《Let Me Start Again [Completed]》LMSA 46
Advertisement
Unicode
၂နှစ်ခန့်ကြာသော်.....
✏ခက်ထွက်သွားပြီး ပထမရက်....
နောက်ဆုံးတော့....နောက်ဆုံးတော့...ခက်လည်း
မောင့်ကိုထားခဲ့တာပါပဲ....မောင်...မောင့်အမှားတွေကို သိပါပြီခက်ရယ်....မောင်...မောင်တောင်းပန်ပါတယ်...မောင့်ဆီပြန်လာပေးနော်✏
✏ခက်ထွက်သွားပြီး တစ်လအကြာ.....
ဒီနေ့ မောင်အိပ်မက်မက်တယ်ခက်သိလား...ခက်က..မောင့်ကို ထားသွားတယ်တဲ့....မောင်...မောင့်အိပ်မက်ထဲကအတိုင်း တကယ်ဖြစ်လာမှာ အရမ်းကြောက်တယ်ခက်ရယ်....✏
✏ဒီနေ့ ဟန်နီနိုင်တို့ကို ရုံးချိန်းခေါ်တဲ့နေ့လေခက်ရဲ့။ အပြစ်သားတွေတစ်ယောက်ပြီးတစ်ယောက်ကို တရားသူကြီးက ထိုက်တန်တဲ့အပြစ်ကို ပေးပါတယ်။
ဒါပေမယ့် ဟောဒီက မောင်ဆိုတဲ့ အပြစ်သားကို ခက်ပေးတဲ့ ပြစ်ဒဏ်က ကွာရှင်းတာတဲ့လား....✏
✏လွမ်းလိုက်တာ....ဒီထက်ပိုပြီး ထိရောက်တဲ့စကားရှိရင် မောင် ပြောချင်ပါသေးတယ်.....ခက်ကို တစ်ရက်လေးမှ မေ့မရခဲ့ပါဘူး....မောင့်ဆီ...မောင့်ဆီကို ဘယ်တော့ ပြန်လာမှာလဲ ဟင်....✏
✏မောင့်ရဲ့ အတ္တတွေကြောင့် ခက်က အဝေးကို ထွက်ပြေးသွားတာလား....ခက်သာ...ခက်သာ...မောင့်ဆီပြန်လာမယ်ဆိုရင် ခြေသုတ်ပုဆိုး..မြွေစွယ်ကျိုးလိုမျိုး....ခက်ရဲ့အနားမှာ ခစားပါ့မယ်....မောင့်ရဲ့ မာနတွေကို ခဝါချပြီးတော့ပေါ့...✏
✏ခက်သိလား...မောင်လေ...ခက်ကို သတိရတဲ့အကြောင်းတွေ တစ်ရက်ကို တစ်မျက်နှာနှုန်းနဲ့ရေးထားတယ်...အခု ဒီစာမျက်နှာလေးရော အပါအ၀င်ပေါ့...ခက်ပြန်လာရင် မောင် ခက်ကို ဖတ်ပြမယ်နော်....✏
✏မောင်တို့ ၂ယောက်က တကယ်ပဲ မဆုံရတော့ဘူးလား ခက်ရယ်.....ကောင်းကင်ကို မော့ကြည့်မိတိုင်း ခက်ကိုပဲမြင်နေရတယ်....တခြား ဘယ်နေရာကိုပဲကြည့်ကြည့် ခက်ကိုပဲမြင်နေရတယ်....မောင်....မောင်ရူးနေပြီထင်ပါရဲ့ ....✏
✏မောင်တို့က ၃ နဲ့ ၄လိုမျိုး နီးလျက်နဲ့ ကျောခိုင်းထားသလိုများဖြစ်နေပြီလား...အဟက်!! နီးလျက်နဲ့လို့ပြောရအောင်လည်း ခက်က ဘယ်ဆီရောက်နေမှန်းမှ မောင်မသိရတာ....မောင်က တော်တော်ရူးတယ်နော်....ခက်..မောင့်ကို ထားသွားတော့မှ ပြန်လိုချင်နေရတယ်လို့ ....✏
✏ဒီနေ့လည်း မောင်တို့ ၂ယောက်ရဲ့ ဓါတ်ပုံလေးကို ကြည့်ရင်းနဲ့ပဲ ဒီတစ်ညကို အထီးကျန်ကျန် ကုန်ဆုံးရအုံးမယ်.....မောင်တို့အတွက် အမှတ်တရဆိုလို့ ဒီပုံလေးပဲရှိတာပါလား....✏
✏နွေရာသီဆို နေ့တာရှည်ပြီး ဆောင်းရာသီမှာတော့ ညတာရှည်တယ်တဲ့.....ဒါပေမယ့်....ခက်မရှိတော့တဲ့ မောင့်ဘ၀က...နေ့တာရော..ညတာပါရှည်တယ်ဆိုတာကို...ခက်သိအောင် ပြောပြချင်လိုက်တာ✏
✏လွမ်းတယ်..ခက်....အခုလို ဆေးရုံတက်နေရတဲ့အချိန်....အရင်ချိန်တွေတုန်းကလို မောင့်ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုရိုက်ပေးတတ်တဲ့ ခက်မရှိတော့...မောင် အရမ်းအားငယ်ပြီး...လွမ်းရပါတယ်....✏
✏မောင်မနက်ဖြန်ဆေးရုံကဆင်းမှာခက်ရဲ့ ....မောင်ဆေးရုံတက်နေတဲ့အတောအတွင်းမှာလည်း ဆရာ၀န်က မလှုပ်ရှားရဘူးလို့မှာထားတာကို လက်မှာ dripချိတ်နေရင်းတန်းလန်းနဲ့ ဒီစာကိုရေးတယ်ဆိုတာ..ခက်သိရင်...မောင့်ကို ဆူနေမလား...မောင် dripချိတ်တာက ခက်အတွက်ရေးတဲ့စာလောက်
အရေးမကြီးပါဘူး....✏
