《Let Me Start Again [Completed]》LMSA 39
Advertisement
Unicode
'ခက်...တောင်းပန်ပါတယ်...ပြန်လာခဲ့ပါ...ကျေးဇူးပြုပြီး'
'တော်သင့်ပြီ မင်းစစ်မောင်...ငါမင်းကိုအရမ်းကြောက်တယ်...ကိုယ့်သားလေးကိုတောင် ကာကွယ်မပေးခဲ့တဲ့၊ ငါ့ထက် အငယ်အနှောင်းကိုပဲ ယုံကြည်ပေးခဲ့တဲ့ မင်းကိုငါ..အရမ်းမုန်းတယ်'
'ခက်...ခက်....ငါ...ငါ..မှားသွားပါတယ်ခက်ရယ်...
ငါ့ကို...ငါ့ကို...နောက်ဆုံးတစ်ကြိမ်လေးပဲ...
အခွင့်အရေးပေးပါ....ငါ...ငါ....အကုန်လုံး...
မင်းမကြိုက်တာမှန်သမျှ..အကုန်...အကုန်..ပြုပြင်ပါ့မယ်။ ဒါကြောင့်...ဒါကြောင့်...ထွက်မသွားပါနဲ့...
ငါ့ကို..ငါ့ကိုမထားခဲ့ပါနဲ့ခက်ရယ်....ငါ....ငါ...တောင်းပန်ပါတယ်။ တကယ်.. တကယ်ကိုတောင်းပန်ပါတယ်။ '
'ဟင့်အင်း...ငါပြန်မလာဘူး။ မင်းပဲအရင်တုန်းက အရမ်းကွာရှင်းချင်ခဲ့တာမဟုတ်လား။ အခုကျမှ...ဘာလို့ပြောင်းလဲသွားတာလဲ'
'ငါ...ငါ...တောင်းပန်ပါတယ်။ ငါမင်းနဲ့မကွာရှင်းချင်ဘူး။ ငါ...ငါ့အမှားကိုသိပါပြီခက်ရယ်။ အဲ့ဒါကြောင့် အဲ့ဒါကြောင့်...ပြန်လာခဲ့ပေးကွာ..နော်...ငါ့ကို..
ငါ့ကို..အခွင့်အရေးပေးပါခက်ရယ်..ငါ..ငါ..မင်းခွင့်လွှတ်မယ့်အချိန်ထိတောင်းပန်နေမှာမလို့...ငါ့အနားကိုပြန်လာခဲ့ပေးကွာ....မင်းလည်း...မင်းလည်းငါ့ကိုချစ်တယ်မဟုတ်လား...'
'ချစ်တာပေါ့...ငါမင်းကိုအရမ်းချစ်ခဲ့တာ စစ်ရ။ ငါ့အသက်ထက်ပိုပြီးတော့ကို ချစ်ခဲ့ရတာ။ ဒါပေမယ့် ငါဘာတွေပြန်ရလိုက်လဲ။ မင်းပေးတဲ့နာကျင်မှုတွေပဲပြန်ရခဲ့တာမဟုတ်လား။ ငါမင်းကိုချစ်တယ်...
ဒါပေမယ့် ပြန်မလိုချင်တော့ဘူး စစ်။ ငါမင်းဆီကို ပြန်မလာချင်တော့ဘူး။ ငါမင်းကိုကြောက်တယ် စစ်' ခက်ပြောပြီးတာနဲ့ စစ်ကိုကျောခိုင်းကာ ထွက်သွားလေသည်။ သူပြေးလိုက်သွားချင်သော်လည်း
ခြေထောက်တွေက လှုပ်လို့မရ။ မသွားပါနဲ့ဟု
တားချင်သော်လည်း အသံကထွက်မလာခဲ့။ ကျောခိုင်းသွားတဲ့ ကျောပြင်ငယ်လေးကိုသာ
ရင်နာစွာနဲ့ ကြည့်နေရသည်။ တစ်စုံတစ်ယောက်က ကျောခိုင်းသွားတဲ့အခါ ခံစားရတာတွေက
အဲ့သလောက်တောင် နာကျင်ရမှန်းသူမသိခဲ့ပါ။
အခုတော့...အခုတော့...သူ့ကိုကျောခိုင်းပြီး
ထွက်ခွာသွားတဲ့ ကျောပြင်ငယ်လေးကိုကြည့်နေရင်း မျက်ရည်တွေက ထိန်းမရစွာ ကျဆင်းလာခဲ့သည်။
ခက်..မသွားပါနဲ့...ကျေးဇူးပြုပြီး....ကျေးဇူးပြုပြီး...ထွက်မသွားပါနဲ့ခက်ရယ်
'ခက်...ခက်..!!!! ' စစ် ထိတ်လန့်စွာအော်ရင်း
နိုးလာခဲ့သည်။ သူအိပ်မက်မက်နေတာပဲ။ အိပ်မက်ထဲမှာ...အိပ်မက်ထဲမှာ...ခက်ကသူ့ကိုထားသွားတာတဲ့။
သူတောင်းပန်နေတာတောင် ခက်က ပြန်မလာခဲ့ဘူးတဲ့။
စစ် သူတိပ်နဲ့ပြန်ကပ်ထားတဲ့ ဓါတ်ပုံလေးကို ကြည့်မိသည်။
