《Let Me Start Again [Completed]》LMSA 22
Advertisement
လိင်တူချင်း တရား၀င်ယူခွင့်မရှိတဲ့နိုင်ငံမလို့ အသိမိတ်တွေတချို့ကိုသာ ဖိတ်ကြားခဲ့ပြီး စစ်တို့ခြံထဲမှာပဲ မင်္ဂလာပွဲလုပ်ခဲ့ရသည်။ အရာရာက မျက်စိတမှိတ်အတွင်းမှာပဲ ဖြစ်ပျက်သွားတာကြောင့် သက်နွယ်တို့တောင် ကြားကြားချင်းမယုံနိုင်ခဲ့ကြ။ သူတို့မယုံလဲ
မယုံချင်စရာ။
ယောကျာ်းလေးဖြစ်ပြီး သားအိမ်ပါလာတာက ၁၀၀မှာ ၁ယောက် တွေ့ဖို့ရှားလေသည်။
ဒေါ်သဇင်ခက်ကတော့ သူ့အမှားဟုသာ တွင်တွင်ပြောလေပြီးငိုနေလေသည်။ ခက်ကတော့ မေမေ့ကိုအပြစ်မတင်။ မေမေက ကလေးလိုချင်လွန်းလို့ ဆေးပေါင်းစုံသောက်ခဲ့ရတာပဲလေ။ သူ့ကိုမွေးပေးတာတောင်ကျေးဇူးတင်စရာကောင်းနေပြီ။ ခက်ကတော့ တစ်ဖက်မှာ ဟန်နီ့ကိုအားနာနေသလောက် တစ်ဖက်မှာတော့ ကိုယ်ချစ်ရတဲ့သူကို ပိုင်ဆိုင်ရတော့မှာမို့ ပျော်ရွှင်နေမိသည်။ ဘယ်သူမဆို ကိုယ်ချစ်တဲ့သူနဲ့ပဲ ဘ၀ကိုဖြတ်သန်းချင်ကြတာမလား။ စစ်ဘက်က ဘယ်လောက်ပဲမုန်းနေပါစေ ခက်အချစ်တွေကစစ်မှန်သဖြင့် မကြာခင်မှာပဲ ရောင်ပြန်ဟပ်လောက်မှာပါ။
သတို့သား ၂ယောက်ဖြစ်နေသဖြင့် မင်္ဂလာဆောင်သို့ လာကြတဲ့သူတိုင်းလိုလိုက ခက်တို့ ၂ယောက်ကို အထင်အမြင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်နေကြသည်။ စစ်ကပိုဆိုးတာပေါ့။ အဖေ ၂ယောက်က မွေးလာလို့ ကြီးလာတော့လဲ ယောကျာ်းပဲယူတာဆိုတဲ့အကြည့်တွေက သိသာလွန်းသည်။ သို့သော်လည်း ပတ်၀န်းကျင်ဆိုတာက အပြစ်မရှိအပြစ်ရှာပြောနေတတ်တာမဟုတ်လား? မင်းကကောင်းတာ အခု ၁၀၀လုပ်ပြီး အမှားလေးတစ်ခုပဲလုပ်မိတယ်ထားပါတော့။ ပတ်၀န်းကျင်က အမှားလုပ်မိတာကိုပဲ အကြိမ်ကြိမ်အခါခါပြောနေကြလိမ့်မယ်။ အရင်ကဘယ်လောက်ကောင်းကောင်း အမှားတစ်ခုလုပ်မိရင် မင်းကို ဟိုးအဝီစိထိ ဆွဲချသွားကြလိမ့်မယ်။ နေရာတိုင်းမှာ ပတ်၀န်းကျင်ကိုဂရုစိုက်နေရတာက မဟုတ်သေးဘူးလေ။ ချီးမွမ်းတစ်ခဏ ကဲ့ရဲ့တသက်လုံးဆိုတဲ့ ပတ်၀န်းကျင်စကားတွေကို ဂရုစိုက်နေရင် မင်းဘ၀မှာဘာတစ်ခုမှဖြစ်မြောက်အောင်မြင်မှာမဟုတ်။
