《Let Me Start Again [Completed]》LMSA 42
Advertisement
အခု အ​ရေးကြီးတာက ခက် ဘယ်မှာ​နေလဲဆိုတာ သိရဖို့သာ။ ထို့​ကြောင့် ကား​ပေါ်က​နေ ခက်ထွက်လာမယ့်အချိန်ကို ​စောင့်​နေ​လိုက်သည်။
အတန်ကြာ​တော့...​တွေ့ရပါပြီ။ သူ​မျှော်လင့်​နေတဲ့ အရိပ်က​လေး။ မျက်နှာ​လေးက​တော့ သိပ်မ​​ကောင်းရှာ။ ကြည့်ရတာ ​ဆေးရုံအုပ်က သူ volunteer​လျှောက်တာကို ငြင်းလိုက်လို့ထင်တယ်။
သူ့​ရှေ့က ဖြတ်သွားတဲ့ ​ကျောပြင်ငယ်​လေးကို
ကြည့်ပြီး သက်ပြင်းချမိသည်။ ခက်ရဲ့​ခြေ​ထောက်အခုလိုဖြစ်​နေတယ်ဆိုတာ အရင်က ခွဲစိတ်ပြီး ၂ရက်​လောက်​နေ​တော့ လမ်း​လျှောက်ခဲ့ရလို့ဆိုတာ ​​ပြေးကြည့်စရာ​တောင်မလို​ပေ။ တကယ်ဆိုရင် ​ခြေ​ထောက်က ခွဲစိတ်ပြီး ၁လ​လောက်​နေတဲ့အထိ မလှုပ်ရှားပဲ​နေရမှာဖြစ်သည်။ အဲ့ဒီ​နေ့က ဟန်နီနိုင့်​ကြောင့် ခက် ​ဆေးရုံက​နေ သူ့ဆီကိုလာခဲ့တာ​လေ။ ဘယ်​မေ့နိုင်ပါ့မလဲ။ အဲ့ဒီ​နေ့က သူကမ္ဘာပျက်ခဲ့ရတဲ့​နေ့ဖြစ်ခဲ့တာကိုး .....
ခက်ရဲ့​နောက်က​နေလိုက်သွားကြည့်​တော့ ခက်က အိမ်အ​သေး​လေးတစ်လုံးထဲကို ၀င်သွားသည်။
(ခက်က အဲ့ဒီ အိမ်ကျဥ်းကျဥ်း​လေးထဲမှာ ​နေ​နေတာလား....​ဆေးရုံ​တွေမှာ မလုပ်ရဘူးဆို​တော့ ဘယ်မှာများ အလုပ်လုပ်​နေတာလဲ *)
ခဏ​လောက်​နေပြီးမှ သူလည်း ကား​ပေါ်ကဆင်းပြီး ခက်၀င်သွားတဲ့ အိမ်​လေးထဲကို လိုက်၀င်လိုက်သည်။ ​အထဲ​ရောက်​တော့ ​တွေ့ပါပြီ ဟင်းချက်ဖို့ပြင်​နေတဲ့ ခက်။
'ခက်....'
'ဘာလာလုပ်တာလဲ'
'​မောင်...​မောင်ခက်ကို​တွေ့ချင်လို့ လိုက်လာတာ...​မောင့်မှာ...​မောင့်မှာ ခက်ကိုရှင်းပြစရာ​တွေ ရှိ​နေ​သေးတယ်...ခက်တို့ကိုလုပ်ကြံခိုင်းတာက.... '
'ငါသိတယ်...'
'ဘယ်လို..ခက်..'
'ငါတို့ကို လုပ်ကြံခိုင်းတာ ဟန်နီနိုင်ဆိုတာ ငါသိတယ်'
'ခက်...ခက်က ဘယ်လိုလုပ်....'