'ခက်...ခက်...ဒါက...ဒါက..အိပ်မက်သက်သက်ပဲ
မလား။ ခက်ကမောင့်ကိုထားမသွားဘူးမဟုတ်လား။ ခက်..မောင့်ဆီကိုပြန်လာမှာမဟုတ်လား။
ကျေးဇူးပြုပြီး..ကျေးဇူးပြုပြီး ပြန်လာခဲ့ပေးပါ...ခက်ထွက်သွားတာ..တစ်လရှိသွားပြီခက်ရဲ့။ ဒီနေ့...ဒီနေ့ တရားရုံးမှာ စီရင်ချက်ချမယ်တဲ့။ ခက်ကို ရှင်းပြစရာတွေအများကြီးရှိနေသေးတယ် ခက်ရဲ့။ ခက်မောင့်ကိုအထင်လွဲသွားတာတွေအတွက် မောင်...မောင်ရှင်းပြရအုံးမယ်လေ။ ပြီးတော့...ပြီးတော့..ခက်ကိုလည်း ပြောစရာစကားတွေ အများကြီးရှိနေသေးတယ်။
အဲ့ဒါကြောင့်...အဲ့ဒါကြောင့်...ပြန်လာခဲ့ပါခက်ရာ။ မောင်...မောင်ရူးတော့မယ်ခက်ရဲ့။ ကြာရင်
မောင်ရူးတော့မယ် ခက်သိရဲ့လား'
ဒီနေ့ဆိုရင် ခက်ထွက်သွားတာ တစ်လရှိသွားလေပြီ။ တစ်လအတွင်း သူ ခက်ရှိနေနိုင်မယ့်၊ ခက်အလုပ်လုပ်နေမယ်ထင်ရတဲ့ ဆေးရုံတွေအကုန်လုံးမှာ
လိုက်စုံစမ်းခဲ့သော်လည်း ခက်နဲ့နာမည်တူတာတောင် မတွေ့ခဲ့ရပေ။ ခက်ဘယ်ကိုထွက်သွားတာလဲ။
တစ်လအတွင်းမှာပဲ သူ့ပုံစံက တော်တော်ပြောင်းလဲသွားသည်။ ဆံပင်ကလည်း ဒီအတိုင်းထားထား
သဖြင့် ရှည်နေသလို၊ မုတ်ဆိတ်မွှေးတွေလည်း
ရိပ်သင်ထားခြင်းမရှိတာကြောင့် သူ့ပုံစံက ရုတ်တရက်ကြည့်မိရင် မင်းစစ်မောင်ဟု ထင်စရာ
အကြောင်းမရှိပေ။ ဒီနေ့က စီရင်ချက်ချမည့်နေ့ဖြစ်တာကြောင့် သူ တရားရုံးကိုထွက်လာခဲ့လိုက်သည်။
ဟိုရောက်တော့ daddyတို့နဲ့ မင်းခန့်တို့ကိုပါ လူစုံတက်စုံတွေ့ရလေသည်။ တစ်ခုပဲ....အဲ့ဒီလူတွေထဲမှာ ခက် မပါတာကလွဲလို့ပေါ့။ သူ့ကိုတွေ့တော့
'မင်းရောက်လာပြီလား။ မင်းကိုစောင့်နေကြတာ။ မင်းပုံမင်းလဲ ပြန်ကြည့်ပါအုံး...'
'ခက်ကို တွေ့ပြီလား daddy။ ခက်ကို...ခက်ကို...
ကူရှာပေးကြပါအုံး။ ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး.....
ကြာရင်....ကြာရင်..ကျနော်ရူးတော့မယ် daddyရဲ့'
'ငါမင်းကို အစကတည်းကပြောထားသားပဲ။ နောင်တဆိုတာ နောင်မှရတာလို့။ အခုကျမှ
သေတော့မလိုလုပ်ပြမနေစမ်းပါနဲ့။ ခက်ထွက်သွားတာ တစ်လပဲရှိသေးတာ။ ခက်တုန်းက ၂နှစ်ကျော်တောင် မင်းရက်စက်တာကိုခံလာခဲ့ရတာ...အခုမင်းက တစ်လပဲရှိသေးတာလေ။ ကိုယ်ချင်းစာကြည့်ပေါ့။ ငါ့သမက်လေးက ၂နှစ်ကျော်တောင် သူခံစားရတာကို မြိုသိပ်ထားခဲ့ရတာ မင်းအခုလို ခံစားရတာ ဖြစ်သင့်ပါတယ်'
'ကျနော်...ကျနော်..မှားပါတယ်။ ကျနော်မှားမှန်း
သိတာမလို့..ခက်..ခက်ရှိတဲ့နေရာကို ပြောပြပေးကြပါ ကျေးဇူးပြုပြီး...papa..papaက ဆေးရုံမှာ
လုပ်နေတာမလား။ တခြား...တခြားဆေးရုံတွေမှာ papaအသိ ဆရာ၀န်တွေရှိတယ်မလား။
သူတို့ကို...သူတို့ကိုမေးကြည့်ပေးလို့မရဘူးလား....'
