《Let Me Start Again [Completed]》LMSA 24
Advertisement
Unicode
'စ..စစ်..ဘာ..ဘာဖြစ်လို့လဲဟင်? ' ခက် ထိတ်လန့်စွာမေးလိုက်တော့
'ဘာဖြစ်လို့လဲ ဟုတ်လား? ငါနဲ့ဟန်နီနဲ့သင်္ကြန်တူတူလည်တာရော ဟန်နီက ဒီမှာတစ်ပတ်တစ်ခါ ညအိပ်တာရော အကုန်လုံးကို မင်းကdaddyကိုပြန်တိုင်တယ်ပေါ့ ဟုတ်လား!! '
'စစ် မင်းပြောတာတွေ ငါတစ်ခုမှနားမလည်ဘူး။ ငါကဘာလို့ မင်းတို့ ၂ယောက်အကြောင်းကိုပြန်တိုင်ရမှာလဲ ?'
'မင်းမတိုင်ပဲနဲ့ daddyက ဘယ်လိုလုပ်သိသွားတာလဲ? ဟမ်!! လိမ်မယ်ဆိုရင်လဲ ယုံအောင်လိမ်ပေါ့။ မင်းက အရမ်းရွံဖို့ကောင်းတာပဲ'
'စ..စစ် ငါ..ငါ..တကယ်မတိုင်ရပါဘူး။ ငါ့ကို..ငါ့ကိုယုံပေးပါကွာ..ငါက..ငါကဘာလို ပြန်တိုင်ရမှာလဲ '
'ဘာလို့လဲဆိုတော့ မင်းကဟန်နီ့ကို မနာလိုနေလို့လေ။ ငါကမင်းကိုမချစ်ပဲ ဟန်နီ့ကိုချစ်နေတာမလို့ မင်း ဟန်နီ့ကို ရန်ငြှိုးထားနေတာ ငါမသိဘူးများ
မှတ်နေလား'
'မဟုတ်ဘူး!! မဟုတ်ဘူးလို့ပြောနေတယ်လေ !!! '
ခက် အားကုန်သုံးကာအော်တော့
'ဟက်! မင်းကများ ငါ့ကိုပြန်အော်ရဲသေးတယ်ပေါ့။ ဘယ်ကောင့်အားကိုးနဲ့ပြန်အော်ရဲတာလဲ ဟမ်!
ဖြေစမ်း အခုချက်ချင်းဖြေ ' ပြောနေရင်းနဲ့ ခက်ကို ဆွဲခေါ်သွားပြီး အိပ်ခန်းထဲရောက်တော့ ကုတင်ပေါ်ကိုတွန်းချလိုက်လေသည်။
'စ..စစ်..မလုပ်ပါနဲ့..ငါ ကြောက်လို့ပါ။ ငါ..ငါ..နောက်တစ်ခါဆို ပြန်မအော်တော့ပါဘူး။ ငါတောင်းပန်ပါတယ်စစ်ရယ်' ခက် တုန်ရီစွာတောင်းပန်လေတော့
'ဘာလို့လဲ မင်းလိုချင်နေတာ ဒါပဲမဟုတ်ဘူးလား ဟမ်! မင်းပဲ ဒီလိုဖြစ်ချင်နေလို့ ငါ့daddyကို ဟန်နီနဲ့ငါ့အကြောင်းကိုပြန်တိုင်လိုက်တာမဟုတ်ဘူးလား။ daddyသိသွားရင် ငါ့ကိုဖိအားပေးပြီး မင်းဆီပြန်လာအောင်လို့လေ မဟုတ်ဘူးလား !!'
'မင်းပြောနေတာတစ်ခုမှမဟုတ်ရပါဘူးစစ်ရယ်။ ငါ..ငါ..တကယ်မတိုင်ခဲ့ပါဘူး'
'တိုင်ခဲ့လို့ပဲ အခု daddyထိုးတာခံလာရတာလေ။ ငါ့ daddyက ငါ့ကို လက်နဲ့ရွယ်တာကလွဲပြီး တကယ်
မလုပ်ခဲ့ဖူးဘူး။ အခု မင်းလိုဘာမဟုတ်တဲ့
ကောင်ကြောင့် ငါက daddyထိုးတာခံလာရတာ မင်းသိလား! ဟမ် မင်းဖြစ်စေချင်နေတာ ဒါမျိုးမလား!!'
'မဟုတ်ဘူး..မဟုတ်ဘူးနော် စစ်။ မင်းငါ့ကိုအထင်လွဲနေတာ!'
'မယုံဘူး! မင်းဘာပြောပြောယုံမှာမဟုတ်ဘူး!!
ဟန်နီနဲ့အတူရှိနေတာကို မနာလိုဖြစ်နေတဲ့မင်းနဲ့ ငါက အခု တူတူနေပေးတော့မလို့လေ မင်းပျော်နေရမှာမဟုတ်ဘူးလား?'