✏ခက်...ဒီနေ့က...မောင်တို့ ၂ယောက်ရဲ့ နာမည်နဲ့ ထောင်ထားတဲ့ companyဖွင့်ပွဲလေ။ ဖွင့်ပွဲလေးမှာ ခက်ကို မောင်နဲ့တူတူရှိနေစေချင်လိုက်တာ....ခက်က ဘယ်မှာများပုန်းနေလို့...မောင်ရှာလို့မတွေ့တာလဲ....✏
✏ဟန်နီနိုင်သေသွားပြီတဲ့ခက်ရဲ့ ။ သေတဲ့သူက သေသွားပြီး သူ့အပြစ်တွေကို ပေးဆပ်ပေမယ့် မောင့်ကို ထားသွားခဲ့တဲ့ခက်ကတော့....ဘာလို့ပြန်မလာသေးတာလဲ...✏
✏K.Sက အခု အောင်မြင်နေပြီခက်ရဲ့။ မောင်လေ....မောင့်ရဲ့အောင်မြင်မှုတွေနဲ့အတူ တိုက်ပွဲတွေမှာအနိုင်ရခဲ့တဲ့စစ်သူကြီးတစ်ယောက်လိုမျိုး ၀ံ့၀ံ့ကြွားကြွားနဲ့ အိမ်ကိုပြန်လာချင်လိုက်တာ....ဒါပေမယ့်....မောင့်ရဲ့ အိမ်အပြန်ကို သပြေပန်းခက်နဲ့ ဆီးကြိုနေမယ့် ခက် မှမရှိတာပဲ....✏
စစ်ရေးထားခဲ့တဲ့ စာလေးတွေကို ကြည့်ရင်း ခက် မျက်ရည်ကျမိသည်။ ဒီစာလေးကို လွန်ခဲ့တဲ့ ၂နှစ်ကတည်းက တစ်ရက်ကို တစ်မျက်နှာ ဖတ်လာခဲ့ရတာ။ ၄၅၅ရက်စာပဲရေးထားတော့ ကျန်နေတဲ့ရက်တွေမှာ ဖတ်ပြီးသားစာမျက်နှာလေးတွေကို သူ အခေါက်ခေါက်အခါခါ ပြန်ဖတ်နေမိသည်။
'မင်းသိလားစစ်....ငါလည်း...ငါလည်း....မင်းလိုပဲ...မင်းပြန်လာရင် ဖတ်ပြရအောင်ဆိုပြီး...တစ်ရက်ကို တစ်မျက်နှာ ရေးထားတယ်။ အခုဆို...ငါရေးတဲ့ စာမျက်နှာကတောင်.....မင်းရေးခဲ့တဲ့ စာမျက်နှာထက် ပိုပြီးများနေပြီ။ နိုးလာတော့လေ စစ်ရဲ့။ ငါ...ငါမင်းကို ခွင့်လွှတ်ကြောင်း ပြောရအုံးမယ်လေ....'
ဟုတ်သည်။ လွန်ခဲ့တဲ့ ၂နှစ် ခက် စစ်ဆီက ထွက်ပြေးတုန်းက ကားတိုက်ခံရတော့မယ့် ခက်ကို တွန်းထုတ်ပြီး စစ်က အစား၀င်ခံခဲ့သည်။ အဲ့ဒီနေ့တုန်းက စစ်ကို ခွဲစိတ်တာ အောင်မြင်ခဲ့ပေမယ့် ခေါင်းကို ထိသွားတာကြောင့် coma၀င်ခဲ့တာ အခုချိန်ထိ သတိမရသေး။
'၂နှစ်....၂နှစ်ရှိပြီစစ်ရဲ့ ....ဒီ ၂နှစ်အတွင်း ငါဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာ မင်းကို ပြောပြချင်သေးတယ်။ ငါ...ခြေထောက်ကို ခွဲစိတ်လိုက်ပြီးဆိုတာရော....ငါတို့ ၂ယောက်နာမည်နဲ့ ထောင်ထားတဲ့ companyကို အခု ငါနဲ့ အစိုးက ဦးစီးနေတယ်ဆိုတာရော...မင်းကိုပြောပြရအုံးမယ်။ အစိုးက share၀င်ချင်တယ်ဆိုလို့ ငါလက်ခံလိုက်တာလေ။
စစချင်းတုန်းက ငါ့ကို အစိုးပဲ အကုန်လုံးသင်ပေးခဲ့တာ...အခု...မင်းတည်ထောင်ခဲ့တဲ့ companyလေးက အရင်ကထက်ပိုပြီး အောင်မြင်နေပြီ....'
Advertisement
ခက်...စစ်ရေးထားတဲ့ စာအုပ်လေးကို ကြည့်ရင်း ပြောနေမိသည်။ ထိုအချိန်မှာပဲ...ဖုန်းသံမြည်လာသဖြင့် ကြည့်မိတော့..papa....
'Hello papa..'
'........'
တစ်ဖက်ကပြောလိုက်တဲ့စကားကြောင့် ခက် ၀ရုန်းသုန်းကားနဲ့ ပြေးထွက်လာမိသည်။ တကယ်ပဲ....တကယ်ပဲ.....
ဆေးရုံရောက်တော့ လူစုံတက်စုံတွေ့ရသည်။ တံခါးဖွင့်သံကြားတော့ ခက်ဘက်ကို လှည့်ကြည့်လာကြသည်။ ခက်ကိုမြင်တော့....စစ်..ပြုံးပြလိုက်ပြီး...ခက်ရှိရာဘက်ကို လက်ဆန့်တန်းပေးလိုက်ကာ
'ခက်....'
'တကယ်ပဲ....တကယ်ပဲလား...နောက်ဆုံးတော့...နောက်ဆုံးတော့...သတိရလာပြီ...' ခက် တုန်တုန်ယင်ယင်နဲ့ပြောပြီး စစ်ရဲ့ရင်ခွင်ထဲကို ပြေး၀င်ကာ ရှိုက်ကြီးတငင်ငိုမိသည်။ လူတွေအများကြီးနဲ့ဆိုတာလည်း သူသတိမရနိုင်တော့။
papaတို့က အလိုက်သိစွာနဲ့ အပြင်ကိုထွက်ပေးကြသည်။
'ဘာလို့...ဘာလို့...အခုမှ..နိုးလာရတာလဲ...ဘယ်လောက်တောင်...ဘယ်လောက်တောင်မှ...စောင့်နေခဲ့ရသလဲ...သားလေးတုန်းကလိုမျိုး...ငါ့ကို...ငါ့ကိုထားသွားတော့မယ်ထင်ပြီး...'
