《Let Me Start Again [Completed]》LMSA 28
Advertisement
'အန်ကယ်....ခက်ရှိလား ခမျ?'
'ဘယ်သူ...သြော် ခက်ရဲ့သူငယ်ချင်းတွေပဲ။ လာ..ထိုင်ကြလေသားတို့။ ခက်ကိုသွားခေါ်ပေးမယ်။'
'ရပါတယ်အန်ကယ် ကျနော်တို့ပဲသွားလိုက်ပါ့မယ်။ ခက်က ဘယ်မှာရှိနေတာလဲဗျ'
'ခက်က ထမင်းစားခန်းရဲ့ ညာဘက် တစ်ခန်းကျော်မှာရှိတာသား။ အစကတော့ အပေါ်ထပ်မှာပဲနေတာ။ ကိုယ်၀န်က လ ရင့်လာလို့ အတက်အဆင်းမလုပ်ရအောင် အောင်ထပ်မှာပဲနေခိုင်းလိုက်တော့တာ'
'ဟုတ်ကဲ့ ဒါဆို သွားလိုက်ပါအုံးမယ် ခမျ'
ဦးစစ်သော်ကိုနှုတ်ဆက်ပြီး ခက်ရှိတဲ့အခန်းကို ထွက်လာခဲ့ကြသည်။ အခန်းတံခါးက စေ့ရုံသာစေ့ထား
သဖြင့် အထဲကို၀င်ကြည့်လိုက်ကြတော့
စောင်အပါးလေးတစ်ထည်ခြုံကာ အိပ်ပျော်နေသော ခက်။
'ခက်..ခက်...ထတော့ဟ...'
'ထားလိုက်ပါသက်နွယ်ရာ။ ငါတို့ သူနိုးတဲ့အထိစောင့်ကြတာပေါ့။ မနှိုးပါနဲ့ဟ' မင်းခန့်ကပြောတော့
သက်နွယ်လည်း ဆက်မနှိုးတော့ပေ။
'ဒါနဲ့ မင်းခန့် စစ်က အခုထိ အိမ်ကိုပြန်မလာဘူးဆို ဟုတ်လား?'
'ဟုတ်ရင်လည်း ဟုတ်မှာပေါ့။ ငါကဘယ်သိမလဲ'
'နင်သိပါတယ်။ ဟိုတလောကတောင် နင်..သူတို့ ၂ယောက်ကို တွေ့သေးတယ်မလား?'
'သိရင်လည်းဘာလို့လာမေးနေလဲ။ တိုးတိုးနေစမ်း။ ခက်နိုးလာရင် ကြားသွားလိမ့်မယ်။ နဂိုကမှ ငါတို့
ဖြူလုံးလေးက ၀မ်းနည်းတတ်ပါတယ်ဆို'
'မနိုးသေးပါဘူးဟယ်။ အဲ့ဒီ စစ်ဆိုတဲ့ကောင်က အမြင်ကပ်စရာကြီးနော်။ သင်္ကြန် ငါတို့နဲ့လည်တုန်းက ခက်ကိုပဲ ဂရုစိုက်ပြ ကြင်နာပြနေတာ
သူ့ရည်းစားကျနေတာပဲ။ အခုကျတော့လည်း ခက်ကိုဆိုရင် မုန်းနေတာ။ တစ်မျိုးပြီးတစ်မျိုးနှိပ်စက်လိုက်နဲ့ မုန်းဖို့ကောင်းလိုက်တာ' သက်နွယ်ရဲ့အပြောကို အစိုးကလည်း
'ငါသာ ခက်နေရာမှာဆိုရင် ထွက်ပြေးမိမယ်ထင်တာပဲ။ ကိုယ့်ကို နှိပ်စက်နေတဲ့လူနား ဘယ်တော့မှမနေဘူး။ ခက်တစ်ယောက် အခုချိန်ထိ သည်းခံနေတာ အံ့သြတယ်'
'ဟုတ်တယ် ဟုတ်တယ် အစိုးပြောတာမှန်တယ်။ ခက်က ဘာလို့ စိတ်မနာနိုင်ရတာလဲမသိဘူး။ ဟိုက သူ့ကိုယ်၀န်ကြီးဒီလောက် လ ရင့်နေတာတောင် ဂရုစိုက်ပေးရမယ်မှန်းမသိဘူး။ ခက်အစား ငါခံပြင်းလိုက်တာဟယ်'
'နင်ခံပြင်းနေလဲ ဘာမှလုပ်လို့မှမရတာဟာ ခက်ကိုပဲ စိတ်ချမ်းသာအောင်ထားပေးကြတာပေါ့။
ငါတို့ဖြူလုံးလေးက အားငယ်တတ်တယ်' မင်းခန့်ရဲ့အပြောကို ကျန်တဲ့ ၃ယောက်လုံးက ခေါင်းညိမ့်ထောက်ခံလိုက်ကြသည်။ သူတို့တွေကပဲ ခက်ကို
စိတ်ချမ်းသာအောင် ထားရမည်လေ။