သို့သော် စစ်ကတော့ ပတ်၀န်းကျင်ကိုဂရုစိုက်တဲ့သူတွေထဲမှာပါလေသည်။ ပွဲကိုလာကြတဲ့သူတွေက
သူ့ကို အထင်သေးတဲ့အကြည့်နဲ့ကြည့်လေ ခက်ကို မုန်းတီးစိတ်က ပိုလို့တိုးပွားလေပဲဖြစ်သည်။ စစ်ရဲ့မျက်နှာအမူအယာတွေကို စာအုပ်ဖတ်သလိုဖတ်တတ်နေတဲ့ခက်က
'စစ်... နည်းနည်းလေးပြုံးထားပေးလို့မရဘူးလားဟင်? ငါတောင်းဆိုတာပါ'
'အဟက်..ငါအရမ်းမုန်းနေတဲ့သူနဲ့ လက်ထပ်ရတာကို ငါကပျော်နေရမှာလား? ငါ့အပြုံးတွေက ဒီနေ့ကစပြီးပျောက်ကွယ်သွားပြီ။ ထပ်ပြီးပြုံးဖို့ရှိခဲ့ရင်တောင် အဲ့ဒါက မင်းကြောင့်မဟုတ်ဘူး၊ အေး..မင်းကိုပြုံးပြရမယ်ဆိုရင်တော့ မဲ့ပြုံးပဲဖြစ်လိမ့်မယ်။ ငါ့ကိုယူတဲ့အတွက် မင်းနောင်တရစေရမယ် ခက်ထန်'
စစ်စကားကြောင့် ခက်မျက်နှာပျက်သွားသော်လည်း ချက်ချင်းပြန်ထိန်းလိုက်ကာ
'မင်းစိတ်ကြိုက်ပဲစီမံပါ။ ငါကမင်းဘာလုပ်လုပ် ခွင့်လွှတ်ပေးမှာ ချစ်တာမလို့'
'မင်း...တောက်၊ ငါကတော့မင်းကို တသက်လုံးမုန်းနေမှာ အဲ့ဒါကိုမြဲမြဲမှတ်ထား!! ပြီးတော့ မင်းနဲ့လက်ထပ်လိုက်လို့ ဟန်နီနဲ့ငါက လမ်းခွဲသွားမယ်ထင်မနေနဲ့၊ ငါတို့က ဘယ်တော့မှလမ်းခွဲမှာမဟုတ်ဘူး!!'
စစ် ပြောပြီးတာနဲ့ ခက်အနားကထွက်သွားလေသည်။ စစ်ထွက်သွားရာကိုကြည့်လိုက်တော့ ခြံထဲကို ကြွကြွရွရွလမ်းလျှောက်ပြီး၀င်လာတဲ့ ဟန်နီနိုင်။
စစ်ကတော့ဟန်နီ့ကိုမြင်တာနဲ့ နှုတ်ခမ်းတွေကလည်း ပြုံးလာလေသည်။ ခက်ကတော့ သူတို့ ၂ယောက်ကိုသာကြည့်နေလေသည်။
'မင်း ခံစားနေရတယ်ဆိုရင် ငါတို့ကိုရင်ဖွင့်လို့ရတယ် ခက်။ မင်းဘက်မှာငါတို့တွေရှိသေးတယ်' အသံကြားရာကိုလှည့်ကြည့်လိုက်တော့ မင်းခန့်။ သူ့နောက်မှာ စိုးစံနိုင် သက်နွယ်နဲ့ ဂနိုင်တို့ကိုပါတွေ့ရလေသည်။ ဂနိုင်ကတော့