'ဘာလို့လဲဆို​တော့ ငါထွက်သွားပြီး​နောက်တစ်​နေ့မှာပဲ မင်းကိုတိုင်ဖို့ ရဲစခန်းကိုသွားခဲ့တာ​​လေ။ အဲ့ဒီမှာပဲ စခန်းမှူးကိုယ်တိုင်က ငါ့ကို ရှင်းပြလိုက်တာ....ကြံရာပါ​တွေက ဟန်နီနိုင်နဲ့ ဟိုလူ​ ၄​ယောက်ဆိုတာကို​​ရော...မင်းနဲ့မသက်ဆိုင်ဘူးဆိုတာကို​ရော '
'ဒါနဲ့များ...ဒါနဲ့များ...ဘာလို့​မောင့်ဆီကို ပြန်မလာခဲ့တာလဲ ခက်ရယ်'
'ပြန်လာရမယ်...ဘာလဲ ငါကမင်းဆီပြန်လာပြီး မင်းနှိပ်စက်တာ​တွေကို ခံရအုံးမှာလား'
'မဟုတ်ပါဘူး...​မောင်...​မောင်​က...​မောင်ကအဲ့ဒီလိုသ​ဘောနဲ့​ပြောတာမဟုတ်ပါဘူးခက်ရယ် '
'ငါတို့က ကွာရှင်းထားပြီးသား​တွေပဲ​လေ မင်းဆီပြန်လာပြီး ဘာလုပ်ရအုံးမှာလဲ '
'​မောင်...​မောင်တို့က မကွာရှင်းရ​​သေးပါဘူး။ ​မောင်တို့က...​မောင်တို့က လက်ထပ်ထားတုန်းပဲ​လေ ခက်ရဲ့ '
'မင်းရူး​နေတာလား မင်းစစ်​မောင်။ အဲ့ဒီ​နေ့က ငါကိုယ်တိုင် ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးခဲ့တာ​လေ။ မင်းရဲ့လက်မှတ်လည်း ပါပြီးသား။ အဲ့ဒါကို မင်းက လက်ထပ်ထားတုန်းပဲဆို​တော့....
အဟက်..ဘာလဲ မင်းနှိပ်စက်ရ​မယ့်သူ မရှိ​တော့လို့ စိတ်ဆင်းရဲပြီး ရူးသွားပြီ​လား '
'ဟုတ်တယ်...​မောင်...​မောင်ရူးသွားပြီခက်ရဲ့။ ဒါ​ပေမယ့် ခက်​ပြောသလို ခက်ကိုမနှိပ်စက်ရ​တော့လို့မဟုတ်ပါဘူး။ ခက်ကိုလွမ်းလွန်းလို့...ခက်မျက်နှာ​လေးကိုမြင်ချင်လွန်းလို့....ခက်ရဲ့စိတ်နဲ့​မောင်ရူး​နေတာ။ ပြီး​တော့...ပြီး​တော့...ကွာရှင်းစာချုပ်ကိုလည်း ​မောင်ဖြဲလိုက်ပြီမလို့ အခုချိန်မှာ ကွာရှင်းထားတာက အကျုံးမ၀င်​တော့ဘူး။ ​မောင်တို့က...​မောင်တို့က...ကွာရှင်းထားတာမဟုတ်​တော့ဘူး။ ​မောင်လည်း...​
မောင်လည်း ခက်ကို မကွာရှင်း​ပေးနိုင်ဘူး ခက်ရဲ့ '
'ကိစ္စမရှိပါဘူး။ မင်းကွာရှင်းစာချုပ်ကိုဖြဲလိုက်မယ်ဆိုရင်​တောင် ၃နှစ်နဲ့အထက် အတူတူမ​နေရင် အလိုလိုကွာရှင်းပြီးသားဖြစ်သွားလိမ့်မယ်'
'ခက်...ခက်​မောင့်ကို မုန်းသွားပြီလား...​မောင့်ကို..​မောင့်ကိုခွင့်မလွှတ်နိုင်​တော့ဘူးလားဟင်...​မောင်...​မောင်....ခက်ခွင့်လွှတ်လာဖို့ ဘာလုပ်​ပေးရမလဲ...ခက်​ကျေနပ်​အောင် ​မောင်ဘာလုပ်​ပေးရမလဲ...'
