《Let Me Start Again [Completed]》LMSA 30
Advertisement
ဆေးရုံကဆင်းတဲ့နေ့မှာပဲ ခက်ရဲ့မိဘတွေ ရောက်လာကြသည်။
'သား...သက်သာရဲ့လား? မေမေတို့
သတင်းကြားကြားချင်းလာချင်ပေမယ့် အခုမှပဲရောက်ဖြစ်တယ်သားရယ်။ မေမေက မွေးဖို့
လိုသေးတယ်ထင်နေတာ'
'ရပါတယ်မေမေရဲ့ သားလည်း ဒီလို ၂လလောက်စောပြီးမွေးမယ်မထင်ထားဘူး'
'အခုမေမေရောက်ပြီဆိုတော့ အရင်အိမ်မှာပဲ
နေမလား သား'
'မနေတော့ပါဘူးမေမေရယ်။ မေမေတို့လဲ Japanကအလုပ်တွေနဲ့ဆိုရင် ဒီမှာကြာကြာမနေဘူးမလား? သား papaတို့နဲ့ပဲနေလိုက်ပါ့မယ်။ အိမ်မှာလည်း သားကိုဂရုစိုက်ဖို့ ကြီးကြီးတစ်ယောက်လုံး
ရှိတယ်လေ'
'ဒါဆိုရင်လဲ သားသဘောပါပဲကွယ်။ ဒါနဲ့ စစ်ကိုလဲ
မမြင်ပါလား?'
'သူ...သူက...ရှိပါတယ်မေမေရဲ့။ မနေ့ကမှ အလုပ်ကိစ္စပေါ်လာလို့ ခရီးထွက်သွားတာ။'
တကယ်တော့ စစ်ဘယ်ကိုရောက်နေလဲဆိုတာ
သူမသိပေ။
ခက် လိမ်ပြောရပြန်သည်။ စစ်နဲ့နေသမျှကာလပတ်လုံး သူဒီလိုပဲ လိမ်ပေးနေကျပင်။
ခက်ဆေးရုံကဆင်းပြီးလို့ ခက်ရဲ့မိဘတွေ Japanကိုပြန်သွားတဲ့အချိန်အထိ စစ်ဟာ အိမ်ကိုပြန်မလာခဲ့ပါ။ ဖုန်းလည်းခေါ်မရ။ မင်းခန့်တို့ကိုမေးတော့လည်း မဖြေကြပေ။ နောက်ဆုံးတော့ စစ်ဘယ်သွားလဲဆိုတာ သူသိခဲ့ရသည်။ အဲ့ဒါကလည်း ဟန်နီနိုင် Facebookမှာ တင်ထားတဲ့ဓါတ်ပုံကြောင့်။
စက်စဲမှာ ရိုက်ထားတာဖြစ်ပြီး ၂ယောက်လုံးရဲ့မျက်နှာမှာလည်း အပြုံးတွေကိုယ်စီနှင့်။ comment တွေကို ၀င်ဖတ်ကြည့်မိတော့ သူတို့ ၂ယောက်ကို လင်မယားဟုထင်ကာ လိုက်ဖက်တဲ့စုံတွဲ နတ်ဖတ်တဲ့ဖူးစာဟု ဆိုကြသူတွေက အများအပြား။ commentတွေကို လိုက်ဖတ်ကြည့်ရင်းနဲ့
ခက်မျက်ရည်ကျမိသည်။ အခုချိန်မှာ ဟန်နီနိုင်နဲ့ ခရီးထွက်နေတဲ့ စစ်ကိုပဲအပြစ်တင်ရမလား
ဖုန်းမသုံးနဲ့လို့ လူကြီးတွေမှာထားတဲ့ကြားက
ခိုးပြီး ဖုန်းသုံးနေမိတဲ့ သူ့ကိုယ်သူပဲ အပြစ်တင်ရမလား မသိတော့။ သူဖုန်းသုံးမိလို့ အခုလိုတွေ
မြင်နေရတာမဟုတ်ပါလား။
(ဒါကြောင့်လား....ဒါကြောင့်...ဒါကြောင့်...ငါ
ကလေးမွေးတာကိုတောင် မလာနိုင်တာလား။
ဒါကြောင့်မလို့...မင်းဆီကိုဆက်သွယ်လို့မရတာလား....စစ်ရာ...ငါ...ငါတကယ်..ထွက်ပြေးချင်နေပြီ..မင်းသိရဲ့လား....တကယ်ပဲ...တကယ်ပဲ....
ဒီလိုလုပ်မှဖြစ်မှာလား...မင်းတို့ ၂ယောက်ကြားမှာ..ငါက..အရှုပ်ထုတ်လိုပဲလား*) 'လား'ပေါင်းများစွာနဲ့ သူ့မေးခွန်းတွေကို ဘယ်သူကမှ ဖြေမပေးနိုင်။
ဘာလို့များ ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက်အပေါ်
ဒီလောက်ထိ တွယ်တာနေမိတာလဲ?
ဘာလို့များ ကိုယ့်အပေါ် တစ်စက်ကလေးမှ
အရေးမလုပ်တဲ့သူကို အဲ့ဒီလောက်ထိ
ချစ်မိသွားရတာလဲ?
ဘာလို့များ ကိုယ့်အပေါ်ရက်စက်တဲ့သူအနားက ထွက်မနားနိုင်ရတာလဲ။
ဘာလို့များ....ဘာလို့များ....