'အင်း....ပွစိပွစိတွေနဲ့..အိပ်နေတာကို....' ခက်
အိပ်မှုန်စုံဝါးဖြင့် ထ,မယ် လုပ်တော့ မင်းခန့်ကပဲ
ထူပေးလေသည်။ သက်နွယ်က
'ခက် နိုးပြီလား? ငါတို့က နင့်ဆီ အလည်လာကြတာ။ နင်နဲ့မတွေ့တာလဲကြာပြီလေ'
'ရောက်နေတာများ ငါ့ကိုနှိုးလိုက်ကြတာမဟုတ်ဘူး။ အကြာကြီးစောင့်နေရတာလား?'
'မစောင့်ရပါဘူး စကားပြောရင်းနဲ့ အချိန်ကုန်သွားမှန်းတောင်မသိလိုက်ဘူး။ ' ခက်တို့စကားပြောနေတုန်းမှာပဲ ကြီးကြီးက အအေးဗန်းလေးကိုင်ပြီး ၀င်လာသည်။
'ခက်လေးရဲ့ သူငယ်ချင်းတွေရောက်နေတယ်ဆိုလို့
အအေးလာပို့တာ'
'အားနာလိုက်တာကြီးကြီးရယ်'
'မလိုပါဘူး သားရယ် ကြီးကြီးက သားလေးအခုလို သူငယ်ချင်းတွေနဲ့စကားပြောပြီး ပြုံးရယ်နေတာမြင်တော့ အရမ်း၀မ်းသာတာပဲ။ ကဲ ဒါဆို ကြီးကြီးသွားတော့မယ်နော်။ လိုအပ်တာရှိရင် လှမ်းခေါ်လိုက်နော် သား'
'ဟုတ်ကဲ့ကြီးကြီး' ကြီးကြီးထွက်သွားတာနဲ့
သက်နွယ်က
'ခက်...အဲ့အန်တီကြီးက နင်ပြုံးနေတာမြင်တော့ ၀မ်းသာတာပဲတဲ့။ အရင်က နင်မပြုံးဖူးဘူးလား'
'အာ...ငါသိပ်ပြီး မပြုံးဖြစ်ဘူးထင်တယ်။ ဒီမှာက daddyက companyသွားတယ်။ papaက အိမ်မှာပဲနေပြီး ငါ့ကို ဂရုစိုက်ပေးတယ်။ ဒါပေမယ့် daddyတို့ papaတို့နဲ့ ရှိတဲ့အချိန်လေးပဲ
ငါနည်းနည်းပြုံးဖြစ်တယ်ထင်တယ်။ '
'ထားပါတော့ နင်အရင်က သိပ်မပြုံးဖြစ်ပေမယ့် အခုငါတို့က နင့်ကို အူတက်နေအောင်လုပ်ပေးမယ် ဟဲဟဲ' သက်နွယ်ရဲ့အပြောကို အစိုးက
'ကြည့်ကြပ်လဲလုပ်အုံး။ တော်ကြာ အရမ်းတွေ
အရယ်လွန်ပြီး အူမတက်ပဲ ကလေးထွက်နေအုံးမယ်'
'ဘာ!! အစိုး နင်ကသေချင်ပြီနဲ့တူတယ်'
သက်နွယ်ရဲ့အပြောကို အစိုးက လျှာထုတ်ပြောင်ပြတော့
'အနိုင်....အဟင့်....အစိုးကလေ....ငါ့ကိုလေ...အနိုင်ကျင့်နေတယ်'
'အင်.... သက်နွယ်ရာ ရုပ်ကြမ်းကြီးနဲ့။ စိတ်ပျက်ဖို့ကောင်းတယ်' အစိုးသက်နွယ်ကိုပြောပြီးတာနဲ့ ချက်ချင်း မင်းခန့်ဘက်ကိုလှည့်ကာ မျက်နှာငယ်လေးနဲ့
'ကိုကို...သက်နွယ်ကလေ...အစိုး..အစံ...လေးက
သူ့ကိုအနိုင်ကျင့်နေပါတယ်ဆိုပြီး လျှောက်ပြောနေတယ် အဟင့် '
ခက်ကတော့ ထိုအတွဲ ၂တွဲကြားမှာ ၀င်မပါချင်ပေ။ တကယ်ပါပဲ လူရှေ့မရှောင် သူရှေ့မရှောင် roချင်နေကြတာ။ သူတို့ဟာလေးတွေကို အသဲအသန်
ချော့နေကြတဲ့ ဂနိုင်နဲ့ မင်းခန့်ကိုကြည့်ပြီး
'အဟင့်...အီး..ဟီး......' ခက်ရဲ့ ငိုသံကြားတာနဲ့ မင်းခန့်တို့ ၄ယောက်လုံး ပြာယာခတ်သွားကြကာ
'ဟယ်...ခက်...ခက်ကလည်း မငိုနဲ့လေဟယ်။
ဘာလို့ငိုသွားတာတုန်း?'