'ငါ့ကိုလိုက်ပြီးမ​နှောက်ယှက်ပါနဲ့။ ကိုယ့်ဘ၀နဲ့ကို ​နေသွားကြတာ​ပေါ့'
'​မောင့်ဘ၀က ခက်ပဲ​လေ....ခက်မရှိပဲနဲ့ ​မောင်က ဘယ်လို​နေရမှာလဲ ခက်ရဲ့ ။ ​မောင်​တောင်းပန်ပါတယ်..​မောင့်ဆီကို...​မောင့်ဆီကို ပြန်လာခဲ့​ပေးပါ။
တကယ်လို့...တကယ်လို့ ​ခက်​မောင့်ကို ပြန်ပြီး လက်စား​ချေချင်တယ်ဆိုရင်လည်း ​မောင့်အနားမှာပဲ​နေပြီး ​မောင့်ကိုပြန်နှိပ်စက်လို့ရပါတယ်....​မောင့်ကို ထပ်ပြီးထားမသွားပါနဲ့​တော့ခက်ရယ်...​မောင်​တောင်းပန်ပါတယ်....​မောင်...​မောင်..ခက်နဲ့ ထပ်ပြီး​မ​ဝေးချင်​တော့လို့ပါ...'
'ထွက်သွား အခုချက်ချင်း ငါ့အိမ်ကထွက်သွား မင်းမျက်နှာကို မမြင်ချင်တာမလို့ ​နောက်တစ်ခါ ငါ့​ရှေ့မှာ ​ပေါ်မလာနဲ့ '
'ခက်မမြင်ချင်ရင် ​မောင်ထွက်သွား​ပေးပါ့မယ်...
ဖြစ်ခဲ့သမျှ​တွေအတွက် ခက်​ကျေနပ်တဲ့အထိ ​
မောင်​တောင်းပန်ပါ့မယ် .....'
စစ်​ပြောပြီးတာနဲ့ ခက်ရဲ့ အိမ်​လေးထဲက ထွက်လာခဲ့လိုက်သည်။
​ဆေးရုံမှာအလုပ်မရ​တော့ ဒီရက်ပိုင်း​တွေမှာ ခက်ဘာ​တွေလုပ်ခဲ့လဲ သူ စုံစမ်းရအုံးမည်။ ပြီး​တော့
ခက် ခွင့်လွှတ်တဲ့အထိလည်း ​တောင်းပန်ရအုံးမယ်​လေ။ ကျန်ခဲ့တဲ့ ခက်က​​တော့...
'ဘာလို့လဲ... ဘာလို့အခုမှ ​နောင်တရ​နေတာလဲ။ ငါမင်းကိုခွင့်မလွှတ်ချင်​သေးဘူး စစ်။ လွယ်လွယ်နဲ့
ခွင့်လွှတ်​ပေးရ​အောင် မင်း​ပေးခဲ့တဲ့ စိတ်ဒဏ်ရာက နည်းနည်း​နော​နောမှမဟုတ်ပဲ...'