ဦးစစ်သော် စစ်ကို စိတ်မကောင်းစွာကြည့်ရင်း
'Papaမေးကြည့်ပြီးပြီသား...သူတို့ဆေးရုံတွေမှာ ခက်ရဲ့ နာမည်ကိုမတွေ့ဘူးလို့ပြောတယ်'
'အထဲ၀င်ကြရအောင် အန်ကယ်' မင်းခန့်က၀င်ပြောတော့မှ သူတို့လည်း တရားရုံးထဲကို၀င်ခဲ့လိုက်ကြသည်။
ထို့နောက်မှာတော့ တရားသူကြီးတွေ ရှေ့နေတွေရောက်လာကြပြီး တရားခံ ၅ယောက်ကိုပါ ခေါ်လာကြသည်။ စစ်ကတော့ တရားလိုနေရာကပေါ့။
သားလေးကို တိုက်သွားတဲ့ လူ ၂ယောက်ကတော့ မုဒိမ်းမှုအပြင် လူသတ်မှုပါပေါင်းပြီး အလုပ်ကြမ်းနဲ့ထောင် အနှစ် ၂၀ချလိုက်သည်။ ကျန်တဲ့ ၂ယောက်က လူသတ်မှုမှာမပါပေမယ့် ဟန်နီနိုင့်ကို မတရားကျင့်တဲ့အထဲမှာ ပါနေသဖြင့် ထိုလူ ၂ယောက်ကိုတော့ ထောင် ၁၀နှစ်ချလိုက်သည်။
Advertisement
နောက်ဆုံးကျန်နေခဲ့တာက ဟန်နီနိုင်။ ဟန်နီနိုင်က အဲ့နေ့ကတည်းက စိတ်နဲ့လူနဲ့မကပ်တော့ပဲ ပါးစပ်ထဲရှိတာတွေ လျှောက်အော်နေတတ်သည်။ သူမအနားကို သွားတဲ့သူမှန်သမျှ တွေ့ကရာနဲ့ ကောက်ပေါက်တတ်သဖြင့် ဘယ်သူမှ အနားမကပ်ရဲကြ။
အခုလည်း လက်ထိပ်သာ ခတ်ထားရတာ
ဇွတ်အတင်းရုန်းနေသဖြင့် လက်မောင်းကိုတစ်ဖက်တစ်ချက်ဆီက ဇွတ်အတင်းဆွဲခေါ်လာမှသာ တရားရုံးကိုပါလာလေသည်။ စစ်ကိုတွေ့တော့
'နင်...နင်မသေသေးဘူးလား။ ငါနင့်ကိုသတ်ခိုင်းထားတာလေ။ နင်သေသွားမှ နင်ပိုင်တာတွေအကုန် ငါရမှာ။ နင့်သားလေးလည်း ငါသတ်လိုက်လို့ သေပြီလေ။ နင်က..နင်က..ဘာလို့မသေသေးတာလဲ။ ခက်ထန်...ခက်ထန်လဲသေပြီမဟုတ်လား။
သေသင့်တယ်။ အကုန်သေကြ။ အကုန်သေသွားကြ!! နင်တို့သေမှ နင်တို့ပိုင်တာတွေ ငါရမှာ!!
သေကြစမ်း!! သေကြ!!!! ' ပါးစပ်က တတွတ်တွတ်ပြောနေပြီး စစ်ဆီကို ပြေးလာတော့မလိုလုပ်နေတဲ့ ဟန်နီနိုင်ကို အကုန်၀ိုင်းပြီး ချုပ်ထားရလေသည်။ ရုန်းရင်းကန်ရင်းနဲ့ သူမကို မတရားကျင့်သွားတဲ့
၄ယောက်ကိုမြင်သွားတော့
'ကြောက်တယ်....ကြောက်တယ်....ထွက်သွား!! ထွက်သွားကြစမ်း!! ငါ့အနားမလာကြနဲ့!!
ထွက်သွား!! သတ်မှာ..ငါ...ငါနင်တို့ လာသတ်မှာ...နင်တို့က...နင်တို့က...ငါ့ကို..ငါ့ကို...၀ိုင်းပြီးတော့.....
အား!!!! ကြောက်တယ်!! ထွက်သွားကြစမ်း!!
ငါ့အနားမလာပါနဲ့ ငါတောင်းပန်ပါတယ်!!
ငါ..ငါနင်တို့ကိုကြောက်လို့ပါ..ထွက်သွား!!!
သေကြ!! နင်တို့အကုန်သေကြ!! ခက်ထန်လည်းသေ နင်လည်းသေ နင်တို့ ၄ယောက်လည်းသေ!!
ဒါဆို...ဒါဆို..ငါလည်း ချမ်းသာပြီ ဟီးဟီးဟီး!!! သေကြစမ်း!! အကုန်သေသွားကြစမ်း!!! '
တငိုငိုတရီရီနဲ့ဖြစ်နေတဲ့ဟန်နီနိုင်ဟာ စိတ်နဲ့လူနဲ့
မကပ်တော့သော်လည်း အခုချိန်ထိ လောဘဇော
ကပ်နေတုန်းပါလေ။
ဟန်နီနိုင်ရဲ့ စိတ်အခြေအနေက အလွန်ဆိုးရွားနေတာကြောင့် သူမကို အရူးထောင်ကိုပဲ ပို့လိုက်ရသည်။ လောဘကြီးတဲ့သူတွေက ကြောက်စရာကောင်းပါလား။
စစ်တို့ပြန်ထွက်လာကြတော့ မင်းခန့်က စစ်ကို ဖိတ်စာတစ်စောင်ပေးလေသည်။
'ဒါက...?'
'ငါနဲ့ အစိုးရဲ့ မင်္ဂလာဆောင်။ အသိတချို့ကိုပဲဖိတ်ပြီး
ဧည့်ခံပွဲပဲလုပ်မှာပါ။ မင်းလာချင်လာခဲ့ပေါ့'
'ခက်...ခက်ရော..ခက်ရောလာမှာတဲ့လား'
'မလာဖြစ်လောက်ဘူးထင်တယ်။ '
'မင်း...မင်း..ခက်နဲ့ အဆက်အသွယ်ရနေတာလား။ ခက်..ခက်..ဘယ်မှာရှိနေလဲ ငါ့ကိုပြောပြလို့ရလား။ ငါ..ငါ...ငါ့ရဲ့အမှားတွေအတွက် ၀န်ချပြီး တောင်းပန်ချင်လို့ပါ..'
