《Let Me Start Again [Completed]》LMSA 36
Advertisement
အပိုင်း 35အထိက နောက်ကြောင်းပြန်တာပါနော်
ဒီအပိုင်းက အပိုင်း၁ရဲ့အဆက်ဖြစ်သွားပါပြီ။
ခက်သတိရပြီလို့ မင်းခန့်ကအကြောင်းကြားသဖြင့် သက်နွယ်တို့လည်း ဆေးရုံကို အမြန်ပြေးလာကြသည်။ ဆေးရုံရောက်တော့ ခက်မအိပ်သေးတာ
တွေ့သဖြင့်
'ခက် မအိပ်သေးပဲဘာလုပ်နေတာလဲ? နည်းနည်းအနားယူလိုက်အုံးလေ'
'အင်း မင်းခန့်။ ဒါနဲ့ ငါအကုန်မှတ်မိပြီ'
'သတိရပြီလား? မင်းဘာဖြစ်ခဲ့တာလဲ အကုန်မှတ်မိပြီလား? ဒါဆိုရင် မင်းဘာလို့ဆေးရုံတက်ရတယ်ဆိုတာလည်း မှတ်မိပြီပေါ့ ' မင်းခန့်ကမေးတော့
' ငါအကုန်မှတ်မိပါပြီ မင်းခန့်ရယ်။ ငါဆေးရုံတက်တာတောင် စစ်က တစ်ချက်လေးတောင် လာမကြည့်ခဲ့ဘူးမလား'
'သူ့အကြောင်းတွေထားလိုက်စမ်းပါ။ ဒါနဲ့ခက်
နင်စောစောက အတိတ်မေ့သလိုဖြစ်သွားတာဆို' သက်နွယ်က၀င်ပြောတော့မှ
'ဟုတ်တယ်။ ငါနိုးနိုးလာချင်းတုန်းက ဘာမှမမှတ်မိသေးဘူး။ တဖြေးဖြေးချင်း စဥ်းစားတော့မှ ပြန်သတိရလာတာ။ မေ့ဆေးအရှိန်ကြောင့်ရော၊ ငါကိုယ်တိုင်က မေ့ထားချင်တာရော ပေါင်းပြီး မမှတ်မိတာပါ။ အခုကတော့ အကုန်သတိရပါပြီ'
'အေးပါ ငါတို့က ငါတို့ကိုများ မေ့သွားတာလားလို့။ ခက် နင့်မှာ စိတ်ဆင်းရဲစရာတွေရှိရင် ငါတို့ကိုရောပြောပြဟာ။ တစ်ယောက်ထဲကြိတ်ပြီးခံစားမနေနဲ့'
'အင်းပါ..ဒါနဲ့ ကားမောင်းတဲ့သူကို ရှာလို့တွေ့ပြီလား'
'အခုထိမတွေ့သေးဘူး၊ မင်းကရော ကားနံပါတ်ကို
မမြင်လိုက်ဘူးလား'
'အင်း..ငါလည်း သားလေးကို သွေးတွေနဲ့တွေ့လိုက်
ရတော့ စိတ်က ပြာသွားပြီး သားလေးဆီကိုပဲအာရုံရောက်သွားတာ။ တိုက်သွားတဲ့ ကားနံပါတ်ကို
ကြည့်ဖို့ သတိမရလိုက်ဘူး။ ဒါဆို..ဒါဆို..အခုထိ တရားခံမမိသေးဘူးပေါ့နော်'
'စိတ်အေးအေးထားနော် ခက်။ ငါတို့အကုန်၀ိုင်းရှာပေးမယ်' အစိုးစကားကို ခက် ခေါင်းညိမ့်ပြလိုက်ပြီး
'ကျေးဇူးပါ။ မင်းတို့လည်း ငါ့ကြောင့်ပင်ပန်းကုန်ပြီ။ ငါတကယ်တောင်းပန်ပါတယ်'
'တောင်းပန်စရာမလိုဘူးလေ ခက်ရာ။ ငါတို့က သူငယ်ချင်းတွေပဲကို မင်းသာ ကျန်းမာအောင်နေ ဟုတ်ပြီလား' ဂနိုင့်ရဲ့အပြောကို
'အေးပါ။ ငါကျန်းမာအောင်နေမှာပါ။ ဒါနဲ့
ငါဘယ်တော့ဆေးရုံဆင်းရမှာလဲ?'
