《Let Me Start Again [Completed]》LMSA 33
Advertisement
စစ်က အိမ်ကိုပြန်မလာသဖြင့် သက်နွယ်တို့ရဲ့ မင်္ဂလာဆောင်ကိုသွားရအောင် ဘယ်လိုပြောရမလဲ သူမသိတော့ချေ။ စစ် အိမ်ကိုပြန်မလာတာကြာပြီ
ဆိုတော့ companyကိုပဲ လိုက်သွားရင်
ကောင်းမလား?
မေ့နေတာ...စစ်မှ သူတို့အကြောင်းကို တခြားသူတွေမသိစေချင်တာပဲ။ အကယ်၍ သူလိုက်သွားခဲ့မယ်
ဆိုရင်တောင် ပြန်ရသည်က စစ်ရဲ့ ဒီထက်ပိုတဲ့ အမုန်းတွေသာဖြစ်ပေလိမ့်မည်။
စစ်များပြန်လာခဲ့ရင်ဟူသော မျှော်လင့်ချက်လေးနဲ့ ပြင်ဆင်ပေးထားတဲ့ မနက်စာ ညစာတွေအကုန်လုံးက နေ့တိုင်းလိုလို သွန်ပစ်လိုက်ရသည်သာ။
စစ်တကယ်ပဲ ပြန်မလာတော့ဘူးလား?
သူတွေးနေရင်းမှာပင် အိမ်တံခါးဖွင့်သံကြား၍ အပြင်ကိုပြေးထွက်လာခဲ့သည်။ တကယ်ကိုပဲ
စစ်အိမ်ကိုပြန်လာတာပဲ။ နေ့စဥ်နဲ့အမျှ လွမ်းနေခဲ့ရသော မျက်နှာတော်ကို မော်ဖူးရ၍ ခက်ရဲ့ စိတ်ထဲမှာ အတိုင်းမသိ ၀မ်းသာသွားရသလို ခက်ထန်မာကြောနေတဲ့ စစ်ကြောင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်မိပါသည်။ စစ်သူ့ကို ထပ်ပြီးကွာရှင်းဖို့ပြောမှာတော့ မဟုတ်လောက်ဘူးမလား။
'စ..စစ်...မနက်ဖြန် သက်နွယ်နဲ့ ဂနိုင်ရဲ့ မင်္ဂလာဆောင်တဲ့။ အဲ့ဒါ..အဲ့ဒါ..မင်းလိုက်အုံးမလားဟင်'
'မလိုက်ဘူး..မနက်ဖြန်ဟန်နီနဲ့ သွားစရာရှိတယ်။
ပြီးတော့ မင်းကို ဒီအိမ်ကထွက်သွားပြီတောင်ထင်နေတာ'
'ငါ..ငါက..ဘာလို့ထွက်ရမှာလဲ စစ်ရဲ့။ ငါ..ငါပြောထားတယ်လေ..ငါ..ငါ..မင်းအနားက
ဘယ်တော့မှ ထွက်မသွားပါဘူးလို့'
'ဒါဆိုလဲ မင်းသဘောပဲလေ။ ဆက်နေနေပေါ့။ ကွာရှင်းဖို့က မင်းလက်မှတ်ထိုးအောင် လုပ်မယ့်နည်းတွေအများကြီးရှိပါသေးတယ်' ပြောပြီးတာနဲ့
စစ် အခန်းထဲကို ၀င်ခဲ့သည်။ ခက်ကတော့
တစ်နေရာမှာ ငိုနေမှာပေါ့။ သူအခန်းထဲရောက်တော့ သားလေးကအိပ်ပျော်နေသည်။
'Daddyရဲ့ သားလေးက အိပ်ပျော်နေတာပဲ။ တောင်းပန်ပါတယ်သား...သားကိုလက်ခံနိုင်ပေမယ့်
သားကိုမွေးပေးတဲ့သူကိုတော့ daddyလက်မခံနိုင်ဘူး။ daddyသားကို daddyငယ်ငယ်တုန်းကလိုမျိုး gayတွေက မွေးတဲ့သားလို့ အပြောမခံစေရဘူး။ သားကိုမွေးတဲ့သူက ကွာရှင်းမပေးချင်လဲ daddyက နည်းလမ်းမျိုးစုံသုံးပြီး သူနဲ့ကွာရှင်းပြီးတာနဲ့ သားကို မိစုံဖစုံလို နေစေရမယ်' သားလေးရဲ့ နဖူးကိုတစ်ချက်နမ်းလိုက်သည်။ နောက်တော့ ရေချိုး အ၀တ်စားလဲကာ ပြန်ထွက်လာလိုက်သည်။ သူအပြင်ကို
ရောက်တော့ ခက်က ငူငူငိုင်ငိုင်နဲ့ထိုင်နေတုန်းပင်။
သူလည်း ခက်နဲ့စကားမပြောချင်တော့တာနဲ့
ထွက်လာခဲ့လိုက်တော့သည်။ ခက်နဲ့စကားဆက်ပြောနေမိရင် သူ့ပါးစပ်က ခက်ကိုပိုပြီးနာကျင်စေမယ့် စကားတွေထွက်လာတော့မှာ။ ခက်က
အရမ်းခေါင်းမာသည်။ သူဘယ်လောက်ပဲ နှင်ထုတ်နေပါစေ သူ့အနားကထွက်မသွားပေ။ သူ့ကိုပဲ တွယ်ကပ်နေခဲ့သည်။ သူကိုယ်တိုင်ကလည်း ခက်ရဲ့ 'မင်းအနားက ဘယ်တော့မှ ထွက်မသွားဘူး' ဆိုတဲ့ စကားကို ကြားချင်နေလို့ပဲလားမသိ။ ခက်နဲ့တွေ့တိုင်း ထွက်သွားဖို့သာပြောနေတတ်လေသည်။
သို့သော်လည်း သားလေးကို သူ့တုန်းကလိုမျိုး သူများလက်ညှိုးထိုးပြီး နှိမ်တာမခံရလေအောင်
သူခက်နဲ့ကွာရှင်းမှဖြစ်မည်။ သို့မှသာ သူ့သားလေး သူ့လိုမျိုး သူငယ်ချင်းမရှိ ခင်ချင်တဲ့သူမရှိတဲ့ဘ၀နဲ့
မနေရမှာ။
စစ် တွေးနေရင်း ဖုန်းသံမြည်လာမှ သတိ၀င်မိသည်။
'Hello ဟန်နီ'
'ကိုကို ကွာရှင်းစာချုပ်မှာ ခက်ကလက်မှတ်ထိုးပေးပြီးပြီလားဟင်?'