စစ်တစ်​ယောက် ခက်​ရှေ့ကို ​ပေါ်မလာ​သော်လည်း ခက်တို့ရဲ့လမ်းထိပ်ကို​တော့ အမြဲလာမိသည်။
ည​နေခင်းဆို သူ့ရဲ့ခက်က ​စျေးထွက်​၀ယ်နေကြမဟုတ်လား။ ​ခက်က ဆေးရုံ​တွေမှာ အလုပ်မရ​တော့
Storeဆိုင်တစ်ခုမှာ Casher လုပ်​နေတယ်တဲ့​လေ။ အခုက Covidဖြစ်​နေ​တော့ ခက်လုပ်​နေတဲ့ store ဆိုင်က ခဏပိတ်ထားရသည်တဲ့။
ဒီအ​တောအတွင်း ဘယ်​လောက်​တောင် ပင်ပမ်းခဲ့ရမလဲ။ ​ခက်က ဒီမှာလုပ်​နေတာမလို့ သူရှာလို့မ​တွေ့ခဲ့တာပဲ။ သူက ခက်ကို ​ဆေးရုံ​တွေမှာပဲ လိုက်ရှာခဲ့တာ​လေ။ ခက်အ​ကြောင်း​တွေးနေတုန်းမှာပဲ လမ်းကြား​လေးထဲက ထွက်လာတဲ့ခက်ကို ​
တွေ့ရသည်။ ဒီမျက်နှာ​လေးကို မြင်ချင်လွန်းလို့
Advertisement
သူ ​နေ့တိုင်း လမ်းထိပ်ကလာလာ​စောင့်ခဲ့ရတာ။
ခက်ရဲ့​ရှေ့ကို သွားချင်ပါ​သော်လည်း သူ့​ကြောင့် ခက် စိတ်အ​နှောက်အယှက်ဖြစ်မည်ကို စိုးရိမ်မိပြန်သည်။
သွားရမလား မသွားရဘူးလားနဲ့ ချီတုံချတုံဖြစ်​နေရင်း ​နောက်ဆုံးမှာ​တော့ သူ ကားကိုထားခဲ့ကာ ခက်ရဲ့​နောက်ကို ​ခြေလျင်ပဲလိုက်လာခဲ့သည်။
'ခက်..'
'မင်းဘာလာလုပ်ပြန်တာလဲ'
'​မောင်​ ခက်ဆီကိုလာတာ​လေ ခက်ရဲ့။ ခက်ရဲ့သ​ဘောအတိုင်း ​ခက်​ရှေ့ကို ​ပေါ်မလာမိ​အောင်​​နေ​နေ​ပေမယ့်
အခု ဘယ်လိုမှ မထိန်းနိုင်​တော့လို့ပါ...'
'ပြန်​တော့မင်းစစ်​မောင်...အခုချိန်မှာ မင်းရဲ့မျက်နှာကိုမြင်​နေရရင် ငါ့ရဲ့ အတိတ်ဆိုး​တွေကို ပြန်သတိရ​နေမိလို့...မင်းပြန်လိုက်ပါ​တော့...ငါမင်းကို မ​တွေ့ချင်ဘူး'
ခက်​ပြောပြီးတာနဲ့ ​စျေးကိုဆက်မသွား​တော့ပဲ
အိမ်ကိုပဲ ပြန်လာခဲ့လိုက်သည်။ စစ်လည်း ခက်နဲ့အတူ အိမ်ထဲကို လိုက်၀င်မယ်လုပ်​တော့ ခက်က တံခါးကို​စောင့်ပိတ်လိုက်သဖြင့် သူ့ရဲ့လက်နဲ့ ကာလိုက်မိသည်။
'အ့..'
ခက် တံခါးမပိတ်​အောင် လက်နဲ့ ခံမိသဖြင့် သူ့လက်ညပ်သွား​လေသည်။
'ကျစ်...ဘာလို့ လက်နဲ့ခံလိုက်တာလဲ..အခု​တော့ ဖြစ်ပြီမဟုတ်လား...မင်းက ငါ့ကို ဘယ်​တော့မှ ​ကောင်းကျိုးမ​ပေးဘူးမင်းစစ်​မောင်... မင်းလက်ကိုဖယ်လိုက် ငါတံခါးပိတ်မလို့..'
'ဟင့်အင်း မဖယ်နိုင်ဘူး။ ​မောင့်ကို...​မောင့်ကို..အိမ်ထဲအရင်၀င်ခွင့်​ပေးပါခက်ရယ်...​မောင်...​မောင်ခက်ကို​ပြောစရာ​တွေရှိ​နေ​သေးတယ်'
'မင်း​ပြောစရာ​တွေက ကုန် မကုန်နိုင်ပါလား။ မင်းမှာ​ပြောစရာရှိ​နေလည်း ငါကနားမ​ထောင်ချင်တာမလို့ ပြန်လိုက်​တော့ မင်းစစ်​မောင်...'