'ဟင့်အင်း..ငါ..ငါလိုချင်တာက ဒီလိုမျိုးမှမဟုတ်တာ။ ငါ့ကိုလွှတ်ပေးပါစစ်ရယ်။ ငါတောင်းပန်ပါတယ်'
ခက် မည်မျှပင်ပြောစေကာမူ စစ်ရဲ့ ဖမ်းချုပ်ထားတဲ့လက်တွေက ပြေမသွား။ ရုန်းရင်းဆန်ခက်ဖြစ်နေတဲ့ကြားကပဲ စစ်တစ်ယောက် ခက်ကို ဒုတိယအကြိမ်သိမ်းပိုက်ခဲ့ပြန်သည်။ သူများတွေက အကြိုနေ့မလို့ ပျော်ရွှင်နေကြသော်လည်း ခက်မှာတော့ စစ်ရဲ့ ကြမ်းတမ်းမှုတွေအောက်မှာ ကမ္ဘာပျက်ခဲ့ရသည်။
မနက်မိုးလင်းတော့ ခက်တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်နေသည်။ သို့သော်လည်း ရင်ထဲကနာကျင်မှုကိုတော့မမှီ။ စစ်ကတော့ companyကိုသွားလေပြီ။ အခုမှနိုးလာတာမို့ စစ်အတွက်
မနက်တိုင်းပြင်ပေးနေကျ မနက်စာကိုတောင်
မပြင်နိုင်ခဲ့။ ပြင်ပေးလဲ စားမှာမှမဟုတ်ပဲလေ။ အားယူကာထလိုက်ပြီး ရေချိုးခန်းထဲ၀င်လိုက်သည်။ မှန်ထဲမှာမြင်နေရတဲ့ ကိုယ့်ပုံကို ပြန်ကြည့်လိုက်တော့ လည်တိုင်တစ်လျှောက်နဲ့ ညှပ်ရိုးတွေအထိ အနီအညိုကွက်တွေ။ ဘယ်လောက်ပဲချစ်နေပါစေ
အခုလို အလိုမတူပဲသိမ်းပိုက်ခံရတော့ ကိုယ့်ကိုယ်ကို ရွံရှာလာမိသည်။ ညတုန်းက သူ့လက်ကလွတ်အောင် မရုန်းနိုင်တဲ့ ကိုယ့်ကိုယ်ကိုလဲ မုန်းမိသည်။ ရေချိုးပြီး အပြင်ထွက်လာတော့ ကုတင်ဘေးရှိ စားပွဲပေါ်မှာ
ရှိသည့် သူတို့ ၂ယောက်ပုံကိုတွေ့ရသည်။
မှောက်လျက်သားဖြစ်နေတဲ့ ပုံလေးကို ပြန်ထောင်လိုက်ပြီး သေသေချာချာကြည့်နေမိသည်။
ဒီပုံလေးက သူနဲ့စစ်ရဲ့ ပထမဆုံး ၂ယောက်တွဲပုံလေး။ ကျောင်းတုန်းကပုံတွေက မင်းခန့်ခိုးရိုက်ပေးထားတာဖြစ်ပြီး သိပ်မကြည်လင်။ အခုပုံလေးကတော့ သူတို့ရဲ့ ဧည့်ခံပွဲတုန်းက photographerနဲ့ သေချာရိုက်ထားတဲ့ပုံလေးပင်။ တည်တင်းနေတဲ့နှုတ်ခမ်း၊ တွန့်ချိုးနေတဲ့ မျက်ခုံးနဲ့ ခက်ထန်နေတဲ့မျက်နှာတို့ကိုကြည့်ခြင်းအားဖြင့် စစ်ရဲ့အလိုမကျမှုတွေကိုအရှင်းသားမြင်နိုင်သည်။ တကယ်လည်း
ထိုနေ့တုန်းက စစ်ရဲ့ အဖေ ၂ယောက်က ဇွတ်အတင်းပြောသဖြင့် စိတ်မပါပဲရိုက်ရခြင်း။ ဒီတစ်ပုံရိုက်ပြီးတာနဲ့ ချက်ချင်းထွက်သွားတဲ့စစ်ကြောင့် သူတို့ ၂ယောက်ရဲ့အမှတ်တရပုံဆိုလို့
ဒီတစ်ပုံတည်းသာရှိသည်။ တော်သေးတယ်
ဒီပုံလေးကို စစ်က မဖျက်ဆီးပစ်လို့။ တွေးနေရင်း အောက်ပိုင်းကနာလာတာမို့ အကိုက်အခဲပျောက်ဆေးနှင့် အိပ်ဆေးကိုသောက်လိုက်သည်။
စစ် ပြန်လာတော့ ခက်ကိုမတွေ့။ အိပ်ခန်းထဲရောက်မှ ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ခက်ကိုတွေ့လေသည်။ အစကတော့ ဒေါသထွက်ပြီး ကန်ချဖို့လုပ်ပေမယ့် အပူအပင်ကင်းစွာ အိပ်ပျော်နေတဲ့ခက်ကြောင့် သူ့အတွေးကိုပြန်ရုတ်သိမ်းလိုက်သည်။ မနေ့က
သူ့ကြောင့် ခက်အခုလိုဖြစ်နေတာမြင်ရတော့ နည်းနည်းတော့စိတ်မကောင်းဖြစ်သွားသည်။
(ဘာလို့ စိတ်မကောင်းဖြစ်ရမှာလဲ။ သူက ငါသနားဖို့မတန်ဘူး။ ငါလုပ်ရမှာက သူငါ့ကိုကွာရှင်းပေးအောင်လို့။ သူငါ့အနားကထွက်ပြေးသွားအောင်နှိပ်စက်ရမှာ*) စစ် ကိုယ့်ကိုယ်ကိုပြန်သတိပေးလိုက်ရင်း