'မထိုးသေးဘူး ဟန်နီ...သူ့အတွက်အချိန်လိုအပ်တယ် ဟန်နီ။ သူချက်ချင်းကြီးတော့ ကွာရှင်းဖို့လက်ခံနိုင်အုံးမှာမဟုတ်သေးဘူး'
'သူလက်မှတ်မထိုးလည်းဖြစ်ပါတယ်ကိုကိုရယ်။
ဟန်နီတို့ အရင်ကအတိုင်းနေလဲဖြစ်တာပဲ။ ခက်ကို အရမ်းကြီးဖိအားမပေးပါနဲ့။ ကိုကိုတို့မကွာရှင်းလဲ
ရတာပဲလေ။ သားလေးကိုတော့ သူများတွေက
၀ိုင်းပြီးလက်ညှိုးထိုးကြမှာပေါ့။ ကျန်တာတွေအကုန်အဆင်ပြေပါတယ်'
'ကိုယ့်သားလေးကို ဘယ်သူကမှ မနှိမ်စေရဘူး။ ကိုကို ခက်နဲ့ ကွာရှင်းမှာပါ '
'ဒါဆိုရင်လည်း ဒီကိစ္စကို ဟန်နီ့ကိုပဲ တာ၀န်ပေးလိုက်ပါ။ ဟန်နီကပဲ ခက်ကို နားလည်အောင်ဖြောင်းဖြကြည့်ပါ့မယ်။ ခက်ကလည်း နားလည်လောက်မှာပါ။ အချိန် ၁နှစ်နီးပါးလောက်ယူလိုက်
ရင်ရပါတယ်'
'အင်းပါ ဒါဆို ဟန်နီ့ကိုပဲ ဒုက္ခပေးရတော့မှာပဲ'
'ကိစ္စမရှိပါဘူးကိုကိုရယ်။ ဒါဆို ဟန်နီ ဖုန်းချ
လိုက်တော့မယ်နော်'
ဟန်နီနိုင်ဖုန်းချသွားတော့ စစ်စိတ်ရှုပ်စွာ ခေါင်းကို
ဖွမိသည်။ ခက်ဘာလို့ ခေါင်းမာနေရတာလဲ?
သားလေးရဲ့ရှေ့ရေးကိုတောင် မတွေးနိုင်တော့ဘူးလား? ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ဟန်နီက တာ၀န်ယူမယ်ဆိုတော့ သူလည်းလွှတ်ထားလိုက်တော့မည်။
သူတို့အချင်းချင်းညှိကြပါစေတော့။
တကယ်လည်း သက်နွယ်တို့ရဲ့ မင်္ဂလာဆောင်ကို
ခက်နဲ့သားလေးတို့ပဲ သွားခဲ့ရသည်။ ခက်က စစ်တို့အိမ်ကိုရောက်သွားတဲ့ အချိန်ကစပြီး ဆိုင်ကယ်ကို ကိုယ်တိုင်မမောင်းရတော့ပေ။ ဦးမင်းထက်က
ခက်အတွက် ကား၀ယ်ပေးထားပြီး သွားစရာရှိတာကို ကားနဲ့သာ သွားစေသည်။ ခက်ကိုကိုယ်တိုင်မမောင်းခိုင်းပဲ driverစီစဥ်ပေးထားသည်။ အခုလည်း driver ဘဘနှင့်သာ သက်နွယ်ရဲ့မင်္ဂလာဆောင်ကိုလာခဲ့ရသည်။ စစ်ပါမလာတာသိသော်လည်း သက်နွယ်တို့က ခက်စိတ်မကောင်းဖြစ်မှာစိုး၍ ဘာမှသိပ်မပြောကြပေ။ မင်္ဂလာပွဲကိုလာတဲ့လူတချို့ရဲ့ နှိမ်သလိုအကြည့်တွေကြားထဲမှာ အနိုင်က သက်နွယ်ရဲ့လက်ကို
ခပ်တင်းတင်းဆုပ်ကိုင်ထားလေသည်။ သူတို့အတွက်က တစ်ယောက်နဲ့တစ်ယောက်ချစ်နေပြီးသားမလို့ ပတ်၀န်းကျင်က ကဲ့ရဲ့နေရင်တောင် တစ်ယောက်လက်ကိုတစ်ယောက် ခိုင်မြဲစွာတွဲထားပြီး ရင်ဆိုင်နိုင်သည်လေ။ မင်းခန့်တို့လဲ ဒီအတိုင်းပါပဲ။ သူတို့အိမ်တွေက စောင့်ကြည့်အုံးမယ်သာပြောပြီး ကျန်တာထွေထွေထူးထူးမပြောကြတာမလို့ သူတို့ကလည်း officialတွဲကြလေသည်။
ခက်မှာသာ....
သက်နွယ်တို့ကို နှုတ်ဆက်ပြီး တိုက်ခန်းကိုပြန်လာခဲ့သည်။ စစ်ကတော့ အိမ်ကိုရောက်နှင့်နေပြီ။
ထူးထူးဆန်းဆန်းပါပဲလား?
'ခက်ထန်'
'ကွာရှင်းဖို့ပဲပြောနေအုံးမယ်ဆိုရင် ထပ်ပြီးမပြောပါနဲ့တော့လားစစ်။ ငါပင်ပန်းလာလို့ နားချင်နေပြီ'
ဟုဆိုကာ သားလေးကိုချီပြီး အခန်းထဲကို၀င်လာတော့ စစ်ကလည်း နောက်ကနေ လိုက်၀င်လာသည်။
'မင်းဘာလို့ခေါင်းမာနေတာလဲ?'