'ဟန်နီနိုင်က မျက်နှာပြောင်တိုက်လှချည်လား? မင်္ဂလာဆောင်ကို လာရဲတယ်ပေါ့' ဟုပြောတော့
'စစ်ကိုယ်တိုင်သူ့ကိုဖိတ်ထားတာ' ခက်ကဖြေလေသည်။
'ဘာလို့လဲ'
'ငါ့ကိုခံစားစေချင်လို့တဲ့။ ငါကစစ်နဲ့လက်ထပ်ထားပေမယ့် ဆိုင်သာဆိုင်ပြီး မပိုင်ကြောင်း၊ သူ့ကိုတကယ်ပိုင်တဲ့သူက ဟန်နီနိုင်ဆိုတာသိစေချင်လို့တဲ့'
'စစ်က တကယ် ရက်စက်တာပဲ' စိုးစံနိုင်က ၀င်ပြောလေသည်။ ခက်က
'ကိစ္စမရှိပါဘူး။ စစ်ကဟန်နီနိုင်နဲ့ဆိုရင်အမြဲတမ်း
ပြုံးနေတတ်တာလေ၊ စစ်ပျော်တယ်ဆိုရင်ပြီးတာပါပဲ' ဟုပြောလေတော့ ကျန်တဲ့လေးယောက်က သနားတဲ့မျက်လုံးတွေနဲ့ကြည့်နေကြသည်။ ဒါကိုရိပ်မိတဲ့ခက်က
'ကဲပါ မင်းတို့နဲ့ မတွေ့တာတောင်တော်ကြာပြီ။
လာလေ ငါတို့တစ်၀ိုင်းသက်သက်ထိုင်ပြီး စကားပြောကြရအောင်' ဟုဆိုကာ လူရှင်းတဲ့စားပွဲမှာ
၀င်ထိုင်လိုက်လေသည်။ ခက်၀င်ထိုင်လိုက်တော့ ကျန်တဲ့သူတွေလည်း ကိုယ်စီ ထိုင်မယ်ပြင်ကြလေသည်။ ခက်ကတော့ အစိုးကိုထိုင်ခုံဆွဲထုတ်ပေးတဲ့ မင်းခန့်ကိုလည်းကောင်း၊ သက်နွယ်ရဲ့ အပေါ်ထပ်အင်္ကျီကို ကူချွတ်ပေးနေတဲ့ ဂနိုင်ကိုလည်းကောင်း ကြည့်ကာ အကဲခပ်နေသည်။ ကိုယ်စီနေရာယူပြီးမှ
'မင်းတို့က ဘာတွေလဲ?' ဟုမေးလေတော့
'အဟွတ် အဟွတ်'
'အဟမ်း' ရေသီးတဲ့သူက သီး၊ ချောင်းဆိုးတဲ့သူက ဆိုးနဲ့ ဖြစ်ကုန်ကြသည်။
'မင်းတို့က တကယ်ပဲ...'
'ခက် မင်းထင်နေသလိုမဟုတ်ဘူးနော်။ ငါနဲ့ကိုကိုက အဲ..အဲ..မင်းခန့်က ဘာမှမဆိုင်ဘူး'
ဟု စိုးစံနိုင်က အကြောက်အကန်ငြင်းလေသည်။
'မဆိုင်ဘူးဆိုပြီးတော့ ကိုကို ဆိုတာက ဘယ်လိုလုပ်ထွက်လာတာလဲ? ယုံချင်စရာကောင်းလိုက်တာ'
ဟုပြောမှ မင်းခန့်က
'အဟမ်း... တကယ်တော့လေ ငါနဲ့ စိုးနဲ့က တွဲနေကြတာ အဟဲ'
'နေပါအုံး မင်းတို့က ဘယ်တုန်းက ဘယ်လိုတွေဖြစ်ကုန်ကြတာလဲ? ငါကျတော့ ဘာလို့ဘာမှမသိရတာလဲ ငါတစ်ယောက်ပဲမသိတာပေါ့ ဟုတ်လား?'