'နောက်ထပ် ၃ရက် ၄ရက်လောက်နေပြီးရင်တော့ ဆင်းလို့ရပါပြီ။ ဒီ ၁လလောက်က ဖြစ်နိုင်ရင်
လမ်းမလျှောက်တာအကောင်းဆုံးပဲ'
'အေးပါ ငါလမ်းမလျှောက်မိအောင်နေပါ့မယ်'
ထို့နောက်မှာတော့ သူငယ်ချင်းတစ်စု ထွေရာလေးပါးပြောနေကြပြီးနောက် သက်နွယ်တို့က ညမှလာခဲ့မယ်ဟုဆိုကာ ပြန်သွားကြလေသည်။ တကယ်လည်း ညရောက်တော့ သက်နွယ်တို့ကပဲ လူနာစောင့်လုပ်ပေးကြလေသည်။ ဦးမင်းထက်တို့က စောင့်ပေးမယ်ပြောသော်လည်း လူကြီးတွေမလို့ဆိုပြီး မစောင့်ခိုင်းကြပေ။
ဘာလိုလိုနဲ့ မနက်ဖြန်ဆိုရင် ခက်တောင် ဆေးရုံကဆင်းရတော့မည်။ ဆေးရုံတက်နေစဥ်ကာလအတွင်းမှာ စစ်ဟာ သူရှိရာကို ခြေဦးတောင်မလှည့်ခဲ့သည့်ပုံပင်။
မင်းခန့်တို့ကလည်း အလုပ်ရှိနေသေး၍ ခက်က မနက်ဖြန်မှလာခဲ့လို့ ပြောထားသည်။ daddyတို့ကလည်း ညနေမှလာမည်တဲ့။ သက်နွယ်နဲ့ ဂနိုင်က သူ့အတွက် မနက်စာသွား၀ယ်နေကြသဖြင့် အခန်းထဲမှာ ခက်တစ်ယောက်ထဲသာ ကျန်နေခဲ့သည်။
ထိုစဥ် အခန်းတံခါးပွင့်သွားသဖြင့် သက်နွယ်တို့ပြန်လာတယ်ထင်ပြီး အခန်းပေါက်၀ကိုကြည့်လိုက်မိတော့ ရပ်နေတဲ့သူက ဟန်နီနိုင်။
'မင်းဘာလာလုပ်တာလဲ'
'လူနာလာမေးတာလေ။ နင်များသက်သာရဲ့လားလို့။ ကိုကိုက မလာနိုင်တော့ ငါကပဲကိုယ်စား လာပေးတာ'
'မလိုအပ်ဘူး။ အခုချက်ချင်းပြန်တော့'
'ပြန်မှာပါ။ အာ...ဒါနဲ့ ဒီလောက်ကားနဲ့တိုက်ခံရတာတောင် နင်က ကိုကို့ကိုမကွာရှင်းပေးနိုင်သေးဘူးနော်'
'မင်းဘာကိုပြောချင်တာလဲ'
'နင်မသိဘူးလား? နင်က ကလေးကြောင့် ကိုကို့ကို တွယ်ကပ်နေလို့ ကိုကိုက နင့်ကို accidentဖြစ်အောင်လုပ်ခိုင်းတာလေ။ အခု ကလေးက သေပြီဆိုတော့ နင်လည်း ကိုကို့ကို ဆက်ပြီးတွယ်ကပ်စရာမလိုတော့ဘူးမဟုတ်လား?'
'မင်းလျှောက်မပြောနဲ့!!'
'အဟက် မယုံရင် သူ့ကိုမေးကြည့်လေ။ သူကိုယ်တိုင်ငါ့ကိုခိုင်းခဲ့တာ။ ငါနင့်ကိုအရမ်းသနားတာပဲ။ ကိုယ်ချစ်ရတဲ့သူက ကွာရှင်းချင်လို့ လုပ်ကြံခိုင်းတယ်တဲ့'
'မင်းငါ့ကို အခုလိုလာပြောတော့ ငါမင်းကို ရဲတိုင်မှာမကြောက်ဘူးလား'
'နင်မတိုင်ရဲပါဘူး။ နင်တို့ကို တိုက်သွားတဲ့ကားက
ကိုကို့ရဲ့ကားလေ နင်လုပ်ရဲလို့လား'
'မင်း...မင်းအခုချက်ချင်းထွက်သွား!!! ' ခက်ရဲ့ အော်သံကြောင့် ဟန်နီနိုင်ပင် လန့်သွားသည်။
ခက်ဒေါသထွက်တာကို သူမ တစ်ခါမှမမြင်ဖူးခဲ့ပေ။ မျက်လုံးတွေနီရဲလာပြီး အသက်ရှူသံတွေမြန်လာတဲ့ခက်ကို နည်းနည်းကြောက်မိသော်လည်း စကားကို ဆုံးအောင်ပြောလိုက်သည်။
'နင်မယုံရင် သွားမေးကြည့်လို့ရတယ်။ နင်မကျေနပ်ရင်လည်း ဘာလုပ်နိုင်မှာမလို့လဲ? နင့်ယောကျာ်းကို ထောင်ထဲထည့်မှာလား? နင်လုပ်ရဲလို့လား?
ငါကတော့ ပြောစရာရှိတာပြောပြီးသွားပြီ။ နင်တို့ကွာရှင်းမယ့်နေ့ကို မျှော်နေမယ် အဟက် '
ပြောပြီး ဟန်နီနိုင် ထွက်လာခဲ့လိုက်သည်။
ခက် ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ စစ်ကို ထောင်ထဲထည့်မှာမဟုတ်တာ သူမ သိနေသည်။ ခက်ရဲ့
စိတ်နဲ့ဆိုရင် သူ စစ်ကို နာကျည်းပြီး ထွက်သွားတာကလွဲလို့ ကျန်တာမလုပ်ရဲပါဘူး။ ခက်က စစ်ကို
ဆိုရင် ဘာလုပ်လုပ် ခွင့်လွှတ်ပေးတယ်လေ။
သို့သော်လည်း သူမ မသိခဲ့တာက ခက်က စစ်အပေါ်မှာ သည်းခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်သွားခဲ့ပြီဆိုတာကိုပေါ့။