'မင်းယုံလားတော့မသိပေမယ့်...ငါ ခက်ရှိတဲ့နေရာကို မသိဘူး။ ခက်က အကုန်လုံးနဲ့ အဆက်အသွယ်ဖြတ်သွားတာ'
'သူက...သူကငါ့ကိုစိတ်နာသွားတာမင်းခန့်ရ။ ငါ..ငါ..သူ့ကို ပြန်တောင်းပန်ချင်တယ်။ ငါ့အမှားတွေကို တောင်းပန်ပြီး.... သူခွင့်လွှတ်လာတဲ့အချိန်ထိ...
သူခွင့်လွှတ်လာတဲ့အထိ တောင်းပန်ချင်တယ်။
သူသာပြန်လာမယ်ဆိုရင် ငါဘာပဲ လုပ်ပေးရလုပ်ပေးရ....သူ..သူသာပြန်လာမယ်ဆိုရင်...သူသာငါ့ဆီကို ပြန်လာခဲ့မယ်ဆိုရင်.....'
'တကယ်လို့..မင်း ခက်အပေါ်ထားတဲ့ အချစ်သာ
စစ်မှန်မယ်ဆိုရင် သူ့ကိုရှာတွေ့မှာပါ။ အားတင်းထားပေါ့။ သူငယ်ချင်းတစ်ယောက်အနေနဲ့ ပြောချင်တာက မင်းခက်ကို လက်လွှတ်ပေးလိုက်တာ ပိုကောင်းမယ်။ ခက်လည်း သူ့ဘ၀နဲ့သူ နေပါစေတော့။
မင်းသူ့ကို ရက်စက်ခဲ့ပြီးပြီပဲလေ..'
'မဟုတ်ဘူး! ငါ...ငါ...သူ့ကို လက်လွှတ်မပေးနိုင်ဘူး။
ငါ...ငါ..သူ့ကိုချစ်တယ်။ သူ့ကိုချစ်တဲ့အကြောင်းတွေ ငါ...ငါ...ပြောပြချင်သေးတယ်မင်းခန့်ရ။ ငါ...ငါ့မှာ..သူနဲ့ကွာရှင်းလိုက်ဖို့ အင်အားမရှိဘူး '
'ဒါဆို အရင်တုန်းက ဘာလို့ ကွာရှင်းမယ်ပဲပြောနေခဲ့တာလဲ။ မင်းပဲ ကွာရှင်းချင်နေခဲ့တာ မဟုတ်ဘူးလား'
'ငါ..ငါ...အဲ့ဒီတုန်းက...ငါ့စိတ်ကိုငါ သေချာမသိခဲ့လို့ပါ။ အခုတော့ ငါသူ့ကို တွေ့အောင်လိုက်ရှာမှာ...
တွေ့အောင်ရှာပြီး ငါ့အပြစ်တွေကို ပြန်တောင်းပန်မှာ...'
'ဒါဆိုလည်း မင်းသဘောပဲပေါ့။ ငါသွားတော့မယ်'
ထို့နောက် စစ်လည်း တိုက်ခန်းကိုပြန်လာခဲ့လိုက်သည်။ သူအခန်းထဲ၀င်လိုက်တော့ တွေ့လိုက်ရသည်က သူ့ကိုပြုံးကြည့်နေသည့် ခက်.....
To be continued.....
Zawgyi
'ခက္...ေတာင္းပန္ပါတယ္...ျပန္လာခဲ့ပါ...ေက်းဇူးျပဳၿပီး'
'ေတာ္သင့္ၿပီ မင္းစစ္ေမာင္...ငါမင္းကိုအရမ္းေၾကာက္တယ္...ကိုယ့္သားေလးကိုေတာင္ ကာကြယ္မေပးခဲ့တဲ့၊ ငါ့ထက္ အငယ္အေႏွာင္းကိုပဲ ယုံၾကည္ေပးခဲ့တဲ့ မင္းကိုငါ..အရမ္းမုန္းတယ္'
'ခက္...ခက္....ငါ...ငါ..မွားသြားပါတယ္ခက္ရယ္...
ငါ့ကို...ငါ့ကို...ေနာက္ဆုံးတစ္ႀကိမ္ေလးပဲ...
အခြင့္အေရးေပးပါ....ငါ...ငါ....အကုန္လုံး...
မင္းမႀကိဳက္တာမွန္သမွ်..အကုန္...အကုန္..ျပဳျပင္ပါ့မယ္။ ဒါေၾကာင့္...ဒါေၾကာင့္...ထြက္မသြားပါနဲ႔...
ငါ့ကို..ငါ့ကိုမထားခဲ့ပါနဲ႔ခက္ရယ္....ငါ....ငါ...ေတာင္းပန္ပါတယ္။ တကယ္.. တကယ္ကိုေတာင္းပန္ပါတယ္။ '
'ဟင့္အင္း...ငါျပန္မလာဘူး။ မင္းပဲအရင္တုန္းက အရမ္းကြာရွင္းခ်င္ခဲ့တာမဟုတ္လား။ အခုက်မွ...ဘာလို႔ေျပာင္းလဲသြားတာလဲ'
'ငါ...ငါ...ေတာင္းပန္ပါတယ္။ ငါမင္းနဲ႔မကြာရွင္းခ်င္ဘူး။ ငါ...ငါ့အမွားကိုသိပါၿပီခက္ရယ္။ အဲ့ဒါေၾကာင့္ အဲ့ဒါေၾကာင့္...ျပန္လာခဲ့ေပးကြာ..ေနာ္...ငါ့ကို..