'ငိုမှာပေါ့...အဟင့်.. မင်းတို့က...မင်းတို့က..ငါ့ရှေ့မှာ လာ roနေကြတာကို...အီးဟီး...... သူများက ယောကျာ်းလုပ်တဲ့သူက ဂရုမစိုက်လို့...တစ်ယောက်ထဲ အားငယ်နေပါတယ်ဆိုမှ..အင့်...စောင့် rsတွေက...အင့်...လာ..လာ..roပြနေတယ်.. အီး..'
'ခက်...ခက်ကလည်းကွာ။ ငါတို့တောင်းပန်ပါတယ်။ နောက်တစ်ခါ roမပြတော့ပါဘူး..နော်..နော်...မငိုနဲ့တော့နော်..ငါတို့ဖြူလုံးလေးက ငိုရင်မလှပဲနေလိမ့်မယ်'
Advertisement
မင်းခန့်ချော့မှ ပိုဆိုးသွားကာ
'အီးဟီး....မင်းကငါ့ကို...ရုပ်ဆိုးတယ်လို့ပြောတာပေါ့...အီး....ငိုမှတော့ လှစရာလားလို့...အင့်...ဟင့်..'
ခက်က တော်တော်နဲ့ အငိုမတိတ်တော့ မင်းခန့်ပါ ရောပြီးငိုချင်လာသည်။
(ငါလေးက သူ့ကိုရုပ်ဆိုးတယ်လို့မပြောမိပါဘူး။
အငိုတိတ်အောင် ချော့ချင်ယုံလေးပါကွာ*)
နောက်ဆုံးမှာတော့ ခက်ရဲ့ရှေ့မှာ လုံး၀လုံး၀
ro မပြတော့ပါဘူးဟု စာရွက်အလွတ်တစ်ရွက်ပေါ်မှာ ၀န်ခံကတိရေးပြီး ၄ယောက်လုံး လက်မှတ်ထိုးလိုက်ကြမှ အငိုတိတ်သွားတော့သည်။
[ ကိုယ့်ရှေ့မှာ Rsတွေ လာ Roပြရင် အသံကျယ်ကြီးနဲ့အော်ငိုပြီး နောက် roမပြတော့ပါဘူးလို့ ၀န်ခံကတိရေးခိုင်းပါ
ပုံ/ ခက် :') ]
ခက်အငိုတိတ်သွားတော့ ဦးစစ်သော်က ရယ်ချင်စိတ်ကို ထိန်းထားရတဲ့ မျက်နှာနဲ့ အခန်းထဲ၀င်လာပြီး
'သား...သားတို့အတွက် papa ကြက်ကင်နဲ့ တခြားမုန့်တွေ၀ယ်လာတယ်။ လာစားကြ' ဟုဆိုတော့ သက်နွယ်နဲ့ ဂနိုင်က ခက်ကို တစ်ဖက်စီတွဲပြီး ထမင်းစားခန်းထဲခေါ်သွားလေသည်။ နောက်ဆုံးကျန်ခဲ့တဲ့ မင်းခန့်ကို ဦးစစ်သော်က
'မောင်မင်းခန့်တို့ကိုကျေးဇူးတင်ပါတယ်ကွယ်။
ခက်က အရင်တုန်းက အရမ်းမြိုသိပ်ထားတတ်တာ။ အခုလို သူများတွေရှေ့ ငိုတယ်ဆိုတာ အရမ်းရှားတယ်၊ အန်ကယ်တို့တောင် ခက်ငိုတာမတွေ့ဖူးဘူး'
'ရပါတယ်အန်ကယ်။ ခက် အခုလိုငိုလိုက်တော့
သူလည်းစိတ်ပေါ့သွားမှာပေါ့။ ဘာကြောင့်ငိုတာပဲဖြစ်ဖြစ် သူ့စိတ်ထဲမှာ နည်းနည်းလေးတော့
နေရထိုင်ရတာ ကောင်းသွားမှာပဲ။ '