နောက် ၂ရက်လောက်နေတော့ စစ် ပြန်လာခဲ့သည်။ စစ်အိမ်ထဲကို၀င်လိုက်တာနဲ့
'ခွပ်'
'Daddy ဘာလို့ကျနော့်ကိုထိုးရတာလဲ?'
'ဘာလို့လဲ ဟုတ်လား? မင်းအခု ဘာတွေလုပ်နေတာလဲရော မင်းကိုယ်မင်းသိရဲ့လား ဟမ်?'
'ကျနော်ဘာလုပ်နေလို့လဲ?'
'ခက်က အသက်လုပြီး မင်းရင်သွေးကို မွေးပေးနေတဲ့အချိန်မှာ မင်းကတော့ အကုန်လုံးကိုအဆက်အသွယ်ဖြတ်ပြီး အငယ်အနှောင်းနဲ့ ခရီးထွက်နေတယ်ပေါ့ '
'ဘာကိုအဆက်အသွယ်ဖြတ်တာလဲ? ကျနော့်ဖုန်းပျောက်သွားလို့ ဖုန်းအသစ်၀ယ်လိုက်ရတာ။
ဘယ်သူ့ကိုမှ အဆက်သွယ်ဖြတ်ထားတာမဟုတ်ဘူး!'
'ဒါပေမယ့် မင်းက အငယ်အနှောင်းနဲ့ လည်လိုက်သေးတယ်မဟုတ်လား? မင်းအရမ်းစိတ်ပျက်ဖို့ကောင်းတယ် မင်းစစ်မောင်'
'တော်တော့ daddy။ ကျနော် daddyနဲ့ စကားဆက်မပြောချင်ဘူး'
'မပြောချင်ရင်လဲ ပြန်တော့! မင်းဘာလို့ခက်ကိုရက်စက်နေရတာလဲ ဟမ်! မင်းဟန်နီနိုင်ဆိုတဲ့
မိန်းကလေးနဲ့ဆက်တွဲနေမယ်ဆိုရင် ခက်ကိုကွာရှင်းလိုက်'
'အဟက်! ကွာရှင်းချင်တာပေါ့။ သူက ကွာမှမကွာရှင်းပေးပဲ။ ကျနော်ကရော သူနဲ့အတူတူနေချင်လွန်းလို့ နေနေတယ်များထင်နေတာလား!!! '
အပြင်က ဆူဆူညံညံအသံတွေကြောင့် ခက်
သားလေးကို ပုခက်ထဲထည့်သိပ်လိုက်ပြီး အခန်းပြင်ကို ထွက်လာခဲ့သည်။
'စစ်..ပြန်ရောက်ပြီလား?'
'မင်းထွက်လာတာနဲ့အတော်ပဲ။ ငါ့ကို daddyက မင်းနဲ့ကွာရှင်းခိုင်းနေတယ်'
'Dad..daddy...ကျနော် စစ်နဲ့မကွာရှင်းပါရစေနဲ့ daddyရယ် ကျနော်တောင်းပန်ပါတယ်'
'ခက် ဒီကောင်က သားကို ဘယ်လောက်တောင်ရက်စက်နေလဲ မသိလို့လား?'
'ဒါ..ဒါပေမယ့် ကျနော်မကွာရှင်းချင်ဘူး။
သားလေးမျက်နှာလဲရှိသေးတယ်လေ'
'ကောင်းပြီလေ။ ဒါဆိုလဲ မင်းတို့သဘောပဲ။
ဒါပေမယ့် မင်းကိုတော့ သတိပေးလိုက်မယ် မင်းစစ်မောင်'
ဦးမင်းထက် စစ်ကိုတည့်တည့်ကြည့်လိုက်ကာ
'ကိုယ့်အနားမှာရှိနေတုန်း တန်ဖိုးထားတတ်ရတယ်။ တစ်ဖက်လူက ခံနိုင်ရည်ကုန်ဆုံးသွားလို့
ထွက်ပြေးသွားတဲ့အခါကျမှ နောင်တမရနဲ့။ သည်းခံတယ်ဆိုတာ အတိုင်းအတာတစ်ခုထိရှိတယ်။ပြီးတော့
နောင်တ ဆိုတာ နောင်.... မှ ....ရ ....တာ '
'ကျနော့်မှာ ရစရာနောင်တမရှိဘူး။ အဲ့လိုနောင်တရစရာအလုပ်ကိုလဲ မလုပ်ဘူး။ မင်းငါနဲ့လိုက်မှာဆိုရင်
အမြန်လုပ်'
စစ်အပြောကြောင့် ခက် စစ်နဲ့တိုက်ခန်းကိုပြန်လိုက်ရန် ပြင်ဆင်လေတော့သည်။ ဘယ်လောက်ပဲ
သူ့အပေါ် ရက်စက်နေပါစေ စစ်အနားမှာပဲ တွယ်ကပ်နေမိတဲ့ သူဟာ တကယ်ကို အမှတ်မရှိသူတစ်ယောက်။
စစ်ကို ကွာရှင်းမပေးချင်တာဟာ သားလေးကြောင့်ဖြစ်သလို..စစ်နဲ့သူ ကွာရှင်းလိုက်ရင် စစ်ဟာ
ဟန်နီနိုင်နဲ့ လက်ထပ်တော့မှာကို သိနေလို့။
ဒီနေရာမှာတော့ သူတစ်ကိုယ်ကောင်းဆန်ချင်သည်။ စစ် သူ့ကိုမချစ်ပေမယ့် စစ်ဘေးနားက သူ့နေရာကို သူများကိုမပေးလိုက်နိုင်။
စစ်ကို မပိုင်ပေမယ့် ဆိုင်တော့ ဆိုင်ချင်သေးသည်မို့။
တိုက်ခန်းကိုရောက်တော့ ဟန်နီနိုင့်ကိုမတွေ့တော့ပေ။ ကြည့်ရတာ သူပြန်လာနေမှာမလို့ ဟန်နီနိုင်က သူ့အိမ်သူ ပြန်သွားသည့်ပုံပင်။ သူနဲ့ဟန်နီနိုင်ကို တစ်အိမ်ထဲမှာမနေခိုင်းသည့်အတွက် စစ်ကို ကြံဖန်ကျေးဇူးတင်မိသေးသည်။
'မင်းပြန်လာပြီဆိုတော့ ခါတိုင်းလို ငါ့ကိုမနက်စာပြင်ပေးဖို့မမေ့နဲ့'
Advertisement
'ကောင်းပါပြီ' သားလေးကို အိပ်ယာပေါ်မှာ
သိပ်လိုက်ပြီး ပါလာတဲ့ အင်္ကျီတွေကို ဗီဒိုထဲ ပြောင်းထည့်လိုက်သည်။
ညရောက်တော့ ခက်က ကလေးနှင့် အောက်မှာအိပ်မည်ပြင်လေသည်။
'မင်းကိုဘယ်သူကအောက်မှာအိပ်ခိုင်းလို့လဲ?'