ဟန်နီနိုင်ထွက်သွားတော့ ခက်တစ်ယောက်ထဲ ဒေါသတွေထွက်ပြီးကျန်ခဲ့သည်။
(တကယ်ပဲလား.. တကယ်ပဲ မင်းက ငါနဲ့ကွာရှင်းချင်လို့ အခုလိုလုပ်ခဲ့တာလား? သားလေးသေသွားရင်
ငါနဲ့ကွာရှင်းရမှာမလို့ မင်းကို ဖုန်းခေါ်တာတောင်
မလာခဲ့တာလား? *)
တွေးနေရင်းနဲ့ စစ်သူ့ကို ကွာရှင်းခွင့်တောင်းတုန်းက
''မင်းကွာရှင်းမပေးလဲ ကွာရှင်းအောင်လုပ်မယ့်နည်းလမ်းတွေအများကြီးရှိတယ်'' ဆိုသော စကားသံကို ပြန်ကြားယောင်မိသည်။
(ဒါက မင်းရွေးခဲ့တဲ့ နည်းလမ်းလား စစ်*)
စစ်နဲ့ ထိပ်တိုက်တွေ့ပြီးရှင်းမယ်ဆိုသောအတွေးနဲ့ သူထွက်လာခဲ့သည်။ ခြေထောက်ကခွဲစိတ်ထားတာ
မကြာသေးတာမလို့ လမ်းလျှောက်လိုက်တိုင်း
Advertisement
နာနေပေမယ့်၊ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လဲကျတော့မလို ဖြစ်နေပေမယ့် သူဂရုမစိုက်နိုင်။
(စစ်ကို မေးကြည့်ရမယ်၊ ဟန်နီနိုင်ပြောတာတွေက အမှန်တွေလားဆိုတာ*)
အောက်ထပ်ကိုရောက်တော့ taxiကို ငှားလိုက်ပြီး တိုက်ခန်းကို ထွက်လာခဲ့သည်။ စစ်ကိုဖုန်းခေါ်ကြည့်တော့ စစ်က ချက်ချင်းဖုန်းကိုင်သည်။
'မင်းအခုချက်ချင်း တိုက်ခန်းကိုလာခဲ့။ ဘယ်ကိုရောက်နေရောက်နေ၊ ရောက်တဲ့နေရာက ချက်ချင်း တိုက်ခန်းကိုလာခဲ့။ မင်းနဲ့ရှင်းစရာတွေရှိနေတယ် စစ်'
ပြောပြီးတာနဲ့ စစ်ဘက်က replyကိုတောင်မစောင့်တော့ပဲ ဖုန်းချလိုက်သည်။
စစ်..ခက်က သူ့ကို ဖုန်းစခေါ်တာကြောင့် ကိုင်လိုက်မိသည်။ သူ့ဘက်က ဘာမှမပြောရသေးခင်မှာပဲ
ခက်က သူပြောချင်တာပြောပြီး တန်းချသွားလေသည်။ သူပဲ စိတ်ထင်နေလို့လား ခက်ရဲ့ လေသံက နည်းနည်းမာနေပြီး အသံလည်းတုန်နေသည်။
ဘာကိုရှင်းမှာပါလိမ့်။ ခက်ပြောတဲ့အတိုင်း တိုက်ခန်းကိုပဲထွက်လာခဲ့လိုက်သည်။ သားလေးဆုံးပြီးကတည်းက သူလည်း ဟန်နီနိုင်နဲ့ သိပ်ပြီး မတွေ့ဖြစ်တော့။ ခက်ကလည်း သူ့ကို စကားမပြောတော့ပေ။ ခက်ဆေးရုံတက်တာရော၊ ခွဲစိတ်ရတာရောသိပေမယ့် သူခက်ရဲ့ရှေ့ကို မသွားရဲ။ ခက်အပေါ်မှာ သူအပြစ်လုပ်ထားသလို ခံစားနေရသည်။ ခက်ကိုတွေ့ဖို့ ဆေးရုံကိုရောက်သွားတိုင်း မျက်နှာချင်းမဆိုင်ရဲ
သဖြင့် အခန်းတံခါးပေါက်၀ကနေသာ ခက်ကိုကြည့်ပြီး ပြန်လှည့်လာရတာ အခါခါ။ အခု ခက်က သူ့ကို တိုက်ခန်းကိုလာဖို့ခေါ်နေသည်။ မနက်ဖြန်မှဆေးရုံက ဆင်းရမှာမဟုတ်ဘူးလား။ လမ်းလျှောက်လို့မရသေးတာကို ဘယ်သူလိုက်ပို့တာလဲ? အတွေးတွေနဲ့အတူ မောင်းလာရင်း တိုက်ခန်းကိုရောက်လာခဲ့သည်။ ကားကို Parkingမှာထိုးပြီး အပေါ်ထပ်ကိုတက်လာတော့ အခန်းတံခါးကြီးက ဖွင့်လျက်သား။ ခက်အရင်ရောက်နေပြီထင်တယ်။
'ရောက်လာပြီလား?' ခက်ကိုကြည့်မိတော့
မျက်နှာလေးက နီရဲနေပြီး တည်တင်းနေသည်။ လေသံကလည်း မာနေသည်။ ခက်ဘာဖြစ်နေတာလဲ။
'အင်း မင်းအရင်ရောက်နေတာလား? ငါ့ကို ဘာလုပ်ဖို့ခေါ်တာလဲ'
'သားလေးမွေးနေ့တုန်းက မင်း ဘယ်မှာရောက်နေတာလဲ။ ငါဖုန်းဆက်တော့ မင်းက ဟန်နီနိုင်နဲ့အတူရှိနေတာလား '
'မင်း ငါ့ကို ဘာတွေလာမေးနေတာလဲ? ငါဘယ်သူနဲ့ရှိနေလဲဆိုတာ အဲ့လောက်အရေးကြီးနေလို့လား?'
'စောက်ပိုတွေပြောမနေပဲ ငါမေးတာပဲဖြေစမ်းပါ !!!!! '
ခက်ရဲ့ အော်သံကြောင့် သူလန့်သွားရသလို
တစ်ဆက်ထဲမှာပဲ ဒေါသလည်းထွက်သွားရသည်။ ခက်က ဘယ်တုန်းက သူ့ကိုအော်ဖူးလို့လဲ?