'အန်ကယ်ကတော့ ခက်ရဲ့ darkside ကိုမြင်သွားပြီဟေ့။ ကိုယ်၀န်ဆောင်တွေ အားငယ်တတ်တာသိပေမယ့် ခက်က သူခံစားရတာတွေကို မြိုသိပ်ထားတော့ တစ်ခုခုဖြစ်မှာစိုးရိမ်နေတာ။ အခုလိုကျတော့လည်း ငါ့သမက်လေးက ဂျစ်တူးလေးပါလား'
'ဟုတ်ပ အန်ကယ်ရယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့လည်း သူ့ရှေ့မှာ roတာ လျှော့ရတော့မှာပဲ ဟားဟား'
၂ယောက်သား စကားတစ်ပြောပြောနဲ့ ထမင်းစားခန့်ရောက်တော့ ဦးစစ်သော်၀ယ်ထားသမျှ အကုန်ပြောင်လေပြီ။
'ဟမ်..ဒါတွေက ဘယ်လိုဖြစ်...' ဦးစစ်သော်ရဲ့
စကားတောင်မဆုံးလိုက်ရ သက်နွယ်ကဖြတ်ပြီး
'အမလေး အန်ကယ်ရေ...မပြောချင်ပါဘူး။ ရောက်တာနဲ့ တန်းပြီး အန်ကယ်ပါလာတာတွေအကုန်
သူ့အတွက်ဆိုပြီး စားနေတာ။ သမီးတို့တောင်
နည်းနည်းပဲစားလိုက်ရတယ်။ '
'ဟားဟား..သားက papa၀ယ်လာတာတွေကြိုက်တယ်ပေါ့။ ဒါဆို သား daddyကို ဖုန်းဆက်ပြီး ထပ်၀ယ်ခဲ့ဖို့ မှာလိုက်အုံးမယ်။ သားတို့ သမီးတို့ကို ကျေးဇူးတင်ပါတယ်ကွယ်။ ဒီမှာနေတဲ့ကာလပတ်လုံး
ခက်က အစားဆို သိပ်မစားတတ်ဘူး။ အားနာလို့လားတော့မသိဘူး။ အန်ကယ်တို့ကပဲ ဇွတ်အတင်းကျွေးနေရတာ။ အခု သမီးတို့လာမှပဲ ခက်က
များများစားတော့တယ်။ ခက်က သူငယ်ချင်းတွေနဲ့ဆိုရင် တကယ်ကို ကလေးလေးအတိုင်းပဲ'
ဦးစစ်သော်က ပြောပြီးတာနဲ့ ဦးမင်းထက်ကို ဖုန်းဆက်ရအောင် ထွက်သွားလေသည်။ တကယ်တော့ ဖုန်းကလက်ထဲမှာကိုင်ထားတာမလို့ ထမင်းစားခန်းထဲမှာကတည်းက တစ်ခါထဲဆက်လိုက်လို့ရသည်။
ဒါပေမယ့် ဦးမင်းထက်ဆီဖုန်းဆက်ရင် အမြဲတမ်းလိုလို တီတီတာတာစကားတချို့ကိုပါ ပြောဖြစ်ကြသည်။ တော်ကြာ ခက်ရှေ့မှာ အဲ့လိုပြောမိရင်
မင်းခန့်တို့လို ၀န်ခံကတိရေးနေရမှာစိုး၍ အပြင်ထွက်ပြောခြင်းသာ။ အခုချိန်မှာ သမက်လေးက ယောက္ခထီးလဲ သိမှာမဟုတ်ဘူး အကုန်လုံးကို ပတ်ရမ်းနေတာလေ။ သမက်လည်း ကြောက်ရတယ် :"(
'ဟယ်..ခက်..ဘာဖြစ်တာလဲ။ ရရဲ့လား'
ရုတ်တရက် သက်နွယ်ရဲ့အော်သံကြားရတော့
ဦးစစ်သော်ခမျာ ဖုန်းကိုချက်ချင်းချလိုက်ပြီး ထမင်းစားခန်းထဲ ပြေး၀င်ရပြန်သည်။
'သား..ခက်..ရရဲ့လား? ဘယ်လိုဖြစ်တာလဲ?'