'မငိုနဲ့တော့လေခက်ရယ်...မောင်ပြန်လာပြီလေ....ခက်မျက်ရည်တွေကိုမြင်နေရရင်...မောင်ရင်တွေနာလွန်းလို့ပါ...တိတ်တော့နော်..'
စစ်...ပြောလည်းပြော...ရင်ခွင်ထဲမှာရှိနေတဲ့ ခက်ရဲ့မျက်နှာလေးကို မော့စေကာ...ပုလဲလုံးလေးတွေကို တယုတယသုပ်ပေးမိသည်။
'ငါ့ကို ထပ်ပြီးထားမသွားပါနဲ့တော့နော်....ငါ...ငါ..အရမ်းကြောက်နေခဲ့တာ...သားလေးတုန်းကလည်း အဲ့ဒီလိုပဲ...သွေးအိုင်ထဲမှာ...'
စစ်..ခက်ကို သူ့ရင်ခွင်ထည့်ပြီး တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားမိသည်။
'မပြောပါနဲ့တော့ခက်ရယ်...ထပ်ပြောရင်ခက်အရမ်းနာကျင်နေလိမ့်မယ်...ပြီးတော့...ပြီးတော့...အဲ့ဒီနေ့တုန်းက...မောင်ခက်ကို တွန်းထုတ်ခဲ့မိတာက...ခက်ကိုယ်စား...မောင်ကပဲ...အနာခံလိုက်တဲ့သဘောပါ....မောင်ခံစားရတာထက်...ခက်ခံစားနေရတာက မောင့်ကိုပိုပြီးနာကျင်စေလို့...'
'အဲ့ဒါနဲ့ပဲ...အဲ့ဒါနဲ့ပဲ...ငါ့ကို...ထားခဲ့တယ်ပေါ့..၂နှစ်...၂နှစ်ကြီးတောင်လေ...'
'အဲ့ဒီအချိန်တုန်းက ခက်ရဲ့နောက်က ကားကိုတွေ့ပြီးမောင်..ဘာကိုမှ မစဥ်းစားနိုင်တော့ဘူး....မောင့်ရဲ့ခေါင်းထဲမှာတစ်ခုပဲရှိတော့တာ...အဲ့ဒါက...ခက်ဘာမှမဖြစ်ဖို့ဆိုတာပဲလေ....ပြီးတော့...သားလေးက မောင့်ကြောင့်သေသွားတာမလို့...မောင့်အသက်နဲ့ လျော်ကြေးပေးတဲ့သဘောမျိုးပါ....'
'ကျေး...ကျေးဇူးတင်ပါတယ်...ပြန်ပြီး...ပြန်ပြီးသတိရလာပေးလို့....ပြီးတော့...တောင်းပန်ပါတယ်...ငါ..ငါသာထွက်မပြေးခဲ့ရင်....'
'ခက်က ဘာကိုတောင်းပန်ရမှာလဲခက်ရယ်...ခက်အမှားတစ်ခုမှမရှိပါဘူး....မောင်ကသာ...မောင်ကသာ...ခက်ကို ချုပ်နှောင်ထားသလိုဖြစ်နေတာပါ....အတ္တကြီးမိတဲ့မောင်ကသာ..တောင်းပန်ရမှာပါ..'
'အခု....အခုတောင်းပန်တော့....ခွင့်လွှတ်ချင်နေပြီမလို့ ....'
ခက်ရဲ့စကားကြောင့် စစ်၀မ်းသာသွားပြီး ခက်ရဲ့မေးလေးကိုမော့စေပြီး သူ့ကိုကြည့်စေကာ
'ခက်...မောင့်ရဲ့မျက်လုံးထဲကို သေချာကြည့်နော်...'
'အွန်း...'
'မြင်ရလား'
'ဘာကိုလဲ...'
'ခက်ကိုချစ်တဲ့အချစ်တွေကိုလေ....
မောင်တောင်းပန်ပါတယ်...အရင်ကတည်းကမှားခဲ့တဲ့အမှားတွေအတွက်...တောင်းပန်ပါတယ်...မောင့်ကို...နောက်ထပ်တစ်ကြိမ် ပြန်စခွင့်ပေးနိုင်မလားဟင်....'
'ငါ့ကို..နောက်ထပ်ထားမသွားပါဘူးလို့ ကတိပေးနိုင်လား...'
'ကတိပေးပါတယ်....မောင်သေတဲ့အထိ...'
'ဟင့်အင်း...အခုချိန်မှာ...သေစကားတွေမပြောပါနဲ့စစ်ရယ်...ငါ...ငါအရမ်းကြောက်လို့ပါ..'
'တောင်းပန်ပါတယ်...မောင်မပြောတော့ဘူးနော်....ခက်ကို ဘယ်တော့မှထားမသွားပါဘူးလို့ ကတိပေးပါတယ်...တသက်လုံး...အဲ့ဒီကတိကို တည်သွားပါ့မယ်လို့ သစ္စာဆိုပါတယ်...မောင့်ကို ခွင့်လွှတ်မယ်မဟုတ်လားဟင်....'
'အင်း...ခွင့်လွှတ်တယ်....ခွင့်လွှတ်တာမလို့...မင်းပေးတဲ့ကတိကို မဖျက်နဲ့နော်....'
'ချစ်လိုက်တာ ခက်ရယ်...' နဖူးချင်းထိထားရာမှ ခွာလိုက်ပြီး...ခက်ရဲ့မျက်နှာပေါ်ရှိ အစိတ်အပိုင်းတစ်ခုချင်းစီကို သူကြည့်နေမိသည်။ နှာခေါင်းလုံးလုံးလေး၊ ကော့ညွတ်နေတဲ့မျက်တောင်၊ ၀ိုင်းစက်နေတဲ့ မျက်လုံးလေးနဲ့ နောက်ဆုံး ဆေးမကူပဲ ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်းပါးလေးတွေမှာ သူ့ရဲ့အကြည့်ကို အဆုံးသတ်လိုက်ပြီး...