အဲ့ဒီနေ့က ဟန်နီနိုင်နဲ့ ညနေမှတွေ့ဖြစ်သော်လည်း ခက်ကိုရွဲ့ချင်တာကြောင့်
'ဟုတ်တယ် ငါ ဟန်နီနဲ့တူတူရှိနေတာ'
'မနက်ကတည်းကပေါ့ ဟုတ်လား? ငါဖုန်းဆက်တုန်းကလည်း မင်းရှိနေတာပေါ့။ ရှိနေရက်နဲ့တောင် ငါတို့ဆီမလာတာပေါ့'
'ဟုတ်တယ် မင်းပြောချင်တာ ဒါအကုန်ပဲလား? အဲ့ဒါက ဘာများအရေးပါနေလို့လဲ'
'ဘာများအရေးပါနေလို့လဲ ဟုတ်လား? မင်းက ငါတို့ကို လုပ်ကြံခိုင်းတာတောင်၊ မင်းကြောင့် ငါ့သားလေးသေသွားတာတောင် ဘာများအရေးပါနေလို့လဲတဲ့လား'
'မင်းဘာတွေပြောနေတာလဲ မင်းကိုငါ ဘယ်တုန်းကလုပ်ကြံခိုင်းခဲ့တာလဲ'
'သားလေးမွေးနေ့တုန်းက ငါတို့ကို ကားနဲ့တိုက်ခိုင်းတာ မင်းမဟုတ်ဘူးလား ဟမ်? ငါမင်းကို ကွာရှင်း
မပေးဘူးလို့ပြောတုန်းက ငါကွာရှင်းအောင် လုပ်မယ့်နည်းတွေအများကြီးရှိတယ်လို့ မင်းပြောကတည်းက ငါသိခဲ့ရမှာ။ မင်းက အရမ်းကြောက်ဖို့ကောင်းတယ် မင်းစစ်မောင်'
'ငါကမင်းတို့ကို ဘာလို့ကားနဲ့တိုက်ခိုင်းရမှာလဲ? အဓိပ္ပါယ်မရှိတာတွေမပြောနဲ့ ခက်ထန်'
'အဓိပ္ပါယ်လား သိပ်ရှိတာပေါ့။ မင်းက ဟန်နီနိုင်နဲ့အတူနေချင်လို့ အခုလိုလုပ်တာလေ မင်းအခုပျော်သွားလား မင်းဖြစ်စေချင်သလို ဖြစ်သွားလို့
ပျော်နေရဲ့လား ဟမ် !!! '
'မင်းဘာတွေလာပြောနေတာလဲ? '
'အဟက် မင်းကဟန်ဆောင်ကောင်းသားပဲ
မင်းစစ်မောင်! မင်းဖြစ်စေချင်သလို ငါကွာရှင်းပြီး မင်းအနားကထွက်သွားပေးမယ်။ မင်းဆီက
နစ်နာကြေးလဲ ငါမယူပါဘူး။ တစ်ခုပဲ အဲ့ဒါက'
'ခွပ်' 'ခွပ်' ခက် ပြောနေရင်းနဲ့ စစ်ကို နှစ်ချက်ဆက်တိုက် ဆွဲထိုးလိုက်သည်။
'တစ်ချက်က အပြစ်မရှိပဲ သေသွားတဲ့ ငါ့သားလေးအတွက်၊ နောက်တစ်ချက်က ကိုယ့်သားကို ပြန်သတ်တဲ့ မင်းအတွက်။ ပြီးတော့ ငါ့သားလေးကို မင်းသတ်တယ်ဆိုတဲ့ သက်သေရှာတွေ့တာနဲ့ ငါမင်းကို
ထောင်ထဲထည့်မှာမလို့ မင်းစောင့်ကြည့်နေလိုက်'
'တောက်!! ခက်ထန်!! မင်းကများငါ့ကိုထိုးရဲတယ်ပေါ့'
စစ် ဒေါသတကြီးနဲ့ ခက်ကို ပြန်ထိုးမယ်လုပ်တော့ ခက်က မဲ့ပြုံးပြုံးကာ မျက်နှာကိုတောင် မော့ပေးလေသည်။ ခက်ရဲ့အမူအရာကြောင့် စစ် လက်ကိုပြန်ချလိုက်မိသည်။ ခါတိုင်းဆို ခက်က သူဒေါသထွက်ရင်တောင် ကြောက်နေတာမဟုတ်ဘူးလား? အခုတော့ ထိုးစမ်းဆိုတဲ့သဘောနဲ့ မျက်နှာကိုတောင် မော့ပေးနေသည်။
'လုပ်လိုက်လေ။ ထိုးလိုက်စမ်းပါ။ မင်းလိုကောင်ကို ချစ်မိပြီး မခွဲနိုင်မခွာရက်ဖြစ်နေတဲ့ငါ့ကို အသိ၀င်သွားအောင် ဆုံးမလိုက်စမ်းပါ။ မင်းက မင်းအသားကိုထိတော့ နာတယ်ပေါ့ ဟုတ်လား မင်းစစ်မောင်။ မင်းထက်ငါက...အဆတစ်ရာ..အဆတစ်ထောင်မက...ဟောဒီရင်ဘတ်ကြီးက နာတယ်ကွ သိရဲ့လား။ မင်းလိုကောင်ကို ချစ်မိနေတဲ့ ငါ့ကိုယ်ငါလဲ အရမ်းရွံတယ် ။ မင်းငါ့အပေါ် ဘယ်လောက်ပဲရက်စက်နေပါစေ ငါတစ်ခွန်းပြောဖူးလို့လား။ အခုမင်းက...မင်းက.. ကိုယ့်သားကိုတောင်ပြန်သတ်တယ်တဲ့လား ဟမ်။ အဲ့ဒီနေ့က...အဲ့ဒီနေ့က...ငါ့မျက်စိရှေ့မှာတင် သားလေးကသွေးအိုင်ထဲမှာလဲကျနေတာ။ ငါ့ရဲ့ဟောဒီမျက်လုံးနှစ်လုံးနဲ့ တပ်အပ်ကြီးမြင်ခဲ့ရတာ။ မြင်နေရပြီး ဘာမှလုပ်မပေးနိုင်တဲ့၊ ကိုယ့်လက်ပေါ်မှာတင် papaဆိုတဲ့ နာမ်စားလေးတစ်ခွန်းပဲခေါ်ပြီး အသက်မဲ့သွားတဲ့ ငါ့သားလေးကို မြင်ခဲ့ရတဲ့ ငါက မင်းထက်ပိုပြီး နာကျင်ရတယ် မင်းစစ်မောင်ရဲ့။ ငါ့သားလေး...ငါ့သားလေးခမျာ မသေခင်မှာပဲ ဝေဒနာကိုခံစားသွားရတာ သိရဲ့လား။ မင်းက မယားငယ်နဲ့နေရဖို့အတွက် ကိုယ့်သားကိုတောင်