'ဒါ..ဒါဆို ငါက ဘယ်နားလေးမှာအိပ်ရမှာလဲ?'
'ဒီပေါ်မှာလာအိပ်' စစ်အပြောကြောင့် ခက်လည်း ကုတင်အစွန်းလေးမှာပဲ အိပ်လိုက်သည်။ စစ်က
သူ့အသားကိုထိတာ မကြိုက်ဘူးမလား။
ဘာပဲဖြစ်ဖြစ် အခုလို ကြမ်းပြင်ပေါ်မှာ မအိပ်ခိုင်းတာပဲ ကျေးဇူးတင်လှပါပြီ။ ကြာရင် သူတို့ သားအဖ ၂ယောက်စလုံး အအေးပတ်လိမ့်မည်လေ။
သားလေးကြောင့်လားမသိ စစ်က အရင်တုန်းကလို airconကို မမြှင့်တော့ပေ။
မနက်မိုးလင်းတိုင်း စစ်အတွက်ပြင်ဆင်ပေးရတဲ့ ၀တ္တရားကို မပျက်ကွက်စေသလို သားအတွက်လဲ
အဖေကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေနေသည်။ စစ်ကတော့ အရင်ကလို ဟန်နီနိုင့်ကို
တစ်ပတ်တစ်ခါ အိမ်ခေါ်မလာသော်လည်း ဟန်နီနိုင်နဲ့ အဆက်သွယ်တော့မပြတ်ပေ။ ဘာပဲဖြစ်ဖြစ်
သားလေးမျက်နှာထောက်ပြီး ဟန်နီနိုင်ကို
အိမ်ခေါ်မလာတာပဲ ကျေးဇူးတင်နေပါပြီ။
'အူ၀ဲ..အူ၀ဲ' ညကြီးသန်းခေါင် ထငိုနေတဲ့
သားကြောင့် စစ်ကောင်းကောင်းမအိပ်ရ။ စိတ်တိုတိုနဲ့ ထထိုင်လိုက်တော့ ခက်က သူနိုးမည်စိုး၍
ကြိတ်ပြီး ချော့နေသည်ကိုတွေ့ရသည်။
'စ..စစ်...နိုးသွားတာလား?'
'ဒီလောက်ဆူနေမှတော့ ဘယ်လိုလုပ်အိပ်လို့ရပါ့မလဲ '
'တောင်း... တောင်းပန်ပါတယ်။ ငါ..ငါလည်း ချော့နေတာကို သားက အငိုမတိတ်ဘူးဖြစ်နေတာ'
သူစိတ်ဆိုးမှာကြောက်လို့ ပြာပြာသလဲရှင်းပြနေတဲ့ ခက်ကို တစ်ချက်ကြည့်လိုက်ပြီး
'ပေး...ငါချီမယ်' စစ်က တောင်းသဖြင့် သားကို
စစ်ရဲ့လက်ထဲ ထည့်ပေးလိုက်သည်။ သားက စစ်ကို သူ့အဖေမှန်းသိတယ်ထင်၊ စစ်လက်ထဲရောက်တာနဲ့ အငိုတိတ်သွားလေသည်။ သားကို ကြာကြာချီထားရင် စစ်ညောင်းမည်စိုးသဖြင့်
'စစ် သားလေးကို ငါ့ကိုပေးရင်ပေးလေ။ ငါဆက်သိပ်လိုက်ပါ့မယ်။ မင်းက မနက်ဖြန် companyသွားရမှာမဟုတ်လား အိပ်ရင်အိပ်တော့လေ'
'မလိုဘူး။ လက်ပြောင်းချီလိုက်ရင် ထပ်ငိုနေအုံးမယ်။ ငါနားငြီးမခံနိုင်ဘူး' ဟုဆိုကာ မနက် ၂နာရီထိုးသည်အထိ သားကို လက်ပေါ်ကမချသော
စစ်ကြောင့် သူလည်း အရင် မအိပ်ရဲ။ နောက်တော့မှ သားကို ဖြေးဖြေးလေး ချလိုက်ကာ သားရဲ့ဘေးမှာ၀င်လှဲသောစစ်။ ငုတ်တုတ်ထိုင်နေသေးတဲ့သူ့ကိုမြင်တော့