'သူ မွေးချင်နေတာနဲ့တူတယ် အန်ကယ်'
မင်းခန့်က၀င်ပြောတော့
'အင်း..ဖြစ်လောက်တယ်၊ ဆေးရုံပို့မှဖြစ်မယ်။ မောင်မင်းခန့် ခက်ကိုချီပြီး ကားထဲလိုက်ပို့ပေးလို့
ရလား?'
'ဟုတ်ကဲ့ အန်ကယ်' မင်းခန့်က ခက်ကိုချီပြီး ကားထဲလိုက်ပို့သည်။ ပြီးတာနဲ့ driver seat မှာ ၀င်ထိုင်လိုက်ပြီး
'အန်ကယ် ကျနော် ကားမောင်းလိုက်မယ်။
အန်ကယ်က နောက်ခန်းမှာပဲ ထိုင်လိုက်နော်။ အစိုး ဒီက လိုအပ်တာတွေယူခဲ့ပြီး ကိုယ့်ကားကို မောင်းခဲ့လို့ဖြစ်လား?'
'အင်းအင်း ဖြစ်တယ် ကိုကို...အဲ..မင်းခန့်။ လာလာ သက်နွယ်နဲ့ ဂနိုင်' မင်းခန့်တို့ကား ထွက်သွားတော့
သက်နွယ်တို့ကလဲ ခက်အတွက်လိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေအကုန် ယူပြီး နောက်ကလိုက်ခဲ့ကြသည်။
ဆေးရုံရောက်တော့ ခက်ကရေမြွှာပေါက်နေသဖြင့်
ကလေး မွန်းသွားမှာစိုးကာ ခွဲမွေးခဲ့ရသည်။
ဦးစစ်သော်ကိုယ်တိုင်ပဲ ခွဲမွေးပေးရလေသည်။
Operationခန်းရဲ့ အပြင်မှာတော့ မင်းခန့်တို့
၃ယောက်အပြင် ဦးမင်းထက်ကပါ စိတ်ပူစွာနဲ့
စောင့်နေကြသည်။ လူနာရှင်ဖြစ်တဲ့ စစ်ကတော့ရောက်မလာ။ မင်းခန့်တို့က ဖုန်းဆက်ကြည့်တော့လည်း ဆက်သွယ်မှုဧရိယာပြင်ပ တဲ့လေ။ လူနာရှင်နေရာမှာ လက်မှတ်ထိုးတော့လည်း မင်းခန့်ကပဲ လက်မှတ်ထိုးပေးရလေသည်။ ခဏကြာတော့ အခန်းတံခါးပွင့်လာပြီး ဦးစစ်သော် ထွက်လာလေသည်။ ဦးမင်းထက်က အပြေးအလွှားသွားကာ
'အသော်..အခြေအနေဘယ်လိုရှိလဲ? ခက်ကရော.. အဆင်ပြေရဲ့လား?'