ပြန်သတ်တဲ့အကောင်။ ငါ့သားလေးမသေပဲနဲ့
Advertisement
မင်းသေသွားရမှာ မင်းက အဖေမဖြစ်ထိုက်တဲ့ကောင်။ ငါ့သားလေးမသေပဲ မင်းသေသွားရမှာကွ မင်းသိရဲ့လား'
ခက်ဆီက သူ့နာမည်အပြည့်အစုံခေါ်တာကို ကြားလိုက်တော့ စစ်ရဲ့ စိတ်ထဲမှာ အလှမ်းဝေးသွားသလို ခံစားလိုက်ရသည်။ ခက်တကယ်ပဲ သူ့ကိုနာကြည်းသွားတာလား။ ခက်နဲ့ဆက်ပြောနေရင်
ပိုဆိုးကုန်တော့မှာမလို့
'မင်းနဲ့ငါ နောက်မှ ဆက်ရှင်းမယ် ခက်ထန်! ' စစ် ပြောပြီးတာနဲ့ ထွက်သွားသည်။
(ခက်က ဘာလို့ ငါက လုပ်ကြံတယ်ပဲပြောနေရတာလဲ? မင်းခန့်ကိုသွားမေးရမယ်။ ဟုတ်တယ် မင်းခန့်ကတော့ သိလောက်မှာပါ*)
စစ် အတွေးနဲ့အတူ မင်းခန့်ဆီကို ရောက်လာခဲ့သည်။
'မင်းဘာလာလုပ်တာလဲ မင်းစစ်မောင်'
'ခက်က ငါ့ဆီရောက်လာတယ်'
'ခက်က? သူကဆေးရုံမှာရှိနေရမှာလေ။ မင်းဆီ
ဘာလို့ရောက်လာတာလဲ? ခဏ ဒါဆို ငါသက်နွယ်တို့ကို ဖုန်းပြန်ဆက်လိုက်အုံးမယ်။ သူတို့က ခက်ပျောက်သွားလို့ လိုက်ရှာနေကြတာ' ဟုပြောပြီး သက်နွယ်တို့ကို အကျိုးအကြောင်းလှမ်းပြောလေသည်။ ထို့နောက်
'မင်းက ဘာလို့ ငါ့ဆီလာတာလဲ?'
'ငါမင်းကို မေးစရာရှိလို့၊ သားလေးမွေးနေ့တုန်းက ခက်တို့ကို တိုက်သွားတဲ့ကားက ရှာလို့တွေ့ပြီလား '
'မတွေ့ရသေးဘူး။ ဘာလို့လဲ'
'ခက်က ငါ့ကိုထူးထူးဆန်းဆန်းတွေပြောတယ်။
သူ့ကို ကားနဲ့တိုက်ခိုင်းတာ ငါပါဆိုပြီးတော့ '
'တကယ်ပဲမင်းလား မင်းခိုင်းခဲ့တာလား '
'ငါကဘာလို့အဲ့ဒီလိုလုပ်ရမှာလဲ ငါအဲ့လောက်
မရက်စက်ဘူးမင်းခန့်။ ဒါပေမယ့်..ဒါပေမယ့်
ငါအဲ့နေ့က ဟန်နီနိုင့်ကို ငါ့ကားငှားလိုက်မိတယ်။'
'ဘာ! သူကဘာလုပ်ဖို့တဲ့လဲ?'
'အဲ့ဒါတော့ ငါလဲမသိဘူး။ အဲ့နေ့မနက်က
ငါ companyကို သွားတော့လည်း သူကပဲ ငါ့ကိုလိုက်ပို့ပေးတာ။ ငါ့ဖုန်းတောင် ကားပေါ်မှာကျန်နေခဲ့လို့ အဲ့နေ့ညနေကျမှ ဟန်နီနိုင်က လာပေးတာ။
ကားကတော့ ၀ပ်ရှော့ပို့ထားလို့ဆိုပြီး နောက်ထပ် ၂ရက် ၃ရက်လောက်နေမှ ငါ သွားယူရတယ်။ ပြီးတော့ မင်းတို့ ငါ့ကိုဖုန်းခေါ်ထားတဲ့ missed callတွေလည်း တစ်ခုမှမရှိဘူး'
'ဒါဆို ဟန်နီနိုင်က....ဖြစ်နိုင်တယ်။ အခု ခက်ကဘယ်မှာလဲ? တိုက်ခန်းမှာပဲလား။ မင်းမျက်နှာကရော ဘာဖြစ်လာတာလဲ?'
'ခက်က အခုတိုက်ခန်းမှာကျန်နေခဲ့တယ်။ ငါ့ကို
သူထိုးလွှတ်လိုက်တာ။ သူကငါ့ကို အော်တော့
ငါလည်း ဒေါသထွက်ပြီး သူမေးတာကို ရွဲ့ပြီးဖြေလိုက်တာ။ အခု..အခု...ခက်က ငါကသူ့ကိုလုပ်ကြံခိုင်းတယ်လို့ အထင်လွဲသွားပြီ'
'ခက်ကမင်းကိုထိုးတယ်? ငါတို့ပေါင်းလာသမျှ
ကာလပတ်လုံး ခက်က ဘယ်သူ့ကိုမှ ကိုယ်ထိလက်ရောက်မကျူးလွန်ဖူးဘူး' မင်းခန့်စကားကြောင့်
စစ်ရဲ့စိတ်ထဲ ထိတ်ခနဲဖြစ်သွားတာ ဘာကြောင့်မှန်းမသိ။ သူ့စိတ်ထဲမှာ တစ်စုံတစ်ခုကို တွေးမိပြီး
ပြန်ထွက်မယ်လုပ်တော့
'မင်းဘယ်သွားမလို့လဲ? '
'ငါ ပြန်တော့မလို့ အရေးကြီးတယ်'
'နေအုံး ငါတို့ ဟန်နီနိုင့်ကို အရင်သွားမေးကြမယ်၊ တစ်ခါထဲ သက်သေပါရအောင်လုပ်ခဲ့ကြတာပေါ့'
ဟုဆိုသဖြင့် ဟန်နီနိုင်ရှိရာကိုထွက်လာခဲ့ကြသည်။
To be continued .....