'မင်းက အခုထိမအိပ်သေးဘူးလား? မနက်ဖြန်
ငါ့အတွက်မနက်စာပြင်ပေးရအုံးမှာနော်။
မနက်စောစောမထနိုင်ပဲနေလိမ့်မယ် အိပ်တော့'
စစ်ရဲ့အမိန့်ကို နာခံလှစွာပဲ သူလည်း သားရဲ့ ဘေးတစ်ဖက်မှာ၀င်လှဲမိလေသည်။ အခုမှ သူတို့တွေက တကယ့်မိသားစုတွေလို။ သားလေးမွေးပြီးနောက်ပိုင်း စစ်က သူပြင်ဆင်ပေးသမျှကို အရင်ကလောက်မငြင်းတော့ပေ။ မနက်ဆိုရင် သူပြင်ပေးတဲ့ မနက်စာကိုစားကာ companyသွားသည်။
ည ၇နာရီ ၈နာရီလောက်ဆို ပြန်လာသည်။ ဒီအချိန်တွေက ရုံးဆင်းချိန်တွေမဟုတ်သော်လည်း ခက်ကတော့ ဘာမှမပြောပေ။ ဟိုတုန်းကလို ၁ပတ်မှာ ၄ရက်လောက် အိမ်ပြန်မအိပ်တာထက်စာရင် အခုလို
နေ့တိုင်း ည၇နာရီလောက် ပြန်လာတာက
တော်သေးတယ်မဟုတ်လား။ အရင်ကလို ဟန်နီနိုင့်ကို တစ်ပတ်တစ်ခါ အိမ်ကိုမခေါ်တော့ပဲ ရုံးဆင်းချိန်တွေမှာ ဟန်နီနိုင်နဲ့အတူရှိနေတတ်တဲ့စစ်ကို
ခက် ဘာမှ အတွန့်မတက်မိပါချေ။ ညတိုင်း သူတို့သားအဖကို ၂ယောက်ထဲမထားခဲ့တဲ့ စစ်ကို သူတကယ်ပဲကျေးဇူးတင်ရပါသည်။ ဟန်နီနိုင်နဲ့
ဆက်သွယ်နေသေးတာကို သိပေမယ့် သူ လစ်လျူရှုထားမိသည်သာ။ သားလေးမွေးပြီးမှ စစ် သူ့အပေါ် အရင်ကလောက် မရက်စက်တော့ပေ။ သားလေးဟာ သူ့အတွက်တော့ ကံကောင်းမှုတွေကို ယူဆောင်လာတာပင်။ သို့သော်လည်း ထို ကံကောင်းမှုတွေကို ယူဆောင်လာတဲ့သူကိုယ်တိုင်က ကံမကောင်းတတ်တာကို ခက်တစ်ယောက် သိခဲ့ပါမည်ဆိုလျှင်.....
To be continued.....
ေဆး႐ုံကဆင္းတဲ့ေန႔မွာပဲ ခက္ရဲ႕မိဘေတြ ေရာက္လာၾကသည္။
'သား...သက္သာရဲ႕လား? ေမေမတို႔
သတင္းၾကားၾကားခ်င္းလာခ်င္ေပမယ့္ အခုမွပဲေရာက္ျဖစ္တယ္သားရယ္။ ေမေမက ေမြးဖို႔
လိုေသးတယ္ထင္ေနတာ'
'ရပါတယ္ေမေမရဲ႕ သားလည္း ဒီလို ၂လေလာက္ေစာၿပီးေမြးမယ္မထင္ထားဘူး'
'အခုေမေမေရာက္ၿပီဆိုေတာ့ အရင္အိမ္မွာပဲ
ေနမလား သား'
'မေနေတာ့ပါဘူးေမေမရယ္။ ေမေမတို႔လဲ Japanကအလုပ္ေတြနဲ႔ဆိုရင္ ဒီမွာၾကာၾကာမေနဘူးမလား? သား papaတို႔နဲ႔ပဲေနလိုက္ပါ့မယ္။ အိမ္မွာလည္း သားကိုဂ႐ုစိုက္ဖို႔ ႀကီးႀကီးတစ္ေယာက္လုံး
ရွိတယ္ေလ'
'ဒါဆိုရင္လဲ သားသေဘာပါပဲကြယ္။ ဒါနဲ႔ စစ္ကိုလဲ
မျမင္ပါလား?'