ထိုနှုတ်ခမ်းပါးလေးတွေကို ခပ်ဖွဖွလေး ငုံထားမိသည်။ ဝါဂွမ်းလေးကဲ့သို့ အိညက်နေတဲ့ နှုတ်ခမ်းသားလေးတွေကို အပေါ်တစ်လှည့် အောက်တစ်လှည့် နမ်းနေမိတာ...ဘယ်လောက်တောင်ကြာသွားလည်းမသိ..ခက်က အသက်ရှူကြပ်လို့ သူ့ရင်ဘက်ကို လာရိုက်တော့မှ အသိ၀င်လာသော စစ် ပါလေ။
နှုတ်ခမ်းချင်းခွာလိုက်ပြီးတဲ့နောက်မှာတော့ ခက်ခမျာ အသက်ကိုအလုအယက်ရှူနေရရှာသည်။
'တကယ်ပါပဲ...ဒါလား..၂နှစ်ကျော် coma၀င်နေတဲ့လူနာ။ လူနာရောဟုတ်ရဲ့လား...'
'မောင် စိတ်လွတ်သွားလို့...ဒီနှုတ်ခမ်းပါးလေးတွေကို သတိရနေခဲ့တာ...'
'ဟွန့်...ခဏလွှတ်အုံး'
'ဘာလို့လဲ...'
'အောက်ဆင်းထိုင်မလို့လေ။ အခု..မင်းရဲ့ပေါင်ပေါ်မှာထိုင်နေရတာ...မင်းလည်း လေးနေမှာပေါ့...'
'ဟင့်အင်း...မဆင်းရဘူး...ခက် ကိုယ်လေးက ပေါ့ပေါ့လေးပဲကို ဘာလို့လေးရမှာလဲ...ပြီးတော့...မောင်....ညောင်းလဲမညောင်းပါဘူး...မောင့်ပေါ်မှာပဲထိုင်နော်....'
'မင်းကတော့...'
ခက်ဆက်မပြောတော့ပဲ စစ်အလိုကျ သူ့ပေါင်ပေါ်မှာပဲ ထိုင်နေလိုက်သည်။
'ကျေးဇူးပါ...ပြန်လာပေးလို့...'
'သေချာပေါက်ပြန်လာရမှာပေါ့...ကောင်လေးတစ်ယောက်က မောင့်အနားမှာ နေ့တိုင်းလာလာငိုနေတာ ဘယ်ကြည့်ရက်ပါ့မလဲ..'
'မင်းသိတယ်လား'
'အင်း...မောင်သိတယ်...ခက်မောင့်ကို ပြောနေတာ မောင်အကုန်ကြားတယ်နော်....သတိသာမရသေးတာ...'
'လူယုတ်မာကြီး....'
'ဟုတ်တယ်နော်...မောင်က လူယုတ်မာကြီး...'
'သိရင်လည်းပြီးတာပဲ....မင်း နားတော့မှာမဟုတ်လား။ ငါဆင်းတော့မယ်လေ။ အိပ်ချင်အိပ်တော့'
Advertisement
'အင်း..အိပ်မယ်...ခက်ရောလာခဲ့ မောင့်ဘေးနားမှာအိပ်'
'အာ...ဘယ်ဖြစ်မလဲ မင်းကြပ်နေမှာပေါ့...'
'ဘာမှမဖြစ်ပါဘူးကွာ...မောင်က ခက်ကို မောင့်ရင်ခွင်ထဲ ထည့်ပြီးအိပ်ချင်လို့ပါ..' ဟုပြောလာတဲ့ စစ်ကို မျက်စောင်းတစ်ချက်ထိုးလိုက်ရင်း
'ပြီးတာပဲ...'
[ဟယ် ငြင်းတယ်တော့ :") ]
သို့နှင့် လူနာကုတင်ပေါ်မှာပဲ ကျဥ်းကျဥ်းကြပ်ကြပ်နဲ့ ၂ယောက်သား အတူတူအိပ်ကြလေသည်။ စစ်က ခက်ရဲ့ ဆံပင်လေးကို နမ်းလိုက်ရင်း...
'ခက်...မောင် သတိမရခင်တုန်းကတော့ တမောင်မောင်နဲ့ခေါ်နေပြီး အခုသတိရတော့မှ ဘာလို့ မင်းတွေငါတွေဖြစ်ကုန်တာလဲ...မောင်လို့ပြန်ခေါ်လေကွာ..နော်...'
စစ်စကားကြောင့် ခက် ပါးလေးတွေနီရဲလာပြီး
'အာ...အဲ..အဲ့ဒါက...'
'ခေါ်ကြည့်ပါခက်ရဲ့ ...မောင်လေ..ခက်ဆီက မောင်လို့ခေါ်တဲ့အသံလေးကြားချင်လို့ပါ....နော်...'
'မ...မခေါ်ချင်ဘူး '
'မောင့်ကို ဒါလေးတစ်ခုတော့ လိုက်လျောပေးပါခက်ရယ်...တစ်ခါလေးပဲခေါ်လေ....နော် '
'တ..တစ်ခါပဲနော် '
'ဟား...စကားတွေတောင်ထစ်လို့။ မရှက်ပါနဲ့ခက်ရယ်။ တစ်ခါလေးပဲခေါ်ပေးကွာ နော် နော် '
'မောင်...'
'ဗျာ...အဟွန်း...နောက်တစ်ခေါက်...နောက်တစ်ခေါက်လောက်...ထပ်ခေါ်ကြည့်ပါအုံး...'
'အာ...တော်ပြီ...ငါ..ငါရှက်တယ်....'
'မောင့်ပူတူးလေးရှက်ရင် မခေါ်ခိုင်းတော့ဘူးနော်...အရမ်းချစ်တယ်...ခက်ရယ်....'
'အွန်း...အရမ်းချစ်တယ်........မောင်.....'
'ဟား....မောင်တော့ အိပ်မက်တွေလှနေတော့မှာပဲ...'
'မောင်နဲ့တူတူဆိုရင် ဆေးရုံမှာအိပ်ရလည်း အိပ်မက်တွေလှတယ်....'