ငါ့ကို..အခြင့္အေရးေပးပါခက္ရယ္..ငါ..ငါ..မင္းခြင့္လႊတ္မယ့္အခ်ိန္ထိေတာင္းပန္ေနမွာမလို႔...ငါ့အနားကိုျပန္လာခဲ့ေပးကြာ....မင္းလည္း...မင္းလည္းငါ့ကိုခ်စ္တယ္မဟုတ္လား...'
Advertisement
'ခ်စ္တာေပါ့...ငါမင္းကိုအရမ္းခ်စ္ခဲ့တာ စစ္ရ။ ငါ့အသက္ထက္ပိုၿပီးေတာ့ကို ခ်စ္ခဲ့ရတာ။ ဒါေပမယ့္ ငါဘာေတြျပန္ရလိုက္လဲ။ မင္းေပးတဲ့နာက်င္မႈေတြပဲျပန္ရခဲ့တာမဟုတ္လား။ ငါမင္းကိုခ်စ္တယ္...
ဒါေပမယ့္ ျပန္မလိုခ်င္ေတာ့ဘူး စစ္။ ငါမင္းဆီကို ျပန္မလာခ်င္ေတာ့ဘူး။ ငါမင္းကိုေၾကာက္တယ္ စစ္' ခက္ေျပာၿပီးတာနဲ႔ စစ္ကိုေက်ာခိုင္းကာ ထြက္သြားေလသည္။ သူေျပးလိုက္သြားခ်င္ေသာ္လည္း
ေျခေထာက္ေတြက လႈပ္လို႔မရ။ မသြားပါနဲ႔ဟု
တားခ်င္ေသာ္လည္း အသံကထြက္မလာခဲ့။ ေက်ာခိုင္းသြားတဲ့ ေက်ာျပင္ငယ္ေလးကိုသာ
ရင္နာစြာနဲ႔ ၾကည့္ေနရသည္။ တစ္စုံတစ္ေယာက္က ေက်ာခိုင္းသြားတဲ့အခါ ခံစားရတာေတြက
အဲ့သေလာက္ေတာင္ နာက်င္ရမွန္းသူမသိခဲ့ပါ။
အခုေတာ့...အခုေတာ့...သူ႔ကိုေက်ာခိုင္းၿပီး
ထြက္ခြာသြားတဲ့ ေက်ာျပင္ငယ္ေလးကိုၾကည့္ေနရင္း မ်က္ရည္ေတြက ထိန္းမရစြာ က်ဆင္းလာခဲ့သည္။
ခက္..မသြားပါနဲ႔...ေက်းဇူးျပဳၿပီး....ေက်းဇူးျပဳၿပီး...ထြက္မသြားပါနဲ႔ခက္ရယ္
'ခက္...ခက္..!!!! ' စစ္ ထိတ္လန္႔စြာေအာ္ရင္း
ႏိုးလာခဲ့သည္။ သူအိပ္မက္မက္ေနတာပဲ။ အိပ္မက္ထဲမွာ...အိပ္မက္ထဲမွာ...ခက္ကသူ႔ကိုထားသြားတာတဲ့။
သူေတာင္းပန္ေနတာေတာင္ ခက္က ျပန္မလာခဲ့ဘူးတဲ့။
စစ္ သူတိပ္နဲ႔ျပန္ကပ္ထားတဲ့ ဓါတ္ပုံေလးကို ၾကည့္မိသည္။
'ခက္...ခက္...ဒါက...ဒါက..အိပ္မက္သက္သက္ပဲ
မလား။ ခက္ကေမာင့္ကိုထားမသြားဘူးမဟုတ္လား။ ခက္..ေမာင့္ဆီကိုျပန္လာမွာမဟုတ္လား။
ေက်းဇူးျပဳၿပီး..ေက်းဇူးျပဳၿပီး ျပန္လာခဲ့ေပးပါ...ခက္ထြက္သြားတာ..တစ္လရွိသြားၿပီခက္ရဲ႕။ ဒီေန႔...ဒီေန႔ တရား႐ုံးမွာ စီရင္ခ်က္ခ်မယ္တဲ့။ ခက္ကို ရွင္းျပစရာေတြအမ်ားႀကီးရွိေနေသးတယ္ ခက္ရဲ႕။ ခက္ေမာင့္ကိုအထင္လြဲသြားတာေတြအတြက္ ေမာင္...ေမာင္ရွင္းျပရအုံးမယ္ေလ။ ၿပီးေတာ့...ၿပီးေတာ့..ခက္ကိုလည္း ေျပာစရာစကားေတြ အမ်ားႀကီးရွိေနေသးတယ္။
အဲ့ဒါေၾကာင့္...အဲ့ဒါေၾကာင့္...ျပန္လာခဲ့ပါခက္ရာ။ ေမာင္...ေမာင္႐ူးေတာ့မယ္ခက္ရဲ႕။ ၾကာရင္
ေမာင္႐ူးေတာ့မယ္ ခက္သိရဲ႕လား'
ဒီေန႔ဆိုရင္ ခက္ထြက္သြားတာ တစ္လရွိသြားေလၿပီ။ တစ္လအတြင္း သူ ခက္ရွိေနႏိုင္မယ့္၊ ခက္အလုပ္လုပ္ေနမယ္ထင္ရတဲ့ ေဆး႐ုံေတြအကုန္လုံးမွာ
လိုက္စုံစမ္းခဲ့ေသာ္လည္း ခက္နဲ႔နာမည္တူတာေတာင္ မေတြ႕ခဲ့ရေပ။ ခက္ဘယ္ကိုထြက္သြားတာလဲ။
တစ္လအတြင္းမွာပဲ သူ႔ပုံစံက ေတာ္ေတာ္ေျပာင္းလဲသြားသည္။ ဆံပင္ကလည္း ဒီအတိုင္းထားထား
သျဖင့္ ရွည္ေနသလို၊ မုတ္ဆိတ္ေမႊးေတြလည္း
ရိပ္သင္ထားျခင္းမရွိတာေၾကာင့္ သူ႔ပုံစံက ႐ုတ္တရက္ၾကည့္မိရင္ မင္းစစ္ေမာင္ဟု ထင္စရာ
အေၾကာင္းမရွိေပ။ ဒီေန႔က စီရင္ခ်က္ခ်မည့္ေန႔ျဖစ္တာေၾကာင့္ သူ တရား႐ုံးကိုထြက္လာခဲ့လိုက္သည္။
ဟိုေရာက္ေတာ့ daddyတို႔နဲ႔ မင္းခန္႔တို႔ကိုပါ လူစုံတက္စုံေတြ႕ရေလသည္။ တစ္ခုပဲ....အဲ့ဒီလူေတြထဲမွာ ခက္ မပါတာကလြဲလို႔ေပါ့။ သူ႔ကိုေတြ႕ေတာ့
'မင္းေရာက္လာၿပီလား။ မင္းကိုေစာင့္ေနၾကတာ။ မင္းပုံမင္းလဲ ျပန္ၾကည့္ပါအုံး...'