'ခက်ထန် ခက်ထန် အခုချက်ချင်းထစမ်း! ငါ့ကုတင်ပေါ်တက်အိပ်ရဲတဲ့အထိ သတ္တိတွေကောင်းနေတယ်ပေါ့ ဟုတ်လား!' ပြောလည်းပြော ခက်ကိုလဲ
ကုတင်ပေါ်က ဆွဲချနေသည်။ စစ်ရဲ့အပြုအမူတွေကြောင့် ခက်နိုးလာကာ
'စ..စစ်.. ပြန်လာပြီလား? ငါ..ငါတောင်းပန်ပါတယ်။ ဆေးသောက်ပြီးချက်ချင်းအိပ်ပျော်သွားလို့ အောက်ကိုဆင်းမအိပ်မိဘူး။ '
'အခုချက်ချင်းငါ့အိပ်ယာခင်းတွေလဲပေး။
မင်းအိပ်ထားတဲ့အိပ်ယာပေါ်မှာ ငါမအိပ်ချင်ဘူး ရွံလို့'
စစ်အပြောကြောင့် ခက် နာကျင်စွာပြုံးလိုက်ရင်း
'ကောင်းပါပြီ။ ငါအခုချက်ချင်းလဲပေးမယ်နော်' ဟုဆိုကာ ငိုချင်နေတာကို ထိန်းပြီး စစ်အတွက်
အိပ်ယာခင်းလဲပေးလေသည်။ ပြီးတော့မှ
'စစ် အိပ်ယာခင်းတွေလဲပြီးသွားပြီ'
Advertisement
'အာ..ငါမေ့သွားတာ ဒီဟာတွေကလည်း မင်းလက်နဲ့ထိထားတာပဲကို ' ဟုဆိုကာ အခုလေးတင်က ခက်လဲပေးထားတဲ့အိပ်ယာခင်းတွေကို ပြန်ပြီးဖယ်လိုက်သည်။
'မင်းလက်နဲ့ထိထားတာမှန်သမျှ ငါမထိဘူး'
'ဘာလို့လဲ ဘာလို့ ငါ့ကို အဲ့လောက်ထိမုန်းနေတာလဲ'
'ဘာလို့လဲ ဟုတ်လား! အဟက်.. မင်းလို gayကောင်ကိုရွံလို့။ အရင်က ငါမင်းကို ဘာလို့ gayတွေမုန်းလဲဆိုတာပြောပြထားတာတောင် ငါ့ကိုရအောင်ယူခဲ့တဲ့မင်းကို အရမ်းမုန်းတယ်!! တစ်သက်လုံးလဲခွင့်လွှတ်မှာမဟုတ်ဘူး! ငါပြန်ချစ်တာကိုမျှော်လင့်နေရင်တော့ မင်းသွားသေလိုက်တော့! ငါက ဘယ်တော့မှ ယောကျာ်းတစ်ယောက်ကိုချစ်လာမှာမဟုတ်ဘူး။ မင်းမကျေနပ်ရင် ကွာရှင်းလိုက်လို့ရတယ်'
'ဟင့်အင်း..ငါ..ငါ..မင်းကိုဘယ်တော့မှကွာရှင်းမပေးဘူး '
'မင်းက ကိုယ့်ဒုက္ခကို ရှာတဲ့ကောင်ပါလား။
ကောင်းပြီလေ၊ ငါကတော့ မင်းထွက်သွားအောင်လုပ်ရမှာပဲ။ တွယ်ကပ်နေမနေကတော့ မင်းအပိုင်းပေါ့' ဟုဆိုကာ ရေချိုးခန်းထဲ၀င်သွားလေသည်။
နောက်ရက်တွေမှာလဲ စစ်ကအရွဲ့တိုက်ပြီးဟန်နီနိုင်နဲ့ပဲ လျှောက်လည်လေသည်။ စစ်ရဲ့အဖေကို သူတကယ်ပဲမတိုင်ခဲ့ရပါ။ စစ်ကသာ သူ့ကိုအထင်လွဲပြီး သိမ်းပိုက်သွားခဲ့တာ။ ဒီကိစ္စတွေဖြစ်ပြီး ၁လလောက်ကြာတော့ ခက်တစ်ယောက် တိုက်ခန်းကိုသန့်ရှင်းရေးလုပ်နေရင်းနဲ့ပဲ မေ့လဲသွားလေသည်။ အကယ်၍မင်းခန့်ကသာ ခက်ကို စစ်တို့ ၂ယောက်
အကြောင်းကို လာမပြောခဲ့ပါလျှင် သန့်ရှင်းရေးလုပ်နေရင်း မေ့လဲသွားတဲ့ခက်ကိုမြင်ခဲ့မှာမဟုတ်။
လဲကျနေတဲ့ခက်ကိုတွေ့တော့ မင်းခန့်ချက်ချင်းပင် ဆေးရုံကိုပို့ပေးလိုက်သည်။ စစ်ကိုအကြောင်းကြားဖို့ ဖုန်းခေါ်သော်လည်း တစ်ဖက်ကဖုန်းချပစ်သည်သာ။ ထို့ကြောင့် စစ်ရဲ့အဖေတွေနဲ့ ခက်ရဲ့မိဘတွေကိုပဲခေါ်လိုက်ရသည်။ ခက်ပြန်သတိရလာတော့
ဒေါ်သဇင်ခက်ကပဲ
'သား.. သတိရပြီလား အဖေကြီး ဆရာ၀န်သွားခေါ်ပါအုံး။ သားလေးသတိရလာပြီ' ဟုဆိုတော့
ဦးဥက္ကာက ဆရာ၀န်ကိုသွားခေါ်လေသည်။
'မေမေ သားဘာဖြစ်သွားတာလဲဟင်?'