ခက်က​ပြောပြီး တံခါးပိတ်မည်လုပ်​​သော်လည်း စစ်က သူ့ရဲ့လက်ကို ဖယ်မ​ပေး​။
'လက်ကိုဖယ်လို့​ပြော​နေတယ်​လေ။ လက်ပြတ်သွားချင်လို့လား !! '
'ခက်...'
'​မင်းအခုလို ဆက်လုပ်​နေမယ်ဆိုရင် ငါမင်းကို မုန်းမိ​တော့မယ် မင်းစစ်​မောင်...မင်းကအမြဲတမ်း
မင်းလုပ်ချင်တာ လုပ်ခဲ့တဲ့​ကောင်ပဲ။ စိတ်ပျက်ဖို့​ကောင်းတယ်'
'​မောင်....​​မောင်မသွားနိုင်ဘူးခက်....ခက်ခွင့်လွှတ်​အောင် ​မောင်...​မောင်ဘာလုပ်​ပေးရမလဲ....ထွက်သွားဆိုတဲ့စကားနဲ့ ကွာရှင်းမယ်ဆိုတဲ့စကားကလွဲရင်..ကျန်တာ...ကျန်တာအကုန်...ခက်​ပြောသလိုလုပ်​ပေးပါ့မယ်'
'တကယ်ပဲ ငါ​ပြောသလိုလုပ်မှာလား...ဟက်...​ကောင်းပြီ​လေ။ ဒါဆိုလည်း ဒူး​ထောက်ပြီး​တောင်းပန်​ပေါ့။ မင်းကိုခွင့်လွှတ်သင့် မလွှတ်သင့်
စဥ်းစား​ပေးမယ် '
ခက်...ခပ်ညစ်ညစ်ပြုံးလိုက်ရင်း​ပြောမိသည်။
(မင်းလုပ်မှာမဟုတ်ဘူးဆိုတာ ငါသိ​နေတယ် စစ်။ ဘာလို့လဲဆို​တော့ မင်းက မင်းအ​ဖေ​တွေကို​တောင် ဒူးမ​ထောက်ခဲ့တဲ့​ကောင်​လေ။ ငါ့လိုလူလို ဒူး​ထောက်​တောင်းပန်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား*)
သို့​သော်လည်း ရုတ်တရက် ဒူး​ထောက်ချလိုက်တဲ့
စစ်​ကြောင့် သူ အံ့သြရပြန်ပါသည်။
'​မောင်...​မောင်​တောင်းပန်ပါတယ် ခက်ရယ်....​
မောင့်ကို ခွင့်လွှတ်​ပေးပါလို့ မ​တောင်းဆိုရဲပါဘူး။
ဒါ​ပေမယ့်...ဒါ​ပေမယ့်...​မောင့်ကို..သူစိမ်းလို
မဆက်ဆံပါ​နဲ့ခက်ရယ်...​ကျေးဇူးပြုပြီး​တော့...'
'ဟက်!! သူစိမ်း​တွေလို....ငါ့ကိုအခုလိုဖြစ်​အောင်လုပ်ခဲ့တာဘယ်သူလဲ ငါအရမ်းနှစ်သက်ရတဲ့ အလုပ်ကို ဆက်မလုပ်နိုင်​တော့တာ ဘယ်သူ့​ကြောင့်လဲ။
ဟန်နီနိုင့်​ကြောင့်လို့​တော့ လွှဲမချနဲ့​နော် သူက အလကား​နေရင်း ငါတို့ကို လုပ်ကြံမှာမဟုတ်ဘူး။ မင်းဘက်က ​မျှော်လင့်ချက်​တွေ​ပေး​နေလို့ သူက ​ရောင့်တက်သွားတာ။ ဒါ​တွေအားလုံးရဲ့ တရားခံက မင်းပဲ။ '
'ဟုတ်ပါတယ်...​မောင့်...​မောင့်ရဲ့အမှား​တွေပါ။ ခက်​ကျေနပ်တဲ့အထိ ​မောင်ဒူး​ထောက်ပြီး​တောင်းပန်ပါ့မယ်...'