'သူ...သူက...ရွိပါတယ္ေမေမရဲ႕။ မေန႔ကမွ အလုပ္ကိစၥေပၚလာလို႔ ခရီးထြက္သြားတာ။'
တကယ္ေတာ့ စစ္ဘယ္ကိုေရာက္ေနလဲဆိုတာ
သူမသိေပ။
ခက္ လိမ္ေျပာရျပန္သည္။ စစ္နဲ႔ေနသမွ်ကာလပတ္လုံး သူဒီလိုပဲ လိမ္ေပးေနက်ပင္။
ခက္ေဆး႐ုံကဆင္းၿပီးလို႔ ခက္ရဲ႕မိဘေတြ Japanကိုျပန္သြားတဲ့အခ်ိန္အထိ စစ္ဟာ အိမ္ကိုျပန္မလာခဲ့ပါ။ ဖုန္းလည္းေခၚမရ။ မင္းခန္႔တို႔ကိုေမးေတာ့လည္း မေျဖၾကေပ။ ေနာက္ဆုံးေတာ့ စစ္ဘယ္သြားလဲဆိုတာ သူသိခဲ့ရသည္။ အဲ့ဒါကလည္း ဟန္နီႏိုင္ Facebookမွာ တင္ထားတဲ့ဓါတ္ပုံေၾကာင့္။
စက္စဲမွာ ႐ိုက္ထားတာျဖစ္ၿပီး ၂ေယာက္လုံးရဲ႕မ်က္ႏွာမွာလည္း အၿပဳံးေတြကိုယ္စီႏွင့္။ comment ေတြကို ၀င္ဖတ္ၾကည့္မိေတာ့ သူတို႔ ၂ေယာက္ကို လင္မယားဟုထင္ကာ လိုက္ဖက္တဲ့စုံတြဲ နတ္ဖတ္တဲ့ဖူးစာဟု ဆိုၾကသူေတြက အမ်ားအျပား။ commentေတြကို လိုက္ဖတ္ၾကည့္ရင္းနဲ႔
ခက္မ်က္ရည္က်မိသည္။ အခုခ်ိန္မွာ ဟန္နီႏိုင္နဲ႔ ခရီးထြက္ေနတဲ့ စစ္ကိုပဲအျပစ္တင္ရမလား
ဖုန္းမသုံးနဲ႔လို႔ လူႀကီးေတြမွာထားတဲ့ၾကားက
ခိုးၿပီး ဖုန္းသုံးေနမိတဲ့ သူ႔ကိုယ္သူပဲ အျပစ္တင္ရမလား မသိေတာ့။ သူဖုန္းသုံးမိလို႔ အခုလိုေတြ
Advertisement
ျမင္ေနရတာမဟုတ္ပါလား။
(ဒါေၾကာင့္လား....ဒါေၾကာင့္...ဒါေၾကာင့္...ငါ
ကေလးေမြးတာကိုေတာင္ မလာႏိုင္တာလား။
ဒါေၾကာင့္မလို႔...မင္းဆီကိုဆက္သြယ္လို႔မရတာလား....စစ္ရာ...ငါ...ငါတကယ္..ထြက္ေျပးခ်င္ေနၿပီ..မင္းသိရဲ႕လား....တကယ္ပဲ...တကယ္ပဲ....
ဒီလိုလုပ္မွျဖစ္မွာလား...မင္းတို႔ ၂ေယာက္ၾကားမွာ..ငါက..အရႈပ္ထုတ္လိုပဲလား*) 'လား'ေပါင္းမ်ားစြာနဲ႔ သူ႔ေမးခြန္းေတြကို ဘယ္သူကမွ ေျဖမေပးႏိုင္။
ဘာလို႔မ်ား ကိုယ့္ကိုမခ်စ္တဲ့သူတစ္ေယာက္အေပၚ
ဒီေလာက္ထိ တြယ္တာေနမိတာလဲ?
ဘာလို႔မ်ား ကိုယ့္အေပၚ တစ္စက္ကေလးမွ
အေရးမလုပ္တဲ့သူကို အဲ့ဒီေလာက္ထိ
ခ်စ္မိသြားရတာလဲ?
ဘာလို႔မ်ား ကိုယ့္အေပၚရက္စက္တဲ့သူအနားက ထြက္မနားႏိုင္ရတာလဲ။
ဘာလို႔မ်ား....ဘာလို႔မ်ား....
ေနာက္ ၂ရက္ေလာက္ေနေတာ့ စစ္ ျပန္လာခဲ့သည္။ စစ္အိမ္ထဲကို၀င္လိုက္တာနဲ႔
'ခြပ္'
'Daddy ဘာလို႔က်ေနာ့္ကိုထိုးရတာလဲ?'
'ဘာလို႔လဲ ဟုတ္လား? မင္းအခု ဘာေတြလုပ္ေနတာလဲေရာ မင္းကိုယ္မင္းသိရဲ႕လား ဟမ္?'
'က်ေနာ္ဘာလုပ္ေနလို႔လဲ?'
'ခက္က အသက္လုၿပီး မင္းရင္ေသြးကို ေမြးေပးေနတဲ့အခ်ိန္မွာ မင္းကေတာ့ အကုန္လုံးကိုအဆက္အသြယ္ျဖတ္ၿပီး အငယ္အေႏွာင္းနဲ႔ ခရီးထြက္ေနတယ္ေပါ့ '
'ဘာကိုအဆက္အသြယ္ျဖတ္တာလဲ? က်ေနာ့္ဖုန္းေပ်ာက္သြားလို႔ ဖုန္းအသစ္၀ယ္လိုက္ရတာ။
ဘယ္သူ႔ကိုမွ အဆက္သြယ္ျဖတ္ထားတာမဟုတ္ဘူး!'