ဟုဆိုရာ သက်နွယ်ကပဲ
'အဲ့လိုလဲမဟုတ်သေးဘူးလေ ခက်ရယ်၊ တကယ်တော့ မင်းခန့်နဲ့အစိုး ကြိုက်နေကြတယ်ဆိုတာ ငါနဲ့အနိုင်လဲအခုမှသိရတာပဲ အစိုးက ငါတို့ကိုတောင်မပြောဘူး'
'အံမယ် နင်နဲ့ဂနိုင်ကြိုက်နေတာကျ ငါတို့ကိုပြောလို့လား? ငါ့ babyလေးကို ထိစရာမလိုဘူး' ဟုမင်းခန့်ကပြန်ပြောလေသည်။ ခက်ကတော့ ပွဲကြည့်ပရိသတ်ပဲလုပ်နေလိုက်သည်။ စားစရာတွေလာချတော့လဲ မင်းခန့်က စိုးစံနိုင်ပန်းကန်ထဲကို တစ်ခုပြီးတစ်ခုထည့်ပေးနေပြီး ဂနိုင်ကတော့ သက်နွယ်စားနေရင်း ပါးစပ်မှာပေသွားရင် သုတ်ပေးနေသည်။ အတွဲ ၂တွဲကြားရောက်နေတဲ့ခက်မှာသာ
( စစ်.. မင်းလဲငါ့ကို သူတို့လိုကြင်နာပေးရင် ဘယ်လောက်ကောင်းလိုက်မလဲ။ သင်္ကြန်တုန်းက အချိန်တွေကို အရမ်းသတိရတာပဲ။ အခုတော့ ငါကမင်းအတွက်အမုန်းခံလူသားတစ်ယောက်ထပ်မပိုတော့ပါလား *)
စစ်ရှိရာကိုကြည့်လိုက်တော့ နူးနူးညံ့ညံ့ပြုံးနေကာ ဟန်နီနိုင်စားနေတာကို တစိမ့်စိမ့်ထိုင်ကြည့်နေလေသည်။
ဧည့်သည်တွေအကုန်ပြန်သွားသဖြင့် ခက်လည်း စစ်ရဲ့အဖေတွေ လက်ဖွဲ့ပေးထားတဲ့ Condo ကို ပြန်လာခဲ့သည်။ စစ်ကတော့ ဟန်နီနိုင်ကို လိုက်ပို့ပေးနေသဖြင့် အိမ်ကိုမရောက်သေး။ စစ်က သူအိမ်ခွဲနေချင်တယ်ဟုပြောလျှင် သူ့အဖေတွေက
Advertisement
ခွင့်ပြုမပေးမှာကိုသိတာကြောင့် ခက်ကိုယ်တိုင်က အိမ်ခွဲနေချင်တဲ့ပုံစံနဲ့ ပြောခိုင်းလေသည်။ ခက်ပြောပေးသဖြင့် စစ်ရဲ့အဖေက တိုက်ခန်းတစ်ခုကိုလက်ဖွဲ့လေသည်။
စစ်ရဲ့အိမ်ခွဲနေချင်တဲ့အကြောင်းပြချက်ကလှသည်။ မိဘတွေနဲ့နေရရင် ခက်ကိုလွတ်လွတ်လပ်လပ်
မနှိပ်စက်ရမှာကြောက်လို့တဲ့။ နောက်တစ်ချက်က ကိုယ်ပိုင်တိုက်ခန်းနဲ့ဆိုရင် ဟန်နီနိုင့်ကိုပါ အိမ်ကိုအလည်ခေါ်လို့ရတာကြောင့်ပင်။ အခုလဲ ဧည့်ခံပွဲပြီးတာနဲ့ ဟန်နီနိုင့်ကိုပြန်လိုက်ပို့ပေးမယ်ဟုဆိုပြီး ထွက်သွားတာ ခက်ကိုတစ်စက်ကလေးမှတောင်
လှည့်ကြည့်မသွား။ စစ်အိမ်ကိုပြန်လာပါ့မလား။
နာရီကိုကြည့်မိတော့ ၁၂နာရီထိုးနေပြီ။ မင်္ဂလာဆောင်မှာပင်ပန်းထားသဖြင့် အိပ်ချင်နေသော်လည်း စစ်ပြန်မလာသေးသဖြင့် စောင့်နေရသည်။ ခက်တစ်ယောက် အိပ်ပျော်တော့မလိုဖြစ်သွားလိုက် လန့်နိုးသွားလိုက်နှင့် စစ်ကိုစောင့်နေတာ ၁နာရီတောင်ထိုးတော့မယ်။ ခဏနေတော့ တံခါးဖွင့်သံနဲ့အတူ အိမ်ထဲ၀င်လာတဲ့စစ်ကိုတွေ့ရလေသည်။ ဟုတ်သားပဲ သူနဲ့စစ်က တစ်ယောက်ကိုသော့တစ်ချောင်းစီရှိနေတာကိုမေ့နေတာ။
'စစ်..ပြန်လာပြီလား? '
'ငါပြန်လာလို့ မင်းမြင်နေရတာမဟုတ်ဘူးလား? စောက်ရေးမပါတာတွေမေးမနေနဲ့'