'မင်းကိုချစ်လို့....ငါ့အသက်ထက်ပိုပြီးတော့..မင်းကိုချစ်မိသွားလို့...မင်းနဲ့မခွဲနိုင်လို့....မင်းမေးပြီးရင်လည်း ငါအိပ်တော့မယ်စစ်။ ငါတကယ်ပင်ပန်းလာလို့ပါ'
ပြောနေရင်းနဲ့ သားလေးကိုဖက်ကာ အိပ်ပျော်သွားသော ခက်ကိုကြည့်ပြီး စစ်ရဲ့စိတ်တွေ ပိုပြီးရှုပ်လာသည်။ ပါးစပ်ကသာ ကွာရှင်းမယ်လို့ပြောနေပေမယ့် ခက်တကယ်ကွာရှင်းပေးရင်လဲ သူမနေနိုင်မှာစိုးရသည်။ ခက်ကတော့ အပူပင်ကင်းစွာ အိပ်ပျော်နေသည်။ သားလေးကို အလယ်မှာထားပြီး
Advertisement
သူတို့ ၂ယောက်က ဘေးတစ်ဖက်တစ်ချက်စီမှာ
၀င်အိပ်ကြတော့ မိသားစုရဲ့ နွေးထွေးမှုကိုခံစားရသည်။
ဟန်နီနဲ့အတူရှိနေစဥ်တွေတုန်းကတောင် အခုလို နွေးထွေးတဲ့ ခံစားချက်မျိုးမရခဲ့။ သူနဲ့ဟန်နီရဲ့ကြားမှာ ကလေးလေးမရှိလို့ပဲလား? သို့သော်လည်း ဟန်နီနဲ့ အတူနေနေတာ ကြာပြီဖြစ်လို့ ဟန်နီ့ကို တာ၀န်ယူရမည်။ ခက်က ယောကျာ်းလေးမလို့
ကိစ္စမရှိ။ ဟန်နီကမိန်းကလေးဆိုတော့ သူ့ပတ်၀န်းကျင်မှာ အရှက်ကွဲနိုင်သည်လေ။ ပြီးတော့ ဟန်နီကလည်း သူ့အပေါ်တော်တော်လေးကောင်းပေးရှာသည်။
ထိုတစ်ညလုံးကို ခက်ကိုကြည့်နေရင်းနဲ့ပဲ အချိန်ကုန်ခဲ့လေသည်။ ကော့ညွတ်နေတဲ့မျက်တောင်လေးတွေ၊ ဆေးမကူပါပဲ ချယ်ရီသီးလေးလို နီရဲနေသည့်နှုတ်ခမ်းလေးတွေ၊ အပေါ်ပိုင်းက စင်းစင်းလေးနဲ့ အောက်ပိုင်းရောက်မှ လုံးလုံးလေးဖြစ်သွားတဲ့ နှာတံလေးတွေ၊ ပျော့ဆေး၊ ပေါင်းဆေးတွေမသုံးပါပဲ ပျော့အိနေတဲ့ ဆံသားလေးတွေနဲ့၊ နို့နှစ်ရောင် အသားအရေနဲ့ခက်ဟာ တကယ်ကိုပဲ လှရက်ပါသည်။ ယောကျာ်းလေးတစ်ယောက်ကို လှတယ်ဆိုတာ ပြောလို့မကောင်းပေမယ့် ခက်ကတော့ တကယ်ကိုလှပါသည်။
မနက်ကျတော့ ခက်မနိုးသေးခင်ပဲ သူထွက်သွားမယ်လို့ စိတ်ကူးထားပေမယ့် ခက်ပြင်ပေးတဲ့ မနက်စာကိုတော့ စားချင်သေးသည်မို့ သူအိပ်ချင်ယောင်ဆောင်နေလိုက်သည်။ ခဏနေတော့ ခက်နိုးလာပါသည်။ သားလေးဘေးမှာ၀င်အိပ်နေတဲ့သူ့ကိုမြင်တော့
အံ့သြသွားသည့်ပုံပင်။ ပြီးတော့ သားလေးကို
ငုံနမ်းလိုက်ကာ သူ့ဘက်ကိုလျှောက်လာပြီး သူ့နဖူးကိုဖွဖွလေးနမ်းတာကြောင့် အသက်ရှူတာတောင် အောင့်ထားမိသည်။ သူ့ရင်တွေဘာလို့ တဒိတ်ဒိတ်နဲ့ ခုန်လာရတာလဲ? တကယ်ဆို ယောကျာ်းလေးတစ်ယောက်အပေါ် အခုလိုမဖြစ်သင့်ဘူးမဟုတ်လား? ညက အိပ်ရေးမ၀လို့ပဲ ခုန်နေတာဖြစ်မှာပါလေ။ ခက်ရေချိုးခန်းထဲ၀င်သွားတော့မှ သူအသက်၀၀ရှူမိသည်။ ထို့နောက်မှာတော့ ခက်က တစ်ခါထဲ
ရေချိုး အ၀တ်စားလဲပြီးတာနဲ့ သူ့ထုံးစံအတိုင်း
သွားတိုက်တံတွေ ပြင်ဆင်ပေးထားသည်။ ခက်ဟာ
သွားတာလာတာလုပ်တာကိုင်တာ အကုန် ညင်သာလွန်းလှသည်။ ခက်အခန်းထဲက ထွက်သွားတော့မှ သူလဲ ထလိုက်သည်။ သားလေးကို အနမ်းပေးပြီးတဲ့နောက်မှာတော့ ရေချိုးခန်းထဲကို၀င်ခဲ့လိုက်သည်။ ဘာလို့မှန်းမသိ ဒီနေ့တော့ ခက်အဆင်သင့်လုပ်ပေးထားတဲ့ သွားတိုက်တံနဲ့ တိုက်ချင်နေသည်။
အပြင်ထွက်လာတော့ ခက်က မနက်စာပြင်ပြီးနေပြီ။ သူ့ကိုမြင်တာနဲ့ မျက်လုံးလေးတွေ၀ိုင်းစက်သွားလေသည်။ သို့သော် ခဏနေတော့ သတိပြန်၀င်လာပြီး
ပေါင်မုန့်မီးကင်နဲ့ ကော်ဖီကို ပြင်ပေးထားပြီးတာနဲ့ အခန်းထဲက ထွက်သွားလေသည်။ သူထမင်းစားခန်းထဲ၀င်လာတာ ခက်အံ့သြနေမည်မှန်းသိပါသည်။