'ဒါေပမယ့္ မင္းက အငယ္အေႏွာင္းနဲ႔ လည္လိုက္ေသးတယ္မဟုတ္လား? မင္းအရမ္းစိတ္ပ်က္ဖို႔ေကာင္းတယ္ မင္းစစ္ေမာင္'
'ေတာ္ေတာ့ daddy။ က်ေနာ္ daddyနဲ႔ စကားဆက္မေျပာခ်င္ဘူး'
'မေျပာခ်င္ရင္လဲ ျပန္ေတာ့! မင္းဘာလို႔ခက္ကိုရက္စက္ေနရတာလဲ ဟမ္! မင္းဟန္နီႏိုင္ဆိုတဲ့
မိန္းကေလးနဲ႔ဆက္တြဲေနမယ္ဆိုရင္ ခက္ကိုကြာရွင္းလိုက္'
'အဟက္! ကြာရွင္းခ်င္တာေပါ့။ သူက ကြာမွမကြာရွင္းေပးပဲ။ က်ေနာ္ကေရာ သူနဲ႔အတူတူေနခ်င္လြန္းလို႔ ေနေနတယ္မ်ားထင္ေနတာလား!!! '
အျပင္က ဆူဆူညံညံအသံေတြေၾကာင့္ ခက္
သားေလးကို ပုခက္ထဲထည့္သိပ္လိုက္ၿပီး အခန္းျပင္ကို ထြက္လာခဲ့သည္။
'စစ္..ျပန္ေရာက္ၿပီလား?'
'မင္းထြက္လာတာနဲ႔အေတာ္ပဲ။ ငါ့ကို daddyက မင္းနဲ႔ကြာရွင္းခိုင္းေနတယ္'
'Dad..daddy...က်ေနာ္ စစ္နဲ႔မကြာရွင္းပါရေစနဲ႔ daddyရယ္ က်ေနာ္ေတာင္းပန္ပါတယ္'
'ခက္ ဒီေကာင္က သားကို ဘယ္ေလာက္ေတာင္ရက္စက္ေနလဲ မသိလို႔လား?'
'ဒါ..ဒါေပမယ့္ က်ေနာ္မကြာရွင္းခ်င္ဘူး။
သားေလးမ်က္ႏွာလဲရွိေသးတယ္ေလ'
'ေကာင္းၿပီေလ။ ဒါဆိုလဲ မင္းတို႔သေဘာပဲ။
ဒါေပမယ့္ မင္းကိုေတာ့ သတိေပးလိုက္မယ္ မင္းစစ္ေမာင္'
ဦးမင္းထက္ စစ္ကိုတည့္တည့္ၾကည့္လိုက္ကာ
'ကိုယ့္အနားမွာရွိေနတုန္း တန္ဖိုးထားတတ္ရတယ္။ တစ္ဖက္လူက ခံႏိုင္ရည္ကုန္ဆုံးသြားလို႔
ထြက္ေျပးသြားတဲ့အခါက်မွ ေနာင္တမရနဲ႔။ သည္းခံတယ္ဆိုတာ အတိုင္းအတာတစ္ခုထိရွိတယ္။ၿပီးေတာ့
ေနာင္တ ဆိုတာ ေနာင္.... မွ ....ရ ....တာ '
'က်ေနာ့္မွာ ရစရာေနာင္တမရွိဘူး။ အဲ့လိုေနာင္တရစရာအလုပ္ကိုလဲ မလုပ္ဘူး။ မင္းငါနဲ႔လိုက္မွာဆိုရင္
အျမန္လုပ္'
စစ္အေျပာေၾကာင့္ ခက္ စစ္နဲ႔တိုက္ခန္းကိုျပန္လိုက္ရန္ ျပင္ဆင္ေလေတာ့သည္။ ဘယ္ေလာက္ပဲ
သူ႔အေပၚ ရက္စက္ေနပါေစ စစ္အနားမွာပဲ တြယ္ကပ္ေနမိတဲ့ သူဟာ တကယ္ကို အမွတ္မရွိသူတစ္ေယာက္။
စစ္ကို ကြာရွင္းမေပးခ်င္တာဟာ သားေလးေၾကာင့္ျဖစ္သလို..စစ္နဲ႔သူ ကြာရွင္းလိုက္ရင္ စစ္ဟာ
ဟန္နီႏိုင္နဲ႔ လက္ထပ္ေတာ့မွာကို သိေနလို႔။
ဒီေနရာမွာေတာ့ သူတစ္ကိုယ္ေကာင္းဆန္ခ်င္သည္။ စစ္ သူ႔ကိုမခ်စ္ေပမယ့္ စစ္ေဘးနားက သူ႔ေနရာကို သူမ်ားကိုမေပးလိုက္ႏိုင္။
စစ္ကို မပိုင္ေပမယ့္ ဆိုင္ေတာ့ ဆိုင္ခ်င္ေသးသည္မို႔။
တိုက္ခန္းကိုေရာက္ေတာ့ ဟန္နီႏိုင့္ကိုမေတြ႕ေတာ့ေပ။ ၾကည့္ရတာ သူျပန္လာေနမွာမလို႔ ဟန္နီႏိုင္က သူ႔အိမ္သူ ျပန္သြားသည့္ပုံပင္။ သူနဲ႔ဟန္နီႏိုင္ကို တစ္အိမ္ထဲမွာမေနခိုင္းသည့္အတြက္ စစ္ကို ႀကံဖန္ေက်းဇူးတင္မိေသးသည္။
'မင္းျပန္လာၿပီဆိုေတာ့ ခါတိုင္းလို ငါ့ကိုမနက္စာျပင္ေပးဖို႔မေမ့နဲ႔'
'ေကာင္းပါၿပီ' သားေလးကို အိပ္ယာေပၚမွာ
သိပ္လိုက္ၿပီး ပါလာတဲ့ အက်ႌေတြကို ဗီဒိုထဲ ေျပာင္းထည့္လိုက္သည္။
ညေရာက္ေတာ့ ခက္က ကေလးႏွင့္ ေအာက္မွာအိပ္မည္ျပင္ေလသည္။
'မင္းကိုဘယ္သူကေအာက္မွာအိပ္ခိုင္းလို႔လဲ?'