'ခက္ကို ေတြ႕ၿပီလား daddy။ ခက္ကို...ခက္ကို...
ကူရွာေပးၾကပါအုံး။ ေက်းဇူးျပဳၿပီး...ေက်းဇူးျပဳၿပီး.....
ၾကာရင္....ၾကာရင္..က်ေနာ္႐ူးေတာ့မယ္ daddyရဲ႕'
'ငါမင္းကို အစကတည္းကေျပာထားသားပဲ။ ေနာင္တဆိုတာ ေနာင္မွရတာလို႔။ အခုက်မွ
ေသေတာ့မလိုလုပ္ျပမေနစမ္းပါနဲ႔။ ခက္ထြက္သြားတာ တစ္လပဲရွိေသးတာ။ ခက္တုန္းက ၂ႏွစ္ေက်ာ္ေတာင္ မင္းရက္စက္တာကိုခံလာခဲ့ရတာ...အခုမင္းက တစ္လပဲရွိေသးတာေလ။ ကိုယ္ခ်င္းစာၾကည့္ေပါ့။ ငါ့သမက္ေလးက ၂ႏွစ္ေက်ာ္ေတာင္ သူခံစားရတာကို ၿမိဳသိပ္ထားခဲ့ရတာ မင္းအခုလို ခံစားရတာ ျဖစ္သင့္ပါတယ္'
'က်ေနာ္...က်ေနာ္..မွားပါတယ္။ က်ေနာ္မွားမွန္း
သိတာမလို႔..ခက္..ခက္ရွိတဲ့ေနရာကို ေျပာျပေပးၾကပါ ေက်းဇူးျပဳၿပီး...papa..papaက ေဆး႐ုံမွာ
လုပ္ေနတာမလား။ တျခား...တျခားေဆး႐ုံေတြမွာ papaအသိ ဆရာ၀န္ေတြရွိတယ္မလား။
သူတို႔ကို...သူတို႔ကိုေမးၾကည့္ေပးလို႔မရဘူးလား....'
ဦးစစ္ေသာ္ စစ္ကို စိတ္မေကာင္းစြာၾကည့္ရင္း
'Papaေမးၾကည့္ၿပီးၿပီသား...သူတို႔ေဆး႐ုံေတြမွာ ခက္ရဲ႕ နာမည္ကိုမေတြ႕ဘူးလို႔ေျပာတယ္'
'အထဲ၀င္ၾကရေအာင္ အန္ကယ္' မင္းခန္႔က၀င္ေျပာေတာ့မွ သူတို႔လည္း တရား႐ုံးထဲကို၀င္ခဲ့လိုက္ၾကသည္။
ထို႔ေနာက္မွာေတာ့ တရားသူႀကီးေတြ ေရွ႕ေနေတြေရာက္လာၾကၿပီး တရားခံ ၅ေယာက္ကိုပါ ေခၚလာၾကသည္။ စစ္ကေတာ့ တရားလိုေနရာကေပါ့။
သားေလးကို တိုက္သြားတဲ့ လူ ၂ေယာက္ကေတာ့ မုဒိမ္းမႈအျပင္ လူသတ္မႈပါေပါင္းၿပီး အလုပ္ၾကမ္းနဲ႔ေထာင္ အႏွစ္ ၂၀ခ်လိုက္သည္။ က်န္တဲ့ ၂ေယာက္က လူသတ္မႈမွာမပါေပမယ့္ ဟန္နီႏိုင့္ကို မတရားက်င့္တဲ့အထဲမွာ ပါေနသျဖင့္ ထိုလူ ၂ေယာက္ကိုေတာ့ ေထာင္ ၁၀ႏွစ္ခ်လိုက္သည္။
ေနာက္ဆုံးက်န္ေနခဲ့တာက ဟန္နီႏိုင္။ ဟန္နီႏိုင္က အဲ့ေန႔ကတည္းက စိတ္နဲ႔လူနဲ႔မကပ္ေတာ့ပဲ ပါးစပ္ထဲရွိတာေတြ ေလွ်ာက္ေအာ္ေနတတ္သည္။ သူမအနားကို သြားတဲ့သူမွန္သမွ် ေတြ႕ကရာနဲ႔ ေကာက္ေပါက္တတ္သျဖင့္ ဘယ္သူမွ အနားမကပ္ရဲၾက။
အခုလည္း လက္ထိပ္သာ ခတ္ထားရတာ
ဇြတ္အတင္း႐ုန္းေနသျဖင့္ လက္ေမာင္းကိုတစ္ဖက္တစ္ခ်က္ဆီက ဇြတ္အတင္းဆြဲေခၚလာမွသာ တရား႐ုံးကိုပါလာေလသည္။ စစ္ကိုေတြ႕ေတာ့
'နင္...နင္မေသေသးဘူးလား။ ငါနင့္ကိုသတ္ခိုင္းထားတာေလ။ နင္ေသသြားမွ နင္ပိုင္တာေတြအကုန္ ငါရမွာ။ နင့္သားေလးလည္း ငါသတ္လိုက္လို႔ ေသၿပီေလ။ နင္က..နင္က..ဘာလို႔မေသေသးတာလဲ။ ခက္ထန္...ခက္ထန္လဲေသၿပီမဟုတ္လား။
ေသသင့္တယ္။ အကုန္ေသၾက။ အကုန္ေသသြားၾက!! နင္တို႔ေသမွ နင္တို႔ပိုင္တာေတြ ငါရမွာ!!