'ခက်ရာ...မောင်တကယ် အသည်းယားလာပြီ...'
'တော်ပြီ...အိပ်တော့...'
ထို့နောက်မှာတော့...ခက်ကို ရင်ခွင်ထဲမှာ ထည့်ထားရင်းနဲ့ပဲ ၂ယောက်တူတူ အိပ်ပျော်သွားကြလေသည်။
တကယ်လည်း ချစ်သူ ၂ယောက်ရဲ့ အိပ်မက်တွေက လှပခဲ့ကြသည်။ ကိုယ်ချစ်ရသူနဲ့ အတူတူသာဆိုရင် တွေ့သမျှ မြင်သမျှ မက်ခဲ့သမျှ အိပ်မက်တွေအားလုံးကအစ လှပနေသည်မဟုတ်ပါလား....
To be continued.....
Zawgyi
၂ႏွစ္ခန္႔ၾကာေသာ္.....
✏ခက္ထြက္သြားၿပီး ပထမရက္....
ေနာက္ဆုံးေတာ့....ေနာက္ဆုံးေတာ့...ခက္လည္း
ေမာင့္ကိုထားခဲ့တာပါပဲ....ေမာင္...ေမာင့္အမွားေတြကို သိပါၿပီခက္ရယ္....ေမာင္...ေမာင္ေတာင္းပန္ပါတယ္...ေမာင့္ဆီျပန္လာေပးေနာ္✏
✏ခက္ထြက္သြားၿပီး တစ္လအၾကာ.....
ဒီေန႔ ေမာင္အိပ္မက္မက္တယ္ခက္သိလား...ခက္က..ေမာင့္ကို ထားသြားတယ္တဲ့....ေမာင္...ေမာင့္အိပ္မက္ထဲကအတိုင္း တကယ္ျဖစ္လာမွာ အရမ္းေၾကာက္တယ္ခက္ရယ္....✏
✏ဒီေန႔ ဟန္နီႏိုင္တို႔ကို ႐ုံးခ်ိန္းေခၚတဲ့ေန႔ေလခက္ရဲ႕။ အျပစ္သားေတြတစ္ေယာက္ၿပီးတစ္ေယာက္ကို တရားသူႀကီးက ထိုက္တန္တဲ့အျပစ္ကို ေပးပါတယ္။
ဒါေပမယ့္ ေဟာဒီက ေမာင္ဆိုတဲ့ အျပစ္သားကို ခက္ေပးတဲ့ ျပစ္ဒဏ္က ကြာရွင္းတာတဲ့လား....✏
✏လြမ္းလိုက္တာ....ဒီထက္ပိုၿပီး ထိေရာက္တဲ့စကားရွိရင္ ေမာင္ ေျပာခ်င္ပါေသးတယ္.....ခက္ကို တစ္ရက္ေလးမွ ေမ့မရခဲ့ပါဘူး....ေမာင့္ဆီ...ေမာင့္ဆီကို ဘယ္ေတာ့ ျပန္လာမွာလဲ ဟင္....✏
✏ေမာင့္ရဲ႕ အတၱေတြေၾကာင့္ ခက္က အေဝးကို ထြက္ေျပးသြားတာလား....ခက္သာ...ခက္သာ...ေမာင့္ဆီျပန္လာမယ္ဆိုရင္ ေျခသုတ္ပုဆိုး..ေႁမြစြယ္က်ိဳးလိုမ်ိဳး....ခက္ရဲ႕အနားမွာ ခစားပါ့မယ္....ေမာင့္ရဲ႕ မာနေတြကို ခဝါခ်ၿပီးေတာ့ေပါ့...✏
✏ခက္သိလား...ေမာင္ေလ...ခက္ကို သတိရတဲ့အေၾကာင္းေတြ တစ္ရက္ကို တစ္မ်က္ႏွာႏႈန္းနဲ႔ေရးထားတယ္...အခု ဒီစာမ်က္ႏွာေလးေရာ အပါအ၀င္ေပါ့...ခက္ျပန္လာရင္ ေမာင္ ခက္ကို ဖတ္ျပမယ္ေနာ္....✏
✏ေမာင္တို႔ ၂ေယာက္က တကယ္ပဲ မဆုံရေတာ့ဘူးလား ခက္ရယ္.....ေကာင္းကင္ကို ေမာ့ၾကည့္မိတိုင္း ခက္ကိုပဲျမင္ေနရတယ္....တျခား ဘယ္ေနရာကိုပဲၾကည့္ၾကည့္ ခက္ကိုပဲျမင္ေနရတယ္....ေမာင္....ေမာင္႐ူးေနၿပီထင္ပါရဲ႕ ....✏
✏ေမာင္တို႔က ၃ နဲ႔ ၄လိုမ်ိဳး နီးလ်က္နဲ႔ ေက်ာခိုင္းထားသလိုမ်ားျဖစ္ေနၿပီလား...အဟက္!! နီးလ်က္နဲ႔လို႔ေျပာရေအာင္လည္း ခက္က ဘယ္ဆီေရာက္ေနမွန္းမွ ေမာင္မသိရတာ....ေမာင္က ေတာ္ေတာ္႐ူးတယ္ေနာ္....ခက္..ေမာင့္ကို ထားသြားေတာ့မွ ျပန္လိုခ်င္ေနရတယ္လို႔ ....✏
✏ဒီေန႔လည္း ေမာင္တို႔ ၂ေယာက္ရဲ႕ ဓါတ္ပုံေလးကို ၾကည့္ရင္းနဲ႔ပဲ ဒီတစ္ညကို အထီးက်န္က်န္ ကုန္ဆုံးရအုံးမယ္.....ေမာင္တို႔အတြက္ အမွတ္တရဆိုလို႔ ဒီပုံေလးပဲရွိတာပါလား....✏
✏ေႏြရာသီဆို ေန႔တာရွည္ၿပီး ေဆာင္းရာသီမွာေတာ့ ညတာရွည္တယ္တဲ့.....ဒါေပမယ့္....ခက္မရွိေတာ့တဲ့ ေမာင့္ဘ၀က...ေန႔တာေရာ..ညတာပါရွည္တယ္ဆိုတာကို...ခက္သိေအာင္ ေျပာျပခ်င္လိုက္တာ✏