အပိုင္း 35အထိက ေနာက္ေၾကာင္းျပန္တာပါေနာ္
ဒီအပိုင္းက အပိုင္း၁ရဲ႕အဆက္ျဖစ္သြားပါၿပီ။
ခက္သတိရၿပီလို႔ မင္းခန္႔ကအေၾကာင္းၾကားသျဖင့္ သက္ႏြယ္တို႔လည္း ေဆး႐ုံကို အျမန္ေျပးလာၾကသည္။ ေဆး႐ုံေရာက္ေတာ့ ခက္မအိပ္ေသးတာ
ေတြ႕သျဖင့္
'ခက္ မအိပ္ေသးပဲဘာလုပ္ေနတာလဲ? နည္းနည္းအနားယူလိုက္အုံးေလ'
'အင္း မင္းခန္႔။ ဒါနဲ႔ ငါအကုန္မွတ္မိၿပီ'
'သတိရၿပီလား? မင္းဘာျဖစ္ခဲ့တာလဲ အကုန္မွတ္မိၿပီလား? ဒါဆိုရင္ မင္းဘာလို႔ေဆး႐ုံတက္ရတယ္ဆိုတာလည္း မွတ္မိၿပီေပါ့ ' မင္းခန္႔ကေမးေတာ့
' ငါအကုန္မွတ္မိပါၿပီ မင္းခန္႔ရယ္။ ငါေဆး႐ုံတက္တာေတာင္ စစ္က တစ္ခ်က္ေလးေတာင္ လာမၾကည့္ခဲ့ဘူးမလား'
'သူ႔အေၾကာင္းေတြထားလိုက္စမ္းပါ။ ဒါနဲ႔ခက္
နင္ေစာေစာက အတိတ္ေမ့သလိုျဖစ္သြားတာဆို' သက္ႏြယ္က၀င္ေျပာေတာ့မွ
'ဟုတ္တယ္။ ငါႏိုးႏိုးလာခ်င္းတုန္းက ဘာမွမမွတ္မိေသးဘူး။ တေျဖးေျဖးခ်င္း စဥ္းစားေတာ့မွ ျပန္သတိရလာတာ။ ေမ့ေဆးအရွိန္ေၾကာင့္ေရာ၊ ငါကိုယ္တိုင္က ေမ့ထားခ်င္တာေရာ ေပါင္းၿပီး မမွတ္မိတာပါ။ အခုကေတာ့ အကုန္သတိရပါၿပီ'
'ေအးပါ ငါတို႔က ငါတို႔ကိုမ်ား ေမ့သြားတာလားလို႔။ ခက္ နင့္မွာ စိတ္ဆင္းရဲစရာေတြရွိရင္ ငါတို႔ကိုေရာေျပာျပဟာ။ တစ္ေယာက္ထဲႀကိတ္ၿပီးခံစားမေနနဲ႔'
'အင္းပါ..ဒါနဲ႔ ကားေမာင္းတဲ့သူကို ရွာလို႔ေတြ႕ၿပီလား'
'အခုထိမေတြ႕ေသးဘူး၊ မင္းကေရာ ကားနံပါတ္ကို
မျမင္လိုက္ဘူးလား'
'အင္း..ငါလည္း သားေလးကို ေသြးေတြနဲ႔ေတြ႕လိုက္
ရေတာ့ စိတ္က ျပာသြားၿပီး သားေလးဆီကိုပဲအာ႐ုံေရာက္သြားတာ။ တိုက္သြားတဲ့ ကားနံပါတ္ကို
ၾကည့္ဖို႔ သတိမရလိုက္ဘူး။ ဒါဆို..ဒါဆို..အခုထိ တရားခံမမိေသးဘူးေပါ့ေနာ္'
'စိတ္ေအးေအးထားေနာ္ ခက္။ ငါတို႔အကုန္၀ိုင္းရွာေပးမယ္' အစိုးစကားကို ခက္ ေခါင္းညိမ့္ျပလိုက္ၿပီး
'ေက်းဇူးပါ။ မင္းတို႔လည္း ငါ့ေၾကာင့္ပင္ပန္းကုန္ၿပီ။ ငါတကယ္ေတာင္းပန္ပါတယ္'
'ေတာင္းပန္စရာမလိုဘူးေလ ခက္ရာ။ ငါတို႔က သူငယ္ခ်င္းေတြပဲကို မင္းသာ က်န္းမာေအာင္ေန ဟုတ္ၿပီလား' ဂႏိုင့္ရဲ႕အေျပာကို
'ေအးပါ။ ငါက်န္းမာေအာင္ေနမွာပါ။ ဒါနဲ႔
ငါဘယ္ေတာ့ေဆး႐ုံဆင္းရမွာလဲ?'