ေသၾကစမ္း!! ေသၾက!!!! ' ပါးစပ္က တတြတ္တြတ္ေျပာေနၿပီး စစ္ဆီကို ေျပးလာေတာ့မလိုလုပ္ေနတဲ့ ဟန္နီႏိုင္ကို အကုန္၀ိုင္းၿပီး ခ်ဳပ္ထားရေလသည္။ ႐ုန္းရင္ကန္ရင္းနဲ႔ သူမကို မတရားက်င့္သြားတဲ့
၄ေယာက္ကိုျမင္သြားေတာ့
'ေၾကာက္တယ္....ေၾကာက္တယ္....ထြက္သြား!! ထြက္သြားၾကစမ္း!! ငါ့အနားမလာၾကနဲ႔!!
ထြက္သြား!! သတ္မွာ..ငါ...ငါနင္တို႔ လာသတ္မွာ...နင္တို႔က...နင္တို႔က...ငါ့ကို..ငါ့ကို...၀ိုင္းၿပီးေတာ့.....
အား!!!! ေၾကာက္တယ္!! ထြက္သြားၾကစမ္း!!
ငါ့အနားမလာပါနဲ႔ ငါေတာင္းပန္ပါတယ္!!
ငါ..ငါနင္တို႔ကိုေၾကာက္လို႔ပါ..ထြက္သြား!!!
ေသၾက!! နင္တို႔အကုန္ေသၾက!! ခက္ထန္လည္းေသ နင္လည္းေသ နင္တို႔ ၄ေယာက္လည္းေသ!!
ဒါဆို...ဒါဆို..ငါလည္း ခ်မ္းသာၿပီ ဟီးဟီးဟီး!!! ေသၾကစမ္း!! အကုန္ေသသြားၾကစမ္း!!! '
တငိုငိုတရီရီနဲ႔ျဖစ္ေနတဲ့ဟန္နီႏိုင္ဟာ စိတ္နဲ႔လူနဲ႔
မကပ္ေတာ့ေသာ္လည္း အခုခ်ိန္ထိ ေလာဘေဇာ
ကပ္ေနတုန္းပါေလ။
ဟန္နီႏိုင္ရဲ႕ စိတ္အေျခအေနက အလြန္ဆိုး႐ြားေနတာေၾကာင့္ သူမကို အ႐ူးေထာင္ကိုပဲ ပို႔လိုက္ရသည္။ ေလာဘႀကီးတဲ့သူေတြက ေၾကာက္စရာေကာင္းပါလား။
စစ္တို႔ျပန္ထြက္လာၾကေတာ့ မင္းခန္႔က စစ္ကို ဖိတ္စာတစ္ေစာင္ေပးေလသည္။
'ဒါက...?'
'ငါနဲ႔ အစိုးရဲ႕ မဂၤလာေဆာင္။ အသိတခ်ိဳ႕ကိုပဲဖိတ္ၿပီး
ဧည့္ခံပြဲပဲလုပ္မွာပါ။ မင္းလာခ်င္လာခဲ့ေပါ့'
'ခက္...ခက္ေရာ..ခက္ေရာလာမွာတဲ့လား'
'မလာျဖစ္ေလာက္ဘူးထင္တယ္။ '
'မင္း...မင္း..ခက္နဲ႔ အဆက္အသြယ္ရေနတာလား။ ခက္..ခက္..ဘယ္မွာရွိေနလဲ ငါ့ကိုေျပာျပလို႔ရလား။ ငါ..ငါ...ငါ့ရဲ႕အမွားေတြအတြက္ ၀န္ခ်ၿပီး ေတာင္းပန္ခ်င္လို႔ပါ..'
'မင္းယုံလားေတာ့မသိေပမယ့္...ငါ ခက္ရွိတဲ့ေနရာကို မသိဘူး။ ခက္က အကုန္လုံးနဲ႔ အဆက္အသြယ္ျဖတ္သြားတာ'
'သူက...သူကငါ့ကိုစိတ္နာသြားတာမင္းခန္႔ရ။ ငါ..ငါ..သူ႔ကို ျပန္ေတာင္းပန္ခ်င္တယ္။ ငါ့အမွားေတြကို ေတာင္းပန္ၿပီး.... သူခြင့္လႊတ္လာတဲ့အခ်ိန္ထိ...