'သားမေ့လဲနေတာတွေ့လို့ မင်းခန့်က ဆေးရုံပို့ပေးခဲ့တာ သားရဲ့'
'ကျေးဇူးပဲနော် မင်းခန့်။ မင်းသာမပို့ခဲ့ရင်
ငါဘယ်ချိန်ထိများ အဲ့မှာလဲကျနေမလဲမသိဘူး'
'ရပါတယ် မင်းကတစ်ယောက်ထဲဖြစ်နေရအောင် စစ်ကဘယ်သွားလို့လဲ '
'အာ..သူက မနေ့ကတည်းကပြန်မလာဘူး နယ်ဘက်ကိုခဏသွားတာ နောက်၂ရက်လောက်ဆိုရင်တော့ပြန်လာမှာပါ' ဟုလိမ်ပြောလိုက်ရသည်။
မဟုတ်ရင် မေမေတို့က စစ်ကိုမုန်းသွားလိမ့်မယ်။ တကယ်တော့ စစ်က မနေ့ကတည်းက ဟန်နီနိုင့်ဆီမှာသွားနေနေတာ။ မင်းခန့်ကလည်း ခက်လိမ်နေတယ်ဆိုတာသိသည်။ သူကလည်း စစ်နဲ့ ဟန်နီနိုင်ကို hotelတစ်ခုမှာတွေ့လိုက်ရတဲ့အကြောင်းကိုလာပြောရင်းနဲ့ ခက်မေ့လဲနေတာကိုတွေ့တာလေ။
'ဟုတ်လား? အာ. ဒါနဲ့ ငါမင်းဆီလာတာ
နောက်တစ်ပတ်ထဲဆိုရင် ငါတို့ ခရီးထွက်ကြမလို့
အဲ့ဒါ မင်းရောလိုက်မှာလား?'
'ဘယ်သွားကြမှာမလို့လဲ'
'ငါလဲမသေချာသေးဘူး။ ဒါပေမယ့် သွားမှာကသေချာတယ် ဘယ်ကိုလဲပဲမသိသေးတာ
မင်းလိုက်မယ်ဆိုရင် ၅ယောက် သွားကြမှာ'
'ငါ စစ်ကိုမေးကြည့်လိုက်အုံးမယ်' ခက်တို့စကားပြောနေတုန်း ဆရာ၀န်၀င်လာသဖြင့် မင်းခန့်က ဘေးကိုကပ်ပြီးရပ်ပေးလိုက်သည်။ ဆရာ၀န်ဆိုလို့ ကြည့်လိုက်တာ ဦးစစ်သော်ဖြစ်နေလေသည်။ papaက ဒီမှာလုပ်နေတာလား။
'Papaက ဒီကိုဘယ်လိုလုပ်..'
'Papaက ဒီမှာလုပ်တာလေသားရဲ့။ ပြီးတော့ သားဆေးရုံတက်နေရတာသိတာနဲ့ roundလှည့်ပြီးပြီးချင်း တန်းပြေးလာခဲ့တာ' ဟုပြောလေသည်။ ခက်ရဲ့မိဘတွေကလည်း သူတို့ရဲ့သားလေးကို အခုလို
ယောက္ခထီး ၂ယောက်လုံးက ဂရုစိုက်တာတွေ့ရတော့ ၀မ်းသာနေကြသည်လေ။ ထို့နောက်မှာတော့ ဦးဥက္ကာနဲ့အတူ ဆရာ၀န်တစ်ဦးပါလာလေသည်။
'သား အန်ချင်နေတာတွေ ခေါင်းမူးတာတွေရှိသေးလား?'
'မရှိပါဘူးဆရာ'
'တော်သေးတာပေါ့၊ ဒါဆိုရင် dripထဲကဆေးကုန်တာနဲ့ဆေးရုံဆင်းလို့ရပြီနော်။ အားဆေးလဲရေးပေးလိုက်မယ်။ ပြီးတော့ မိသားစုတွေက ဂရုစိုက်ပေးကြပါ။ သူ့ကိုစိတ်မဆင်းရဲစေနဲ့။ ကိုယ်၀န်ဆောင်ကာလအတွင်းမှာ စိတ်ချမ်းသာအောင်ထားရတယ်'
'ကိုယ်၀န်ဆောင်?' ဦးစစ်သော်က မေးလိုက်တော့
'အော် ဒါက Dr.စစ်သော်ရဲ့သားလား?'
'ကျနော့ရဲ့ သမက်ပါ Dr. ဒါပေမယ့် ကျနော့အတွက်တော့ သားအရင်းတစ်ယောက်လိုပါပဲ'
'ကောင်းတာပေါ့ အခုလို OGယောက္ခထီး
တစ်ယောက်ရှိတော့ အဆင်ပြေတာပေါ့။ ကလေးက ကိုယ်၀န်ရှိနေတာ ဦးစစ်သော်ရဲ့'
'ဟုတ်လား ကျေးဇူးပါ ဒေါက်တာရေ။ ကျနော်လဲအခုမှသိရတယ် ခက်တို့က အိမ်ခွဲနေကြတော့
ကျနော်လဲ သူကိုယ်၀န်ရှိတာမသိလိုက်ဘူး'
'အခုသိပြီဆိုတော့ ဂရုစိုက်ပေးကြပေါ့ဗျာ ကဲ
ကျနော့ကိုခွင့်ပြုပါအုံး' ဟုဆိုကာ ထွက်သွားလေတော့သည်။ ကျန်ခဲ့သည့်လူတွေမှာတော့ ၀မ်းသာမှုကိုယ်စီနဲ့။ ခက်အမေမှာလည်း မိမိသားက ယောကျာ်းလေးတစ်ယောက်ဖြစ်တာမို့ ကိုယ်၀န်ရှိနေသည်ဟုကြားတော့ အစကလန့်သွားသည်။
သို့သော်လည်း သားလေးက သူတို့ရဲ့မြေးဦးလေးကိုလွယ်ထားတာမလို့ ၀မ်းသာရပြန်သည်။ ဦးမင်းထက်တို့ကတော့ ပျော်တာပေါ့။ သူတို့အတွက်လည်း အမွေဆက်ခံသူလေးတွေ ရပြီမဟုတ်လား။
'မေမေ..သားမှာ တကယ်ပဲ ကလေးလေးရှိနေတာလားဟင်?' ခက်ရဲ့အမေးကို ဦးမင်းထက်ကပဲ
'ဟုတ်တယ်သား သားမှာကလေးလေးရှိနေပြီ။
အဲ့ဒါကြောင့် ဒီနေ့ကစပြီး သားတို့ ၂ယောက်လုံး daddyတို့နဲ့ပြန်နေရမယ်။ စစ်အလုပ်သွားချိန်ကျရင် သားတစ်ယောက်ထဲဖြစ်မှာစိတ်မချဘူး။
တော်ကြာအခုလိုထပ်ဖြစ်ရင် ဘယ်လိုလုပ်မလဲ?