'ဒါ..ဒါဆို ငါက ဘယ္နားေလးမွာအိပ္ရမွာလဲ?'
'ဒီေပၚမွာလာအိပ္' စစ္အေျပာေၾကာင့္ ခက္လည္း ကုတင္အစြန္းေလးမွာပဲ အိပ္လိုက္သည္။ စစ္က
သူ႔အသားကိုထိတာ မႀကိဳက္ဘူးမလား။
ဘာပဲျဖစ္ျဖစ္ အခုလို ၾကမ္းျပင္ေပၚမွာ မအိပ္ခိုင္းတာပဲ ေက်းဇူးတင္လွပါၿပီ။ ၾကာရင္ သူတို႔ သားအဖ ၂ေယာက္စလုံး အေအးပတ္လိမ့္မည္ေလ။
သားေလးေၾကာင့္လားမသိ စစ္က အရင္တုန္းကလို airconကို မျမႇင့္ေတာ့ေပ။
မနက္မိုးလင္းတိုင္း စစ္အတြက္ျပင္ဆင္ေပးရတဲ့ ၀တၱရားကို မပ်က္ကြက္ေစသလို သားအတြက္လဲ
အေဖေကာင္းတစ္ေယာက္ျဖစ္ေအာင္ႀကိဳးစားေနေနသည္။ စစ္ကေတာ့ အရင္ကလို ဟန္နီႏိုင့္ကို
တစ္ပတ္တစ္ခါ အိမ္ေခၚမလာေသာ္လည္း ဟန္နီႏိုင္နဲ႔ အဆက္သြယ္ေတာ့မျပတ္ေပ။ ဘာပဲျဖစ္ျဖစ္
သားေလးမ်က္ႏွာေထာက္ၿပီး ဟန္နီႏိုင္ကို
အိမ္ေခၚမလာတာပဲ ေက်းဇူးတင္ေနပါၿပီ။
'အူ၀ဲ..အူ၀ဲ' ညႀကီးသန္းေခါင္ ထငိုေနတဲ့
သားေၾကာင့္ စစ္ေကာင္းေကာင္းမအိပ္ရ။ စိတ္တိုတိုနဲ႔ ထထိုင္လိုက္ေတာ့ ခက္က သူႏိုးမည္စိုး၍
ႀကိတ္ၿပီး ေခ်ာ့ေနသည္ကိုေတြ႕ရသည္။
'စ..စစ္...ႏိုးသြားတာလား?'
'ဒီေလာက္ဆူေနမွေတာ့ ဘယ္လိုလုပ္အိပ္လို႔ရပါ့မလဲ '
'ေတာင္း... ေတာင္းပန္ပါတယ္။ ငါ..ငါလည္း ေခ်ာ့ေနတာကို သားက အငိုမတိတ္ဘူးျဖစ္ေနတာ'
သူစိတ္ဆိုးမွာေၾကာက္လို႔ ျပာျပာသလဲရွင္းျပေနတဲ့ ခက္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး
'ေပး...ငါခ်ီမယ္' စစ္က ေတာင္းသျဖင့္ သားကို
စစ္ရဲ႕လက္ထဲ ထည့္ေပးလိုက္သည္။ သားက စစ္ကို သူ႔အေဖမွန္းသိတယ္ထင္၊ စစ္လက္ထဲေရာက္တာနဲ႔ အငိုတိတ္သြားေလသည္။ သားကို ၾကာၾကာခ်ီထားရင္ စစ္ေညာင္းမည္စိုးသျဖင့္
'စစ္ သားေလးကို ငါ့ကိုေပးရင္ေပးေလ။ ငါဆက္သိပ္လိုက္ပါ့မယ္။ မင္းက မနက္ျဖန္ companyသြားရမွာမဟုတ္လား အိပ္ရင္အိပ္ေတာ့ေလ'
'မလိုဘူး။ လက္ေျပာင္းခ်ီလိုက္ရင္ ထပ္ငိုေနအုံးမယ္။ ငါနားၿငီးမခံႏိုင္ဘူး' ဟုဆိုကာ မနက္ ၂နာရီထိုးသည္အထိ သားကို လက္ေပၚကမခ်ေသာ
စစ္ေၾကာင့္ သူလည္း အရင္ မအိပ္ရဲ။ ေနာက္ေတာ့မွ သားကို ေျဖးေျဖးေလး ခ်လိုက္ကာ သားရဲ႕ေဘးမွာ၀င္လွဲေသာစစ္။ ငုတ္တုတ္ထိုင္ေနေသးတဲ့သူ႔ကိုျမင္ေတာ့
'မင္းက အခုထိမအိပ္ေသးဘူးလား? မနက္ျဖန္
ငါ့အတြက္မနက္စာျပင္ေပးရအုံးမွာေနာ္။
မနက္ေစာေစာမထႏိုင္ပဲေနလိမ့္မယ္ အိပ္ေတာ့'
စစ္ရဲ႕အမိန္႔ကို နာခံလွစြာပဲ သူလည္း သားရဲ႕ ေဘးတစ္ဖက္မွာ၀င္လွဲမိေလသည္။ အခုမွ သူတို႔ေတြက တကယ့္မိသားစုေတြလို။ သားေလးေမြးၿပီးေနာက္ပိုင္း စစ္က သူျပင္ဆင္ေပးသမွ်ကို အရင္ကေလာက္မျငင္းေတာ့ေပ။ မနက္ဆိုရင္ သူျပင္ေပးတဲ့ မနက္စာကိုစားကာ companyသြားသည္။
ည ၇နာရီ ၈နာရီေလာက္ဆို ျပန္လာသည္။ ဒီအခ်ိန္ေတြက ႐ုံးဆင္းခ်ိန္ေတြမဟုတ္ေသာ္လည္း ခက္ကေတာ့ ဘာမွမေျပာေပ။ ဟိုတုန္းကလို ၁ပတ္မွာ ၄ရက္ေလာက္ အိမ္ျပန္မအိပ္တာထက္စာရင္ အခုလို
ေန႔တိုင္း ည၇နာရီေလာက္ ျပန္လာတာက
ေတာ္ေသးတယ္မဟုတ္လား။ အရင္ကလို ဟန္နီႏိုင့္ကို တစ္ပတ္တစ္ခါ အိမ္ကိုမေခၚေတာ့ပဲ ႐ုံးဆင္းခ်ိန္ေတြမွာ ဟန္နီႏိုင္နဲ႔အတူရွိေနတတ္တဲ့စစ္ကို
ခက္ ဘာမွ အတြန္႔မတက္မိပါေခ်။ ညတိုင္း သူတို႔သားအဖကို ၂ေယာက္ထဲမထားခဲ့တဲ့ စစ္ကို သူတကယ္ပဲေက်းဇူးတင္ရပါသည္။ ဟန္နီႏိုင္နဲ႔
ဆက္သြယ္ေနေသးတာကို သိေပမယ့္ သူ လစ္လ်ဴရႈထားမိသည္သာ။ သားေလးေမြးၿပီးမွ စစ္ သူ႔အေပၚ အရင္ကေလာက္ မရက္စက္ေတာ့ေပ။ သားေလးဟာ သူ႔အတြက္ေတာ့ ကံေကာင္းမႈေတြကို ယူေဆာင္လာတာပင္။ သို႔ေသာ္လည္း ထို ကံေကာင္းမႈေတြကို ယူေဆာင္လာတဲ့သူကိုယ္တိုင္က ကံမေကာင္းတတ္တာကို ခက္တစ္ေယာက္ သိခဲ့ပါမည္ဆိုလွ်င္.....
To be continued.....
Advertisement
- In Serial423 Chapters
Level Up Legacy
A Legacy rune that can use the life energy of the enemies you have slain to strengthen your body.
8 4456 - In Serial18 Chapters
The Mighty Mustangs: A Basketball Story
