Art of Bullshit
No one dreams of digging up the dead. No one fantasizes about the stench of rotting corpses. The truth is that the path to becoming a Necromancer is a series of mistakes and mishaps that eventually lead to fighting stuck up Paladins. This is a first hand account of what not to do on your journey to becoming an Undead Overlord. Calcium deficient readers beware. Updates on Thursdays, Saturdays, Mondays depending on when I have the time to write chapters
8 157 - In Serial30 Chapters
Picture Day (Inanimate Insanity AU)
[Picture Day Book 2 is up! Book 2: Lockdown]Moving schools can be hard, Fan would know.He recently moved schools mid-year and found it a little hard to fit in a first, but he made some good friends along the way.But when picture day arrives suddenly, Fan starts to realize this school may not be what it seems, something is being planned and Fan has yet to find out what it is.Unexpected things are in store for Fan and his newly-found friends, they will all just have to wait and see....(WARNING: Some Gore and blood.)(Characters by AnimationEpic on youtube)(This is my first story ive ever written in Wattpad so please dont judge, im not very experienced. The story may be a little uneventful at the beginning but im trying to make it more interesting as I go along!)[COMPLETE STORY]
8 184 - In Serial39 Chapters
SPENCER REID IMAGINES
Imagines for the one and only Spencer Reid.**Imagines taken from my Tumblr**Requests are open.
8 163