အခုတောင် မောင်မင်းခန့်ကျေးဇူးကြောင့် ဆေးရုံကိုအချိန်မှီရောက်တာ။ ဟိုမှာဆိုတော့ သားကိုကြည့်ဖို့ မင်း papaတစ်ယောက်လုံးရှိတယ်။ အသော်ကလည်း ခက် ကလေးမွေးပြီးမှ အလုပ်ပြန်၀င်တော့နော်'
'ကောင်းပါပြီဗျာ။ ဒါဆို ကျနော် ဒုဆေးရုံအုပ်ကိုသွားပြောလိုက်အုံးမယ်' ဟုဆိုကာ ထွက်သွားလေသည်။
'Daddy! Papaက ဘာလို့ ဒုဆေးရုံအုပ်ကိုပဲသွားပြောမှာလဲဟင် ဆေးရုံအုပ်ကိုပြောရမှာမဟုတ်ဘူးလား?'
'သူက ဆေးရုံအုပ်လေသားရဲ့။ အဲ့တော့ သူ့လက်အောက်ကလူကိုပဲပြောရမှာပေါ့။ သူ့ထက်မြင့်တာမှ
မရှိတော့ပဲ' ဟုဆိုလေသည်။
(နောက်ဆုံးတော့ စစ်ရဲ့ရင်သွေးလေးကို သူကိုယ်တိုင်လွယ်ပြီးမွေးပေးရတော့မယ်*) အတွေးနဲ့အတူ အပြင်မှာလဲခက်ရဲ့နှုတ်ခမ်းတွေက ပြုံးနေခဲ့သည်။
Advertisement
မင်းခန့်လည်း ခက်ရဲ့အပျော်တွေကို မဖျက်ဆီးရက်သဖြင့် စစ်တို့ ၂ယောက်အကြောင်းကို ဖွင့်မပြောတော့ပေ။
To be continued.....
Zawgyi
'စ..စစ္..ဘာ..ဘာျဖစ္လို႔လဲဟင္? ' ခက္ ထိတ္လန္႔စြာေမးလိုက္ေတာ့
'ဘာျဖစ္လို႔လဲ ဟုတ္လား? ငါနဲ႔ဟန္နီနဲ႔သၾကၤန္တူတူလည္တာေရာ ဟန္နီက ဒီမွာတစ္ပတ္တစ္ခါ ညအိပ္တာေရာ အကုန္လုံးကို မင္းကdaddyကိုျပန္တိုင္တယ္ေပါ့ ဟုတ္လား!! '
'စစ္ မင္းေျပာတာေတြ ငါတစ္ခုမွနားမလည္ဘူး။ ငါကဘာလို႔ မင္းတို႔ ၂ေယာက္အေၾကာင္းကိုျပန္တိုင္ရမွာလဲ ?'
'မင္းမတိုင္ပဲနဲ႔ daddyက ဘယ္လိုလုပ္သိသြားတာလဲ? ဟမ္!! လိမ္မယ္ဆိုရင္လဲ ယုံေအာင္လိမ္ေပါ့။ မင္းက အရမ္း႐ြံဖို႔ေကာင္းတာပဲ'
'စ..စစ္ ငါ..ငါ..တကယ္မတိုင္ရပါဘူး။ ငါ့ကို..ငါ့ကိုယုံေပးပါကြာ..ငါက..ငါကဘာလို ျပန္တိုင္ရမွာလဲ '
'ဘာလို႔လဲဆိုေတာ့ မင္းကဟန္နီ႔ကို မနာလိုေနလို႔ေလ။ ငါကမင္းကိုမခ်စ္ပဲ ဟန္နီ႔ကိုခ်စ္ေနတာမလို႔ မင္း ဟန္နီ႔ကို ရန္ျငႇိဳးထားေနတာ ငါမသိဘူးမ်ား
မွတ္ေနလား'
'မဟုတ္ဘူး!! မဟုတ္ဘူးလို႔ေျပာေနတယ္ေလ !!! '
ခက္ အားကုန္သုံးကာေအာ္ေတာ့
'ဟက္! မင္းကမ်ား ငါ့ကိုျပန္ေအာ္ရဲေသးတယ္ေပါ့။ ဘယ္ေကာင့္အားကိုးနဲ႔ျပန္ေအာ္ရဲတာလဲ ဟမ္!