The Montville Mustangs are a school basketball team on its last legs. With Montville being a school focused on academics, and with the previous coach leading the team to no wins in the previous season, Coach Mitchell Riley, the new coach of the Mustangs, must fulfill the requirements set up to him by the school board. The team must win one of the 3 pre-season invitational tournament to keep the team alive for the season, and then proceed to make it to the playoffs in his first season as coach. Unfortunately for Coach Riley, 14 recently discovered basketball experts have spread out amongst some schools in the province, with him being unsuccessful in recruiting any that he talked to... That is until the #1 shooter from the 14 experts happens to walk into the gym at the first Mustang practice. Please join us as we go through the trials and successes of the Mighty Mustangs!
8 109 - In Serial7 Chapters
J&K
One day, a creature appeared on the beach of a world ruled by the human race. Born from a higher form of intelligence that was spending its immortality crossing between worlds, the creature's mission was simple : live and see. See what for yourself what the world has to offer. But what the world had to offer was sometimes quite overwhelming. ** [participant in the Royal Road Writathon challenge] from chapter 2; be careful, chapter 1 has sexual content. Refer to the tags as the story can be quite dark. The story is a slice of life turned not so wholesome as the protagonist meets mostly freaks while becoming one themself.
8 135 - In Serial12 Chapters
Fragments of Glass
before the 1939-1945 War, most churches in England had stained glass windows, but despite local people's best efforts many of these windows were smashed in the bombing. What could be repaired was repaired, but in many churches all they could do was reassemble the remaining fragments randomly, with extra bits of clear glass added to eke them out to fill the windows. That is what I imagined for my collection of short stories: fragments of stained glass, bits of robe, bits of faces, all sorts of odds and ends randomly stuck together. And with quite a lot of clear fragments among the coloured ones. Just broken pieces of stories that anyone can look through.
8 99 - In Serial18 Chapters
Spirit [Dropped]
In a world where technology meets magic, three orphan siblings find themselves betrayed by the most unexpected and were saved by a peculiar- yet charming- man who claims to be the world's strongest man. In return for saving them, he makes them his apprentice. Find how these siblings cope with their new situation, meet new friends, grow stronger, and... conquer the world?____Credits for pictures used go to their rightful owners. I only took part in editing it.[DROPPED]Planning on creating a story based on a few characters on here, but under a new story/concept. I'm quite unsatisfied with this story and I'm unsure whether or not to continue it. If you like this work, try and check out Re: Heroes' Mount.
8 96 - In Serial13 Chapters
THE LIGHT ANGEL
A prophecy says “A child shall be born and he will be the mightiest and strongest of all clones and he shall be their King" The evil rebelled against it “what rubbish! A child will rule over me? Never I will trying everything to stop this prophecy from coming through. Cause I shall rule whether good or bad"
8 112