✏လြမ္းတယ္..ခက္....အခုလို ေဆး႐ုံတက္ေနရတဲ့အခ်ိန္....အရင္ခ်ိန္ေတြတုန္းကလို ေမာင့္ကို အရိပ္တၾကည့္ၾကည့္နဲ႔ ဂ႐ု႐ိုက္ေပးတတ္တဲ့ ခက္မရွိေတာ့...ေမာင္ အရမ္းအားငယ္ၿပီး...လြမ္းရပါတယ္....✏
✏ေမာင္မနက္ျဖန္ေဆး႐ုံကဆင္းမွာခက္ရဲ႕ ....ေမာင္ေဆး႐ုံတက္ေနတဲ့အေတာအတြင္းမွာလည္း ဆရာ၀န္က မလႈပ္ရွားရဘူးလို႔မွာထားတာကို လက္မွာ dripခ်ိတ္ေနရင္းတန္းလန္းနဲ႔ ဒီစာကိုေရးတယ္ဆိုတာ..ခက္သိရင္...ေမာင့္ကို ဆူေနမလား...ေမာင္ dripခ်ိတ္တာက ခက္အတြက္ေရးတဲ့စာေလာက္
အေရးမႀကီးပါဘူး....✏
✏ခက္...ဒီေန႔က...ေမာင္တို႔ ၂ေယာက္ရဲ႕ နာမည္နဲ႔ ေထာင္ထားတဲ့ companyဖြင့္ပြဲေလ။ ဖြင့္ပြဲေလးမွာ ခက္ကို ေမာင္နဲ႔တူတူရွိေနေစခ်င္လိုက္တာ....ခက္က ဘယ္မွာမ်ားပုန္းေနလို႔...ေမာင္ရွာလို႔မေတြ႕တာလဲ....✏
✏ဟန္နီႏိုင္ေသသြားၿပီတဲ့ခက္ရဲ႕ ။ ေသတဲ့သူက ေသသြားၿပီး သူ႔အျပစ္ေတြကို ေပးဆပ္ေပမယ့္ ေမာင့္ကို ထားသြားခဲ့တဲ့ခက္ကေတာ့....ဘာလို႔ျပန္မလာေသးတာလဲ...✏
✏K.Sက အခု ေအာင္ျမင္ေနၿပီခက္ရဲ႕။ ေမာင္ေလ....ေမာင့္ရဲ႕ေအာင္ျမင္မႈေတြနဲ႔အတူ တိုက္ပြဲေတြမွာအႏိုင္ရခဲ့တဲ့စစ္သူႀကီးတစ္ေယာက္လိုမ်ိဳး ၀ံ့၀ံ့ႂကြားႂကြားနဲ႔ အိမ္ကိုျပန္လာခ်င္လိုက္တာ....ဒါေပမယ့္....ေမာင့္ရဲ႕ အိမ္အျပန္ကို သေျပပန္းခက္နဲ႔ ဆီးႀကိဳေနမယ့္ ခက္ မွမရွိတာပဲ....✏
စစ္ေရးထားခဲ့တဲ့ စာေလးေတြကို ၾကည့္ရင္း ခက္ မ်က္ရည္က်မိသည္။ ဒီစာေလးကို လြန္ခဲ့တဲ့ ၂ႏွစ္ကတည္းက တစ္ရက္ကို တစ္မ်က္ႏွာ ဖတ္လာခဲ့ရတာ။ ၄၅၅ရက္စာပဲေရးထားေတာ့ က်န္ေနတဲ့ရက္ေတြမွာ ဖတ္ၿပီးသားစာမ်က္ႏွာေလးေတြကို သူ အေခါက္ေခါက္အခါခါ ျပန္ဖတ္ေနမိသည္။
'မင္းသိလားစစ္....ငါလည္း...ငါလည္း....မင္းလိုပဲ...မင္းျပန္လာရင္ ဖတ္ျပရေအာင္ဆိုၿပီး...တစ္ရက္ကို တစ္မ်က္ႏွာ ေရးထားတယ္။ အခုဆို...ငါေရးတဲ့ စာမ်က္ႏွာကေတာင္.....မင္းေရးခဲ့တဲ့ စာမ်က္ႏွာထက္ ပိုၿပီးမ်ားေနၿပီ။ ႏိုးလာေတာ့ေလ စစ္ရဲ႕။ ငါ...ငါမင္းကို ခြင့္လႊတ္ေၾကာင္း ေျပာရအုံးမယ္ေလ....'
ဟုတ္သည္။ လြန္ခဲ့တဲ့ ၂ႏွစ္ ခက္ စစ္ဆီက ထြက္ေျပးတုန္းက ကားတိုက္ခံရေတာ့မယ့္ ခက္ကို တြန္းထုတ္ၿပီး စစ္က အစား၀င္ခံခဲ့သည္။ အဲ့ဒီေန႔တုန္းက စစ္ကို ခြဲစိတ္တာ ေအာင္ျမင္ခဲ့ေပမယ့္ ေခါင္းကို ထိသြားတာေၾကာင့္ coma၀င္ခဲ့တာ အခုခ်ိန္ထိ သတိမရေသး။
'၂ႏွစ္....၂ႏွစ္ရွိၿပီစစ္ရဲ႕ ....ဒီ ၂ႏွစ္အတြင္း ငါဘယ္လို႐ုန္းကန္ခဲ့ရလဲဆိုတာ မင္းကို ေျပာျပခ်င္ေသးတယ္။ ငါ...ေျခေထာက္ကို ခြဲစိတ္လိုက္ၿပီးဆိုတာေရာ....ငါတို႔ ၂ေယာက္နာမည္နဲ႔ ေထာင္ထားတဲ့ companyကို အခု ငါနဲ႔ အစိုးက ဦးစီးေနတယ္ဆိုတာေရာ...မင္းကိုေျပာျပရအုံးမယ္။ အစိုးက share၀င္ခ်င္တယ္ဆိုလို႔ ငါလက္ခံလိုက္တာေလ။
စစခ်င္းတုန္းက ငါ့ကို အစိုးပဲ အကုန္လုံးသင္ေပးခဲ့တာ...အခု...မင္းတည္ေထာင္ခဲ့တဲ့ companyေလးက အရင္ကထက္ပိုၿပီး ေအာင္ျမင္ေနၿပီ....'