ေျဖစမ္း အခုခ်က္ခ်င္းေျဖ ' ေျပာေနရင္းနဲ႔ ခက္ကို ဆြဲေခၚသြားၿပီး အိပ္ခန္းထဲေရာက္ေတာ့ ကုတင္ေပၚကိုတြန္းခ်လိုက္ေလသည္။
'စ..စစ္..မလုပ္ပါနဲ႔..ငါ ေၾကာက္လို႔ပါ။ ငါ..ငါ..ေနာက္တစ္ခါဆို ျပန္မေအာ္ေတာ့ပါဘူး။ ငါေတာင္းပန္ပါတယ္စစ္ရယ္' ခက္ တုန္ရီစြာေတာင္းပန္ေလေတာ့
'ဘာလို႔လဲ မင္းလိုခ်င္ေနတာ ဒါပဲမဟုတ္ဘူးလား ဟမ္! မင္းပဲ ဒီလိုျဖစ္ခ်င္ေနလို႔ ငါ့daddyကို ဟန္နီနဲ႔ငါ့အေၾကာင္းကိုျပန္တိုင္လိုက္တာမဟုတ္ဘူးလား။ daddyသိသြားရင္ ငါ့ကိုဖိအားေပးၿပီး မင္းဆီျပန္လာေအာင္လို႔ေလ မဟုတ္ဘူးလား !!'
'မင္းေျပာေနတာတစ္ခုမွမဟုတ္ရပါဘူးစစ္ရယ္။ ငါ..ငါ..တကယ္မတိုင္ခဲ့ပါဘူး'
'တိုင္ခဲ့လို႔ပဲ အခု daddyထိုးတာခံလာရတာေလ။ ငါ့ daddyက ငါ့ကို လက္နဲ႔႐ြယ္တာကလြဲၿပီး တကယ္
မလုပ္ခဲ့ဖူးဘူး။ အခု မင္းလိုဘာမဟုတ္တဲ့
ေကာင္ေၾကာင့္ ငါက daddyထိုးတာခံလာရတာ မင္းသိလား! ဟမ္ မင္းျဖစ္ေစခ်င္ေနတာ ဒါမ်ိဳးမလား!!'
'မဟုတ္ဘူး..မဟုတ္ဘူးေနာ္ စစ္။ မင္းငါ့ကိုအထင္လြဲေနတာ!'
'မယုံဘူး! မင္းဘာေျပာေျပာယုံမွာမဟုတ္ဘူး!!
ဟန္နီနဲ႔အတူရွိေနတာကို မနာလိုျဖစ္ေနတဲ့မင္းနဲ႔ ငါက အခု တူတူေနေပးေတာ့မလို႔ေလ မင္းေပ်ာ္ေနရမွာမဟုတ္ဘူးလား?'
'ဟင့္အင္း..ငါ..ငါလိုခ်င္တာက ဒီလိုမ်ိဳးမွမဟုတ္တာ။ ငါ့ကိုလႊတ္ေပးပါစစ္ရယ္။ ငါေတာင္းပန္ပါတယ္'
ခက္ မည္မွ်ပင္ေျပာေစကာမူ စစ္ရဲ႕ ဖမ္းခ်ဳပ္ထားတဲ့လက္ေတြက ေျပမသြား။ ႐ုန္းရင္းဆန္ခက္ျဖစ္ေနတဲ့ၾကားကပဲ စစ္တစ္ေယာက္ ခက္ကို ဒုတိယအႀကိမ္သိမ္းပိုက္ခဲ့ျပန္သည္။ သူမ်ားေတြက အႀကိဳေန႔မလို႔ ေပ်ာ္႐ႊင္ေနၾကေသာ္လည္း ခက္မွာေတာ့ စစ္ရဲ႕ ၾကမ္းတမ္းမႈေတြေအာက္မွာ ကမာၻပ်က္ခဲ့ရသည္။
မနက္မိုးလင္းေတာ့ ခက္တစ္ကိုယ္လုံး ကိုင္႐ိုက္ထားသလို နာက်င္ေနသည္။ သို႔ေသာ္လည္း ရင္ထဲကနာက်င္မႈကိုေတာ့မမွီ။ စစ္ကေတာ့ companyကိုသြားေလၿပီ။ အခုမွႏိုးလာတာမို႔ စစ္အတြက္
မနက္တိုင္းျပင္ေပးေနက် မနက္စာကိုေတာင္
မျပင္ႏိုင္ခဲ့။ ျပင္ေပးလဲ စားမွာမွမဟုတ္ပဲေလ။ အားယူကာထလိုက္ၿပီး ေရခ်ိဳးခန္းထဲ၀င္လိုက္သည္။ မွန္ထဲမွာျမင္ေနရတဲ့ ကိုယ့္ပုံကို ျပန္ၾကည့္လိုက္ေတာ့ လည္တိုင္တစ္ေလွ်ာက္နဲ႔ ညႇပ္႐ိုးေတြအထိ အနီအညိဳကြက္ေတြ။ ဘယ္ေလာက္ပဲခ်စ္ေနပါေစ
အခုလို အလိုမတူပဲသိမ္းပိုက္ခံရေတာ့ ကိုယ့္ကိုယ္ကို ႐ြံရွာလာမိသည္။ ညတုန္းက သူ႔လက္ကလြတ္ေအာင္ မ႐ုန္းႏိုင္တဲ့ ကိုယ့္ကိုယ္ကိုလဲ မုန္းမိသည္။ ေရခ်ိဳးၿပီး အျပင္ထြက္လာေတာ့ ကုတင္ေဘးရွိ စားပြဲေပၚမွာ
ရွိသည့္ သူတို႔ ၂ေယာက္ပုံကိုေတြ႕ရသည္။
ေမွာက္လ်က္သားျဖစ္ေနတဲ့ ပုံေလးကို ျပန္ေထာင္လိုက္ၿပီး ေသေသခ်ာခ်ာၾကည့္ေနမိသည္။
ဒီပုံေလးက သူနဲ႔စစ္ရဲ႕ ပထမဆုံး ၂ေယာက္တြဲပုံေလး။ ေက်ာင္းတုန္းကပုံေတြက မင္းခန္႔ခိုး႐ိုက္ေပးထားတာျဖစ္ၿပီး သိပ္မၾကည္လင္။ အခုပုံေလးကေတာ့ သူတို႔ရဲ႕ ဧည့္ခံပြဲတုန္းက photographerနဲ႔ ေသခ်ာ႐ိုက္ထားတဲ့ပုံေလးပင္။ တည္တင္းေနတဲ့ႏႈတ္ခမ္း၊ တြန္႔ခ်ိဳးေနတဲ့ မ်က္ခုံးနဲ႔ ခက္ထန္ေနတဲ့မ်က္ႏွာတို႔ကိုၾကည့္ျခင္းအားျဖင့္ စစ္ရဲ႕အလိုမက်မႈေတြကိုအရွင္းသားျမင္ႏိုင္သည္။ တကယ္လည္း
ထိုေန႔တုန္းက စစ္ရဲ႕ အေဖ ၂ေယာက္က ဇြတ္အတင္းေျပာသျဖင့္ စိတ္မပါပဲ႐ိုက္ရျခင္း။ ဒီတစ္ပုံ႐ိုက္ၿပီးတာနဲ႔ ခ်က္ခ်င္းထြက္သြားတဲ့စစ္ေၾကာင့္ သူတို႔ ၂ေယာက္ရဲ႕အမွတ္တရပုံဆိုလို႔
ဒီတစ္ပုံတည္းသာရွိသည္။ ေတာ္ေသးတယ္
ဒီပုံေလးကို စစ္က မဖ်က္ဆီးပစ္လို႔။ ေတြးေနရင္း ေအာက္ပိုင္းကနာလာတာမို႔ အကိုက္အခဲေပ်ာက္ေဆးႏွင့္ အိပ္ေဆးကိုေသာက္လိုက္သည္။
စစ္ ျပန္လာေတာ့ ခက္ကိုမေတြ႕။ အိပ္ခန္းထဲေရာက္မွ ကုတင္ေပၚမွာ အိပ္ေပ်ာ္ေနတဲ့ခက္ကိုေတြ႕ေလသည္။ အစကေတာ့ ေဒါသထြက္ၿပီး ကန္ခ်ဖို႔လုပ္ေပမယ့္ အပူအပင္ကင္းစြာ အိပ္ေပ်ာ္ေနတဲ့ခက္ေၾကာင့္ သူ႔အေတြးကိုျပန္႐ုတ္သိမ္းလိုက္သည္။ မေန႔က
သူ႔ေၾကာင့္ ခက္အခုလိုျဖစ္ေနတာျမင္ရေတာ့ နည္းနည္းေတာ့စိတ္မေကာင္းျဖစ္သြားသည္။
(ဘာလို႔ စိတ္မေကာင္းျဖစ္ရမွာလဲ။ သူက ငါသနားဖို႔မတန္ဘူး။ ငါလုပ္ရမွာက သူငါ့ကိုကြာရွင္းေပးေအာင္လို႔။ သူငါ့အနားကထြက္ေျပးသြားေအာင္ႏွိပ္စက္ရမွာ*) စစ္ ကိုယ့္ကိုယ္ကိုျပန္သတိေပးလိုက္ရင္း