'အကုန်လုံးအဆင်ပြေပါတယ် အကိုရဲ့။ ခက်က
သားလေးမွေးတယ်ဗျ။ အခုတော့ မေ့ဆေးအရှိန်ကြောင့် မနိုးသေးဘူး။ ခဏနေရင် သတိရလာတော့မှာ။ အကိုသိလား ကျနော့်ရဲ့ မြေးလေးကိုလေ
ကျနော်ကိုယ်တိုင် ဟောဒီလက်တွေနဲ့ ခွဲမွေးပေးခဲ့တာဗျ။ အခုထိ မယုံနိုင်သေးဘူး။ ဒီလိုမျိုးနေ့လေး ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး'
Advertisement
ဦးစစ်သော်က ပြောရင်းနဲ့ မျက်ရည်တွေကျလာတော့
'အသော်ကလည်းကွာ မငိုပါနဲ့တော့ အကိုလည်း
၀မ်းသာတာပေါ့။ အသော်ကိုယ်တိုင် ကိုယ်တို့
မြေးဦးလေးကို ခွဲမွေးပေးခဲ့လို့ ကျေးဇူးအရမ်းတင်ပါတယ်'
မင်းခန့်တို့ ၄ယောက်ကတော့ သူတို့ရှေ့က သက်ကြီးစုံတွဲကိုကြည့်ပြီး
(ခက်သာမြင်လို့ကတော့ သူတို့လဲ ၀န်ခံကတိထိုးရမှာ။ ခက်ရေ မြန်မြန်သတိရလာပါတော့ဟေ့။
မင်းယောက္ခထီးစုံတွဲက ဆေးရုံမှာလာroနေတာ။
၀န်ခံကတိမြန်မြန်လာထိုးခိုင်း။ ငါတို့ကိုပဲ ကွက်ပြီးအနိုင်ကျင့်ရင် မတရားဘူးမဟုတ်လား*) ခက်ဆီမှာ ၀န်ခံကတိထိုးခဲ့ရတဲ့ ၄ယောက်ကတော့ ထိုမြင်ကွင်းကို ခက်ကိုမြန်မြန်မြင်စေချင်နေကြသည်။
နောက်တော့ ဦးစစ်သော်က သတိရပြီး မြန်မြန်လူချင်းခွာလိုက်ကာ
'အာ...မေ့နေတာ အန်ကယ်တို့ ၂ယောက်ရဲ့ ဒီပုံစံသာ ခက်မြင်သွားလို့ရတော့ ၀န်ခံကတိထိုးနေရမှာနော်' ဟု ပြောတော့
(အသေအချာပဲပေါ့။ သူမသိရင်တောင် ကျနော်တို့က သွားတိုင်မှာ*) ဟု အသီးသီး စိတ်ထဲမှာပြောလိုက်ကြသော်လည်း အပြင်မှာတော့ ရယ်သာပြလိုက်ကြသည်။ ဦးမင်းထက်ကတော့ နားမလည်စွာပဲ
'ဘာကို ၀န်ခံကတိလဲ အသော်ရဲ့'
'အကိုမသိပါဘူး နောက်မှပြောပြမယ်'
'ဟုတ်ပါပြီ။ အခုရော ကလေးက အဆင်ပြေရဲ့လား'
'ပေါင်တော့ မပြည့်ဘူးအကို။ လမစေ့ပဲမွေးလာလို့ထင်တယ်။ ဒါနဲ့ စစ်ကိုရော အသိပေးပြီးပြီလား'
ဦးစစ်သော်ရဲ့အမေးကို မင်းခန့်ကပဲ
'ကျနော်တို့ ဖုန်းခေါ်တာတော့ ဆက်သွယ်မှုဧရိယာပြင်ပလို့ပဲပြောနေတယ် အန်ကယ်'
'ကျစ်...ခက်က ဒီမှာ အသက်လုနေရတာကို သူကတော့ အေးဆေးနေနိုင်တယ်ပေါ့ တောက်'
'စိတ်လျှော့ပါအကိုရယ် ကဲ ခက်ကိုသွားစောင့်ပေးလိုက်ကြအုံး။ ကျနော် အ၀တ်စားသွားလဲအုံးမယ်' ဟုဆိုကာ ထွက်သွားတော့
'သားတို့သူငယ်ချင်းနား စောင့်ချင်စောင့်ပေးကြလေ။ အန်ကယ်ရှိနေရင် သားတို့နေရခက်နေအုံးမယ်'
ဟုပြောပြီး ဦးစစ်သော်နောက် လိုက်သွားလေသည်။
ကျန်ခဲ့တဲ့ လေးယောက်မှာတော့ ထိုသက်ကြီးစုံတွဲ တီတီတာတာပြောနေတဲ့အချိန် ခက်နဲ့မြန်မြန်တွေ့ပါစေဟုသာ ဆုမွန်ကောင်း တောင်းပေးလိုက်ကြလေတော့သည်။
To be continued.....
[A/N...ကလေးမွေး projectတော့ပြီးသွားပါပြီရှင်။
နောက်ပိုင်းတွေ spoilရမယ်ဆိုရင်ဖြင့် ခက်
၀မ်းနည်းရမယ့်အခန်းလေးတွေရှိပါသေးတယ်လို့။ ယူတို့ အခင့်ကိုတော့ ၀ိုင်းမရိုက်ကြဘူးမလား🤢]
'အန္ကယ္....ခက္ရွိလား ခမ်?'