သူကလည်း အရင်က ခက်ကိုယ်တိုင် ပြင်ဆင်ပေးပြီး စားဖို့လာခေါ်တာတောင် ဂရုမစိုက်ပဲထွက်သွားတတ်သည်မဟုတ်ပါလား။ အခုကတော့ ခက်တောင် ခေါ်စရာမလိုပဲ သူ့ဘာသာလာနေသည်မလို့
ခက်အံ့သြမယ်ဆိုဖြစ်သင့်ပါသည်။ သူကိုယ်တိုင်လဲ ဘယ်လိုဖြစ်နေမှန်းမသိပေ။ ခက်ကို သနားနေသလိုဖြစ်နေသည်။ သို့သော်လည်း ဒါတွေဟာ သိပ်ပြီး
အရေးမပါပေ။ မကြာခင်မှာပဲ ခက်နဲ့သူ ကွာရှင်းရတော့မယ်မဟုတ်ပါလား? ဟန်နီကတော့ ခက်ကို တွေ့ပြီးပြောကြည့်မည်လို့ ပြောထားတာပဲ။
ကြည့်ရတာ ခက်နဲ့ဟန်နီနဲ့ မတွေ့သေးဘူးထင်တာပါပဲ။
စစ်ထွက်သွားတော့ ခက်လည်း သိမ်းစရာရှိတာများကိုသိမ်းနေသည်။ သူနိုးတော့ စစ်က သားလေး
ဘေးမှာအိပ်နေတာကိုတွေ့လိုက်ရသည်။ အိမ်ကိုပြန်မအိပ်တာကြာပြီဖြစ်တဲ့စစ်ကြောင့် အခုလိုတွေ့လိုက်တော့ သူအံ့သြသွားသော်လည်း စစ်အတွက်
မနက်စာပြင်ပေးဖို့ကရှိသေးသည်မို့ ထလိုက်သည်။ စစ်အတွက် သွားတိုက်တံတွေနဲ့ လိုအပ်တာတွေအကုန်အဆင်သင့်လုပ်ပေးထားလိုက်ပြီး မနက်စာပြင်ဖို့ထွက်ခဲ့လိုက်သည်။ စစ်က သူပြင်သမျှ
စားမသွားသော်လည်း ပြင်ဆင်ပေးဖို့က သူ့တာ၀န်မို့။ သို့သော် ထမင်းစားခန်းထဲကို စစ်၀င်လာတော့
သူအံ့သြရပြန်ပါသည်။ သူ့မျက်နှာမြင်နေရလျှင်
စစ် စားလို့မ၀င်ဖြစ်နေမည်စိုးတာကြောင့် သူအပြင်ကို ရှောင်ထွက်လာခဲ့သည်။ စစ်ထွက်သွားတာနဲ့
သူလဲပြန်၀င်လာပြီး လုပ်စရာရှိတာများကို လုပ်နေလိုက်သည်။ သူအခန်းထဲပြန်ရောက်လာတော့ တိုက်ဆိုင်စွာ ဖုန်းမြည်လာသည်။
'Hello ဟန်နီနိုင် စစ်က အခုမရှိဘူး။ မင်းပြောစရာရှိရင် သူ့ဖုန်းကိုပဲခေါ်လိုက်ပါ'
'ငါက နင်နဲ့ပြောစရာရှိလို့ပါ ခဏအချိန်ပေးမလား?'
'ငါ့မှာပြောစရာမရှိဘူး'
'ငါ့မှာရှိနေတယ်။ နင်မလာဘူးဆိုရင် စစ်ကနင့်ကို
ပိုမုန်းသွားအောင်ငါလုပ်လိုက်ရမလား? ငါ့အကြောင်းကိုနင်သိပါတယ်၊ စစ်က ငါဘာပြောပြောယုံမှာနော်'
'မင်း.....' ထို့နောက်မှာတော့ဟန်နီနိုင်ပြောတဲ့ လိပ်စာကို မှတ်ထားလိုက်ပြီး driver ဘဘကို
ဖုန်းခေါ်လိုက်သည်။ ဘဘက daddyတို့နဲ့အတူနေသည်လေ။ အရင်တုန်းက ခြံတံခါးအဖွင့်အပိတ်သာ လုပ်ခဲ့ပေမယ့် ခက်ရောက်လာတဲ့အချိန်ကစပြီး daddyက ကားတစ်စီး၀ယ်ပေးထားကာ သွားစရာရှိရင် ဘဘကိုပဲ လိုက်ပို့ခိုင်းစေသည်။ အခုလည်း
ဘဘကိုပဲ ဖုန်းဆက်ခေါ်လိုက်ရသည်။ ထို့နောက် သားလေးကနိုးလာတာနဲ့ သားလေးကိုလည်း ပြင်ဆင်ပေးပြီး တစ်ခါထဲခေါ်လာလိုက်တော့သည်။
သူရောက်တော့ ဟန်နီနိုင်က လက်လှမ်းပြလေသည်။
'မင်းငါ့ကိုပြောစရာရှိတယ်ဆို'
'ကိုကိုနဲ့ကွာရှင်းပေးပါ'
'မကွာရှင်းပေးနိုင်ဘူး။ ငါစစ်ကို ချစ်လွန်းလို့ယူထားတာ'
'ကောင်းပြီလေ။ အဲ့ဒီအတွက် နင်နောင်တရစေရမယ်လို့ ငါအာမခံတယ်'
'မင်းပြောချင်တာဒါပဲမဟုတ်လား? စစ်ကိုကွာရှင်းပေးဖို့ပဲ ပြောနေမယ်ဆိုရင်တော့ ငါ့ဘက်က
ဘာမှပြောစရာမရှိတော့ဘူး။ ငါက ဘယ်တော့မှ ကွာရှင်းပေးမှာမဟုတ်လို့ပဲ'
'နင်သေချာပေါက် နောင်တရမှာပါ'
'ငါ့မှာ ရစရာ နောင်တမရှိဘူး။ ခွင့်ပြုပါအုံး'
ဟန်နီနိုင့်ကို ပြောပြီးတာနဲ့ ခက်ထွက်လာခဲ့လိုက်သည်။ သူနောင်တရစရာမရှိဘူးဟုပြောနေသော်လည်း သူထင်တာမှားနေမှန်း သားလေးရဲ့ ၂နှစ်ပြည့်မွေးနေ့မှာပဲ သိခဲ့ရသည်။
To be continued.....