'ခက္ထန္ ခက္ထန္ အခုခ်က္ခ်င္းထစမ္း! ငါ့ကုတင္ေပၚတက္အိပ္ရဲတဲ့အထိ သတၱိေတြေကာင္းေနတယ္ေပါ့ ဟုတ္လား!' ေျပာလည္းေျပာ ခက္ကိုလဲ
ကုတင္ေပၚက ဆြဲခ်ေနသည္။ စစ္ရဲ႕အျပဳအမူေတြေၾကာင့္ ခက္ႏိုးလာကာ
'စ..စစ္.. ျပန္လာၿပီလား? ငါ..ငါေတာင္းပန္ပါတယ္။ ေဆးေသာက္ၿပီးခ်က္ခ်င္းအိပ္ေပ်ာ္သြားလို႔ ေအာက္ကိုဆင္းမအိပ္မိဘူး။ '
'အခုခ်က္ခ်င္းငါ့အိပ္ယာခင္းေတြလဲေပး။
မင္းအိပ္ထားတဲ့အိပ္ယာေပၚမွာ ငါမအိပ္ခ်င္ဘူး ႐ြံလို႔'
စစ္အေျပာေၾကာင့္ ခက္ နာက်င္စြာၿပဳံးလိုက္ရင္း
'ေကာင္းပါၿပီ။ ငါအခုခ်က္ခ်င္းလဲေပးမယ္ေနာ္' ဟုဆိုကာ ငိုခ်င္ေနတာကို ထိန္းၿပီး စစ္အတြက္
အိပ္ယာခင္းလဲေပးေလသည္။ ၿပီးေတာ့မွ
'စစ္ အိပ္ယာခင္းေတြလဲၿပီးသြားၿပီ'
'အာ..ငါေမ့သြားတာ ဒီဟာေတြကလည္း မင္းလက္နဲ႔ထိထားတာပဲကို ' ဟုဆိုကာ အခုေလးတင္က ခက္လဲေပးထားတဲ့အိပ္ယာခင္းေတြကို ျပန္ၿပီးဖယ္လိုက္သည္။
'မင္းလက္နဲ႔ထိထားတာမွန္သမွ် ငါမထိဘူး'
'ဘာလို႔လဲ ဘာလို႔ ငါ့ကို အဲ့ေလာက္ထိမုန္းေနတာလဲ'
'ဘာလို႔လဲ ဟုတ္လား! အဟက္.. မင္းလို gayေကာင္ကို႐ြံလို႔။ အရင္က ငါမင္းကို ဘာလို႔ gayေတြမုန္းလဲဆိုတာေျပာျပထားတာေတာင္ ငါ့ကိုရေအာင္ယူခဲ့တဲ့မင္းကို အရမ္းမုန္းတယ္!! တစ္သက္လုံးလဲခြင့္လႊတ္မွာမဟုတ္ဘူး! ငါျပန္ခ်စ္တာကိုေမွ်ာ္လင့္ေနရင္ေတာ့ မင္းသြားေသလိုက္ေတာ့! ငါက ဘယ္ေတာ့မွ ေယာက်ာ္းတစ္ေယာက္ကိုခ်စ္လာမွာမဟုတ္ဘူး။ မင္းမေက်နပ္ရင္ ကြာရွင္းလိုက္လို႔ရတယ္'
'ဟင့္အင္း..ငါ..ငါ..မင္းကိုဘယ္ေတာ့မွကြာရွင္းမေပးဘူး
'မင္းက ကိုယ့္ဒုကၡကို ရွာတဲ့ေကာင္ပါလား။
ေကာင္းၿပီေလ၊ ငါကေတာ့ မင္းထြက္သြားေအာင္လုပ္ရမွာပဲ။ တြယ္ကပ္ေနမေနကေတာ့ မင္းအပိုင္းေပါ့' ဟုဆိုကာ ေရခ်ိဳးခန္းထဲ၀င္သြားေလသည္။
Advertisement
- End121 Chapters
Golden Time (JungYong)
A story about a doctor who’s sent back in time to his teenage self who lost all his memories due to a severe accident and was trapped in a coma. Now, retaining only his medical knowledge and reawakened with a new mindset, follow him on his journey as he uses his medical knowledge to save lives and lead him onto the path of becoming the greatest doctor of his time!
8 962 - In Serial42 Chapters
Domain of Man
Isolation is terrible. To feel isolated with your fellow man around you is worse. What if you were dumped in some backwards cave somewhere, completely nude, maybe with your family, or even completely alone? The age of pioneers, heroes, generals, and geniuses is long gone. Humankind has become numb to the world around it because of how paltry everything else is compared to the glory of its history, the sheer volume of their accomplishments, and the sum of its innovations. You can interact with people across the world, travel miles in mere hours, and never prepare your own food or shelter, and it's all accessible to even the normalest of individuals. Artificial intelligence is within arms reach in devices and computers and even houses, and neural interfaces aren't exclusive to the rich and powerful at this point. Someone far in the distance took notice of Earth, saw the multitude of hairless apes swarming its surface. That one went down the checklist to see if humanity had, in fact, beaten the 'game' of Life. Sure enough, they had gone above and beyond the requirements, but nobody had been watching. 'Why might that be?', that one wondered. Protocol was protocol, though, no matter how strange the situation was. They pulled the lever, they flipped the switch. It's time for New Game +. ??? Don't be afraid to leave critique or share your support! I really appreciate any feedback you can give. In any case, I sincerely hope you enjoy the story! It's going to be a wild ride. HQ/Kindle-Grade cover art. Book Cover 2.0: "Heiroglyphs"