'ခက်..ခက်...ထတော့ဟ...'
ထူပေးလေသည်။ သက်နွယ်က
အအေးလာပို့တာ'
သက်နွယ်က
'ကြည့်ကြပ်လဲလုပ်အုံး။ တော်ကြာ အရမ်းတွေ
ပုံ/ ခက် :') ]
'ဟယ်..ခက်..ဘာဖြစ်တာလဲ။ ရရဲ့လား'
ရလား?'
Advertisement
- In Serial7 Chapters
Kingdom Shattered
Harold Schultz is a young substitute teacher making just enough money to pay rent and fuel his gaming hobby. When the highly anticipated upcoming video game Kingdom Shattered announces a raffle to decide invites to private beta testing not only the game, but also the next generation of full immersion gear, he immediately applies and ends up winning a slot to become a beta tester. Leaving his apartment and part-time teaching behind he heads to the game company's headquarters where the entire event will be broadcast live, with each player earning money off of the amount of viewers they are able to obtain while alive. On top of that, the first place player will walk away with a one million dollar grand prize. With his eyes on the giant cash bonus, Harold is determined to do everything he can to make it to the end and walk away with the grand prize. Will he be able to conquer Kingdom Shattered and become its first King? Cover art is temporary and used with permission from the artist Morten Solgaard Pedersen.
8 100 - In Serial8 Chapters
Re: Rock
An old, banished alchemist finds himself conducting an experiment of the most taboo kind - creating life. A ritual has been laid, the stone golem placed, and all the ingredients and magic spells prepared. The alchemist was sure of his success, but even with a lifetime of scouring he had not prepared enough. Minutes into the experiment, his soul was damned, as the ritual accidentally sealed his very essence into the stone golem. For thousands of years he laid fusing with the golem. The old era has passed, and a new age has ushered in. Great powers, monstrous beasts, and plotting giants seek to claim this era as their own. Then he wakes.
8 169 - In Serial7 Chapters
Reaching for the stars
Since ancient times, humans would look up to the stars, gaining strenght from their presence. Their greatest desire to go beyond. Can one find what one seek there, high up above the sky, or will it all be for naught when one tries?There exists invisible laws that says that women are not men; therefore can not be warriors. Follow Mei Wei Rong, the daughter of the the Wei clan's head, striving to become an esteemed moon warrior. Under the pretense of marriage, she is to be kept away from the path of cultivation. But, can she defy fate and find what she wants most – freedom and the ability to rule herself?A/N: Here's the link to my website: https://fantasyroadblog.wordpress.com/ I guarantee that the reading experience will be smother her. Follow my wordpress for faster updates and much more that's about to come.
8 171 - In Serial25 Chapters
The Wonderful Wizard of Oz
The Wonderful Wizard of Oz, is an American children's novel written by author L. Frank Baum and illustrated by W. W. Denslow, originally published by the George M. Hill Company in Chicago on May 17, 1900. It has since been reprinted on numerous occasions, most often under the title The Wizard of Oz, which is the title of the popular 1902 Broadway musical as well as the iconic 1939 musical film adaptation. The story chronicles the adventures of a young farm girl named Dorothy in the magical Land of Oz, after she and her pet dog Toto are swept away from their Kansas home by a cyclone. The novel is one of the best-known stories in American literature and has been widely translated. Its groundbreaking success and the success of the Broadway musical adapted from the novel led Baum to write thirteen additional Oz books that serve as official sequels to the first story.
8 98 - In Serial43 Chapters
The Ultimate Guide To Writing PJO Fanfics
Are you struggling for ideas, or not sure if you're writing is at it's best? This is everything I've learned about success with my fanfics, what works and what doesn't, and how to achieve popularity. Some of these tips can be used for other fanfics and stories too!"No, Percy! I promise, there's still good in you!" Annabeth said desperately."I'm sorry, but you broke me, and I've come to return the favor." Percy replied, malice glinting in his eyes, as he drew Riptide.Your First Tip? Cliffhangers make good intros, so read on.(I'm trying out this new cover, so please, give feedback!)
8 160 - In Serial7 Chapters
Haiky Scehurios
WOw its basically the same thing as my other book... but with different characters... yeah.
8 207