'​ကောင်းတာ​ပေါ့ အခုလိုပဲ ဒူး​ထောက်​နေလိုက်​တော့ မင်းစစ်​မောင်..'
ခက်​ပြောပြီးတာနဲ့ အိမ်ထဲကို ၀င်သွား​လေသည်။
စစ်က​တော့ သူ့အိမ်​​ရှေ့မှာ ဒူး​ထောက်ပြီး ကျန်ခဲ့တာ​ပေါ့။
ည​နေ ၅နာရီ​လောက်ကတည်းက ဒူး​ထောက်​​နေတဲ့ စစ်ဟာ ည​ရောက်တဲ့အထိ ထဖို့ စိတ်ကူးမရှိဘူးထင်သည်။ ည​ရောက်​တော့ အချိန်အခါမဟုတ် ​လေ​တွေတိုက်ပြီး မိုးရွာလာတာမလို့ ခက် ပြတင်း​​ပေါက်​တွေပိတ်ရန် ပြင်လိုက်​တော့ အခုထိ ဒူး​ထောက်​နေဆဲဖြစ်တဲ့ စစ်ကို​တွေ့ရ​လေသည်။
(သူအခုထိမပြန်​သေးဘူးလား...တစ်နာရီ​တောင်
ဒူး​ထောက်နိုင်မှာ မဟုတ်ဘူးလို့ ထင်ထားတာ..အခုဆို ၃နာရီ​လောက်ကြာနေပြီ​လေ။ မိုး​တွေရွာ​​နေတာဆို​တော့ သူလည်း ပြန်​လောက်​မှာပါ။ မိုးသည်းထဲမှာ ဒူး​ထောက်​နေရ​လောက်တဲ့အထိ​တော့ သူမရူး​လောက်​သေးပါဘူး​လေ*)
မိုးရွာ​​နေတာ​ကြောင့် စစ် သူ့ဘာသာသူ အိမ်ပြန်​လောက်မည်ထင်သဖြင့် ခက်လည်း ဒီအတိုင်းပဲ ထားလိုက်သည်။ စစ်ကို ပြန်ခွင့်လွှတ်​ပေးဖို့အတွက်
သူအချိန်ယူရအုံးမည်မဟုတ်ပါလား။ အခုချိန်မှာ
သူ့ရဲ့စိတ်​တွေ ရှုပ်​​​ထွေး​နေသည်။
စစ်က သူ့ကိုမုန်းတယ်လို့​ပြောပြီး ဘာလို့
လိုက်ရှာ​နေတာလဲ...
တစ်သက်လုံး ဘယ်သူ့ကိုမှ ဒူး​ထောက်မလာခဲ့တဲ့
စစ်က ဘာလို့ သူ့ကိုမှ ဒူး​ထောက်ပီး​
တောင်းပန်ရတာလဲ.....
(ဟန်နီနိုင်က ​ထောင်ကျသွားပြီဆို​တော့ စစ်က
သူ ကစားရမယ့်သူမရှိ​တော့လို့များ ငါ့ကို
ပြန်​ခေါ်ချင်​နေတာလား*)
အ​တွေးများစွာဖြင့် ခက် အိပ်​ပျော်သွား​လေသည်။
To be continued.....
Advertisement
'ခက်....'
'ဘာလာလုပ်တာလဲ'
'ငါသိတယ်...'
'ဘယ်လို..ခက်..'
'ခက်...ခက်က ဘယ်လိုလုပ်....'