သူခြင့္လႊတ္လာတဲ့အထိ ေတာင္းပန္ခ်င္တယ္။
သူသာျပန္လာမယ္ဆိုရင္ ငါဘာပဲ လုပ္ေပးရလုပ္ေပးရ....သူ..သူသာျပန္လာမယ္ဆိုရင္...သူသာငါ့ဆီကို ျပန္လာခဲ့မယ္ဆိုရင္.....'
'တကယ္လို႔..မင္း ခက္အေပၚထားတဲ့ အခ်စ္သာ
စစ္မွန္မယ္ဆိုရင္ သူ႔ကိုရွာေတြ႕မွာပါ။ အားတင္းထားေပါ့။ သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ ေျပာခ်င္တာက မင္းခက္ကို လက္လႊတ္ေပးလိုက္တာ ပိုေကာင္းမယ္။ ခက္လည္း သူ႔ဘ၀နဲ႔သူ ေနပါေစေတာ့။
မင္းသူ႔ကို ရက္စက္ခဲ့ၿပီးၿပီပဲေလ..'
'မဟုတ္ဘူး! ငါ...ငါ...သူ႔ကို လက္လႊတ္မေပးႏိုင္ဘူး။
ငါ...ငါ..သူ႔ကိုခ်စ္တယ္။ သူ႔ကိုခ်စ္တဲ့အေၾကာင္းေတြ ငါ...ငါ...ေျပာျပခ်င္ေသးတယ္မင္းခန္႔ရ။ ငါ...ငါ့မွာ..သူနဲ႔ကြာရွင္းလိုက္ဖို႔ အင္အားမရွိဘူး '
'ဒါဆို အရင္တုန္းက ဘာလို႔ ကြာရွင္းမယ္ပဲေျပာေနခဲ့တာလဲ။ မင္းပဲ ကြာရွင္းခ်င္ေနခဲ့တာ မဟုတ္ဘူးလား'
'ငါ..ငါ...အဲ့ဒီတုန္းက...ငါ့စိတ္ကိုငါ ေသခ်ာမသိခဲ့လို႔ပါ။ အခုေတာ့ ငါသူ႔ကို ေတြ႕ေအာင္လိုက္ရွာမွာ...
ေတြ႕ေအာင္ရွာၿပီး ငါ့အျပစ္ေတြကို ျပန္ေတာင္းပန္မွာ...'
'ဒါဆိုလည္း မင္းသေဘာပဲေပါ့။ ငါသြားေတာ့မယ္'
ထို႔ေနာက္ စစ္လည္း တိုက္ခန္းကိုျပန္လာခဲ့လိုက္သည္။ သူအခန္းထဲ၀င္လိုက္ေတာ့ ေတြ႕လိုက္ရသည္က သူ႔ကိုၿပဳံးၾကည့္ေနသည့္ ခက္.....
To be continued.....
Advertisement
- In Serial14 Chapters
The Gray
From out of nowhere, a mysterious company called Seis Pillars announced the world's first deeply immersive VMMORPG. Unprecedented amounts of freedom and choices had people eagerly awaiting for its release. Yet a select few where chosen to take part in an early beta. And Larson Reed was one of them. After a near death accident left him broken and unable to move, he was more than willing to become a beta tester. The promise of a new life, albeit a virtual one, was like something out of a dream. In a land where the only limit seems to be your imagination and a temperamental system decides your status, a man desperate for a fresh start gets thrown head first into an epic adventure. Welcome to the world of Waylim. Commission of a casual Larson by Jake
8 158 - In Serial18 Chapters
Serpent of the Spring
Kindhearted Shirisha tends to the people of her mountain village as they struggle through a harsh winter, waiting anxiously for the god-like being that brings the springtime. When their worshipped savior is murdered by the reckless young hunter Sang and the village is swallowed by a cold despair once again, Shirisha leads a small group on a journey down the mountainside to investigate. They find a small glimmer of hope, and the very one who brought the disaster, showing no remorse, joins them as an ally.
8 95 - In Serial37 Chapters
Endless Expanse Online
Wolfgang "The Wolf" Mariconn finally retired so he can spend time with his family and enjoy his twilight years annoying his kids and spoiling his grandchildren. He had everything planned out until something didn't go as planned. Cancer..and the only way he might save himself is by doing something he promised his kids he would never do again. Now Wolfgang has an offer from the owners of Endless Expanse Online to help him with his health problems if he decided to play the game again. ****I do not own the Pic, I did not create it. All credit of the PIC/Art goes to the original creator****
8 162 - In Serial13 Chapters
Just Luck
In books of legends, there exists a tale of a person with the ability to change the world to hand down justice on those who inflict pain and suffering. In return, the person who wielded this power would live a life filled with misfortune. Parents would read this story to their children as a deterrent to bad behaviour but little did they know that this story was true. Genre: Action, Drama, Fantasy, Tragedy, Romance
8 300 - In Serial17 Chapters
SCIAMACHY - the conjuring
As time goes by, everyone settles down. Content about the life they lived, and the family they've created. This story, is exactly that. Except, your parents aren't known on condemning demons or performing exorcisms'.We've heard about the cases of the infamous Ed and Lorraine Warren. From dolls to witches to anything you can imagine haunting this very world, demonic presences as they would call it. Though, what if I tell you, that the case they are about to take, is much more than denouncing the devil. But saving the life of their daughter, Lia Warren.
8 63 - In Serial36 Chapters
Lone Wolf (Tails x Male Reader)
Movie tails x male reader. Basically cowboy wolf in love with a genius foxNo music is mine, if there is anycover credit to Nagemzcat on twitterI made this because I was bored that nobody made one yet
8 235