ပြောပြောဆိုဆို အခန်းထဲကို၀င်သွားတဲ့ စစ်က
ကိုယ့်ကိုယ်ကိုတောင် သိပ်ပြီးမထိန်းနိုင်။
( အရက်တွေအများကြီးသောက်လာတာပဲ။ ဒီလိုပုံနဲ့ အိမ်ထိကားမောင်းလာတာ ဘာမှမဖြစ်လို့တော်သေးတယ်*)
နောက်ဆုံးတော့ မနေနိုင်တဲ့ခက်ကပဲ စစ်ကို အိပ်ခန်းထဲသို့ တွဲပို့ပေးမယ်ပြင်လေသည်။
'မကိုင်နဲ့..မင်းငါ့ကိုလာတွဲပေးစရာမလိုဘူး။ ငါ့ကိုလဲလာမထိနဲ့ ရွံလွန်းလို့' ဟုပြောကာ ခက်ရဲ့လက်ကိုပုတ်ချပြီး အိပ်ခန်းထဲသို့၀င်သွားလေသည်။ ခက်ကတော့ မျက်ရည်မိုးရွာချင်နေသည်ကို ထိန်းသည့်
အနေဖြင့် မျက်တောင်လေးကို ပုတ်ခပ်ပုတ်ခပ်
လုပ်နေလေသည်။ စစ်ရဲ့ရှေ့မှာ သူမျက်ရည်ကျလို့မဖြစ်ဘူးမလား။ တော်ကြာ မျက်ရည်လွယ်တဲ့သူလို့ အထင်လွဲသွားလိမ့်မယ်။ အိပ်ခန်းထဲရောက်တော့ king size မွေ့ယာကြီးပေါ် တက်အိပ်နေတဲ့စစ်ကိုတွေ့လေသည်။ ခက်ကပဲ
'စစ်.. အင်္ကျီအရင်လဲပြီးမှအိပ်ပါလားဟင်။ ငါလဲပေးမယ်နော်'
'မလိုဘူး ငါ့ကိုမထိနဲ့လို့ပြောနေတယ်လေ!!!' စစ်ကအော်တော့ ခက်လဲဘာမှမပြောတော့ပဲ စစ်ဘေးနားမှာ၀င်အိပ်မည်ပြုလေသည်။
'မင်းကဘာလို့ဒီမှာအိပ်မှာလဲ ငါမင်းကိုရွံတယ်လို့ပြောနေတယ်လေ!! သွား ငါ့ဘေးနားမှာမအိပ်နဲ့ ထွက်သွား!!' သူ့ကိုတွေ့တာနဲ့ ရွံတယ်ဟု တဖွဖွပြောကာ နှင်ထုတ်နေတဲ့စစ်ကိုကြည့်ပြီး ခက်တစ်ယောက် ငိုချင်စိတ်ကိုထိန်းကာ
'စ..စစ် ဒီအခန်းမှာက အိပ်ခန်းတစ်ခန်းပဲပါတာလေ။ ကျန်တာက ဧည့်ခန်းနဲ့ မီးဖိုခန်းပဲကျန်တော့မှာ။ ငါက ဒီမှာမအိပ်ရင် အိပ်ရမယ့်နေရာမရှိတော့ဘူးလေ'
'ရေချိုးခန်းထဲသွားအိပ်'
[A/N...တကယ်တော့ ရေချိုးခန်းနဲ့ အိပ်ခန်းက
တွဲရက်ပါတာပါနော်]
'စ..စစ် မင်းဘာလို့အဲ့လောက်တောင်ရက်စက်ရတာလဲ'
'ရက်စက်တယ်! ငါနဲ့လက်ထပ်မယ်ဆိုကတည်းက ငါရက်စက်တာတွေခံဖို့ မင်းပြင်ဆင်ထားခဲ့သင့်တာ။ ရေချိုးခန်းထဲမအိပ်ချင်ဘူးဆိုတော့လဲ ဧည့်ခန်းထဲသွားအိပ်ပေါ့'
'ငါ..ငါ ဒီအောက်မှာပဲအိပ်လို့မရဘူးလားဟင်!
ဧည့်ခန်းထဲက ခြင်ကိုက်မှာစိုးလို့ပါ။ ငါမင်းကို မထိပါဘူး၊ မင်းဘေးမှာလဲမအိပ်ဘူးလေ၊ ငါ့ကို ဒီကုတင်အောက်မှာပဲ အိပ်ခွင့်ပေးလေ နော်'
'ကောင်းပြီလေ ဒါဆိုလဲအိပ်ပေါ့ ' ဟုဆိုကာ တစ်ဖက်ကိုလှည့်သွားတဲ့စစ်။
စစ်ဆီကခွင့်ပြုချက်ရတာနဲ့ ခက် ခေါင်းအုံးကိုယူကာ ကြမ်းပြင်ပေါ်သို့ချလိုက်သည်။ ခြေချရုံလေးဆိုရင်တောင် ကြွေပြားကပ်ထားတဲ့ ကြမ်းပြင်က