8 107 - In Serial6 Chapters
I am the system
Looks like I got banished to mortal world with no cultivation, Run over by a car! I will get my revenge against you Subaru… ehh what’s health insurance… huhh what’s a ‘system’… In Soviet Russian the MC doesn’t have a system, the MC is the system.
8 83 - In Serial12 Chapters
Redshirt: The Journey
Freedom and Order. Peace and War. Love and Hate. Hundreds of young children awaken in a damaged world, on the brink of societal collapse, witnessing the birth of an omnipotent system. Their roles are pre-determined, yet the very fabric of reality lie in their hands. The order of the world shapes them, just how they are free to shape the world in their disparate visions. Each choice, each action, each word, has consequences that reach far beyond their perception. Freedom or Order; ashes in the wind, or the gilded chains. Updates at least every Monday, Thursday, and every other Sarturday, (from 26/11/2021). This is primarily a story exploring what it means to be human, using a lens of a hopefully real-feeling fantasy world. This story is not a power fantasy or a traditional Litrpg , while it has elements of these genres, it will focus on how these tropes would influence real people and possibly Redshirt will break some of these tropes along the way. There will be a variety of different characters and perspectives, some you hate, some you love, and some that will frustrate. Just as all people do. I don't believe there will be anything overly traumatic or explicit, but it's better to be safe than sorry. There will be some heavy topics explored, the characters views do not reflect the authors; however, if there is an issue in how I present/understand these issues please do tell me, and I will try my best to rectify it. Cover art by Jan van Eyck - Jan van Eyck, Public Domain, https://commons.wikimedia.org/w/index.php?curid=691857. With a few small touch ups done by myself.
8 86 - In Serial34 Chapters
Crystal Gunslinger - The Obsidian Outlaws
Listen to the prologue and chapter one in audiobook form for free here! The Warped Scorch is known as the most dangerous area on the continent of Lux for good reason. Ever since the strange meteor hit the land and changed it into a crystal hellscape, the bordering nations have been trying to establish a foothold into the extremely dangerous new territory, to see what treasures it may hold. Cyrus is a crystal gunslinger, one of the individuals that faces the horrors of the Warped Scorch on a daily basis in order to make a living. With his trusty ruby repeater and plenty of experience, he is prepared to deal with what most of the strange creatures and dangerous environment throw at him. Cyrus will soon learn that the true horrors of the Scorch are much more human in nature, and no matter how hard he tries, escaping his past will be nearly impossible.
8 345 - In Serial12 Chapters
Fat/Inflation/Weight Gain/Normal Roleplay Book.
I do not own the images.
8 159