ခက္...စစ္ေရးထားတဲ့ စာအုပ္ေလးကို ၾကည့္ရင္း ေျပာေနမိသည္။ ထိုအခ်ိန္မွာပဲ...ဖုန္းသံျမည္လာသျဖင့္ ၾကည့္မိေတာ့..papa....
'Hello papa..'
'........'
တစ္ဖက္ကေျပာလိုက္တဲ့စကားေၾကာင့္ ခက္ ၀႐ုန္းသုန္းကားနဲ႔ ေျပးထြက္လာမိသည္။ တကယ္ပဲ....တကယ္ပဲ.....
ေဆး႐ုံေရာက္ေတာ့ လူစုံတက္စုံေတြ႕ရသည္။ တံခါးဖြင့္သံၾကားေတာ့ ခက္ဘက္ကို လွည့္ၾကည့္လာၾကသည္။ ခက္ကိုျမင္ေတာ့....စစ္..ၿပဳံးျပလိုက္ၿပီး...ခက္ရွိရာဘက္ကို လက္ဆန္႔တန္းေပးလိုက္ကာ
'ခက္....'
'တကယ္ပဲ....တကယ္ပဲလား...ေနာက္ဆုံးေတာ့...ေနာက္ဆုံးေတာ့...သတိရလာၿပီ...' ခက္ တုန္တုန္ယင္ယင္နဲ႔ေျပာၿပီး စစ္ရဲ႕ရင္ခြင္ထဲကို ေျပး၀င္ကာ ရႈိက္ႀကီးတငင္ငိုမိသည္။ လူေတြအမ်ားႀကီးနဲ႔ဆိုတာလည္း သူသတိမရႏိုင္ေတာ့။
papaတို႔က အလိုက္သိစြာနဲ႔ အျပင္ကိုထြက္ေပးၾကသည္။
'ဘာလို႔...ဘာလို႔...အခုမွ..ႏိုးလာရတာလဲ...ဘယ္ေလာက္ေတာင္...ဘယ္ေလာက္ေတာင္မွ...ေစာင့္ေနခဲ့ရသလဲ...သားေလးတုန္းကလိုမ်ိဳး...ငါ့ကို...ငါ့ကိုထားသြားေတာ့မယ္ထင္ၿပီး...'
'မငိုနဲ႔ေတာ့ေလခက္ရယ္...ေမာင္ျပန္လာၿပီေလ....ခက္မ်က္ရည္ေတြကိုျမင္ေနရရင္...ေမာင္ရင္ေတြနာလြန္းလို႔ပါ...တိတ္ေတာ့ေနာ္..'
စစ္...ေျပာလည္းေျပာ...ရင္ခြင္ထဲမွာရွိေနတဲ့ ခက္ရဲ႕မ်က္ႏွာေလးကို ေမာ့ေစကာ...ပုလဲလုံးေလးေတြကို တယုတယသုပ္ေပးမိသည္။
'ငါ့ကို ထပ္ၿပီးထားမသြားပါနဲ႔ေတာ့ေနာ္....ငါ...ငါ..အရမ္းေၾကာက္ေနခဲ့တာ...သားေလးတုန္းကလည္း အဲ့ဒီလိုပဲ...ေသြးအိုင္ထဲမွာ...'
စစ္..ခက္ကို သူ႔ရင္ခြင္ထည့္ၿပီး တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ထားမိသည္။
'မေျပာပါနဲ႔ေတာ့ခက္ရယ္...ထပ္ေျပာရင္ခက္အရမ္းနာက်င္ေနလိမ့္မယ္...ၿပီးေတာ့...ၿပီးေတာ့...အဲ့ဒီေန႔တုန္းက...ေမာင္ခက္ကို တြန္းထုတ္ခဲ့မိတာက...ခက္ကိုယ္စား...ေမာင္ကပဲ...အနာခံလိုက္တဲ့သေဘာပါ....ေမာင္ခံစားရတာထက္...ခက္ခံစားေနရတာက ေမာင့္ကိုပိုၿပီးနာက်င္ေစလို႔...'
'အဲ့ဒါနဲ႔ပဲ...အဲ့ဒါနဲ႔ပဲ...ငါ့ကို...ထားခဲ့တယ္ေပါ့..၂ႏွစ္...၂ႏွစ္ႀကီးေတာင္ေလ...'
'အဲ့ဒီအခ်ိန္တုန္းက ခက္ရဲ႕ေနာက္က ကားကိုေတြ႕ၿပီးေမာင္..ဘာကိုမွ မစဥ္းစားႏိုင္ေတာ့ဘူး....ေမာင့္ရဲ႕ေခါင္းထဲမွာတစ္ခုပဲရွိေတာ့တာ...အဲ့ဒါက...ခက္ဘာမွမျဖစ္ဖို႔ဆိုတာပဲေလ....ၿပီးေတာ့...သားေလးက ေမာင့္ေၾကာင့္ေသသြားတာမလို႔...ေမာင့္အသက္နဲ႔ ေလ်ာ္ေၾကးေပးတဲ့သေဘာမ်ိဳးပါ....'
'ေက်း...ေက်းဇူးတင္ပါတယ္...ျပန္ၿပီး...ျပန္ၿပီးသတိရလာေပးလို႔....ၿပီးေတာ့...ေတာင္းပန္ပါတယ္...ငါ..ငါသာထြက္မေျပးခဲ့ရင္....'
'ခက္က ဘာကိုေတာင္းပန္ရမွာလဲခက္ရယ္...ခက္အမွားတစ္ခုမွမရွိပါဘူး....ေမာင္ကသာ...ေမာင္ကသာ...ခက္ကို ခ်ဳပ္ေႏွာင္ထားသလိုျဖစ္ေနတာပါ....အတၱႀကီးမိတဲ့ေမာင္ကသာ..ေတာင္းပန္ရမွာပါ..'