အေးနေတာ တကိုယ်လုံးလှဲအိပ်မယ်ဆိုရင် ဖြစ်ပါ့မလား? သို့သော်လဲ စစ်ရဲ့စိတ်တိုင်းကျ သူကြမ်းပြင်ပေါ်မှာအိပ်မှဖြစ်မည်။ စောင်ကလဲ နှစ်ယောက်ခြုံတစ်ထည်နှင့် စောင်အပါးတစ်ထည်သာရှိသည်။
တစ်ထည်ကို ခြုံထားပြီး တစ်ထည်ပေါ် ခြေထောက်တင်ထားသည့် စစ်ကိုကြည့်ကာ
'စစ်.. ငါ့ကို စောင်လေးတစ်ထည်လောက်ပေးလို့မရဘူးလား ငါခင်းအိပ်ချင်လို့'
'မရဘူး မင်းဘာသာဖြစ်သလိုအိပ် စောင်လာမတောင်းနဲ့။ တကယ်လို့ မအိပ်နိုင်ဘူးဆိုရင်တော့ အိမ်ကထွက်သွားလိုက်'
'ဟင့်အင်း..ငါ မင်းအနားက ဘယ်တော့မှထွက်မသွားဘူး။ ငါ..ငါ ဖြစ်အောင်အိပ်ပါ့မယ်'
ဟုဆိုကာ ဗီဒိုဖွင့်လိုက်ပြီး ခင်းအိပ်လို့ရမယ့် ပစ္စည်းများရှိမလားဟုရှာလိုက်သည်။ နောက်ဆုံးတော့ ပုဆိုး ၂ထည်ကိုသာ ခင်းလိုက်လေသည်။ ပင်ပန်းလွန်း
သဖြင့် မကြာခင်မှာပဲ ခက်အိပ်ပျော်သွားလေတော့သည်။ သို့သော်လည်း ၃နာရီလောက်မှာ ခက် လန့်နိုးလာသည်။ အကြောင်းကား သူအိပ်ပျော်နေတုန်း စစ်က airconကို မြှင့်လိုက်လို့။ စစ်ကတော့ စောင်ခြုံကာအိပ်နေသော်လည်း ခက်မှာတော့ ခြုံစရာတစ်ခုမှမရှိသဖြင့် အအေးဒဏ်ကို အလူးအလှိမ့်ခံနေရသည်။ ခက်ကအအေးကြောက်တတ်တာ သိသိနဲ့ တမင် airconကို မြှင့်ထားမှန်း
သိသော်လည်း ခက်ကတော့ ဘာမှမပြောတော့ပဲ နောက်ထပ်ပုဆိုးတစ်ထည်ထုတ်ကာ ခြုံအိပ်လိုက်သည်။ ကြမ်းပြင်ပေါ်အိပ်ရသည့်အပြင် airconက အအေးကိုမြှင့်ထားတာကြောင့် ခက်ခမျာ ခိုက်ခိုက်တုန်အောင်ချမ်းနေရက်နဲ့ပင် အိပ်ပျော်သွားလေတော့သည်။
To be continued.....
20.2.2016
မယုံချင်စရာ။
Advertisement
'ဘာလို့လဲ'
'အဟွတ် အဟွတ်'
'မင်းတို့က တကယ်ပဲ...'
ဟုပြောမှ မင်းခန့်က
ဟုဆိုရာ သက်နွယ်ကပဲ
Advertisement
- In Serial56 Chapters
Sadistic Player In A Fantasy Game World
"Life is meaningless. If I can't have fun then what is the point of living?" these were probably the thoughts that constantly plagued Gray's mind. Now that the world has changed drastically overnight, and powers and magical beasts have suddenly appeared, what will Gray's world be like? Will he finally be able to make the world the playground he so desperately desired. "Enjoy that feeling of pain. After all, you're only human." laughed Gray as he watched his last classmate be devoured. *******This is a new project I'm working on. The MC is different from other MCs, he