'ေနာက္ထပ္ ၃ရက္ ၄ရက္ေလာက္ေနၿပီးရင္ေတာ့ ဆင္းလို႔ရပါၿပီ။ ဒီ ၁လေလာက္က ျဖစ္ႏိုင္ရင္
လမ္းမေလွ်ာက္တာအေကာင္းဆုံးပဲ'
'ေအးပါ ငါလမ္းမေလွ်ာက္မိေအာင္ေနပါ့မယ္'
ထို႔ေနာက္မွာေတာ့ သူငယ္ခ်င္းတစ္စု ေထြရာေလးပါးေျပာေနၾကၿပီးေနာက္ သက္ႏြယ္တို႔က ညမွလာခဲ့မယ္ဟုဆိုကာ ျပန္သြားၾကေလသည္။ တကယ္လည္း ညေရာက္ေတာ့ သက္ႏြယ္တို႔ကပဲ လူနာေစာင့္လုပ္ေပးၾကေလသည္။ ဦးမင္းထက္တို႔က ေစာင့္ေပးမယ္ေျပာေသာ္လည္း လူႀကီးေတြမလို႔ဆိုၿပီး မေစာင့္ခိုင္းၾကေပ။
ဘာလိုလိုနဲ႔ မနက္ျဖန္ဆိုရင္ ခက္ေတာင္ ေဆး႐ုံကဆင္းရေတာ့မည္။ ေဆး႐ုံတက္ေနစဥ္ကာလအတြင္းမွာ စစ္ဟာ သူရွိရာကို ေျခဦးေတာင္မလွည့္ခဲ့သည့္ပုံပင္။
မင္းခန္႔တို႔ကလည္း အလုပ္ရွိေနေသး၍ ခက္က မနက္ျဖန္မွလာခဲ့လို႔ ေျပာထားသည္။ daddyတို႔ကလည္း ညေနမွလာမည္တဲ့။ သက္ႏြယ္နဲ႔ ဂႏိုင္က သူ႔အတြက္ မနက္စာသြား၀ယ္ေနၾကသျဖင့္ အခန္းထဲမွာ ခက္တစ္ေယာက္ထဲသာ က်န္ေနခဲ့သည္။
ထိုစဥ္ အခန္းတံခါးပြင့္သြားသျဖင့္ သက္ႏြယ္တို႔ျပန္လာတယ္ထင္ၿပီး အခန္းေပါက္၀ကိုၾကည့္လိုက္မိေတာ့ ရပ္ေနတဲ့သူက ဟန္နီႏိုင္။
'မင္းဘာလာလုပ္တာလဲ'
'လူနာလာေမးတာေလ။ နင္မ်ားသက္သာရဲ႕လားလို႔။ ကိုကိုက မလာႏိုင္ေတာ့ ငါကပဲကိုယ္စား လာေပးတာ'
'မလိုအပ္ဘူး။ အခုခ်က္ခ်င္းျပန္ေတာ့'
'ျပန္မွာပါ။ အာ...ဒါနဲ႔ ဒီေလာက္ကားနဲ႔တိုက္ခံရတာေတာင္ နင္က ကိုကို႔ကိုမကြာရွင္းေပးႏိုင္ေသးဘူးေနာ္'
'မင္းဘာကိုေျပာခ်င္တာလဲ'
'နင္မသိဘူးလား? နင္က ကေလးေၾကာင့္ ကိုကို႔ကို တြယ္ကပ္ေနလို႔ ကိုကိုက နင့္ကို accidentျဖစ္ေအာင္လုပ္ခိုင္းတာေလ။ အခု ကေလးက ေသၿပီဆိုေတာ့ နင္လည္း ကိုကို႔ကို ဆက္ၿပီးတြယ္ကပ္စရာမလိုေတာ့ဘူးမဟုတ္လား?'
'မင္းေလွ်ာက္မေျပာနဲ႔!!'
'အဟက္ မယုံရင္ သူ႔ကိုေမးၾကည့္ေလ။ သူကိုယ္တိုင္ငါ့ကိုခိုင္းခဲ့တာ။ ငါနင့္ကိုအရမ္းသနားတာပဲ။ ကိုယ္ခ်စ္ရတဲ့သူက ကြာရွင္းခ်င္လို႔ လုပ္ႀကံခိုင္းတယ္တဲ့'
'မင္းငါ့ကို အခုလိုလာေျပာေတာ့ ငါမင္းကို ရဲတိုင္မွာမေၾကာက္ဘူးလား'
'နင္မတိုင္ရဲပါဘူး။ နင္တို႔ကို တိုက္သြားတဲ့ကားက
ကိုကို႔ရဲ႕ကားေလ နင္လုပ္ရဲလို႔လား'
'မင္း...မင္းအခုခ်က္ခ်င္းထြက္သြား!!! ' ခက္ရဲ႕ ေအာ္သံေၾကာင့္ ဟန္နီႏိုင္ပင္ လန္႔သြားသည္။
ခက္ေဒါသထြက္တာကို သူမ တစ္ခါမွမျမင္ဖူးခဲ့ေပ။ မ်က္လုံးေတြနီရဲလာၿပီး အသက္ရႉသံေတြျမန္လာတဲ့ခက္ကို နည္းနည္းေၾကာက္မိေသာ္လည္း စကားကို ဆုံးေအာင္ေျပာလိုက္သည္။
'နင္မယုံရင္ သြားေမးၾကည့္လို႔ရတယ္။ နင္မေက်နပ္ရင္လည္း ဘာလုပ္ႏိုင္မွာမလို႔လဲ? နင့္ေယာက်ာ္းကို ေထာင္ထဲထည့္မွာလား? နင္လုပ္ရဲလို႔လား?