[A/N...အခင့်ကို ၀ိုင်းမရိုက်ပါဘူးလို့ ကတိပေးရင် မနက်ဖြန်ကျ နောက်တစ်ပိုင်း upပေးမယ်။ မဟုတ်ရင်တော့ မနက်ဖြန်တစ်ရက်နားမှာ။ မနက်ဖြန် နောက်တစ်ပိုင်းupပေးရမှာ တကယ်ကြောက်နေပြီ🤧]
Zawgyi
စစ္က အိမ္ကိုျပန္မလာသျဖင့္ သက္ႏြယ္တို႔ရဲ႕ မဂၤလာေဆာင္ကိုသြားရေအာင္ ဘယ္လိုေျပာရမလဲ သူမသိေတာ့ေခ်။ စစ္ အိမ္ကိုျပန္မလာတာၾကာၿပီ
ဆိုေတာ့ companyကိုပဲ လိုက္သြားရင္
ေကာင္းမလား?
ေမ့ေနတာ...စစ္မွ သူတို႔အေၾကာင္းကို တျခားသူေတြမသိေစခ်င္တာပဲ။ အကယ္၍ သူလိုက္သြားခဲ့မယ္
Advertisement
ဆိုရင္ေတာင္ ျပန္ရသည္က စစ္ရဲ႕ ဒီထက္ပိုတဲ့ အမုန္းေတြသာျဖစ္ေပလိမ့္မည္။
စစ္မ်ားျပန္လာခဲ့ရင္ဟူေသာ ေမွ်ာ္လင့္ခ်က္ေလးနဲ႔ ျပင္ဆင္ေပးထားတဲ့ မနက္စာ ညစာေတြအကုန္လုံးက ေန႔တိုင္းလိုလို သြန္ပစ္လိုက္ရသည္သာ။
စစ္တကယ္ပဲ ျပန္မလာေတာ့ဘူးလား?
သူေတြးေနရင္းမွာပင္ အိမ္တံခါးဖြင့္သံၾကား၍ အျပင္ကိုေျပးထြက္လာခဲ့သည္။ တကယ္ကိုပဲ
စစ္အိမ္ကိုျပန္လာတာပဲ။ ေန႔စဥ္နဲ႔အမွ် လြမ္းေနခဲ့ရေသာ မ်က္ႏွာေတာ္ကို ေမာ္ဖူးရ၍ ခက္ရဲ႕ စိတ္ထဲမွာ အတိုင္းမသိ ၀မ္းသာသြားရသလို ခက္ထန္မာေၾကာေနတဲ့ စစ္ေၾကာင့္ သက္ျပင္းတစ္ခ်က္ရႈိက္လိုက္မိပါသည္။ စစ္သူ႔ကို ထပ္ၿပီးကြာရွင္းဖို႔ေျပာမွာေတာ့ မဟုတ္ေလာက္ဘူးမလား။
'စ..စစ္...မနက္ျဖန္ သက္ႏြယ္နဲ႔ ဂႏိုင္ရဲ႕ မဂၤလာေဆာင္တဲ့။ အဲ့ဒါ..အဲ့ဒါ..မင္းလိုက္အုံးမလားဟင္'
'မလိုက္ဘူး..မနက္ျဖန္ဟန္နီနဲ႔ သြားစရာရွိတယ္။
ၿပီးေတာ့ မင္းကို ဒီအိမ္ကထြက္သြားၿပီေတာင္ထင္ေနတာ'
'ငါ..ငါက..ဘာလို႔ထြက္ရမွာလဲ စစ္ရဲ႕။ ငါ..ငါေျပာထားတယ္ေလ..ငါ..ငါ..မင္းအနားက
ဘယ္ေတာ့မွ ထြက္မသြားပါဘူးလို႔'
'ဒါဆိုလဲ မင္းသေဘာပဲေလ။ ဆက္ေနေနေပါ့။ ကြာရွင္းဖို႔က မင္းလက္မွတ္ထိုးေအာင္ လုပ္မယ့္နည္းေတြအမ်ားႀကီးရွိပါေသးတယ္' ေျပာၿပီးတာနဲ႔
စစ္ အခန္းထဲကို ၀င္ခဲ့သည္။ ခက္ကေတာ့
တစ္ေနရာမွာ ငိုေနမွာေပါ့။ သူအခန္းထဲေရာက္ေတာ့ သားေလးကအိပ္ေပ်ာ္ေနသည္။
'Daddyရဲ႕ သားေလးက အိပ္ေပ်ာ္ေနတာပဲ။ ေတာင္းပန္ပါတယ္သား...သားကိုလက္ခံႏိုင္ေပမယ့္
သားကိုေမြးေပးတဲ့သူကိုေတာ့ daddyလက္မခံႏိုင္ဘူး။ daddyသားကို daddyငယ္ငယ္တုန္းကလိုမ်ိဳး gayေတြက ေမြးတဲ့သားလို႔ အေျပာမခံေစရဘူး။ သားကိုေမြးတဲ့သူက ကြာရွင္းမေပးခ်င္လဲ daddyက နည္းလမ္းမ်ိဳးစုံသုံးၿပီး သူနဲ႔ကြာရွင္းၿပီးတာနဲ႔ သားကို မိစုံဖစုံလို ေနေစရမယ္' သားေလးရဲ႕ နဖူးကိုတစ္ခ်က္နမ္းလိုက္သည္။ ေနာက္ေတာ့ ေရခ်ိဳး အ၀တ္စားလဲကာ ျပန္ထြက္လာလိုက္သည္။ သူအျပင္ကို
ေရာက္ေတာ့ ခက္က ငူငူငိုင္ငိုင္နဲ႔ထိုင္ေနတုန္းပင္။
သူလည္း ခက္နဲ႔စကားမေျပာခ်င္ေတာ့တာနဲ႔
ထြက္လာခဲ့လိုက္ေတာ့သည္။ ခက္နဲ႔စကားဆက္ေျပာေနမိရင္ သူ႔ပါးစပ္က ခက္ကိုပိုၿပီးနာက်င္ေစမယ့္ စကားေတြထြက္လာေတာ့မွာ။ ခက္က
အရမ္းေခါင္းမာသည္။ သူဘယ္ေလာက္ပဲ ႏွင္ထုတ္ေနပါေစ သူ႔အနားကထြက္မသြားေပ။ သူ႔ကိုပဲ တြယ္ကပ္ေနခဲ့သည္။ သူကိုယ္တိုင္ကလည္း ခက္ရဲ႕ 'မင္းအနားက ဘယ္ေတာ့မွ ထြက္မသြားဘူး' ဆိုတဲ့ စကားကို ၾကားခ်င္ေနလို႔ပဲလားမသိ။ ခက္နဲ႔ေတြ႕တိုင္း ထြက္သြားဖို႔သာေျပာေနတတ္ေလသည္။
သို႔ေသာ္လည္း သားေလးကို သူ႔တုန္းကလိုမ်ိဳး သူမ်ားလက္ညႇိဳးထိုးၿပီး ႏွိမ္တာမခံရေလေအာင္
သူခက္နဲ႔ကြာရွင္းမွျဖစ္မည္။ သို႔မွသာ သူ႔သားေလး သူ႔လိုမ်ိဳး သူငယ္ခ်င္းမရွိ ခင္ခ်င္တဲ့သူမရွိတဲ့ဘ၀နဲ႔
မေနရမွာ။
စစ္ ေတြးေနရင္း ဖုန္းသံျမည္လာမွ သတိ၀င္မိသည္။
'Hello ဟန္နီ'
'ကိုကို ကြာရွင္းစာခ်ဳပ္မွာ ခက္ကလက္မွတ္ထိုးေပးၿပီးၿပီလားဟင္?'