has a mental disorder. If you like goody-two-shoes MCs then please don't read. Also, character growth is something I am fond of, so if you dislike this please also don't read. There are some gruesome scenes, and some may trigger a few readers, if you are soft-hearted please skip this book. I do not own the art and if there are complaints it will be changed. Around 12chaps/week update.
8 344 - In Serial77 Chapters
Pantheon
The Gods exist.But they need warriors.Time to meet the Guardians, chosen ones who represent the Gods on Earth. Greek, Norse, Egyptian, Slavic, Shinto, Hindu, Aztec, and the other pantheons of the world come together to make laws for humanity and rule different regions of this planet.Maitho Oruba is a Guardian under Olorun, the Yoruban God of Foresight. He has just one month to uncover a conspiracy that reaches into the depths of Heaven and Hell.In the end, he either saves humanity and earns his freedom.Or dies trying.
8 139 - In Serial6 Chapters
A Toaster Story
This is the story of a toaster, who fell off a counter and killed a freshman. He looked so sad just laying there, but the system absolutely loved him, when he evolved.
8 129 - In Serial9 Chapters
The Shadow of the Moon
In the boundless place,from which mere glimpses emerge,striking only the corner of the eye. Where the immobile frolic and dance,and the silent whisper,sweet songs of mute beauty. The favoured haven,of forgotten memories slipped on silver scales,from the minds of the innocent. There lies the shadow of the moon. A collection of fantasy short stories Cover art by https://www.instagram.com/chari_sweetsourtofuu/
8 97 - In Serial37 Chapters
I'm Glad You Found Me [mpreg]
He's not the first to encounter an alien. But he might be the first to fall in love with one.
8 134 - In Serial118 Chapters
Baby of the family
The story of Decs life(or my version of it)
8 120