'အခု....အခုေတာင္းပန္ေတာ့....ခြင့္လႊတ္ခ်င္ေနၿပီမလို႔ ....'
ခက္ရဲ႕စကားေၾကာင့္ စစ္၀မ္းသာသြားၿပီး ခက္ရဲ႕ေမးေလးကိုေမာ့ေစၿပီး သူ႔ကိုၾကည့္ေစကာ
'ခက္...ေမာင့္ရဲ႕မ်က္လုံးထဲကို ေသခ်ာၾကည့္ေနာ္...'
'အြန္း...'
'ျမင္ရလား'
'ဘာကိုလဲ...'
'ခက္ကိုခ်စ္တဲ့အခ်စ္ေတြကိုေလ....
ေမာင္ေတာင္းပန္ပါတယ္...အရင္ကတည္းကမွားခဲ့တဲ့အမွားေတြအတြက္...ေတာင္းပန္ပါတယ္...ေမာင့္ကို...ေနာက္ထပ္တစ္ႀကိမ္ ျပန္စခြင့္ေပးႏိုင္မလားဟင္....'
'ငါ့ကို..ေနာက္ထပ္ထားမသြားပါဘူးလို႔ ကတိေပးႏိုင္လား...'
'ကတိေပးပါတယ္....ေမာင္ေသတဲ့အထိ...'
'ဟင့္အင္း...အခုခ်ိန္မွာ...ေသစကားေတြမေျပာပါနဲ႔စစ္ရယ္...ငါ...ငါအရမ္းေၾကာက္လို႔ပါ..'
'ေတာင္းပန္ပါတယ္...ေမာင္မေျပာေတာ့ဘူးေနာ္....ခက္ကို ဘယ္ေတာ့မွထားမသြားပါဘူးလို႔ ကတိေပးပါတယ္...တသက္လုံး...အဲ့ဒီကတိကို တည္သြားပါ့မယ္လို႔ သစၥာဆိုပါတယ္...ေမာင့္ကို ခြင့္လႊတ္မယ္မဟုတ္လားဟင္....'
'အင္း...ခြင့္လႊတ္တယ္....ခြင့္လႊတ္တာမလို႔...မင္းေပးတဲ့ကတိကို မဖ်က္နဲ႔ေနာ္....'
'ခ်စ္လိုက္တာ ခက္ရယ္...' နဖူးခ်င္းထိထားရာမွ ခြာလိုက္ၿပီး...ခက္ရဲ႕မ်က္ႏွာေပၚရွိ အစိတ္အပိုင္းတစ္ခုခ်င္းစီကို သူၾကည့္ေနမိသည္။ ႏွာေခါင္းလုံးလုံးေလး၊ ေကာ့ၫြတ္ေနတဲ့မ်က္ေတာင္၊ ၀ိုင္းစက္ေနတဲ့ မ်က္လုံးေလးနဲ႔ ေနာက္ဆုံး ေဆးမကူပဲ ပန္းေရာင္သန္းေနတဲ့ ႏႈတ္ခမ္းပါးေလးေတြမွာ သူ႔ရဲ႕အၾကည့္ကို အဆုံးသတ္လိုက္ၿပီး...
ထိုႏႈတ္ခမ္းပါးေလးေတြကို ခပ္ဖြဖြေလး ငုံထားမိသည္။ ဝါဂြမ္းေလးကဲ့သို႔ အိညက္ေနတဲ့ ႏႈတ္ခမ္းသားေလးေတြကို အေပၚတစ္လွည့္ ေအာက္တစ္လွည့္ နမ္းေနမိတာ...ဘယ္ေလာက္ေတာင္ၾကာသြားလည္းမသိ..ခက္က အသက္ရႉၾကပ္လို႔ သူ႔ရင္ဘက္ကို လာ႐ိုက္ေတာ့မွ အသိ၀င္လာေသာ စစ္ ပါေလ။
ႏႈတ္ခမ္းခ်င္းခြာလိုက္ၿပီးတဲ့ေနာက္မွာေတာ့ ခက္ခမ်ာ အသက္ကိုအလုအယက္ရႉေနရရွာသည္။
'တကယ္ပါပဲ...ဒါလား..၂ႏွစ္ေက်ာ္ coma၀င္ေနတဲ့လူနာ။ လူနာေရာဟုတ္ရဲ႕လား...'
'ေမာင္ စိတ္လြတ္သြားလို႔...ဒီႏႈတ္ခမ္းပါးေလးေတြကို သတိရေနခဲ့တာ...'
'ဟြန္႔...ခဏလႊတ္အုံး'
'ဘာလို႔လဲ...'
'ေအာက္ဆင္းထိုင္မလို႔ေလ။ အခု..မင္းရဲ႕ေပါင္ေပၚမွာထိုင္ေနရတာ...မင္းလည္း ေလးေနမွာေပါ့...'
Advertisement
- In Serial584 Chapters
The Adventures Of The Young Master
Jin Rou, the youngest Celestial King, was being restricted to go outside by his father for some reasons. Thus, Jin Rou was fed up.
8 671 - In Serial17 Chapters
Quick Transmigration: Villain Counterattack
Yu Xulia dies. Betrayed by her family for her fortune, she died a painful death. She swore that if she had a second chance at life, then she will make all those who wronged her die a painful death. A certain system gives her that chance at revenge. Follow Xulia's journey in different worlds to take revenge against who try to take what's hers.
8 207 - In Serial13 Chapters
A Place Called Perfect
8 141 - In Serial17 Chapters
Kuch Toh Hai
Naagin Ek Naye Rang Mein
8 244 - In Serial127 Chapters
Smash or Pass Book 3! Power of the thirst!
++18Only for people 18 over.All artwork and credict gose to their respectful owners. And this is a sequal to smash and pass 1It's you're decision.To Smash? Or not to Smash?Perhaps....Pass?Only for people 18 and over.All artwork gose to their respectful owners.++18
8 225 - In Serial15 Chapters
Bleach : hollows on the loose (yoruichi x male reader
What happens when you let a hybrid between soul reaper/hollow loose on the soul society. well you get amazings fights explosie's and one of a badass fighter.Lets read About it
8 148