'မထိုးေသးဘူး ဟန္နီ...သူ႔အတြက္အခ်ိန္လိုအပ္တယ္ ဟန္နီ။ သူခ်က္ခ်င္းႀကီးေတာ့ ကြာရွင္းဖို႔လက္ခံႏိုင္အုံးမွာမဟုတ္ေသးဘူး'
'သူလက္မွတ္မထိုးလည္းျဖစ္ပါတယ္ကိုကိုရယ္။
ဟန္နီတို႔ အရင္ကအတိုင္းေနလဲျဖစ္တာပဲ။ ခက္ကို အရမ္းႀကီးဖိအားမေပးပါနဲ႔။ ကိုကိုတို႔မကြာရွင္းလဲ
ရတာပဲေလ။ သားေလးကိုေတာ့ သူမ်ားေတြက
၀ိုင္းၿပီးလက္ညႇိဳးထိုးၾကမွာေပါ့။ က်န္တာေတြအကုန္အဆင္ေျပပါတယ္'
'ကိုယ့္သားေလးကို ဘယ္သူကမွ မႏွိမ္ေစရဘူး။ ကိုကို ခက္နဲ႔ ကြာရွင္းမွာပါ '
'ဒါဆိုရင္လည္း ဒီကိစၥကို ဟန္နီ႔ကိုပဲ တာ၀န္ေပးလိုက္ပါ။ ဟန္နီကပဲ ခက္ကို နားလည္ေအာင္ေျဖာင္းျဖၾကည့္ပါ့မယ္။ ခက္ကလည္း နားလည္ေလာက္မွာပါ။ အခ်ိန္ ၁ႏွစ္နီးပါးေလာက္ယူလိုက္
ရင္ရပါတယ္'
'အင္းပါ ဒါဆို ဟန္နီ႔ကိုပဲ ဒုကၡေပးရေတာ့မွာပဲ'
'ကိစၥမရွိပါဘူးကိုကိုရယ္။ ဒါဆို ဟန္နီ ဖုန္းခ်
လိုက္ေတာ့မယ္ေနာ္'
ဟန္နီႏိုင္ဖုန္းခ်သြားေတာ့ စစ္စိတ္ရႈပ္စြာ ေခါင္းကို
ဖြမိသည္။ ခက္ဘာလို႔ ေခါင္းမာေနရတာလဲ?
သားေလးရဲ႕ေရွ႕ေရးကိုေတာင္ မေတြးႏိုင္ေတာ့ဘူးလား? ဘာပဲျဖစ္ျဖစ္ ဒီကိစၥကို ဟန္နီက တာ၀န္ယူမယ္ဆိုေတာ့ သူလည္းလႊတ္ထားလိုက္ေတာ့မည္။
သူတို႔အခ်င္းခ်င္းညႇိၾကပါေစေတာ့။
တကယ္လည္း သက္ႏြယ္တို႔ရဲ႕ မဂၤလာေဆာင္ကို
ခက္နဲ႔သားေလးတို႔ပဲ သြားခဲ့ရသည္။ ခက္က စစ္တို႔အိမ္ကိုေရာက္သြားတဲ့ အခ်ိန္ကစၿပီး ဆိုင္ကယ္ကို ကိုယ္တိုင္မေမာင္းရေတာ့ေပ။ ဦးမင္းထက္က
ခက္အတြက္ ကား၀ယ္ေပးထားၿပီး သြားစရာရွိတာကို ကားနဲ႔သာ သြားေစသည္။ ခက္ကိုကိုယ္တိုင္မေမာင္းခိုင္းပဲ driverစီစဥ္ေပးထားသည္။ အခုလည္း driver ဘဘႏွင့္သာ သက္ႏြယ္ရဲ႕မဂၤလာေဆာင္ကိုလာခဲ့ရသည္။ စစ္ပါမလာတာသိေသာ္လည္း သက္ႏြယ္တို႔က ခက္စိတ္မေကာင္းျဖစ္မွာစိုး၍ ဘာမွသိပ္မေျပာၾကေပ။ မဂၤလာပြဲကိုလာတဲ့လူတခ်ိဳ႕ရဲ႕ ႏွိမ္သလိုအၾကည့္ေတြၾကားထဲမွာ အႏိုင္က သက္ႏြယ္ရဲ႕လက္ကို
ခပ္တင္းတင္းဆုပ္ကိုင္ထားေလသည္။ သူတို႔အတြက္က တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ေနၿပီးသားမလို႔ ပတ္၀န္းက်င္က ကဲ့ရဲ႕ေနရင္ေတာင္ တစ္ေယာက္လက္ကိုတစ္ေယာက္ ခိုင္ၿမဲစြာတြဲထားၿပီး ရင္ဆိုင္ႏိုင္သည္ေလ။ မင္းခန္႔တို႔လဲ ဒီအတိုင္းပါပဲ။ သူတို႔အိမ္ေတြက ေစာင့္ၾကည့္အုံးမယ္သာေျပာၿပီး က်န္တာေထြေထြထူးထူးမေျပာၾကတာမလို႔ သူတို႔ကလည္း officialတြဲၾကေလသည္။
ခက္မွာသာ....