ငါကေတာ့ ေျပာစရာရွိတာေျပာၿပီးသြားၿပီ။ နင္တို႔ကြာရွင္းမယ့္ေန႔ကို ေမွ်ာ္ေနမယ္ အဟက္ '
ေျပာၿပီး ဟန္နီႏိုင္ ထြက္လာခဲ့လိုက္သည္။
ခက္ ဘယ္ေလာက္ပဲ စိတ္ဆိုးေနပါေစ စစ္ကို ေထာင္ထဲထည့္မွာမဟုတ္တာ သူမ သိေနသည္။ ခက္ရဲ႕
စိတ္နဲ႔ဆိုရင္ သူ စစ္ကို နာက်ည္းၿပီး ထြက္သြားတာကလြဲလို႔ က်န္တာမလုပ္ရဲပါဘူး။ ခက္က စစ္ကို
ဆိုရင္ ဘာလုပ္လုပ္ ခြင့္လႊတ္ေပးတယ္ေလ။
သို႔ေသာ္လည္း သူမ မသိခဲ့တာက ခက္က စစ္အေပၚမွာ သည္းခံႏိုင္တဲ့ အတိုင္းအတာထက္ ေက်ာ္လြန္သြားခဲ့ၿပီဆိုတာကိုေပါ့။
ဟန္နီႏိုင္ထြက္သြားေတာ့ ခက္တစ္ေယာက္ထဲ ေဒါသေတြထြက္ၿပီးက်န္ခဲ့သည္။
(တကယ္ပဲလား.. တကယ္ပဲ မင္းက ငါနဲ႔ကြာရွင္းခ်င္လို႔ အခုလိုလုပ္ခဲ့တာလား? သားေလးေသသြားရင္
ငါနဲ႔ကြာရွင္းရမွာမလို႔ မင္းကို ဖုန္းေခၚတာေတာင္
မလာခဲ့တာလား? *)
ေတြးေနရင္းနဲ႔ စစ္သူ႔ကို ကြာရွင္းခြင့္ေတာင္းတုန္းက
''မင္းကြာရွင္းမေပးလဲ ကြာရွင္းေအာင္လုပ္မယ့္နည္းလမ္းေတြအမ်ားႀကီးရွိတယ္'' ဆိုေသာ စကားသံကို ျပန္ၾကားေယာင္မိသည္။
(ဒါက မင္းေ႐ြးခဲ့တဲ့ နည္းလမ္းလား စစ္*)
စစ္နဲ႔ ထိပ္တိုက္ေတြ႕ၿပီးရွင္းမယ္ဆိုေသာအေတြးနဲ႔ သူထြက္လာခဲ့သည္။ ေျခေထာက္ကခြဲစိတ္ထားတာ
မၾကာေသးတာမလို႔ လမ္းေလွ်ာက္လိုက္တိုင္း
နာေနေပမယ့္၊ ေျခတစ္လွမ္း လွမ္းလိုက္တိုင္း လဲက်ေတာ့မလို ျဖစ္ေနေပမယ့္ သူဂ႐ုမစိုက္ႏိုင္။
(စစ္ကို ေမးၾကည့္ရမယ္၊ ဟန္နီႏိုင္ေျပာတာေတြက အမွန္ေတြလားဆိုတာ*)
ေအာက္ထပ္ကိုေရာက္ေတာ့ taxiကို ငွားလိုက္ၿပီး တိုက္ခန္းကို ထြက္လာခဲ့သည္။ စစ္ကိုဖုန္းေခၚၾကည့္ေတာ့ စစ္က ခ်က္ခ်င္းဖုန္းကိုင္သည္။
'မင္းအခုခ်က္ခ်င္း တိုက္ခန္းကိုလာခဲ့။ ဘယ္ကိုေရာက္ေနေရာက္ေန၊ ေရာက္တဲ့ေနရာက ခ်က္ခ်င္း တိုက္ခန္းကိုလာခဲ့။ မင္းနဲ႔ရွင္းစရာေတြရွိေနတယ္ စစ္'
ေျပာၿပီးတာနဲ႔ စစ္ဘက္က replyကိုေတာင္မေစာင့္ေတာ့ပဲ ဖုန္းခ်လိုက္သည္။
Advertisement
- In Serial474 Chapters
Earth’s Greatest Magus
What if Magic has always existed ever since the beginning of the Earth we are living on, but history has been written in order to hide these facts.
8 307 - In Serial34 Chapters
Apocalypse King: Progression System LitRPG
Hail, Apocalypse King! A LitRPG where the MC fights the System Apocalypse Invaders with military training, dark magic, and a Humanity, Fuck Yeah attitude! Hounded by trauma from combat and his childhood upbringing, Sergeant DeSean Solomon left the U.S. Marines and attends college alone. While at a house party, the world as DeSean knows it ends. All of humanity receives a System notification. Do you wish to be saved from the taint of chaos? A countdown starts. Time is of the essence. To say yes will transform you into a monstrous zealot controlled by a genocidal eldritch invader. To say no is to be marked for the slaughter and forced into a high-stakes and vicious survival game. Even with the introduction of system progression stats, magical powers, and contracts with otherworldly creatures, all signs point toward the earth and its people getting subjugated. Or suffering a worse fate. Unless DeSean has a say in it. When the end of the world comes knocking, it's not a hero or someone with a special bloodline that rises to the occasion. It's a slightly demented Marine Veteran who storms the breach, summoning demons, evoking dark magic, and using all of his military skills and System Skills to bring down the enemy. Posts Monday, Wednesday, Friday. Please click below and enjoy!
8 273 - In Serial10 Chapters
Power Fighters
The world is filled with people who have powers. They are called 'Power Fighters'. They compete with each other in friendly fights and tournaments and 'Power Fighting' has become an international sport. Join a band of power fighters as they navigate their way through the world of strong fighters to reach to the top.
8 176 - In Serial12 Chapters
The Many Horrors of Windle Rock
A cosmic horror anthology series about the many horrible happenings of Windle Rock, a fictional town in Ireland. Though as shadows lengthen and the sun goes down, one may see that these stories are more connected than they first appear... Some episodes are Lovecraftian, others dark fairy tales, and others are more conventional, "internet" horror. But they each lead to one answer. (10 episodes) Reader discretion is strongly advised.
8 103 - In Serial13 Chapters
YOUTH ⇢ BENNY WEIR
❝ MY YOUTH IS YOURS ❞[based on the movie of my babysitter's a vampire][ranked 3rd in 'benny weir']
8 144 - In Serial4 Chapters
LbC TharnType Chapter 75.5 Aftermaths
With Pete rescued from Trump's hands thanks to Ae and the rest of the football team, what is Types reaction to an all to similar scene? (As I don't have access to the full TharnType novels I don't know if Mame covers this in any of the TTS novels. This is a "short" Fictional chapter that takes place in the aftermath of "Love by Chances" Chapter's 74-75 in which Pete is kidnapped by Trump, so kinda spoilers if you haven't read it? To read the chapter it's bassed on XxxPandoraHeartsxxX translation they have on their Wattpad account)
8 163