သက္ႏြယ္တို႔ကို ႏႈတ္ဆက္ၿပီး တိုက္ခန္းကိုျပန္လာခဲ့သည္။ စစ္ကေတာ့ အိမ္ကိုေရာက္ႏွင့္ေနၿပီ။
ထူးထူးဆန္းဆန္းပါပဲလား?
'ခက္ထန္'
'ကြာရွင္းဖို႔ပဲေျပာေနအုံးမယ္ဆိုရင္ ထပ္ၿပီးမေျပာပါနဲ႔ေတာ့လားစစ္။ ငါပင္ပန္းလာလို႔ နားခ်င္ေနၿပီ'
ဟုဆိုကာ သားေလးကိုခ်ီၿပီး အခန္းထဲကို၀င္လာေတာ့ စစ္ကလည္း ေနာက္ကေန လိုက္၀င္လာသည္။
'မင္းဘာလို႔ေခါင္းမာေနတာလဲ?'
'မင္းကိုခ်စ္လို႔....ငါ့အသက္ထက္ပိုၿပီးေတာ့..မင္းကိုခ်စ္မိသြားလို႔...မင္းနဲ႔မခြဲႏိုင္လို႔....မင္းေမးၿပီးရင္လည္း ငါအိပ္ေတာ့မယ္စစ္။ ငါတကယ္ပင္ပန္းလာလို႔ပါ'
ေျပာေနရင္းနဲ႔ သားေလးကိုဖက္ကာ အိပ္ေပ်ာ္သြားေသာ ခက္ကိုၾကည့္ၿပီး စစ္ရဲ႕စိတ္ေတြ ပိုၿပီးရႈပ္လာသည္။ ပါးစပ္ကသာ ကြာရွင္းမယ္လို႔ေျပာေနေပမယ့္ ခက္တကယ္ကြာရွင္းေပးရင္လဲ သူမေနႏိုင္မွာစိုးရသည္။ ခက္ကေတာ့ အပူပင္ကင္းစြာ အိပ္ေပ်ာ္ေနသည္။ သားေလးကို အလယ္မွာထားၿပီး
သူတို႔ ၂ေယာက္က ေဘးတစ္ဖက္တစ္ခ်က္စီမွာ
၀င္အိပ္ၾကေတာ့ မိသားစုရဲ႕ ေႏြးေထြးမႈကိုခံစားရသည္။
ဟန္နီနဲ႔အတူရွိေနစဥ္ေတြတုန္းကေတာင္ အခုလို ေႏြးေထြးတဲ့ ခံစားခ်က္မ်ိဳးမရခဲ့။ သူနဲ႔ဟန္နီရဲ႕ၾကားမွာ ကေလးေလးမရွိလို႔ပဲလား? သို႔ေသာ္လည္း ဟန္နီနဲ႔ အတူေနေနတာ ၾကာၿပီျဖစ္လို႔ ဟန္နီ႔ကို တာ၀န္ယူရမည္။ ခက္က ေယာက်ာ္းေလးမလို႔
ကိစၥမရွိ။ ဟန္နီကမိန္းကေလးဆိုေတာ့ သူ႔ပတ္၀န္းက်င္မွာ အရွက္ကြဲႏိုင္သည္ေလ။ ၿပီးေတာ့ ဟန္နီကလည္း သူ႔အေပၚေတာ္ေတာ္ေလးေကာင္းေပးရွာသည္။
ထိုတစ္ညလုံးကို ခက္ကိုၾကည့္ေနရင္းနဲ႔ပဲ အခ်ိန္ကုန္ခဲ့ေလသည္။ ေကာ့ၫြတ္ေနတဲ့မ်က္ေတာင္ေလးေတြ၊ ေဆးမကူပါပဲ ခ်ယ္ရီသီးေလးလို နီရဲေနသည့္ႏႈတ္ခမ္းေလးေတြ၊ အေပၚပိုင္းက စင္းစင္းေလးနဲ႔ ေအာက္ပိုင္းေရာက္မွ လုံးလုံးေလးျဖစ္သြားတဲ့ ႏွာတံေလးေတြ၊ ေပ်ာ့ေဆး၊ ေပါင္းေဆးေတြမသုံးပါပဲ ေပ်ာ့အိေနတဲ့ ဆံသားေလးေတြနဲ႔၊ ႏို႔ႏွစ္ေရာင္ အသားအေရနဲ႔ခက္ဟာ တကယ္ကိုပဲ လွရက္ပါသည္။ ေယာက်ာ္းေလးတစ္ေယာက္ကို လွတယ္ဆိုတာ ေျပာလို႔မေကာင္းေပမယ့္ ခက္ကေတာ့ တကယ္ကိုလွပါသည္။
မနက္က်ေတာ့ ခက္မႏိုးေသးခင္ပဲ သူထြက္သြားမယ္လို႔ စိတ္ကူးထားေပမယ့္ ခက္ျပင္ေပးတဲ့ မနက္စာကိုေတာ့ စားခ်င္ေသးသည္မို႔ သူအိပ္ခ်င္ေယာင္ေဆာင္ေနလိုက္သည္။ ခဏေနေတာ့ ခက္ႏိုးလာပါသည္။ သားေလးေဘးမွာ၀င္အိပ္ေနတဲ့သူ႔ကိုျမင္ေတာ့
အံ့ၾသသြားသည့္ပုံပင္။ ၿပီးေတာ့ သားေလးကို
ငုံနမ္းလိုက္ကာ သူ႔ဘက္ကိုေလွ်ာက္လာၿပီး သူ႔နဖူးကိုဖြဖြေလးနမ္းတာေၾကာင့္ အသက္ရႉတာေတာင္ ေအာင့္ထားမိသည္။ သူ႔ရင္ေတြဘာလို႔ တဒိတ္ဒိတ္နဲ႔ ခုန္လာရတာလဲ? တကယ္ဆို ေယာက်ာ္းေလးတစ္ေယာက္အေပၚ အခုလိုမျဖစ္သင့္ဘူးမဟုတ္လား? ညက အိပ္ေရးမ၀လို႔ပဲ ခုန္ေနတာျဖစ္မွာပါေလ။ ခက္ေရခ်ိဳးခန္းထဲ၀င္သြားေတာ့မွ သူအသက္၀၀ရႉမိသည္။ ထို႔ေနာက္မွာေတာ့ ခက္က တစ္ခါထဲ
ေရခ်ိဳး အ၀တ္စားလဲၿပီးတာနဲ႔ သူ႔ထုံးစံအတိုင္း
သြားတိုက္တံေတြ ျပင္ဆင္ေပးထားသည္။ ခက္ဟာ
သြားတာလာတာလုပ္တာကိုင္တာ အကုန္ ညင္သာလြန္းလွသည္။ ခက္အခန္းထဲက ထြက္သြားေတာ့မွ သူလဲ ထလိုက္သည္။ သားေလးကို အနမ္းေပးၿပီးတဲ့ေနာက္မွာေတာ့ ေရခ်ိဳးခန္းထဲကို၀င္ခဲ့လိုက္သည္။ ဘာလို႔မွန္းမသိ ဒီေန႔ေတာ့ ခက္အဆင္သင့္လုပ္ေပးထားတဲ့ သြားတိုက္တံနဲ႔ တိုက္ခ်င္ေနသည္။
အျပင္ထြက္လာေတာ့ ခက္က မနက္စာျပင္ၿပီးေနၿပီ။ သူ႔ကိုျမင္တာနဲ႔ မ်က္လုံးေလးေတြ၀ိုင္းစက္သြားေလသည္။ သို႔ေသာ္ ခဏေနေတာ့ သတိျပန္၀င္လာၿပီး
ေပါင္မုန္႔မီးကင္နဲ႔ ေကာ္ဖီကို ျပင္ေပးထားၿပီးတာနဲ႔ အခန္းထဲက ထြက္သြားေလသည္။ သူထမင္းစားခန္းထဲ၀င္လာတာ ခက္အံ့ၾသေနမည္မွန္းသိပါသည္။
သူကလည္း အရင္က ခက္ကိုယ္တိုင္ ျပင္ဆင္ေပးၿပီး စားဖို႔လာေခၚတာေတာင္ ဂ႐ုမစိုက္ပဲထြက္သြားတတ္သည္မဟုတ္ပါလား။ အခုကေတာ့ ခက္ေတာင္ ေခၚစရာမလိုပဲ သူ႔ဘာသာလာေနသည္မလို႔
ခက္အံ့ၾသမယ္ဆိုျဖစ္သင့္ပါသည္။ သူကိုယ္တိုင္လဲ ဘယ္လိုျဖစ္ေနမွန္းမသိေပ။ ခက္ကို သနားေနသလိုျဖစ္ေနသည္။ သို႔ေသာ္လည္း ဒါေတြဟာ သိပ္ၿပီး
အေရးမပါေပ။ မၾကာခင္မွာပဲ ခက္နဲ႔သူ ကြာရွင္းရေတာ့မယ္မဟုတ္ပါလား? ဟန္နီကေတာ့ ခက္ကို ေတြ႕ၿပီးေျပာၾကည့္မည္လို႔ ေျပာထားတာပဲ။
ၾကည့္ရတာ ခက္နဲ႔ဟန္နီနဲ႔ မေတြ႕ေသးဘူးထင္တာပါပဲ။
Advertisement
- In Serial18 Chapters
Spirit Exorcists
When Mark's troubled friend, Ruby, takes her own life, a grieving Mark heads to her suicide spot to pay his respects. In a strange twist of fate, he is attacked by a powerful spirit that reveals itself to be Ruby. Shen, an exorcist from the Spiritual Anomalies Investigation Bureau, an organisation dedicated to investigating the supernatural, arrives on the scene and attempts to save Mark but complications result in Ruby's spirit binding with Mark. Now, under the guidance of the Spiritual Anomalies Investigation Bureau, Mark has to learn how to use the powers of Ruby's spirit bound to him to exorcise other spirits while revisiting Ruby's troubled past in order to unbind Ruby's spirit and allow her to pass properly into the afterlife.
8 115 - In Serial15 Chapters
Elements Rising
Emily Rhodes, a seventeen-year-old girl, discovers she has the ability to control fire. One day, a stranger comes to her front door and invites her to attend an academy for people just like her. Ultimately, Emily decides to attend the academy and is thrust into a world of action, fantasy, and romance. While at the academy, she meets three other girls, Grey, who controls earth, Finn, who controls air, and Aurora, who controls water. The four girls must learn to get along, hone their powers, and protect the school from a dark evil threatening to destroy it, everyone, and everything in its path.
8 92 - In Serial8 Chapters
The garden of fear
"The garden of fear" is a fantasy novel set in our modern world where a man, Richard, will meet a surreal creature: none other than the living embodiment of fear. The terrifying creature occurred to him for the simple reason to offer him a "special" job ... but what can ever want the Fear from him, a simple human being?
8 135 - In Serial8 Chapters
The Fake Phoenix ‘s Fate
A tycoon’s daughter shake off her arrogance to love and support disadvantageous prince, help him get to the crown. Naive girl is dreaming of a most beautiful love story, untill a cup of poison from her love one helps dispel her illusion of a lifetime.Sold her soul for the devil to get a chance to reincarnate, harbour the thoughts of revenge for all the time. Unexpectedly, having him dying in her embrace, she still not enjoy the taste of triumphant and keep wondering if she was wrong? Follow me to know the hidden secrets!The story of blinded love and the path of revenge of a fallen queen Based on Royal ancient of Vietnam.
8 88 - In Serial76 Chapters
Colonial History
[Full Title: The Colonial History of Tir-Torzor and Brief Accounts of Its Diasporas’ Denizens] An alien scholar is sent by their institution to study, evaluate, and report on the colonial history of another galactic civilization known as the Apiary. There are only two planets under the Apiary's dominion: The empire's home world, Eas-Enerang, and Tir-Torzor, its sole colonized claim. This is the compiled historical records on the effects conquest has had over its native inhabitants. {Content Warning: This story is a work of satire involving some instances of foul language, xenophobia, violence, recalling assault, and allusions to historical atrocities and tragedies. Discretion is advised.} Visit https://ko-fi.com/choftt to support the story! Art for collage cover by Paul David London. Collage and artistic additions by F.S. Arbolaez.
8 71 - In Serial8 Chapters
the show must go on | neil perry
in which anastasia fitzgerald becomes the first girl to ever attend hell-ton academy and changes everything.( undergoing editing as of 10/4/2022)
8 156

